Wednesday, January 23, 2013

ဗိုလ်သိန်းစိန်ကို သိပ်ကြိုက်လား ...

ဗိုလ်သိန်းစိန်ကို သိပ်ကြိုက်လား
ဇော်ဝင်း (၈၈ ကျောင်းသားဟောင်း)

ဦးသိန်းစိန်ကို လူတချို့က ဘာလို့ အကောင်းမြင်ကြသလဲဆိုတော့ သန်းရွှေခေတ်နဲ့ နှိုင်းစာပြီး သိန်းစိန်ခေတ်မှာ ပိုရေးခွင့် ပိုပြောခွင့် နိုင်ငံရေးလှုပ်ရှားခွင့်တချို့ ရလာတာကို ကြည့်ပြီး ပြောနေကြတာလို့ နားလည်မိပါတယ်။ သူတို့ ထည့်မတွက်တဲ့ အချက် ၂ ချက် ရှိတယ်။

ပထမတချက်

ပထမတချက်က သိန်းစိန် ပြင်လာတာ (သိန်းစိန်ကို သန်းရွှေက ပြင်ခိုင်းလိုက်တာ) ဟာ မပြင်ရင် မရတော့လို့ မပြင်ရင် သူတို့ ပြုတ်ကျဖို့ သိပ်နီးလာပြီဆိုတာ သူတို့ သိလာလို့ပဲ။ အဲဒီလို မပြင်ရင် မရတော့ဘူးဆိုတာ သူတို့ သိလာတဲ့ အခြေအနေထိ ရောက်ဖို့အတွက် အသက်တွေပေး၊ ဘဝတွေပေးခဲ့ရတဲ့သူတွေ ဒုနဲ့ဒေးပဲ။ ဒီတော့ အခုကောင်းလာတယ်ဆိုတဲ့ အချက်တွေအတွက် ကျေးဇူးတင်ရင် သိန်းစိန်ကို ကျေးဇူးတင်ရမှာမဟုတ်ဘူး။ အနစ်နာခံခဲ့သူတွေကို ကျေးဇူးတင်ရမှာ။

``ဦးသိန်းစိန်ကို အနန္တကျေးဇူးရှင် ထင်နေကြသူတွေ မမေ့ဖို့ အချက်တချက်က ၂၀၁၀ ရွေးကောက်ပွဲမှာ သူတို့ဟာ ကြိုတင်မဲတွေ ပုံအောသုံးပြီး မဲခိုးခဲ့တဲ့အချက်ပဲ။ ဦးသိန်းစိန်ဟာ မဲခိုးသမ္မတ ဖြစ်တယ်ဆိုတာ မမေ့ပါနဲ့။ ဒါကို မျက်နှာပြောင်တိုက်ပြီး ကျနော်တို့ကို ပြည်သူလူထုက ရွေးကောက်တင်မြှောက်ထားတယ်လို့ ဦးသိန်းစိန် ပြောနေတာဟာ လူထုကို ဗြောင်လိမ်နေတာဖြစ်သလို လူထုကို စော်ကားနေတာလည်း ဖြစ်ပါတယ်။ လူထုကို ဗြောင်လိမ်၊ ဗြောင်စော်ကားတာဟာ ဖက်ဆစ်၊ နာဇီ လက္ခဏာဆိုတာလည်း မမေ့ပါနဲ့။ ထပ်ပြောပါရစေ။ သိန်းစိန်ဟာ သူခိုး၊ လူလိမ်ဖြစ်ပါတယ်။´´

၈၈ မှာ လူထုတွေ လမ်းပေါ်ထွက် ဆန္ဒပြတာ၊ ၂၀၀၇ ခုနှစ်မှာ လူထုတွေ လမ်းပေါ်ထွက် ဆန္ဒပြကြတာတွေကြောင့် သန်းရွှေ၊ သိန်းစိန် စစ်အာဏာရှင်တွေဟာ သူတို့ ဒီပုံအတိုင်း ဆက်သွားလို့ မရတော့ဘူးဆိုတာ သိလာတယ်။ ဒီအတိုင်း ဆက်သွားရင် လူထုက ဆက်တော်လှန်မယ်၊ စစ်တပ်ပြိုကွဲမယ်၊ သူတို့ ဒုက္ခရောက်တော့မယ် အဲဒီအခြေအနေရောက်ဖို့ သိပ်နီးလာပြီဆိုတာ သူတို့ သိလာတယ်။ ဒါ့ကြောင့် ၂၀၀၈ မှာ အခြေခံဥပဒေကို ကမန်းကတန်း အတည်ပြုတယ်။ ၂၀၁၀ မှာ ရွေးကောက်ပွဲကို ကပျာကယာ ကျင်းပတယ်။

ဒီနေရာမှာ ဦးသိန်းစိန်ကို အနန္တကျေးဇူးရှင် ထင်နေကြသူတွေ မမေ့ဖို့ အချက်တချက်က ၂၀၁၀ ရွေးကောက်ပွဲမှာ သူတို့ဟာ ကြိုတင်မဲတွေ ပုံအောသုံးပြီး မဲခိုးခဲ့တဲ့အချက်ပဲ။ ဦးသိန်းစိန်ဟာ မဲခိုး သမ္မတ ဖြစ်တယ်ဆိုတာ မမေ့ပါနဲ့။ ဒါကို မျက်နှာပြောင်တိုက်ပြီး ကျနော်တို့ကို ပြည်သူလူထုက ရွေးကောက်တင်မြှောက်ထားတယ်လို့ ဦးသိန်းစိန် ပြောနေတာဟာ လူထုကို ပြောင်လိမ်နေတာဖြစ်သလို လူထုကို စော်ကားနေတာလည်း ဖြစ်ပါတယ်။ လူထုကိုပြောင်လိမ်၊ ပြောင်စော်ကားတာဟာ ဖက်ဆစ်၊ နာဇီ လက္ခဏာဆိုတာလည်း မမေ့ပါနဲ့။ ထပ်ပြောပါရစေ၊ သိန်းစိန်ဟာ သူခိုး၊ လူလိမ်ဖြစ်ပါတယ်။

ခုတော့ တတိယအုပ်စု၊ ဗဟု၊ အီးဂရက်စ် ဆိုတဲ့ နေဝင်းမောင်၊ ကျော်ဝင်းတို့ရဲ့ သားတွေ မြေးတွေက ၁၉၈၈၊ ၂၀၀၇ လူထုအရေးအခင်းကြီးတွေကို စော်ကားပြီး သိန်းစိန်ကို ပထွေးတော်ချင်ကြတာကို တွေ့လာရတယ်။ လူထုတွေ လမ်းပေါ်ထွက်လို့ ဘာမှ ဖြစ်မလာဘူး။ ဘာမှ ပြုပြင်မလာဘူး။ သိန်းစိန်ကြီး စိတ်ကောင်း စေတနာကောင်းရှိလို့သာ ပြောင်းလာတယ်ဆိုတဲ့ အချိုးမျိုး ပြောလာနေကြတယ်။ သူတို့ အသနားခံကောင်းလို့ ယုံကြည်မှု အတည်ဆောက်ကောင်းလို့ ဖြစ်လာသလိုလို ပြောနေကြတယ်။ ခုရက်ပိုင်းအတွင်းမှာပဲ သည်ဗွိုက်စ်ဂျာနယ်မှာ နေဝင်းမောင်၊ ကျော်ဝင်း သားမြေး နေထက်ထက်အောင် ဆိုတဲ့ ဂျာနယ်လစ် မိန်းကလေးတယောက်က လူထုလှုပ်ရှားမှုကို စော်ကားပြီး စစ်ဦးစီးချုပ်တွေ စစ်ဗိုလ်ချုပ်တွေကို အထင်မှား အမြင်မှားအောင် လုပ်လို့ပဲ ဒီမိုကရေစီ မရသလိုလို ရေးထားတာ ဖတ်လိုက်ရတယ်။ သိန်းစိန်ရဲ့ ပြုပြင်ရေးကို အမွှမ်းတင်ပြီး နောက်ပြန်လှည့်မှာ သေလုအောင်ကြောက်စရာ ကောင်းသလိုလည်း ရေးထားတယ်။ ကချင်ပြည်နယ်မှာ ဖြစ်နေတဲ့ စစ်ပွဲကိုလည်း ကချင်ကို အပြစ်တင်ပြီး၊ အစိုးရကို ဖာထေး ဖုံးဖိပေးပြန်တယ်။ လူထုမျက်စိထဲကို သူတို့ သဲနဲ့ ပက်တာ သိပ်များနေပြီ။

