Wednesday, January 2, 2013

ဘာတောင်းဆိုချင်လဲ အမေးရှိလာလို့ ဖြေကြားခြင်းပါ

ဘာတောင်းဆိုချင်လဲ အမေးရှိလာလို့ ဖြေကြားခြင်းပါ
ဒေါက်တာလွဏ်းဆွေ

BBC က “လွတ်လပ်အတွေး ဆွေးနွေးဖလှယ်” ကဏ္ဍမှာ ဆွေးနွေးဖို့ ဖိတ်ခေါ်ထားတဲ့ ခေါင်းစဉ်တခု တွေ့တယ်။ ဘာခေါင်းစဉ်လဲဆိုတော့ “၂၀၁၃ မှာ ဘာကို ပထမဆုံး ဦးစားပေးလုပ်ဖို့ အစိုးရကို တောင်းဆိုချင်လဲ” တဲ့။

ဟုတ်ကဲ့ ... ခေါင်းစဉ်ပါအတိုင်း ပထမဆုံး ဦးစားပေးလုပ်ဖို့ အစိုးရကို တောင်းဆိုရမယ်ဆိုရင်တော့ ...

အရည်အချင်းမရှိတဲ့ သမ္မတ ဦးသိန်းစိန်နဲ့တကွ ကြံ့ဖွံ့အစိုးရတဖွဲ့လုံး နှုတ်ထွက်ပေးပြီး လူရိုသေရှင်ရိုသေရှိတဲ့၊ တိုင်းသူပြည်သားတွေ လေးစားကြည်ညိုတဲ့ နိုင်ငံရေးခေါင်းဆောင်တွေ၊ ပညာရှင်တွေနဲ့ ကြားဖြတ်အစိုးရတရပ်ကို အမြန်ဆုံး ဖွဲ့စည်းပေးပါလို့ တောင်းဆိုချင်တာပါပဲ။ ကြားဖြတ်အစိုးရက ဦးဆောင်ပြီးတော့မှ ၂၀၀၈ အခြေခံဥပေဒကို ပြင်ဆင်ရေးဆွဲခြင်း သို့တည်းမဟုတ် အသစ်ရေးဆွဲခြင်းကို လုပ်စေချင်တာပါပဲ။ ဒါမှလည်း တိုင်းပြည်မှာ ပေါ်ပေါက်နေတဲ့ ပြဿနာအရပ်ရပ်ကို ဖြေရှင်းနိုင်မယ်လို့ ယုံကြည်လို့ပါ။

ဦးသိန်းစိန်အစိုးရကို ဘာကြောင့် အရည်အချင်းမရှိဘူးလို့ ပြောရသလဲဆိုတော့ ...

- သမ္မတရဲ့သြဇာအာဏာ ကာကွယ်ရေးဦးစီးချုပ်အပေါ် သက်ရောက်မှုမရှိတာကို ရှက်ဖွယ်လိလိ မြင်တွေ့နေရခြင်း၊၊

- ကြံ့ဖွံ့စစ်အစိုးရလက်ထက်တွင် ကချင်အရေး၊ ရခိုင်အရေးကဲ့သို့ ကြီးမားတဲ့ ပြဿနာများ၊ စစ်မီးများ ပေါ်ပေါက်လာပြီး နိုင်နင်းအောင် ကိုင်တွယ်ဖြေရှင်းနိုင်စွမ်းမရှိခြင်း၊

- တောင်ကုတ် ၁၀ လောင်းပြိုင် လူသတ်မှုကဲ့သို့ အမှုအခင်းကြီးကို ယခုအချိန်အထိ တရားခံ ဖော်ထုတ်အရေးယူနိုင်ခြင်း မရှိသေးခြင်း၊

- အလုပ်သမား၊ လယ်သမားအရေး၊ ပြည်သူ့အရေး ဆန္ဒပြပွဲများကိုလည်း နစ်နာသူများ ကျေနပ်အောင် ကူညီဖြေရှင်းပေးနိုင်စွမ်းမရှိဘဲ ဆန္ဒပြသူများကို ဖမ်းဆီးအရေးယူနေခြင်း၊

