Friday, January 18, 2013

အငြိမ်းစား ဗိုလ်ချုပ်မှူးကြီး ဦးသန်းရွှေ လက်ရှိနိုင်ငံရေးအခြေအနေကို မျက်ကွယ်မပြု

အငြိမ်းစား ဗိုလ်ချုပ်မှူးကြီး ဦးသန်းရွှေ လက်ရှိနိုင်ငံရေးအခြေအနေကို မျက်ကွယ်မပြု
သာလွန်ဇောင်းထက် (ဧရာဝတီ)
January 18, 2013

အငြိမ်းစား ဗိုလ်ချုပ်မှူးကြီး ဦးသန်းရွှေသည် နိုင်ငံရေးတွင် စိတ်ဝင်စားနေဆဲဖြစ်ပြီး လက်ရှိ နိုင်ငံရေးအခြေအနေများကို မျက်ကွယ်ပြုမထားကြောင်း ဦးသန်းရွှေထံ အခါအားလျော်စွာ သွားရောက် လည်ပတ်လေ့ရှိသည့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဒုတိယ ဥက္ကဋ္ဌ ဦးဌေးဦးက ပြောဆိုလိုက်သည်။

ဦးသန်းရွှေသည် နေအိမ်တွင် ကျန်းမာရေး ကောင်းမွန်စွာဖြင့် အေးအေးချမ်းချမ်း နေထိုင်လျက်ရှိပြီး အစိုးရနှင့် တပ်ကို နောက်ကွယ်မှ ကြိုးကိုင်နေသည်ဆိုသော ပြောဆိုချက်များမှာ မဟုတ်မှန်ကြောင်း၊ သို့သော်လည်း နိုင်ငံရေးတွင် စိတ်ဝင်စားဆဲဖြစ်ပြီး သူ တည်ထောင် အုတ်မြစ်ချပေးခဲ့သော စနစ်နှင့် နိုင်ငံရေး အခြေအနေကို မျက်ကွယ်ပြုမထားကြောင်း ဧရာဝတီသတင်းဌာနနှင့် ဇန်န၀ါရီလ ၁၆ ရက်နေ့က သီးသန့်တွေ့ဆုံစဉ် ဦးဌေးဦးက ပြောသည်။

“နိုင်ငံရေးမှာ စိတ်ဝင်စားမှု ရှိတာပေါ့။ နိုင်ငံနဲ့ ပတ်သက်လို့တော့ဗျာ နိုင်ငံ့ခေါင်းဆောင် လုပ်ခဲ့တာပဲ။ သူအခြေတည်ခဲ့တဲ့ စနစ်ပဲ အောင်မြင်စေချင်မှာပေါ့။ ဒါကတော့ ကျိန်းသေပါတယ်။ မအောင်မြင်စေချင်ဘူး၊ မျက်နှာလွှဲ ခဲပစ် ထားခဲ့တယ် ဆိုတာလည်း မဟုတ်ပါဘူး။ ဗိုလ်ချုပ်မှူးကြီး နေကောင်းပါတယ်။ ကျနော် အခါအားလျော်စွာ ရောက်ပါတယ်။ သို့သော်လည်းပဲ အမြဲတမ်း ပုံမှန်တော့ မဟုတ်ပါဘူး။ သူလည်း တကယ့်ကို အေးအေးချမ်းချမ်းပါပဲ။ နောက်ကွယ်ကနေ ဘာလုပ်ညာလုပ်တယ် ဆိုတာလည်း မဟုတ်ပါဘူး၊ တချို့ကိစ္စတွေလည်း။ ဆိုလိုတာက ကျနော်တို့က ပါတီဆိုတာက ပြည်သူနဲ့ ပတ်သက်တာကိုး။ ပြည်သူရဲ့သဘောထားတွေ ဘယ်လိုရှိသလဲ ဆိုတာမျိုးတော့ ကျနော်တို့ ဆွေးနွေးပါတယ်။ အစိုးရနဲ့ပတ်သက်လို့ ဆိုရင်တော့ ကျနော့်ကို ဘယ်ဆွေးနွေးမလဲ။ အစိုးရကို တိုက်ရိုက်ပြောမှာပေါ့” ဟု ဦးဌေးဦးက ပြောသည်။