ဒုတိယအချက်

ဒုတိယတချက်က သိန်းစိန်ဟာ လူထုအတွက် စေတနာထားပြီး ပြင်နေတာမဟုတ်ဘူး။ စစ်အာဏာရှင်စနစ် သက်ဆိုးရှည်ရေးအတွက် စစ်အာဏာရှင်စနစ်ကို ဖာထေးနေတာသာဖြစ်တယ်ဆိုတဲ့ အချက်ပဲ။ စစ်အာဏာရှင် မိသားစုတွေ ပိုချမ်းသာရေး၊ စစ်အာဏာရှင်တွေရဲ့ အပေါင်းအပါ ခရိုနီတွေ ပိုချမ်းသာရေးအတွက် လုပ်နေတာ။ အရင်တုန်းက နည်းနဲ့ တိုင်းပြည်ကို အဆီအသွေးစုပ်လာတာ ကုန်သလောက်နီးပါးရှိပြီ။ တိုင်းပြည်ကလည်း ဖြူခါပြာခါကျနေပြီ။ ဆက်ပြီး စားစရာသောက်စရာ အဆီအသွေး မြိုဆို့စရာ မကျန်တော့ဘူး။ လူထုကလည်း မွဲလွန်းလို့ အသက်အသေခံပြီး သူတို့ကို ဖြုတ်ချတော့မယ်။ တဘက်မှာ အာရပ်မှာလည်း လူထုက အစိုးရကို ပုန်ကန်ဖြုတ်ချနေပြီ။ သူတို့ သိပ်ကြောက်ဒူးတုန်နေပြီ။ သူတို့အကြောင်းကို သူတို့ အသိဆုံး။

``ခုတော့ တတိယအုပ်စု၊ ဗဟု၊ အီးဂရက်စ် ဆိုတဲ့ နေဝင်းမောင်၊ ကျော်ဝင်းတို့ရဲ့ သားတွေ မြေးတွေက ၁၉၈၈၊ ၂၀၀၇ လူထုအရေးအခင်းကြီးတွေကို စော်ကားပြီး သိန်းစိန်ကို ပထွေးတော်ချင်ကြတာကို တွေ့လာရတယ်။ လူထုတွေ လမ်းပေါ်ထွက်လို့ ဘာမှဖြစ်မလာဘူး။ ဘာမှပြုပြင်မလာဘူး။ သိန်းစိန်ကြီး စိတ်ကောင်းစေတနာကောင်းရှိလို့သာ ပြောင်းလာတယ်ဆိုတဲ့ အချိုးမျိုး ပြောလာနေကြတယ်။ သူတို့ အသနားခံကောင်းလို့ ယုံကြည်မှုအတည်ဆောက်ကောင်းလို့ ဖြစ်လာသလိုလို ပြောနေကြတယ်။ ခုရက်ပိုင်းအတွင်းမှာပဲ သည်ဗွိုက်စ်ဂျာနယ်မှာ ...´´

ဒီလိုအချိန်မှာ လူထုကိုလည်း လှည့်စားနိုင်ဖို့၊ စစ်အာဏာရှင်စနစ်လည်း ခေတ်မီမီနဲ့ သက်တမ်းရှည်နိုင်ဖို့ နည်းအသစ်ကို အစပျိုး စမ်းသပ်လာတယ်။ နည်းအသစ်နဲ့ အဆီအသွေးစုပ်မြိုနိုင်ဖို့ အနောက်နိုင်ငံအရင်းအနှီးနဲ့ တိုင်းပြည်ထဲက ဆင်းရဲသားတွေရဲ့ လုပ်အားကို ပူးပေါင်းအသုံးချပြီး၊ သွေးစုပ်ချယ်လှယ်ပြီး နည်းအသစ်နဲ့ ချမ်းသာဖို့ လုပ်လာတယ်။ သူတို့ပြောနေတဲ့ ဆင်းရဲသားတွေ အလုပ်ရရေးဆိုတာ ဆင်းရဲသားတွေကို သေအောင်ခိုင်း၊ မဝရေစာပေး၊ ကောင်းကောင်းကြီး အမြတ်ထုတ်သွေးစုပ်ရေးပဲ။ နိုင်ငံတကာကနေ အကြွေးတွေ ထပ်ယူဦးမယ်။ နောက်မျိုးဆက်တွေမှာ ဆပ်မကုန်၊ မွဲမကုန် ဖြစ်ရဦးမယ်။ ပြည်တွင်းမှာ သူတို့ စားစရာကုန်သွားလို့ ပြည်ပကနေ ချေးပြီး သူတို့ စားဦးမယ်။ ပြီးတော့ နောက်မျိုးဆက်တွေကို နွားလိုရုန်းပြီး ဆပ်ခိုင်းဦးမယ်။ အဲဒါ သူတို့အကြံအစည်ပဲ။ သူတို့အကြံအစည်အတိုင်း အောင်မြင်သွားလို့ကတော့ စစ်အာဏာရှင်တွေက ချေးစား၊ ကျနော်တို့ သားမြေးတွေက ကုန်းဆပ် အဲဒါ ကျနော်တို့ရဲ့ အနာဂတ်ပဲ။ ကမ္ဘာမှာ ဒီအဖြစ်မျိုးကြုံဖူးတဲ့ နိုင်ငံတွေလည်း ရှေ့မှာ ဥပမာတွေ ရှိခဲ့ဖူးပြီ။

ဒီလိုပြောလို့ အကြွေးမယူရဘူး၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကို လက်မခံရဘူးလို့ ပြောနေတာမဟုတ်ဘူး။ ငွေချေးတာ၊ သုံးစွဲတာ၊ ရင်းနှီးမြှုပ်နှံတာတွေကို အမြော်အမြင်ရှိရှိ ချင့်ချိန်လုပ်ဖို့ အလုပ်သမား၊ လယ်သမားတွေကို ကာကွယ်ဖို့ ပြောနေတာပါ။ စစ်အာဏာရှင်တွေဟာ အလုပ်သမား လယ်သမားတွေကို ချနင်းပြီး၊ သူတို့နဲ့ ခရိုနီတွေ ကောင်းစားဖို့ အကြံကြီးကြံနေပါပြီ။ စစ်အာဏာရှင်နဲ့ ခရိုနီဆိုတာ ခွဲမရဘူး။ စစ်တပ်နဲ့ ပြည်တွင်းစစ်မပါဘဲ စစ်အာဏာရှင်စနစ် မကြီးထွားနိုင်သလို၊ ခရိုနီတွေ မပါဘဲ စစ်အာဏာရှင်တွေ မချမ်းသာနိုင်ဘူး။

ဒီအချက်တွေကို မြင်အောင်မကြည့်ရင်တော့ သိန်းစိန်ကို ကျေးဇူးရှင် ထင်နေဦးမှာပဲ။ မျက်တောင်မွှေးတဆုံး မကြည့်ကြပါနဲ့။ အနှစ်သာရကို မြင်အောင်ကြည့်ကြပါ။ ပြုပြင်ပေးတဲ့ အချက်တွေဟာ ဟန်ဆောင်အယောင်ပြပါ။ မီးလောင်ဗုံးနဲ့ ကချင်တိုက်ပွဲဟာ တကယ့်သဘောထားအမှန်၊ တကယ့်အနှစ်သာရပါ။

ဇော်ဝင်း (၈၈ ကျောင်းသားဟောင်း)
၂၂ ဇန်နဝါရီ၊ ၂၀၁၃။

57 comments:

minzaw741 said...

ဘာပဲပြောပြော လက်ရှီအချိန်မှာ ပြုပြင်ရင်၊အမှားကို သိသွားရင်၊တို့ တွေက လက်ခံရမှာပဲလေ၊လက်တွေ့ လုပ်ရက်ကို ထောက်ခံရမှာပဲလေ၊ ဘေးကထိုင်ပြောနေမယ့်သူထက်စာရင် လက်တွေ့ လုပ်နေတဲ့ သူကို အထင်ကြီးမှာပဲလေး ငါမလုပ်ရလို့ ဆိုင်းဝိုင်းထဲကဗုံကြီးထိုးဖောက်လိုက်မယ့်ဆိုတဲ့ လူတွေထက်စာရင် ဦးသိန်းစိန်က တော်ပါတယ်

Anonymous said...

မှန်ပါတယ်

Shancherry said...

ပေါတောတော ဝေဖန်ချက်ကြီးပါကွာ. ဇော်ဝင်း ဦးနှောက်က ၈၈ ဆိုတဲ့ လေဖြတ်ပြီးကတည်းက အမြင်ကော တွေးအခေါ်ပါ ရွဲ့စောင်းနေတာ. ပြောရရင်တော့ နိုင်ငံရေးဆေးမမီတဲ့ ရောဂါပေါ့ဗျာ.

Unknown said...

yes I absolutely agree Ko Zaw Win's mentioned about Thein Sein,we need to watch with extra care.

Unknown said...

မင်းသမ္မတ မဖြစ်သေးလို့ပါကွာ မင်းသာဖြစ်ရင် ငါကြည့်ချင်တယ် အကောင်းမြင်ပေးပါ(ကျေးဇူးပြုပြီး)

mgmg.blogspot.com said...