- လက်ပံတောင်းတောင်သပိတ်စခန်းများကို မကြုံစဖူးထူးကဲစွာ ရက်ရက်စက်စက် ဖြိုခွဲခဲ့ပြီး တရားခံစစ်စစ်တွေကို အခုအချိန်အထိ ဖော်ထုတ်အရေးယူနိုင်ခြင်းမရှိခြင်း ... ဆိုတဲ့ အချက်တွေကတော့ အဓိကအချက်တွေလို့ ပြောရပါမယ်။

ကျန်တာတွေကိုပါ ဆက်ပြောရမယ်ဆိုရင်တော့ ပြောမဆုံးပေါင် တောသုံးထောင်ဖြစ်နေလိမ့်မယ်။ ဒါကြောင့် ကောင်းတာက နည်းနည်း၊ ဆိုးတာက များများဆိုသလို မြန်မာပြည်သူတွေကို ဒုက္ခဆင်းရဲတွင်းထဲ ပိုရောက်စေခဲ့တဲ့ ဦးသိန်းစိန်ရဲ့ ကြံ့ဖွံ့စစ်အစိုးရအနေနဲ့ တိုင်းပြည်နဲ့ လူထုအကျိုးကို ရှေးရှုပြီး အမြန်ဆုံး ဆင်းပေးသင့်ပါတယ်လို့ နှစ်သစ်မှာ ဦးဦးဖျားဖျား တောင်းဆိုလိုက်ရပါတယ်။

ဒေါက်တာလွဏ်းဆွေ

23 comments:

Wunna Hla Shwe said...

BRAVO!

မိုးလုံးပြည့်မုသာဝါဒ said...

ဤတောင်းဆိုမှု့ဟာပြည်သူလူထုတရပ်လုံးနဲ့တစိတ်တဝမ်းထဲ
လှိုက်လှိုက်လဲလဲတောင်းဆိုလိုက်ခြင်ပါပဲ
ထောက်ခံပါတယ် ထောက်ခံပါတယ် ထောက်ခံပါတယ်

ဖြိုးသီဟ said...

ကိုလွန်းဆွေတောင်းဆိုသလိုကျွန်တော်လဲတောင်းဆိုပါတယ်

Mr Thein Aye said...

very good idea

Unknown said...

ဤတောင်းဆိုမှု့ဟာပြည်သူလူထုတရပ်လုံးနဲ့တစိတ်တဝမ်းထဲ
လှိုက်လှိုက်လဲလဲတောင်းဆိုလိုက်ခြင်ပါပဲ
မရှက်တတ်တာခက်တယ်။ အရည်အချင်းလည်းမရှိမုသာဝါဒလိမ်ညာတာကတလောကလုံးကိုမျကနာပြောင်ပြောင်ဘဲ

lcd said...

အရှက်ကင်းမဲ့လွန်းတဲ့ဘောင်းဘီချွတ်စစ်အုပ်စုပါ။ယျောကျာင်္ံးစင်စစ်တွေမဟုတ်ကြပါဘူး။

myosanoo said...

ဒေါက်တာလွန်းဆွေရေးခဲ့သမျှကိုအမြဲအပြစ်တင်ခဲ့တာ
ဒီတစ်ခါရေးတာကရေးသင့်တဲ့စာပါ
ထောက်ခံပါတယ်
ဖြစ်သင့်ပါတယ်
ဘာအာဏာမှမရှိလို့မလုပ်နိုင်သေးတဲလူထုခေါင်းဆောင်ကိုဝေဖန်နေမည့်အစားအာဏာယူပြီးတော့အရည်အချင်းရှိတဲ့သူကိုဖြုတ်ချပြီးအရည်အချင်ရှိသူကိုတင်မြှောက်ရမှာအားလုံးရဲ့တာဝန်ဖြစ်တယ်
အမေစုကိုထောက်ပြတာဖေန်တာတွေလုပ်ချင်ရင်တိုက်ရိုတ်စာရေးပို့ပါ. ညီညွတ်ရေးပျက်သွားစေမည်ကိစ္စတွေကိုသတိနဲရှောင်ပေးစေလိုပါတယ်. နှစ်သစ်မှာကျန်းမာပါစေ

အဖျက်ဘက်ကိုရောက်စေမည့်ရန်သူဝမ်းသာစေမည်လုပ်ရပ်များမလုပ်မိဘဲ. အကျိုးပြုစာများညီညွတ်ရေးစာများလုထုစိတ်ဓါတ်အားဖြစ်စေသောစာများသာရေးနိုင်ပါစေလို့တောင်းဆုချွေလိုက်ပါသည်

Unknown said...

