Friday, January 25, 2013

ငြိမ်းချမ်းရေး လမ်းလျှောက်သူတွေကို ဒေသခံအာဏာပိုင်တွေ နှောင့်ယှက်

ငြိမ်းချမ်းရေး လမ်းလျှောက်သူတွေကို ဒေသခံအာဏာပိုင်တွေ နှောင့်ယှက်
RFA (2013-01-24)

ကချင်ပြည်နယ်က စစ်ပွဲတွေ ရပ်ဆိုင်းရေးအတွက် ရန်ကုန်မြို့ကနေ KIO ဌာနချုပ်ရှိတဲ့ တရုတ်-မြန်မာနယ်စပ်က လိုင်ဇာမြို့ကို လမ်းလျှောက်ချီတက်ကြတဲ့ ငြိမ်းချမ်းရေးလိုလားသူ ၅၀ ကျော်ဟာ ဒီကနေ့မှာတော့ ပဲခူးမြို့ကနေ ဒိုက်ဦးမြို့အထိ ရောက်ရှိနေပါတယ်။

ခရီးစဉ်တလျှောက်မှာ သူတို့တည်းခိုဖို့ ပြင်ဆင်ကြတဲ့နေရာတွေကို တည်းခိုခွင့်မရအောင် ဒေသခံ အာဏာပိုင်တွေဖက်က ဖိအားပေးတာမျိုးတွေ ရှိတယ်လို့ ငြိမ်းချမ်းရေးခရီးစဉ် လမ်းလျှောက်ရာမှာပါဝင်တဲ့ ကိုရန်နိုင်ထွန်းက RFA ကို ပြောပါတယ်။

ငြိမ်းချမ်းရေးအတွက် ရည်မှန်းချက်ထားပြီး လမ်းလျှောက်သူတွေဟာ မနက်ဖြန် မနက်အစောပိုင်းမှာ ဒိုက်ဦးမြို့က ဒေသခံတွေနဲ့ ပူးပေါင်းပြီး ငြိမ်းချမ်းရေးကျောက်တိုင် စိုက်ထူဖို့ ရှိပါတယ်။

ဒါ့အပြင် ရန်ကုန်မှာရှိတဲ့ နာရေးကူညီမှုအသင်းကလည်း ငြိမ်းချမ်းရေးလမ်းလျှောက်သူတွေအတွက် ဆေးဝါး၊ အသုံးအဆောင်နဲ့ ငွေကျပ် ၁ဝ သိန်းတို့ကို လှူဒါန်းကြသလို လမ်းတလျှောက်မှာရှိတဲ့ မြို့တွေက ဒေသခံတွေကလည်း စားနပ်ရိက္ခာနဲ့ နေရာထိုင်ခင်း စီစဉ်ပေးခဲ့ကြပါတယ်။

ငြိမ်းချမ်းရေးလမ်းလျှောက်သူတွေဟာ ကြိုတင်ခွင့်ပြုချက် ရယူခဲ့ခြင်းမရှိတာကြောင့် မြို့နယ် ၈ မြို့နယ်က ရဲစခန်း တာဝန်ရှိသူတွေက တရားစွဲဆိုထားတယ်လို့လည်း သိရပါတယ်။

မိုင်ပေါင်း ၈၀၀ ကျော် လမ်းလျှောက်ပွဲကို ဇန်န၀ါရီလ ၂၁ ရက်နေ့ မနက်ပိုင်းက စတင်ပြီး ရန်ကုန်မြို့တော်ခန်းမရှေ့ကနေ စတင်ထွက်ခွာခဲ့ကြတာ ဖြစ်ပါတယ်။

34 comments:

Unknown said...

The aim is good, but firstly strengthen your power (Just 45 miles walk got sickness and cried for medical aids to Ko Kyaw Thu).
Hopefully see you to the end !

win said...

အထက်ကcommentတွေကိုထောက်ခံတယ်ဗျာ
တကယ့်အဖြစ်အပျက်တွေပါ
အဒီလိုအသိတရားများများရှိကြပါစေ

Ko Min said...

လျှောက်စေချင်ပါသည်၊ တပ်မတော်ထဲ ၀င်ပြီး အသက်ဆုံး၊ ခနာကိုယ် စွန့်လွှတ်၊ ပင်စင်ယူသည်အထိ တိုင်းပြည်အတွက် မနားတမ်းလျှောက်ခဲ့သူများ၏ ပေးဆပ်မှုကို နားလည်နိုင်သည်အထိ လျှောက်စေချင်ပါသည်။
==================================
လျှောက်စေချင်ပါတယ်။ အနည်းဆုံးတော့ မြစ်ကြီးနားလောက်လျှောက် ပါလို့အကြံပေးပါရစေ။ ဖြစ်နိုင်ရင် ကိုယ့်စားရမယ့် စားစရာတွေကိုပါ ထမ်းသွားစေလိုပါတယ်။ အလားတူအိပ်ယာလိပ်တွေကိုလဲယူသွားစေလိုပါတယ်။ ကိုယ့်အ၀တ်အစား ကိုကိုယ်တိုင်သယ်သွားစေလိုပါတယ်။ လမ်းလျှောက်ပြီး ရင်ညောင်းတယ်ဆိုတဲ့ခေါင်းစဉ်နဲ့ အနှိပ်ခန်းဝင်တာကိုလဲရှောင်စေလိုပါတယ်။ညမှာလဲ အခြားသူတွေလာပြီးမနှောက်ယုက်အောင် ၂ နာရီစီ အလှည့်ကျကင်းစောင့်စေလိုပါတယ်။ ကိုယ့်ထမင်းကိုချက်စားစေလိုပါတယ်။ ရေသန့်တွေဝယ်သောက် တာရှောင်ပြီးတွေ့တဲ့နေရာ ကရေကိုသောက်စေ လိုပါတယ်။ နားနိုင်ပါတယ်။ ၁၀ မိနစ်ထက်တော့ မပိုသင့်ပါဘူး။

အထက်ပါ အချက်တွေအပါနဲ့ တစ်ရက်ကိုမိုင် ၃၀ လောက် အနည်း ဆုံးလျှောက်ပါ။ အဲဒီ လိုလျှောက်တဲ့အခါကြုံရတဲ့ ဒုက္ခတွေကိုလဲပြောပေးပါ။အဲဒီဒုက္ခတွေဟာစစ်သားတွေကြုံနေရ တဲ့နေ့စဉ်ဆောင်ရွက်ရတာတွေပါ။ အဲဒီလောက်ပင်ပမ်းတာကိုဘာလို့စစ်တိုက်နေတာလဲဆိုတဲ့မေးခွန်းပေါ် လာရင်စစ်သားတွေဟာနိုင်ငံအတွက်ဘယ်လောက်လုပ်ပေးနေတယ် ဆိုတာ သိလာပါလိမ့်မယ်။အခုလိုလမ်းလျှောက်တာဟာ ထောက်ပံ့မဲ့လူတွေ အပြည့်နဲ့ပါ။ဆေးဝါးပြည့်စုံစွာနဲ့ပါ။ရှေ့တန်း ဆိုတာထက် အများကြီး သာပါတယ်။ စစ်သားတွေဘာလို့များစစ်တိုက်နေပါလိမ့်လို့မေးကြည့်ပါ။ တိုင်းပြည်အတွက်ပါလို့ဖြေကြပါလိမ့်မယ်။ စစ်သားတွေအတွက်တော့ဝမ်းနည်းပါတယ်။တိုင်းပြည်အတွက်ပင်ပန်းကြလို့

Unknown said...