နိုင်ငံတော်ကာကွယ်ရမည့် အစိုးရက နိုင်ငံသားအချင်းချင်းကို ရက်ရက်စက်စက် တိုက်ခိုင်နေတာ၊ လူ့အခွင့်ရေးချိုးဖောက်နေတာတွေကိုအကောင်းမြင်ပေးပါကွာတဲ့။ ထွီ---------- ရင်နာတယ်။

အမှန်တရား said...

ဘာပဲဖြစ်ဖြစ်မဲခိုးသမတဆိုတာကိုတော့အားလုံးလက်ခံရပါမယ်

harry said...

Absolutely Right,If they didn't change they gonna face like a
Lybya.

thet said...

ဇော်ဝင်း နဲ့ လွန်းဆွေ အတူတူပါပဲ

မောင်ပြောချင် said...

သိန်းစိန်တို့ ဒီလိုလုပ်နိုင်အောင် လုပ်ပေးတဲ့director က သန်းရွှေ ။သန်းရွှေမိုက်တာကမ်းကုန်တယ်။ဇာတ်တူသားလည်းစားတယ်။ဘုန်းကြီးတွေသတ်ပြီးနောက်ဘဝအတွက်ပါမိုက်ကြွေးယူတယ်ကွာ။သူ့senior နေဝင်းတောင် တိုင်းပြည်ကိုစကားပြောလိုက်ရသေးတယ်။သန်းရွှေတစ်ခွန်းမှအဖက်လုပ်ပြီးတစ်တိုင်းပြည်လုံးကို တိုက်ရိုက်စကားပြောမသွားဘူးလုပ်ချင်တာလုပ်ပြီးအင်္ကျီချွတ်သွားတယ်သိန်းစိန်တိဲုတစ်ဖွဲ့လုံးကိုပါအင်္ကျီချွတ်ခိုင်းတယ်ဘယ်သူအဲလောက်သတ္တိရှိလဲကွာ။သေမှာတော့လာမပြောနဲ့အသက်ကသေပျော်နေပြီ။သေတဲ့အထိအာဏာရှင်လုပ်သွားလို့ရသေးတယ်။ ခုပါတီစုံ နဲ့လွှတ်တော်ကျင်းပပေးတယ်။အာဏာကိုလွှတ်တော်ကိုယ်စားလှယ်တွေနဲထိနိးထားသေးတယ် ဒါပေမယ့် တင်ပြချင်တာတွေပြောချင်တာတွေပြောင်းလဲစေချင်တာ တွေကို တင်ပြပေးနိုင်ဖို့က အတိုက်အခံပါတီကလွှတ်တော်အမတ်တွေရဲ့အရည်အချင်းနဲ့ကြိုးစားနိုင်မှု ဝီရိယရှိမှုတွေပေါ်မူတည်သွားပြီ။ဒီလိုပြောလို့ ၈၈ ၂၀၀၇ တို့ကကျဆုံးသွားတဲ့သူတွေကိုအလေးမထားတာမဟုတ်ဘူး။သူတို့ခင်းတဲ့လမ်းကိုသိပ်အနာခံစရာမလိုဘဲဆက်ဖောက်သွားခြင်းပဲဖြစ်တယ်။သွေးမြေကသိပ်အကျခံလို့မဖြစ်ဘူးလူ့အသက်ကွ တိရစ္ဆာန်အသက်မဟုတ်ဘူး။ အနည်းဆုံးတော့ internet တွေကိုပြည်တွင်းမှာလွတ်လပ်စွာသုံးနိုင်လို့အတွေးအခေါ်ပိုင်းကိုမထိန်းချုပ်တော့ဘူး။မဟုတ်တာလုပ်ရင် ဝါဒဖြန့်တွေဆိုကိုယ့်ဥာဏ်နဲ့ချင့်ချိန်သိနိုင်တယ်။ကဲဒါကအတွေးအခေါ်ပိုင်းကိုမထိန်းချုပ်ထားတဲ့လွတ်လပ်မှု။အဲဒါနဲ့ကျွဲကူးရေပါဆိုသလို အတိုက်အခံအင်အားစုတွေရဲ့ နိုင်ငံရေးလုပ်စားမှု မဟုတ်တာလုပ်တာတွေကိုလည်းဟုတ်ရင်ဟုတ်သလို အချိန်နဲ့တပြေးညီသိနိုင်ပြီ။ နောက်တစ်ခု အာဏာရှင်စနစ်ကိုပုံစံပြောင်းပြီးအုပ်ချုပ်တာဒါမဟုတ်ဘူးအာဏာရှင်စနစ်ကို အရှိန်တဖြေးဖြေးသတ်ပြီးသူတို့သက်တမ်းကုန်တဲ့အခါ ခေတိနဲ့အညီပျောက်ကွယ်စေမှာ။ ခုသတင်းအချက်အလက်မြန်ဆန်တဲ့ခေတ်မှာ ရှေုတနိးစစ်မြေပြင်မှာမဟုတ်တာလုပ်ရင်လည်းတစ်နိုင်ငံလုံးသိနိုင်ပြီ။လက်ပံတောင်းကိစ္စမှာ ပြနိတောင်းပန်တာ စစ်အစိုးရဆိုထုံးစံရှိလားကွာ။ သံဃာတုတွေဆိုပြီးဝါဒဖြန့်ခပ်တည်တည်နေမှာပေါ့။ကချင်ကိစ္စလည်း ဘယ်လိုပဲဖြစ်ဖြစ် စကားပြောဆွေးနွေးကြည့်ကြမယ်။ကြိုက်ရင်ဆက်သွားကြည့်မယ် မကြိုက်ရင် နဂိုအတိုင်းပေါ့ ကလိန်ကကျစ်မရိုးသားဘူးဆိုပြီးဘာလို့ယှဥိမဆွေးနွေး နိင်ရမှာလည်း။မမှန်ကန်မရိုသားရင်သာပြောစရာစကားများများစားစားမရှိလို့မဆွေးနွေးနိုင်တာ။လာပါကိုယ်ကရိုးသားတယ်မှန်ကနိတယ်မျှတတယ်ဆိုရင်တော့ဒီဆွေးနွေးပွဲက ကိုယ့်ပွဲပဲ။မျက်စိမှိတ်ပြီးNo၆ ဆိုပြီးအော်နေလို့democracy လမ်းစဉ်ရှေ့ဆက်နိုင်မှာမဟုတ်ဘူး။ သမိုင်းသစ်ကိုခုကနေစလိုက်ကြပေါ့။အားလုံးကနစ်နာပြီးခဲ့ကြပြီ။ ဒီလိုအတွေးအမြင်သတင်းပွင့်လင်းလာတဲ့အချိနိမှာ သိန်းစိန်ကိုကြိုက်လားမေးတာကိုဖြေရမယ်ဆိုရင် သန်းခေါင်ထက်ညဉ့်မနက်နိုင်တော့သလို အတိုက်အခံတွေရဲ့ဗလုံးဗထွေးရောချမှုတွေကို စိတ်ပျက်နေပြီကွာ။

ငပြောချင်(၈ငါးလုံးကျောင်းသားဟောင်း)
၈.၈.၁၈၈၈

boBurmese said...

မြန်မာ့ရေးရာ သတင်းပဒေသာ (၀၁- ၂၃ -၂၀၁၃)
post http://boburmese.blogspot.com/

Unknown said...

Right , Absoltely right.

Unknown said...

၈၈ ဆိုတဲ့ ခေါတ်ပေါ်ချင်တဲ့ ကောင်တွေ ကိုမင်းကိုနိုင်တို့
ကိုကိုကြီးတို့အဖွဲ့ ကလွဲရင် တကောင်မှမယုံဘူုး
Popular တော့မဖြစ်ဘူး လော်စပီကာ လေပေါကြီး
တွေဘဲ ဖြစ်မယ် ဘာကျောင်းသားလည်း မင်းသမီးတွေကို
အကြောဖြေ မိတ်ကပ်လိမ်း တောက်တိုမယ်ရ လုပ်ရတဲ့
မိတ်ကပ် ......အဖွဲ့က G ပုံး ပညာသင် ကျောင်းသားလား

Unknown said...

၂၀၀၈ ဖွဲ့ စည်းပုံ ရယ် လက်ရှိအစိုးရရယ်ကို ပြည်သူဆန္ဒအမှန် နဲ့ အပြည့်အဝ ထောက်ခံခဲ့တာ မဟုတ်ပါ

Unknown said...

တိုးတက်ချင်ရ တယောက်နဲ့ တယောက်အကောင်းမြင် ဝါဒနဲ့ လက်တွဲပြု ပြင်သ သွားကြမှရမယ် သူကို ကိုယ်က အ ကောင်းမမြင် တ၍သူကလဲ ကို့ကောင်း မြင် မှာမဟုတ်ဘူး

nyinyi said...

