Sunday, February 3, 2013

အစိုးရ ထိုးစစ်ရပ်ရင် ကချင် အတိုက်ရပ်မည်

အစိုးရ ထိုးစစ်ရပ်ရင် ကချင် အတိုက်ရပ်မည်
ကိုမိုးဇော် (VOA)၊ 01.02.2013

အစိုးရစစ်တပ်ဘက်က ထိုးစစ်ဆင်တာတွေ ရပ်တန့်မယ်ဆိုရင် ကချင်လွတ်လပ်ရေးအဖွဲ့ KIO ကလည်း ပြဿနာဖြစ်စေမယ့် စစ်ရေးလှုပ်ရှားမှုတွေ ပြုလုပ်မှာမဟုတ်တဲ့အကြောင်း ဒီကနေ့ ကြေညာချက်ထုတ်ပြန်လိုက်တဲ့အပေါ် ဒေသခံပြည်သူတွေက ကြိုဆိုလိုက်ပါတယ်။ ကချင်ဒေသခံပြည်သူတွေကတော့ ဒီကြေညာချက်ကို နှစ်ဘက်လုံးက လိုက်နာပြီး စားပွဲဝိုင်းဆွေးနွေးပွဲတွေကနေတဆင့် စစ်မှန်တဲ့ငြိမ်းချမ်းရေး ရရှိစေဖို့ကို မျှော်လင့်ကြောင်း ပြောပါတယ်။ တချိန်တည်းမှာတော့ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ကလည်း ငြိမ်းချမ်းရေးရဖို့ မိမိတို့အားလုံး ညှိနှိုင်းဆွေးနွေးအဖြေရှာရမယ့် အချိန်ကျနေပြီဖြစ်ကြောင်း ပြောဆိုထားပါတယ်။ ဒီသတင်းအပြည့်အစုံကိုတော့ ဗွီအိုအေမြန်မာပိုင်းအစီအစဉ် သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

ကချင်လွတ်လပ်ရေးအဖွဲ့ KIO က ဒီကနေ့ရက်စွဲနဲ့ ထုတ်ပြန်လိုက်တဲ့ ကြေညာချက်မှာ အချက် ၇ ချက် ပါဝင်ပြီး အဓိကအချက်တွေအဖြစ်ကတော့ နိုင်ငံရေးပြဿနာတွေကို အဖြေရှာဖို့ လိုအပ်တဲ့ ဆွေးနွေးမှုတွေ ဆက်လုပ်သွားမယ်ဆိုတဲ့အကြောင်း အပါအ၀င် စစ်မှန်တဲ့ ငြိမ်းချမ်းရေးရဖို့ ကူညီနိုင်တဲ့ အဖွဲ့အစည်းတွေ နိုင်ငံတွေထံကနေ အကူအညီရယူသွားမယ်ဆိုတဲ့ အချက်တွေ ထည့်သွင်းဖော်ပြထားပါတယ်။ နောက်ဆုံးအချက်မှာတော့ မြန်မာ့တပ်မတော်က ထိုးစစ်ဆင်တာတွေ ရပ်ဆိုင်းမယ်ဆိုရင် KIA ကလည်း ပြဿနာဖြစ်ပွားနိုင်မယ့် စစ်ရေးလှုပ်ရှားမှုတွေကို ပြုလုပ်မှာမဟုတ်ကြောင်း ထုတ်ပြန်လိုက်တာဖြစ်ပါတယ်။ ဒီလိုထုတ်ပြန်လိုက်တဲ့အပေါ်မှာ ကချင်ဒေသခံပြည်သူတွေက ကြိုဆိုလိုက်ပြီး စစ်မှန်တဲ့ ဆွေးနွေးပွဲတွေ ဖြစ်ဖို့မျှော်လင့်ကြောင်း ပြောဆိုကြပါတယ်။

“သူတို့ အဲ့သလို ကြေညာချက်ထုတ်တယ်ဆိုလို့ရှိရင် နှစ်ဘက်စလုံးက ဒီဥစ္စာကို လိုက်နာတယ်ဆိုရင် အင်မတန် မင်္ဂလာရှိတဲ့ကိစ္စပဲ။ အဲ့တာဆိုရင်တော့ ဆွေးနွေးပွဲတွေလည်း ပြန်စပြီး ငြိမ်းချမ်းရေးက ရဖို့ဆိုတာကတော့ တော်တော်လေး နီးစပ်သွားတာပေါ့။ ကောင်းသွားတာပေါ့။ စားပွဲပေါ်ရောက်တယ်ဆိုရင် အေးအေးဆေးဆေး ညှိနှိုင်းလို့ ရနိုင်တဲ့ အနေအထားတွေပဲလေနော်။”