သယံဇာတတွေကုန်မှ ပြန်စည်းလုံးကြမယ်ထင်တယ် သယံဇာတနည်းတဲ့ဒေသတွေမှာ ဘာမှဖြစ်သံကြားဘူး

Ko Min said...

တိုင်းရင်းသား အချင်းချင်း တိုက်ခိုက် သတ်ဖျက်တာတွေက တော်သင့်ပါပြီ...
နှစ်ပေါင်း ၆၀ ကျော်ခဲ့ပြီလေ... ငြိမ်းချမ်းရေး ယူရတော့မယ့်
အချိန်ရောက်ပါပြီ... နိုင်ငံ တစ်နိုင်ငံမှာ လက်နက်ကိုင် တပ်ဖွဲ့ဆိုတာ
တစ်ဖွဲ့ထဲ ရှိလို့ရတယ်... ၂ ဖွဲ့ရှိလို့ကိုမရဘူး... ဒါ့ကြောင့်
ဘယ်သူလက်နက်စွန့်ရမလဲဆိုတာ ကိုယ့်ဘာသာကိုယ်သိကြပါ... မြန်မာကို ကမ္ဘာနဲ့
ရင်ဘောင်တန်းချင်ရင် ငြိမ်းချမ်းရေးကို ရယူရျပါမယ်.... ဒါမှ
ကျွန်တော်တို့ မြန်မပြေည်ကြီး တိုးတက်လာနမှာ အမှန်ပါဘဲ..

Ko Min said...

လောကကြီးမှာ ပြီးခဲ့တာတွေကို ပြန်လည်ဖော်ထုတ်ပြီး... ဆူဆူပူပူဖြစ်အောင်
လုပ်ဖို့ မကောင်းပါဘူး... ဘယ်တုန်းကမှ ဒေါ်ခင်ကြည်ကို ဘယ်သူ့မှ သတိ
မရခဲ့ပါဘူး ၁၉၄၇ ကတည်းကဒ်ါခင်ကြည်ကို မေ့ထားခဲ့တာ... နှစ်ပေါင်း ၄၀ ကျော်
၁၉၈၈ခုနှစ် ကြမှ သက်သက် အသုံးချသွားတာပါ.. ကျွန်တော်တို့
ဗိုလ်ချုပ်တစ်မိသားစုလုံးကို မြန်မာတစ်နိုင်ငံလုံးက အသုံးချနေတာ
ကြာနေပါပြီ.. တော်သင့်ပြီလို့ ထင်ပါတယ်.. ပြီးခဲ့တာတွေကို ထားခဲ့ပြီး
ရှေ့လျှောက်ရမယ့် လမ်းကို ဂရုတစိုက် သွားဖို့ကို စဉ်းစားသင့်ပြီ...
အခုလည်း လာပြန်ပြီ... လူ့အခွင့်အရေးတဲ့... ကျွန်တော်တို့ တိုင်းပြည်က
ကောင်းတဲ့ဘက်ကိုသွားနေတာ.. ပြောင်းလဲမှုတွေ လဲလုပ်သင့်သလောက်လုပ်နေကြပြီ..
ဒါကို နောက်ကြောင်း ပြန်ဆွဲပြီး.. ဦးသန်းရွှေ အပါအ၀င် ဗိုလ်ချုပ်တွေကို
လွန်ခဲ့တဲ့ နှစ် ၂၀ ကျော်က ကိစ္စတွေအတွက် လူ့အခွင့်အရေး ဆိုတဲ့
အကြောင်းပြချက်တွေနဲ့ တရားစွဲခြင်နေကြပြီ... ဘ၀မှာ မှားခဲ့ကြတာကတော့
လူတိုင်း နီးပါးပါဘဲ... အမှားကင်းတဲ့လူဆိုတာရှားပါတယ်... အမှားကိုသိလို့
အမှန်ပြင်လိုက်ပြီဆို ခွင့်လွှတ်သင့်ပါတယ်လို့ ကျွန်တော်ထင်ပါတယ်...
ဘယ်သူမဆို ကိုယ့်အသက်.ကိုယ့်မိသားစုအသက်ကို ကာကွယ်ဖို့ဆိုရင် ဘာမဆို
လုပ်မိမှာဘဲ... ဒါကို အပြစ်မဆိုသာပါဘူး... အမှန်တရားကို တကယ်သိလို့
ပြုပြင်ပြောင်းလဲခဲ့ပြီဘဲ... ခွင့်လွှတ်စိတ်ကလေးတွေနဲ့
ကြည့်ပေးကြပါလို့... အဓိက က. ကျွန်တော်တို့ရဲ့ သား သမီး တွေ
ကောင်းစားဖို့ဘဲ မဟုတ်လား.. သူတို့ရဲ့ဘ၀ကို ကျွန်တော်တို့လို
မဖြတ်သန်းစေခြင်ဘူး... ကဒါဖီလိုတော့ မလုပ်ခဲ့ပါဘူး.... ကျွန်တော်တို့က
ဗုဒဘာသာဝင်တွေဘဲ မဟုတ်လား... ကံ ကံ ၏ အကျိုးကို ယုံကြည်ကြပါ... မည်သူမျှ
လက်တုံ့ပြန်စရာ မလိုပါဘူး... ကံစီမံရာပေါ့.. ပျော့ညံ့တာတော့ မဟုတ်ဘူး....
ကျွန်တော်တို့တိုင်းပြီကြီး ကောင်းဖို့ တစ်ခု အတွက်ပဲ... ဒီလို
အဖြစ်အပျက်တွေကို မကြုံဘူးတဲ့ တိုင်းပြည်ဆိုတာ မရှိပါဘူး... ဒီလိုနဲ့
တဖြည်းဖြည်း ပြုပြင်ပြောင်းလဲလာ ခဲ့တာပါ.. အခုရေတွင်းတူး
အခုရေကြည်သောက်လို့ မရပါဘူး...အချိန်ဆိုတာရှိပါတယ်... အမြဲတမ်း
မိုးမချုပ်သလို အမြဲတမ်းလည်း မိုးမလင်းပါဘူး...
ဒါကြောင့် အချိန်ကို စောင့်ဖို့လိုပါတယ်... ဦးမောင်မောင်လိုပြောရရင်
ဆန္ဒမစောကြပါနဲ့..... အန်တီစုလည်း သဘောပေါက်သွားပါပြီ.. What she have to
do..... ပြုပြင်ပြောင်းလဲရေးဆိုတာ အချိုန်ယူရပါတယ်...
ပူးပေါင်းဆောင်ရွက်ဖို့ လိုပါတယ်.. ကိုယ့်အကျိုးစီးပွားထိခိုက်မယ့်
တိုင်းတပါးနေ(နိုင်ငံရေး ခိုလှုံခွင့်ရနေသူများ) အတွက်ကတော့အခြေအနေ
သိပ်မကောင်းတော့ပါဘူး.. ဒါ့အတွက်ကြောင့်ဘဲ ဒီလိုတွေ အော်နေကြတာပါ.. ဒါကို
ကျွန်တော်တို့ ၀င်ပါစရာ မလိုပါဘူး..... ကျွန်တော်တို့
ကိုယ့်တိုင်းပြည်ထဲမှာနေပြီးစစ်အုပ်ချုပ်ရေး အောက်မှာ
နေခဲ့တဲ့အချိုန်တွေမှာသူတို့က အမေရိကားမှာ ဇိန်နဲ့နေပြီး နိုင်ငံရေး
ခိုလှုံခွင့်လစာ ခံစားနေခဲ့တယ်... အန်တီစုလို...မင်းကိုနိုင်လို ဘယ်သူ
အနစ်နာခံခဲ့လဲ... နှစ်ပေါင်းများစွာ... ဒီလို အနစ်နာခံခဲ့တဲ့ လူတွေတောင်
အမှန်ကို သိသွားကြပြီဘဲ.... ကိုယ်ဘာသာကိုယ် နိုင်ငံခြားမှာနေ
ကိုယ်အလုပ်ကိုယ်လုပ်ကြပါ...

