Tuesday, January 29, 2013

လိုင်ဇာကို သိမ်းရုံနဲ့ ငြိမ်းချမ်းရေး မရနိုင်လို့ ဒေါ်ဒွဲဘူ တုံ့ပြန်ပြောဆို

လိုင်ဇာကို သိမ်းရုံနဲ့ ငြိမ်းချမ်းရေး မရနိုင်လို့ ဒေါ်ဒွဲဘူ တုံ့ပြန်ပြောဆို
RFA ၊ 2013-01-28

KIO ဌာနချုပ်ဖြစ်တဲ့ လိုင်ဇာကို သိမ်းပိုက်ပြီးမှ ငြိမ်းချမ်းရေးဆွေးနွေးမယ်ဆိုရင် ကချင်ပြည်သူ တယောက်အနေနဲ့ရော လွှတ်တော်ကိုယ်စားလှယ် တယောက်အနေနဲ့ပါ ကန့်ကွက်တယ်လို့ ကချင်တိုင်းရင်းသူ အင်ဂျန်းယန် မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ဒွဲဘူက ဒီကနေ့ ဇန်န၀ါရီလ ၂၈ ရက်နေ့ ပြည်သူ့လွှတ်တော် ကျင်းပပြီးချိန်မှာ သတင်းထောက်တွေကို ပြောကြားလိုက်ပါတယ်။

ကချင်ပြည်နယ် ငြိမ်းချမ်းရေးအတွက် KIA လိုင်ဇာဌာချုပ်ကို အရင်သိမ်းပိုက်ပြီးမှ ငြိမ်းချမ်းရေးဆွေးနွေးဖို့ ဖြစ်နိုင်မယ်လို့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးလှဆွေရဲ့ ပြောဆိုချက်ကို ကချင်ပြည်နယ်၊ အင်ဂျန်းယန်မဲဆန္ဒနယ်က ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ဒွဲဘူ က ပြင်းပြင်းထန်ထန် ကန့်ကွက်လိုက်ပြီး တုံ့ပြန်ပြောကြားလိုက်တာ ဖြစ်ပါတယ်။

ကချင်ပြည်နယ် ငြိမ်းချမ်းရေးရဖို့ လွှတ်တော်ရဲ့ တိုက်တွန်းချက်တွေကို နှစ်ဖက်တပ်တွေက လိုက်နာဖို့ လိုအပ်ကြောင်း၊ လွှတ်တော်ရဲ့ တိုက်တွန်းချက်ဟာ လိုင်ဇာတခုထဲမဟုတ်ဘဲ ကချင်ပြည်နယ်တခုလုံးနဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ဖြစ်ပွားနေတဲ့ ထိုးစစ်တွေကိုလည်း ရပ်တန့်ဖို့လည်း ပါဝင်ကြောင်း ဒေါ်ဒွဲဘူက ပြောပါတယ်။

အခုလ ဇန်န၀ါရီလ ၁၉ ရက်နေ့ကလည်း သမ္မတ ဦးသိန်းစိန်အနေနဲ့ တမ်မတော်ကို ခုခံကာကွယ်သည်မှအပ ထိုးစစ်ဆင်တာတွေရပ်ဖို့ ညွှန်ကြားထားပြီးဖြစ်သလို ကျင်းပနေတဲ့ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော် အစည်းအဝေးတွေမှာလည်း ကချင်ပြည်နယ် ငြိမ်းချမ်းရေးဖော်ဆောင်နိုင်မယ့် အရေးကြီးအဆိုတွေ တင်သွင်းဆွေးနွေးခဲ့ကြပါတယ်။

43 comments:

Ko Min said...

ဒေါ်ဒွဲဘူရယ်... ခင်ဗျားကိုယ်တိုင် သွားပြီး ငြိမ်းချမ်းရေးဆွေးနွေးမယ်ဆိုရင်ပိုကောင်းမယ်..

လွှတ်တော်ထဲမှာဘဲနေပြီးအော်နေလို့မရဘူး... လွှတ်တော်စားရိတ်လဲ မဆုံးစေရပါဘူး.... သွားမှာသာ သွားပါ...

ကိုယ့် ကချင်ကို တာဝန်ယူရင် ပိုကောင်းလိမ့်မယ်...

manangaw said...

အရေးကြီးဆုံးကတော့ အရင်ဆုံး ပင်လုံစာချုပ်ကို ချိုးဖောက်ခဲ့တဲ့ ဗမာတပ်တွေ
ကချင်ပြည်ကနေအမြန်ဆုံးဆုတ်ခွာသွားဖို့ ပါဘဲ ပြီးမှ ငြိမ်းချမ်းရေးအတွက် ဆွေးနွေး စာချုပ်ပြန်ချုပ်သင့်ပါတယ် ပင်လုံစာချုပ်ကိုလဲ ချိုးဖောက်သေးတယ် သူများမြေပေါ်သွားနယ်ချဲ့ ဗိုလ်ကျ အနိုင်ကျင့်ချင်တဲ့ စစ်အုပ်စုရဲ့ စိတ်ဓါတ်ကတော့ ရွံဘို့ ကောင်းပါတယ်

Ko Min said...

ပင်လုံစာချုပ်ထဲမှာ သပုန်ကို မတိုက်ရဘူးလို့ ပါရဲ့လား... KNU ကို အတုယူဖို့ကောင်းတယ်...

သံလမ်းရိုးသား said...

ဒွဲဘူလေးရယ်-
ငါတို.ရှမ်းတွေကို နှိပ်စက်နေသ၍ ငြိမ်းချမ်းရေးရနိုင်မှာမဟုတ်ပါဘူး။ မြောက်ပိုင်းရှမ်းမှာရောကချင်ပြည်နယ်မှာပါ ရှမ်းမျိုးရှမ်းသားတွေက အထောက်အထားအပြည့်အစုံ မှတ်တမ်းတင်စောင့်နေပါတယ်။ ငြိမ်းချမ်းရေးဆိုတာတောင်းယူလို.ရတဲ့ဟာမဟုတ်ဘူး။ ကိုယ်တိုင်လည်းကျင့်သုံး သူတပါးအတွက်လည်းငြိမ်းချမ်းမှုပေးဆပ်မှရတဲ့ အမျိုးပါ ကိုယ်တိုင်ကလည်းသူတပါး အပေါ်မှာ ရိုးဖြောင့်စွာမကျင့်သုံး ကိုယ့်အပေါ်ကြတော့သူတပါးက ရိုးရိုးသားသားဆက်ဆံစေချင်ရင် လောကဓမ္မကြောင်းအရဖြစ်နိုင်ပါ့မလား။ ငြိမ်းချမ်းရေးလိုချင်ရင် ကိုယ်ကိုတိုင်ကလဲ ကိုယ့်မျိုးတွေကိုမင်းတို.ကလည်း ဘာတွေလုပ်ပါ တဖက်ကလည်းဘာတွေလုပ်ကြပါလို. နှစ်ဘက်စလုံကို မျှတအောင်ပြောခဲ့ကြဘူးလို.လား။ မင်းရော အားလုံးဘယ်ကောင်တွေမှမကောင်းဘူး။

หนานน้อย said...