မင်းပြောတဲ့မင်းကိုနိုင်တို့ကိုကိုကြီးတို့ကကောဘယ်၈၈ကိုကိုစားပြုနေတာလဲ

Unity To Fight Dictatorship said...

တစိတ်လောက်ဗျာ။ လူတွေ၊ ရဟန်းရှင်တွေကို လူသားဆန်ဆန် မဆက်ဆံပဲ ယုတ်မာပက်စက်ခဲ့တဲ့သူတွေကို ဦးတပ်မခေါ်ပဲ သန်းရွှေ၊ နေဝင်းခေါ်တာနဲ့ သိန်းစိန်ရဲ့အပေါ်ယံပြုပြင်ရေးကို ဝေဖန်ရင်ဝင်နာတတ်တဲ့ သူများ ဦး နှောက်လေးတွေရှိရင်နဲနဲစဉ်းစားကြည့်ကြဘို့မေးခွန်းမေးချင်လို့ပါ။
တကယ်သာလူထုအတွက်ပြုပြင်ပြောင်းလဲရေးတွေလုပ်နေတယ်ဆိုရင် ပွင့်ပွင့်လင်းလင်း လူထုက ဘယ်လိုပြောင်း စေချင်သလဲဆိုတာကို အများမြင်သာအောင် တကမ္ဘာလုံးမြင်သာအောင် လူထုကို ဆန္ဒပြုခွင့်ပြုခိုင်းကြည့်ရဲကြ လိမ့် မယ်ထင်ပါသလား။ အဲ့ဒီလိုများဆန္ဒပြုခွင့်ရခဲ့ရင် ခင်ဗျားတို့မိသားစုတွေအမျိုးတွေထဲမှာတောင် အများစုက ဘယ်လို မဲပေးကြမယ်ထင်ပါသလဲ။
စဉ်းစားတတ်တဲ့ဦးနှောက်လေးရှိရင် စဉ်းစားပါ။ ဟစ်တလာနိုင်ငံပြုပြင်ပြောင်းလဲထူထောင်ရေးလုပ်လို့ လိုက်လုပ်ကြ မယ်ဆိုတဲ့ အမောင်ဘယ်ယောင်မှန်းမသိတွေ ဂျာမန်လူမျိုးတခုလုံး ကမ္ဘာ့သမိုင်းမှာ ဂျူးလူမျိုး ၆သန်းကျော်သေတိုက်သွင်း ခံခဲ့ရတဲ့အဖြစ်တရားခံ၊ ကမ္ဘာစစ်ဖြစ်စေခဲ့တဲ့ တရားခံတွေအဖြစ် အချိန်အတော်ကြာကြာနောင်လာနောက်သားတွေအထိ အိုးမဲသုတ်ခံခဲ့ရသူတွေဖြစ်လာခဲ့ရတာတွေလဲ စဉ်းစားတတ်ရင် ထည့်သွင်းစဉ်းစားစေချင်တယ်။
နောက်တခုက မြန်မာပြည်စီးပွါးရေးမှာ ဘယ်သူတွေက အပေါ်ဆုံးက ထိမ်းချုပ်ထားကြသလဲ။ ဘာလို့ ပြုပြင်ပြောင်းလဲ ရေးဆိုတာတွေက အရင်အကျင့်တွေမပြောင်းလဲပဲ အပေါ်ယံပြောင်းလဲတာတွေပဲဖြစ်နေကြသလဲ။ ဦးနှောက်ထဲစဉ်းစား ကြည့်လို့ရတဲ့မေးခွန်းတွေကို စဉ်းစားပြီးမှ ပြောကြရင်ကောင်းမယ်နဲ့တူတယ်။ သူများပြောတဲ့အလုံးလိုက်ပြီး ပါးစပ်ထဲ ထည့်၊ ဝေဖန်တာနဲ့ အဖျက်သမားဆိုပြီးအပုတ်ချတတ်တဲ့ဒီမိုကရေစီဆိုတာ ပထွေးတွေပြောပြထားသလိုမကြိုက်ပဲနေရ မယ်၊ မကျင့်သုံးရဘူးဆိုတာ လိုက်နာချင်တဲ့သူတွေအတွက် သူများပြောတဲ့အတိုင်း ကိုယ့်ဦးနှောက်ကိုယ်မသုံးတတ်တဲ့ ခြေနှစ်ခြောင်းရှိတဲ့ သတ္တဝါတွေဟာ တရိစ္ဆာန်ထက်ဘာမှ ပိုကွာမှာမဟုတ်တာကိုတော့ ရှက်စရာကောင်းလှပါတယ်။

aristhteinwin said...

ဘာဘဲဖြစ်ဖြစ်ဗျ-သန်းရွှေ-သိန်းစိန် တို့ စစ်အုပ်စုကတော့ တိုင်းပြည်ဖျက်တဲ့အထဲမှာ သမိုင်းတွင်ရစ်ပြီ-အပြောတမျိုး-အလုပ်တမျိုး-ကိုယ့်အမှားကို ကိုယ်တာဝန်ယူရဲတဲ့ စိတ်မရှိဘူး။ ဟိုလူလွှဲချ-ဒီလူလွှဲချ နဲ့  တိုင်းပြည်မကောင်း တိုင်းပြည်အုပ်ချုပ်သူ ရဲ့ ခေါင်းဘဲ-

ှဲKaung said...

မဲခိုးသမ္မတဆိုတာ လက်ခံပါတယ်။ ဇော်ဝင်း ၈၈ ဆိုတာ... ၈၈မှာ မိုးပျံပူပေါင်းရောင်းတာလား....

UShinGyi said...


ဘာပြောင်လဲသွားပြီလဲ သေချာကြည့်လိုက်ပါ ဘာဆိုဘာမှ မပြောင်လဲသေးပါဘူးဗျာ။ ဒီမိုကရေစီ စံနှုန်းနဲ့ ကိုက်ညီတဲ့ ပြောင်းလဲမှုမျိုး လက်ရြှျီမန်မာနိုင်ငံမှာ ဘယ်နေရာဆို ဘယ်နေရာမှမတွေ့သေးပါ။ အခြေအနေ ဆိုးပြီးသား ပြည်သူများက အခြေအနေပိုဆိုးလာသလို ခရိုနီကြီးများက တော့ သူတို့ကို အကာအကွယ်ပေးမဲ့ သူပိုများလာသလိုပဲ။ ကောင်းလိုက်တာ အရမ်းအရမ်းကိုကောင်းတာပါပဲ ခင်ဗျာ။ ကိုလွဏ်းဆွေ ဆိုဒ်က နိုင်ငံရေးသုံးသပ်ဝေဖန်သူ တိုင်းကို ဘေးထိုင်ဘုပြောတဲ့လူတို့ ဦးဏှောက်မရှိတဲ့လူတို့ တိုင်းပြည်ချောက်ထဲ ရောက်အောင်လုပ်နေတဲ့သူတို့ အရည်အချင်းမရှိတဲ့သူတို့ ကိုမလုပ်ရတိုင်းသူများလုပ်တာကို မနာလို ရှိတဲ့သူလို့ သိန်းစိန်အစိုးရနဲ့ ဒေါ်စုကို ဝေဖန်သုံးသပ်တဲ့ ဆောင်းပါးရှင်တိုင်းကို ထောက်လို့ အပြစ်ပြော ဆဲရေတိုင်းထွားနေကျတဲ့ ဒီBLOG ကကော်မန်းရေးသူများအတွင်းမှာ အုပ်စုဝင် သုံးအုပ်စုတွေ့ရတယ်။ ပထမ အုပ်စုက စစ်သားအောက်ဆွဲ အုပ်စု သူတို့ကတော့ သူတို့ အဘတွေ သူတို့ရဲ့ ခရိုနီကြီးတွေကို ထိပါးလာတဲ့ ဘယ်သူ့ကိုမဆို မဖြစ်မနေ တာဝန်သိသိနဲ့ အပြစ်တင် ဝေဖန်လေကန်ရမဲ့ ၀ါဒမှိုင်းမဖြစ်မနေ တိုက်ပေးရမဲ့ စစ်အုပ်စု ။ ဒုတိယ အုပ်စုက သိန်းစိန်အစိုးရရဲ့ ချော့မြူခံထားရတဲ့ သိန်းစိန်နဲ့ သူရရွှေမန်းလွတ်တော်ရဲ့ ဖြားယောင်းသွေးဆောင်မှုအောက်မှာ အသာယာကြီး သာယာမိနေတဲ့ မျက်ကန်းမျိုးချစ်အုပ်စု ။ တတိယကတော့ ကိုလဲဘာမှမသိ ကိုကိုယ်တိုင်လဲ မစဉ်းစား မတွေးခေါ်နိုင်ပဲ ဟိုကောင်ကဒါဆို သူလဲလိုက်ပြီးဒါလိုက်လုပ်တဲ့ ရေလိုက်ငါးလိုက် နိုင်ငံရေးရေသာခိုတဲ့ အချောင်သမားအုပ်စု အုပ်စုကြီးသုံးခုပေါ့လေ။ ဒါနဲ့ အကောင်းမမြင်တတ်ဘူးလို့ ပြောတဲ့လူတွေကို ပြောချင်တာက တခုမှ အကောင်းမရှိပဲ စုတ်ပျက်နေတဲ့ အရာကို ဘယ်လိုမျက်စိမျိုးနဲ့ အကောင်းမြင်ပေးရမလဲလို့လေ ...ဒီလိုနဲ့ နိုင်ငံရေးဖြစ်ပေါ်ပြောင်းလဲမှုတွေကို ဟုတ်ဟုတ်မဟုတ်ဟုတ် အကောင်းမြင်ရင်း မြင်ရင်းနဲ့ပဲ အသက်တွေကြီးလို့ သေသွားရှာယော သေသွားလို့ အကောင်ျးြမင်စိတ်ကလေး ထားခဲ့မိလို့ နတ်ပြည်ရောက်မလားဆိုတော့ မရောက်ဘူး အဲဒီ အကောင်းမြင်တတ်လွန်းလို့ပဲ ငရဲကို သွားရမှာ အမှန်ပဲ ဟီ..ဟီ..။ ဘေးထိုင်ဘုပြောတဲ့ ဟုတ်ပြီ ဘေးထိုင်မနေတော့ဘူးကွ နိုင်ငံရေးစလုပ်မယ် အရင်ဆုံးအရည်အချင်းမရှိတဲ့လူတွေကို ဘေးကို ပို့ပြစ်ရမှာပဲမဟုတ်လား ဒါဆို စစ်သားတွေ လွတ်တော်နဲ့ အစိုးရ အဆောက်အဦးမှန်သမျှထဲက ထွက်ပြီး စစ်တန်းရားကိုပြန် ကျန်တာ ဘာမှမပူနဲ့ ပြည်သူတွေဆက်လုပ်မယ် အေးဆေးတာ တန်းရာမှာပြန်အိပ်နေတော့ ...စစ်တိုက်စရာရှိရင်လာခေါ်မယ် ဟုတ်လာ။ ကိုကစစ်သားပဲ ကို့လက်အောက်က ရဲဘော်တွေကို စစ်အာဏာရှင်စနစ်နဲ့ အာဏာတွေအသေတာပြပေတော့ တပ်မတော်သာအမိ တပ်မတော်တာအဖ မကလို့ တပ်မတော် တာ မိထွေး တို့ တပ်မတော်တာ ပထွေးတို့ လုပ်ချင်ရာလုပ် မင်းတို့ဟာမင်းတို့ သေနတ်နဲ့ ပစ်သတ်ပစ်သတ် ရိုက်ပဲသတ်သတ် စစ်တန်းရာထဲမှာသွားလုပ် ပြည်သူကြားထဲလာမလုပ်နဲ့ 0K လာ။အဲလိုကျတော့ကော အရည်အချင်းရှိတဲ့လူတွေကို နေရာဖယ်ပေးနိုင်မလား ...

