Monday, January 21, 2013

ဗကသနဲ့ သမ္မတ

ဗကသနဲ့ သမ္မတ
(ဗကသသို့ ကြိုတင်သတိပေးချက် သက်သက် ...)
Zaw Win

ဗကသကို သမ္မတဦးသိန်းစိန်က ခေါ်တွေ့သတဲ့။

ကောင်းတဲ့ လက္ခဏာ၊ တိုးတက်တဲ့ လက္ခဏာလို့ ယေဘုယျ ပြောရမှာပါ။

ဒါပေမဲ့ သမ္မတက ခေါ်တွေ့တယ်ဆိုရင် လန့်နေရတယ်။ သမ္မတနဲ့ တွေ့ရင် လည်ထွက်သွားတတ်လွန်းလို့။

သမ္မတနဲ့ တွေ့ချင်လွန်းလို့ဆိုပြီး တောင်းဆိုတဲ့လူ၊ တောင်းပန်တဲ့လူတွေကလည်း အများသားမဟုတ်လား။ သမ္မတနဲ့ မတွေ့ရဘဲ အောင်မင်းတို့ စိုးသိန်းတို့နဲ့ တွေ့ရတာလောက်နဲ့တင် ငါတို့အဆင့်အတန်း မြင့်သွားပြီ။ ငါတို့က လမ်းပေါ်ထွက်ရမယ့်လူ မဟုတ်တော့ဘူး။ နောင်တနေ့ ဝန်ကြီးဖြစ်မယ့်လူတွေ။ ငါတို့ နောက်ထပ် ထောင်ထဲ မသွားတော့ဘူး၊ လွှတ်တော်ထဲပဲ သွားတော့မယ်ဆိုပြီး စိတ်ကြီးဝင်သွားတဲ့သူတွေကလည်း ရှိခဲ့ဖူးသကိုး။ ငါတို့က အမြဲတမ်းတိုက်နေမယ့်လူ မဟုတ်ဘူး၊ တိုင်းပြည်ထူထောင်မယ့်လူတွေဆိုပြီး လေသံပြောင်းသွားတာတွေကိုလည်း ကြားကြမှာပါ။

ကျနော်တို့တိုင်းပြည်မှာ ဒီမိုကရေစီသမားတွေကို စစ်အာဏာရှင်တွေက သူခိုးဂျပိုးတွေလို၊ သူပုန်သူကန်တွေလို တသက်လုံး သဘောထားခဲ့လေတော့ နည်းနည်းလောက် လူရာသွင်းခံလိုက်ရရင်ပဲ သမ္မတကြီး တယ်ဟုတ်ပါလား။ တယ်ကောင်းပါလားလို့ ထင်သွားတတ်ကြတော့ စိုးရိမ်စိတ်ဝင်မိပါတယ်။

ဗကသ က တခြားလူတွေလောက် အညှာမလွယ်ဘူးဆိုတာ သဘောပေါက်ပါတယ်။ ဗကသ က မူချပြီး ခိုင်ခိုင်မာမာ ရပ်ထားတဲ့ အဖွဲ့အစည်းဆိုတော့ တခြားသူတွေလောက် အညှာမလွယ်ဘူးဆိုတာ နားလည်ပါတယ်။ ဗကသဟာ အစဉ်အလာလည်းရှိတဲ့ အဖွဲ့အစည်းပါ။


နောက်ပြီး ဗကသ က ခေါင်းဆောင်ပဲရှိပြီး နောက်လိုက်မရှိတဲ့ အဖွဲ့အစည်းမဟုတ်ဘူး။ နောက်မှာ ကျောင်းသားထု ရှိတယ်။ နောက်လိုက် ကျောင်းသားထုဆိုတာကလည်း အများစုဟာ ခေါင်းဆောင်ဖြစ်လာနိုင်လောက်အောင် အရည်အချင်းရှိတဲ့သူတွေချည်း ဖြစ်ပါတယ်။ ဒါ့ကြောင့် ထိန်းမယ့်သိမ်းမယ့်လူတွေ အများကြီး ရှိတယ်ဆိုတာလည်း နားလည်ပါတယ်။