ငြိမ်းချမ်းရေးဆိုသည့်စကားလုံးလှလှလေးသုံးပြီးတော့ ခါင်းရိုက်ဖို့အငိုက်စောင့်စောင့်နေသည့်မဟာလူမျိုးကြီးဝါဒီ ကျင့်သုံးသည့်လူကို ယုံမိရင် ကိုယ်တိုင်တစ်ယောက်ထဲ တစ်ဖွဲ့ထဲ လူအလူမိုက်ဖြစ်တင်မကဘူး အမျိုးတစ်ခုလုံးတောင်ပြုတ်သွားနိုင်မယ်ဆိုတာ မမေ့သင့်သည်အရာပါ ကချင်တပ်ဖွဲ့မရှုံးခင်ကထဲက ငြိမ်းချမ်းရေးဆိုတဲ့စကားလုံးယုံမိလို့ ကချင်အရေး ငါနဲ့မဆိုင်သလိုလက်ပိုက်ကြည့်နေမိတဲ့သူတွေအတွက် နင်တို့အဖွဲ့တဖွဲ့လုံး မဟာလူမြိုးကြီးတွေရဲ့အလို
လိုချင်သလိုအစစအရာရာနင်တို့ပေးဆပ်နေရပြီလို့ကိုယ်တိုင်မှတ်ထားလိုက်ပါ

Ko Min said...

ကချင်ကို..သန်လျှင်ကနိုင်တယ်...ဒါကြောင့် ငြိမ်းချမ်းရေး အတွက် သန်လျှင်သား ဦးခင်ညွန့်ကို ပါဝင်ခိုင်းသင့်တယ်...တစ်ခါလဲ လုပ်ခဲ့ပြီးပါပြီ...

Unknown said...

မင်းတို့ ဗမာထမင်းကို ဘယ်သူတွေစားနေကြလို့ လည်း
ငါ့တူရဲ့ မင်းတို့  ဗမာတွေကပဲ တိုင်းရင်းသားတွေရဲ့
သယံဇာတ ယဉ်ကျေးမှုအမွေအနှစ်တွေ ကို ကူးယူ
ခိုးစားနေကြတာချည်းပဲလေ ပြီးတော့ ဗုဒ္ဓံ စောရတီတိ
ဗောမော ။ ဗုဒ္ဓံ ဘုရားကို စောရတိ ခိုးတတ်သော
၏တိသတ္တမာ ထိုကြောင့် ဗောမော ဗမာမြည်၏။ လို့ 
တောင် ပါဠိစာပေမှာ အတိအကျ ဖွင့်ဆိုထားတာရှိသေး
တယ်လေကွယ် အပိုတွေမပြောချင်ပါဘူးကွယ်
မင်းတို့ ကို မင်းတို့ သိကြမှာပါ

Unknown said...

အားလုံးက....ခလေးဆိုးလေးတွေဘဲ..........
ရန်ဖြစ်စရာမပာုတ်တာကို...ဖြစ်နေလိုက်ကြတာ...တိုင်ပင်စရာရှိရင်တိုင်ပင်....အားလုံးဘဲလွတ်လွတ်လပ်လပ်ပေါ.

Ko Min said...

ဒါကို ကျွန်တော်သိပါတယ်... ပြောနေတာတွေကို မကြိုက်လို့ပါ... ကလေးကလား ဆန်နေမှန်းတော့သိပါတယ်... တကယ်အရေးကြီးနေတာကို ပြောဆို ဆွေးနွေးဖို့လိုပါတယ်... ခင်ဗျားကိုလဲ ဖိတ်ပါတယ်.. ဒီလိုပြောလို့လဲ စိတ်မဆိုးပါဘူး...ကျေးဇူးတင်ပါတယ်...

myo said...

Government Army and KIA are fighting with guns and killing the innocent people. At the same time, you all are fighting with speech in online and making hatred among each other. Please stop fighting. Don't look at each other with hatred. It is hot and not good for everybody.

Ko Min said...

ဖြစ်နိုင်မယ်ဆိုရင် ခင်ဗျားရဲ့နာမည်လေးထည့်ပေးစေချင်ပါတယ်...Mr. Unknown

Ko Min said...

MR. Myo,
If you don't want to see these comments, please do not enter in this site. Please never look this web site.

Stay away from us. This is our business. And for our nation.

Ko Min said...

Ko phothar tue

Why not, any time and any where.....

phothartue said...

လိုင်းပေါ်မှအတင်းပြောနေမည့်အစားထိပ်တိုက်ဆွေးနွေးရင်မကောင်းဘူးလားဗျာ

Ko Min said...

Ko phothar tue,

How may I call you and other peoples. Please send me all of their phone numbers.. If you can collect it. You will know how much difficult.

၈၈ သုံးတန်းကျောင်းသားဟောင်း said...

အ ခု ဖြစ် နေ တာ တွေ က ကိုယ် ကျိုး ရှာ အာ ဏာ ရှင် တွေ ကြောင့် ပါ ။ လူ မျိုး ရေး တွေ ဆွဲ မ ထည့် ကြ ပါ နဲ့ ။ ပြည် မ က အာ ဏာ ရှင် က တော့ အာ ဏာ ကို တစ် ဝက် တစ် ပျက် စွန့်  လွှတ် လိုက် ပြီး ပြီ ။ က ချင် က အာ ဏာ ရှင် လည်း သူ့ လို လုပ် နိုင် ရင် ငြိမ်း ချမ်း ရေး ဟာ အ လှမ်း မ ဝေး ပါ ဘူး ။

Ko Min said...

၈၈ သုံးတန်းကျောင်းသားဟောင်း ညီလေးကိုတော့ လေးစားပါတယ်.. ညီလေး မမှီလိုက်တဲ့ မဆလ.ငြိမ်ပိ.. ရှိသေးတယ်လေ... အာဏာရှင်ဆုတဲ့ခောတ်တွေကို တကယ် မကြုံခဲ့သေးလို့ပါ.....

၈၈ သုံးတန်းကျောင်းသားဟောင်း said...

တစ် ချိန် တုန်း က တော့ ဒီ စစ် တပ် နဲ့ ပဲ ငြိမ်း ချမ်း ရေး ယူ ။ ဒီ ဗိုလ် ချုပ် ကြီး တွေ နဲ့ ပဲ ပေါင်း စား ။ အ ခု ကိုယ် လို ချင် တာ ကို ဥ ပ ဒေ ဘောင် အတွင်း က တောင်း ဆို လို့ ရ မဲ့ ဒီ မို က ရေ စီ ခေတ် ကို သွား မယ် ဆို တော့ မှ တိုက် မယ် ခိုက် မယ် ဆို တော့ KIA ရယ် ။ မင်း တို့ က ဘာ လုပ် ချင် တာ လဲ ။ ဒီ ခေတ် မှာ မင်း တို့ ပြော ပြော နေ တဲ့ တိုင်း ရင်း သား အ ချင်း ချင်း သာ တူ ညီ မျှ ရှိ ရေး တို့ ဘာ တို့ ဆို တာ တောင်း ယူ လို့ ရ ပါ တယ် ။ တိုက် နေ စ ရာ မ လို ပါ ဘူး ။ အေး ဒါ ပေ မဲ့ ဒီ မို က ရေ စီ မ လို ဘူး ဝမ် ပေါင် ပဲ လို ချင် တယ် ဆို ရင် တော့ လဲ မ တတ် နိုင် ဘူး ပေါ့ ကွာ ။

မောင်ပြောချင် said...

