Monday, January 28, 2013

ကချင်စစ်ပွဲများ ရပ်ဆိုင်းရေးအတွက် လမ်းလျှောက်သူတွေကို ခံဝန်လက်မှတ်ထိုးခိုင်း

ကချင်စစ်ပွဲများ ရပ်ဆိုင်းရေးအတွက် လမ်းလျှောက်သူတွေကို ခံဝန်လက်မှတ်ထိုးခိုင်း
RFA ၊ 2013-01-27

ကချင်ပြည်နယ်က စစ်ပွဲတွေ အမြန်ဆုံး ရပ်ဆိုင်းပေးဖို့အတွက် စုပေါင်းလမ်းလျှောက်နေကြတဲ့ ငြိမ်းချမ်းရေးလိုလားသူတွေကို ဒီကနေ့ ဇန်နဝါရီလ ၂၇ ရက်နေ့ ပဲခူးတိုင်း ဖြူးမြို့နယ် အရောက်မှာ ဒေသခံ အာဏာပိုင်တွေက ဆန္ဒပြတဲ့အသွင်မဆောင်ဘဲ ခရီးသွားတဲ့ပုံစံနဲ့ပဲ သွားလာကြဖို့ ခံဝန်လက်မှတ် ရေးထိုးခိုင်းခဲ့ပါတယ်။

ဖြူးမြို့နယ်ကို ဖြတ်သန်းတဲ့အခါ အလံတွေ မကိုင်ဆောင်ကြဖို့နဲ့ ကြွေးကြော်သံတွေ မပြုလုပ်ဖို့အတွက် ဒေသခံ အာဏာပိုင်တွေက ခံဝန်လက်မှတ် ရေးထိုးခိုင်းခဲ့တာပါ။

အဲ့ဒါကြောင့် မြို့ကို ဖြတ်သန်းခွင့်ရရှိအောင် ခံဝန်လက်မှတ် ရေးထိုးခဲ့တယ်လို့ ငြိမ်းချမ်းရေး လမ်းလျှောက်ရာမှာ ပါဝင်တဲ့ ဦးဇင်ကိုကိုက RFAကို ပြောပါတယ်။

ငြိမ်းချမ်းရေးအတွက် လမ်းလျှောက်သူတွေဟာ ဒီကနေ့ည ပဲခူးတိုင်းဒေသကြီး ဖြူးမြို့နယ်မှာ ညအိပ်ရပ်နားမှာဖြစ်ပြီး မနက်ဖြန်မနက်မှာ တောင်ငူမြို့ကို ဆက်လက်ထွက်ခွာမယ်လို့ သိရပါတယ်။

ရန်ကုန်မြို့ကနေ တရုတ်-မြန်မာနယ်စပ် လိုင်ဇာမြို့အထိ ငြိမ်းချမ်းရေးအတွက် လမ်းလျှောက်တဲ့ ခရီးစဉ်တစ်လျှောက်မှာ ပဲခူးတိုင်းဒေသကြီး အဝင်မှာတော့ အာဏာပိုင်တွေက တားဆီးခဲ့ကြပြီး ငြိမ်းချမ်းရေးအလံ ကိုင်ဆောင်ထားတာကို ရုပ်သိမ်းပေးမှ ရှေ့ဆက် သွားခွင့်ပြုခဲ့တာတွေရှိခဲ့သလို၊ တည်းခိုဖို့ ပြင်ဆင်ကြတဲ့နေရာတွေကို တည်းခိုခွင့်မရအောင် ဒေသခံ အာဏာပိုင်တွေဖက်က ဖိအားပေးတာမျိုးတွေ ရှိတယ်လို့ သိရပါတယ်။

5 comments:

S.Maung Chain said...

I don't understand why they don't like to hold peace posters.May be they hate peace ,otherwise they scare peace makers.

Uncle Chan's အမလ said...



စောက်သုံးမကျတဲ့ စစ်အစိုးရ ငြိမ်းချမ်းရေးကို
မလိုလားတဲ့ စစ်တပ် ငြိမ်းချမ်းရေးရရင်
မြန်မာပြည်ကြီးတိုးတက်ရင် လမ်းဘေးရောက်
မှာကိုကြောက်တဲ့ စစ်တပ် မင်းတို့ကောင်တွေအား
လုံး သေသောငရဲတော့မလားဘူး အ၀ီစီပဲလားမှာ
စောက်တလွဲ စစ်တပ် ကို့လူမျိုးကို နဲနဲလေးမှာ မချစ်တတ်
တန်ဖိုးမထားတတ်တဲ့ ကို့မိသားစုကောင်းစားရေးကိုပဲ
ကြည့်တတ်တဲ့ အမျိုးယုတ်အာဏာရှင်စစ်တပ်
မင်းတို့နေ၀င်ချိန်လဲနီးလာပါပြီ ခေတ်ရဲ့လိုအပ်ချက်ကို
မင်းတို့စစ်အာဏာနဲ့ မတရားဖိနိပ်ထားလို့ရမယ်မထင်နဲ့
ကဒါဖီနဲ့ ဆဒန်ဟူစိန်ထက် အဖြစ်ဆိုးတွေနဲ့ တနေ့ကြုံရမယ်ဆိုတာ ဦးဏှောက်ထဲထည့်ထားကျ ။

Anonymous said...

သစ်ပင်ခုတ်လှဲရင်လည်းအမြစ်ကိုမရှင်းမိရင်ပြန်ပေါက်နိုင် တယ်လေ ဒီမိုကရေစီရေးမှာစစ်တပ်ဟာပြည်သူ အောက်မှာမရှိရင်ဒါမျိုးတွေကြုံအုံးမယ် ဗိုလ်ချုပ်သိန်းစိန် ဘာလုပ်မှာလဲ ဘယ်လိုလိုက်ဖုံးဖိအုံးမှာလဲ

Anonymous said...

သိန်းစိန်ကဒါဆိုရင်စစ်တပ်တစ်မျိုး၊ ဟောပြည်သူ့ရဲဆိုတဲ့ လူတွေကလည်းတစ်မျိုး၊ ပြည်သူတွေအတွက်ဘာရပ်တည်ပေးနေသလဲ

Anonymous said...

နိုင်ငံရေးနားနားလည်သယောင်နဲ့ဘာမှနားမလည် comment တွေကိုလူမျိုးရေးစိတ်နဲ့ပေါက်ကရရေး
ဒါဆိုရင်စစ်တပ်ထဲဝင်ပြီးပြည်သူတွေကိုလိုက်သတ်ပါ
တပ်မတော်အင်အားရှိမှပြည်သူတွေကိုသတ်နိုင်မယ်မ ဟုတ်လား စစ်တပ်ကမှရဟန်းရှင်တွေကိုသတ်နိုင်မယ် ပြည် သူတွေကိုညုင်းဆဲနိုင်မယ် လွတ်တော်စစ်တပ်ဘကြီးတွေကအာဏာရှိတယ်လေ လေအားငယ်စရာမရှိဘူး စိတ်မတိုကြပါနဲ့ စေတနာဂရုဏာဒေါသနဲ့ပြောတာပါ