Saturday, February 16, 2013

ဒေါ်အောင်ဆန်းစုကြည်ကို အမှန်တကယ် ချစ်မြတ်နိုးပါလျှင် (သို့) “မခင်နှင်းဆီရဲ့ဇာတ်သိမ်း” သီချင်းထဲကလိုမျိုး မဖြစ်စေဖို့အရေး …


ဒေါ်အောင်ဆန်းစုကြည်ကို အမှန်တရားနဲ့ ပိုမိုဝေးကွာသွားစေမယ့် မြှောက်ပင့်ပြောဆိုမှု၊ ဖော်လံဖားမှု၊ ဘုန်းတော်ဘွဲ့ ရေးသားချီးမြှင့်နေမှုများကို လျှော့ကြပြီး ဒေါ်အောင်ဆန်းစုကြည် လိုအပ်နေတာတွေ၊ ဒေါ်အောင်ဆန်းစုကြည် ပြောပြောမေ့မေ့ ဖြစ်နေတာတွေ၊ ဒေါ်အောင်ဆန်းစုကြည် လွဲချော်နေတာတွေ၊ ဒေါ်အောင်ဆန်းစုကြည် ရှောင်လွှဲနေတာတွေကို မြန်မာ့ဒီမိုကရေစီအကျိုး မျှော်ကိုးသောအားဖြင့် မြင်တာကို မြင်တဲ့အတိုင်း အကြံပြု ပြောဆိုရေးသားကြဖို့ စေတနာနဲ့ တိုက်တွန်းရင်း “မခင်နှင်းဆီရဲ့ဇာတ်သိမ်း” သီချင်းလေးကို တင်ဆက်လိုက်ရပါတယ်။


လွှမ်းမိုး - မခင်နှင်းဆီရဲ့ ဇာတ်သိမ်း

“သြော် သွားရှာပြီပေါ့ သနားစရာ နှင်းဆီ … ရှိုက်ကာငို လိုက်ကာချ ဇာတ်သိမ်းပြီ … သဘင်ဆန်ဆန် ဆန်းစစ်ပြန်တော့ … အလွမ်းအသောမနိုင်ဘဲနဲ့ … သိပ်ကိုကချင်ရှာတဲ့ ကချေသည်မလေး နှင်းဆီ … (ပတ်ဝန်းကျင် မြှောက်စားလို့ မောက်ကြွားလှတဲ့ အိုနှင်းဆီ …ခုမှပဲ သူ့ဘ၀လည်း ကုမရဘဲနဲ့ ကြွေရှာပါပြီ)၂ … သူ မျှော်မှန်းထားတဲ့ မော်ခန်းနှင်းဆီဇာတ်ကို မကရဘဲနဲ့ မုန်းလည်း မုန်းစရာကောင်းတဲ့ … အပြုံးထဲက ချုံးပွဲချ ဇာတ်လမ်းနဲ့ သိမ်းရရှာပြီ … ဟိုလူ ဟိုလူက မကြည့်ရက်နိုင်လို့ … ဟယ် အလွမ်းပြည်ဖုံးကားပိတ် တရှိုက်သာငို လိုက်ကာချ ဇာတ်သိမ်းပြီ …”

36 comments:

yadanar.latyar said...

Saya lun swe
Good article.thanks for your thought.I am very glad to read your article and i can understand you are in recovery condition.how can i contact you on the phone?Ko Freddie

Asiavillage said...

U lwan Swe,

It'd be better to criticize in positive way to improve someone else and ourselves .You all people are no longer young.Always negative mind,that's why our country is left behind so far even compared to South East Asian Countries.

Anonymous said...

ဆရာသမားတော့ဆော်နေတော့တာပဲ
ကိုယ်မလုပ်နိုင်လည်း positive thinking
လေးတော့ရှိသင့်တယ်
စိတ်ဆိုးနဲ့နော် လူကြီး
အပြင်ကနေအော်မနေပဲ
အတွင်းကနေအကြံပေးသင့်တယ်ထင်တာပဲ
ကျပ်ပေးတာတော့ဟုတ်ပါတယ်
အရစ်ပြုန်းသွားနိုင်တယ်ဟုတ်
လေးစားလျှက်ပင်
အထွေး

a said...