ဒါပေမဲ့ ဗိုလ်သိန်းစိန်က မောင်မောင် မခေါ်ခင်ကတောင် ဗျာ ထူးချင်တဲ့သူတချို့ ဗကသထဲက ကွဲထွက်ခဲ့ကြဖူးလေတော့ နောက်ထပ် အဲသလို အကွဲမျိုးထွက်လာမှာကို စိုးရိမ်လို့ ကြိုကြိုတင်တင် သတိပေးပါတယ်။ အစိုးရက ဗကသကို ခွဲထုတ်ဖို့ ရည်ရွယ်ချက်မရှိဘူးလို့ မပြောနိုင်ပါဘူး။

၆၂ ခုမှာ စစ်အစိုးရ အာဏာသိမ်းတော့ ကျောင်းသားခေါင်းဆောင်တယောက်က စစ်အစိုးရ အာဏာသိမ်းတာကို ထပြီး ထောက်ခံခဲ့ဖူးပါတယ်။ (သက်ရှိထင်ရှားရှိသူမို့ နာမည် မထည့်တော့ပါ) ကျောင်းသားတွေက အဲဒီခေါင်းဆောင်ကို ချက်ချင်းဖြုတ်ချပြီး အသစ်တင်နိုင်ခဲ့ပါတယ်။ နောက်လိုက်ကျောင်းသားထုဟာ အဲသလောက် ပါဝါဖူးလ် ဖြစ်ခဲ့ပါတယ်။ အစဉ်အလာအားဖြင့် ဗကသဟာ ကျောင်းသားထုရဲ့ ဆုံးဖြတ်ချက်ကို နာခံတဲ့ အဖွဲ့အစည်းဖြစ်ပါတယ်။

(ကြိုတင် သတိပေးတာ သက်သက်သာ ဖြစ်ပါတယ်။)

Zaw Win
(Zaw Win's Facebook)

14 comments:

Margathagyar said...

President u thein sein (not general thein sein) is the honest man of myanmarsoldier. I think he did not use devide and rule policy nowadays.

Anonymous said...

ရီရတယ် ကွာ
ဗကသ နောက်မှာ ကျောင်းသားထုရှိတယ် ဆိုပဲ....
ကြိုက်တဲ့ ကျောင်းသား တက္ကသိုလ်ကျောင်းသားဖြစ်ဖြစ် ဘယ်ကျောင်းသားပဲဖြစ်ဖြစ် မေးကြည့် လိုက်
ဗကသ ဆိုတာသိဖို့အ ဝေးကြီး ။ သိရ အောင် မင်းတို့ က ရော
ကျောင်းသားအကျိုးကိစ္စတစက်က လေးလုပ်ဖူးသလား
ကျောင်းသားမှ မဟုတ်ဘူး ဘယ်သူ့ အကျိုးမှ မလုပ်ဖူးဘဲ
စောက် ရှက်ကင်းမဲ့စွာ နဲ့ နောက် မှာ ကျောင်းသားထု ရှိတယ်တဲ့
ပြည်သူအကျိုး ဘာတစက်မှ မလုပ်ပဲ နာမည်ကြီးချင် နိုင် ငံရေး
လုပ်စားချင် တဲ့ မင်းတို့လို အလုပ်လက်မဲ့ တွေကို ပြည်သူက ကြာလေ ရွံ လေ ပဲကွ ။
တန် ရာ တန် ရာ ပြောကြ။ လူမှုရေး အဖွဲ့ တွေကို သ ဘောကျ
သ လောက် မင်းတို့ လို ကောင်တွေကို ရွံတယ်ကွာ

ှဲKaung said...

ပြေတီဦးရာ...
ကိုယ့်နေရာ ကိုယ်နေစမ်းပါ။
ဒါ စစ်အစိုးရ ၀ယ်ထားတဲ့ ဒေါက်တာချက်ကြီး ဘလောဂ် မဟုတ်ဘူးကွ။

UShinGyi said...