အပြစ်တွေကြီး လိုက်ထောက် ပြီး ရှာကြံပြောမယ် ဆိုရင်တော့ ဘုရားတောင် နေစရာနေရာ ရှိမယ် မထင်းဘူး ကိုလွမ်းဆွေ စစ်အစိုးရ ကို ကျော်လွန်ပြီး ဒီမိုကရေစီ အသွင်အကူးပြောင်း ကာလမှာ????

Unknown said...

ဦးလွဏ်းဆွေ ရဲ့ရေးသားဖော်ပြချက်ကိုထောက်ခံပါတယ်။myosanoo ပေးသွားတဲ့ commentလည်း သဘာဝကျပါတယ်။ရွှေနိုင်ငံရွှေခေတ်ကြီးဆီသို့ အခုနှစ်သစ်ကစ တို့တစ်တွေ လျှောက်လှမ်းကြပါစို့းးးးးးးးးးးးးးးးးးးးးးးးးးးးးးးး

မောင်ပြောချင် said...

လူရိုသေရှင်ရိုသေ တိုင်းပြည်ခေါင်းဆောင်အခုလက်ရှိ မြန်မာပြည်မှာမမွေးသေးပါ။ရှိရင်လည်းလက် ၁၀ ချောင်းမပြည့်ပါ။ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေရွေးတာတောင် ကိုယ့်ကိုကိုယ်လူရိုသေရှင်ရိုသေ ထင်ကြပြီးထကိုကိကြသေးတာပဲ။အင်းတိုင်းပြည်အဆင့်ဆိုရင်တော့ဝေးသေး။အစိုးရကိုယ်တိုင်လည်း ပြည်တွင်းရေးတွေဖြေရှင်းတဲ့နေရာမှာကိုယ်ရှုပ်တဲ့အမှုကို ကိုယ်ပြန်ရှင်းရတယ်ဆိုတော့ပြည်သူတွေကျေနပ်အောင်မရှင်းနိုင် ။အားကြီးပါတယ်ဆိုတဲ့အတိုက်အခံအင်အားစု ကလည်းဘယ်လိုလုပ်ဘယ်လိုကိုင်ဆိုတဲ့ option တွေမချပြနိုင်။ပြည်သူတွေကိုလှည့်ပြီးအပြစ်မတင်ကြနဲအုံး။ပြည်သူတွေလည်းတာဝန်ကျေသင့်သလောက်ကျေခဲ့ကြ ပြီးပြီ။ခေါင်းဆောင်လုပ်နေသူ ခေါင်းဆောင်လို့ကိုယ့်ကိုကိုယ်ထင်နေသူတွေတကယ်အလုပ်လုပ်ရမယ့်အချိန်ရောက်နေပြီ။ဘယ်လောက်လုပ်တတ်မလဲကို ပြည်သူတွေကပြန်စောင့်ကြည့်ရမယ့်အချိန်ပဲ။လူရိုသေရှင်ရိုသေ ကိုဂရုမစိုက်ပဲ လူမုန်းခံသူမုန်းခံပြီး တိုင်းပြည်အကျိုးအတွက် ပြတ်ပြတ်သားသားဦးဆောင်နိင်စွမ်း။ပြောရဲတဲ့ ခေါင်းဆောင်မျိုးကို တွေ့ရင် အဲဒီလူတွေနဲ့အစိုးရ dream team ဖွဲ့ကြည့်ပါ။မရှိလောက်ဘူးနော်။မရှိတော့ရှိတဲ့ လူနဲ့စခန်းသွားနေရတာ တော်ရုံခရီးတော့စိတ်ပါမှရောက်လိမ့်မယ်။ ကဲဆောင်းပါးရှင် မင်းကစပြီး မင်းစိတ်ကြိုက် အစိုးရအဖွဲ့လူရွေးကြည့်ကွာ dream team ပေါ့။ ဦးသိန်းစိန်တို့အဖွဲ့မကြိုက်တော့ မင်းစိတ်ကြိုက်ရွေးကွာ။နောက်ဆောင်းပါးကျရင် လျာထားလူစာရင်းပေးကွာ။လူရိုသေရှင်ရိုသေဆိုတာတယ်ခက်တယ်ကွ။လူဆိုတာကလည်းကိုယ့်ကိုပဲ ရိုသေချင်လေးစားချင်ကြတာ။အကြောင်းမသိ မလုပ်ပြနိုင်သေးရင်ပိုတောင်ဆိုးသေး။သြော်မြန်မာပြည်ရဲ့ကုသိုလ်ကံပဲ။ခေါင်းဆောင်ညံ့တွေပေါတဲ့ပြည်ကိုး။

