Saturday, December 22, 2012
မြန်မာ့ရေးရာ သတင်းပဒေသာ (၂၂-၁၂-၂၀၁၂ - ညပိုင်း)
- ရွှေဂက်(စ်)ပိုက်လိုင်းတလျှောက် ဆုံးရှုံးနစ်နာမှုများအတွက် နိုင်ငံတော်အစိုးထံ တောင်းဆို click
- ဗကသများအဖွဲ့ချုပ် လက်ပံတောင်းတောင်အရေး သတင်းစာရှင်းလင်း (ရုပ်သံ) click
- KNU ၏ ၁၅ ကြိမ်မြောက် ကွန်ဂရက် မကြာခင် ပြီးဆုံး click
- ၁၈ နှစ်မြောက် DKBA တပ်မတော်နေ့ ကျင်းပပြီးစီး click
- တိုင်းရင်းသားအခွင့်အရေးများနှင့် ပတ်သက်သော တိုက်ပွဲများ click
- ကော့သောင်းမြို့နဲ့ မြိတ်မြို့တွေကို ဒေါ်အောင်ဆန်းစုကြည် ခရီးထွက် click
- စုစည်းညီညွတ်သည့် အစည်းအဝေးတခု ကျင်းပနိုင်ဖို့ ဒီမိုကရေစီအင်အားစုများ သဘောတူညီချက်ရ click
- ရှစ်ဆယ့်ရှစ်တွေ ဆုံတဲ့ပွဲ (ဓာတ်ပုံ) click
- ဗိုလ်ချုပ်အောင်ဆန်း၏ ရိုးဂုဏ် (ဆောင်းပါး) click
- အင်းစိန်ထောင်ရဲ့ အကျဉ်းကျနေ့တွေ (၃) click
- ကချင်လူငယ်တဦးရဲ့ ၂၉ နှစ်တာ ဖြတ်သန်းမှု (ဆောင်းပါး) click
- ကံကုန်ရွာသားများ အက်ဆစ်စက်ရုံကို ရွှေ့ပြောင်း (သို့) ရပ်တန့်စေချင် (ရုပ်သံ) click
- ထားဝယ်၊ ကျောက်ဖြူ၊ သီလဝါတို့တွင် အိန္ဒိယ ရင်းနှီးမြှုပ်နှံရန် သမ္မတ ဖိတ်ခေါ်ခဲ့ click
- လယ်မြေဧက ၂၀၀ စစ်တပ်က ပြန်သိမ်းထားမှု လွှတ်တော် မြေယာကော်မီတီသို့ စာတင် click
- ကရင်ဒေသ ဘိလပ်မြေစက်ရုံ စီမံကိန်း ရွာ ၂၀ ခန့် ပြောင်းရမည် click
- အင်းလေးကန် ဟိုတယ်ဇုန်သစ်စီမံကိန်း မြေဧက ၆၀၀ ကျော် သိမ်းယူ click
- မလေးရှား လဝကစခန်းမှာ မြန်မာနိုင်ငံသားတွေ အခွင့်အရေးချိုးဖောက်ခံရ click
- အလုပ်သမား မှတ်ပုံတင်ရက် တိုးပေးဖို့ ထိုင်းဝန်ကြီးချုပ်ကို မြန်မာ တိုက်တွန်းခဲ့ click
- ဘင်္ဂလာဒေခ်ျ့က ဗုဒ္ဓဘာသာမိသားစု ၁၄ စု မြန်မာပြည်တွင် ခိုလှုံခွင့်တောင်း click
- မြန်မာ့သစ်တွေ တရုတ်နိုင်ငံကို တရားမ၀င် သယ်ထုတ်နေဆဲ click
- ရောက်တတ်ရာရာ အတိုအစများ click
- ပြောပြစရာတွေလည်း တပုံကြီး ရှိသေးတယ် - အမှတ် ၄၅၃ (အသံလွှင့်ဆောင်းပါး) click
- လွယ်ကူလေ့လာ ကလေးများအတွက် ပရိုဂရမ်းမင်းပညာ click
- ဘာသာစကား (ဆောင်းပါး) click