abcmgmg said...

အန်တီစုလည်း သဘောပေါက်သွားပါပြီ.. What she have to
do..... ပြုပြင်ပြောင်းလဲရေးဆိုတာ အချိုန်ယူရပါတယ်...
ပူးပေါင်းဆောင်ရွက်ဖို့ လိုပါတယ်.. ကိုယ့်အကျိုးစီးပွားထိခိုက်မယ့်
တိုင်းတပါးနေ(နိုင်ငံရေး ခိုလှုံခွင့်ရနေသူများ) အတွက်ကတော့အခြေအနေ
သိပ်မကောင်းတော့ပါဘူး.. ဒါ့အတွက်ကြောင့်ဘဲ ဒီလိုတွေ အော်နေကြတာပါ.

I really agreed with Ko Min. We must know the real intention of Lwan Swe and his follower like Zaw Win (88). I don't think they want to see Myanmar as peaceful and developing democracy country. Their way of doing leads our country to bloody battle field like as Syria.

Asiavillage said...

နိုင်ငံ တစ်နိုင်ငံမှာ လက်နက်ကိုင် တပ်ဖွဲ့ဆိုတာ
တစ်ဖွဲ့ထဲ ရှိလို့ရတယ်... ၂ ဖွဲ့ရှိလို့ကိုမရဘူး... ဒါ့ကြောင့်
ဘယ်သူလက်နက်စွန့်ရမလဲဆိုတာ ကိုယ့်ဘာသာကိုယ်သိကြပါ...

လျှောက်စေချင်ပါတယ်။ အနည်းဆုံးတော့ မြစ်ကြီးနားလောက်လျှောက် ပါလို့အကြံပေးပါရစေ။ ဖြစ်နိုင်ရင် ကိုယ့်စားရမယ့် စားစရာတွေကိုပါ ထမ်းသွားစေလိုပါတယ်။ အလားတူအိပ်ယာလိပ်တွေကိုလဲယူသွားစေလိုပါတယ်။ ကိုယ့်အ၀တ်အစား ကိုကိုယ်တိုင်သယ်သွားစေလိုပါတယ်။ ကိုယ့်ထမင်းကိုချက်စားစေလိုပါတယ်။

Asiavillage said...

i agree most of ko min said in the comment above.thks.

Unknown said...

အပြည့်အဝထောက်ခံပါတယ် မိုင်းမကြောက်ရကျည်ဆန်မကြောက်ရပဲလျှောက်ရတဲ့လမ်းပါ

Anonymous said...

ကိုမင်းရယ် ခင်ဗျားကကချင်ပြည်နယ်ဘက်ကိုမရောက်ဘူး တော့အပြစ်တင်ရခက်တယ်ဗျို့ ကချင်တွေကကချင်ပြည် နယ်ကိုသိမ်းဘို့စစ်တိုက်နေတာမဟုတ်ဘူး တိုင်းရင်းသား တွေအပေါ်မှာထားတဲ့ နိုင်ငံရေးပေါ်လစီအတွက်သာ တိုက်ကြရတာပါ အမှန်တရားသိချင်ရင်အဲဒီကိုသွားဘို့လို အပ်လိမ့်မယ် ဘယ်သတင်းမှမပြည့်စုံဘူးကွ

win said...

တိုင်းရင်သားတွေအပေါ်ထားတဲ့ပေါ်လစီအတွက်
တိုက်တာဆို တစ်ခြားအဖွဲ့အစည်းတွေက ငြိမ်းချမ်းရေးလမ်းကိုလျှောက်လှမ်းနိုင်ပြီး
နိုင်ငံတိုးတက်ဖို့အတွက် ဝိုင်းဝန်ကြိုးပမ်းနေချိန်
မှာ ကချင်ကဘာကြောင့် ငြိမ်းချမ်းရေးမယူချင်
ရသလဲ။တိုင်းရင်းသား ၁၃၅မျိုးရှိတာလဲထည့်
တွက်မှပေါ့။ကချင်ကအခွင့်အရေးပိုလိုချင်လို့မရဘူးလေ
ရှိသမျှလက်နက်ကိုင်အဖွဲ့အစည်း
ရှိသမျှမျိုးနွယ်စုတွေတောင်းသမျှ
အကုန်လိုက်လျှော့ရတော့ မြန်မာပြည်
ဘာဖြစ်သွားမလဲဆိုတာ တွက်သာကြည့်ကြတော့
ကိုယ့်နိုင်ငံ အခြေအနေက အခုမှအညွှန်တက်
မယ်ကြံကာရှိသေး'နိုင်ငံမှာရှိတဲ့ငွေက ၁၀၀
လိုချင်ကြတာ ဖြစ်ချင်ကြတာ တောင်းနေကြတာ
၁၀၀၀ဖို့လောက်ရှိတယ်
ဖြစ်ချင်တာထက် ဖြစ်သင့်တာ လုပ်နေကြတာ
ညီအကိုတွေဘဲနားလည်မူပေးနိုင်ရမှာပေါ့

kyawthusukyi said...

