Sunday, January 20, 2013

အရပ်သားနေထိုင်ရာနေရာကို လက်နက်ကြီးပစ်ခတ်မှုသည် စစ်ဥပဒေချိုးဖာက်ရာရောက်

အရပ်သားနေထိုင်ရာနေရာကို လက်နက်ကြီးပစ်ခတ်မှုသည် စစ်ဥပဒေချိုးဖာက်ရာရောက်
ဟင်္သာနီ (မဇ္ဈိမ)၊ သောကြာနေ့၊ ဇန်နဝါရီလ ၁၈ ရက်၊ ၂၀၁၃ ခုနှစ်၊ ၁၇ နာရီ ၄၅ မိနစ်

လိုင်ဇာမြို့ လူနေရပ်ကွက်များအတွင်းသို့ အစိုးရတပ်မှ လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် အရပ်သားများ ထိခိုက်သေဆုံးရခြင်းသည် စစ်ဥပဒေချိုးဖောက်ရာရောက်နေကြောင်း လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့မှ ကြေညာချက်ထုတ် ဝေဖန်ခဲ့သည်။

ဇန်န၀ါရီလ ၁၄ ရက်နေ့က လိုင်ဇာမြို့တွင်းသို့ ပစ်ခတ်ခဲ့သည့် ၁၅၀ မမ တာဝေပစ် ဟော်ဝစ်ဇာအမြောက် လက်နက်ကြီးကြောင့် ခရစ်ယာန်သင်းအုပ်ဆရာတော်တစ်ပါး၊ အသက် ၄၆ နှစ် စစ်ပြေးဒုက္ခသည် ယောက်ျားတဦးနှင့် ၁၄ နှစ်သား ယောက်ျားလေးတဦးတို့ သေဆုံးခဲ့ရပြီး အချို့ ဒဏ်ရာရခဲ့သည့်အပေါ် ရည်ရွယ်ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

“နိုင်ငံတကာက သတ်မှတ်ထားတဲ့ စစ်ဥပဒေတွေမှာတော့ စစ်ဆင်ရေးမှာ ပစ်မှတ်ကို ထိမှန်အောင် ပစ်နိုင်မယ့်နေရာ အတိအကျကို ဒီဂရီ အသေအချာ ချိန်ပြီးမှ ပစ်ရပါတယ်။ ပြည်သူလူထု ထိခိုက်မှု လုံးဝမရှိစေတဲ့ ပစ်ခတ်မှုပုံစံမျိုးနဲ့ ပစ်ရပါတယ်။ အစောပိုင်းမှာတော့ အစိုးရဘက်က ဒီလိုပစ်ခတ်မှုဟာ သူတို့ပစ်ခတ်မှု မဟုတ်ပါဘူးလို့ ထုတ်ဖော်ငြင်းဆိုခဲ့တာလည်း ရှိပါတယ်။ ဒါဟာ အစိုးရဘက်က စစ်ဥပဒေတွေနဲ့ လူသားခြင်းစာနာမှု နိုင်ငံတကာက သတ်မှတ်ထားတဲ့ ဥပဒေတွေကို မလေးစားဘူးဆိုတာ ပြနေတာပဲ” ဟု လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့၏ အာရှဒေသ လက်ထောက်ဒါရိုက်တာ မစ္စတာ Phil Roberson မှ မဇ္ဈိမအား ပြောသည်။

လိုင်ဇာမြို့တွင်းသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် အပစ်မဲ့အရပ်သားပြည်သူများ သေဆုံးရခြင်းသည် နိုင်ငံတကာ လူသားချင်းစာနာမှုဥပဒေနှင့် စစ်ဥပဒေအရ အရေးတကြီး စုံစမ်းလေ့လာရန် လိုသည့် မေးခွန်းကြီးတခုဖြစ်ကြောင်းလည်း ၄င်းမှ ဆက်ပြောသည်။

ထို့အပြင် တိုက်ပွဲများအတွင်း၌ အစိုးတပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော်တို့ နှစ်ဘက်စလုံးမှလည်း မိမိတို့ လက်နက်ကိုင်တပ်တွင်း၌ ကလေးစစ်သားများ အသုံးပြုမှုရှိခဲ့ကာ လူသတ်မြေမြှုပ်မိုင်း (Anti-Personnel Mine) များကို အသုံးပြုနေကြောင်းကိုလည်း ထောက်ပြပြောဆိုထားသည်။

