Monday, January 21, 2013

ဗကသ အဖွဲ့ချုပ်အပေါ် ဦးသိန်းစိန်အစိုးရ၏ မလိမ့်တပတ်လုပ်ရပ်နှင့်ပတ်သက်၍ ကျော်ကိုကို၊ ဖြိုးဖြိုးအောင်၊ Young Zin တို့၏ ပြောကြားချက်များ

နောက်ဆုံးပေါ် မလိမ့်တပတ်လုပ်ရပ် (သို့) အကင်းမသေသေးတဲ့ အကျင့်ဆိုးများ
ကျော်ကိုကို

ဒီနေ့ခေါ်ယူမှုမှာ ဘယ်သူနဲ့တွေ့ရမယ်လို့ အတိအကျ မပြောဘဲ ခေါ်ခဲ့တယ်။ နိုင်ငံတော်အဆင့် aတွ့ဆုံမှုပါတဲ့။ အလှအပစကားလုံးတွေ သုံးတတ်လိုက်တာ...။ ပြီးမှ သမ္မတရုံးဖေ့ဘွက်ခ်မှာ ဦးသိန်းစိန်မိန့်ခွန်းကို အဖွဲ့အစည်းပေါင်းစုံက လာနားထောင်သလို နိုင်ငံရေးအမြတ်ထုတ်ရေးတယ်။

ဘာတွေ ဆွေးနွေးမယ်ဆိုတာလည်း ကြိုမပြောထားဘူး။ ဟိုရောက်တော့ ထင်ထားတဲ့အတိုင်း သံချေးတက်နေတဲ့ ခွေးတံဆိပ်ဓာတ်ပြားဟောင်းကြီးပါပဲ။ အဖွဲ့အစည်းမှတ်ပုံတင်ဖို့၊ သူတို့နဲ့ပူးပေါင်းဆောင်ရွက်ဖို့၊ သူတို့နဲ့ပေါင်းရင ထောက်ပံ့ကူညီမယ်ပေါ့ မင်းသားလေပျော့ပျော့လေးကြားက ဆို့ရွားတဲ့ရလာဒ်တွေ မဖြစ်စေချင်ဘူးဆိုတဲ့ ခြောက်လုံးလေး မသိမသာ ထည့်လိုက်သေးတယ်။

ကိုယ့်မူနဲ့ကိုယ် ရပ်ခံပြောဆိုမယ့် လူငယ် ၆ ယောက်ကို ဝေဖန်ဆွေးနွေးခွင့်မပေးဘူး။ သူတို့အချင်းချင်း ဇာတ်တိုက်လေ့ကျင့်ထားတဲ့ မမှည့်တမှည့် ခရိုနီတွေက ဘုန်းတော်ဘွဲ့နဲ့ စဖွင့်သွားတယ်။ NGOs တွေ ဆွေးနွေးပါတယ်ဆိုမှ နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြုပ်နှံ့မှုတွေ ရရှိအောင် ကြိုးပမ်းပေးတဲ့ သမ္မတကြီးကို ကျေးဇူးတင်ပါတယ် ထလုပ်တဲ့သူက ရှိသေးတယ်။

စမ်းချောင်းကိုဘိုဘိုဆိုရင် အမည်စာရင်းပေးတုံးက နံပါတ် ၅ သူ့နောက်ကသူတွေ အလှည့်ကျော်ဆွေးနွေးသွားပေမယ့် အချိန်အကန့်အသတ် အကြောင်းပြပြီး သူအပါအဝင် ကျွန်တော်တို့ ၆ ယောက်ကို ပယ်လိုက်တယ်။ သမ္မတမှာ ပြန်ဖြေရှင်းစရာ စကားမရှိလို့လား။ အတိုက်အခံပြောမှာကို နားထောင်နိုင်စွမ်းမရှိလို့လား။ ဘာပဲဖြစ်ဖြစ် ဒါဟာဆိုရင်ဖြင့် အကင်းမသေသေးသော နအဖရွှေလက်ထက်တော်က အကျင့်ဆိုးတစ်ခုပင်ဖြစ်ကြောင်း....။ ။

ကျော်ကိုကို

အရပ်ဘက် လူ့ဖွဲ့အစည်းများနဲ့ ဦးသိန်းစိန်အစိုးရ ပထမအကြိမ် တွေ့ဆုံမှုအပေါ်အမြင်
ဖြိုးဖြိုးအောင်