အမှန်အတိုင်းမြင်ဖို့စေတနာနဲ့တိုက်တွန်းတာမှန်ပေမဲ့၊သီချင်းကိုထည့်လိုက်တော့နဂိုကမှအမှန်ကိုမမြင်တတ်သူတွေအတွက်စိတ်ဆိုးစရာဖြစ်တာပေါ့။အမှန်တွေဆိုပေမဲ့အဲ့ဒီလောက်ကြီးမလုပ်ပါနဲ့အန်တီစုရဲ့တိုင်းပြည်အပေါ်ထားတဲ့စေတနာနဲ့အနစ်နာခံမှုကိုတော့လေးစားရမှာပေါ့၊ဒါပေမဲ့လူ့ဂုဏ်၊လူ့သိက္ခာ၊လူ့တန်ဖိုး(လုံးဝ)မရှိတဲ့စစ်အုပ်စုအပေါ်မှာထားတဲ့အန်တီစုရဲ့အမြင်တွေကအမှန်တွေနဲ့ဝေးလာတာတော့အားလုံးမြင်တဲ့အတိုင်းပဲ။

အောင်သူ-၈၈ said...

Dr.လွမ်းဆွေ,
အခုလိုဝေဘန်မဲ.အစား အပြုသဘောဆောင်ပြီး
ဒေါ်အောင်ဆန်းစုကြည် ရဲ.ပစည်းလေးတွေ
လေလံတင်နိုင်အောင် Website
တခုလုပ်ပေးလိုက်ပါလား--

h said...

၇ှာလဲ၇ှာတတ်ပါပေတယ် ဒီသီချင်း

Aye Aye Aung said...

I remember years 1996-7-8-9 2000 . Whenever SPDC say about Anty Su, MRTV broadcast this song after the news.
Nowadays this blog is taking over the duties from military regime to attack Aunty Su.
Wonder how people can act too much negatively just becoz of different political view even in the same boat, the same page.
May you be long live to attack our Anty Su who never been deviate her attitude from people' sake.
Thank you Dr.

thar said...

The best coherent song you did it. Dr.Swe, please stand on your position strongly and healthy.

very truth said...

ကိုဆွေကြီး အမြဲမှန်တယ် ... တိမ်ဆိုတာ ခဏနဲ ပြဲပြောက်သွာတတ်စမြဲပါ ကိုဆွေရဲ့အမြဲ စာဖတ်ပရိတ်သတ်ပါ ကိုဆွေ ဘယ်သူဘာပြောပြောပေါ့

very truth said...

တိမ်မဲတွေကို ဆိုလိုသည် ကိုဆွေ အများကြီးမသောက်ပါနဲ ကိုဆွေ အမှန်တရားတွေအများကြီး ကျနော်တို့ မြန်မာတွေကို ပြောပြရအုံးမယ်

very truth said...

ဒါပေမဲ့ အမေ့ကို ကျနော်တို့ လူမျိုးတွေ အတွက် မျှော်လင့်နေဆဲပါ ကျနော် ဒီသီချင်းကြောင့် ငိုရတယ်ဗျာ

Unknown said...

မပြောရဲ မဆိုရဲ မဝေဖန်ရဲ ဖြစ်နေတာ ဒေါ်စုကြည်ရဲ့ Freedom from Fear စာအုပ်ထဲက သီအိုရီတွေနဲ့ ဖီလာဆန့်ကျင်ဖြစ်နေပြီ ။
အကြောက်တရား နဲ့ အချစ်တရားကို ဖုန်းကွယ်စရာ လုံးဝမလိုပါ ။
ဒေါ်စုကြည်ကို ချစ်တယ် ချစ်တယ်ပြောပြီး ဝေဖန်ဖို့ကြောက်ရွံ့နေတဲ့ ပါးစပ်တွေဟာ အခွင့်သာခဲ့ရင် သူ့နောက်ကျော ဓါးနဲ့ထိုးဖို့ ၀န်မလေးတဲ့ သူတွေဖြစ်ဖို့ ရာခိုင်နှုန်းအတော်များတယ်လို့ သုံးသပ်ရရင် ခင်စိန် မလွန်လောက်ပါဘူး ။

ခင်သီတာဝင်း ( ခ) ပုံပျက်ချက်စိန်

Unknown said...