ဦးသန်းရွှေသည် မြန်မာနိုင်ငံ၏ ဒီမိုကရေစီပုံစံကို စနစ်တကျ စီမံခန့်ခွဲပေးခဲ့ပြီးပြီ ဖြစ်သည့်အတွက် စိတ်ချမ်းသာနေပြီ ဖြစ်ကြောင်း၊ ယခုစနစ် ဆက်လက်ရှင်သန် တိုးတက်ရေးမှာ လက်ရှိ တာဝန်ယူနေသူများက ကြိုးပမ်းရမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။



“တကယ်တမ်း ပြောရရင် သူ (ဦးသန်းရွှေ) ကိုယ်တိုင် စနစ်တကျ စီမံခန့်ခွဲပြီး လုပ်ခဲ့တာ။ စဉ်ဆက်မပြတ် ဦးဆောင်နိုင်တဲ့ ခေါင်းဆောင်တွေဖြစ်အောင် သူကြိုးပမ်းခဲ့ပြီးပြီ။ အဲဒီတော့ သူ့ဘက်က ပြီးသွားပြီ။ စိတ်ချမ်းသာနေပြီ။ ဖြစ်တာ၊ မဖြစ်တာ အခြေအနေချင်း ပြောင်းလဲတာတွေက ဘယ်ပြောနိုင်မလဲ။ အခြေအနေတွေဆိုတာ အမြဲတမ်းပြောင်းနေတာပဲ။ နောက်လူတွေ စဉ်းစားပြီး လုပ်ရမှာပေါ့။ ဒီစနစ်ကို အောင်မြင်အောင် ဆက်လုပ်ရမှာပေါ့။ စနစ်ကို ပြောင်းလဲအောင် လုပ်ခဲ့ပြီးပြီ။ အခြေတည်ခဲ့ပြီးပြီ။ ဒီနေ့ ကျနော်တို့ ဘာတွေလုပ်ရမလဲ။ ဒီစနစ်ကို ဆက်လက်ရှင်သန်လာအောင်ပဲ ကြိုးစားရမှာပဲ။ ပြောင်းလဲတယ် ပြောင်းလဲတယ်နဲ့ နည်းလမ်းတွေက ပြောင်းလဲစရာ မရှိတော့ဘူး၊ မူတွေက ပြောင်းစရာ မရှိတော့ဘူး။ ပါတီစုံဒီမိုကရေစီစနစ် သိသွားပြီလေ။ လွှတ်တော်တွေ ပေါ်လာပြီလေ။ အစိုးရတွေ ပေါ်လာပြီလေ။ ဘာပြောင်းစရာ လိုတော့လဲ။ စနစ်က ဘာပြောင်းစရာရှိလဲ။ ဒီစနစ်ကို ခိုင်မာအောင်၊ ဒီစနစ်ကို အခြေပြုပြီးတော့ ပြည်သူတွေ အကျိုးပြုအောင် နည်းလမ်းတွေရှာဖို့ပဲ လိုတော့တယ်။ လက်ရှိ စီမံခန့်ခွဲတဲ့သူတွေက အကောင်းဆုံး ဖြစ်အောင်လုပ်မယ်လို့ သူ (ဦးသန်းရွှေ) ယုံပြီး ထားခဲ့တာပဲ” ဟု ဦးဌေးဦးက ဆက်ပြောသည်။

ဦးသန်းရွှေသည် ၂၀၁၁ ခုနှစ် အာဏာလွှဲပြောင်းပြီးချိန်မှ စတင်ပြီး အပြင်ထွက်ခြင်း၊ ခရီးသွားလာခြင်း မရှိတော့ဘဲ ဧည့်သည် တွေ့ဆုံမှုလည်း နည်းပါးကြောင်း၊ အဓိကအားဖြင့် ယခင်အစိုးရ လက်ထက်တွင် ရင်းနှီးကျွမ်းဝင်သူများဖြင့်သာ အဓိက တွေ့ဆုံကြောင်း သိရသည်။

