Sunday, January 20, 2013

လဂျားယန်သာမက ကချင်ပြည်နယ်အနှံ့ ထိုးစစ်များ ရပ်ပေးသင့်ကြောင်း KIO ထုတ်ပြန်

လဂျားယန်သာမက ကချင်ပြည်နယ်အနှံ့ ထိုးစစ်များ ရပ်ပေးသင့်ကြောင်း KIO ထုတ်ပြန်
နန်းသီရိလွင် (ဧရာဝတီ)
January 19, 2013

လဂျားယန်ဒေသတွင်သာမက ကချင်ပြည်နယ်ဒေသအနှံ့တွင် မြန်မာ့တပ်မတော်၏ စစ်ရေးထိုးစစ်ဆင်မှုကို လျှော့ချသင့်ကြောင်း ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) က ယနေ့ရက်စွဲဖြင့် ထုတ်ပြန်လိုက်ကြောင်း သိရသည်။

ဇန်န၀ါရီလ ၁၈ ရက်နေ့က ပြည်ထောင်စုမြန်မာနိုင်ငံတော် သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်ခဲ့သည့် ကြေညာချက်အမှတ် ၃/ ၂၀၁၂ တွင် တပ်မတော်အနေဖြင့် လဂျားယန်စခန်းရှိ စစ်သည်များ လုံခြုံရေးနှင့် မြစ်ကြီးနား-ဗန်းမော် ပြည်ထောင်စုလမ်းမကြီး လုံခြုံရေးအတွက် လိုအပ်သည့် ကန့်သတ်ရည်မှန်းချက်များကို ရရှိပြီးဖြစ်သောကြာင့် ၂၀၁၃ ခုနှစ် ဇန်န၀ါရီလ ၁၃ ရက်နေ့ နံနက် ၆ နာရီမှ စတင်ပြီး လဂျားယန်ရှိ နယ်မြေရှင်းလင်းမှု စစ်ဆင်ရေးများကို ရပ်ဆိုင်းမည်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာခဲ့ပြီးနောက် KIO က အထက်ပါအတိုင်း ပြန်လည်ထုတ်ပြန်ခဲ့သည်။

“လဂျားယန်ဟာ ပထမခြေလှမ်း ဖြစ်နိုင်ပါတယ်။ နောက် ကချင်ပြည်နယ် တနယ်လုံးအတွက် ဘယ်နေ့ ဒီလို ကြေညာလာမလဲဆိုတာ ကျနော်တို့ မျှော်လင့်နေတယ်။ စစ်ရေး အရှိန်လျော့သွားတာနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးနိုင်ဖို့ ကျနော်တို့ တိုက်တွန်းသွားမယ်” ဟု ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့ (Peace Creation Group) မှ ဦးဆန်းအောင်က ဧရာဝတီကို ပြောသည်။

၂၀၁၂ ခုနှစ် အောက်တိုဘာလတွင် တရုတ်နိုင်ငံ ရွှေလီမြို့၌ နောက်ဆုံးအကြိမ် ငြိမ်းချမ်းရေး ဆွေးနွေးခဲ့ပြီးနောက် ၂ လ အကြာတွင် စစ်ရေးအရှိန် ပြန်လည်မြင့်တက်လာပြီး ဒီဇင်ဘာလ ၂၇ ရက်နေ့တွင် လဂျားယန်ဒေသရှိ ပွိုင့် ၇၇၁ တောင်ကုန်းကို မြန်မာ့တပ်မတော်မှ လေကြောင်းပစ်ကူ တိုက်ခိုက်ခဲ့ပြီး စစ်ရေးအရှိန် ဆက်လက်မြင့်တက်နေခဲ့သည်။

၂၀၁၃ ခုနှစ် ဇန်န၀ါရီလ ၁၈ ရက်နေ့တွင် ကျင်းပသည့် ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် ကချင်ပြည်နယ် အင်ဂျန်းယန် မဲဆန္ဒနယ် ပြည်သူ့လွတ်တော်ကိုယ်စားလှယ် ဒေါ်ဒွဲဘူက ကချင်ပြည်နယ်အတွင်း ဖြစ်ပွားနေသော တိုက်ပွဲများကို ချက်ချင်းရပ်ဆိုင်းပြီး ငြိမ်းချမ်းရေးဆွေးနွေးပွဲများ အမြန်ဆုံး ပြန်စရန်အတွက် အရေးတကြီး အဆိုတရပ် တင်သွင်းခဲ့ရာ ထိုနေ့ ညနေပိုင်းတွင် ယင်းအဆိုကို အတည်ပြုခဲ့သည်။