S.T said...

သိပ်ကြိုက်တာပေါ့ ...

Unknown said...

ကိုဇော်ဝင်း ရဲ့တင်ပြချက်ကိုလက်ခံပါတယ်။ ဦးသိန်းစိန်ဟာ ဗိုလ်သန်းရွှေ ခိုင်းတာလုပ်နေတဲ့ ရုပ်သေးရုပ်ပါ။ သူတို့မပြောင်းလဲရင် လုံးဝမဖြစ်တော့လို့ ပြည်သူ၊ဒေါ်စုနဲ့နိုင်ငံတကာကို
မျက်လှဲ့ပြဖို့ကြိုးစားနေတာပါ။ သတင်းလွတ်လပ်ခွင့်ပေးတယ်။ ကားတွေသွင်းခွင့်ပေးတယ်။ အမေစုကို လွှတ်တော်ထဲဝင်ခွင့်ပေးပြီး၊အကျယ်ချုပ်ချထားတယ်။ ဒါပေမမဲ့ စစ်ဗိုလ်တွေရဲ့အကျိုးစီးပွားနဲ့ အာဏာကိုတော့ ဘယ်တော့မှအထိမခံဘူး။ အာဏာရှိတဲ့ ရာထူးအားလုံးမှာလဲ စစ်ဗိုလ်တွေနဲ့ စစ်ဗိုလ်လူထွက်တွေချည်းဘဲ။ စစ်ဗိုလ်တွေ ကေါင်းစားရေး ဒီမိုကရေစီ သို့ ပြောင်းလဲနေတယ်လို့မြင်ပါတယ်။

Thu said...

Honesty is basic needed for everything, I trust both Daw Su and U Thein Sein. We got genuine toeches at prsent.

haymar said...

Absolutely agree Ko Zaw Winn's article.

They are still betraying.

Please we shall be more careful & remove them.

If still we expecting on them, will be suffer a lot of lies and cheats again again anytime.

Do not believe them at all. Can see very obviously the Copper projects at Labadaung hill protests, how they did. They forgot to cover their practices. Then just using a trick.

No sincere.

lg.nou said...

You see the truth .. Ko Zaw Win,

The truth shall make us free.

မောင်ပြောချင် said...