မြန်မာပြည်မှာ တိုင်းရင်းသားတွေအပြောများနေတဲ့ ဗမာလူမျိုးကြီးဝါဒနဲ့ ပတ်သက်ပြီး ပြောချင်တယ်ကွာ။လူမျိုးကြီးဝါဒီဆိုတာက ကိုယ့်လူမျိုးသာလျှင်အမြင့်မြတ်ဆုံး ကိုယ့်လူမျိုးကိုပဲဦးစားပေးမယ်၊ကိုယ့်လုမျိုးတမျိုးတည်းပဲတိုးတက်ကြီးပွားစေပြီးအခြားမျိုးနွယ်စုတွေကိုနှိပ်ကွပ်ထားပြီး ကိုယ်လူမျိုးတစ်မျိုးတည်းပဲအခွင့်အရေးတွေကိုသိမ်းကြုံးယူပြီးကိုယ့်လူမျိုးအားလုံးကိုအဆင့်မြင့်မြင့်ထားစေချင်တာ။ ဒါပေမယ့် ------ခု လမ်းပေါ်ကအိမ်မဲ့ယာမဲ့ကျောင်းပညာမဲ့ ခြေသလုံးအိမ်တိုင်သမားများ၊မျက်ရည်စက်လက်နဲ့ကျူးကျော်အိမ်ဆိုပြီးအဖျက်ခံရတဲ့သူများ၊ အဲဒီလူမျိုးတွေဟာ ဗမာလူမျိုးအများစုပါ တိုင်းရင်းသားတွေမပါသလောက်ပါ။အဲဒီတော့ဒါဟာဗမာလူမျိုးကြီးဝါဒမဟုတ်ဘူး။ကိုယ့်လူမျိုးလည်းကိုယ်ကြည့်တာမဟုတ်ဘူး ကိုယ့်လူမျိုးအချင်းချင်းလည်းရက်စက်တယ် ဒါဟာစစ်အာဏာရှင် စနစ်ကြောင့် အာဏာကိုထိပါးမခံနိုင်ဘဲ တပ်ထဲမှာကိုးလိုးကန့်လန့်လုပ်နိုင်တဲ့ လူတွေကိုတပ်ထိပ်ပိုင်းခေါင်းဆောင်အထိမထားတာပါ။တိုင်းရင်းသား ဘာသာခြားမှမဟုတ်ပါဘူး သူတို့အာဏာကိုထိပါးနိုင်မယ့်ဗမာလူမျိုးအချင်းချင်းလည်းရာထူးမတက်ထိပ်ပိုင်းမရာက်ပါဘူး။ဒါဟာဗမာလူမျိုးကြီးဝါဒီကြောင့်မဟုတ်ပါဘူး အာဏာရှင်စနစ်ကြောင့်သာပါ။ဒီတော့ယုံကြည်စိတ်ချရတဲ့ အသားထဲကလောက်တွေနဲ့အုပ်ချုပ်ပြနေတော့ ဗမာလူမျိုးကြီးဝါဒီလို့ထင်မှတ်စရာဖြစ်နေပြီး အဖြူထည်တိုင်းရင်းသားတွေက အာဏာရှင်စနစ်ကြောင့်လို့မမြင်မိဘဲလူမျိုးကြီးဝါဒီလို့ထင်မှတ်ပြီး တိုင်းရင်းသားခေါင်းဆောင်လို့ကိုယ့်ကိုကိုယ်ခံယူထားသူတွေရဲ့ လူမျိုးရေးမှိုင်းတိုက်မှုကိုခံရပြီး တော်လှန်ရေးအာဏာရှင်တွေရဲ့ အသုံးချခံတွေဖြစ်ကုန်ရော။
လူမျိုးရေးဝါဒကို ခဏမေ့ အာဏာရှင်စနစ်ရဲ့အရိပ်အယောင်ကတစ်စိတ်တဒေသ လွတ်ကင်းတဲ့ငြိမ်းချမ်းရေးစကားပြောပွဲကို တော်လှန်ရေးအာဏာရှင်စိတ်ကင်းမှ ကိုယ့်လူမျိုးတွေသာမက ကိုယ့်အစိုးရနယ်မြေကလူထုတွေရဲ့အကျိုးမျှော်ကိုးနိုင်တဲ့ စိတ်ဓာတ်အခံရှိမှတက်နိုင်မှာ။တိုင်းရင်းသားစစ်အာဏာရှင်တစ်စုကြောင့်လည်းငြိမ်းချမ်းရေးဖြစ်စဉ်မနှောက်နှေးစေချင်တော့ဘူး။ လာခဲ့ပါ တိုင်းရင်းသားတွေရိုးသားတယ်ဆိုရင် ရိုးရိုးသားသားပွင့်ပွင့်လင်းလင်းဆွေးနွေးစကားပြောယုံပါ။လိုချင်တာတွေဖြစ်ချင်တာတွေကိုစကားဝိုင်း ဆီကိုသယ်ခဲ့ပါ။

Anonymous said...

ပင်လုံနဲ့၉၈ဘာကွာလို့ဒီလောက်တောင်ဆွေးနွေးရခက်နေတာလဲ ဒီကမိတ်ဆွေတွေလည်းလွတ်လပ်ရေးဖခင်ရဲ့ပင်လုံကိုလေးစားမလား ဒါမှမဟုတ်ဗိုလ်ချုပ်ကြီးတွေရဲ့၉၈ကိုလေးစားမလား

Anonymous said...

တကယ်တော့ဗမာညီအစ်ကိုတွေမှာရှိတာလူမျိုးကြီးဝါဒမဟုတ်ပါဘူး လူမျိုးပေးဝါဒပါ တရုတ်တွေကြောင့်၊နိုင်ငံခြားသားတွေကြောင့်ပြသာနာတွေစစ်ပွဲတွေဖြစ်နေတာ
လူမျိုးခြားတွေတရုတ်တွေကိုအရေးပေးလွန်းတယ်
စဉ်းစားကြပါ

Unknown said...

n gyi ma la ao la e Sam hkyen zim u, au au ngu sha ga la na hkyibyen jaw na katawng kau na. nang gaw Sam ka ja n re jinghpaw kaw Sam hpe sapsta... njaw da ai yaw chye jang zim u gwi lagut hkrang len lam ma nya hkum wau

kyawthusukyi said...