Kyaw Lwin said...

This is an excellant suggestion. What we need most urgetnly is an interim government to draw a new constitution. If Burmese armed forces allowed this, it would restore their reputation which has been sullied for about 50 years by thieving, murderous brass.

မောင်ပြောချင် said...

မင်းတင်ပြီးသား comment တစ်ချို့ ဘာလို့ပြနိဖျက်တာလဲ ဒါလေးတောင် အကဲဆတ်နေရင် အင်းရာထူးတွေအာဏာတွေရထားရင်တော့ မင်းလည်းဒီပုတ်ထဲကဒီပဲ ပဲ။နည်းနည်းလေးတော့ရှက်တတ်ကြပါကွာ။

genius said...

ထောက်ခံပါတယ်ကိုလွဏ်းဆွေ ၊ ...... လူမှာ ၂ မျိုးဘဲရှိပါတယ် ၊ ကောင်းတဲ.လူနဲ. ၊ မကောင်းတဲ.လူပါ ၊
နိုင်ငံရေးသမား ၊ ပညာရှင် ၊ စစ်သား ၊ သမ္မတ ဘယ်အတန်းအစားဘဲဖြစ်ဖြစ် ဒီစံ ၂မျိုးနဲ.ဘဲသတ်မှတ်ရပါတယ် ၊မြန်မာ.နိုင်ငံရေးက်ုကြည်.ပါ။
ကောင်းတဲ.လူနဲ. ၊ မကောင်းတဲ.လူဘယ်လိုခွဲကြမလဲ ၊
ရှင်းရှင်းလေးပါဗျာ ၊ပြည်သူတွေ ရဲ.အကျိုးစီးပွား ၊ဆန္ဒ နဲ.တစ်ထပ်တည်းကျသူ ၊ မဆန်.ကျင်သူ ၊ ဖြည်.ဆည်းပေးသူ ကိုကောင်တဲ.လူလို.သတ်မှတ်ရင်ရပါတယ်၊ဒီနေ.အခါမှာ ၊ပြည်သူလူထုတရပ်လုံးမှာ တစိတ်တဝမ်းထဲ၊ဆန္ဒ ရှိနေကြတာ က ကချင်က စစ်ပွဲတွေရပ်ဖို. ၊ကြေးနီစီမံကိန်းမှာ
သံဃာတွေကိုရက်ရက်စက်စက်နှိမ်နင်းမှုကိုဖေါ်ထုတ်
အရေးယူပေးဖို.၊လူတစ်စု ပိုင်ဆိုင်တဲ.(ဦးပိုင်)ကုပ္မဏီက တစ်နိုင်ငံလုံးရဲ.သယံဇာတတွေ ၊မြေယာတွေ သိမ်းပိုက်လက်ဝါးကြီးမှု ကိုအဆုံးသတ်ပေးဖို. ၊ ဖြစ်ပါတယ် ၊ဘယ်သူတွေက ၊ဘယ်ပါတီက ဘယ်လို
ရပ်တည်နေကြလဲ ၊ဘယ်သူကောင်းတဲ.လူလဲ၊ မကောင်းတဲ.လူလဲ၊ ကြံ့ခိုင်ရေးအမတ်တွေ ဘာလဲ၊
ဘယ်လဲ၊ ထုံးစံအတိုင်း (အထက်ကညွှန်ကြားတဲ.အ
တိုင်း)ဘဲလား၊ သမ္မတ က ကောကောင်းတဲ.လူလား ?
..... နောက် . ၂၀၁၅ ရွေးကောက်ပွဲကြီးကကော ခုအ
တိုင်းဆိုဖြစ်လာမယ် ထင်ကြပါလား? ?