လွတ်လပ်စွာရွေးကောက်ပွဲလုပ်ရင် မနိုင်နိုင်မှန်းသိလို့နိုင်နိုင်အောင်လုပ်ပြီးလိုချင်တဲ့အစိုးရဖွဲ့ခဲ့တာ။ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့လည်းအာဏာရှင်စနစ်ကို ကာကွယ်နိုင်အောင်လုပ်ထားတယ်။ခုလုပ်ချင်တာတွေဖြစ်ချင်တာတွေ လွှတ်တော်ကနေတဆင့်သွားပြီ။အဆိုပြုမယ်ပယ်ချမယ်ကန့်ကွက်မယ် လိုအပ်ရင်ဆန္ဒပြမယ်။ဒါတွေလုပ်လို့ရပြီဆိုတာကိုလက်မခံချင်ပေမယ့်လည်းမြင်နေရတယ်။ခုတကမ္ဘာ္ဘ လုံးရှေ့မှာလွတိလပ်စွာရွေးကောက်ပွဲလုပ်ပေးရင်မနိုင်နိုင် မှန်းသိတယ်ဆန္ဒပြုမယ့်လူတွေကလည်းဒီပါတီနဲ့ခွေးနဲ့ဆိုဒီပါတီကလွဲရင်ပြီးရော ခွေးဆိုလည်းထည့်မှာပဲ။ဘာလို့လဲဆိုတော့အာဏာရှငိစနစ်ကိုရွံ့မုန်းနေပြီးအဲဒီ အောက်မှာမနေချင်တော့တာ။ရွေးချယ်ခွင့်များရခဲ့ရင်ဒီပါတီကလွဲပြီးပေးမှာပဲ။ဒါကိုလူတိုင်းကလည်းသိတယ်။သူတို့လည်းသိတယ်။ကိုင်းခင်ဗျားတို့ဘယ်လိုလုပ်ပေးနိုင်မလဲ any suggestion ပါ။ နောက်စီးပွါးရေးကိုလက်ဝါးကြီးအုပ်ထားမှု။သေချာတယ်ဘယ်လိုမှဒီ proxy အဆင့်သူဌေးကြီးတွေယှဉ်နိုင်ဖို့မဖြစ်နိုင်ဘူး။စစ်အစိုးရခေတ်မှာလုံလောက်တယ်ဆိုတာထက်လွန်ပြီးပြိုင်ဘက်မရှိစီးပွါးရေးလုပ်ငန်းရှင်ဖြစ်နေတယ်။သူတို့ရဲ့ဓနအင်အား သူတို့ရဲ့ပိုင်ဆိုင်မှုတွေနဲ့လွတ်လပ်စွာယှဉ်ပြိုင်ခွင့်ပေးဦး သူတို့ကိုယှဥိနိုင်ဖို့ဆိုတာမလွယ်သလိုထိပ်တန်းလုပ်ငန်းတွေမှာသူတို့နာမည်တွေကြားနေရဦးမယ်ဆိုတာမြေကြီး လက်ခတ်မလွဲသလိုပဲ။စီးပွါးရေးလုပ်ငန်းနဲပတ်သက်ပြီးမျှော့်လင့်နိုင်တာက နိုင်ငံခြားရင်းနှီးမြုပ်နှံမှု(နိုင်ငံအတွက်အကျိုးရှိ၊ဒေသခံတွေလည်းမနစ်နာ၊အဲဒီမှာလုပ်ကြမယ့်နိုင်ငံသားလုပ်သားတွေလည်းလခကိုထိုက်ဖိုက်တနိတနိရကြဖို့)တွေဝင်လာပြီးနိုင်ငံသားအလုပ်အကိုင်အဆင်ပြေပြီးလူမှုဘဝရော လုပ်ငန်းအတွေ့အကြုံပညာရည်မြင့်မားလာဖို့ပဲဖြစ်တယ်။ဒီ crony တွေ proxy တွေ နာမည်မမြင်ချင်ဘူးဆိုတာကသိပ်မစဉ်းစားလွန်းရာကျတယ်။သူတို့မပါရင်ပြီးရောဆိုတဲ့စိတ်ဓါတ်နဲ့ သူတို့လက်ထဲကပိုက်ဆံတွေကို အခွင့်အရေးပြည့်ပြည့်ဝဝ မျှမျှတတပေးနိုင်မယ့်လုပ်ငန်းခွင်တွေကတဆင့်ပြန်ယူနိုင်ဖို့မစဉ်းစားကြတော့ဘူးလား။အဲဒီလိုလုပ်ငန်းခွင်ဖြစ်ပေါ်လာအောင်ဖန်တီးပေးဖို့ကအစိုးရတာဝန်၊ အစိုးရကိုဖိအားပေးနိုင်ဖို့က လွှတ်တော်ရှိနေပြီပဲ။ နောက်အပေါ်ယံပဲပြောင်းလဲယောင်ပြတယ် အောက်ခြေကမပြောင်းဘူး။ဟုတ်တယ်ဒါကဘယ်အစိုးရတက်တက်ချက်ချင်းလုပ်လို့ရမှာမဟုတ်ဘူး။အရှိန်ကိုဟန့်ရုံပဲဟန့်လို့ရတယ်။ဒီ behavior change ဆိုတာခေါက်ရိုးကျိုးပြီးတဲ့လူတွေအပေါ်မှာလုပ်လို့မရ တော့ဘူး။မူလတန်းကလေးအရွယ်တည်းက behavior train လုပ်ထားပြီးသူတို့တွေအရွယ်ရောက်ပြီးနိုင်ငံတာဝန်ယူနိုင်တဲ့အချိန်။ရှိနေတဲ့လုတွေလည်းသက်တမ်းကုန်သွားတော့မှခင်ဗျားတို့လိုချင်နေတဲ့အောက်ခြေအဆင့်ပြောင်းလဲခြင်းသာမကယန္တယားတစ်ခုလုံးပြောင်းလဲတာတွေ့ရမယ်။အဲတာတောင်ခုကတည်းကစလုပ်တယ်ဆိုတာတောင်နောက်ထပ်အနည်းဆုံးအနှစ် ၃၀ ကြာနိုင်တယ်။အဲဒီတော့ချက်ချင်းရနိုင်မယ်ထင်တဲ့မျှော့်လင့်ချက်မျိုးမထားပဲအနာဂတ်အတွက်ပြင်ဆင်ပြီးပူးပေါင်းလုပ်ဆောင်ကြ မှ ဖြစ်မှာ။ အဲဒီတော့ခုလက်ရှိ အစိုးရကိုဝေဖန်နေတာကို ဆတ်ဆတ်ထိမခံတာမဟုတ်ပဲ ခုချိန်မှာဒီလိုလုပ်ခွင့်ရနေပြီ ဘယ်နေရာဘယ်လိုထောက်ပြမလဲဘယ်လိုတွန်းပေးကြမလဲဘယ်လိုတည့်မတ်ပေးကြမလဲဆိုတဲ့စိတ်ထားကြည့်ပေးတာပါ။အလုပ်တစ်ခုလုပ်တာနဲ့ဝေဖန်မှုဆိုတာရှိလာမှာပဲ။ဝေဖန်ချင်တဲ့လူတွေကဘာမှမလုပ်လည်းဝေဖန်လုပ်လည်းဝေဖန်။ဒီလိုလုပ်လည်းဝေဖန်ဟိုလိုလုပ်လည်းဝေဖန်နေမှာပဲ။ဘုရားကိုတောင်မှပရိတ်သတ်ရှိရင်ဝေဖန်ပြဦးမှာ။ဝေဖန်ပြီးအကြံပေးနိုင်တာမရှိဘဲနဲ့တော့ဝေဖန်ရုံဝေဖန်သက်သက်ဆိုလှူု့ခန္ဓာနဲ့တိရစ္ဆာန်စိတ် လူ့တိရစ္ဆာန်သာသာရှိလှတာရှက်ဖို့ကောင်းလှတယ်ကွယ်။

abcmgmg said...

If so , What are we going to do?

Bloody Revolution like as Syria??

Who will be leading ?? Zaw Win OR Lwan Swe??

Shit!!! Stupid Idiots!!!

Unknown said...

yeah.....Totally Toally right....Be careful...and extra careful watch..They are afraid to be Libya. you see still funny thein sein asked to not fight his soliders but he is really pushing to fire...and daw su is his partner.quiet means agree.right..how come ..and how they are going to be good leaders...ummmm we are....so poor.Tq Ko ZAW WIN and Dr Lum Swe.pls open our eyes...more and more.

မောင်ပြောချင် said...

ကျွန်ုပ်၏အထက်ပါ comment သည်
ဇော်ဝင်း(၈၈ တုန်းကကျောင်းနေလိုက်ရတဲ့ကျောင်းသား) နှင့် Unity to fight Dictatorship တို့ကို တည့်တည့်ကြီးရည်ညွှန်းပါသည်။ အယုံလွယ်ဖို့ မလိုသကဲ့သို့အယူသည်းဖို့လည်းမလိုပါ။ကိုယ့်မှာရှိတဲ့ဥာဏ်၊အပြင်ဘက်ကကြားသိရတဲ့အချက်အလက်တွေ၊ဆင်ခြင်တွေးတောနိုင်စွမ်းဆင်ခြင်တုံတရား၊ကိုယ်လုပ်တိုင်တဲ့ကိုယ့်မှာရှိတဲ့စွမ်းအားတွေကိုထည့်တွက်ပြီးမျက်စိပိတ်လက်ညိုးထိုးမလွဲမင်းဟာစစ်အာဏာရှင်ဆိုပြီးအော်နေမယ့်အစား အာဏာရှင်စနစ်အရှိနိကုန်သွားအောင် နည်းစုံဘက်စုံနဲ့ အရင်းအနှီးနည်းနည်း(ရင်းသင့်တုန်းကလည်း သေလိုက်ကြတာသောက်သော်လဲ။ထောင်ဒဏ်ကလည်းနှစ်ရှည်)နဲ့ကြိုးစားနိုင်မဲ့ နည်းလမ်းတွေနဲ့ဝေဖန်အကြံပြုနိုင်ပါတယ်။ငါတို့ဝေဖန်တာကဒီမိုကရေစီ၊ဝေဖန်တာကိုထပ်ဆင့်ဝေဖန်တာကျတော့ စစ်အာဏာရှင်ရဲ့အပြောင်းအလဲကိုမျက်စိမှိတ်ယုံတယ်လို့ထင်နေတဲ့မင်းတို့ရဲ့အတွေးအခေါ်တွေကိုစွနိ့သင့်ပြီ။လွတ်လပ်စွာအကျိုးနဲ့အကြောင်းနဲ့သဘောထားကွဲလွဲကြပါစို့။

Uncle Chan's အမလ said...