ဒေါ်အောင်ဆန်းစုကြည်အနားမှာရှိနေတဲ့
သူတွေ ဒီလိုမြှောက်ပင့် မှီခိုနေမှုတွေကို
လျှော့ပြီး အမှန်တရားကို ချစ်မြတ်နိုးတဲ့
စိတ်ဓါတ်နဲ့ တကယ်လိုအပ်နေတဲ့ အရာ
တွေကို ဝေဖန်ထောက်ပြ အကြံပေး ပြည်
သူ့အတွက် အလုပ်လုပ်နေကြမယ်ဆိုရင်
ကိုယ့်ကိုယ်ကို အရင်ပြင်ကြပါ။

အားလုံးကိုချေမှူန်းမယ် said...

ပညာရှိသတိဖြစ်ခဲ ဆိုတဲ့ စကားပုံရှိတာပဲ သတိထားပါ

ပါတီတွေ အားလုံးက ၂၀၁၅ အတွက် ပြင်ရင်းနဲ့ သူနည်းသူဟန် လုပ်နေကြ

တာပါ။

ကျွန်တော်တို့ အောက်ခြေနိုင်ငံဝန်ထမ်းတွေ တပ်မတော်က အကြောင်း

ကြောင်းကြောင့် ထွက်လာတဲ့ EA(1) EA(2) တွေ လို့ လူကြီးတွေရဲ့ အသုံး

ချခံမဖြစ်ဖို့အရေးကြီးပါ။

ကျွန်တော် နိုင်ငံ မှာ အာဏာရှိရင်ရှိ မရှိရင် ပိုက်ဆံရှိမှ လူရာဝင် နေတယ်။

သူခေတ်နဲ့ သူ ကောင်းအောင်တော့ လုပ်ကြပါတယ်။

ဆိုရှယ်လစ်ခေတ်က စက်ရုံတွေမှာ စံပြ လုပ်သား ဆိုပြီးသတင်းတွေမှာဖေါ်ပြ

နောက်တော့ အိုနာကျိုးကန်းလဲ ဖြစ်ရော မေ့ကုန်ပြီ။

ရှိသေးတယ် ဝန်ထမ်းထဲမှာ နေရာပေးတော့မယ်ဆိုရင် NLD ကအမျိုးထဲပါ

လို့ ထောက်လှမ်ရေးက အမျိုးရှိလို့ ဆိုပြီး ဖြုတ်ထုတ်သတ်ကျင့်တာ

မကောင်းပါဘူး။

သတိထားပါ

စကားမမှားစေပါနဲ့

ဘယ်သူကိုမှလဲ ကိုယ်စိတ်နဲ့ နှီုင်ပြီးမယုံပါနဲ့

သမိုင်း ရဲ့ တရားခံ အသုံချခံ မဖြစ်ဖို့ အမြဲသုံးသပ်ပါ

လက်ဆွဲနူတ်ဆက်တိုင်း ထမင်းအတူစားတိုင်းကိုယ်စိတ်နဲ့ ထပ်တူလို့မထင်ပါ

နဲ့။

နိုင်ငံဝန်ထမ်းလဲ ပြည်သူပါပဲ ဒေသခံ မဟုတ်ပဲ ပြည်နယ်ခြားတိုင်းခြားမှာ

ရှိနေတဲ့ ဝန်ထမ်းတွေ မိသားစုနဲ့နေနိုင်အောင် ဆောင်ရွက်ပေးပါကသူတို့

ပျော်နေမှာ

ကျွန်တော် လို အသင်းအဖွဲ့ တခုရဲ့ အသုံးချခံ နယ်ရုပ်တခုမဖြစ်ဖို့သတိထားပါ

Unknown said...

Uncle Lwan Swe ဆော်သာဆော်ဗျာ အမှန်တရား
ကို အခုလိုပြောတတ်တဲ့လူ ပြောရဲတဲ့ ကျနော်တို့ 
နိုင်ငံမှာ အတော်ကိုရှားသွားပြီခင်ဗျ ဘေးလူတွေ
ဂရုမစိုက်နဲ့  ခွေးကလေးခုန်လို့  ဖုန်မထပါဘူးဗျာ
Uncleကို အမြဲအားပေးနေပါတယ်

MINDSTORM said...