“လွှတ်တော်ရဲ့ အတည်ပြုချက်နဲ့ တိုက်တွန်းချက်တွေကို ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) က ကြိုဆိုမှာပါ။ အခုအချိန်အထိ KIA နဲ့ အဆက်အသွယ်မရသေးဘူး။ ဆက်သွယ်ဖို့ ကြိုးစားနေပါတယ်” ဟု ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့မှ တာဝန်ရှိသူတဦးက ပြောသည်။

KIA ဌာနချုပ်တည်ရှိရာ လိုင်ဇာနှင့် အနီးဆုံးဒေသဖြစ်သည့် လဂျားယန်ဒေသတွင် မြန်မာ့တပ်မတော်မှ ထိုးစစ်ဆင်မှု ရပ်ဆိုင်းလိုက်ကြောင်း သတင်းထုတ်ပြန်ပြီးနောက် ယနေ့နံနက်ပိုင်းတွင် ဖားကန့်မြို့နယ် ကာမိုင်းမြို့နယ်ခွဲ ရဲစခန်းက KIA တပ်မဟာ ၆ မှ ၀င်ရောက် တိုက်ခိုက်ရာ ၂ ဦး ကျဆုံးပြီး ၅ ဦး ဒဏ်ရာရရှိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ ရဲဇာနည် facebook စာမျက်နှာတွင် ဖော်ပြထားသည်။

16 comments:

အောင်းသူ said...

စစ်သားခွေးတွေသေပါစေ ကချင်တပ်များအောင်ပါစေ

အားလုံးကိုချေမှူန်းမယ် said...

အောင်သူစစ်သားကိုခွေးနဲ့မနှိုင်းပါနဲ့ ယဉ်ကျေးပါ။

ကချင်ပြည်နယ်မှာ တိုက်ပွဲဝင်နေတဲ့ အရာရှိစစ်သည်တွေကိုမေးကြည့်ပါ

ပျော်လို့တိုက်နေတာတယောက်မှ မရှိဘူး။

ရပ်သင့်တာကြာပါပြီ ။ အရင်အခအန ရောက်ဖို့ တော်တော်လိုသေးတယ်။

KIA ဒူဝါကမ္ဘာ ဂွမ်းရှောင် ကျေးဂျုးကမ္ဘာဆိုင်***

ဒီနေ့ sunday မှာဘုရားသခင်ကကောင်းချီးမင်္ဂလာပေးပါစေ

ပြည်နယ်ကိုယ်စားကျေးဇူးတင်ပါတယ်

ဗိုလ်ကြီးနန်ဇိန်းထွဲဝါ(ငြိမ်း)

Anonymous said...

ဘာကို ကျေးဇူးတင် နေတာလဲ??တံတားဖျက် ဗုံးခွဲ
ဆက်ကြေးကောက် အဖျက်လုပ် နေတာကို ကျေးဇူးတင် တာလား။။။ပြောစမ်း

အောင်းသူ said...

ဆက်ကြေးတောင်းတာမင်းကိုယ်တိုင်မြင်လို့လား မင်းတို့အိမ်ကိုဗုန်းထောင်နေလို့လားတတားမကလို့ဘာမဆိုလုပ်သင့်တာလုပ်ရမယ်

စန်ဒရာ said...

၂၀၀၇ သံဃာ့အရေးမှာ နှုတ်ဆိတ်နေခဲ့တဲ့ KIA, မသိနားမလည်တဲ့ ရိုးသားတဲ့ ကချင်တိုင်းရင်းသားတွေအကြား ကျဉ်းမြောင်းတဲ့ လူမျိုးရေးဝါဒဖြန့်ချိမှုနဲ့ စစ်အာဏာထူထောင်ထားတဲ့ အာဏာရှင်တစုရဲ့ KIA... KIA ခေါင်းဆောင်တွေ ဘယ်လိုနေထိုင်တယ်၊ သူတို့ရဲ့ စီးပွားရေးလုပ်ငန်းတွေကဘာတွေလဲ။ ကချင်ပြည်သူတွေ ဆင်းရဲတွင်းနက်နေပေမယ့် သူတို့သားသမီးတွေ ဘယ်လိုနိုင်ငံတွေမှာ ဘယ်လို ပညာသင်နေသလဲ။ န.ဝ.တကို ဦးဆုံး ဒူးထောက်ခဲ့တဲ့ KIA ဟာ လွန်းဆွေဘလော့ဂ်မှာ သူရဲကောင်းတွေ ဖြစ်နေပါ့လား။ ရီရပါ့။

Unknown said...