ှဲKaung said...

ဖြစ်ချင်တာတော့ ဖြစ်ချင်တော့မောင်ရင်ရယ်။ ဖြစ်နိုင်လား မဖြစ်နိုင်လား စဉ်းစားတတ်ရတယ်။ ပုံပြင်ထဲမှာလို မင်းကြီးက ဆုတော်အဖြစ် ဘာလိုချင်လဲမေးတာကို သမီးတော်လောက်တောင်းရင် ရနိုင်ပါလျှက်နဲ့  မင်းကြီးထိုင်နေတဲ့ ထိုင်ခုံ သွားတောင်ရင် တောင်စွယ်နေကွယ်နဲ့  တွေ့ သွားမယ်။ ဒီလိုအတွေးနဲ့  နိုင်ငံရေးအပြောင်းအလဲ ကာလမှာ ဒီလူ နိုင်ငံရေးလူကြားထဲတိုးဖို့ ဆိုတာ ဝေလာဝေးပဲ။ ၈၈တွေ ဘယ်လိုပြောလည်း ဘာလုပ်နေလည်း လေ့လာကြည့်ပါ။

Auber said...

တောင်းဆိုမှုကို လုံးဝ ထောက်ခံပါတယ်။
ပုံပြင်ထဲက ဘုရင်တွေ အကြောင်း ကို စံ အဖြစ်မယူနိုင်ပါ။ ဘာလို့လဲဆိုတော့ မြန်မာပြည်ဟာ ဘုရင်အုပ်ချုပ်နေတာ မဟုတ်သလို သက်ဦးဆံပိုင် ဘုရင်စနစ်ကို လည်းလက်မခံနိုင်ပါ။ ၈၈ လုပ်တိုင်း လိုက်လုပ်ရမယ်လို့ ဘယ်သူမှ မပြောထားပါ။ လူထုအကျိုးရှိမယ်ဆိုရင် ကိုယ့် ကိုယ်ပိုင် ဆုံးဖြတ်ချက်နဲ့ လုပ်ခွင့်ရှိပါတယ်။
တစ်ခုထပ်ဖြည့်ချင်တာကတော့ ဦးသိန်းစိန်အစိုးရတင်မပြောင်းပဲ တနည်းအားဖြင့် လူချည်းသက်သက်မပြောင်းပဲ စနစ်ကိုပါပြောင်းဖို့ ဖြစ်ပါတယ်။ စံနစ် မပြောင်းရင်တော့ လူရိုသေရှင်ရိုသေတွေလည်း ဗိုလ်ချုပ်တွေ မျက်နှာကြည့်နေရပြီး ဒီပုံအတိုင်းပဲ ပြန်ဖြစ်သွားမှာ ဖြစ်ပါတယ်။


kyawthusukyi said...

တော်ကြတော့ ဘာမှမပြောကြနဲ့

I want to be True Leader Of Myanmar .

I want to be President ! ( But I doesn't know

politic .) Just a dream ............. Hi .. Hi

Unknown said...

This is peoples' desire!!

Dr. Lun Swe, you are absolutely right.

win said...

မင့်အစွမ်းအစ ရှိရင် ကိုယ်တိုင်သွားတောင်းလေ။
မင့်အရည်အချင်းလေးသိချင်လို့ပါ။

ct said...

လွန်းဆွေ မဟုတ်ဘူး တွန်းဆွေ

Unknown said...

dr လွမ်းဆွေ နဲ့သဘောတူပါတယ်

UShinGyi said...

မှန်တယ်ကွာ သိန်းစိန်နဲ့ ငဖွတ်အစိုးရ အစိုးရအာဏာကိုစွန့်ပြီး တိုင်းပြည်ကိုတကယ်ထူထောင်မဲ့ မှန်ကန်တဲ့ လူရိုသေရှင်ရိုသေ ကြားဖြတ်အစိုးရ ဖွဲ့စည်းပေးသင့်တယ်။

lotar said...

သုံးခုမြောက် အချက်ကိုတော့ မထည့်သင့်ဘူးထင်တယ် ကျန်တာကတော့ကောငိးပါတယ်

Unknown said...

မြန်မာနိုင်ငံကဒီမိုကရေစီအစစ်မှန်မရစေဘူ