“ဗိုလ်ချုပ်မှူးကြီးက အပြင်တွေ၊ ခရီးတွေဘာတွေ မထွက်ဘူး။ ဘယ်သူနဲ့မှလည်း သိပ်မတွေ့ပါဘူး။ ကျနော်တို့နဲ့လည်း အမြဲတမ်း တွေ့တာမရှိပါဘူး။ ကျနော်တို့ အဆင်ပြေတဲ့အချိန်၊ အားတဲ့အချိန် သွားတွေ့တာပေါ့။ မတွေ့ဘူးဆိုတာလည်း မဟုတ်ပါဘူး” ဟု ဦးဌေးဦးက ပြောသည်။

လတ်တလော ဒေါ်အောင်ဆန်းစုကြည်က သမ္မတအဖြစ် တာဝန်ယူလိုသည်၊ အာဏာရလိုသည်ဟု ပြောဆိုမှုများ ရှိလာခြင်းနှင့် ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ရမည်ဟု ပြောဆိုလာမှုများအပေါ် ဖွဲ့စည်းပုံအခြေခံဥပဒေကို တဦးတယောက်တည်းအတွက် ပြင်ဆင်မည် မဟုတ်ကြောင်း ဦးဌေးဦးက ရှင်းလင်းပြောဆိုသွားသည်။

“တိုင်းပြည်နဲ့ လူမျိုးအတွက် ဆိုရင်တော့ ဖွဲ့စည်းပုံအခြေခံ ဥပဒေကိုပြင်မှာပေါ့။ တဦးတယောက်တည်း အတွက်တော့ မပြင်နိုင်ဘူး” ဟု ဦးဌေးဦးက ဆိုသည်။

ဗိုလ်ချုပ်မှူးကြီး သန်းရွှေသည် ၂၀၁၁ ခုနှစ် ဧပြီလတွင် နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီကို ဖျက်သိမ်းပြီး သမ္မတ ဦးသိန်းစိန် ဦးဆောင်သော အစိုးရသစ်ထံ တရားဝင် အာဏာလွှဲပြောင်းပေးခဲ့သည်။

38 comments:

Unknown said...

ဒါဆို သန်းရွှေကြီးက မြန်မာပြည်ရဲ့ဒီမိုကရေစီဖခင်ကြီးပေါ့။ တို့နိုင်ငံလည်း လူ့မိစ္ဆာတွေကို ဘုရားအဖြစ်ရှိခိုးနေရပါလားနော်...

S.Maung Chain said...

Wmies e need to spoil military shadow,but it's very difical cause armies is on still above the the rule.

S.Maung Chain said...

we need to spoil military shadow,but it is very diffical cause arimies still above the rule.

S.Maung Chain said...

Hi
U Than Shwe.
I know You rely on a(Ganbiya) monk and I knowing about You and your monk.What he gave you already and how he suggested you.Don't you scar your other site life cause you are getting old and nearly die.

Anonymous said...

ဆွေစဉ်မျိုးဆက် ဆယ်သက်စားလို့ မကုန်အောင် ခိုးပြီး
ယုတ်မာလို့ အားရ မှ သူတော်ကောင်း ထလုပ်ချင် တဲ့ သန်းရွှေ
အခုမှ နာမည် ကောင်းလိုချင် သေးသလား
မင်းဘယ်လို ဇာတ်သိမ်းမလဲ

Unknown said...

ဗိုလ်သန်းရွှေ လက်ရှိနိုင်ငံရေးအခြေအနေကို မျက်ကွယ်မပြု
ဆိုပြီးမလိမ့်တပါတ်ပြောမနေပါနဲ့။
ခွေးဘီးလူးမျက်နှာနဲ့ ဒီ ဗိုလ်သန်းရွှေ ဟာနောက်ကွယ်ကကြိုးကိုင်နေတာအသိသာကြီးပါ။ ဦးသိန်းစိန်ဆိုတာရုပ်သေးရုပ် တစ်ရုပ်ပါ။

Vai said...

