Thursday, January 31, 2013

ကြေးနီစီမံကိန်း ဖြိုခွင်းမှုမှာ Phosphorous ပါတဲ့ ဗုံးကို သုံးစွဲကြောင်း ရှေ့နေတွေ ထုတ်ဖော်ပြောဆို

ကြေးနီစီမံကိန်း ဖြိုခွင်းမှုမှာ Phosphorous ပါတဲ့ ဗုံးကို သုံးစွဲကြောင်း ရှေ့နေတွေ ထုတ်ဖော်ပြောဆို
RFA ၊ 2013-01-30

စစ်တပ်ပိုင် မြန်မာ့စီးပွားရေး ဦးပိုင်ကုမ္ပဏီနဲ့ တရုတ်ဝမ်ပေါင် ကုမ္ပဏီတို့ ပူးတွဲလုပ်ကိုင်တဲ့ လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်းကို ဆန္ဒထုတ်ဖော်နေတဲ့ သပိတ်စခန်းတွေကို လုံခြုံရေးတပ်ဖွဲ့တွေက အင်အားသုံးဖြိုခွဲရာမှာ မီးလောင်ကျွမ်းစေနိုင်တဲ့ အဖြူရောင် Phosphorous ပါတဲ့ မီးလောင်ဗုံးကို သုံးစွဲကြောင်း အမေရိကန်အခြေစိုက် နယူးရောက်တိုင်းမ်စ်သတင်းစာက ဇန်န၀ါရီလ ၃၀ ရက်နေ့ ဒီကနေ့ ဖော်ပြလိုက်ပါတယ်။

အမေရိကန်နိုင်ငံသား လူ့အခွင့်အရေးရှေ့နေတွေနဲ့ မြန်မာနိုင်ငံသားရှေ့နေတွေ ပူးပေါင်းတဲ့အဖွဲ့ဟာ သပိတ်စခန်းတွေ အကြမ်းဖက်ဖြိုခွင်းခံခဲ့ရတဲ့ မုံရွာခရိုင် ကြေးနီတောင်စီမံကိန်းနေရာမှာ စုံစမ်းစစ်ဆေးထားတဲ့ တွေ့ရှိချက်တွေကို အခုလို ထုတ်ဖော်ပြောဆိုလိုက်တာပါ။

အဲဒီသပိတ်စခန်းဖြိုခွင်းရာမှာ အသုံးပြုခဲ့တဲ့ အဖြူရောင် Phosphorous ဟာ စစ်မြေပြင်တွေမှာသာ သုံးစွဲလေ့ရှိတယ်လို့ သတင်းစာက ရေးသားပါတယ်။ ဒေသခံတွေ ပြောဆိုချက်ကို ကိုးကားပြီး ဖော်ပြရာမှာ ရဲတပ်ဖွဲ့ဝင်တွေက ပစ်ခတ်တဲ့ မီးလောင်ဗုံးလိုမျိုးအခွံကို ထိုင်းနိုင်ငံ ဘန်ကောက်မြို့က ဓာတ်ခွဲခန်းတခုမှာ စမ်းသပ်ကြည့်ရာမှာ အဲဒီလို အတည်ပြု ပြောနိုင်တာလို့ ဆိုပါတယ်။

၁၉၉၃ ခုနှစ်နိုင်ငံတကာ ပဋိညာဉ်ပြဌာန်းချက်မှာ Phosphorus အမျိုးအစားကို ဓာတုလက်နက်လို့ သတ်မှတ်ထားတာ မရှိပေမယ့် ထိခိုက်ဒဏ်ရာရစေလိုတဲ့ ရည်ရွယ်ချက်နဲ့ သုံးစွဲခွင့်ကိုတော့ ပိတ်ပင်ထားကြောင်း ဆွီဒင်နိုင်ငံ စတော့ဟုမ်းမြို့ အခြေစိုက် နိုင်ငံတကာ ငြိမ်းချမ်းရေးလေ့လာရေးအဖွဲ့က တာဝန်ရှိသူတစ်ဦးက ပြောကြောင်း နယူးရောက်တိုင်းမ်စ်သတင်းစာက ရေးသားပါတယ်။

4 comments:

မောင်ပြောချင် said...