ရန်ကုန်အုပ်ချုပ်ရေးမှူးရုံးက ကျမတို့ ဗကသများအဖွဲ့ ချုပ်ကို ဆက်သွယ်ပြီး(၂၀.၁.၂၀၁၃) နေ့ လယ် ၂နာရီ ရန်ကုန်အစိုးရအဖွဲ့ ရုံး လွှတ်တော်ဟောင်းနေရာကို လာရောက်ဖို့  ဖိတ်ပါတယ်။ ဘာအကြောင်းကိစ္စဆိုတာ မေးပေမယ့် အဖြေမပေးသလို ဘယ်သူနဲ့ တွေ့ ရမယ်ဆိုတာကိုလည်း နိုင်ငံတော်အဆင့်ဆိုတာလောက်သာ ပြောခဲ့ပါတယ်။ ဒါပေမဲ့ မီဒီယာများရဲ့ ကျေးဇူးကြောင့် သမ္မတဦးသိန်းစိန်နဲ့ တွေ့ ဖို့ မှန်း ကျမ ကြိုသိခဲ့ပါတယ်။

သမ္မတဦးသိန်းစိန်နဲ့ အရပ်ဖက်လူမှုအဖွဲ့ အစည်းများ တွေ့ ဆုံဆွေးနွေးပွဲလို့ ခေါင်းစဉ်တပ်ထားတဲ့ ဒီနေ့ အခမ်းအနားဟာ စကတည်းက ရိုးသားမှု မရှိတာပါ။ ကျမတို့ ခန်းမထဲ မဝင်ခင် အရပ်ဖက်လူ့ အဖွဲ့ အစည်းဆိုတဲ့နေရာမှာ လက်မှတ်ထိုးတော့ သေသေချာချာ သတိထားမိတာက ပြည်ခိုင်ဖြိုး ဆိုတဲ့အဖွဲ့ အစည်းအမည်နဲ့ ထိုးထားတဲ့ လက်မှတ်တစ်ခုကိုပါ။

ပြည်ခိုင်ဖြိုးဆိုတာ ပါတီလဲဟုတ်၊ NGO လဲ ဟုတ်တယ်လို့ ပြောသလိုပါပဲ။ ခန်းမထဲရောက်တော့လဲ အမျိုးသမီးရေးရာ၊ မိခင်နဲ့ ကလေးစောင့်ရှောက်ရေးတို့ က ယူနီဖောင်းဝတ်တွေကို တွေ့ ပြန်ရော။ အရပ်ဖက်လူ့ မှုအဖွဲ့ အစည်းတွေမှာ ဒီလို အဖွဲ့ မျိုးတွေ ပါသလားလို့ မေးမနေချင်ပါဘူး။ ဝန်ထမ်းတွေရဲ့ ဇနီးတွေဟာ အလိုအလျောက် အဖွဲ့ ဝင်ဖြစ်ကြတာကို အားလုံးအသိပါပဲ။

နောက် အခမ်းအနားမှူးက ပြောပါတယ်။ ပါဝင်ဆွေးနွေးသူတွေ ကြိုတင်စာရင်းပေးဖို့ တဲ့။ ဘာအကြောင်း ဆွေးနွေးမလဲဆိုတာ မပါပေမဲ့ သေချာတာတော့ ဦးသိန်းစိန် အဖွင့်ပြောမဲ့ စကားကို ဆွေးနွေးဖို့ ထင်တယ်လို့ ကျမ ယူဆမိပါတယ်။