မြန်မာနိုင်ငံသမ္မတ ဦးသိန်းစိန်အနေနှင့် ၄င်း၏စစ်တပ် တပ်မှူးများအား စစ်ဥပဒေများကို လေးစားလိုက်နာရန်နှင့် အရပ်သားများအပေါ် ဥပဒေမဲ့ တိုက်ခိုက်ခြင်းမျိုးကို ရပ်တန့်ပေးနိုင်ရန်အတွက် အမိန့်ပေးသင့်ကြောင်းကိုလည်း ထုတ်ပြန်ချက်၌ ဆိုထားသည်။

“အစိုးရအနေနဲ့ အရပ်သားပစ်မှတ်တွေကို တိုက်ခိုက်နေခြင်းတွေ၊ ကလေးစစ်သား ဆက်လက်အသုံးပြုနေမှုတွေ ရပ်တန့်သင့်သလို ကချင်တပ်ဘက်လည်း မြေမြှုပ်မိုင်းတွေ ဖယ်ရှားပြီး ကလေးစစ်သားတွေကိုလည်း ဆက်လက်အသုံးမပြုသင့်ပါဘူး” ဟု Phil Robertson မှ ဆက်ပြောသည်။

အစိုးရတပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော်တို့ နှစ်ဘက်စလုံး လိုင်ဇာမြို့တွင်းနှင့် အနီးတဝိုက်နေ စစ်ပြေးဒုက္ခသည် ထောင်ပေါင်းများစွာတို့၏ အန္တရာယ်ကင်းရှင်းစေရေးအတွက် လိုအပ်သည့် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ကြရန်ကိုလည်း ကြေညာချက်အတွင်း တိုက်တွန်းထုတ်ပြန်ထားသည်။

“အရပ်သားအစိုးရတရပ်အနေနဲ့ စစ်တပ်ကို တိုက်ခိုက်မှု ရပ်တန့်အောင် အမိန့်ပေးနိုင်တဲ့အာဏာ သမ္မတမှာ ရှိပါတယ်၊ သမ္မတကလည်း တိုက်ခိုက်မှုတွေ ရပ်ပါလို့ အမိန့်ပေးချက်တွေ ရှိပေမယ့် တိုက်ပွဲတွေ ဆက်လက်ဖြစ်ပေါ်နေခြင်းဟာလည်း အရမ်းကို မေးခွန်းထုတ်စရာကောင်းပါတယ်၊ ဒီကိစ္စနဲ့ပတ်သက်ပြီး ဘယ်သူ့မှာ တာဝန်ရှိပါလဲလို့လည်း ကျွန်တော် မေးချင်ပါတယ်” ဟု လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့၏ အာရှဒေသ လက်ထောက်ဒါရိုက်တာ မစ္စတာ Phil Roberson မှ မဇ္ဈိမအား ပြောသည်။

KIO ထိန်းချုပ် ဧရိယာအတွင်းတွင် ဒုက္ခသည်ပေါင်း ၁၅,၀၀၀ တို့ ခိုလှုံနေထိုင်လျက်ရှိကာ လိုင်ဇာမြို့တွင်း၌ မြို့နေပြည်သူ ၂၀,၀၀၀ တို့ နေထိုင်လျက်ရှိကြာင်း ကချင်လူမှုအဖွဲ့အစည်းများနှင့် လိုင်ဇာဒေသခံများမှ ပြောသည်။

ပြည်နယ်တခုလုံး အတိုင်းအတာဖြင့်မူ ကချင်ပြည်နယ်၌ စစ်ပြေးဒုက္ခသည်ပေါင်း ၉၀,၀၀၀ ခန့် ရှိမည်ဟု ခန့်မှန်းစာရင်းများက ဖော်ပြကြပါသည်။

ထို့ကြောင့်လည်း ကာလကြာရှည် လက်နက်ကိုင်ပဋိပက္ခ ဖြစ်ပွားခဲ့ရသဖြင့် စစ်ပြေးဒုက္ခသည်များအတွက် အရေးတကြီး လိုအပ်လျက်ရှိသည့် လူသားချင်းစာနာမှုအကူအညီများအား မြန်မာအစိုးရအနေဖြင့် အစဉ်တစိုက် ငြင်းပယ်ခဲ့သည့်အပေါ်လည်း နိုင်ငံတကာအဖွဲ့အစည်းများမှ စစ်ပြေးဒုက္ခသည်များသို့ လူသားချင်းစာနာမှု အကူအညီ ပေးအပ်နိုင်ရေးအတွက်ကိုလည်း ခွင့်ပြုစေလိုကြောင်းလည်း တိုက်တွန်းထုတ်ပြန်ထားသည်။

21 comments:

အောင်းသူ said...