ပြေတီဦးဆိုတဲ့ကောင် နေရာတကာ လိုက်အာချောင်နေပါလား
ချက်ကြီး အပြာဆိုဒ်ထဲမှာ ဆဲနည်းပေါင်းမျိုးစုံနဲ့
လူတကာကိုလိုက်ဆဲလို့ အသာနေစမ်းပါငါ့ညီရာ
မင်းနဲ့မဆိုင်တဲ့ ဒီလို ဆိုဒ်ထဲလာပြီး ဆရာမလုပ်ပါနဲ့
ဒီဆိုဒ်ကို ဖတ်နေတာ မင်းထက်အသက်ကြီးသူတွေ အများကြီး အပြာဆိုဒ်ထဲကလို မိုက်မိုက်ရိုင်းရိုင်းတွေ
ဒီမှာလာပြောဖို့မသင့်ဘူးထင်တယ် ငါ့ညီ။ အဲဒီ ဗကသ ကျောင်းသားလူငယ်တွေက နိုင်ငံအတွက်တော့
ဘာမှ မလုပ်ရသေးပေမဲ့လဲ မင်းလိုမိုက်ရိုင်းတဲ့ လူငယ်တွေမဟုတ်တာတော့ သေချာတယ်ကွ။

Anonymous said...

အေး သူရဲကောင် ဟန်ဆောင် လုပ်စားကောင် တွေကိုပဲ
အ ကောင်း ထင် နေကြ ပေါ့ကွာ
မိုက် ရိုင်းလဲ ဒီလို အ ချောင် လုပ်စားမဲ့စိတ်မျိုး မရှိဘူးကွ

UShinGyi said...



အင် ငါ့ညီဒီလိုစိတ်လေး ရှိတဲ့ အတွက် လဲ လေးစားပါတယ်ကွာ ...

မောင်ပြောချင် said...

အဲဒီ ဗကသ က ၁၉၉၇ ကနေ ၂၀၀၄ ခုနှစ်အတွင်းကောရှိလား။ ရှိရင် activities တွေကဘာတွေလဲ။ မရှိရင်တော့အစဉ်အလာတွေလာမပြောနဲ့ ။ကျောင်းသားတွေရာဇဝင်ရိုင်းခဲ့ပြီးပြီ မို့ တက္ကသိုလ်တွေရွာပြင်ရောက်ပြီးသွားပြီ။တက္ကသိုလ်ကျောင်းသားဆိုပြီး uniform နဲ့ကျောင်းတက်နေတာ အစဉ်အလာလည်းပျက်ခဲ့ပြီးပြီ။ ဗကသ ဆိုတော့တက္ကသိုလ်အဆင့်ဆိုတော့ တက္ကသိုလ်ကျောင်းသားတွေ uniform ဝတ်စရာမလိုအောင်၊အစိုးရအဆောင်နေကျောင်းသားဘဝတွေပြန်ရအောင်ပဲအရင်ဆုံးကျောင်းသားရေးရာနဲ့ပတ်သက်တာပဲတောင်းဆိုကြည့်ပါအုံး။အဲဒါတွေရပြီဆို ဗကသ ရဲ့ အကြွေးတွေကိုဆပ်ပေးတာပဲပေါ့။ဒီလိုမှမဟုတ် မယောင်ရာဆီလူးနေရင် ဗကသ ကနေ မထသ လို့သာပြောင်းလိုက်တော့။

Unknown said...

မင်းငယ်ဆိုတဲ့လူခင်ဗျားသိအောင်ပြောချင်ပါတယ်ဗကသဆိုတာဘာလဲပြောပြမယ်
ဗ. ဗါဟီရ
က. ကောက်သင်းကောက်
သ. သူတောင်းစားအဖွဲ့
ကဲသိပြီလားအလကားနေရင်းထောက်ခံချင်နေတာ

kyawthusukyi said...