တကယ်ကတော့ ပြောချင်တာပြောကြတာပါ။ အဖွဲ့ အစည်းတချို့ က သူတို့ အခက်အခဲတွေ၊ အမြင်တွေ၊ မှတ်ပုံတင်ရာမှာ ရင်ဆိုင်ရတဲ့ပြဿနာတွေ၊ လုပ်ပေးစေချင်တာတွေကို ပြောကြတယ်၊ တချို့ ကတော့ သူတို့ ဘာလုပ်နေကြောင်းကို ရှင်းနေတာ တော်တော်အချိန်ကြာပါတယ်။ ကျမတို့ ဗကသများအဖွဲ့ ချုပ်က ကိုကျော်ကိုကို အပါအဝင် အဖြူရောင်တွဲလက်က ကိုဘိုဘို(စမ်းချောင်း)၊ ရန်ကုန်ပြည်သူ့ အကျိုးဆောင်ကွန်ယက်က ကိုဝေဠု၊ ကချင်အဖွဲ့ တခုက မမေစပယ်ဖြူ၊ ကချင်အမျိုးသားတယောက် ကျမတို့ နဲ့ အနီးတဝိုက်က ၇ ယောက်လောက် အကျော်ခံလိုက်ရပါတယ်။ အခြားကျမတို့  လက်လှမ်းမမှီတာတွေလဲ ရှိပါအုံးမယ်။ တကယ်ပါဝင်ဆွေးနွေးရတဲ့သူ ၁၂ ယောက်ရှိပါတယ်။ ထက်ဝက်ကျော်က အစိုးရနဲ့ ဆက်စပ်နေတဲ့ အဖွဲ့ အစည်းတွေကပါ။ အစိုးရနဲ့ ဆန့် ကျင်ဘက်အမြင်ရှိတဲ့သူတွေ အကျော်ခံရတာ အသိသာကြီးပါ။

ရုပ်ပြကောင်းအောင် လုပ်ဇာတ်ခင်းနေတဲ့ အကျင့်ကတော့ အရင်အတိုင်းပါပဲ။ ထူးခြားတာကတော့ ကျမတို့ တွေကိုပါ သူတို့ ရဲ့ လုပ်ဇာတ်တွေထဲကို သွတ်သွင်းဖို့ ကြိုးစားလာတာပါ။ သမ္မတဦးသိန်းစိန်ရဲ့ အဖွင့်နဲ့ အပိတ်စကားတွေကတော့ ကျမတို့ တွေကြိုမြင်ထားသလိုပါပဲ။ သူတို့ နဲ့ ပေါင်းလုပ်ဖို့ မတူရင်လဲ ဆွေးနွေးဖို့ နောက် မလိုလားအပ်တဲ့ ဆိုကျိုးဆိုတဲ့ စကားတောင်ပါလိုက်သေးတယ်။ အဲဒါတွေဖြစ်မှာ စိုးရိမ်တယ်ပေါ့။ အနှစ်ချုပ်က အဲဒါပါပဲ။

ကျမတို့ အနေနဲ့ ကတော့ အများပြည်သူ ကောင်းရာကောင်းကျိုးလုပ်ရာမှာ ပူးပေါင်းတာတွေ မပူးပေါင်းတာတွေထက် တကယ်အလုပ်လုပ်ရင် ကျမတို့ သွားတဲ့လားရာတွေ တူမှာပဲ။ တကယ်အကျိုးဖြစ်ထွန်းအောင် လုပ်ကြဖို့ ပဲလိုတယ်။ လမ်းတူရင် လူတူမှာပဲ။ ကျမတို့ ကတော့ အမြဲအနှောင့်အယှက်ခံနေရလို့ လွတ်လပ်စွာ လှုပ်ရှားနိုင်ဖို့ ပဲလိုပါတယ်။ မှတ်ပုံတင်ဖို့ ကတော့ ဗကသမှာ သမိုင်းကြောင်းအရလဲ မတင်ခဲ့ပါဘူး။ တက္ကသိုလ်ဥပဒေအောက်က ကျောင်းသားအဖွဲ့ အစည်းဖြစ်လို့ အစိုးရနဲ့ လုံးလုံးမပတ်သတ်သလို အစိုးရခွင့်ပြုမှ၊ အသိအမှတ်ပြုမှ တရားဝင်တဲ့ အဖွဲ့ အစည်း မဟုတ်ပါဘူး။ ပြည်သူ့ ဘက်က ရပ်ပြီး ပြည်သူတွေ၊ ကျောင်းသားတွေရဲ့ ရင်ထဲက အသိအမှတ်ပြုမှု၊ အားပေးမှုကသာ ဗကသရဲ့  တရားဝင်မှုပါလို့  အမြဲခံယူထားပါတယ်။ ဒီနေ့ လိုမျိုး ကျမတို့ ကို ဖိတ်ခေါ်ရတာလဲ အဲဒီ့သမိုင်းကြောင်းနဲ့  အဲဒီ့ပြည်သူ့ အားတွေကို မလွန်ဆန်နိုင်လို့ ဆိုတာကို မြင်မိပါတယ်။ အခြားအကြောင်းတွေလဲ ရှိနိုင်ပါတယ်။ ဒါပေမဲ့ ရုပ်အဆိုးဆုံးလုပ်ရပ်ကတော့ ဒီပွဲမှာ လာကြတဲ့ အဖွဲ့ အစည်း ၈၆ ဖွဲ့ က လူပေါင်း ၂၀၀ ကျော်က သမ္မတ မိန့် ခွန်းကိုပဲ လာနားထောင်ကြသလို အခွင့်ကောင်းယူ အမြတ်ထုတ်တဲ့ကိစ္စပါပဲ။ ဇာတ်တိုက် လက်ဝါးချင်းရိုက်ပြီး လုပ်ဇာတ်ခင်းနေတာတွေ ရှိနေသေးတဲ့ ကျမတို့ ဗမာပြည်ကြီး ဘာမှမပြောင်းသေးပါ။ ပိုဆိုးတာက ကျမတို့ ကိုပါ သူတို့ ဇာတ်သွင်းနေတာမို့  သတိရှိရှိနဲ့ အသိရှိရှိနဲ့  ပြည်သူအချင်းချင်း ဒီမိုကရေစီဘက်တော်သားအချင်းချင်း ကျောချင်းကပ် ရင်ချင်းအပ်ထားဖို့ လိုပါတယ်လို့ သတိလေးပေးချင်ပါတယ်။