ဦသိန်းစိန်ဒါတွေကိုမသိတာလားဒါကျတောဘယ်ဘူမှမပြောကြဘူး ဒေါစုဘာလုပ်နေလဲ ရတဲ့ဆုနဲ့မတန်ဘူး ကျော်သူဘဲကောင်းတယ် မသာဘဲချနေမယ်

သံလမ်းရိုးသား said...

အောင်းသူရေ- မနေ.ကရေးထားတော့ တတားမိုင်းခွဲလဲ ဘာအရေးလဲ လုပ်ချင်ရာလုပ်လို.ရတယ်ဆို။ အပြောင်းအလဲမြန်လှချေလား အခုတော့ ဦးသိန်းစိန်ကြီးဘာလုပ်နေလဲ ဒေါ်စုေ၇ကယ်ပါဦးလုပ်ပြန်ပြီ။ တို.ကတော.ဆက်ကြေးကတော့ တောင်းတာပေးတာ ကိုယ်တိုင်လဲမ်ြင်ရ ကိုယ်တိုင်လဲပေးရ မတန်တဆ ခဏခဏတောင်းလွန်းလို. ပြည်နယ်ထျဲမှာပါတ်ပြေးနေရပါတယ်။ ဝေးဝေးလဲသူများလိုမပြေးနိုင် အိမ်မကပ်နိုင်လို. မိန်းမနဲ.တောင်မအိပ်ရတော့တာ တနှစ်နီးပါးရှိသွားပါပြီ။ ကိုယ်တွေ.ကြုံလို.ကိုယ်တိုင်ပြေးနေရရင် မငိးကိုယ်ချင်းစာနိုင်လာမှာပါ။ငါတို.ရှမ်းတွေကူိုနှိပ်စက်။ တံတားမိုင်းခွဲလဲတရားတယ်ဆိုရင် စစ်ပွဲတွေလျှော.ချဘို.တို. ငြိမ်းချမ်းရေးတောင်းဆိုဘို. နိုင်ငံတကာကယ်ပါဦးတို. မင်းတို.KIA/KI0ရဲ.အထောက်အပံ့ခံ ၈၈မျိုးဆက်တို. သတင်းမီဒီယာတွေကယ်ပါဦးတို. ဗူဒ္ဓဘာသာသံဃာတော်တွေကယ်ပါဦးတို. ဦးလနန် ဒေါ်ဒွဲဘူတို.ကတဆင့် လွှတ်တော်ကယ်ပါဦးတို. ဘာတွေပြောဆိုနေစရာလိုလဲ ယောက်ဖရာ ဆက်တိုက်ကြပါစေပေါ့ မင်းသဘောကအကုန်လုံးသေကုန်ရင်အေးရောလား မင်းကိုယ်တိုင်ပေး မင်းကိုယ်တိုင်ပြေး မင်းအမျိုးတွေ အနှိပ်စက်ခံ အသေခံလာရရင် မင်းနားလည်လာမှာပါ။ ဟေ. ခေါင် -နမ်(မ်)ကျယ်အီး။

Unknown said...

လူတွေလူတွေ တော်တော် တရားကျဖို့ကောင်းတယ်။ သမ္မတကြီး ဦးသိန်းစိန် ရေ အကုန်တာအမြစ်ဖြုတ်ပစ်လိုက်ပါတော့။ ဒါမှနောက်တခါ ပေါက်ကရတွေမပြောရဲမှာ။ လေလုံးထွားတာလဲလွန်ရောပဲ။ လက်တစ်ဆုတ်စာလေးနဲ့အာကျယ်တာတော့ အံ့သြပါ့

UShinGyi said...


အဲဒီလက်တစ်ဆုတ်စာရှေ့မှာ တနေ့ မင်းလိုကောင်မျိုးတွေ ဒူးထောက်စေရမယ် san ti ဆိုတဲ့ စစ်ခွေး ရ။

win said...