Comment အားလုံးကောင်းတယ် ဘယ်သူမှ မဆဲမဆို ကြဘူး လေးစားပါတယ် ဒီလိုပဲကိုယ်သိတာ ကိုယ်ယုံ ကြည်တာကို ပြောနိုင်ဆွေးနွေးနိုင် ငြင်းခုံနိုင်ပါတယ် တိုင်းပြည်အတွက်ပဲ လူတိုင်းပါဝင်ကြပါ ။

DOK said...

ဘုရားဆိုတာခိုးလို့မရဘူးကွဲ့
ဘုရားရဲ့တရားတော်ကိုကိုယ်တိုင်သဘောကျလက်ခံမှ
ဘုရားကိုးကွယ်မှုဟာတည်တန့်ရတယ်
သူများကိုမကောင်းပြောချင်ဇောအားကြီးတဲ့သူမျိုးတွေနဲ့
ငြိမ်းချမ်းရေးဝေးပါသေးတော့
အဂတိကြီးသူပါတကား

boxerburma said...

၁၀၉ ၁၁၀ တွေ များလှပေါ့၊၊၊ ငါလဲ ၀င်ပါဦးမယ် ...ဂျာအေး သူ့ အမေ ရိုက် ....

Ko Min said...

ငါတို့ကို 109/110 ဆိုရင် ဆန္ဒပြ..ဆန္ဒဖော်ထုတ်.. လမ်းလျှောက်နေတဲ့သူတွေကကော... 109/110 ပဲလား.....

သံလမ်းရိုးသား said...

သားလေးဂျူလီစိုးရေ- ဘဘပြောပြမယ်နော် ခရစ်ယာန်တရားဟောဆရာတွေ ဖန်တီးထားတဲ့ပါဠိပျက်တွေနဲ.လျှောက်ရွှီး လျှောက်မှုတ် မနေပါနဲ.ကွယ်။ ဒို.များရဲ့ရှမ်းဘရားတွေနဲ. ဋ္ဌာပနာတွေဖေါက်ခိုးပြိး နိုင်ငံခြားရောင်းစာနေတာက မင်းတို.KIO/KIAကဆရာကြိးတွေပါကွာ။ ကာမိုင်းရဲစခန်းဘာလို.အတိုက်ခံရလဲ သိလား။ ကာမိုင်းရဲစခန်းမှာ ဘုရားဆင်းတုတော်ခိုးလာတဲ့သူခိုးတယောက်သက်သေခံ ပစ္စည်းနဲ.အတူလက်ပူးလက်ကြပ်မိခဲ့တယ်လေ။ ပဟေဠိပေးလိုက်မယ်နော် ဘာလူမျိုးလဲ ဘယ်အဖွဲ.ကလဲ စုံစမ်းက်ြည့နော် သူ.ကိုသွားကယ်ကြတာကွယ့် ရာထူးလဲနဲနဲရှိပုံရပါတယ်။ သက်သေအထောက်အထားနဲ.ပေါ်သွားမှာစိုးလို.ပေါ့ ကွယ်။ လူမျိုးထည့်ပြောရင်တစ်ဖွဲ.မကောင်းတာတမျိုးလုံးနာမှာသနားလို. ကိုယ်ချင်းစာလို.ပါ။ ဒါပေမယ့်ဘုရားဋ္ဌာပနာဖေါက်တာတို. ဘုရားဖျက်ဆီးတာတို. က အင်မတန်အပြစ်ကြိးတယ်ကွဲ. ငါတို.မှော်ထဲမှာ ဘယ်ဘာရဲ့ဘုရားကျောင်းမှာမဆို ကျောက်တူးသွားတဲ့လူတွေကို စုံစမ်းကြည့်လိုက်ပါ အကုန်လုံး ဒုက္ခရောက်ကုန်ကြတာပါပဲ။ ဘာသာတရားးဆိုတာ လူသားတိုင်းရဲ့နှလုံးသားတည်ရာပါပဲ။ နတ်ကြော့တွေကိုးကွယ်ထားတဲ့နတ်စင်တောင်ဖျက်ဆီးကြည့်လေ ဘာဖြစ်သွားမလဲဆိုတာ။ တာလီဘန်တွေကြည့်လေ ဘာတွေဖြစ်သွားသလဲဆိုတာ။ ဘုရားတွေမိုင်းနဲ.ခွဲပြစ်ခဲ့တာ တကမ္ဘာလုံးက ၀ိုင်းတားခဲ့တာတောင်မရခဲ့ဘူး။ kia/ki0လဲမင်းတို.မျက်မြင်ကိုယ်တွေ.ပါပဲ။ တောင်ပေါ်သားခခူးကြိးတယောက်အသေဆိုးနဲ.သေရတော့မယ်လေ။ မင်းလဲဗုဒ္ဓတရားတော်ကို ပါဠိပျက်တွေတီထွင်ဖန်တီးပြိး ဖျက်ဆီးနေပြိနော်။ သတိထားပါ လက်နဲ.ရေးပြိးဖျက်ဆီးရင်လက်ပြတ်တတ်ပါတယ်။ မကြာတော့ဘူနော် သမိုင်းအထောက်အထားတွေ တခုပြိး တခု မင်းတို.အားလုံးနဲ.တနိုင်ငံလုံး တိုင်းရင်းသားအားလုံး တကမ္ဘာလုံးက မျက်ဝါးထင်ထင်တွေ.မြင်ရတော့မှာပါ။ လောကတွင်အဓမ္မတရားသည် ဓမ္မတရားကိုအနိုင်ရရိုး ထုံးစံမရှိပါ။ ဓမ္မနှင့်သစ္စာတရားကိုဖျက်ဆီးသော မည်သို.သောသူယုတ်မာမျိုးများကိုမဆို သဘာဝတရားကဒဏ်ခတ်ပါစေသတည်း။

Ko Min said...

ညီနောင် သံလမ်းရိုးသား ရေ... ခင်ဗျားပြောတာ အရမ်းကောင်ပါတယ်...ဗဟုသုတလဲရပါတယ်.... သိထားတာများရှိသေးရင် မျှပါအုံး...

Unknown said...

မင်းတို့ က ဗမာထမင်းကိုစား ဗမာစကားကို ဗမာစာကို
ရေးဆိုတဲ့ မင်းတို့ စကားကို မင်းတို့ ပြန်သုံးသတ်ကြည့်ပါ
ဗမာ စကားကို မင်းတို့ ဗမာတွေနဲ့ တွေ့ မှပဲ ဗမာစကားပြော
တယ် ပြီး မင်းတို့ အခုသင်နေတဲ့စာက ဗမာစာ အစစ်လား
အတုလားဆိုတာကို မင်းတို့ သိကြရဲ့လား အခုမင်းတိုပြော
နေတဲ့ ဗမာစာဟာ ရခိုင်တိုင်းရင်းသားတွေရဲ့ စာပေနဲ့ 
မွန်တိုင်းရင်းသားတွေရဲ့စာကို ကူးယူပြီး မြန်မာစာလို့ 
ဗမာ အရှေ့ဂေါင်းဆောင်တွေက ပြုလုပ်ခဲ့ကြတာပဲလေ
ပြီးယင် မင်းတို့ ဗမာအစိုးရအထက်ထက် ဘယ်တိုင်း
ရင်းသာတွေရဲ့ စာပေနဲ့  ယဉ်ကျေးမှုတွေကို လေးစားရို
သေခဲ့ကြလို့ လည်း ဒါဟာ ဗမာစာလား။ အချိန်ရယင်
ဒီသမိုင်းတွေကို ငါပြောပြမယ် မင်းတို့ ရဲ့ ဘဝအမှန်ကို
မင်းတို့ သိချင်ယင်ပေါ့

Unknown said...