ဖြိုးဖြိုးအောင်

အစိုးရအဖွဲ့၏ မရိုးသားမှု
Young Zin

နိုင်ငံတော်အဆင့်တွေ့ ဆုံဆွေးနွေးလိုပါ၍ ဆိုပြီး ဖိတ်တယ်။ ခန်းမထဲရောက်မှ သမ္မတက မိန့် ခွန်းပြောတယ်။ ကျုပ်တို့ ဗကသကျောင်းသားတွေက ကိုယ့်အလုပ်ကို လုပ်နေတာ။ သမ္မတမိန့် ခွန်းကို နာယူချင်လွန်းလို့ ဖိတ်ကြားပွဲ ငမ်းငမ်းတက် ပွဲတက်ချင်တဲ့အဖွဲ့ထဲမှာ ဗကသမပါဘူး။ အစိုးရအနေနဲ့  နောက်ခါတွေမှာ ဗကသနဲ့ ဆက်ဆံမယ်ဆိုရင် ရိုးသားမှုရှိပါလို့  သတိပေးလိုပါတယ်။ ဆွေးနွေးပွဲတက်တာ မိန့် ခွန်းနာခံချင်လို့  မဟုတ်ဘူး။ အခုကိစ္စဟာ အစိုးရအဖွဲ့ က ချည်ပြီးတုပ်ပြီး လုပ်တာမျိုးဖြစ်တဲ့အတွက် ဗကသအနေနဲ့ လည်း နောက်တစ်ကြိမ် အစိုးရနဲ့ ဆက်ဆံတဲ့အခါ အများကြီး သတိထားဖို့ လိုသွားပြီ။ အခုကိစ္စအတွက် အစိုးရကို ဗကသကျောင်းသားတစ်ယောက်အနေနဲ့ လုံးဝကို ကန့် ကွက်ပါတယ်။

Young Zin

22 comments:

Tomahawk said...