အာဂလူပဲဖြစ်နေပါစေ လူတစ်ယောက်ထဲဖြင့်တော့ တစ်နိုင်ငံလုံးဘယ်လိုနည်းနဲ့မှမပြောင်းလဲနိုင်ပါဘူး၊ အမေရိက၊ဂျပန်နှင့်ဥရောပနိုင်ငံတွေလည်းဒီလိုပုံစံပါပဲ၊ ကျွန်တော်လည်းဒီဟာကိုစိုးရိမ်နေပါတယ်၊ သူသာမျက်ကွယ်ပြုခဲ့ရင်နောက်မျိုးဆက်ကသူ့လောက်စွမ်းဆောင်နိုင်ပါ့မလား? ကိုSITHU ပြောသလိုပါပဲ၊ အခုအချိန်ကကျွန်တော့်အမြင်တော့သူ့ကိုဝေဖန်ရမယ့်အချိန်မဟုတ်သေးဘူး။ မဖြစ်သေးတာကိုဝိုင်းဝန်းစဉ်စားအကြံပေးရမယ့်အချိန်ပါ။

harry said...

Good Idea!

S.Maung Chain said...

I don't understand most peoples were can not accept the truth criticize.so if going like that,democracy is too far away from us.I mean the real democracy (Of the peoplea,By the peoples,For the peoples.)
Go ahead toward Dr Lwan.

genius said...

ဒီမိုကရေစီ ၇ဖို.ပြည်သူတွေ အားလုံးပါဝင်ဖို.လိုပါတယ်၊
မျက်စိမှိတ်ပြီးမကြောက်ကြပါနဲ. ၊ မျက်စိဖွင်.ပြီးကြောက်ကြပါ ၊
အနည်းဆုံးတော.ပြည်သူတစ်ဦးချင်း စီဟာ
မှားတာကို မှားတယ်လို.ပြော၇ဲကြပါ ၊
ဒါဟာ ဒီမိုကရေစီရဖို.အထောက်အကူဖြစ်ပါတယ် ။
............. လို. အန်တီစုပြောတာ
မှတ်သားမိပါတယ် ။
..... ယုံကြည်မျှော်လင်.ကြဆဲပါ ..... အန်တီစု ။ ။ ။

ှဲKaung said...

ဒေါ်စုကို ဝေဖန်ရနိုင်ရအောင် မင်းတို့ ရဲ့  အသိအမြင်၊ ဗဟုသုတ၊ အတွေးအခေါ်၊ ဥာဏ်ရည်က ဒေါ်စုနဲ့  မတိမ်းမရိမ်းလား။
မင်းတို့ လို ခြောက်တီးခြောက်ချက် အသိဥာဏ်နဲ့  ဗိုလ်ချုပ်အောင်ဆန်း မသေခင်ကလည်း ဝေဖန်ကြသူတွေ ၊ ဒေါ်စုကို ဝေဖန်သူထက်တောင် များသေးတယ်။ သေမှသာ အာဇာနည် အာဇာနည် ဖြစ်နေကြတယ်။ မင်းတို့ လဲ ဒေါ်စု မရှိမှ ၀မ်းသာမယ့်ကောင်တွေလား၊ အမြီးကုပ်သွားကောင်တွေလား ကိုယ့်ကိုကိုယ် စဉ်းစား။ (လူမိုက်နောင်တဆိုတာ နောင်မှရတယ် မှတ်ထား။)
ဒေါ်စုလို အရည်အချင်းရှိသူ ခင်ဗျားတို့  တစ်သက် နောက်ထပ် မပေါ်တော့ဘူးမှတ်။
ဒေါ်စုလို အလုပ်လုပ်နိုင်သူရှိရင် ရှေ့ ထွက်ခဲ့။
အခြောက်တိုက် ခေါင်းမဖော်ပဲ ကော်မန့် ရေး၊ ဆရာကြီးလို ဝေဖန်တာကတော့ အားနေသူတိုင်း လုပ်တတ်တယ်။

Anonymous said...