မင်းဘာသိလို့ပြောနေတာလဲ

Unknown said...

that right good

UShinGyi said...


သံလမ်းရိုးသားဆိုတဲ့လူ မင်းအခုပြောနေတဲ့ အောက်တန်းကျလွန်းတဲ့ ရာဇ၀တ်ပြစ်မှု
အခင်းအကျင်းတွေဟာ မင်းတို့ရဲ့ ကောက်ကျစ်ယုတ်မာ အောင်
တန်းကျလတဲ့ စိတ်ရင်းအခြေခံမျိုးရှိတဲ့ စစ်ခွေး စစ်အာဏာရှင်တွေစီမှာပဲရှိတယ် ကွ ။ လူတိုင်းကို မင်းတို့စိတ်နဲ့နှိုင်းပြီးစွပ်ဆွဲအပြစ်ရှာမနေပါနဲ့ကွာ ကိုအောက်တန်းကျတာကို ဖောက်ပြသလိုဖြစ်နေပြီ။
တခုခု နိုင်ငံရေး ကျပ်ထဲကျင်းထဲရောက်ရင် အများပြည်သူ တွေ သွားလာလုပ်ရှားတဲ့ နေရာတွေမှာ မှိုင်းခွဲမယ် ပြီးရင်ဘယ်အဖွဲ့က ဖျက်လိုဖျက်စီး
အဖျက်အမောက်လုပ်ငန်းတွေကို လုပ်နေပါတယ် ဘာရယ် ဆိုပြီး
သတင်းစာ တီဗွီတွေထဲကနေ၀ါဒဖြန့် မသိတဲ့ လူတွေကတော့ မင်းတို့ပြောတာတွေကို အဟုတ်မှတ်လို့။ မင်းတို့လို အာဏာရူးတွေပဲ ဒီလို ယုတ်မှာ အောက်တန်းကျတဲ့ နည်းတွေကိုသုံးတတ်တာကွ ကျန်တဲ့ တိုင်းရင်းသားလက်နက်ကိုင်တိုင်း ဒါမျိုးတွေ စဉ်းတောင် စဉ်းစားမိမှာမဟုတ်ဘူး။ အာဏာကို မျက်စပစ်လာလို့ကတော့ ဘယ်ကောင်ဖြစ်ဖြစ် ...အဆုံးကွာ ဘုန်းကြီးတောင် စစ်သားဆိုတဲ့ နွားမျိုးတွေက လူရှေ့သူရှေ့ရိုက်သတ်ပြသေးတာပဲ ကျန်တဲ့ သာမန်လူဆိုရင်ပြောမနေနဲ့တော့ ။။လူရှေ့သူရှေ့မှာကျတော့ ဘုရားတည် ကျောင်းဆောက်နဲ့ ဘုရားတရားပဲ တအားရိုသေကိုင်းရှိုင်းသလိုလိုလုပ် နောက်မှာကျတော့
ခွေးထက်အောက်တန်းကျတဲ့ ယုတ်မာရိုင်းဆိုင်းတဲ့ လုပ်ရပ်တွေ ပြစ်မှုတွေကို ကျူးလွန်နေကျတယ် ကောင်းရောပဲ။ဂျပန်တို့ နာဇီတို့ဆိုတဲ့ ဖက်ဆစ်တွေကတောင် မင်းတို့ စစ်တပ်ယုတ်မှာပုံမျိုးကို ဖအေခေါ်ရမလိုဖြစ်နေတယ်။ အခုမင်းတို့ အချိန်မလို့ ကောင်းကောင်းကြီး ပြည်သူ့ပိုက်ဆံတွေကို သုံးဖြုန်ပြီး လူတကာအပေါ် လိုက်ယုတ်မာထားကျအုံးပေါ့ကွာ ဟုတ်လာ မင်းတို့ အလဲလာမှ မနွဲ့စတန်းပေါ့ ။ KIA လောက်ကိုပဲ မင်းတို့ရဲ့ လေယာဉ်အစုတ်တွေနဲ့ ဗုံးကျဲလို့ရမယ် ။ တကယ့်ကို ပြောင်မြှောက်တဲ့ မြန်မာ့လေတပ်မတော်က တိုင်းရင်းသား လူအနဲစုဖြစ်တဲ့ ကချင်ညီအကိုတွေကို ဗုံးတွေနဲ့ ဒလဟောကျဲချပြီး တိုက်ခိုက်လိုက်ပုံများ သမိုင်းပါပဲ။ မင်းတို့သုံးတဲ့ အဲယား တူ ဂရောင်း ရောကတ်တွေ ဗုံးတွေဆိုတာ အမေရိကန် ဗီယက်နမ် စစ်တုန်းက ဗီယက်နမ် လေတပ်ကသုံးတဲ့ ရုရှားမိတ် ရော့ကတ်တွေ ဒုံးတွေလောက်တောင် အဆင့်မရှိဘူးဆိုတာကောသိလား။ ဒါများ ကွာ တခြားတိုင်းတပါးသားကို မြန်မာ့လေတပ်က အကြီးအကျယ် ဖျက်စီးတိုက်ခိုက်လိုက်သလို ဟန်ပန်အမူအရာတွေနဲ့ စောက်ရှက်ကိုနဲနဲမှ မရှိတဲ့ကောင်တွေ။ အဲဒီ ရုရှားနဲ့ တရုတ်စီက ပေါချောင်ကောင်း ရထားတဲ့ လေယာဉ်အစုတ်ပလုတ် လက်နက် အဆွေးအပျက်တွေနဲ့ UWSA "၀" ကို သွားတိုက်ကြည့်လေ။ မင်းတို့တိုက်ရဲလာ။ သိန်းစိန်နဲ့ မင်းအောင်လှိုင်လဒနှစ်ကောင် ဇမရှိပါဘူးကွာ။ UWSA လို တရုတ်ဘိန်းရာဇာ တွေအုပ်ချုပ်တဲ့ "၀" လို ချမ်းသာပြီး လက်နက်ကောင်းတွေ တပ်စင်ထားတဲ့ စစ်တပ်မျိုးကိုတော့ မင်းတို့ စောက်တပ်မတော်က ဖင်တုံအောင်ကြောက်တယ်မလား ဟာ...ဟးးး။ မင်းတို့လေယာဉ်တွေမှာ ဝေဟင်မှ ဝေဟင်ပစ် ရေဒါတွေကော ပါရဲ့လားလို့ သွားပြီးလဲ တက်ကြည့်ကျအုံး ...အခွန်ပဲရှိတဲ့ နွားတွေရ အဲဒါကော မင်းတို့သိလား။

Uncle Chan's အမလ said...