ဌေးဦးကလူသတ်ကောင်ရဲ့  အစေခံ

Moemin said...

ဦးသန်းရွေ မြန်မာနိုင်ငံ ကို ကမ္ဘာမှာ ပညာရေးစနစ် ကျန်းမာရေးစနစ် လူနေမှုအဆင့်အတန်း အနိမ့်ဆုံးနိုင်ငံ ကိုယ်ကျင့်တရား ပျက်ပြီး လဘ်စားမှု့ အများဆုံးနိုင်ငံ ဖြစ်အာင်ပို့ဆောင် ဆောင်ခဲ့ပြီးပြီပဲ စိတ်ချမ်းသာနေပြီပေါ့ တာဝန်ကျေပြီပေါ့ ဌေးဦး ရာ မင်းကို သနားတယ်ကွာ၊၊

Vai said...

ဖွဲ့ စည်းပုံပြင်ဆင်ရေး အဓိကထား လုပ်ဖို့ လိုပြီ.

အောင်းသူ said...

ခွေးလောက်မင်းကသစ္စာမရှိဘူးကွယ်.....သန်းရွေရယ်...

ဖြိုးသီဟ said...

ဌေးဦးကဦးသန်းရွှေကိုသွားသွားပြီးရှိခိုးနေတာနေမှာပေါ့။သူကျွေးလို့ကြီးလာတဲ့မျောက်တွေဆိုတော့ကျေးဇူးသိတတ်နေတာပေါ့။ဖီသန်းရွှေဆိုတဲ့နာမည်ကြားရင်ကိုအော့နှလုံးနာလွန်းလို့။

Unknown said...

၂၀၀၈ဖွဲ့စည်းပုံဥပဒေကပြည်သူတွေအတွက်နဲ့တိုင်းရင်းသားများအတွက်ဘာများကောင်းနေလို့လည်းစစ်တပ်ကိုကာကွယ်ပေးတဲ့ဥပဒေနဲ့လုပ်ပိုင်ခွင့်တွေကပိုများနေပါတယ်လူတစ်စုအတွက်ဘဲဖြင့်ဖြင့်တစ်ဦးတစ်ယောက်အတွက်ဘဲဖြင့်ဖြင့်အများပြည်သူအတွက်အမှန်လိုအပ်သူအတွက်ဆိုပြောင်းလဲပြင်ဆင်ရမှာပါပါတီစုံပေါ်ပေါက်လာပြီးလွတ်တော်တွေရှိလာတယ်ဟုတ်ပါပြီလွတ်တော်ကဘာများပြောင်းလဲမူကြီးကြီးမားမားလုပ်နိင်လည်းစစ်တပ်ကရွေးကောက်ပွဲးဝင်ပြိုင်စရာတောင်မလိုတဲ့လွတ်တော်ကိုယ်စလယ်ကြီးများရဲ့ဆုံးဖြတ်ချက်ကသာအစိကကျပါတယ်ဌေးဦးရာလျောက်ပြီးအာကျယ်မနေပါနဲ့နောက်ကွယ်မှာသန်းရွှေရှိရင်ရှိတယ်ပေါ့ဝေးလယ်ကြောင်ပတ်ပြောဖို့မလိုပါဘူးအားလုံးသိကလေးကတောင်သိတဲ့ကစီပါအခုအစိုးရဟာမျက်လှည့်ပြထားတဲ့အစိုးရပါမြန်မာပြည်ကြီးအမြန်တိုးတက်ပြောင်လဲနိင်ပါစေဗျား

ညီသန့်ရှင်း said...