ခက်မြန်မြန်လုပ်လို့ရတဲ့ အရာတွေ အများကြီးရှိပါတယ်။
မလုပ်ချင်လို့လား မြန်မြန်လေး တိုးတက်ပြောင်းလဲတာကို မလိုလို့လားတော့မသိဘူး ၀န်ကြီးဆိုသူများပါစပ်က ဒီလိုရှိပါတယ် ဟိုလိုရှိပါတယ်နဲ့ လွတ်တော်ထဲ မှာပြီးပြီးသွားတာ ဘာကြီးမှန်ကိုမသိတာ။
အခု သူတို့လုပ်ပုံကိုင်ပုံတွေက တိုင်းသူပြည်သားတွေ သွေးထွက်သံယိုမှုတွေ လျှော့နဲအောင် ပြည်သူတွေ နစ်နာဆုံးရှုံးမှုမကြီးမားအောင် အေးအေးလူလူနဲ့ တိုင်းပြည်ကြီးတိုးတက်ဖွံ့ဖြိုးသွားအောင် လုပ်နေတဲ့ပုံစံမျိုးမှမဟုတ်တာ။ အဲလိုစိတ်ထားမျိုး စစ်သားမှာရှိရင် အစောကြီးကတဲ့က အိမ်က ဘုရားစင်မှာ သန်းရွှေရုပ်ထုကို တင်ပြီး တနေ့ ဆယ်ကြိမ်လောက် ထိုင်ရှိခိုးနေလိုက်မယ်ဗျာ။ပြည်သူတွေထဲက ခေါင်းဆောင်တွေ လည်တယ်ဆိုတာ စစ်သားများ အိပ်နေသလောက်ပဲရှိတာပါ။ အခုသူတို့ လုပ်နေပုံမျိုးက အချိန်ကို ဆွဲနိုင်သလောက် ဆွဲထားမယ်
တနေ့ နိုင်ငံရေးအင်အားစုတွေထဲမှာ စစ်တပ်ကို ကာကွယ်ပေးနိုင်မဲ့ အရပ်ဝတ်နိုင်ငံရေးသမားတွေကို ရေသောက်မြစ်သဖွယ် ဖြန့်ကျက်လို့ ခြေကုပ်ယူထားနိုင်ဖို့ရယ် အခု အဲလို နိုင်ငံရေးသမားတွေ ကြံဖွတ်ကောင်တွေက ဟိုလိုလို ဒီလိုလိုလုပ်နေတော့ ဒီကောင်တွေကို စိတ်မချ အဲလိုတွေတွေးမိထားလို့လဲ လွတ်တော်ထဲ စစ်သားတွေ ထည့်ထားတာပေါ့၊ သူတို့စည်းစိမ် ဓနတွေကို ဘယ်တရားဥပဒေနဲ့မှ ထိပါးလို့ မတို့ထိနိုင်အောင် ရန်မရှာနိုင်အောင် အာမခံချက်ကောင်းကောင်းပေးနိုင်တဲ့ အချိန်တခု အနေအထားတခုထိ ရရှိပြီဆိုမှ ပြည်သူတွေလက်ထဲ အာဏာကို အနည်းငယ်ဝေခွဲပေးမဲ့ ပုံဆံမျိုးပါ ။ အဲလို အချိန်မျိုးရောက်ရင်တောင် အာဏာကို စုပ်ကိုင်ထားလို့ရသေးရင် ဟိုလိုလို ဒီလိုလို နဲ့ အတိတ်မေ့သလို ရွှေပျောက်သလို ပုံဆံ အချိုးမျိုးတွေလုပ်ပြီး အာဏာဆက်ကိုင်ဆွဲထားလို့ရရင် ဆက် ကိုင်ထားအုံးမှာပါ။
တချို့လူတွေပြောပါတယ် ဒီလိုဖြည်းဖြည်းပြောင်းလဲမှုမျိုးကို မနှစ်မျိုရင် ဆီရီးယားတို့ လစ်ဗီးယား တို့လို စစ်အာဏာရှင်ကို အကြမ်းဖက် ချေမှုန်းပြစ်လိုက်ကျရမာလားလို့ စောဒက တက်တယ်။ မြန်မာပြည်သူတွေ အဲဒီလောက် ဇမျိုးရှိနေရင် စစ်အာဏာရှင်ဆိုတာ ဒီအချိန် ငရဲရောက်နေတာ ကြာရောပေါ့။ ဒါပေလို့ မပြောနိုင်ဘူးနော် လူဆိုတာ ခံရဖန်များလာရင် ဘာမဆိုလုပ်ရဲ ကိုင်ရဲတဲ့ စိတ်တွေဖြစ်လာတတ်တာပဲ။ အဲလိုအချိန်ရောက်ရင်တော့ စစ်အာဏာရှင်အဖို့ အားလုံးအားလုံးကို ဆုံးရှုံးရမှာ အမှန်ပဲဗျို့။

Unknown said...

လူမျိုးရေးခွဲခြားတဲ့ စကားတွေကို လုံးဝမပြောချင်ပါဘူး
ဒါပေမဲ့ ဗ နဲ့ မ ပါတဲ့ အရာတွေကို ဘူးသီးတို့  မာလကာသီး
တို့ လို ဟာမျိုး လှည့်လို့ တောင်မကြည့်ချင်ဘူး စိတ်နာလို့ 

DOK said...

လှည့်မကြည့်ချင်လဲနေပေါ့ကွာ
မင်းတို့လိုကောင်တွေနဲ့လဲသောက်ဖက်မလုပ်ချင်ပါဘူး

haymar said...

Myanmar Country Army, all troops come from where? from ocean or land or sky? They come from the Myanmar country people, right?

They taking money from same people and staying on the same land.

Should know the right thing in their mind as alert. Should get up from the bad history.

They should know what require to help for country and country people.

အားလုံးကိုချေမှူန်းမယ် said...

သေချာဆုံးဖြတ်ပါ

အချိန်ကစကားပြောပါလိမ်မယ့်

၂၀၀၈ / ၂၀၁၀ မှာဝန်ထမ်းနဲ့ ရိုးသားတဲ့ပြည့်သူကြောင့်ရတာပါ

ကြားဖြတ်က တကယ့်အဖြေပါ

၂၀၁၅ မှာ ၂၀၁၀ လုံးဝ မရစေရ

အသုံးချခံ ဝန်ထမ်းတွေ လုံးဝ လုံး ဝ စိတ်နာနေပြီ။

genius said...

Comment တွေက ပြည်သူအများစုသဘောထားကိုထင်ဟပ်နေပါတယ် ၊ဘောင်းဘီချွတ် အမတ်တုများ ၊ကလေကချေ အရပ်ဝတ်
ပုတ်သင်ညိုများအမတ်များ ၊ စစ်ယူနီဖေါင်းဝတ် Robotများ
မိမိတို.ဟာတရားဝင်ပြည်သူ.ကိုယ်စားလှယ်များ မဟုတ်ကြကြောင်း သဘော ပါကြမယ်ထင်ပါတယ်။

Moemin said...

၂၀၁၀ ပခုက္ကူ ရေးဘေးဖြစ်တုန်းက ငုတ်တုတ်လေးတွေ
ထိုင်နေတဲ့ ရေးဘေးဒုက္ခသည်တွေရှေ့မှာ ဘောင်းဘီကြီး
တကားကားဝတ်ပြီ ထူး တို့မက်စ်မြန်မာတို့က လှူလိုက်
တဲ့ပစ္စည်းတွေ နဲ့ ခင်ဗျားတို့လွယ်လွယ်ရ လွယ်လွယ်စား
မလုပ်ကြနဲ့လို့ပြောတာဗိုလ်သိန်းစိန်ပဲ၊၊ နောက်ပိုင်းမှ မိဘပြည်သူတွေဘာတွေဖြစ်သွားတာ၊၊

သိုးဖွား said...

အားလုံးအရူးတွေပဲ။ကျရာတာဝန်ကို အမှန်တရားဘက်ကနေ ကျေပြွန်အောင်ထမ်းဆောင်ကြပါ။

Unknown said...

Phyo Nge,what Thein Sein doing for the good how I've to see him or them as good?He just only one of the puppets of Thanshwe(The mastermind. U must wake up and vigil from ur blindness so u need to wash ur face with Caustic,Sulphuric or Nitric regularly,daily ok...

ဖြိုးသီဟ said...

လောလောဆယ်မှာလူထုအကြိုက်ဆုံးပြောင်းလဲမှုကိုအမြန်ပြောင်းလဲပေးပါ။ဖုန်းဆင်းကတ်တွေ(5000)နဲ့(5000)အောက်ကိုအမြန်ဆုံးလျော့ရောင်းလို့ရပါတယ် ဘယ်နိုင်ငံခြားကုမ္မဏီနဲ့မျက်နှာပျက်စရာမလိုပါဘူး ဘယ်တရုတ်နဲမစာလည်းချုပ်မထားပါဘူး။ပြည်သူကိုတကယ့်စေတနာအမှန်ရှိရင်လုပ်ပေးနိုင်ပါတယ်။တနိုင်ငံလုံးအတိုင်းတာနဲ့ဆိုင်နဲ့ ဟာတောင်မှဘယ်ရွေ့ ဘယ်မျှနဲ့လက်ရှီအစိုးရတော့ခုချိန်ထိအထင်ကြီးစရာတကွက်မကိုမတွေ့သေးဘူး။

traveller.zlc said...

အခု တင်ပြ ထားတဲ့ 
အချက်(၂)ချက် စလုံးကို ကြိုက်တယ်ဗျာ။
မှန်တယ်လို့ လဲ ထင်တယ်။
အစထဲက အကောင်းမမြင်ပါဘူး၊
အဆုံးလဲ ဘယ်ကောင်းနိုင်မလဲ။

Unknown said...

how come should we trust him.he is just changed killing dress to public dress.. he is than shw pet.funny..tq brother KO ZAW WIN..

COBRA said...

ဆင်းကဒ်တွေရောင်းဖို.ပြင်နေတယ် ၊ လဘ်စားလို.ဆက်သွယ်ရေးဝန်ကြီးလည်းဖြုတ်လိုက်ပြီ၊
ဆင်းကဒ်တွေရောင်းရင် နိုင်ငံတကာ Price နဲ.ဘဲရောင်းပေး
ပါ ၊အဆင်.ဆင်. ပါးပါးလှီးတာ ရပ်ပါတော. ၊ မဟုတ်ရင်
၁၅ သိန်းဆင်းကဒ်တွေရောင်းတဲ.ခောတ်ကယနေ.ထိ ဆင်းကဒ်
ရောင်းရငွေ ၊ ဖုံးပြောခ ၇ငွေ(ရ/သုံးစာ၇င်း)ကိုကော်မတီဖွဲ.
ပြန်လည်စစ်ဆေးပေးဖို.ပြည်သူတွေ တောင်းဆိုရပါလိမ်.
မယ်၊Co. တွေ အ၇င်းကြေတာကြာနေပါပြီ ။

COBRA said...