အပေါ်ကကောင် မင်းကွန်မန့်တွေက ဘာအဆင့်ရှိလို့
နမြောနေတာလဲ ။ သူ့သားပြောတဲ့ နိုင်ငံရေးအတွေးအခေါ်
လောက်မှ စောက်ဆင့်မရှိလို့ မင်းကွန်မန်းတွေကို လွဏ်းဆွေ ကဖျက်လိုက်တာတဲ့ ဟေ့။ စာအုပ်များများဖတ်
ဦးဏှောက်ထဲမှာ အမှန်တရားတွေနဲ့ ယှဉ်ပြီး များများတွေး
ပြီးမှ အများသူငါရှေ့မှာ ရေးပြ ပြောပြ ။ မင်းတို့အခုပြောတဲ့ လေသံတွေက မင်းတို့ပထွေးတွေ ပြော
ခိုင်းဆိုခိုင်းတဲ့လေသံတွေပါနေတယ်။ ဒါကြောင့် အာရုံနောက်လို့ ဖျက်ပြစ်တာနေမှာပေါ့ကွ။

Unknown said...

ဟားဟား FUAB ရေ မင်းပြောလိုက်မှပဲ ဒီကောင်တွေရဲ့
ပုံမှန်ရုပ်ကို သေသေရှာရှာမြင်မိတော့တယ် အကုန်လုံး
ကို ဖွင့်ပြောချလိုက်ကွာ အောင်ဆန်းစုကြည်ကတောင်
ဗမာနှိုင်ငံဆိုတာကို ပါးစပ်ကမချဘူး ပြောနေသေးတာ
လေ မြန်မာနဲ့ ဗမာ ကိုတောင် ခွဲခွဲခြားခြား မသိသေးဘူး
ဗမာဆိုတာ လူမျိုးစုတစ်စုကိုပြောတာ မြန်မာဆိုတာ
တိုင်းရင်းသားအကုန်လုံးကို ကိုယ်စားပြုထားတာ။ ဒါကို
ဒေါ်စုက လက်မခံချင်းဘူး ဒါနဲ့ များ တိုင်းရင်းသားတွေကို
ချစ်ပါတယ် ဘာညာ လုပ်နေသေးတယ် ဒါတွေဟာ
လူမျိုးကြီးဝါဒမဟုတ်ဆိုယင် ဘာလည်း။ အကုန်လုံး ဒီ
ပုတ်ထည်းက ဒီပဲပါပဲ။

Ko Min said...

သားလေးဂျူလီစိုးရေ- ဘဘပြောပြမယ်နော် ခရစ်ယာန်တရားဟောဆရာတွေ
ဖန်တီးထားတဲ့ပါဠိပျက်တွေနဲ.လျှောက်ရွှီး လျှောက်မှုတ် မနေပါနဲ.ကွယ်။
ဒို.များရဲ့ရှမ်းဘရားတွေနဲ. ဋ္ဌာပနာတွေဖေါက်ခိုးပြိး
နိုင်ငံခြားရောင်းစာနေတာက မင်းတို.KIO/KIAကဆရာကြိးတွေပါကွာ။
ကာမိုင်းရဲစခန်းဘာလို.အတိုက်ခံရလဲ သိလား။ ကာမိုင်းရဲစခန်းမှာ
ဘုရားဆင်းတုတော်ခိုးလာတဲ့သူခိုးတယောက်သက်သေခံ
ပစ္စည်းနဲ.အတူလက်ပူးလက်ကြပ်မိခဲ့တယ်လေ။ ပဟေဠိပေးလိုက်မယ်နော် ဘာလူမျိုးလဲ
ဘယ်အဖွဲ.ကလဲ စုံစမ်းက်ြည့နော် သူ.ကိုသွားကယ်ကြတာကွယ့်
ရာထူးလဲနဲနဲရှိပုံရပါတယ်။ သက်သေအထောက်အထားနဲ.ပေါ်သွားမှာစိုးလို.ပေါ့
ကွယ်။ လူမျိုးထည့်ပြောရင်တစ်ဖွဲ.မကောင်းတာတမျိုးလုံးနာမှာသနားလို.
ကိုယ်ချင်းစာလို.ပါ။ ဒါပေမယ့်ဘုရားဋ္ဌာပနာဖေါက်တာတို. ဘုရားဖျက်ဆီးတာတို. က
အင်မတန်အပြစ်ကြိးတယ်ကွဲ. ငါတို.မှော်ထဲမှာ ဘယ်ဘာရဲ့ဘုရားကျောင်းမှာမဆို
ကျောက်တူးသွားတဲ့လူတွေကို စုံစမ်းကြည့်လိုက်ပါ အကုန်လုံး
ဒုက္ခရောက်ကုန်ကြတာပါပဲ။ ဘာသာတရားးဆိုတာ
လူသားတိုင်းရဲ့နှလုံးသားတည်ရာပါပဲ။
နတ်ကြော့တွေကိုးကွယ်ထားတဲ့နတ်စင်တောင်ဖျက်ဆီးကြည့်လေ ဘာဖြစ်သွားမလဲဆိုတာ။
တာလီဘန်တွေကြည့်လေ ဘာတွေဖြစ်သွားသလဲဆိုတာ။ ဘုရားတွေမိုင်းနဲ.ခွဲပြစ်ခဲ့တာ
တကမ္ဘာလုံးက ၀ိုင်းတားခဲ့တာတောင်မရခဲ့ဘူး။
kia/ki0လဲမင်းတို.မျက်မြင်ကိုယ်တွေ.ပါပဲ။
တောင်ပေါ်သားခခူးကြိးတယောက်အသေဆိုးနဲ.သေရတော့မယ်လေ။ မင်းလဲဗုဒ္ဓတရားတော်ကို
ပါဠိပျက်တွေတီထွင်ဖန်တီးပြိး ဖျက်ဆီးနေပြိနော်။ သတိထားပါ
လက်နဲ.ရေးပြိးဖျက်ဆီးရင်လက်ပြတ်တတ်ပါတယ်။ မကြာတော့ဘူနော်
သမိုင်းအထောက်အထားတွေ တခုပြိး တခု မင်းတို.အားလုံးနဲ.တနိုင်ငံလုံး
တိုင်းရင်းသားအားလုံး တကမ္ဘာလုံးက မျက်ဝါးထင်ထင်တွေ.မြင်ရတော့မှာပါ။
လောကတွင်အဓမ္မတရားသည် ဓမ္မတရားကိုအနိုင်ရရိုး ထုံးစံမရှိပါ။
ဓမ္မနှင့်သစ္စာတရားကိုဖျက်ဆီးသော မည်သို.သောသူယုတ်မာမျိုးများကိုမဆို
သဘာဝတရားကဒဏ်ခတ်ပါစေသတည်း။

kyawthusukyi said...