ခွေးဘီလူးကို ကာကွယ်ပြောသွားပေးတဲ့ ဌေးဦးရဲ့ ရုပ်ကို ကြည့်ပါအုံး ဘယ်လောက် ယုတ်မာကောက်ကျစ်ပြီး လိမ်လည်လဲ့ ဖြားတတ်တဲ့ ခွေးသူတောင်းစားရုပ်မျိုးလဲဆိုတာ ရွန်စရာကောင်းလိုက်လေခြင်း...

boBurmese said...

Posted
မြန်မာ့ရေးရာ သတင်းပဒေသာ (၀၁- ၁၈-၂၀၁၃)
boburmese.blogspot.com/

ကိုသစ္စာ mdy စက်မှုဇုံ said...

မမေးစဖူး ဌေးဦး ကို မေးလိုက်မယ် "မင်း အီးပေါက်လို့ မဝ သေးဘူးလား" ရှက်စရာ ဆိုတာ ဘာများမသိလို့ လား

Uncle Chan's အမလ said...


ဟီ..ဟီ...လေလည်လို့ ကောင်းတဲ့ အစားအသောက်တွေ အခုမှ ပိုလို့စားကောင်းယုံရှိသေးတာ အီးပေါက်လို့ မဝေသေးဘူးလားလို့ မမေးသေးပါနဲ့ ငါ့တူရယ်။

Unknown said...

ဦးဌေးဦးရေ ခင်ဗျား လည်း နော် တော်တော် သောက်ရှက်မရှိတဲ့ လူပဲ ခင်ဗျား ဖြေဆိုနေတာ ခင်ဗျား မိသားစု အရေးမဟုတ်ဘူး တိုင်းပြည်အရေးအရာတွေ မေးနေတာ ပေါက်ပန်းလေးဆယ် မြင်းချီးပေါက်သလိုတွေ ပြောမနေနဲ့ ခင်ဗျားတို့ တစ်ဖွဲ့ လုံးသတ္တိ အမှန်ရှိရင် တတိုင်းပြည်လုံးရွေးကောက်ပွဲ အခု ပြန်လုပ် မနက်ဖန် အစိုးသစ်မှာ ခင်ဗျားမျက်နှာ မမြင်စေရဘူး အသက်ကြေး ထပ်လောင်းမယ်

lcd said...

ဇာတိရုပ်ကတော့ပြနေပဟေ့။

lcd said...

အားလုံးအရှက်မရှိတာမပြောနဲ့။ယျောက်ျားစင်စစ်မဟုတ်ကြလို့ပါ။

Unknown said...

ဌေးဦး ယောက်ခမ မဆလ CEC ကြီး ပြုတ်ပြီး
ထောင်ထဲအထိ ၀င်ခဲ့ရတာတောင် အသိတရား
မရသေးဘူး

အားလုံးကိုချေမှူန်းမယ် said...

တခုမေးပါရစေ

အဘဦးသန်းရွှေရွှေးချယ်ထားခဲ့တဲ့ ပုဂ္ဂိုလ်တွေဟာ တကယ်ပြည့်ဝတဲ့သူတွေ

ဟုတ်ပါသလား?

ပုတ်သင်ညို ခေါင်းညိမ့်လို့ ဆွဲပြားလေးဆွဲပေးလိုက်ရော ခေါင်းမညိမ့်တော့

တဲ့ ဥပမာလို့ ဖြစ်နေတယ်။

ကျွန်တော်တို့ တိုင်းပြည်က ပြောတော့လဲ ဗုဒ္ဓဘာသာများတဲ့တိုင်းပြည်ဆိုပြီး

ကျေးဇူးတရားမေ့တယ်။

လွတ်လပ်ရေးနေ့ ပြခန်းတွေပဲ ကြည့် လွတ်လပ်ရေးရအောင် ဘယ်လိုကြိုး

ပမ်းခဲ့ ရတဲ့ ပြခန်းမှတ်တမ်း ဘယ်ပြည်နယ်နဲ့ တိုင်းကပြသလဲ?

လောလောဆယ် နဝတ နယက ဇါတ်ထဲမှာ ဘောင်းဘီဝတ်နဲ့ ကခဲ့တဲ့

ဝန်ကြီး ဝန်ကြီးချူပ်တွေ စဉ်းစားမိရဲ့ လား?