ကမ္ဘောဒီးယား ၊ လာအို၊ Bangladesh ၊ နိုင်ငံ တွေက
ဆင်းကဒ် ဈေးနှုန်း လောက်မှ မရောင်းနိုင်၇င် လေးစားအပ်
သော သမ္မတကြီး ခင်ဗျား ------ ၊ နှုတ်ထွက်လိုက်ပါတော. ၊
ဘာဖြစ်လို.လဲဆို basic qualification of a president
မမှီတော.လို.ပါ ။ ကျုပ်ပြောတာ မှန် မမှန် လီကွမ်ယူ ကို
သွားမေးကြည်. ။ ။ ။ ။

အားလုံးကိုချေမှူန်းမယ် said...

အဘကတော့ အရင်ခေတ်တုန်းကလိုTV မင်းသားဖြစ်နေတယ်ပြောရဟောရ

တာလဲ ဆိုကရေးတီးက ကွက်စိတ်ဆရာတွေတောင်အဘကိုအရှုံးပေးရတော့

မယ် ကျန်းမာရေး ဂရုစိုက်ပါ။ အဘနားကပ်နေတဲ့ သူတွေ သတိထားပါ

အရင်ခေတ်က S 1 မှ S 1 ဗိုလ်ချုပ်ကြီးခင်ညွှန်ကိုပြောတာ နောက် သူလဲမ

ဟန်ရော ဗိုလ်ချုပ်မှုးကြီးဆိုပြီး ပါးစပ်ကမနားတမ်းပြောပြီးဖားခဲ့တယ်

အခု သမ္မတကြီးဖြစ်နေတယ် သတိထားပါ

အောက်ခြေဝန်ထမ်းတွေ ပြန်ကြည့်ပေးပါ ခိုကိုးရာမဲ့ သလိုဖြစ်နေတယ်

မိသားစုအတူနေထိုင်နိုင်ရေး နယ်စွန်နဖျားဝန်ထမ်းပြောင်းရွှေ့ရေး ဆောင်ရွက်

ပေးပါ စည်ပင်ဝန်ထမ်းပြောင်းတွေဆောင်ရွက်သင့်ပါတယ်

Unknown said...

မင်းကိုယ်မင်းမှန်ထဲကြည့်ပြီးပြောနေတာပဲအကုန်မှန်တယ်မောင်ရင်
မင်းကတော့တတိယအုပ်စုထဲကဆိုတာအဖြေကရှင်းနေတာပဲ
များများလေ့လာလိုက်မောင်ရင်မသိဘဲနဲ့အရမ်းဝေဖန်နေတာအများသိနေပြီ
ရှက်တတ်ရင်နောက်ကိုအရမ်းမဝေဖန်ပါနဲ့ နိုင်ငံရေးကိုစိတ်ဝင်စားတာသဘောကျပါတယ်မောင်ရင်

Asiavillage said...

Ko zaw min,

Could you pls let us know what you have done in 88 uprising and during the period after 88 times for the sakes of our country and our people?

we are ready to support anyone who can work to be good for our country and our people in positive way.

Pls reply in this comment section.
Thks.

lcd said...

ကိုဇော်ဝင်းကိုထောက်ခံပါတယ်။ဖေါက်ပြန်ရေးသမားတွေထဲမှာနေဝင်းမောင်။ကျော်ဝင်းသာမက၁၉၇၄ရဲရဲတောက်ဆေးကျောင်းသားဖြစ်ခဲ့တဲ့သင့်ဘဝတင်မောင်သန်းလဲပါတယ်။

Asiavillage said...

ဘာပြောင်လဲသွားပြီလဲ သေချာကြည့်လိုက်ပါ ဘာဆိုဘာမှ မပြောင်လဲသေးပါဘူးဗျာ။ ဒီမိုကရေစီ စံနှုန်းနဲ့ ကိုက်ညီတဲ့ ပြောင်းလဲမှုမျိုး လက်ရြှျီမန်မာနိုင်ငံမှာ ဘယ်နေရာဆို ဘယ်နေရာမှမတွေ့သေးပါ။ အခြေအနေ ဆိုးပြီးသား ပြည်သူများက အခြေအနေပိုဆိုး...

Unknown said...

အင်း ၈၈ ဆိုပြီး ( ကျောင်းသား) တပ်လိုက်ရင် တကယ့်ပညာရှိ ရေးချင်တာရေးလို့ ရပြီထင်နေကြတယ် မြေ ပေါ်ခရိုနီတင်ရှိလားအောက်မေ့တယ် မြေအောက်ခရိုနီလဲ ရှိသကိုး မှတ်သားလောက်ပါပေတယ်

Unknown said...

လူကလေးမောင်ဇော်ဝင်း၊ မောင်မင်းပြောသလိုဆို သခင်ကြီးတို့ ဘာတွေလုပ်ကြရမလဲ။ လင်းပါဦး။ မောင်မင်းပြောတာတွေမှာ အဖြေလည်း မပါဘူး။ လုပ်စရာလည်းမရှိ၊ လုပ်မယ့်လူလည်း မရှိ။ ဟိုမိန်းမကလည်း စင်ပေါ်တက်ဟောတာကလွဲလို့ ဘာအတွေ့အကြုံမျှမရှိ။ အခုထမင်းရည်သောက်ရရင် သူ့လက်ထက်မှာ ဆန်ဆေးရေတောင်ဖြစ်သွားနိုင်တယ်။ သခင်ကြီးတို့လည်း မိုးလင်းတာကို ထိုင်စောင့်နေတာ။ ဖင်ညှောင့်ရိုးသာ နာလာတယ်။ မိုးလင်းဖို့ကမမြင်သေးဘူးမောင်မင်း။ နောက်တစ်ခါရေးရင် အဖြေပါ ပါအောင်ရေးပါကွဲ့။ မောင်မင်းအခုရေးတာလောက် တော့ လမ်းထိပ်က အရူးမတောင် ရေးတတ်သေး။

mimi said...

ဆောင်းပါးရှင်ရေးတဲ.အတိုင်းခံစားသိရှိကြပါတယ်။နိုင်ငံကိုချစ်ကြသူတိုင်းကိုပြောတာပါ။မြန်မာပြည်အတွက်ရင်လေးစရာပါ။

KM said...

I partially agree ko zaw win's articles, some are totally correct, than shwe is still behind the scene and still in power, htay oo already admit about it, thein sein and SPDC steal the public's votes with advance votes that e.one knew. We have to watch u thein sein trend in 2015.

Unknown said...

အမျိုးမျိုးမကောင်းပြော အပြစ်တွေရေးပြနေတဲ့သူတွေကို မေးချင်ပါတယ် အဲဒီအတွက် ခင်ဗျားတို့ ဘာတွေလုပ်နေကြသလဲလို့ စကားပဲပြောနေကြတာထင်တယ် ခင်ဗျားတို့ကြောင့် စိတ်ချမ်းသာခဲ့ရတာမျိုး မကြုံဘူးသေးလို့ မေးကြည့်မိတာပါ အတိုက်အခံအပေါင်းတို့ရေ ဖြေကြပါအုံး

Myanmar Pyi Thar said...

ခင်ဗျားတို့ သုံးသပ်ချက်တွေဖတ်မှဘဲ....
ကျွန်တော်တော့ သမ္မတကြီးကို ဆက်စောင့်ကြည့်လိုက်ဦးမယ်ဗျာ။

Myosetthit said...


သုံးစလောင်းကုန်ရင်ပြောင်းဆန်မှန်းသိရပါမယ်..
၁၉၆၂-၁၉၇၄ = ၁၉၈၈-၂၀၁၀

၁၉၇၄-၁၉၈၈= ၂၀၁၀- ယနေ့ထိ

လိမ်တာတော့လိမ်မှာပါ.. ဘယ်လိုလိမ်မလဲဆိုတာ မျက်ခြေမပြတ် ကြည့်ဖို့ပါပဲ။ အခုတော့ အကွက်ဆင်နေတုံးပါ။

ka naung said...

whatever,whoever say bad to u thein sein but we support him.

humen said...

တယူသန်အတွေးတွေနဲ့ စေတနာ ကို စေတနာမှန်း မသိနိုင် လောက်အောင် မင်းမှာ အမိုက်မှောင် ဖုန်းနေတာကို ဖတ်မိတာ ငါ့အမှားပါ