Tuesday, February 5, 2013

နွေဥပေါက်

နွေဥပေါက်
သစ်ကောင်းအိမ်

လက်ပံပင်ထိပ်ဖျားမှာ
ဥသြဟာ ဆွေစဉ်မျိုးဆက် ဇာတ်နာလို့
နွေဥပေါက်။

နွေတပြောက်ထိုးရုံနဲ့
ပလက်ဖောင်းပေါ် ကြိုးလက်ဆွဲပြီး
ခွေးကျောင်းထွက်လာတဲ့
နွေဥပေါက်။

မလုံ့တလုံ့ အရေပြားတွေပေါ်မှာ
မလုံ့တလုံ့ အဝတ်အစားတွေ ပြန်ရောက်လာပြီ
နွေဥပေါက်။

ဓာတ်ဆီဈေးအတက်အကျမှာ
ဘဝကိုချိန်ဆလို့
ပင်လယ်ကွေ့မျက်နှာကြည့်နေရတဲ့
နွေဥပေါက်။

ဖုန်တလုံးလုံးထဲ
လိမ့်နေတဲ့ ဘောလုံးနောက်
လူလုံးကြီး ပြေးလိုက်လို့
မူလတန်းဘောလုံးပွဲ ကြည့်ရသလို
နွေဥပေါက်။

ကားကြိတ်သွားတဲ့ခွေး အသက်ငင်သလို
တအင်အင် သရဇ္ဈာယ်ကြ
“… သမ္မတကြီးက … သမ္မတကြီးက …”
ငါထဆဲလိုက်ရ … သမ္မတကြီးက
နွေဥပေါက်။

တံဆိပ်တွေ့ သွားမလှန်နဲ့
အမေရိကန်အလံလည်း
မိတ်အင်ချိုင်းနား
နွေဥပေါက်။

သမိုင်းမှာ
နှောင်းလူတို့ ကျက်မှတ်စရာ
ပြည်တော်သာခေတ်ပြီးတော့
ပြည်တော်ပြန်ခေတ် ရောက်ပြီ
နွေဥပေါက်။

ခေတ်မကောင်းလို့ ရူးချင်ယောင်ဆောင်နေတယ်ဆိုတဲ့
နွေဥပေါက်၊
ခေတ်ကောင်းပြီဆိုပြီး ရူးချင်ယောင်ဆောင်နေပြန်တဲ့
နွေဥပေါက်။

ဘက်မလိုက်ဘူး
CASH နောက်ပဲလိုက်တဲ့
နံပါတ်ဖိုးသမား
နွေဥပေါက်။

ဖောက်ထွင်းဝိဇ္ဖာကနေ
သော့ပြင်ဆရာအလုပ်ပြောင်းသွားတဲ့
နွေဥပေါက်။

ဆုပ်ထားတဲ့ လက်သီးတွေ
ကြုတ်ထားတဲ့ မျက်မှောင်တွေ
ပြေကျလို့
ကမ္ဘာကြေခဲ့ပြီလား …
နှင်းယွန်းဂိမာန်
နွေဥပေါက်။

နပိုလီယန် စစ်ရှုံးမယ့် ဆောင်းကို
ဖြတ်မောင်းမယ်ဆိုတဲ့ အင်ဂျင်ကြီး
တွန်းနှိုးနေတုန်း
နွေဥပေါက်။ ။

သစ်ကောင်းအိမ်
(၀၃-၀၂-၂၀၁၂)
(Khaing Soelynn ၏ ဖေ့စ်ဘွတ်ခ်စာမျက်နှာမှ ...)

4 comments:

Vijay said...

ကောင်းတယ် သိပ်နားမလည်။

yoo said...


တော်လှန်ရေးသမား အသုဘရက်လည်
မယောင်မလည်နဲ့  ကဗျာထရွတ်
ငါ့ ဆရာ ရောင်းရင်းများ
ပုလင်းကောက်။

ma har said...

အများ နားမလည်အောင်ရေးမှ ကဗျာကောင်းဖြစ်သတဲ့ဗျာ ။ သစ်ကောင်းအိမ် တဲ့ ဒီအမည်က လူတော့ မဖြစ် တန်ပါဘူး ။ဘာလဲတော့မသိ ။ အကယ်၍လူဖြစ်တယ် ဆိုရင် ကယောက် ကယက် ဖြစ်နေတယ်နဲ့တူတယ် ဧကန္တ အိမ်ထောင်ရေးပြဿနာ ဖြစ်နိုင်တယ် ။

Unknown said...

အဓိပ္ပာယ် ရှိမှန်းတော့သိတယ် ဒါပေမဲ့သိပ်နားမလယ်ဘူး