Friday, January 11, 2013

တကိုယ်တော် သတင်းဘလော့ဂ်ဂါ ဒေါက်တာလွဏ်းဆွေ အမြန်ဆုံးကျန်းမာစေကြောင်း ဆုမွန်တောင်း

တကိုယ်တော် သတင်းဘလော့ဂ်ဂါ ဒေါက်တာလွဏ်းဆွေ အမြန်ဆုံးကျန်းမာစေကြောင်း ဆုမွန်တောင်း
မိုးမခ၀ိုင်းတော်သားများ၊ ဇန်န၀ါရီ ၁၁၊ ၂၀၁၃

မြန်မာပြည်ရဲ့ ရွှေဝါရောင်တော်လှန်ရေးကာလကစပြီးတော့ မြန်မာ့အရေးသတင်းများကို စုစည်းတင်ဆက်သူ၊ မြန်မာ့အရေးဆိုင်ရာ ကိုယ်ပိုင်အယူအဆသဘောထားများကို ပွင့်ပွင့်လင်းလင်း ဝေဖန်ပြောကြားသူ၊ ပွဲဆူသူ တကိုယ်တော် သတင်းဘလော့ဂ်ဂါ၊ စာရေးဆရာ၊ အယ်ဒီတာ ဒေါက်တာလွဏ်းဆွေ ဇန်န၀ါရီ ၅ ရက်နေ့ကစပြီး လေဖြတ်ဝေဒနာဖြစ်ပြီး ဆေးရုံတက် ဆေးကုသမှုခံယူနေရတယ်လို့ ကြားသိရပါတယ်။

ကိkယ်ထူကိုယ်ထ သတင်းစာမျက်နှာများ သတင်းဆောင်းပါးများ နေ့စဉ် အပင်ပန်းခံပြီး စုစည်းတင်ဆက်ပေးသူအဖြစ် ပြည်တွင်းပြည်ပက မြန်မာသတင်းငတ်သူများအတွက် ဒေါက်တာလွဏ်းဆွေဘလောဂ့်ဟာ ထင်ရှားတဲ့ အင်တာနက်စာမျက်နှာ ဖြစ်ပါတယ်။ ဖေ့စ်ဘွတ်ခေတ်ရောက်လာတော့လည်း ဒေါက်တာလွဏ်းဆွေ ကောက်နုတ်တဲ့ သတင်းတွေ၊ ဆောင်းပါးတွေကို အများသူငှာက လက်ဆင့်ကမ်း ဖြန့်ဝေကြတာမို့ ခေတ်စားဆဲဖြစ်တယ်လို့ ဆိုနိုင်ပါတယ်။

ယခုအချိန်မှာ ရောဂါဝေဒနာကြောင့် ဆေးကုသမှုခံယူပြီး အနားယူနေတဲ့ မိတ်ဆွေ ဒေါက်တာလွဏ်းဆွေတယောက် အမြန်ဆုံး ကျန်းမာစေကြောင်း မိုးမခသတင်းစာမျက်နှာက ၀ိုင်းတော်သားတွေက ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။

လွန်ခဲ့တဲ့ ၂၀၁၃ နှစ်သစ်ကူးတုန်းက အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟယ်လရီကလင်တန်တယောက် ဦးနှောက်ထဲ သွေးခဲတခု ပိတ်ဆို့လို့ဆိုပြီး အုတ်အော်သောင်းနင်း ဖြစ်ခဲ့ကြပါတယ်။ လေဖြတ်ဝေဒနာအထိ မဖြစ်ပေမယ့် ဆေးရုံမှာ အချိန်တော်ကြာ အနားယူ ကုသမှု ခံယူခဲ့ရတယ်လို့ ဆိုပါတယ်။ သူ ဆေးရုံဆင်းလာတော့ နိုင်ငံခြားရေးရုံးဝန်ထမ်းတွေက နောက်တခါ မူးမော်လဲကျရင် ခံသာအောင်ဆိုပြီး အမေရိကန်ဘောလုံးအားကစားခေါင်းစွပ်အမာတခု လုပ်ပြီး လက်ဆောင်ပေး ကြိုဆိုကြပါသတဲ့။ ကိုလွဏ်းဆွေလည်း ဆေးရုံကဆင်းလာရင် သူ ဆောင်းဖို့ မော်တော်ဆိုင်ကယ်ဦးထုပ်တလုံးတော့ ၀ိုင်းလက်ဆောက်ပေးရင် ကောင်းလေမလားပဲ။

ကိုလွဏ်းဆွေတယောက် အမြန်ဆုံး ကျန်းမာချမ်းသာပါစေ ...။ ။

မိုးမခ၀ိုင်းတော်သား မိတ်ဆွေများ
ဇန်န၀ါရီ ၁၁၊ ၂၀၁၃
ကာတွန်း ကူမိုးကြိုး – ကိုလွဏ်းဆွေအတွက် ကာတွန်းဆေးတခွက်
မိုးမခ (ဇန်န၀ါရီ ၁၃၊ ၂၀၁၃)

3 comments:

Unknown said...

ွှု့အခုလို ဒေါက်တာလွဏ်းဆွေ အကြောင်းကို တင်ပေးတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်။ သူ့အတွက် ဆုတောင်းမေတာပို့ပေးမှာပါ။ ဆိုင်ကယ်ဦးထုတ်တော့လူကိုတွေ့မှပဲပေးတော့မယ်။

minthike said...

လူကြီးကို စော်ကားလို့ ဘေးတွေ့သွားတာပါ။

Unknown said...

အော် !! မပြည့်တဲ့အိုး ဘောင်ဘင်ခက်တယ်ဆိုသလိုပေါ့, ကို့ ကိုယ် ကို Dr. လို့ ပေးရဲတဲ့ သတ်တိက မသေးပါလားနော် ။ farther pope တောင် သူ့ ကိုယ်သူ မပြောဘူး Dr လို့။ ကိုလွမ်းဆွှေ နေကောင်းပါစေ ။ Dr အဆင့် ဆိုတာကိုတော့ သိအောင်ကြိုးစားပါဦး ။