ပေါ်ပင်အလုပ်တွေ လုပ်ပြ ပုံသေနည်းအတိုင်း TV မှာတပြေးညီညာပြနေရင်

ဝန်ထမ်းတွေနဲ့ အောက်ခြေပြည်သူတွေမကြည်ညိုပါဘူး။

၂၀၁၀ မဲတွေ ရွေးစဉ်က နယ်စပ်စည်ပင်ဝန်ထမ်းတွေ အသုံးချပြီးတော့

ကိုယ်လဲ ကုလားထိုင်တွေရ ရော ပစ်ထား။

နယ်တွေ မှာ တိုင်းစည်ပင်ညွန်မှုးတွေက ဝန်ကြီးချုပ်ကိုအသေအလဲဖားနေ

ကြတယ်။

ကျေးလက်ဦးစီးကလဲ နယ်ပြောင်းဖို့ တင်ထားတာတွေကို မကန်တော့လို

လားမသိဘူး ဘာမှမလုပ်ပေးဘူး။

လုပ်ချင်တာလုပ်နေကြတယ် ။

kyawthusukyi said...

Better go and die ! Stupid Idiot You ! All of you are Useless - Shit for Country !

kyawthusukyi said...

တိုင်းပြည်တွက် ခေါင်းဆောင်အစစ် ငါဖြစ်ချင်တယ်

idea blog said...

သူကတော့ ရှက်တတ်ရမှန်းမသိဘူး၊ ကိုယ့်နိုင်ငံသားတစ်ယောက်အနေနဲ့ပြောရရင် သူလုပ်ခဲ့တာတွေတွေးကြည့်ရုံနဲ့တင်ရှက်တတ်ဖို့ကောင်းပါတယ်၊ ရေးတဲ့သူလဲမရှက်တတ်ဘူးပဲ။

အားလုံးကိုချေမှူန်းမယ် said...

ဝန်ထမ်းလောကမှာလဲ ချမ်းသာတဲ့သူတွေက မတရားချမ်းသာတော့ပြည်သူ

တွေမေးငေါ့တာ မထူးစမ်းပါဘူး။

စည်ပင်တွေ ရုံးချုပ်ဖျက်မယ်လုပ်တော့

ဈေးမီးလောင်ပြီး မိန်းမ နှစ်ယောက်ယူတဲ့ သူ ကိုယ့် ဝန်ထမ်းကိုယ်ပြန်ယူ

တဲ့ သူတွေက အစဉ်အလာမရှိတဲ့ သူတွေကတိုင်းညွှန်မှုးတွေဖြစ်

နို့ နံတောင်မပျောက်ပဲ ကိုယ်ပိုင်နံပါတ်မှင်တောင်မခြောက်သေးတဲ့

နိုင်ငံခြားသင်တန်း အခေါက်ခေါက်သွားပြီး ဘာမှမသိတဲ့ PSO တစုကို

တော့ ခြံနဲ့ အနီးဆုံး မြို့နယ်တွေ မှာ ထားပြီး ရွှေပုဇွန်ကို သရက်သီးရောင်း

ခိုင်းနေတာ တွေဟာ

အာဏာနဲ့ လုပ်ပိုင်ခွင့် ကိုအလွှဲအသုံးချတာမဟုတ်ဘူးလား?

မောင်လူအေး said...

ူဟစ်တလာလိုမကြာခင်ဇာတ်သိမ်းမဲ့သူ

မောင်လူအေး said...

ူဟစ်တလာလိုမကြာခင်ဇာတ်သိမ်းမဲ့သူ

jp.myintswe said...

htay oo u r shameless i am ashamed of ur generation. The life is very short.

amt said...

အုတ်ကြားမြက် ကိုသွားသတိရမိတယ်

Unknown said...

ဌေးဦးက သန်းရွှေဆီမှာ တစ်လ တစ်ကြိမ် ဖင်သွားခံ
နေရတာလေ

အောင်းသူ said...