အရူးဘဲ
မင့် အခုအစွမ်းအစ ဘယ်လောက်ရှိလို့လဲ
မင့်အရည်အချင်းဘယ်လောက်ရှိလို့လဲ
ကိုယ်အခြေအနေ
ကိုယ့်အရည်အချင်းနားလည်ရင် အေးဆေးနေပါ
ထထမဟောင်နဲ့
အိပ်ရေးပျက်တယ်

UShinGyi said...



မင်းကကော ဘာ သောက်ဆင့်ရှိလို့ အစွမ်းအစတွေဘာတွေ လာမေးနေတာလဲ စောက်ရူးရ။ ဘယ်ခွေးက ဘယ်လူကိုဟောင်နေတာလဲကွ ဗြောင်းပြန်တွေ လာပြောမနေပါနဲ့ ငါ့ကောင်ရာ ။ ကို့အရည်အချင်းကိုသိတဲ့ ဟား..ဟာ... ပြောတာကတော့ ဆရာပါပဲ။ အေ ဒါနဲ့ မင်းကို ငါပြောမယ် င၀င်း မင်းတို့လို သခင်က စားပြီးတာ အကြွင်းအကျန်တွေကို မင်းလိုစောက်ရူးမျိုးကို ပစ်ကျွေးပြီး internet မှာ အမှန်တရားပြောတဲ့ လူတိုင်းကို လိုက်ဟောင် လိုက်ကိုက်ဖို့ အခိုင်းခံထားရတဲ့ မင်းလိုကောင်ကများ အရည်အချင်းတွေ ဘာတွေပြောနေရအောင် မင်းတို့ မရှက်တတ်ဘူးလာ စွန်ကျစ်တွေရဲ့။ မင်းကို မင်းလဲ အရင် ပြန်ပြီး သုံးသပ်လို့ ကြည့်လိုက်အုံး ဟုတ်လာ။ မင်းတို့ ရေးတဲ့ ကော်မန်းတွေကို ဖတ်ကြည့်လိုက်စမ်း ဘာအတွေးအခေါ် ဘာစိတ်ဓာတ်နဲ့ ရေးထားတာလဲ ...သူများရေးထားတဲ့ စာကို ဝေဖန် ကဲ့ရဲ့ ဖို့လောက်တာ ရေးတတ်ပြောတတ်တဲ့ အရည်အချင်းလောက်ရှိတဲ့ မင်းလိုကောင်ကများကွာ။ အရည်အချင်းတွေ အနေအထားတွေ လာပြောနေသေးတယ် ... ငါကွာ ပြောလိုက်ရင်တော့ မကောင်းပဲရှိတော့မယ်...

Panyacekka said...

အထက်ပါ ကော်မင့်တွေကိုကြည့်ချင်းဖြင့် ဗမာတွေရဲ့ မဟာလူမျိုးကြီးဝါကိုသိသာနိုင်ပါတယ်။ သူတို့လူမျိုးနဲ့ ပတ်သက်လာရင် အမှန်တရားကိုလူတိုင်းကျောခိုင်းမယ်ဆိုတဲ့ ခံယူချက်ဟာ ကျောင်းသားကလေးကစ သမ္မတထိ- ရှိတယ်။ တနေ့တော့ ဒုက္ခရောက်ကြဦးမှာပါ။

Unknown said...

mgcakka ဆိုတဲ့ ညီလေး ငါ့ ညီ ရင် ထဲက ခံစားချက်ကို နားလည်ပါတယ် ။ comment ရှင်တွေအားလုံး ဟာ အစိုးရကို ကိုယ်စား မပြု သလို Kio ကို လည်း ကိုယ်စား မပြုပါဘူး ။ အေး အဲဒီ လိုပဲ ဘယ်ဗမာ ဘယ်ကချင် မှ လည်း ကိုယ်စား မပြု ပါဘူး ကွာ။ အဓိက ညီ ကို ပြောချင် တာက ဒီ အချိန်ကြ မှ ပတ်မကြီး ထပြီး ဖောက် နေဖို့တော့ မသင့်တော့ဘူး ။ လူ ဖြူ လူမဲ ခွဲခြား နေရ မဲ့ အခါလည်း မဟုတ် တော့ ပါဘူး ။ လူမျိုးရေး ခွဲခြား မှု မပါ တဲ့ ငြင်းခုန် မှု က သဘာဝကျမယ် ထင် ပါတယ် ။ အားလုံးက မိသားစု ဝင်တွေ ပါပဲကွာ။ ယောဟောဝါ သက်သေ အသင်းဝင်

kyawra said...

I have ready to go to army for defense of Myanmar.