Ko Min မှာ IQ EQ CQ ပြည့်တယ်
မြန်မာနိုင်ငံအတွက် ဒီလိုလူတွေများများရှိစေချင်
တယ် မြန်မာအမျိုးသမီးများဒီလိုသားမျိုးများ
များမွေးစေချင်ပါတယ် တိုင်းပြည်အတွက်ပါ

kyawthusukyi said...

ကချင်အတွက်ဟုတ်လို့လား ကချင်တိုင်ရငိးသား တွေအတွက် ဘာလုပ်လို့လဲKIA

Yan Shin said...

#....အဲဒီလောက်ပင်ပမ်းတာကိုဘာလို့စစ်တိုက်နေတာလဲဆိုတဲ့မေးခွန်း....
စစ်သားရဲ.တာဝန်ဟာစစ်တိုက်ဖို.ပါ စစ်တိုက်ရတာပင်ပန်းဆင်းရဲ.တယ်ထင်ရင် တပ်ကထွက်ပါ
စစ်သားကဘဲတိုင်းပြည်တွက်ပေးဆပ်နေတာမဟုတ်ပါ
ကျောင်းဆရာလည်းမြေဖြူကိုင်ရင်း ဆရာဝန်လည်းဆေးထိုးအပ်ကိုင်ရင်းပေးဆပ်နေကြပါတယ် သူတို.လည်းပင်ပန်းဆင်းရဲကြပါတယ်
ဒါကြောင်.တိုင်တွန်းချင်ပါတယ် ပင်ပန်းတဲ.သဘာဝရှိတဲ.စစ်သားဘ၀ကို ပင်ပန်းတယ်ထင်ရင် တပ်ကထွက်ကြပါ တိုင်းပြည်ကိုပေးဆပ်ဖို.တခြားနည်းတွေရှိပါသေးတယ်....

abcmgmg said...

@Yan Shin,

Who will take over responsibility of Soldier , in case there is no soldier in our country? Do you think that we, Myanmar does not need powerful army ? Please try to understand and see what dictatorship is and don't blame to poor soldiers.Please think wisely and widely!!

ayoenyartel said...

walk, walk on and keep walking till to reach the laiza or so called Wan Pao state,,,,, and after then, transform yourself to KIA uniform and holding arms and detonators and keep doing destructive acts for the best of kachin state and contributing ur efforts to establish the so called wan bao state,,,i deeply wish all u safe and sound in ur long walking to kia camp without any injury caused by land minds!!

မျီုး ချစ် said...

စစ်သားတွေ လျောက်တဲ့လမ်းက ဘယ်အချိန် မိုင်းနင်းမိမလဲ ဘယ်အချိန် ချောင်းပစ်ခံ ရမလဲ တောတောင် ချောက်ကမ်းပါး လိုမြှောင် အထပ်ထပ် နေ့ည မ ရှောင် သွားရတာ နေ့ခင်းကြောင်တောင် ကားလမ်းမ ကြီး မှာသွားရတာမဟုတ်ဘူး။

မျီုး ချစ် said...

စစ်သားတွေ အကုန်လုံး ထွက်သွားလို့ တပ်မတော် ဆိုတာမရှိ တော့ရင် မြန်မာ နိုင် ငံ ဆိုတာ ကမ္ဘာ့မြေပုံ ပေါ်မှာ ရှိ ဦးမယ်လို့ ထင် လား ။

Unknown said...

Till barking for Military regime? You could not see what is the true and truth. bcoz all the burmese media ,journalist, and foriegners are written their daily news and report under the so called rebel kachin safely. Have you seen and heard about the current news from Burmese tatmadaw side? No way all their dehumanization can not hide from the media so as possible as the military regime strictly deny to open media door..

Unknown said...

Ko min, i would like u to understand what the union really means. The union myanmar is united with over 130 diversed ethnic groups, not only by the burmese. Over 60s the rights of the other 129 minorities are neglected and rejected. The state is for all, the earth s for all, the resourses is for all. If you can't think fairly and logically, you can offer nothing for your country. The army of the state must be organined by multi diversed ethnic minority or multi fedral army. This the true and final solution for our country. Pls stop your ego based thinking!

Unknown said...

ပြည်သူအတွက် ပေးဆပ်နေတဲ့ ပြည်သူ့တပ်မတော် မဖြစ်သမျှ ဘာမှ လွမ်းလောက်စရာမရှိဘူး။ ပြည်သူအတွက် အလုပ်လုပ်နေတဲ့ စစ်သားကို ပြည်သူက ချစ်တယ်၊ လေးစားတယ်။ စစ်ခေါင်းဆောင်အတွက်၊ အမိန့်အတွက်ဆိုပြီး အကြောင်းပြ ပြည်သူကို ညှင်းဆဲ သူတို့ခေါင်းဆောင်တွေ အကျိုးအတွက်ပဲ အလုပ်လုပ် ပေးဆပ်နေပါတယ်ဆိုတဲ့ တပ်မတော်ဆိုတာကတော ပြည်သူ့ချဉ်ဖတ်ပဲ ဖြစ်မယ်။ ဒီလို စစ်တပ်မျိုးကတော့ မရှိလည်း ဘာမှမထူးဘူး၊ ကိုယ့်လူမျိုးအချင်းချင်း ဗိုလ်ကျ အချယ်အလှယ်ခံ အညစ်ပတ်ခံ အနိုင်ကျင့်ခံ ဘ၀ထက် ဆိုးတဲ့ဘ၀ဆိုတာ ထပ်မရှိနိုင်တော့ဘူး။ ငရဲတွင်းထဲရောက်နေသူအတွက်တော့ ဘယ်မီးပဲလာလာ သိပ်မထူးတော့ဘူး။
တိုင်းပြည်တစ်ခုလုံး စစ်သားကြီးပဲ ရှိလို့လည်း တိုင်းပြည်ထူထောင်လို့ရတဲ့ ထုံးစံ မရှိပါဘူး။ သူ့ကဏ္ဍနဲ့သူ အလုပ်လုပ်ကြရင်း တိုင်းပြည်ကြီး ရပ်တည်နေရတာပါ။ စစ်သား တစ်မျိုးတည်းကသာလျှင် တိုင်းပြည်အတွက် အလုပ်လုပ်သူလို့ ယူဆသူတွေဟာ အစွန်းရောက် စစ်ဝါဒီလို့ပဲ မြင်မိတယ်။ စစ်သားမရှိလို့ မြန်မာ့မြေပုံ ကမ္ဘာပေါ်ကပျောက်ကောင်း ပျောက်နိုင်သလို ကျောင်းဆရာ မရှိရင်လည်း ပျောက်နိုင်တာပါပဲ။ အခုလို ပညာခေတ်မှာ တိုင်းပြည်ကြီး မြေပုံထဲမှာပဲရှိပြီး ကမ္ဘာမှာ မ၀င်ဆန့် အလုပ်မလုပ်နိုင်ရင်လည်း ပျောက်ကွယ်နေတာနဲ့ သိပ်တော့ မထူးဘူးလို့ ထင်ပါတယ်။

blinlin said...