ဒါကတော့ ကချင်ပြည်နယ်က ဒေသခံတယောက် ပြောဆိုတာဖြစ်ပါတယ်။ တိုင်းလိုင်ခေါ် ရှမ်းနီအမျိုးသားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီက အထွေထွေအတွင်းရေးမှုး ဦးစောဝင်းထွန်းက သူ့ရဲ့ သဘောထားကို အခုလို ပြောပါတယ်။

“ကျနော်တို့အနေနဲ့ ဖြစ်စေချင်တာကတော့ ကချင်ပြည်နယ်သူ၊ ပြည်နယ်သားများ အားလုံးရဲ့ မျက်နှာထောက်ထားပြီးမှ ကချင်ပြည်နယ်သူ၊ ပြည်နယ်သားအားလုံးရဲ့ ဘဝကို စဉ်းစားပြီးမှ အကောင်အထည်ဖော်နိုင်မှ တကယ်စစ်မှန်တဲ့ ငြိမ်းချမ်းရေးကို တကယ်စစ်မှန်တဲ့ အပစ်အခတ်ရပ်စဲရေးကို ရမယ်လို့ ထင်ပါတယ်။ အခုက ကျနော်တို့အနေနဲ့ကတော့ နှစ်ဘက်စလုံးမှာပေါ့နော်။ အဲ့ဒီ့စိတ်ရင်းစေတနာပေါ် အခုအချိန်အထိ ပီပီပြင်ပြင်မှ ရှိကြရဲ့လားဆိုတာကိုလည်း ကျနော်တို့ ထည့်ပြောချင်ပါတယ်။ ပြည်နယ်သူ၊ ပြည်နယ်သားများရဲ့ တည်ငြိမ်ရေးကို ထောက်ထားညှာတာကျရင်ဖြင့် တဘက်နဲ့တဘက် အပြန်အလှန်ထုတ်တဲ့ ကြေညာချက်အတိုင်း လက်တွေ့အကောင်အထည်ဖော်ပေးကြပါလို့ ဒီလိုပဲ ကျနော်တို့ ဖြည့်စွက်ပြီးတော့ ပြောချင်ပါတယ်ခင်ဗျ။”

ငြိမ်းချမ်းရေးအကျိုးတော်ဆောင်တဦးဖြစ်တဲ့ ဦးယုဇော်ခေါင်ကတော့ အစိုးရနဲ့ KIO ဆွေးနွေးပွဲတွေ စတင်နိုင်တော့မယ့် အလားအလာအဖြစ် သုံးသပ်ပါတယ်။

“ဒါကတော့ ယုံကြည်မှုကို တည်ဆောက်တာက အင်မတန်မှ ကောင်းပါတယ်။ အပြုသဘောဆောင်ပါတယ်။ ဒါကတော့၊ ငြိမ်းချမ်းရေးအတွက် ဒီလိုဆွေးနွေးမှုက အင်မတန်မှ အထောက်အကူဖြစ်တဲ့ ထုတ်ပြန်ကြေညာချက်ကြီးဖြစ်ပါတယ်။ အမြန်ဆုံး ဆွေးနွေးပွဲလုပ်ပြီးတော့ အကောင်အထည်ဖော်ဖို့ဆိုတဲ့ဟာကို ဒါတော့ ရင်ဖွင့်ပြောပြတဲ့အသံလို့ပဲ ကျနော်တို့ အဲ့လိုပဲ သုံးသပ်လို့ ရပါတယ်။"

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ကလည်း ဒီကနေ့မနက်မှာ ပြည်သူကို ရေဒီယိုကတဆင့် ပြောကြားတဲ့ မိန့်ခွန်းမှာတော့ ငြိမ်းချမ်းရေးရဖို့ မိမိတို့အားလုံး ညှိနှိုင်းဆွေးနွေးအဖြေရှာရမယ့် အချိန်ကျရောက်နေပြီဖြစ်ကြောင်း ပြောဆိုထားပါတယ်။

“ယခုဖြစ်ပွားနေတဲ့ ပဋိပက္ခတွေ၊ အကျိုးဆက်တွေကြောင့် ပျက်စီးဆုံးရှုံးမှုတွေ၊ ပဋိပက္ခဖြစ်ပွားရာ ဒေသများက ပြည်သူအများစု ခံစားနေရတာတွေ၊ စိတ်ဒဏ်ရာ နာကျင်မှုတွေဟာလည်း မိမိတို့လူ့အဖွဲ့အစည်းရဲ့ ဆုံးရှုံးနစ်နာမှုဖြစ်ပါတယ်။ မိမိတို့အစိုးရအနေနဲ့ ပဋိပက္ခဖြစ်ပွားရာ ဒေသတွေက တိုင်းရင်းသားညီအစ်ကိုများ အားလုံးအတွက် လူသားချင်းစာနာထောက်ထားတဲ့ အကူအညီတွေ ထိရောက်စွာ ပေးနိုင်ဖို့ အသင့်ပြင်ဆင်လုပ်ကိုင်လျက်ရှိပါတယ်။ သင့်တော်သော နိုင်ငံတကာအဖွဲ့အစည်းများနဲ့လည်း ဆက်သွယ်ဆောင်ရွက်လျက်ရှိပါတယ်။ တဘက်မှာလည်း ဆုံးရှုံးနစ်နာမှုများ ရပ်ဆိုင်းနိုင်ဖို့နဲ့ အများပြည်သူ လိုလားတောင့်တနေကြတဲ့ စစ်မှန်သော ငြိမ်းချမ်းရေး တည်ဆောက်နိုင်ဖို့ မိမိတို့အားလုံး စားပွဲဝိုင်းမှာ ဆွေးနွေးညှိနှိုင်းပြီး အဖြေရှာရမယ့် အချိန်အခါကို ကျရောက်နေပြီဖြစ်ပါတယ်။”