မိုးကြိုး said...

i want to see finished KIO.

Anonymous said...

We( all races) want to destroy / vanish Terriost Kio and Kia from Myanmar . They are rebels and Terriosts!
Hail KIA/KIO.

Anonymous said...

Fail all KIA/KIO !

We ( all races) do not want to see any one from KIA. They are terrorists !
Kill them all.

Anonymous said...

We will not support ABSDF and KIA. They are rebels and Terriosts ! Kill them all.
I m a Shan from Myanmar ! All races did not accept KIA AND ABSDF.

88 student

အောင်းသူ said...

သံလမ်လေး ရယ်မင်းကရှမ်ဆိုတော့ဆက်ကျေးတောင်းမှာပို့ထွက်ပြေးနေရလောက်အောင်လဲမင်ကစစ်ခွေအစေခံနေမှာပါမင်းမမိန်းမနဲ့အိပ်ချင်နေရင်လဲပြောပါငါပြီအောင်အရင်လုပ်လိုပ်အုံ့မယ်နောက်တစ်ခုကမင်းကရှမ်ဖြစ်နေလို့သာမသတ်သေးတာကုလားဆိုရင်တော့မင်းသေတာကြာပြီမင်းမိန်းမတောင်နောက်လင်ရနေလောက်ပြီ

သံလမ်းရိုးသား said...

အောင်းသူ-အမေယုတ်မာတော့ ပါးစပ်သယမ်းပါတယ်။ အဖေယုတ်မာတော့ လက်သယမ်းပါတယ်။ မင်းက မိကောင်းဖခင်သားမှမဟုတ်တာ မင်းကမင်းတို.ရဲ့ပွဲတော် မှာမွေးထားတဲ့ အဖေမပေါ်တဲ့သားဆိုတော့ မင်းပြောချင်ရာပြောလို.ရပါတယ်။ ငါတို.ရှမ်းမျိုးတွေက မင်းတို.ကေအိုင်အေ မျိုးတွေရိုင်းသလိုမရိုင်းတတ်ပါဘူး။
ငါတို.ဗုဒ္ဓကပြောထားတယ် ဧည့်သည်တည်ထားတာ ဧည့်သည်မစားရင်အိမ်ရှင်ကပြန်သိမ်းရပါတယ်လို.ပြောထားပါတယ် ဒါကြောင့်မင်းကို မင်းယုတ်မာယိုင်းစိုင်းစွာပြောခဲ့ သလို ပြန်ပြိးတော့ ရိုင်းရိုင်းစိုင်းစိုင်းမပြောတော့ပါဘူး။ မင်းပြောတာတွေရဲ့တန်ပြန်သက်ရောက်မှုကို မင်းကိုယ်တိုင်ခံစားဘို.ပြင်ထားပါ။ ငါကတော့ ဘယ်တော့မှ အထောက်အထားမခိုင်လုံတဲ့ စာတွေကို တက်မရေးတတ်ပါဘူး။ မင်းရဲ့ကျေးဇူးရှင်များက တောင်းတာနဲနဲမဟုတ်ပါ။ မင်းအိပ်မက်မ မက်ဘူးတဲ့ပမာဏမျိုးတောင်းတာပါ။ ကိုယ်ကိုတိုင်တရားသဖြင့် ချွေးနဲ့.သွေးနဲ.ရင်းပြိးစီးပွါးရှာဘူး သွားရင် ကိုယ်ချင်းစာတတ်လာပါတယ်။ မိဘလုပ်စာထိုင်စား၊ သူတပါးအပေါ်မတရားရှာထားရင်တော့ သိတတ်မှာမဟုတ်ပါဘူး။ ငါကတော့မင်းတို.KIA/KIOတင်မကဘူး စစ်သားမကောင်းရင်လဲပြောမှာပါပဲ မင်းစောင့်ကြည့်နေပါ မောင်အောင်းသူ- ငိုင်ကော့ မြစ်ကဂျာဝါလယ်--

ကိုအောင်ဘု said...