အို ဘာပဲဖြစ်ဖြစ် ကိုယ့်တိုင်းရင်းသားတွေဆီက စာလုံးတွေယူတာပဲ မြန်မာဘုရငိတွေရဲ့ချစ်ကြည်ရေးပေါ့
မလေးရှား အင်ဒိုနီးရှားတို့ဆိုရင် ကိုယ်ပိုင်ဘာသာ စာလုံးမရှိကြဘူး တိုင်းရင်းသားတွေအများကြီးရှိတဲ့ အင်ဒိုနီးရှားဆို ရင်လည်း တိုင်းရင်းသားအချင်းချင်း တောင် ယူစရာ ခိုးစရာဘာသာစာလုံး မရှိခဲ့လို့ အာရပ်ဘာသာနဲ့ သုံးရတယ်။ နောက်တော့
မလေးရှားနဲ့အင်ဒိုနီးရှားဟာ English စာလုံး ABCတွေကို စာရေးဖ်ု့သုံးနေရတာပေါ့
လူမျိုးဘာသာပုံစံမတူ သူတွေဆီက မယူပဲ
ကိုယ်နဲ့တူတဲ့ကိုယ့်တိုင်းရင်းသားအချင်းချင်း ယူတာပဲ

Ko Min said...

Buddha ကို ကျွန်တော်အရမ်းလေးစားပါတယ်... ဘာကြောင့်လဲဆိုတော့

Buddha ဟာ ဒီကမ္ဘာကြီးကို သူပိုင်တယ်လို့ မကြွားခဲ့ပါဘူး....

သူ့ကိုကိုးကွယ်ရင် ဆုလာဒ်တွေပေးမယ်လို့ မစည်းရုံးခဲ့ပါဘူး.....

သူ့ကိုမရှိခိုးရင်..မကိုးကွယ်ရင်....ငရဲကိုပို့ပစ်မယ်လို့ မခြိမ်းခြောက်ခဲ့ပါဘူး....

သူ့ကိုတစ်နေ့ဘယ်နှစ်ကြိမ်ရှိခိုးရမယ်လို့ မချုပ်ချယ်ခဲ့ပါဘူး....

သူ့ကိုရှိခိုးခြင်းထက် စရဏ ပိုင်းကောင်းမွန်ခြင်းဟာ ပိုမြတ်တယ်လို့ ပြတ်ပြတ်သားသား ပြောကြားခဲ့သူပါ.....

သူပြောတဲ့စကားတိုင်းကိုလည်း အလွယ်တကူမျက်စိမှိတ် မယုံကြည်လိုက်ပါနဲ့လို့ ရဲရဲတောက် ပြောကြားခဲ့သူပါ....

သူဟောကြားခဲ့တဲ့ ဒီအမှန်တရားတွေဟာ သူပိုင်တာမဟုတ်ပါဘူး...သဘာဝအမှန်တရားတွေသာဖြစ်တယ်လို့....ပေါ်ပေါ်တင်တင် ပြောကြားခဲ့သူပါ....

သူရရှိခဲ့တဲ့ ဘုရားအဖြစ်ကိုလည်း သူတစ်ယောက်ထဲ မောင်ပိုင်စီးထားတာမျိုးမဟုတ်ပဲ... ဘုရားဖြစ်ချင်ရင် လူသားတိုင်း ကြိုးစားလို့ရတယ်ဆိုတဲ့ လမ်းကြောင်းတစ်ခုကို

စိတ်သဘောထားကြီးမြတ်စွာနဲ့ ချပြခဲ့သူပါ....

လွတ်လပ်စွာတွေးခေါ်ခွင့်...လွတ်လပ်စွာပြောဆိုနေထိုင်ခွင့်...လွတ်လပ်စွာ ယုံကြည်ခွင့်ဆိုတဲ့ ဒီမိုကရေစီ သဘောတရားတွေကို ပြောကြားခဲ့တဲ့ ပထမဆုံးသော

ဘာသာရေးခေါင်းဆောင်တစ်ယောက်ပါ....

လူတန်းစားခွဲခြားခြင်း..လူမျိုးရေးခွဲခြားခြင်းတို့ကို ဆန့်ကျင်ခဲ့တဲ့ ပထမဆုံးသော ဘာသာရေးခေါင်းဆောင်တစ်ယောက်ပါ...

ကိုယ်ကောင်းတာလုပ်ရင်ကောင်းတာဖြစ်မယ်..မကောင်းတာလုပ်ရင်မကောင်းတာဖြစ်မယ်...မိမိရဲ့ကောင်းခြင်းဆိုးခြင်းရလာဒ်တွေဟာ မိမိရဲ့

အတိတ်/ပစ္စုပန်ကာလတွေရဲ့ လုပ်ရပ်တွေကြောင့်ဖြစ်တယ်..မည်သူတစ်ဦးတစ်ယောက်ကမှ ဖန်တီးစီရင်နေတာမဟုတ်ဘူးလို့

အကြောင်းတရားကြောင့်အကျိုးတရားဖြစ်ရခြင်းကို ပြောကြားခဲ့တဲ့ တစ်ဦးတည်းသော ဘာသာရေးခေါင်းဆောင်တစ်ယောက်ပါ....

သူ့ရဲ့တစ်သက်တာကာလပတ်လုံးမှာ သူတားမြစ်ခဲ့တဲ့တရားတွေကို သူကိုယ်တိုင်လည်းလုံခြုံခဲ့ပါတယ်....

အဲဒါကြောင့်ကျွန်တော်ဟာ buddha ကိုအရမ်းလေးစားပါတယ်..အရမ်းကြည်ညိုပါတယ်...

သူဟောကြားခဲ့တဲ့ ငြိမ်းချမ်းရေးတရားတော်တွေဟာ အခုချိန်ထိ မှန်ကန်နေတုန်းပါပဲ...လိုက်နာကျင့်သုံးရင်

အသုံးဝင်နေတုန်းပါပဲ... ဒီနေ့ကမ္ဘာကြီးငြိမ်းချမ်းအောင် Buddha တရားတော်တွေထဲမှာ နည်းလမ်းတွေရှိနေပါတယ်...

Buddha ကျင့်ကြံခဲ့တဲ့ ၀ိပဿနာတရားတွေဟာလည်း Buddha ချမှတ်ပေးခဲ့တဲ့နည်းလမ်းတွေအတိုင်း လက်တွေ့ကျင့်ကြံကြည့်ရင် စိတ်ရဲ့ငြိမ်းချမ်းခြင်းကို

အမှန်တကယ် ရှာတွေ့နိုင်တယ်ဆိုတာ ဘာသာခြားတွေတောင် လက်ခံနေကြပါတယ်...၀ိပဿနာတရားစခန်းတွေမှာ ဖန်ဆင်းရှင်ဝါဒကိုယုံကြည်တဲ့

ဘာသာခြားတွေအများကြီး လာရောက် ကျင့်ကြံအားထုတ်နေကြတာ အများကြီးရှိပါတယ်....