နိုင်ငံတော်သမ္မတက သက်ဆိုင်ရာ ခေါင်းဆောင်တွေကို စားပွဲဝိုင်းမှာ လာရောက်ညှိနှိုင်းဆွေးနွေးဖို့ တိုက်တွန်းထားသလို ငြိမ်းချမ်းရေးတည်ဆောက်မှုဟာ ထိလွယ်ရှလွယ်အဆင့် ရောက်နေတာကြောင့် ညီညီညွတ်ညွတ် သဘောထားကြီးကြီး ဆောင်ရွက်ဖို့ကိုလည်း ပြောကြားထားပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းတွေကတော့ ၀ ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSAက သူတို့ ဒေသ ပန်းဆန်းမှာ လာရောက်တွေ့ဆုံဆွေးနွေးဖို့အတွက် မြန်မာအစိုးရနဲ့ KIO ဘက်က တာဝန်ရှိသူတွေကို ဖိတ်ကြားခဲ့ပြီး နှစ်ဖက်လုံးက တွေ့ဆုံဆွေးနွေးဖို့ သဘောတူထားတယ်လို့လည်း သတင်းထုတ်ပြန်ထားပါတယ်။

11 comments:

Unknown said...

အလကားခွေးကေအိုင်အေမင်းတို့တပ်စခန်းတွေကုန်သွားတော့မှအပစ်ရပ်မယ်ဆိုပြီးအသံကောင်းလာဟစ်မနေနဲ့
တပ်မတော်ကမင်းတို့ရဲ့သဘောအတိုင်းစစ်ရေးကိုမရပ်ပဲနိုင်ငံရေးအရဆွေးနွေးပြီးမှစစ်ရေးရပ်မယ်လို့ပြောလို့မင်းတို့တွေအခုလိုအသံတွေထွက်လာတာအကုန်သိတယ်ကွကချင်အမျိုးယုတ်တွေရ မင်းတို့ကေအိုင်အေတွေအမြစ်ပြတ်ကျရှုံးတော့မှာသိလို့အခုလိုအကွက်ဆင်ပြီးလုပ်နေတာအလကားခွေးတွေ

kyawthusukyi said...

စစ်ရပ်ကြမယ် ဆိုတဲ့သတင်းဟာ မင်္ဂံလာအရှိဆုံးပါပဲ
တိုင်းရင်းသားအားလုံးအတွက် တိုင်းပြည်အတွက် ဆင်းရဲ
သောကရောက်နေရတဲ့ပြည်သူတွေအတွက်ပါ
ဖန်ဆင်းရှင်များ ဖန်ဆင်းလို့မရနိုင်ပါဘူး ဒါကြောင့် ဒီသတင်းဟာ မင်္ဂံလာအရှိဆုံးပါ

အောင်းသူ said...

kyaw hlwan moe မင်ဘာသိလို့ရေးနေတာလဲမင်းကချင်လခဲ့ပါငါအရင်မင်းကိုသတ်မယ်

zaw min let said...

ြrrတိုင်းရင်းသားတွေအားလုံးချစ်ချစ်ခင်ခင်နေထိုင်ကြရမယ် တစ်ရေတည်းသောက်တစ်မြေတည်းနေထိုင်ကြတာ အခုလိုမညီညွတ်လို့လဲသူများကျွန်ဘဝရောက်ခဲ့ပြီးပြီ ကျွန်တော်တို့ကျေးဇူးရှင်ဗိုလ်ချုပ်လဲဆုံးရှုံးခဲ့ရပြီးပြီ မြင်မှန်ရကြဘာတော့

LITTLE BURMA GROCERY said...