kaung ဆိုတဲ့ကောင်
ဗိုလ်ချုပ်ကိုဝေဖန်တဲ့လူတွေဒေါ်စုကိုဝေဖန်တဲ့လူတွေထက်
များသေးတယ်ဆိုတော့မင်း က ဗိုလ်ချုပ်ကိုမီလိုက်သလား
မင်းအသက်က ဘယ်လောက်မို့လဲ။
ဒီမယ်ကွ .မှတ်ထားး
လူတဦးတ ယောက်ကိုမျက်စိမှိတ်ကိုးကွယ်တဲ့လူဟာ
ဘယ်လိုဦးနှောက်အဆင့်အတန်းလဲဆိုတာကိုယ့်ကိုကိုယ်
အရင် ကြည့်။
မှား ရင် ထောက်ပြဝေဖန် မှန် ရင် ထောက်ခံ.အဲဒါအ ကောင်းဆုံးပဲ။
မင်းတို့လို လက်ညှိးထောင် ခေါင်းငြိမ့်ရုံလောက် တတ်တဲ့
ဦးနှောက်နဲ့ သူများတွေကို မ ဟောင် နဲ့ ကြားလားးးး

mgmg.blogspot.com said...

ဟား ဟား ဟား ထိတယ်--- ဒီလောက်ပြောနေတာတောင် ခုထိ စကားလုံးတွေနဲ့ ပစ်ဖုံးနေတုန်း

Uncle Chan's အမလ said...

ကိုဆွေ အမေ့ကို အထင်မလွဲပါနဲ့ဗျာ

Uncle Chan's အမလ said...


ခင်သီတာ ၀င်းဆိုတာ ဘယ်လိုမိန်းမမျိုးလဲ အမေ့ကို ချစ်သလို ကိုဆွေ့ကို ချစ်တယ် ....တိုင်းပြည်ကို အနည်းငယ် ချစ်တတ်ကျစမ်းပါ အကိုတို့ရာ

ှဲKaung said...

ဘဘကြီးဆိုတဲ့ အသက်ကြီးသလို အချိန်စီးပုံရတဲ့ ငနဲရေ...
ကမ္ဘာကြီးလုံးကြောင်း ပြေးကြည့်မှ သိရတာ မဟုတ်သလို။ ပထမကမ္ဘာစစ်အကြောင်း ၁၉ရာစု အစောပိုင်းမှ မွေးမှ သိရတာမဟုတ်ဘူး။ သဘောပေါက်တယ်နော်။ ဘယ်သူမှလည်း မျက်စိမှိတ်ကိုးကွယ်နေတာမဟုတ်ဘူ။ ဒေါ်စု ၀န်းရံနေတဲ့သူတွေ၊ ထောက်ခံတဲ့သူတွေအားလုံးဟာ မင်းထက်သာတယ်ဆိုတာ မှတ်ထားလိုက်။
မင်းက ဝေဖန်ရအောင် မင်းဥာဏ် ဘယ်လောက် အဆင့်ရှိသလဲ။ ပြန်မေးကြည့်။ မင်းတို့ တမျိုးလုံး ပေါင်းပြီး ဖတ်ရင်တောင် ဒေါ်စုရေးတဲ့ စာအုပ်တအုပ်၊ မိန့် ခွန်းတခု နားလည်နိုင်လား စဉ်းစားကြည့်။ ပြီးမှ ဆက်ဝေဖန်ဟုတ်ပြီလား။

MINDSTORM said...

ဒေါ်အောင်ဆန်းစုကြည်ဟာငြိမ်းချမ်းရေးစွာပြောင်းလဲရေးလုပ်နေတယ်ဆိုတာမမေ့ကြပါနဲ့။ လူတယောက်ကိုကိုးကွယ်တယ်ဆိုတာနိုင်ငံရေးလောကမှာမရှိပါ။ ကိုးကွယ်တယ်ဆိုတဲ့စကားလုံးကဘာသာရေးအသုံးအနှုန်းသာဖြစ်ပါတယ်။ ခေါင်းဆောင်ကောင်းနောက်ကို နောက်လိုက်ရဲရပါမယ်။ မှန်မှန်ကန်ကန်ဝေဖန်တယ်ဆိုတာလူတွေရဲ့မွေးရာပါအခွင့်အရေးပါ၊ ဒါပေမယ့်ဆန္ဒစောပြီးအခြေအနေနဲ့အချိန်အခါကိုထည့်မတွက်ပဲမဝေဖန်ပါနဲ့။ ဝေဖန်သင့်တဲ့အခြေအနေနဲ့အချိန်အခါမှာကျိုးကြောင်းခိုင်လုံစွာထောက်ပြဝေဖန်ပါ။ အဲဒီလိုမှမဟုတ်ရင်ကိုယ့်ရဲ့ထောက်ပြဝေဖန်မှုဟာအရာထင်မှာမဟုတ်ပါဘူး။

kyaw said...

