Monday, February 4, 2013

နေပြည်တော်တဝိုက် ဘုန်းတော်ကြီးကျောင်းတချို့ကို ဖျက်သိမ်းဖို့ ညွှန်ကြားထား

RFA ၊ 2013-02-03

နေပြည်တော်၊ ဒက္ခိဏသီရိ၊ ဇဗ္မူသီရိနဲ့ ဥတ္တရသီရိမြို့နယ်အတွင်းမှာရှိတဲ့ ဘုန်းတော်ကြီးကျောင်း ၃၀ ကျော်ကို ဖေဖေါ်ဝါရီလ ၅ ရက်နေ့ နောက်ဆုံးထား ဖျက်သိမ်းပေးဖို့ သက်ဆိုင်ရာ အာဏာပိုင်တွေက နှုတ်မိန့်နဲ့ ညွှန်ကြားထားပြီး ငါးရက်အတွင်း မဖျက်သိမ်းတဲ့ ဘုန်းတော်ကြီးကျောင်းတွေကို သစ်တောဥပဒေ၊ လယ်ယာမြေဥပဒေတွေနဲ့ တရားစွဲသွားမယ်လို့ သိရပါတယ်။

တရားဝင်ဘုန်းကြီးကျောင်း ၅ ကျောင်းနဲ့ တရားမဝင်ဘုန်းကြီးကျောင်း ၂၆ ကျောင်းတို့ကို ဖျက်ပေးဖို့ အဲဒီကျောင်းတွေမှာ သီတင်းသုံးနေတဲ့ သံဃာတော်တွေကို လယ်ဝေးမြို့နယ် အုပ်ချုပ်ရေးမှူးရုံးမှာ ဇန်နဝါရီလ ၃၁ ရက်နေ့က သစ်တောဌာန၊ လယ်/ဆည်ဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူး၊ သာသနာရေးနဲ့ သံဃာ့နာယကအဖွဲ့ တာဝန်ရှိသူတွေက ခေါ်ယူတွေ့ဆုံ ပြောဆိုတာဖြစ်တယ်လို့ ဆရာတော်တွေက မိန့်ပါတယ်။

အခု သက်ဆိုင်ရာ အာဏာပိုင်တွေက ဖယ်ရှားဖျက်သိမ်းခိုင်းနေတဲ့ ဇဗ္မူသီရိ၊ ဒက္ဒိဏသီရိနဲ့ ဥတ္တရသီရိမြို့နယ်အတွင်းက ဘုန်းတော်ကြီးကျောင်းတွေရဲ့ အနီးအနားမှာ ပြီးခဲ့တဲ့ ၂၀၁၂ ခုနှစ် ဇူလိုင်လ ၁ ရက်နေ့တုန်းကလည်း သက်ဆိုင်ရာအာဏာပိုင်တွေက သစ်တောနယ်မြေကျူးကျော်ဆိုပြီး ဘုန်းကြီးကျောင်းတချို့ကို မီးရှို့ခဲ့တဲ့ ဖြစ်ရပ်တွေရှိခဲ့တယ်လို့ ဘုန်းတော်ကြီးတွေရဲ့ မိန့်ကြားချက်အရ သိရပါတယ်။

8 comments:

Vijay said...

ကြည့်လုပ်ပါအုံး

zaw min let said...

ကုန်ပါပြီ




banyahtut said...

ဗုဒ္ဓနိုင်ငံမဟုတ်တဲ့အတိုင်းဘဲနော်ဗုဒ္ဓနိုင်ငံမဟုတ်တဲ့အတိုင်းဘဲနော်အံသြတယ်

ko said...

မင်းတို့ ဘာတွေ လုပ်နေုကတာလဲ

linlin said...

ဗုဒ္ဓနိုင်ငံပြောတာပြောတယ်,တကယ်တော့ဘုရားမဲ့နိုင်ငံပါမိတ်ဆွေတို့

Vijay said...

ဘုရားမဲ့မဟုတ်ပါ တရားမဲ့

nyimalay784@gamail.com said...

အခုအစိုးရကကိုလိုနီခေတ်ကအစိုးရနဲ့အတူတူပါပဲကွားးးးးးးးတရားမရှိ ဘုရားမရှိတဲ့ကောင်တွေပါပဲးးးးးးးးးးးးးပြောနေလဲအလကားပါပဲကွားးးးးးးလေကုန်တာပဲအဖတ်တင်တယ်းးးးးး

Unknown said...

ဒီကိစ္စကို ပြည်သူတွေ ဝိုင်းပြီးဆန္ဒပြ ကူညီသင့်တယ်