သို့ ဦးဇောင်းဟရား နဲ့ ဦး ဂမ် ရှောင် ခင် ဗျား .. ဆန္ဒ အရမ်း မ စော ဖို့ ဦးစွာ ပြော ကြား လိုပါတယ်။ ကောင်းပါပြီ uncle တို့ ပြောသလို ဖက်ဒရယ် ပြည်ထောင် စု တည် ဆောက် ကြ မယ် ဆိုပါစို့ ။ နိင် ငံ သားတွေ ဘက်က ရော အဆင် သင့် ဖြစ်နေ ပြီ လား ။ ဖက်ဒရယ် ဆို တဲ့ စနစ် က ရော ပြည်ထောင် စု မပြို ကွဲ ဖို့ ကို uncle တို့ အ နေ နဲ့ တာဝန် ခံ နိုင် ပြီ လား ။ တစ် ဦးချင်း အရည် အချင်း ပြည့် တဲ့ ဆိုဗီယက် ပြည်ထောင် စု တောင် ရပ်တည်လို့ မဖြစ် ခဲ့ဘူး။ အနီးဆုံး ဖြစ်တဲ့ တရုတ် ပြည်တောင် ဘယ်လို ရပ်တည် နေရသလဲ ။ တိဘက်က တမျိုး ဟောင်ကောင် က တဖုံ ။ ကျွှန် တော် လည်း ဖက်ဒရယ် america ကို အရမ်း သဘော ကျတာပေါ့ ။ ဒီ လို ဖြစ်လာဖို့ ကျွန်တော်တို့ အားလုံး ကြိုးစားဖို့ တော့ လိုလိမ့် မယ် ။ ဖက်ဒရယ် တည်ဆောက်မယ် ဆိုရင် တိုင်းရင်းသားတွေ အားလုံး သံသယ ကင်းကင်းနဲ့ သွေးစည်း ကြရမယ် ။ ဘာသာရေးခွဲ ခြားမှု တွေ ကင်းရှင်း ရမယ် ။ အဓိက အရေးကြီး ဆုံးက နိုင် ငံသားတိုင်း ပြည်ထောင် စု စိတ်ဓါတ် အား ကြီး ရမယ်။ ။

ဆက်လက်ဖော်ပြပါမည်...........

လူမှန် said...

တခြားတိုင်းရင်းသားအဖွဲ့ တွေနဲ့ ညှိနှိုင်းလို့ ရပြီးဘာလို့ ကေအိုင်အေ ကအခြားတိုင်းရင်းသားတွေထက် ထူးခြားနေရတာလဲ အများနဲ့ တစ်ယောက်ဆိုတော့ စဉ်းစားကြည့်ကြပေါ့

Anonymous said...

မင်း commentက မင်းဟာ kia က အရိုးအရင်း လေးတွေ ကိုက်နေရ တဲ့ ကောင် ဆိုတာ သိပ်သိသာတယ်

သံလမ်းရိုးသား said...

အောင်းသူရေ- ဆက်ကြေးကတော့ တောင်းတာပေးတာ ကိုယ်တိုင်လဲမ်ြင်ရ ကိုယ်တိုင်လဲပေးရ မတန်တဆ ခဏခဏတောင်းလွန်းလို. ပြည်နယ်ထျဲမှာပါတ်ပြေးနေရပါတယ်။ အိမ်မကပ်နိုင်လို. မိန်းမနဲ.တောင်မအိပ်ရတော့တာ တနှစ်နီးပါးရှိသွားပါပြီ။ ကိုယ်တွေ.ကြုံလို.ကိုယ်တိုင်ပြေးနေရရင် မငိးကိုယ်ချင်းစာနိုင်လာမှာပါ။ငါတို.ရှမ်းတွေကူိုနှိပ်စက်။ တံတားမိုင်းခွဲလဲတရားတယ်ဆိုရင် စစ်ပွဲတွေလျှော.ချဘို.တို. ငြိမ်းချမ်းရေးတောင်းဆိုဘို. နိုင်ငံတကာကယ်ပါဦးတို. မင်းတို.KIA/KI0ရဲ.အထောက်အပံ့ခံ ၈၈မျိုးဆက်တို. သတင်းမီဒီယာတွေကယ်ပါဦးတို. ဗူဒ္ဓဘာသာသံဃာတော်တွေကယ်ပါဦးတို. ဦးလနန် ဒေါ်ဒွဲဘူတို.ကတဆင့် လွှတ်တော်ကယ်ပါဦးတို. ဘာတွေပြောဆိုနေစရာလိုလဲ ယောက်ဖရာ ဆက်တိုက်ကြပါစေပေါ့ မင်းသဘောကအကုန်လုံးသေကုန်ရင်အေးရောလား မင်းကိုယ်တိုင်ပေး မင်းကိုယ်တိုင်ပြေး မင်းအမျိုးတွေ အနှိပ်စက်ခံ အသေခံလာရရင် မင်းနားလည်လာမှာပါ။ ဟေ. ခေါင် -နမ်(မ်)ကျယ်အီး။

ညီသန့်ရှင်း said...