သိန်းစိန်အစိုးရက အောက်တန်းကျသလို KIA/KIO လည်း စောက်ကျင့်မကောင်းပါဘူး။ တကယ် ဖဒရယ် ပြည်ထောင်စု ကိုလိုချင်လျှင် ဖြစ်ချင်လျှင် ပြည်ထောင်စု တိုင်းရင်းသားအချင်းချင်းသာလျှင် အကောင်းဆုံးဖြေရှင်း ကြရမှာပါ အခုတော့ တရုတ်ကို ဆွဲဆွဲထည့်နေတာကတော့ မရိုးသားဆုံးလုပ်ရပ်ပါဘဲ။

ညီသန့်ရှင်း said...



Kyaw Hlwan Moe ဆိုတဲ့ စစ်ခွေး မင်းပထွေးတွေ
သင်ပေးထားတဲ့ လေသံနဲ့ စောက်အရှက်တရားကင်းမဲ့စွာ
နဲ့ ဟောင်မနေနဲ့ ငါ့ကောင်။ စစ်တိုက်တယ်ဆိုတဲ့ အရာကို
မင်းကဘယ်လောက်နားလည်လို့ လဲ။ကေအိုင်အေက အမြဲ
တမ်းငြိမ်းချမ်းနိုင်အောင် ဆွေးနွေးတိုင်ပင်နိုင်တဲ့ စကားဝိုင်း
ရှိမှ အပစ်ရပ်မယ်လို့ ပွင့်ပွင့်လင်းလင်းပြောခဲ့ပြီးသား။
ဒါပေမဲ့ မင်းတို့ စစ်ခွေးတွေလိုချင်တာ ဒီလိုငြိမ်းချမ်းရေးမျိုး
ဟုတ်ဘူး ... အခုပြေလည်ရင်း ပြီး ပြီးရော နောင်ခါလာ
နောင်ခါဈေး နောက်ပြသနာဖြစ်လာရင် နောက်မှ ရှင်းမယ်
ဆိုတဲ့ ခက်သိမ်သိမ် အတွေးမျိုးနဲ့ အပစ်အခက်ရပ်စဲပြီး
ငြိမ်းချမ်းရေးကိုတည်ဆောက်ချင်တာ မင်းသိလာ။
စစ်သားတွေပဲ နိုင်ငံကို နှစ်ပေါင်းများစွာအုပ်ချုပ်လာတာ
အတွေးတော့ မသိမ်လောက် မခေါင်လောက်ပါဘူး။
အမြဲတမ်းငြိမ်းချမ်းရေးကိုမလိုချင်တဲ့ စစ်တပ်ရဲ့ ရည်ရွယ်
ချက်ကရှင်းရှင်းလေးပါ ကချင်တွေအပေါ် ထိုးစစ်စင်
စစ်ခင်းပြီး နိုင်ငံရေး အမြတ်ထုတ်စရာ မရှိတော့မှာဆိုးလို
ဆိုတာအသိသာ ကြီးပါ သားကြီးရာ။ခဏလောက်
အပစ်ရပ်ပြီး မထင်ရင် မထင်သလို ကတိစကားတွေ ချိုး
ဖောက်ပြီး တိုင်းရင်းသားတွေကို မထီမဲ့မြင်လုပ် ရန်သွား
စလို့ ပြည်တွင်းစစ်ကို သက်ဆိုးရှည်အောင် လုပ်နေယုံ
သက်သက်ပဲရှိတာပါ။ မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးဆိုတာ စစ်အာဏာရှင်များအတွက်တော့ အပူဆုံးငရဲပဲလေ။ ရှင်းနေတာပါ ဒီကောင်တွေ အုပ်ချုပ်နေသမျှ ဘယ်သူ
ဘယ်လို ငြိမ်းချမ်းရေးအတွက် လမ်းပဲလျှောက်လျှောက် ဘာပဲလုပ်လုပ်ပါ ဒီအယုတ်တမာ များကတော့ ဘယ်တော့မှ ငြိမ်းချမ်းရေးပေးမှာမဟုတ်ဘူး ဆိုတာ
အသေအချာပါပဲဗျာ။

Unknown said...

အ စထဲကနားလည်မူ့ ရှိ့ခဲ့ရင် တပ်မတော်ရဲ့ထိုးစစ် ဆိုတာရှီခဲ့မှာ မဟုတ်ဘူး

Anonymous said...

You are the one doggie asshole

nyimalay784@gamail.com said...

အစိုးရကောကေအိုင်အိုကောခေါင်းဆောင်တွေမကောင်းလို့အခုလိုစစ်ပွဲတွေဖြစ်ရတာကွးးးးမှတ်ထားးးးးးးးးးးးးးး

Unknown said...

ဒါကြောင်းပြောင်းလည်ကြပါတေါ့ နိုင်ငံတော် တီလူနည်းပြီနောင်တရကြတေါ့ 

Unknown said...

ဒါကြောင်းပြောင်းလည်ကြပါတေါ့ နိုင်ငံတော် တီလူနည်းပြီနောင်တရကြတေါ့ 