I like all of your comment . IQ EQ CQ ပြည့်ကြ တယ်

UShinGyi said...


အဲဒါပြောတာ ခင်ဗျာတို့က စစ်အစိုးရကို ထိပါနိုင်တဲ့ ဘယ်အဖွဲ့ အစည်းကိုမဆို စောက်တလွဲတွေပဲ ပြောတတ်လား။
ကျော်လွမ်းမိုး ဆိုတဲ့ ဆရာသမား ခင်ဗျာက လူငယ်လား လူကြီးလာ လူငယ်ဆိုရင်တော့ အခု ဗာဟီရ သူတောင်းစား ဗကသ အဖွဲ့က လူငယ်တွေ လုပ်သလိုအလုပ်မျိုးလုပ်ဖူးလာ ဒီကောင်တွေလောက် သတင်းနဲ့ မီဒီယာ တွေမှာ ခင်များ ပေါက်ပေါက်မြောက်မြောက်ဖြစ်ဖူးလာ။ ခင်များကြည့်ရတာလဲ ခင်များပြောသလို ဒီ သူတောင်းစာ ဗကသ လူငယ်တွေလောက် စိတ်ဓာတ်နဲ့ လုပ်ရေကိုင်ရေပါ အဖြစ်ရှိမဲ့လူ မဟုတ်လောက်ဘူး။ အခုခင်ဗျားရေးထားတဲ့ ကော်မန်းတောင် အပြုသဘောဆောင်တဲ့ အဖြစ်ရှိတဲ့ကော်မန်းမျိုးမဟုတ်ဘူး သူတပါးကို မနာလိုလို့ မိုက်ရိုင်းစွာ ဝေဖန်ထားတဲ့ ကော်မန်းမျိုးဗျ။ ခင်များလူကြီးတာဆိုရင်တော့ လူငယ်တိုင်းမလုပ်ရဲ မလုပ်နိုင်တဲ့ နိုင်ငံရေးလုပ်နေတဲ့ လူငယ်တွေရဲ့ စိတ်ဓာတ်တွေကို ပျက်စီးရာ ပျက်စီးကြောင်းတာ ဖြစ်လို မြင်လိုတဲ့ လူကြီးပဲဖြစ်မယ်။ ဗကသ ကို အမြဲထောက်ခံတယ် ကျောင်းသားများ အမှန်တရားကို အမြဲလက်ကိုင်ထားပြီး ရှေ့သို့ဆက်ချီတက်ပါ။

Unknown said...

ကျောင်းသားတွေ အေးဆေးစာသင် ပါစေကွာ အ ရောင် သွားမဆိုးပါနဲ့ မောင်ရ ပြောသွား တဲ့အထဲမှာသိမ်းတွင်ပြေား သွားတာစာဖတ်သူ တိုင်းသိပါလိမ့် မယ် သတ္တိရှိ ရင် တုတ် ရှည်သိမ်းတွင်းမသွားနဲ့ ရိုးရိုးလုပ်ပါ

မိုးကြိုး said...

မင်ကိုနိုင်ကိုမေးပေးပါ။ဒီဗကသ ကဘယ်ကနေပေါလာတာလဲလို့ 
....ငမြောက်ငခြောက်တွှေ...

Unknown said...

ငါ့တူမင်းကမျက်ကန်းသမားပဲကွ အတုအစစ်မခွဲခြားတတ်သေးဘူး
မောင်ရင်ရေးတဲ့comment ကိုကြည့်တာနဲ့မောင်ရင့်ရဲ့အဆင့်အတန်းနဲ့
ပညာအရည်အချင်းဗဟုသုတာအားလုံးကိုလူတိုင်းသိသွားပြီကွဲ့
တကယ်တမ်းတော့မောင်ရင့်အဆင့်က ZERO ပဲ
များများလေ့လာပြီးများများစာဖတ်ပါမောင်ရင်

Unknown said...

ဘယ်ကောင်မှမယုံရဘူး