ကိုထက်ကြီး ပြောတာကို လက်ခံပါတယ်။ ဒါပေလို့ အခုအုပ်ချုပ်နေတဲ့ စစ်အစိုးရဟာ ပြည်ထောင်စုဆိုတဲ့ ဝေါဟာရကိုလဲ နားမလဲသလို တိုင်းရင်းသားများအပေါ်မှာလဲ ဘယ်တော့ခါမှ ညီအကိုလို သဘောမထားပါ။ တန်းတူ အခွင့်အရေးမျိုးမပေးချင်ပါ။ ယခု မြန်မာ ၀န်ထမ်းလောက နဲ့ လက်နက်ကိုင် တပ်ဖွဲ့ဝင်များအတွင်း တိုင်းရင်းသား လူမျိုးခြား ဘာသာခြားဖြစ်ပါက လုံးဝနေရာမပေးပါ။ တန်းတူ အခွင့်အရေးဆိုတာ အဲလိုနေရာမျိုးတွေကို ပြောတာပါ။ တရားသဖြင့် ညီတူညီမျှ အတူတကွ ပေါင်းသင်းနေထိုင်လို့
တာရမယ်ဆိုလျှင် တိုင်းရင်းသားများ ဖက်ဒရယ်ဆိုတာကြီးကို စကားထဲကို ထဲ့ပြောနေမှာ မဟုတ်ပါဘူး။ ယခု ပြသနာဟာ ကျနော် အခုပြောတဲ့ အကြောင်းအရင်းတွေရဲ့ ဇစ်မြစ်ပါပဲ။ မသက်နိုင်လို့သာ လက်နက်ကိုင်နေရတယ်ဆိုတာကို ပြည်သူတွေ နားလည်သင့်ပါတယ်။

bbb said...

bal lo pyaw ya mer lae KIA oo see kyout pyaw dal ma lerr der ka thu dop GOD ka alo daw ler ber ler ma thi per buu al der thu dop pha yerr tha kin ko thwer pyaw per lerr ber lo myanmer government ler pyaw ter lae KIA YOU NEED TO THINKING ABOUT THAT.....

Unknown said...

လူမျီုးဘာသာခွဲးခြားတာဗမာအစိုးရပါတခြားမပြောနဲ့မှတ်ပုံတင်မှာတောင်လူမျိုးနဲ့ကိုးကွယ်သည့်ဘာသာဆိုပြီးထည့်ထားတာတခြားဘယ်နိင်ငံမှာရှိလို့လဲဟာပြောရရှုပ်ပါတယ်ကရင်တွေဘာလုပ်နေ ကြတာလည်းအောက်ပိုင်းမှာဟာနေတဲ့အချိန်မြန်မြန်အလုပ်လုပ်ကြပါအရင်ကမြန်မာတနိင်ငံလုံးသိမ်းနိင်ခဲ့တဲ့ကရင်ရဲ့သတ္တိနဲ့ညီညွတ်မှုတွေဘယ်ရောက်သွာပြီလဲမြန်မြန်တိုက်ယူလိုက်ကြဒီဗမာတွေအရမ်းရှုပ်တယ်ဆက်ပေါင်းနေရင်ပိုရှုပ်နေအုန်းမယ်ကရင်ကပင်လုံမှာလက်မတ်ထိုးထားခြင်းလည်းရှိတာမဟုတ်ဘူးဗမာကအင်ပါရာလုပ်နေတာကြောက်မနေနဲ့မြန်မြန်တိုက်ယူလိုက်မတိုက်ရင်ဒီဗမာတွေပေးမှာမဟုတ်ဘူးသူခြားတိုင်းရင်းသားတွေရလည်းကရင်ရခိုင်မွန်တွေကျန်နေခဲ့မယ်မယုံစောင့်နေလိုက်ရောက်လာပါလိပ်မယ်နောက်မကျခင်မြန်မြန်နောမြန်မြန်မှရတော့မယ်

မောင်ပြောချင် said...