Thank you for this post Ko Lu Swe and Dear Students leaders.
အားလုံးသိထားကြတဲ့အတိုင်းစစ်တပ်(သို့)အရပ်သားအရေခြုံစစ်
ထွက်အားလုံးဆီမှာရှာလို့မတွေ့နိုင်တဲ့အရာပာာ"ရိုးသားမှူ"ပါပဲ
ကျနော့်အနေအဲဒီအကောင်တွေအားလုံးကိုချေချေငံငံပြောစရာ
အကြောင်းမရှိဘူး၊ခပ်ရိုင်းရိုင်းပဲပြောမယ်
စစ်အာဏာရှင်တွေအဆက်ဆက်တွေပာာအာဏာကိုဘယ်တော့မှ
အပေးအယူမလုပ်ဘူးဆိုတာလက်ရှိပြည်တွင်းကနိုင်ငံရေးခေါင်း
ဆောင် တွေသေချာသိနားလည်သင့်ပါတယ်
အယုံသွင်းလုပ်ကြံလိမ်လည်မှူတွေအကြိမ်ကြိမ်လုပ်ပြီးအာဏာကို
အချင်းချင်းလက်ဆင့်ကမ်းနေအုံးမှာပဲ
မယုံရင်စောင့်ကြည့်နေဒီမိုမယ်တော်ကြီးနဲ့၈၈တွေထပ်ပြီးအလိမ်ခံ
ထိလိမ့်အုံးမယ်
စစ်ကျွန်ဘဝကမြန်မာပြည်လွတ်မြောက်ဖို့ဆိုရင်ကိုလွမ်းဆွေပြောတဲ့
လူထုတော်လှန်ရေးနဲ့မှပွဲအပြတ်ဖြတ်နိုင်မှာ
No pain no gain.
those wicked fucking dictators( including their cronies) are different animals.
ဆက်ဒမ်ပာူစိန်၊ကဒါဖီဆိုတဲ့ကောင်တွေကလူမိုက်တွေ
ဒါကြောင့်လဲမိုက်လုံးကြီးလွမ်းလို့မရှူမလှဇာတ်သိမ်းရတာ
သန်းရွေနဲ့သူ့မျိုးဆက်တွေကအင်မတန်ယုတ်မာတဲ့လူယုတ်မာတွေ
ဒါကြောင့်လဲအခုချိန်ထိယုတ်မာမှူအတိပြီးတဲ့လိမ်ဆင်တွေနဲ့
သူတို့အားလုံးရှင်သန်ရေးလုံးပမ်းနေတာပဲ
So, the only way to get Freedom is "get rid all of them"
nothing else, we do not have other options...

ဖာနိုင်ငံသားစစ်စစ် said...

ဂျပန်တွေကအပြီးတိုင်စွန့်လွှတ်ထားတဲ့ဖက်စစ်ဝါဒကိုအမွေ
ဆက်ခံထားတဲ့ကျောင်းတော်ကြီးထွက်တွေလေဒါလေးများပါး
ပါးလေး။လက်ညှိုးလေးကွေးတတ်တိုင်းဗိုလ်လုပ်လို့ရတာ
မဟုတ်ဘူး ဟား ဟား ဟား ဟား ဟား ဟား
လိမ်တာမဟုတ်ဘူးကွလမ်းစဉ်အတိုင်းလုပ်တာ
မူဝါဒအတိုင်းကျင့်သုံးတာ
စီမံကိန်းကိုအကောင်အထည်ဖေါ်တာကွ။
နိုင်ငံတကာကပိတ်ဆို့မှု့တွေအကုန်ဖွင့်ပြီးရင်တို့သားသမီးတွေ
ကမ္ဘာပေါ်မှာလွတ်လွတ်လပ်လပ်လုပ်စားလို့ရရင်မင်းတို့တနိုင်ငံ
လုံးကိုတရုတ်ကြီးလက်ထဲအပြတ်ရောင်းခဲမှာသိလား ဟားဟ

Unknown said...

ညီလေး မင်း ရဲ့ ဖြုတ် အ တွေး အခေါ် နဲ့ အစွန်းရောက် အဆိုးမြင် ဝါဒ ကြီး က ဒီအချိန်မှာ စွန့် လွတ် သင့် ပါပြီ ။ အစိုးရ ။ Dassk , ၈၈ မျိုးဆက်နဲ့ ပြည်သူတွေ အ ပေါ် မှာ အ ကောင်း မမြင် ချင် နေပါ စေ , မင်း မိဘ အ ပေါ် တော့  အ ကောင်းမြင် နိုင် ပါစေ ။ မှတ်ချက် ။ ။ အ ကောင်းမြင် ခိုင်းတာ မဟုတ်ပါ ။ ဝေဖန်တာ ကောင်းပါသည် ။ ဒါပေမဲ့ အရာရာ ကိုတော့  အဆိုးမြင် တာ မသင့်ပါ ။ တခါတည်းနဲ့ တော့ american ဒီမိုက ရေ စီ မဖြစ်နိုင် ပါ ။ ညီ ဝေဖန်တာ လုံးဝ မှားပါ တယ်လို့ မ ပြောပါ , လက်ယာစွန်း လက်ဝဲစွန်း ရှောင် ဖို့ ရန်သာ ဆိုလိုခြင်း ဖြစ် ပါ သည် ။

Unknown said...