Hi all
I can said,a bove coment most people are blind Ayes,don't do that pls,we are all the same.

very truth said...

အင် အပေါ်က လူမိုက်တွေကတော့ ပြောရင်တာ သူများကို ဘေးထိုင်ဘုပြော မတတ်ပဲနဲ့ ဆရာလုပ်တဲ့
ဘေးထိုင်ဘုပြောဝေဖန်ရေးသမားတွေဆိုပြီး ဝေဖန် အပြစ်
တင်ကဲ့ရဲ့လို့ ဟောင်တတ်ကျတာ။ သူတို့ကြည့်ပြန်တော့လဲ
ဘာကိုမှ သိတတ်နားလည်မယ့်လူတွေ မဟုတ်လောက်ဘူး။
အခုလဲကြည့် ကိုကလဲမလုပ်နိုင် သူများလုပ်ပြန်တော့လဲ
အကောင်းမပြော တော်တော် တတ်နိုင်တဲ့လူတွေပဲ။ ဒါနဲ့
စစ်သားနဲ့ ပြည်သူကိုရှင်ပြီးမှ သူများကိုဝေဖန်လိုက်သေးတယ်။
အခု kia ကော စစ်တပ် ဖတ်ကိုပါ မပါပဲ တိုင်းပြည်ငြိမ်းချမ်းတာကိုပဲလိုချင်တဲ့ ပြည်သူတွေက
ဘယ်သူ့မှ မလုပ်တောင် ကိုလုပ်ရမယ်ဆိုတဲ့ အသိစိတ်နဲ့ ပင်ပင်ပန်းပန်း လမ်းလျှောက်ဆနထုတ်ဖော်တာဗျ။
ငြိမ်းချမ်းရေးကို မလိုလားတော့ ငြိမ်းချမ်းရေးဖော်ဆောင်တဲ့ ပြည်သူကို့  မိန်းမတွေလို စောင်းရွဲ့ပြီး ရေးထား
လိုက်ကျတာ တော်တော် တရားတဲ့လူတွေပဲ။
ဘယ်နိုင်ကစစ်သားက ကို့အိပ်ရာ ကိုမသယ် ကိုထမင်း
ဟင်းကိုမချက် ကိုအစားအစာ ကိုမသယ်ပဲ စစ်ထွက်တဲ့
တပ် ကြားဖူးလဲ။ ဒီလိုစစ်မတိုက်ချင်ရင် စစ်ထဲမ၀င်နဲ့ပေါ့
ဘယ်သူက အတင်းအကျပ်ဝင်ခိုင်းနေလဲ ၊ ဒါပေမဲ့ အသက်မပြည့်ပဲ စစ်တပ်က အတင်းဖန်းပြီး စစ်ထဲဇွတ်ဝင်ခိုင်းခံရတဲ့ လူငယ်တွေကိုတော့ မပြောလိုပါဘူး။ ဒီစစ်ကို ဘယ်ပြည်သူက တိုက်ခိုင်းလဲ
ဦးသိန်းစိန်တောင် အဲလောက် ရပ်ဖို့အမိန့်ပေးနေတာ ဘာလို့မရပ်တာလဲ။ အခု လမ်းလျှောက်ဆနဒ ထုတ်ဖော်နေတဲ့လူတွေက ပြည်သူကွ စစ်သားမဟုတ်ဘူး
စစ်သားဆိုတာအဲလိုပြည်သူတွေကို ကာကွယ်ဖို့
စစ်တပ်ဆိုတာထားထားတာ။ ဒီလို ပြည်သူတွေ
ငြိမ်းငြိမ်းချမ်းချမ်းနဲ့ သက်တောင့်သက်သာနဲ့နေနိုင်ဖို့ စစ်တပ်ဆိုတာကို ပြည်သူကဖွဲ့စည်းပြီး ပြည်သူ့ပိုက်ဆံပေးပြီး နိုင်ငံကိုကာကွယ်ခိုင်းထားတာကွ။ စစ်သားဆိုတာ ပင်ပန်းမှာပဲ ဆင်းရဲမှာပဲ စစ်တိုက်တာ အပျော်ခရီးသွားတာဟုတ်တလား ..အပျော်သွားတာမဟုတ်ရင် ပျော်စရာမကောင်းတဲ့ ဒုကခတွေကိုတော့ ခံစားရမှာပဲ။ နိုင်ငံ့ ၀န်ထမ်းတိုင်း သူ့ တာဝန်နဲ့သူ သူ့ အခက်အခဲနဲ့သူရှိပြီးသားပဲ ပြည့်သူ့ ၀န်ထမ်း ပါဆိုမှ သန်းပေါင်းများစွာသော ပြည်သူများရဲ့ ၀န်ထုပ် ၀န်ပိုးကို ထမ်းရလို့ ၀န်ထမ်းလို့ခေါ်တယ်ဆိုတာကောသဘောပေါက်လား။
သေနတ်နဲ့ စစ်တိုက်ပြီး ပြည်သူ့ရန်ကို ကာကွယ်တိုင်း အုပ်ချုပ်ရေးအာဏာကို ရသင့်တယ်လို့ ထင်ထားတာလား။ပြည်သူကို အမှန်တကယ်ကာကွယ်ပြီး
တကယ်ကို အသက်စွန့်တဲ့ တရားမျှတတဲ့ စစ်တပ်ကိုမှ
ပြည်သူ့တပ်မတော်လို့ခေါ်တယ်။
ကို့လူမျိုးကို ပြန်သတ်တဲ့ စစ်တပ်ကို ဓာပြ သူပုန်လို့ခေါ်တယ်မှတ်ထား။ ပြည်သူကို ပြည်သူပဲ အုပ်ချုပ်စီမံမယ် စစ်တပ်က အုပ်ချုပ်စီမံစရာမလိုဘူး။
လက်နက်မရှိတဲ့ လူကို လက်နက်မရှိတဲ့ လူကသာ အမိန့်ပေး အုပ်ချုပ်ခွင့်ရှိတယ် ၊ လက်ရှိတဲ့လူက လက်နက်မရှိတဲ့လူကို အုပ်ချုပ်အမိန့်ပေးတယ်ဆိုတာ တနည်းအားဖြင့်ပြောရရင် ဓားပြပဲ ဟုတ်တယ်လေး လက်နက်မ၇ှိသူကို လက်နက်နဲ့ ချိမ်းချောက်မှတော့ ဒီလူကို ကာကွယ်ပေးတဲ့လူလို့မခေါ်ဘူး မတရားအနိုင်ကျင့် ဗိုလ်ကျတာလို့ခေါ်တယ်ဗျ ဟုတ်လာ။ အခုငြိမ်းချမ်းရေးလမ်းလျှောက်နေသူတွေက ဘယ်သူ့ဖက်ကမှလဲ ပါတာမဟုတ်ဘူး တိုင်းပြည်တိုးတက်စေချင်လို့ စစ်ပွဲတွေချုပ်ငြိမ်းစေချင်လို့ လူတကာမလုပ်နိုင်တဲ့ အလုပ်ကို လုပ်နေတဲ့ မျိုးချစ်တွေ ပြည်သူကို တကယ်ပဲချစ်မြတ်နိုးတဲ့ တိုင်းပြည်ကောင်းစားတာကို အမုန်တကယ်ပဲ မြင်လိုတဲ့ သူတော်ကောင်းတွေဗျ။ လူယုတ်မာ စစ်ကျွန် စစ်ခွေးတွေမဟုတ်ဘူး ။