သိမ်းရတာ မခက်ဘူး။ထိန်းရတာသာမလွယ်တာ။ လူ့အလိုနတ်မလိုက်နိုင်နဲ့ငါ့မြင်းငါစိုင်းပဲခူးရောက်ရောက် နဲ့အာဏာရူးတွေနဲ့

tin htut said...

kia KIO တွေက တပ်မတော်က တဖက်သတ်ထ်ုးစစ်ရပ်တာအခွင့်ရေးယူးပြီးစစ်ရေးနဲ့မပတ်သက်တဲ့နေရာတွေဖျက်ဆည်းနေတာလက်ပ်ုက်ကြည့်နေရမှာလား ဒီအတိုင်းဆိုကချင်ပြည်နယ်တခုလုံးလမ်းတံတားတွေကုန်သွားမယ် ထုးစစ်ရငါမဆိုင်ရဲရင်ငြိမ်းချမ်းရေးအတွက်လက်တွဲကြပါ တပ်မတော်ကတိုက်ရင် နောက်ဆုတ်မှာတော့မဟုတ်ဘူး အခုမှ ပ်ြည်ထောင်စုငြိမ်းချမ်းရေးဖေါ်ဆောင်ရေးအဖွဲ့တွေဘာတွေလာမလုပ်နဲ့တော့

Unknown said...

မင်းတို့ကောင်တွေက သဘောကောင်းတဲ့အစိုးရကိုပဲလာပြောနေကြတယ်။ အရင်ဘာတွေဖြစ်ခဲ့ဖြစ်ခဲ့ အခုမင်းတို့အပေါ် ကောင်းနေတာပဲလေ။ ရထားလမ်းဗုံးထောင်မယ့် KIA ကိုတော့ ဒွဲဘူလည်းဘာမှ မပြောနိုင်ဘူး။ နေပြည်တော်သွာြး့ပီး စွာကျယ်စွာကျယ်လုပ်နေတယ်။ ဒီမှာတံတားတွေက ကုန်တော့မယ်။ KIA သတ်မှာကြောက်တော့ မပြောရဲဘဲ မသတ်မှာသေချာတဲ့ အစိုးရနဲ့ စစ်တပ်ကိုပဲ လာပြောနေကြတယ်။ တော်တော်တရားကျဖို့ကောင်း။ KIA က ပန်းနဲ့ပေါက်နေသလိုပဲ။ ပြောနေပုံတွေက။
အေး---မျှတတဲ့ပြည်ထောင်စု လိုချင်ရင် နင်တို့ပြည်နယ်တွေနာမည်ကို အရင်ပြောင်း၊ ဘာမှ အမျိုးနာမည်မထည့်နဲ့။ USမှာလိုပေါ့။ မြစ်ကြီးနားပြည်နယ်။ မေခပြည်နယ် စသဖြင့်ပေါ့။ စောက်မျိုးနာမည်တွေကို အစွဲနဲ့ ထည့်နေသမျှတော့ နင်တို့အင်အားရှိလာရင်လည်း အနိုင်ကျင့်ဦးမှာပဲ။ တကယ်သာ မဲပေးပြီး နိုင်သူ့နာမည်ရွေးကြစတမ်းဆို အဲဒီပြည်နယ်က ရှမ်းပြည်နယ်တောင် ဖြစ်ပြီ။ ဘာလို့ဆို အဲဒီပြည်နယ်ထဲမှာ ကချင်ဦးရေက အများဆုံးမဟုတ်လို့ပဲ။ ဒီကောင်တွေက ဒါကိုသိတော့ လက်နက်ကို မစွန့်ဘူး။ ဗမာကိုကြောက်လို့မဟုတ်ဘူး။ ပြည်နယ်ထဲက တစ်ခြားတိုင်းရင်းသားတွေကို ကြောက်နေတာ။ လက်နက်မရှိရင် သူတို့ကို ပြည်နယ်ထဲက ငါတို့ ရှမ်းတွေ၊ လီဆူးတွေ၊ ရဝမ်တွေက လက်စားချေကြမှာ အသေအချာမို့ပဲ။ စာတွေဘာတွေလည်းဖတ်ပြီးမှ comment ရေးကြရင်ပိုကောင်းမယ်။

ကိုသစ္စာ mdy စက်မှုဇုံ said...

ဟုတ်တယ်ဟေ့ သူတို့လူကြီးပိုင်းတွေကတော့ မြို့ပေါ်မှာပဲ နေကြ ပြည်သူလူထုနဲ့ နှစ်ဘက်ရဲဘော်တွေဘဲ သေကြ ဒုက္ခ ရောက်ကြရတယ် kia ကလည်း လောဘသမား စစ်တပ်ကလည်းဒေါသ သမား ခံရတော့ တို့ပြည်သူ