ကိုလွဏ်းဆွေလဲ ကိုယ့်ကိုယ်ကိုပြန်ဝေဖန်ကြည့်ပါအုံး။ ဝေဖန်ရဲတိုင်း သူရဲကောင်းမဟုတ်ပါ။ သူများကိုမကောင်းပြောပြီး ကိုယ့်ကိုယ်ကို ထင်ပေါ်အောင်လုပ်တာသူယုတ်တွေရဲ့အကျင့်ပါ။ ကိုယ့်လုပ်ရပ်ဟာ အမြဲတမ်းအများနဲ့ဆန့်ကျင်နေတယ်ဆိုရင် နည်းနည်းတော့ပြန်သုံးသပ်သင့်တယ်။

Unknown said...

I understood she is Aunty peace maker but Aunty peace now.
I understood she had compassion eyes but blind.
She has a lot concern but responsibility.

Unknown said...

မင်းတို့ ဦးနှောက်ရှိတယ် ပညာရှိတယ်ဆိုတာက ဗမာစစ်အိုးရနှင့် ယှဉ်လိုက်ရင် စစ်အစိုးရရဲ့ လက်ဝါးမှာ ကပ်နေတဲ့ သဲစက်တစ်စက်လောက်တောင်မှ မရှိနိုင်ကြပါဘူးကွာ..မအန်တီစု ကော ခု ဘာလုပ်နိုင်လို့ လဲ မောင်မင်းကိုနိုင်ကော ဘာများတတ်နိုင်လို့ လဲ ..တကယ်တော့ အင်းစိန်အကျဉ်းထောင်က သာ သူတို့ မင်းတို့ ကို စစ်အစိုးရက လွတ်ပေးလိုက်တာပါကွာ ..စစ်အစိုးရဲ့ ရဲ့ အကျဉ်းထောင်ထဲက သူတို့ မင်းတို့ ကို လွတ်ပေးလိုက်တာ မဟုတ်ပါဘူး ..သဘောပေါက်ကြပါ

Unknown said...

အမေစုဟာ အမေစု ပါဘဲ

Anonymous said...

ဒေါ်အောင်ဆန်းစုကြည်ကိုအမှန်တကယ်ချစ်မြတ်နိုးပါရင်... ဆိုတဲ့ခေါင်းစဉ်အောက်မှာ မခင်နှင်းဆီရဲ့ ဇတ်သိမ်းဆိုတဲ့သီချင်းကို ထည့်သွင်းပြီး ဥပမာပေးထားတာ မြန်မာပြည်သားတယောက်အမြင်မှာတော့ အင်မတန်မှရုပ်ဆိုးအကျဉ်းတန်လှပါတယ်။
ဒေါက်တာလွဏ်းဆွေအနေနဲမိမိ၏ မိခင်အရွယ် ဒေါ်အောင်ဆန်းစုကြည်ကို အမှန်တကယ်ချစ်မြတ်နိုးပါရင် မြန်မာသာမက ကမ္ဘာကလေးစားရတဲ့ခေါင်းဆောင်တယောက်ကို ယခုလို သေးသိမ်စေတဲ့ ခိုင်းနှိုင်းမှုမျိုးမဟုတ်တဲ့ အပြုသဘောဆောင်သည့်ဝေဖန်မှုမျိုးကိုသာ ပေးစေလိုပါကြောင်း။ (ရိုသေထိုက်သူကိုရိုသေခြင်းဟာမင်္ဂလာတပါးဖြစ်ပါသည်။ ဝေဖန်ခြင်းကိုလက်ခံပါသည်။ ရိုင်းစိုင်းခြင်းကိုလက်မခံပါ။)

Unknown said...