ဘာတွေလျှောက်ပြောနေကြပါလိမ့်။ အမျိုးမကလို့ ဘာပဲဖြစ်ဖြစ် ဆိုးသွမ်းနေရင်တော့ ပညာပေးတာလေးဘာလေး လုပ်ရမှာပေါ့လေ။ မြောက်ကိုရီးယားနဲ့ တောင်ကိုရီးယားကရော အမျိုးတွေ မဟုတ်လို့လား။ မာလီက ဆန့်ကျင်ဘက်အုပ်စုတွေကရော အမျိုးတူတွေမဟုတ်လို့လား။ မာလီမှာပြင်သစ်ကတောင် ဝင်လုပ်ပေးနေပြီ။ ဘာကြောင့် သောင်းကျန်း သောင်းကျန်း၊ သောင်းကျန်းသူရဲ့လုပ်ရပ်က အရှင်းကြီး။ ဆိုးနေရင်တော့ ကချင်ပဲဖြစ်ဖြစ် ဗမာပဲဖြစ်ဖြစ် ဆုံးမရမှာပေါ့။ မှောက်သွားတဲ့ရထားတွဲပေါ်က ထွက်ကျနေတဲ့ စားစရာတွေက စစ်တပ်အတွက်ပါလို့ မျက်စိမှိတ်ငြင်းဦးမလို့လား။ အဲဒီစားစရာတွေ နောက်တစ်နေ့ရထားနဲ့ ပါလာပြီး မြို့ကဈေးထဲ ရောက်လာတာကို ဗီဒီယိုရိုက်ပြရဦးမှာလား။
ဒီကောင်တွေ ဆိုးနေတာတော့ အမှန်ပဲ။ လုပ်သာလုပ်၊ နောင်ကျဉ်သွားအောင် ပညာပေးလိုက်ပါဗျို့။
စောက်ရူးတစ်ကောင်ကလာသေး။ အမြောက်ကျည်မှန်လို့ ဥပဒေနဲ့မညီဘူးလေး ဘာလေးနဲ့။ အဲလိုဖြစ်လာအောင် မသာကောင်တွေက မြို့သားတွေကြားထဲဝင်နေတာဟ။ သူတို့နားကို မြို့သားတွေ ခေါ်ထားတာ---နွားရဲ့။ ဒီအဆင်ကြီးက ရိုးရိုးကြီး။ ကမ္ဘာဦးထဲက သုံးလာကြတာ။ အဓိကအားဖြင့် ရှုံးခါနီးရင် ထွက်ပေါက်ရအောင် သုံးတတ်ကြတယ်။ မသေမချင်းမှတ်ထား။ မကြာခင် ကချင်မိန်းမတွေ၊ ကလေးတွေကို သေနတ်နဲ့ ချောင်ထဲကချိန်ထားပြီး အတင်းအကြပ်ငိုခိုင်းတဲ့ ပြကွက်မျိုး နင်တို့မြင်ရဦးမှာ။

ကိုသစ္စာ mdy စက်မှုဇုံ said...

KIA မကောင်းလျှင် KIA ကို မုန်းပါသည် အစိုးရစစ်တပ် မကောင်းလျှင် အစိုးရစစ်တပ်ကိုမုန်းပါ သည် တိုင်းရင်းသားပြည်သူ အများကို ကိုယ်ချင်းစာမိပါသည် ကျွန်နော်တို့ သာမန် ပြည်သူ တိုင်းရင်းသား အများစု၏ ဘဝမှာ ကိုယ်လုပ် မှ ကိုယ်စား ရသော ဘဝများဖြစ်ပါသည် မူပြောင်း ပြောင်း လူပြောင်း ပြောင်း သိပ်ပြီး ထူးခြားမှု မရှိသေးပါ အိပ်မက်ဟုပင် ဆိုချင်ဆို သားသမီး မြေးမြစ်များ လက်ထက်မှာတော့ စစ်မှန်သော မျှတသော ငြိမ်းချမ်းသော စည်းလုံးသော တိုင်းပြည်တစ်ခု ဖြစ်လာလိမ့်မည်ဟု အကောင်းဘက် မှ မျှော်လင့်မိပါသည် အမှန်တကယ် အားဖြင့် စစ်ကိုလုံးဝ မလိုလားပါ တစ်ခါတစ်ရံ ကျွန်နော် comment ဝင်ရေးမိရာတွင် မမျှမတ လူကို လူလို မမြင်မိ ဒေါသသံများ ပါသွားလျှင် ကျွန်နော့ကို အရူး လို့သာ သတ်မှတ် လိုက်ကြပါ အားမလို အားမရ ဖြစ်မိ တာတော့ အမှန်ပါ ကိုယ်တိုင်ကိုယ်ကျ တွေ့ကြုံရသည်များကို online တွင် အမှန်တကယ်ရောက်စေချင်ပါသည် ။

ကိုသစ္စာ mdy စက်မှုဇုံ said...