Uncle Chan's အမလ said...


ဗိုလ်ချုပ်များ အာရပ်နွေဦးရဲ့ အလွမ်းခန်းတွေကြည့်ပြီး
ထမင်းကောင်းကောင်းစား ဂေါက်ဖ်ကောင်းကောင်းရိုက်
မဒီလေးတွေနဲ့ကောင်းကောင်းကဲ ပြည်သူတွေအပေါ်ကောင်းကောင်းမိုက်ရိုင်း နိုင်ငံပိုင်တွေကို
ကောင်းကောင်းကြီးဓားပြတိုက် ကောင်းကောင်းခိုးလို့ လိပ်ပြာသန့်သန့်နဲများ နစ်ချိုက်စွာ မအိပ်ပျော်နိုင်ကျမှာတော့ ကျနော် အတော့ကို စိတ်ပူမိတယ်။ သနားပါတယ်ဗျာ ဒါတောင် ဇာတ်လမ်းသဘောအနေနဲ့ပဲ ကြည့်ဖြစ်သေးတာနော်။ ကိုကိုယ်တိုင် ပါဝင်သရုပ်ဆောင်ခွင့်မရသေးဘူး။
မြန်မာပြည်သူများ ရိုးတာလား တရားသဘောတွေပြည့်ဝနေတာလား ကြောက်တာလားတော့မသိဘူး ခွင့်လွတ်ပေးကျမှာပါ ။ ဘာမှ လုပ်ကျမှာမဟုတ်ပါဘူး ။ အာရပ်နွေဦးဆိုတာလဲ ရုပ်ရှင်
သဘောနဲ့တာ ကြည့်လိုက်ရတာပဲ မြန်မာနိုင်ငံမှာ ထိုနည်းတူ ဖြစ်လာနိုင်ဖို့ဆိုတာ ဝေးပါတယ်။
သူတို့ကို လိပ်ပြာသန့်သန့် အေးအေးချမ်းချမ်းနဲ့ ဘုရားတရားလေးလုပ်ပြီး နေဖို့ ဘာမှမကြောက်ဖို့ အားပေးနစ်သိမ့်ဖို့တော့လိုမယ်ဗျ။ လူတိုင်းက အမှားနဲ့ မကင်းကျဘူးဆိုတော့လဲ တခါတလေ မှာခဲ့ကျတာလေးကို ခွင့်လွတ်ပေးလိုက်ကျပါဗျာ။ ဘယ်သူက ခွင့်မလွတ်နိုင်တာလဲ အဲဒီကောင် ကိုချင်းစာစိတ်မရှိဘူးလာ ခွင့်လွတ်ဆိုခွင့်လွတ်ပေးလိုက်ပေါ့ သူတို့ခမျာ တခါတလေ လေးမှားတာကို ဟုတ်ဘူးလာနော်။မြန်မာပြည်သူပြည်သားတွေက ဘယ်လောက်ပဲခံခဲ့ရရ ခွင့်လွတ်ပေးကျမှာပါ ဘာမှမပူကျနဲ့။ ဒါပေမဲ့ တခုတော့ရှိတယ်နော် သေသွားလို့ ငရဲပြည်ရောက်ရင်တော့ ငရဲမင်းကြီးက ခွင့်လွတ်နိုင်ပမလားမသိဘူး ဟီ..ဟီ..အဲဒါတော့ ပြည်သူအများလဲ တတ်နိုင်မှာမဟုတ်ဘူး။ အခုလဲ အာရပ်နွေဦးက ကုန်လို့ နွေရာသီကြီးရောက်လာတဲ့ အချိန်မှာတော့ တကောင်ကျန်သေးတယ် ဗျ al-assad လေ ဒီကောင်တော့ မူစလင် စစ်သွေးကြွတွေလက်ထဲရောက်ရင်တော့ ကဒါဖီကြီးထပ်ပိုဆိုးမလားပဲ။

အားလုံးကိုချေမှူန်းမယ် said...

လုပ်ရမှာကKIA ကိုဆက်မတိုက်ဖို့ ပြောရမှာ

စတန့် မထွင်ပါနဲ့ မပခ ဧရိယာ မှာ စစ်တိုက်နေတဲ့

စစ်သားတွေမေးကြည့် ဘယ်သူမှ မတိုက်ချင်ဘူး

အမိန့် နဲ့ တာဝန်အရ လုပ်နေတာ

win said...

ခင်ဗျာသေချာတွေးပါအုံး
ဘယ်သူကစစ်တိုက်ချင်နေတာလဲလို့
ငြိမ်ချမ်းစွာဆန္ဒပြချင်ရင် သူပုန်တောပြီး စစ်ပွဲတွေရပ်ဖို့ပြောကြ ဆန္ဒပြကြပါလား
မရောင်ရာဆီလူးသလိုဖြစ်နေလို့ပါ
ဘယ်ပြည်သူမှစစ်ကိုမလိုပါဘူး
စစ်ကိုအလိုမရှိပါဘူး
နိုင်ငံမှာလက်နက်ကိုင်အဖွဲအစည်း ဒီလောက်များနေတာ ဘယ်ကတိုင်းပြည်ငြိမ်ချမ်း
မှာလဲ စစ်တိုက်ချင်နေတာ စစ်တပ်ကလား
kia လား
ခင်ဗျာ kiaတောနေဘူးရင် သိလားပါလိမ့်မယ်
kiaရောပြည်သူအတွက်ဘာတွေလုပ်နေတယ်
ဘာကြောင့်ရှိသင့်တယ် မရှိသင့်ဘူ
ငြိမ်ချမ်းချင်လို့ လက်နက်ကိုင်အဖွဲအစည်း
အကုန်လွှတ်လပ်ခွင့်ပေး လုပ်ပိုင်ခွင့်ပေးကြည့်
ကျွန်တော်တို့ဖက်မှာတင် လက်နက်ကိုင်အဖွဲ
အစည်း ၃၀ကျော်ရှိတယ်
ဘာဖြစ်မယ်ထင်လဲ

abcmgmg said...