မဟုပ်ဘူသန်းရွေသမီးဆီသွားနေတာဟိုတလောကတောင်တည်းခိုခန်းမှာတွေ့လိုက်သေးတယ်

haymar said...

U Htay Oo, we do not believe whatever you say.

The betrayers team behaves always betraying and cheating.

Now their father China also still betraying and cheating on our country.

Who will stop it? Who will authorize for this?

Be consider. All go tho hell!

Unknown said...

ပါးစပ်အငှားဘ၀ရောက်ရှိနေရတဲ့ ပြန်ကြားရေး ဒုဝန်ကြီး (သို့ ) သမ္မတရဲ့  ပြောရေးဆိုခွင့်ရှိသူ ရဲထွဋ် (ကျော်ဆန်းထက် အလိမအညာ သာနိုင်မယ်ထင်လို့  နေရာပေးခံရသူ) သိစေဖို့ က ဓါတ်ပုံတွေနဲ့ ဖေါ်ပြနိုင်တိုင်း သတင်းစာရှင်းလင်းပွဲ လုပ်နိုင်တိုင်း၊ အရပ်သားတွေ ထိခိုက်စေတိုင်း အာဏာရှင်စစ်အုပ်စုက လုပ်တာမဟုတ်ဖူးလို့  ပြောရဲပါသလား။

dadaoo said...

အောက်ကနေကြောက်ပြီလား မေးတယ် ။ ဘာပြောပြော ငါ့ကြီးတော် အပေါ်က ပြောတယ် ။ တကယ်ဆို ကိုယ်တိုင်ထွက်ပြောပါ့လား။ အာဏာလက်ရှိတုန်းကတောင် သတ္တိမရှိတာ ။ ခုဟာက အိနြေ္ဒရရ တရားဝင် နားသွား လွှဲသွားတာ မဟုတ်ပဲ ဆင်းပြေးသွားတာ။ ဘာမှ ရှင်းပြမနေပါနဲ့ ။ နလပြိန်းတုန်းကစ သိကြတယ် ။

Unknown said...

ငရွှေ ဆိုတဲ့အကောင် ဂဒါဖီလိုခွေးသေ ဝက်သေ သေပြီး
ဌေးဦးနဲ့အပေါင်းတွေလဲ ငရွှေနောက်လိုက်ကျရမှာပါ

မိုးကြိုး said...

2015 u have no chance for Election .please tell ur father Than Shwe.

မိုးကြိုး said...

2015 u have no chance for Election .please tell ur father Than Shwe.

haymar said...

U Htay Oo is a team member of killer betrayer Than Shwe.

U Htay Oo,

Let us ask you something that.........everybody/country knew about Than Shwe bad history. If yr. mother, sisters, yr. wife, children or relatives are destroyed by Than Shwe hiting, how you will say he is a good founder for Myanmar Country?
If yrself you lost yr. hands or eyes or feet or body or life destroyed by Than Shwe hiting, how you will say he is a good builder for Myanmar Country?
If yr. children could not study well,or might be gumblers, or struggling very hard to survive for life, how you will say Than Shwe is a good leader for Myanmar Country?

2008 Constitution is purposely Than Shwe and team did for only one lady & for their corruption to betray country, not for country good benefit.

All bullshit what you said that mentioned in the article.

You should shame a lot.

One of all, I can say that all ex-leaders, ex- ministers, current governments, ministers (changed fm military or else) , once they visit to overseas, they spend a lot of money for wife, children, theirself, etc........ but behind other country people saying that Myanmar governors can spend a lot cos they corrupted a lot that's why.
They do not hear, no need to shine.
But our own country people working in there, they shame a lot instead of them.
They never interest about the other country policy and how to build, how to maintain, how to take care of people, etc....never study. They do all rubbish for our country. They only do for their pockets.

Do not cheat again the country. If still keeping this practic, pls. remove fm yr. place.

We would like to replace a good leader DASSK as soon as possible.