ဟို့းအမြင့်က ငုံ့ကြည့်ပြီး မြင်တဲ့ အမြင်လို့ ယူဆမိပါတယ် ဖြန်ဖြေမှု မျှတမှုများ ဆက်လက်ရှင်သန် နိုင်ပါစေ့

Unknown said...

ကချင် ဗမာ မခြားဒိုတိုင်ရးသား အားလုံးညီအကို အရင်းတွေပါတဝမ်းတောင် မကွဲးပါဘူး စစ် ဘာလုပ်မလဲ လတ်တ လေားအမြင် မတူတာခဏ ထားပြီး အမြင် တူတာအရင် ဝိုင်းလုပ် ပြီးရင် ပြန်ပေါင်းစပ် ညို့နိုင်း အဆင် မ ပြေစ ရာဘာရှိလဲ တခုတော့ရှိ အတ္တတွေ တော့ဘေးဖယ်ထားပေါ့ ပြည်သူ တွေကို လေးစားတယ်ဆို ရင်ပေါ့ နှစ်ဦးလုံးကိုပြေားတာနော်

Unknown said...

umm...who say KIA and KIO is rebels...OPEN all ur eyes guys..i am doing just research as a one burmese...i did not see at all that u said. Kachin were served to get Burma independent. Learn Real History..u all are covered and closed by untrue doctrines..so poor.. SEE in all historical events in last 30 years who are doing you to be death and poor. .Is that KIA. made u..? Open it .think carefully.kachin peoople live in Kachin state before Burmar country.Just the burmese crooked and liers went to persuade and fight till today.. WHY u know..Kachin is rich state...u want it. u want to grasp it.u want to steal it.The kchin protect their land ..that is right and fair.The kachin has warriors long long ago and till today. In history Aung San called kachin warriors and they fought together. And now how shameful and bad they are. U see..They make u more stupid and blind in poor even more to fight till die..That your leaders make u....okkkk

Unknown said...

ကေအိုင်အေယုတ်မာသမျှမတွေ့ဖူးမခံစားသေးဖူးလို့အခုလိုမျိုးလေထဲကနေအလွယ်စစ်တပ်မကောင်း
ကြောင်းပြောနေတာသိသာထင်ရှားနေတယ် ခင်ဗျားတို့ကချင်ပြည်နယ်အတွင်းမှာဘယ်လောက်ကြာကြာနေ
ခဲ့ဖူးသလဲကေအိုင်အေအဖွဲ့တွေနဲ့ရောထိပ်တိုက်ဆုံတွေ့ခဲ့ဖူးသလား ကေအိုင်အေယုတ်မာပုံကိုမသိမမြင်ဖူးပဲနဲ့
ကေအိုင်အေအဖွဲ့ကိုကချင်ပြည်နယ်နဲ့ကချင်လူမျိုးအားလုံးရဲ့ကိုယ်စားပြုလို့ထင်နေလက်ခံနေတဲ့သူတွေပဲကွ
မင်းတို့သွေးရှိရင်မြစ်ကြီးနားရထားအခုအချိန်မှာစီးပြီးမြစ်ကြီးနားကိုသွားရဲလားအဲ့ဒါကိုအရင်ဖြေဦး
မသွားရဲရင်မင်းကိုယ်မင်းသာပြန်ပြီးမေးလိုက်စစ်တပ်မကောင်းလို့စစ်တပ်ကမီးရထားတွေကိုမိုင်းထောင်လို့လား
ဒါမှမဟုတ်ကေအိုင်အေကမိုင်းထောင်ပြီးလူတွေအတင်းဖမ်းနေလို့လားဆိုတာ
ကိုယ်တိုင်အသေးစိတ်မသိပဲလေထဲကအသံကောင်းဟစ်ရတာလွယ်ပါတယ်လက်တွေ့ကိုယ်ဝေဖန်တဲ့အတိုင်း
ကိုယ်ကြားတဲ့အတိုင်းဟုတ်ရဲ့လားဆိုတာအခုမင်းတို့ပြောနေတဲ့အပစ်အခတ်ရပ်စဲပြီးငြိမ်းချမ်းရေးတကယ်လုပ်ပေးချင်တဲ့
စိတ်ရှိရင်ကချင်ပြည်နယ်ကိုရထားစီးပြီးသာလာခဲ့ကျဟေ့