@ Ko Thein Sein

You should think more widely and wisely. Try to understand " Tyrant & Army" " Government & Rebel" . You are just playing the blame game. It cannot solve problem. We need unity. Do you think Myanmar Soldiers don't want to ceasefire? Please try to see the root cause behind the science???

Unity To Fight Dictatorship said...

နိုင်ငံတခုမှာ လက်နက်ကိုင်တပ်ဖွဲ့ တခုပဲရှိရတယ်ဆိုတာပြောရဲတဲ့သူကို အံ့သြတယ်ဗျာ။ နိုင်ငံတိုင်းမှာ လက်နက်ကိုင်ထား တဲ့ ရဲတပ်ဖွဲ့၊ နယ်ခြားလုံခြုံရေးထိမ်းသိမ်းမှုအဖွဲ့၊ မူးယစ်ဆေးဝါးနှိမ်နင်းရေးအဖွဲ့၊ အကြမ်းဖျက်နှိမ်နင်းရေးတပ်ဖွဲ့တွေအပြင် အခြားအဖွဲ့တွေပါထားလေ့ရှိပါတယ်။ ဒါတွေအားလုံးက လက်နက်ကိုင်ထားကြပြီးတော့ သီးခြားလွတ်လပ်တဲ့ စီမံခန့်ခွဲမှု တခုစီအောက်မှာရှိကြရတယ်။ မြန်မာနိုင်ငံလို စစ်တပ်က တိုင်းပြည်သယံဇာတနဲ့ အုပ်ချုပ်မှုထဲဝင်ပါနေကြတာမျိုးက အာ ဏာရှင်နိုင်ငံတွေမှာပဲရှိပြီးတော့ လူထုအတွက်ကာကွယ်မှုပေးတဲ့နိုင်ငံတွေမှာတော့ လက်နက်ကိုင်တပ်ဖွဲ့တွေကို အချင်း ချင်းပါဝါညီမျှမှုရှိအောင်ထိမ်းချုပ်ထားတာတွေရှိပါတယ်။ အခြေအနေအရမ်းဆိုးရွားလို့ တိုင်းပြည်ရဲ့ အုပ်ချုပ်သူ အရပ် သားအစိုးရရဲ့ တောင်းဆိုမှုမရှိပဲနဲ့ ရဲကိစ္စမှာ စစ်တပ်ကဝင်ရောက်စွက်ဖက်နိုင်ခွင့်မရှိပါဘူး။
စစ်တပ်ကစစ်သားတွေစားနပ်ရိက္ခာသယ်ပြီးချီတက်တာမရှိပါဘူး။ ရုပ်ရှင်တွေဝါဒဖြန့်တာတွေကြည့်ပြီး မျက်လုံးပိတ်မနေ ပါနဲ့။ လိမ်နေတာမဟုတ်ရင်ပေါ့ဗျာ။ စစ်တပ်က ရွာတွေမှာ ဝင်ရောက်လုယက်မီးရှို့ဖျက်ဆီး၊ မုဒိမ်းကျင့်လူသတ်တာတွေ လဲ မနဲပါဘူး။ ဟစ်တလာလက်အောက်ခံတပ်တွေလို ဒီလိုမသာမာမှုတွေလုပ်နေတဲ့စစ်တပ်မျိုးတခုရှိတာထက်စာရင် ဒီလို စစ်တပ်မျိုးကို ခုခံတိုက်ခိုက်နေတဲ့အင်အား သိန်းသန်းနဲ့ချီရှိလေကောင်းလေဖြစ်မှာပါပဲ။ အခုကျွန်တော်တို့မြန်မာစစ်တပ် က လူတွေနဲ့တိုင်းပြည်ကို ကာကွယ်စောင့်ရှေက်တဲ့အလုပ်လုပ်သလား။ ဒါမှမဟုတ်နာဇီလက်ကိုင်တုတ်စစ်တပ်လိုကျင့် ကြံနေသလား။ တိုင်းပြည်ရဲ့အမွေသယံဇာတတွေနဲ့လူထုရဲ့မရှိမဲ့ရှိမဲ့လယ်ယာတွေသိမ်းဆည်းရောင်းချလုပ်နေတာတွေက လွဲရင် တိုင်းပြည်ကိုကာကွယ်ဘို့အတွက်စစ်တပ်က ဘာလုပ်တာ တွေ့ရပါသလဲ။ ဝတပ်တွေက မူးယစ်ဆေးဝါးလုပ်ကမ္ဘာ မှာတိုင်းပြည်ဂုဏ်ညှိုးနွှမ်းနေအောင်လုပ်နေတာ မျက်စိပိတ်နေပြီးတော့ သူတို့လူမျိုးသူတို့ခုခံကာကွယ်ဘို့ကြိုးစားနေတဲ့ လူမျိုးစုတပ်ငယ်တွေကျရင် တိုင်းပြည်ကာကွယ်ရေးအတွက်ဆိုပြီး အရှက်မဲ့အော်ပြကြတယ်။ တကယ်တိုင်းပြည်ကာကွယ် ရေးဆိုရင် မြန်မာနိုင်ငံသားမဟုတ်ပဲ တကယ်တရုတ်အစစ်တွေဖြစ်တဲ့ ဝတပ်တွေကို တိုက်ပါလားဗျာ။ မဟုတ်ပဲနဲ့ လက် နက်မဲ့ရွာသူရွာသားတွေကို နိုင်လိုမင်းထက်ပြုနေတဲ့စစ်တပ်မျိုးရှိတာထက်စာရင် မရှိတာက ကောင်းပါသေးတယ်။

Unity To Fight Dictatorship said...

မသိရင်လဲနဲနဲလေ့ပါဗျာ။ ကမ္ဘာပေါ်မှာစစ်တပ်ရယ်လို့မရှိပဲတည်မြဲနေတဲ့နိုင်ငံတွေရှိပါသေးတယ်။ ဥပမာပြောရရင် ဆော်လမွန်ကျွန်းနိုင်ငံ။ ဒါတခုပဲရှိပါသေးတယ်။ စင်္ကာပူမှာလဲ အမြဲတမ်းစစ်တပ်မရှိပါ ဘူး။
စစ်တပ်က တိုင်းပြည်ကိုကာကွယ်ဘို့ပါ။ လူထုကို နှိပ်ကွပ်ပြီး တိုင်းပြည်ကိုရောင်းစားဘို့မဟုတ်ဘူး။ အခုစစ်တပ်ကဘာတွေဖြစ်နေသလဲ။ အရပ်ဘက်တွေမှာကော ဘာလို့စစ်တပ်က ဝင်ဆွက်နေကြရ တာလဲ။ တိုင်းပြည်ကြီးကို ချောက်ကမ္ဘားထဲကျမှာဆိုးလို့ကယ်တင်တယ်ဆိုရင်းအခု တိုင်းပြည်ဘယ် လောက်မွဲနေပြီလဲ။ စဉ်းစားကိုယ့်လူရေ။

Unknown said...