မှန်တယ် မြန်မာလူမျိုးတွေ အဆင့်အတန်း ရှိဘို့လိုတယ်
online ပေါ်တက်ပြီးမိုက်ရိုင်းတာတော့
မကောင်းဘူး ...
ကိုယ့်အဆင့်ဘယ်ရောက်သွားလဲ
ဆိုတာသိဘို့လိုတယ်..
အောက်တန်းကျနေတဲ့ စိတ်ဓါတ်တွေ
ကိုပြင်ပြီး....
မြန်မာပြည် အောက်တန်းမကျဘို့
အတွက် ကြိုးစားဘို့လိုတယ်။

Unknown said...

ခွန်ဒီးယမ်အဖွဲ့အမည်ခံမေဇင်အေးတို့ ဒေါ်စုကြည်ကိုဖော်လံဖားမြောက်ပင့်ပေးပြီး ဘင်္ဂလီမမေဇင်အေး ကုလားအရေးအတွက်စည်းရုံးနေတာ ကြာရင်ဒေါ်စုကြည် ကိုဒုက္ခပေးတော့မယ်။

Dragon. said...

သမာသမတ်ကျကျ အမှန်ကိုပြောရရင် စီမံကိန်း ဆက်လုပ်သင်./မသင်. လိုကိစ္စ မျိုး ကော်မရှင်ဖွဲ.စစ်ဆေးတာ သဘာဝကျပါတယ်၊
ဒါပေမယ်. ..... မီးလောင်ဗုံးနဲ.ပစ်တဲ.ကိစ္စ ကို
မီးလောင်ဗုံး ဟုတ်/မဟုတ် ၊ ဘယ်သူ.မှာတာဝန်ရှိ ဆိုတာ
တွေကို ကော်မရှင်ကို မခိုင်းသင်.ပါဘူး ၊
.... ကျားကိုက်ခံရတာကို အပေါက်ကလေး ပါ၇ဲ.လား ?
ကြည်.ခိုင်းသလို ဘဲ ၊
... ဒါဟာ ဦးသိန်းစိန် ရဲ.အဆင်.အတန်း ၊ Power ကိုပြ
နေသလို ၊ ဒေါ်စုကိုလည်း အကြပ်ရိုက်အောင်လုပ်သလို
ဖြစ်နေတာ ၊
... ပြည်သူတွေ ဖက်လိုက်ရင် ... စစ်တပ်ခေါင်းဆောင်
ဆိုသူတွေက ညိုညင်မယ် ၊
.... ဦးပိုင် နဲ. စစ်တပ်ကြီးစိုးတဲ.ဘက်လိုက်ရင်
ပြည်သူတွေ နဲ. နိုင်ငံတကာက ညိုညင်မယ် ၊
... ဦးသိန်းစိန် က ကိုယ်.ဟာကိုယ်ရှင်းရမှာ၊
ဒါကဘာကိုပြသလဲဆို .... ဦးသိန်းစိန်၊ မဲခိုးတက်
ကြံ.ဖွတ်အမတ်အုပ်စုနဲ. ၂၅% စစ်တပ် အမတ်တွေဟာ
အမှန်တရားကိုပြတ်ပြတ်သားသား မပြောရဲ မလုပ်ရဲဘူး
ဆိုတာပြနေတယ်၊
မိမိတို.ဟာပြည်သူ.ကိုယ်စားလှယ်အစစ်တွေဟုတ်ရဲ.လား? ဆိုတာစမ်းစစ်ဖို. ၊ ပြဖို. လိုလာပါပြီ ။ ။ ။

rose said...

အားပေးတော့လဲသူတို့တိုက်ဖျက်တော့လဲသတို့အမျိုးမျိုးပဲ

nyimalay784@gamail.com said...

ဒေါတာလွဏ်ဆွေကအမေစုကိုဝေဖန်တာအပြစ်မဟုတ်ပါဘူး။သူကအမှန်အတိုင်းပြောတာပါ။။လူတိုင်းကအမေစု(အမေစု)ဖြစ်နေတော့စိုးရိမ်လို့သတိပေးတဲ့အနေနဲ့ မခင်နှင်းဆီ ဆိုတဲ့သိချင်းနဲ့ သတိပေးလိုက်တာလို့ထင်ပါတယ်။။