Buddha ဟာ ကြွားဝါမှုတွေ..စည်းရုံးမှုတွေ...ခြိမ်းခြောက်မှုတွေ...ချုပ်ချယ်မှုတွေမလုပ်ခဲ့ပါပဲနဲ့...သူ့စကားကို ယုံကြည်စွာ လိုက်နာနေကြတဲ့

Buddha ဘာသာဝင်တွေ ယနေ့အထိအများကြီးရှိနေဆဲဖြစ်တာကို ကျွန်တော် အင်မတန်မှကို ဂုဏ်ယူမိပါတယ်...

အခု Buddha မရှိတော့တာ နှစ်ပေါင်း ၂၅၀၀ ကျော်သွားပါပြီ...အင်အားအကြီးဆုံး ဘာသာကြီး ၄ ခုထဲမှာ အခုချိန်ထိ ပါဝင်နေတာကို အံ့သြချီးကျူးလို့ကို မဆုံးနိုင်တော့ပါဘူး....

ဒါကြောင့် ကျွန်တော်ဟာ Buddha ဘာသာဝင်ဖြစ်ရတာ ဂုဏ်ယူပါတယ်... Buddha ဘာသာဝင် အသိုင်းအ၀ိုင်းကြားမှာ မွေးဖွားလာရတာကိုလည်း

အလွန်ကျေနပ်မိပါတော့တယ်....

(ကျွန်တော်ဒီလိုတွေရေးလိုက်တာဟာ သူများဘာသာကို မကောင်းပြောတာမဟုတ်ပါဘူး...ဘယ်ဘာသာကိုမှ ထိခိုက်စေလိုသော ဆနမရှိပါဘူး....Buddha ဘာသာဝင်တစ်ဦးရဲ့

ရိုးရှင်းသော ရင်တွင်းခံစားချက်သက်သက်သာဖြစ်ပါတယ်....)

၈၈ သုံးတန်းကျောင်းသားဟောင်း said...

ငြိမ်း ချမ်း ရေး ပဲ ဆွေး နွေး ကြ ပါ ဗျာ ဘာ သာ ရေး နဲ့ လူ မျိုး ရေး တွေ မ ရော ယှက် ကြ ပါ နဲ့

Unknown said...

ဒေါ်ဒွဲဘူက..ကေအိုင်အေလူဗျ..နောက်ပြီးဂျိန်းဖောလူမျိုး၊ ကေအိုင်အေကို မသိမသာထောက်ခံနေတာ။ ကေအိုင်အေရဲ့ ၀မ်ပေါင် သမ္မတနိုင်ငံ အိမ်မက်မှာဒေါ်ဒွဲဘူက လည်း အရေးကြီးတဲ့အခန်းကဏ္ဍတစ်ရပ်က ပါဝင်ဖို့ အစီအစဉ်များရှိတယ်လို့လဲ အတည်မပြုနိုင်တဲ့သတင်းရပ်ကွက်များကဆို၍နေပါကြောင်း ကြားသိနေရပါတယ်။

Uncle Chan's အမလ said...



ဟ ဘယ်ကဘုရားလူကြီးရောက်နေတာလဲ ။
ခင်များတို့ ဘာသာတရားဘယ်လောက်ကိုင်းရှိုင်းကြောင်း
ဘယ်လောက်သိတတ်နားလည်ကြောင်း ဒီလို နိုင်ငံေ၇း
ဘလောဘ့်မှာလာပြီး လေလုံးထွားလို့ ကြွားပြမနေစမ်းပါနဲ့
ဗျာ။ ကိုဘယ်လောက် ဘာသာရေးလိုက်စားကြောင်း ကို့ကိုယ်ကို ကလွဲပြီးဘယ်သူမှ မသိနိုင်ဘူး ကိုတရားလား
မတရားလားဆိုတာ ကို့ကိုယ်ကိုနဲ့ ဘုရား နတ်တွေကလွဲပြီး ဘယ်သူမှမသိနိုင်ဘူး။ ကိုယ်က ဘုရားတရားတကယ်ပဲလိုက်စားသလား တရားသဖြင့် ပြုမူကျင့်ကြံသလားဆိုတာ ကိုပြုတဲ့ ကုသိုလ် အကုသိုလ်အကျိုးသေခါမှသိမယ်။ ပါစပ်က ဘုရားဘုရား လက်က ကားရားကားရား အဲ..အဲလိုတွေတော့မလုပ်နဲ့ပေါ့။ အများတကာရှေ့ ငါဘုရားဒကာလို့ လေလုံးထွားကြွားပြောစရာလဲမလိုဘူး။ ခင်များတို့ အဲလို ကြွားပြောနေလို့လဲ သေရင် နှိဗာန်ရောက်မယ်မထင်နဲ့။ ခင်များတို့လို လူတွေပဲသေရင်
ငရဲအရင်ရောက်တာ။ ခင်များတို့ အဘဆိုသူများက စစ်ယူနီဖောင်းတွေ တကားကားနဲ့ ဘုရားတွေတည် ကျောင်းတွေဆောက် လို့ မသိတဲ့ အများပြည်သူများကတော့ သာဓု ခေါ်လို့ ပေါ့။ မကြာပါဘူး ဘုရားသား ရဟန်းတွေကို ဘီးလူးသဘက်တွေလို ၀ိုင်းပြီးရက်စက်ကြမ်းကျုတ်ကျတာ အဲလူတွေ ထိပ်ကပဲ။အခုလို ဘာသာရေး လူမျိုးရေးနဲ့ ရှင်ပြီး စကားနိုင်လုတာအကြောင်းမဟုတ်ဘူး ...အမိုက်ကစ ပြသဒ်မီးလောင်တာမျိုးမဖြစ်စေနဲ့ပေါ့ အဲလို ပြသနာမျိုးက ဒီလို အပြုအမူတွေကနေစတယ်ဆိုတာကိုလဲ သိထားကျပေါ့။
အဲလောက်ထိ စိတ်ကောင်းရှိပြီး တရားသဘောတွေနဲ့သာ မွေ့လျှော်နေတဲ့ လူတယောက်ဆိုရင်လဲ ဒီလို အကုသိုလ် မကင်းတဲ့ နိုင်ငံရေး ဘလောဘ့်ထဲမှာ လာပြီး ကော်မန်းရေးမနေနဲ ဘ၀သံသရာအကျိုးပေးကောင်းအောင် ကုတုံးတုံး ဘုန်းကြီးဝတ်ပြီး ဘုရားရိပ်တရားရိပ်မှာသာနေလိုက်ကျပေတော့ဗျို့။

မာလာကမာ said...

ဟေ့ ငမင်းဆိုတဲ့နွား အဲလိုလမ်းပေါ်ထွက်ဆန္ဒပြပြီးအသက်တွေပေးတောင်းဆိုခဲ့ ကြလို့  မင်းအ မေ့လင်တွေကြောက်ပြီး အ ရေခွံ လဲလွှတ်တော်ထဲပြေးထိုင်ကြတာပေါ့ကွ

Khp said...

Ko Min,

Do you know Buddha is a " Kalar" ?

Ko Min said...

MR KHP, သေသေချာချာ လေ့လာလိုက်ဦး... Buddha is a " Kalar" or WHAT??????

မသိဘဲနဲ့ ပြောမနေနဲ့....