စင်္ကာပူမှာလဲ အမြဲတမ်းစစ်တပ်မရှိပါ ဘူး။
Please learn more about that knowledge.
http://www.mindef.gov.sg/

abcmgmg said...


မြန်မာ တွေဟာ အရှည်မျှော်တွေးမှု နည်း တယ်။ ပိုင်ခြားဝေဖန်မှုအားနည်း တယ်။မြောက်ပေးတဲ့လူရှိရင်အချင်း ချင်းသတ် ရန်လက်မတွန့်သူ၊ စည်း ကမ်း ဆို တာ ကြောက်တဲ့ သူလိုက်နာတာလို့တွေးတတ်တဲ့ လူမျိုး၊ မိမိကိုယ် ကို အထင်ကြီလွန်းသူ၊ကိုယ့် အချင်းချင်း မနာလို မရှု့စိမ့် မူ့ များလွန်းတဲ့ လူမျိုး၊ ကိုယ်စီအတ္တကြီးလွန်းသူ ဆိုတာတွေ့ရလို

@ Unity To Fight Dictatorship

You are such kind of person. Your point of view is rubbish seeing from very narrow angle with very poor knowledge.

Unknown said...

ဘယ်တိုင်ရင်းသားကသမိုင်းမှာဘယ်လောက်အရေးပါတယ်ဘယ်လောက်ပေးဆပ်ခဲ့တယ်ဆိုတဲ့အရာလည်းကွာအုန်းမယ်ထင်တယ်ကြယ်ဖြူငါးပွင့်နဲ့ပြည်ထောင်စုကြယ်ကြီးအလယ်မှာရှိနေတဲ့အလံကိုသိသူတိုင်းဟာဗမာလူမျိုးတိုင်းရင်းသားသည်လည်းကြယ်ဖြူတစ်လုံးမျှသာဝေစုရှိပါသည်အဘယ်ကြောင့်ဗမာကတိုင်း၇တိုင်းရှိနေရပါသနည်းတကယ်ဆိုတိုင်းရင်းသား၈မျိုးရှိရင်၈ပြည်နယ်သာရှိရမည်မဟုတ်ပါလားကချင်တကျပ်ရရင်ဗမာတစ်ကျပ်ရရမယ်ဆိုတော့ဗမာလူဦးရေများနေတယ်ပြောအုန်းမယ်ဆိုရင်အခြားပြည်နယ်တွေမှာဗမာလူမျိုးလုံးဝမနေကြတော့ဘူးလားဌင်းပြည်နယ်သူသားများသည်တန်းတူခံစားခွင့်ရကြမည်မဟုတ်ပါလားအဘယကြောင့်ဗမာလူကြီးမင်းများကဗမာလူမျိုးသည်တိုင်းရင်းသားများ၏မိဘများလိုလိုစကားပြောကြပါသနည်းပြည်ထောင်စုတွင်ဗမာသည်လည်းတိုင်းရင်းသားတစ်မျိုးသာဖြစ်ရမည်မဟုတ်ပါလားလူဦးရေနည်းတဲ့သူကိုတန်းတူအခွင့်အရေးမပေးနိင်ရင်မပေါင်းနဲ့ပေါ့သူတို့ကိုခွဲးထုတ်လိုက်ပေါအခုတော့မတရားသလိုပါဘဲကွာ

Asiavillage said...

(ပြည်သူအတွက် ပေးဆပ်နေတဲ့ ပြည်သူ့တပ်မတော် မဖြစ်သမျှ ဘာမှ လွမ်းလောက်စရာမရှိဘူး။ ပြည်သူအတွက် အလုပ်လုပ်နေတဲ့ စစ်သားကို ပြည်သူက ချစ်တယ်၊ လေးစားတယ်။ စစ်ခေါင်းဆောင်အတွက်၊ အမိန့်အတွက်ဆိုပြီး အကြောင်းပြ ပြည်သူကို ညှင်းဆဲ သူတို့ခေါင်းဆောင်တွေ အကျိုးအတွက်ပဲ အလုပ်လုပ် ပေးဆပ်နေပါတယ်ဆိုတဲ့ တပ်မတော်ဆိုတာကတော ပြည်သူ့ချဉ်ဖတ်ပဲ ဖြစ်မယ်။ ဒီလို စစ်တပ်မျိုးကတော့ မရှိလည်း ဘာမှမထူးဘူး၊ ကိုယ့်လူမျိုးအချင်းချင်း ဗိုလ်ကျ အချယ်အလှယ်ခံ အညစ်ပတ်ခံ အနိုင်ကျင့်ခံ ဘ၀ထက် ဆိုးတဲ့ဘ၀ဆိုတာ ထပ်မရှိနိုင်တော့ဘူး။ ငရဲတွင်းထဲရောက်နေသူအတွက်တော့ ဘယ်မီးပဲလာလာ သိပ်မထူးတော့ဘူး။
တိုင်းပြည်တစ်ခုလုံး စစ်သားကြီးပဲ ရှိလို့လည်း တိုင်းပြည်ထူထောင်လို့ရတဲ့ ထုံးစံ မရှိပါဘူး။ သူ့ကဏ္ဍနဲ့သူ အလုပ်လုပ်ကြရင်း တိုင်းပြည်ကြီး ရပ်တည်နေရတာပါ။ စစ်သား တစ်မျိုးတည်းကသာလျှင် တိုင်းပြည်အတွက် အလုပ်လုပ်သူလို့ ယူဆသူတွေဟာ အစွန်းရောက် စစ်ဝါဒီလို့ပဲ မြင်မိတယ်။ စစ်သားမရှိလို့ မြန်မာ့မြေပုံ ကမ္ဘာပေါ်ကပျောက်ကောင်း ပျောက်နိုင်သလို ကျောင်းဆရာ မရှိရင်လည်း ပျောက်နိုင်တာပါပဲ။ အခုလို ပညာခေတ်မှာ တိုင်းပြည်ကြီး မြေပုံထဲမှာပဲရှိပြီး ကမ္ဘာမှာ မ၀င်ဆန့် အလုပ်မလုပ်နိုင်ရင်လည်း ပျောက်ကွယ်နေတာနဲ့ သိပ်တော့ မထူးဘူးလို့ ထင်ပါတယ်။)It's good.