Tuesday, February 19, 2013

အရင်း အဖျား

အရင်း အဖျား
မောင်လွမ်းဏီ
သရုပ်ဖော်ပုံ - ကာတွန်းဟန်လေး

စုံကော်တွေကို ပုံဖော်ရင်
အုံအင် အော်မလား မသိ၊
ဖားက
မိုးဖား နွေဖား
ရာသီတိုင်းလည်း ပွားတယ်လေ။

တပ်ကုန်းမှာ
တပ်ပုံးနဲ့ တပ်ရုံးပဲ ရှိမယ်၊
ကြေးနီတောင်မှာတော့
သွေးနီတဲ့ကောင်တွေနဲ့
တေးသီမယ့်ကောင်တွေ ရှိတယ်။

စုံကော်ကို ယုံနော်
ပုံတွေ လာ လာပြော
တောသူဆိုတာ တကယ့်ကို ရိုးတယ်။

မီးလောင်ဘုန်းကြီးက
ငါ့ကျောပေါ်ကျတာ
အဖျားပိုင်းနော်လို့ သူ့ဒကာကို မိန့်တယ်။

အော်
အရင်းပိုင်းတွေက ...။ ။

မောင်လွမ်းဏီ
၁၇-၂-၂၀၁၃
(လက်ပံတောင်းက လယ်သမားတွေ၊ တရားမျှတရေးအတွက် တိုက်ပွဲဝင်နေကြသော
အရေးတော်ပုံတပ်သားများကို ရည်ညွှန်းပြီး ဒီကဗျာအား စပ်ဆိုပါသည်။)

ကဗျာခက်ဆစ်ဖွင့်ဆိုချက်
စုံကော် = စုံစမ်းစစ်ဆေးရေးကော်မရှင်
တပ်ပုံး = တပ်က နောက်ကွယ်မှာ ရှိနေခြင်း

No comments: