Monday, January 21, 2013

UNFC အနေနှင့်သာ အစိုးရနှင့် ဆွေးနွေးလိုဟု KIO ထုတ်ပြန်

UNFC အနေနှင့်သာ အစိုးရနှင့် ဆွေးနွေးလိုဟု KIO ထုတ်ပြန်
နန်းသီရိလွင် (ဧရာဝတီ)
January 21, 2013

ကချင်ပြည်လွတ်လပ်ရေးတပ်မတော်(KIA)ကို ထိုးစစ်ဆင် တိုက်ခိုက်ပြီး စစ်ရေးအရ ဖိအားပေးမှု အခြေအနေအောက်တွင် ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ(UNFC) အနေနှင့်သာ အစိုးရနှင့် ငြိမ်းချမ်းရေးအတွက် ဆွေးနွေးလိုကြောင်း ကချင်ပြည်လွတ်လပ်ရေးအဖွဲ့(KIO)က ထုတ်ပြန်လိုက်သည်။

“လဂျားယန် စစ်ဆင်ရေးကို ရပ်လိုက်ပြီလို့ ပြောပေမယ့် ၁၉ ရက်၊ ၂၀ ရက်တွေမှာ တိုက်ပွဲပြင်းထန်တဲ့ အခြေအနေ ရှိနေတယ်။ ဒီလိုအခြေအနေမှာ KIO နဲ့ အစိုးရ ငြိမ်းချမ်းရေးဖော်ဆောင်မှုကော်မတီ သီးခြား ၂ ဖွဲ့တည်း တွေ့ဆုံဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ UNFC အနေနဲ့သာ တွေ့ဆုံမယ်” ဟု KIO ပြောရေးဆိုခွင့်ရှိသူ ဦးလနန်က ဧရာဝတီကို ပြောသည်။

၂၀၁၃ ခုနှစ် ဇန်န၀ါရီလ ၁၉ ရက် နံနက် ၀၆း၀၀ နာရီမှ စတင်ပြီး လဂျားယန်ဒေသရှိ နယ်မြေရှင်းလင်းမှု စစ်ဆင်ရေးကို ရပ်ဆိုင်းထားမည်ဟု အစိုးရသတင်းထုတ်ပြန်ရေးအဖွဲ့မှ ဇန်န၀ါရီလ ၁၈ ရက် ရက်စွဲဖြင့် သတင်းထုတ်ပြန်ခဲ့သော်လည်း ဇန်န၀ါရီလ ၁၉ ရက်၊ ၂၀ ရက်နေ့အထိ မြန်မာ့တပ်မတော်မှ ထိုးစစ်ဆင် စခန်းသိမ်းတိုက်ပွဲများ ဆက်လုပ်ပြုလုပ်နေကြောင်း KIO ၏ ဇန်န၀ါရီ ၂၀ ရက် သတင်းထုတ်ပြန်ချက်တွင် ပါရှိသည်။

ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီက ငြိမ်းချမ်းရေးအတွက် ဆွေးနွေးရန် KIO သို့ ဇန်န၀ါရီ ၁၉ ရက်က ကမ်းလှမ်းချက်ကို ဇန်န၀ါရီ ၂၀ ရက်ထုတ် အစိုးရသတင်းစာများတွင် ဖော်ပြထားသည်။

“တရားဝင် သတင်းထုတ်ပြန်ချက်မှာ လဂျားယန်ဒေသမှာ စစ်ဆင်ရေး ရပ်ဆိုင်းမယ်လို့ပဲ ပါတယ်။ အစိုးရဘက်က မီဒီယာကနေ ပြောတဲ့အခါမှာ သူတို့ဘက်က ထိုးစစ်အားလုံး ရပ်လိုက်သလို ပြောတယ်။ အဲဒီလို ပြောနေပေမယ့် လဂျားယန်မှာကိုပဲ တိုက်ပွဲပြင်းထန်နေတယ်။ ဖားကန့်နဲ့ မိုးမောက်မြို့နယ်တွေမှာလည်း တိုက်ပွဲတွေ ဖြစ်နေတယ်”ဟု ဦးလနန်က ဆိုသည်။

နိုင်ငံတကာ၏ ဖိအားပေးမှုကြောင့် လိုင်ဇာမြို့တွင်းသို့ လက်နက်ကြီးကျရောက်မှု မရှိတော့သော်လည်း တိုက်ပွဲပြင်းထန်နေမှုကို ကြားသိနေရကြောင်း ၎င်းက ဆက်ပြောသည်။

UNFC ကလည်း ပြည်ထောင်စုမြန်မာနိုင်ငံတော် သတင်းထုတ်ပြန်ရေးအဖွဲ့၏ ထုတ်ပြန်ချက်သည် နိုင်ငံတကာ အသိုင်းအ၀ိုင်းကို နှစ်သိမ့်စေရုံ ၀ါဒဖြန့်မှု သက်သက်သာဖြစ်ပြီး KIA ကို ပြည်သူလူထု အထင်အမြင်လွဲမှားစေရန် ပြုလုပ်ခြင်းဖြစ်ကြောင်း ဇန်န၀ါရီ ၂၀ ရက်နေ့ ရက်စွဲဖြင့် သတင်းထုတ်ပြန်သည်။

UNFC အဖွဲ့ဝင်များအနေဖြင့် အပတ်အခတ်ရပ်စဲရေးကို တဖွဲ့ချင်း လုပ်ဆောင်ထားသော်လည်း နိုင်ငံရေးအရ ဆွေးနွေးမှုကိုမူ UNFC အနေဖြင့်သာ ဆောင်ရွက်သွားမည်ဟု အဖွဲ့ခေါင်းဆောင်များက ပြောဆိုထားသည်။

စစ်မှန်သော ပြည်ထောင်စုတည်ဆောက်ရေး၊ တိုင်းရင်းသားများ၏ တန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်တို့အတွက် UNFC ကို ၂၀၁၁ ခုနှစ် ဖေဖော်ဝါရီလအတွင်းက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၁ ဖွဲ့ဖြင့် ဖွဲ့စည်းခဲ့သည်။

UNFC ၌ ကရင်အမျိုးသားအစည်းအရုံး (KNU)၊ မွန်ပြည်သစ်ပါတီ၊ ချင်းအမျိုးသားတပ်ဦး (CNF)၊ KIO၊ ရှမ်းပြည်တပ်မတော်မြောက်ပိုင်း (SSA-N)၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP) စသည့် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ ၆ ဖွဲ့ အပါအ၀င် ဆက်စပ်အဖွဲ့များနှင့် ဖွဲ့စည်းထားခြင်းဖြစ်သည်။

KIO နှင့် အစိုးရသည် ၂၀၁၂ ခုနှစ် အောက်တိုဘာလက တရုတ်နိုင်ငံ ရွှေလီမြို့တွင် နောက်ဆုံးအကြိမ် ငြိမ်းချမ်းရေး ဆွေးနွေးခဲ့ပြီးနောက် ၂ လအကြာ စစ်ရေးအရှိန် ပြန်လည်မြင့်တက်လာပြီး လဂျားယန်ဒေသရှိ ပွိုင့် ၇၇၁ စခန်းကို အစိုးရစစ်တပ်က လေကြောင်းပစ်ကူ တိုက်ခိုက်ခဲ့ပြီး စစ်ရေးအရှိန် ဆက်လက်မြင့်တက်နေခဲ့သည်။

ပြီးခဲ့သည့် ဇန်န၀ါရီ ၁၄ ရက်တွင် အစိုးရတပ်များက လိုင်ဇာမြို့ လူနေရပ်ကွက်များထဲသို့ လက်နက်ကြီးဖြင့် မနက်ပိုင်းနှင့် ညပိုင်း နှစ်ကြိမ် ပစ်ခတ်ခဲ့သဖြင့် အရပ်သား ၃ ဦး သေဆုံးပြီး စုစုပေါင်း ၁၀ ဦးထက်မနည်း ဒဏ်ရာရရှိမှု ဖြစ်ပွားခဲ့သည်။

သမ္မတ ဦးသိန်းစိန်က အစိုးရစစ်တပ်အနေဖြင့် KIA ဌာနချုပ်ဖြစ်သော လိုင်ဇာကို ဆက်လက်ထိုးစစ်ဆင် တိုက်ခိုက်မည်မဟုတ်ကြောင်း ဇန်န၀ါရီ ၂၀ ရက် ရန်ကုန်မြို့တွင် လူမှုအဖွဲ့အစည်းများနှင့် တွေ့ဆုံစဉ် ပြောကြားသည်။

၂၀၁၃ ခုနှစ် ဇန်န၀ါရီလ ၁၈ ရက်နေ့ ကျင်းပသည့် ပြည်သူ့လွတ်တော်အစည်းအဝေးတွင်လည်း ကချင်ပြည်နယ် အင်ဂျန်းယန် မဲဆန္ဒနယ် ပြည်သူ့လွတ်တော်ကိုယ်စားလှယ် ဒေါ်ဒွဲဘူက ကချင်ပြည်နယ်အတွင်း ဖြစ်ပွားနေသော တိုက်ပွဲများကို ချက်ချင်းရပ်ဆိုင်းပြီး ငြိမ်းချမ်းရေးဆွေးနွေးပွဲများ အမြန်ဆုံးပြန်စရန်အတွက် အရေးတကြီး အဆိုတရပ် တင်သွင်းခဲ့ရာ ထိုနေ့တွင်ပင် အတည်ပြုခဲ့သည်။

19 comments:

မောင်ပြောချင် said...

ဘာတွေလဲကွာ အစိုးရတပ်ကရပ်ပြီးလို့officially announce လုပ်ထားတာ မနက်မရောက်ခင်ရဲစခန်းကိုဝင်တိုက်တာ လနန်ပြောဦးလေ။ တရုတ် ကုလားကလွဲလို့အကုန်တိုင်းရင်းသားတွေပဲ တိုင်းရင်းသားအချင်းချင်းအခွင့်အရေးပိုမလိုချင်ကြနဲ့။အဲ ဒါပေမယ့် တိုင်းရင်းသားဆိုပြီး တရုတ် ကုလား နိုင်ငံသားတွေအပေါ်လည်းထူးပြီးအခွင့်အရေးမယူရဘူး။ နိင်ငံသားမှန်ရင်နိုင်ငံသားအားလုံးတနိးတူအခွင့်အရေးပဲရမယ့်အနာဂါတ်ပဲလိုချင်တယ်။ kia က ဘာဖြစ်တာလဲ ဆွေးနွေးဖို့တိုင်းသိပြည်သိခေါ်တာပဲ။သွားဆွေးနွေး မကျေလည်ရင် ထပ်ပြန်တိုက်ပေါ့။ဘာလဲဆွေးနွေးဖို့အတွက်စာမကျက်ရသေးလို့လား။လုပ်ပါစကားပြောကြည့်ပါ။စစ်သားတွေတောင် မင်းတို့ခေါင်းဆောင်အမိန့်တွေကြောင့်စစ်တိုက်ပြီးအသက်ပေးရဲသေးတာပဲ။မင်းတို့ကမင်းတို့လူထု ပြည်နယ်တစ်ခုလုံးအတွက်တောင် ဆွေးနွေးပေးဖို့စွန့်စားပြီးမလာရဲဘူးလား။ အဆင်မပြေ ပြန်တိုက်ကြပေါ့။ ဌာနချူပ်ကျလည်းဆက်တိုက်ချင်ရင်တိုက်လို့ရတယ်။ဌာနချုပ်မရှိလည်းငြိမ်းချမ်းရေးဆွေးနွေးမှုအတွက်ပါဝင် နိုင်တဲ့ KNU ကိုကြည့် ။တစ်ကယ်တိုက်ခဲ့တယ် ။တစ်ကယ်ရပ်တယ်ဆွေးနွေးကြည့်တယ် မျှတမယ်ထင်ရင်ပူးပေါင်းတယ်။အဲလိုအပ်ရင်ပြန်တိုက်ဖို့သွေးမနည်းဘူးနော်။

Unknown said...

Mg Pyaw Chin
I would like you to come to Kachin Land. You can be a good refree for the fight with that big ideas. I remind you again don't ever imagine that such suggestion will be to listened by dogs. Your grandpa is cheating and cheating the whole world how can KIA believe them. If you want KIA stop fighting, ask your grandpa to form a union army that all ethnic people can participate, not only burmans. Ask your grandpa to hand a genuine political power over to the people, not ethnic rebels. If he accepts, you can ask KIA to come for Negotiations as you sugests. If you cannot think beyound than that you better sit at your sit and shit on your seat.

Unknown said...

ဒီလိုဆိုရင် စစ်သက်ရှည်အုံးမှာပေါ့ တစ်ဘက်ကတိုက်
တစ်ဘက်ကဆွေးနွေးပေါ့

tzt2003 said...

အဲဒါဆိုလဲဆက်တိုက်ကြတာပေါ့ကေအိုင်အေတို့ရယ်
သူပုန်လဲထစားသေးတယ်၊အတိုက်ခံရတော့လဲအော်
ငိုတယ်၊မငိုကြေးလေ၊ယေင်္ကျားတွေဘဲကွာ

Unknown said...

အထက်က တစ်ခုကို ဖတ်လိုက်ရတာ ဗန်းမော်က
အောက်ဒေသနဲ့ ပိုပြီးဆက်စပ်ခဲ့တာ မှန်သဗျ ပူတာအို
ကတိုင်းရင်းသား တွေအတွက်လည်း သီးခြား စဉ်းစားပေးသင့်တယ်

မောင်ပြောချင် said...

that's funny idea you have.kia don't believe them so they they don't want to come for negotiations.then why they changed arm for peace n cease fire before. not only 1 day over 10 years.at that time did they believe military government?while other groups of ethnic are fighting with military government,kia enjoying their golden time in kachin land.so don't tell me kia never believe them so they won't come for negotiations.that's not a good reason to proceed the peace talk.no one is thrustworthy but we have to try to make it.Don't close your eyes n shout " i don't believe u,no negotiations ".

Thu said...

All occurences and news shown KIO/KIA is weak communication network and loose discipline organization. They should make better discipline to control their power.

Unknown said...

Kio ရဲ့ နောက် မှာ မြှောက်ပင့် ပေးနေတဲ့ အဖွဲ့ အစည်း တခုခု ရှိနေ တာ သေချာ နေလောက်ပြီ ။ ကျုပ် အမြင် ပြောရရင် လူမှု ရေး အဖွဲ့ စည်း အ ရေ ခြုံ ဘာသာရေး အဖွဲ့ အ ရေ ခြုံ ထားတဲ့ ပါးနပ် တဲ့ နိုင်ငံ ကြီးတွေ က တိတ်တ ဆိတ် ထောက်ပံ့ ပေးထား တဲ့ အဖွဲ့ တွေ ပဲ ဖြစ် တယ် ။ ဥပမာ ။ ။ ဗြိ တိန် လို နိုင် ငံ မျိုး ပေါ့ , လူ့အခွင့် ရေးတွေ ဒီမိုကရက်တစ် စံ နှုန်းတွေ အပြည့် အဝ ရှိနေပါတယ် ဆိုတဲ့ နိုင် ငံကြီး တွေ မှာ တောင် လူမျိုးကြီး အယူ ဝါဒ တွေ အပြီးတိုင် မစွန့်လွှတ်နိုင် သေးဘူး ။ အခွင့်ထူးခံ ဘုရင်စနစ်တွေ ရယ် အယူသည်းြ အစွန်းမ ရောက်ြ ဘာသာရေး အဖွဲ့ တွေကို တောင် ထောက်ပြ ပြစ်တင်နိုင် တဲ့သူ အင် မတန် နည်းပါးနေသေးတာ တွေ့ ရပါ တယ် ။ အဲ့ဒီတော့ ဆို လိုချင် တာက အစိုးက လည်း တိုင်းရင်းသားတွေ ရဲ့ တောင်းဆိုနေတဲ့ မူလ နိုင် ငံ သား အခွင့် ရေးတွေ ကို မျှ မျှ တတ စဉ်းစား ပေးရ မယ် ။ တိုင်းရင်းသား လူ နည်းစု တွေ ရဲ့ အခွင့်အရေး နဲ့ ရပိုင် ခွင့် တွေ တန်းတူ ဖြစ်ရေး ကို အာမခံ ပေးရ မယ် ။နိုင် ငံ တော် ရဲ့ အရေးကြီး ရာထူး နေ ရာ တွေ မှာ ကချင် ကရင် မခွဲ ခြား ပဲ အရည် အချင်း အလိုက် နေ ရာ ပေးရမယ် ။ ဥပမာ ။ ။ အရင် စစ် အစိုးရ ခေါင်းဆောင်တွေ လို ပေါ့ , ငါ ဝန်ကြီး ဖြစ် လို့ ငါ ခေါင်း ဆောင် ဖြစ်လာ လို့  ငါ့ ရွာ ငါ့ နယ်ကို လမ်းတွေ ဖောက် ကျောင်းတွေ ဆောက် တယ် ပေါ့ ။ ။ ဒါ မဖြစ် သင့် ဘူး လို့ ထင် တယ် ။ ဆိုလိုတာ ဆင်းရဲ့ တဲ့ ပြည် နယ် ဆင်းရဲ တဲ့ တိုင်းရင်းသား ဒေသ တွေ ရဲ့ ၊။၊
ဆက်လက်ဖော်ပြပါ မည် ။ ။

ကိုသစ္စာ mdy စက်မှုဇုံ said...

ခင်ဗျား အတွေးအခေါ် ကိုသဘောကျပါသည် မျှတ သင့်မြတ် အောင် တွေးသည်ဟုယူဆမိပါသည် ။

myintagsbo said...

မင်းသွားပါလား။

myintagsbo said...

ကောင်းပါတယ်ဗျာ။ဆက်ဖတ်ချင်နေပြီ။

kyawthusukyi said...

Yes ... Good !

kyawthusukyi said...

Yes ... Good !

Unknown said...

ကျပ်ကလဲ ထပ်ပြောချင်က ပူတာအိုက တိုင်းရင်းသား
တွေအတွက် ဘဲ ကိုယ်ပိုင်အုပ်ချုပ်ခွင့် မစဉ်းစား
စေချင် ဘဲ မိုးညှင်းက ရှမ်းတိုင်းရင်းသားတွေ
အတွက်ပါ တစ်ခုခု စဉ်းစားစေချင်တယ်ဗျာ

Unknown said...

သမိုင်းအရ ကချင်ပြည်နယ်အတွင်းမှာရှမ်းလေးပြည်နယ်ဆိုတာရှိခဲ့ဘူးတယ်အားလုံးစဉ်းစားကြဖို့ပါသမိုင်း ဆိုတာဘယ်လောက် ကြာပါစေေ ဖြောက်လို့မရဘူးလေ ဒီအ ရေအခင်းမှာမြောက်ပင့် ပေးနေသူရှိတာကတော့အသေအခြာဘဲ တချို့ကနိုင် ငံခြား တိုင်ပြည်ကိုထင်နေကြတယ် ပြည်တွင်း ကအဖွဲ့တွေကောမရှိနိုင် ဘူးလားဒါနိုင်ငံရေးနော် ရ နေတဲ့နာမည် ကောင်းလမ်းကြောင်း ပြောင်း နိုင်ငံရေး လမ်ကြောင်းပြောင်း အောင် လက်ထိုး ထိုးနက်နေတာကေား မဖြစ်နိုင် ဘူးလား အမြင်ကောင်းနဲ့ဝိုင်းစဉ်စား ကြဖိုအသိလေးတခုပါ

ကျားကြီး said...

မင်းတို. ကြည်.ထားပေါ.၊ ကချင်မြေကို မတရား သိမ်းပိုက်ချင်နေတာ။ ၁၉၄၇ မတိုင်ခင်က ကချင်ကလွတ်လပ်စွာနေထိုင်ပြီး မည်သူ.လက်အောက်ခံ မှ မဟုတ်ခဲ.ပါ။

Unknown said...

KIA is not stupid.. go ahead...good decision. There dr.lum swe letter head...Belief is like a river..it can be never stopped... How can believe crooked and twist promise words time by times...When and how Burma will has peace and successful .So late today..when burma will has Human right. when burma will open by real history.

Thu said...

If genuinely love to peace for sake of people, KIO/KIA should attend Peace Talk honestly and avoid tricky manners.

Unknown said...

အရှက်နည်းလှချည်လားကေအိုင်အေအကြမ်းဖက်သမားဒမြတွေ
မင်းတို့ကစစ်တပ်နဲ့အစိုးရကနည်းနည်းလျော့ပေးလိုက်ပြီးငြိမ်းချမ်း
ရေးဆွေးနွေးမယ်ဆိုတော့လဲနောက်ထပ်အကြောင်းပြပြီးရှောင်ပြန်ပြီလား
ကေအိုင်အေကိုထောက်ခံသယောင်နဲ့စစ်တပ်ကိုပဲဝါးလုံးချီးသုတ်ပြီး
မကောင်းပြောနေတဲ့ကောင်တွေ ကဲ မင်းတို့အခုလိုကေအိုင်အေကခေါင်းရှောင်
အကြောင်းပြနေတဲ့အပေါ်ဘယိုံများပြောမလဲ ငြိမ်းချမ်းရေးရောကေအိုင်အေက
တကယ်လိုချင်ရဲ့လားဆိုတာမင်းတို့ထောက်ခံအားပေးနေတဲ့ကေအိုင်အေကိုသာ
ပြန်မေးလိုက်တော့ဒီပုံစံမျိုးကေအိုင်အေများများလုပ် တမီးလ်ကျားသူပုန်တွေလို
အမြစ်ပြတ်ချေမှုန်းခံရတော့မယ်ကွ ဒီလိုဒမြသာသာအကြမ်းဖက်အဖွဲ့ကိုမြန်မာ့မြေပေါ်
ကအပြီးတိုင်မောင်းထုတ်ပစ်ရမဲ့တာဝန်ကမျိုးချစ်မြန်မာတွေအပြင်မျိုးချစ်ဗမာတွေမှာပါ
တာဝန်တစ်ရပ်ရှိတယ်လို့ခံယူပြီးလုပ်ဖို့လိုပြီ ကေအိုင်အေအောက်ဆွဲတွေကတော့
မကြာခင်မှာcomment တွေပေးပြီးအပြင်းအထန်ကန့်ကွက်ကျတော့မယ် လိုက်သာမှတ်ထားပေတော့