ဟာကွာ ဒီnewyork's times ကလည်းကွာ korea ခရီးစဉ်ပြီးမှ ပြန်လာတဲ့အထိမစောင့်နိုင်ဘူး ။korea ခရီးစဉ်ြ့ပီး ပြန်ရောက်မှ အပြီးသတ်အစီရင်ခံစာတင်ရမှာ။
သွားကောင်းအောင်ကြားဖြတ်အစီရင်ခံစာတင်ထားတာ
တောင် ပြန်တောင်မရောက်သေးဘူး ဒင်းတို့ကရေးချလိုက်ပြီ။

haymar said...

This is Than Shwe & team members's hiting. They cannot lie.

Unknown said...

u see u see mg tan swe and his pet mg thein sein how plainly nd blindly they did to us...they openly lie..that they never use chemical bullets..and guns.. bombs..SEEE OBEVIOUSLY THEY USE TO FIRE US..STILL ..firing in our KACHIN PEOPLE...generation and generations..they are..we are never forgot it...u know..how they solve the problems and people uprisings..HOW CROOKED THEY ARE. SO FEEL SAD THAT WE ARE BORN TO BE BURMA..IF we have incarnation..i will never come back to burma even as an animal..ant.. I FEEL PAIN AND SHY ..AND FEEL POOR MYSELF such as our lives are under the liers and heartless selfish leaders hands....

Ven. Pandita said...

RFA သတင်းမှာ Phosphorous bomb နဲ့ ပတ်သက်လို့ အချက်အလက် မပြည့်စုံပါဘူး။

ဒီလိုဗုံးမျိုးကို အရပ်သားတွေအပေါ်မှာဖြစ်စေ၊ အရပ်သား တွေနေထိုင်ရာနေရာမျိုးမှာဖြစ်စေ လုံးဝသုံးခွင့် မရှိဘူးလို့ Geneva Convention (Protocol III, Article I) မှာ အတိအလင်း တားမြစ် ထားပါတယ်။ စစ်တိုက်တဲ့နေရာမှာတော့ မိမိတပ်တွေ လှုပ်ရှားမှုကို မီးခိုး ထုတ်ပြီး ဖုံးကွယ်ဖို့ ရည်ရွယ်ချက်နဲ့ သုံးခွင့်ရှိပါတယ်။ တဖက်ရန်သူစစ်သားတွေကို မီးလောင်တိုက်သွင်းဖို့ ရည်ရွယ်ချက်နဲ့ သုံးရင်တော့ ဓါတုဗေဒလက်နက် သုံးစွဲရာရောက်တဲ့အတွက် ဓါတုလက်နက်ကို ရှောင်ကြဉ်ဖို့ ခံဝန်ချက် လက်မှတ်ထိုးထား တဲ့ မြန်မာပြည် အပါအ၀င် နိုင်ငံတွေ မသုံးသင့်ပါဘူး။

ဒါကြောင့် ဒီဗုံးမျိုးကို သပိတ်စခန်းဖြိုခွဲရာမှာသုံးစွဲတာဟာ Geneva Convention ကိုချိုးဖေါက်ရာ ရောက်ပါတယ်။ ဒါပေမယ့် မီးခိုးထုတ်လွှတ်ဖို့ သုံးစွဲတဲ့ ဗုံးမျိုး ဖြစ်လို့ အစိုးရဖက်က "မီးခိုးဗုံး" သုံးတာပါလို့ ပြောတာဟာလဲ အမှန်ဖြစ်လောက်ပါတယ်။

(ရည်ညွှန်း http://en.wikipedia.org/wiki/White_phosphorus#Arms_control_status_and_military_regulations)