ခေါက်ရိုးကျိုးနေတဲ့ ပွဲစီစဉ်သူတွေ..
ကိုယ့်လိပ်ပြာကိုယ် မလုံတော့ ပွင့်လင်းမှုမရှိတာတွေ..
တိုင်းပြည်တိုးတက်ရာ တိုးတက်ကြောင်းကို အဓိက မထားပဲ သတင်းနဲ့ ၀ါဒဖြန့်ချိမှုကိုပဲ ဇောင်းပေးချင်လိုမှုတွေ..
မရိုးသားမှုနဲ့ မာယာတွေကို ပရိယာယ် ဗျူဟာလို့ ယုံကြည် အသားကျခဲ့သူတွေ စီစဉ်တဲ့ပွဲဆိုတော့ ဒီလောက်တော့ရှိမှာပေါ့ဗျာ..
ဒီလိုထိတွေ့ဆက်ဆံမှုမျိုး(ဟန်ပြပဲဖြစ်ဖြစ်) စပြီး ရှိလာတာကိုပဲ ကောင်းတဲ့အလားအလာလို့ အကောင်းမြင်စိတ်နဲ့ ကြည့်မြင်လိုက်ပါတယ်။

S.Maung Chain said...

I agree with Tomahawk all of bits.
My comment is all the same with him.
Thank Tomahawk.

S.Maung Chain said...

This is stupid fake meeting for show.
Repect to three leaders of Burma student union for yur speechs.You have a lots to be careful very soon.Don't for get unity is strength and (No pain no gain).
Thank you.

a said...

အကောင်းမြင်ဆိုတဲ့စကားကိုနောက်ပိုင်းနှစ်တွေမှာပိုကြားနေရတယ်။အကောင်းမလုပ်တဲ့သူတွေကိုအကောင်းမြင်ကြရင်းနဲ့ငါတို့တိုင်းပြည်အခုလိုအခြေအနေကိုရောက်သွားတာ။တကယ်ကအမှန်မြင်တတ်ဖို့ပဲလိုတယ်၊ဥပမာ-ဗကသကျောင်းသား(၃)ယောက်မြင်တာမျိုးကိုအမှန်မြင်တာလို့ခေါ်တယ်။အမှောင်မဖုံးတဲ့သူတိုင်းမြင်နိုင်တယ်၊ငါ့အသက်(၆၀)အတွင်းအကောင်းမြင်ဆိုတဲ့စကားကိုရိုးရှင်းတဲ့သူတွေလူကြားထဲမှာသုံးတာမတွေ့ရသလောက်ပဲ။

Moemin said...

လေးစားပါတယ်ဗကသလူငယ်တွေ၊၊

Htay Aung said...

I am so proud of you guys, Ba KaTha. You are the real and the only people for people.

Unknown said...

အ ကောင်းမြင် တဲ့ ဆို တဲ့ စကား ဟာ constructed rule ဆို ပြီး ဆွစ်ဇာလန် လွတ်တော် က နေ ၂၀ ရာစု နောက် ပိုင်း မှာ ဆင်းသက် လာတယ် လို့ လေ့ လာသိရ ပါ တယ် ။ ဗုဒ္ဓ ဘာသာ မှာ ဆို ရင်တော့ သူ့ အကျိုး စီးပွါး ကို လိုလား တဲ့ မေတ္တာ စိတ် ပေါ့ , ခရစ်ယန် မှာ ဆို ရင် ဘုရားသခင် သည် သင် တို့ ၏ ကောင်းမွန်သော လမ်းကို လို လားတော် မူ သည်။

Unknown said...

မင်းတို့ ဘယ်တုန်းက ဆယ်တန်းအောင်လဲ လို့ အရင်မေးမယ်

Unknown said...

မင်းတို့ ဘယ်တုန်းက ဆယ်တန်းအောင်လဲ လို့ အရင်မေးမယ်

Unknown said...

ဗကသကျောင်းသားလူငယ်တွေ ပါးနပ်ထက်မြက်တဲ့အတွက်ချီးကျုးပါကတယ်။
အမေစုတောင်အီမ်ကျယ်ချုပ်ကလွှတ်ပေးပြီး၊ လွှတ်တော်အကျယ်ချုပ်ချခံနေရတယ်။သိတဲ့ပုံမရှိဘူး။

zczc said...

Htet Gyi
army Dog

zczc said...

Htet Gyi
army Dog

Unknown said...

မင်းကမအောင်သေးလို့လါး။ သူများလုပ်နိုင် တာကို အားပေးပါ။ နှိမ့်ချတဲ့စိတ်နဲ့မပြောနဲ့။

Unknown said...

မင်းပထွေးထိလို့နာတာလား ဘာဗကသလဲ စောက်သုံးမကျအရေမရအဖတ်မရနဲ့
မင်းတို့ပြောနေတဲ့ဗကသဆိုတာဘယ်သူကထောက်ခံအားပေးလို့ဖွဲ့ထားတာလဲ
ကိုယ့်သဘောနဲ့ကိုယ်ဖွဲ့ထားတာနာမည်ပေးထားတာ လူငယ်လူကြီးအားလုံး
ကျောင်းတက်ခဲ့ဖူးတာပဲ အနည်းဆုံးတော့သူငယ်တန်း တစ်တန်းတက်ဖူးကျတယ်
စစ်တပ်ကလူကြီးတွေရောအစိုးရအဖွဲ့ကလူကြီးတွေပါအကုန်လုံးကျောင်းသားဘ်ါကိုဖြတ်သန်း
ခဲ့ကျတဲ့သူတွေပဲ မင်းတို့ကျမှကျောင်းသားလိုလိုပုံစံလာမလုပ်နဲ့ မင်းတို့တိုင်းပြည်အတွက်
ထိရောက်အောင်ဘာတွေကိုလက်တွေ့လုပ်ပြပြီးပြီလဲပြန်စဉ်းစား လမ်းဘေးကရေအိုးတောင်ရေ
ခပ်ဖြည့်ပေးဖူးလို့လား လိုရင်သာခပ်သောက်သွားမဲ့ကောင်တွေ အလကားခွေးပါးစပ်ကနတ်စကား
ထွက်ပြီးလူကြားကောင်းအောင်အော်ချင်ရာအော်မနေနဲ့ဘယ်သူမှမင်းတို့ကိုစောက်ဖတ်တောင်မလုပ်ဖူး
ဆိုတာမင်းတို့သိနေပြီးသားပါ ဒါကိုသိသိကြီးနဲ့ဆက်လုပ်နေတယ်ဆိုတာအစွန်းရောက်တာပဲ အဲ့ဒီလို
အစွန်းရောက်တဲ့လူတွေချောက်ထဲကိုမကြာခင်ကျတော့မယ်ဆိုတာငါသတိပေးလိုက်မယ်

Thu said...

Only one president and many societies, Patience, Please.

UShinGyi said...



(ဗကသ) ကို ဘယ်ကောင်မှ စောက်ဖတ်တောင် မလုပ်ဘူး လဲပြောသေးတယ် ။ သူပဲ အဖတ်လုပ်ပြီး သွားဟောင်နေတယ် ကောင်းယောကွာ။ ဒါဆိုဗိုလ်ချုပ်တို့ခေတ်က ဗကသ ဆိုတာကို အင်္ဂလိပ်တွေရဲ့ ထောက်ခံချက်တွေ ပြည်သူတွေရဲ့ထောက်ခံချက် တွေနဲ့ ဖွဲ့ထားတယ်လို့ ပြောရမှာပေါ့နော်။ ဗကသ အနောက်မှာ ဘယ်ကျောင်းသားမှ မရှိဘူးလို့ပြောတော့ ..ငါလဲတခုပြောပါရစေ ဒီ ဗကသ ကျောင်းသားလေးတွေ လုပ်တဲ့ နိုင်ငံရေးအထိန်းအမှတ် ပွဲလေးတွေ စည်းရုံးရေးအလုပ်တွေလောက်လုပ်တာကို ကြောက်အားလန့်အားနဲ့ ဟိုခေါ်ဖမ်းထားရတာနဲ့ ဒီခေါ်ထိန်းသိမ်းထားရတာနဲ့ အဲဒါတွေဘာလို့လုပ်လဲ။ စည်းရုံးရေးလုပ်ငန်းတွေမှာ မင်းတို့ လိုက်မနောက်လျှက်ပဲ ဒီတိုင်းသာ ကျောင်းသားလူငယ်တွေကို လုပ်ပိုင်ခွင့်ပေးလိုက်ကြည့်လေ ဒီတနိုင်ငံလုံးက ကျောင်းသားကြီးငယ်မဆို အုံကြွလို့ ဗကသ နောက်ကို တညီတညွတ်ထဲ လိုက်လာကျမယ်ဆိုတာ အသက်နဲ့တောင် လောင်းကြေးထပ်ရဲတယ်။ သေနတ်ကြီးတွေကိုင်ထားတဲ့ သူရဲကောင်းစစ်သားကြီးများကလဲ စာအုပ် တာကိုင်ထားတဲ့ ကျောင်းသား ပေါက်စကွေး တွေကိုတောင်ဖင်တုံအောင်ကြောက်ကျတာနော်။ ကြောက်မှာပေါ့လေ ကျောင်းသားဆိုတာ နိုင်ငံရေးသမိုင်းမှာ ပြည်သူတွေ မတော်လှန်ခင် ကျောင်းသားက အရင်ဦးဆုံး ဦးဆောင်တော်လှန်ပုန်ကန်ခဲ့ကျတယ်ဆိုတော့ကာ ကြောက်တာပေါ့။ အခုလဲ ကျောင်းသားတွေ ကျောင်းတခုထဲမှာပဲ စုမိပြီး သူတို့ကို ပြန်ပုန်ကန် တော်လှန်ကျမှာ ဆိုးလို့ ကျောင်းတွေကို မေဂျာအလိုက် ရွာစွန်ရွာဖျား တောတောင်တွေကြားထဲမှာ ကျောင်းတွေခွဲဖွင့်လို့ ကြီးမားတဲ့ ကျောင်းသား အင်အားကို ရိုက်ချိုးထားကျရတာနော် ဟုတ်တယ်မလား။ ဒါနဲ့ စစ်တပ်က ဗိုလ်ချုပ်ကြီးများ သူငယ်တန်း တစ်တန်းထိ တကယ်ပဲ တက်ခဲ့ဖူးကျလား ..ဟင်?

ညီသန့်ရှင်း said...


ကျော်လွမ်းမိုး ဆိုတဲ့ လူ ဗကသ ကို ဘာလို့ အဲလောက်မုန်းနေရတာလဲ ။ ဒီကောင်တွေက မင်း အမေလင်မလို့ လား စွေးခေတ်လေးရဲ့။

lcd said...

ဒီတိုင်းပြည်ရဲ့လက်ရှိအခြေအနေနဲ့ဒီလမ်းကြောင်းကမသွားရင်ဘယ်လမ်းကြောင်းကသွားရမယ်ဆိုတာကိုယ်တိုင်ရှေ့ထွက်ပြီးဦးဆောင်ပြလိုက်ပါ။
မှတ်ချက်။ ။(အရည်အချင်းနဲ့သတ္တိတကယ်ရှိပြီးကိုယ်ကျိုးစွန့်နိုင်ရင်ပေါ့လေ)

Unknown said...

Thein Sein is just one of the puppets of mastermind Than Shwe.He will meet many opposition groups,politicians and ethnic rebellion groups to separate each other especially with NLD,now de facto government stopped fighting with KNU and pretending peace talk while they fighting To KIA because they don't let open other rebel groups to battlefield and they only want to concentrate on only one battlefield strongly but the other rebel group don't know the government's strategic.Actually since '88' nationwide revolution, all of the rebel group must united with the people's revolution and they have had to open battlefield harmonically with public while government took back front site troops to crackdown '88' revolution.If they(rebel groups)did it,sure government can't survive till now because the time rebel groups are more stronger than this era and military power was not strong enough yet like today.But the rebel groups and opposition leaders were not spent those opportunities to fight common enemy and dethrone 26years old military ruling since 1962.After military crackdown '88' they built up more military power and started annihilation KNU and other rebel groups by fighting,meeting and peace talking,separation and assassination by khin Nyunt's military investigation.So today all ethnic groups are too weak and can't afford to threat recent military power,but why army open offensive to KIA?May they have to monopolize China border and secure their benefits between them and China such as gas pipe lines,resources and dams which have to produce hydro power for China.Actually we can't trust that Thein Sein govrmnt declare to stop Myitson Dam project because we can't see it 'how much the project done previous and how about recent situations whether they really stop or what?' practically.For me I absolutely belief the project still keep running or done.So govrmnt want KIA to stay away from their benifits.So I wich all of our people to vigil and watch with extra care all of puppet govrmnt's steps.So sorry for I can't write these letters by our language.Best wishes to all our people.