- မြန်မာလိုသင်မလား အင်္ဂလိပ်လိုသင်မလား (ဆောင်းပါး) click
- အိုဘားမားက မာလာလာကို ကျော်ဖြတ်သွားခဲ့ click
- မာလာလာက သူမအမည်ဖြင့် ပါကစ္စတန်ရှိ ကောလိပ်ကို အမည်မပြောင်းရန် တောင်းပန် click
- မလေးရှားတွင် အရွယ်မရောက်သေးသည့် မူဆလင်မိန်းကလေးများ လက်ထပ်မှု များနေ click
Posted by
ဒေါက်တာလွဏ်းဆွေ
at
10:00 PM
0
comments
Labels: သတင်း
ပထမဆုံး ပုံနှိပ်စာမူ (သို့) တို့ကျောင်းသားဖီလင်
လစဉ်ထုတ် မဂ္ဂဇင်းတွေ၊ စာကြီးပေကြီးတွေ မဖတ်ဖြစ်သေးခင် ခပ်ငယ်ငယ်အရွယ်က ရွှေသွေး၊ လှပ၊ တေဇ၊ မိုးသောက်ပန်း၊ တို့ကျောင်းသားစာစောင်တွေဟာ ကျနော့်အတွက် အသည်းစွဲစာစောင်တွေ ဖြစ်ခဲ့တာပေါ့။ အဖေ အပြင်က ပြန်လာလို့ လက်ထဲမှာ စာစောင်အသစ်တွေ ကိုင်လာရင် နှစ်နှစ်ကြီး နှစ်နှစ်ငယ်ဖြစ်တဲ့ ကျနော်တို့ ညီအစ်ကိုတွေ သူ အရင်ဖတ်မယ်၊ ငါ အရင်ဖတ်မယ်နဲ့ ၀ိုင်းလုရင်း ရန်ဖြစ်ကြလို့ အရိုက်ခံရတဲ့ အကြိမ်ပေါင်းလည်း မနည်းဘူးပေါ့။
အဲဒီစာစောင်တွေထဲမှာမှ တို့ကျောင်းသားစာစောင်က အလယ်တန်းနဲ့ အထက်တန်းအဆင့် ကျောင်းသားတွေကို ပိုဆွဲဆောင်မှုရှိတဲ့ စာစောင်လို့ ပြောရမယ်။ တို့ကျောင်းသားစာစောင်ထဲမှာက လစဉ် ဆုရစာစီစာကုံးတွေ ဖော်ပြတဲ့ “တို့ကျောင်းသား ဆုရစာစီစာကုံး” ကဏ္ဍတခုပါတယ်။ တလကို ယှဉ်ပြိုင်ရမယ့် ခေါင်းစဉ်အသစ် သုံးခု ကြိုပြီး ဖော်ပြပေးထားတယ်။ ခေါင်းစဉ်အားလုံးကိုဖြစ်စေ၊ ကိုယ်ကြိုက်တဲ့ ခေါင်းစဉ်ကိုဖြစ်စေ ရေးသားပေးပို့ ယှဉ်ပြိုင်လို့ ရတယ်။
မြန်မာတပြည်လုံးမှာရှိတဲ့ အလယ်တန်းအဆင့်၊ အထက်တန်းအဆင့် ကျောင်းသားပေါင်းစုံ ပေးပို့ယှဉ်ပြိုင်တဲ့အထဲက တချို့လတွေမှာ ဆုရွေးချယ်ရေးအဖွဲ့ရဲ့ အကြိုက်ဆုံး ၁ ပုဒ်၊ တချို့လတွေမှာ ၂ ပုဒ်၊ တချို့လတွေမှာ ၃ ပုဒ်လောက်အထိ ဖော်ပြတယ်။ ဆုရှင်အများစုကတော့ ၇ တန်းကနေ ၁၀ တန်းအရွယ် ကျောင်းသားကျောင်းသူတွေ များတယ်။ ဖော်ပြတဲ့ ဆုရစာစီစာကုံးရဲ့ နောက်ဆုံးမှာ နာမည်၊ အတန်း၊ ကျောင်း၊ မြို့နာမည်တွေ ဖော်ပြပေးတော့ ကလေးသဘာဝ ဆုရစာစီစာကုံးတွေကို ဖတ်ရင်း ဖတ်ရင်း ကိုယ်လည်း သူများတွေလို ကိုယ်ရေးတဲ့ စာစီစာကုံးလေး ဖော်ပြခံရချင်တဲ့ စိတ်တွေ တဖွားဖွား ဖြစ်ပေါ်လာမိတယ်ပေါ့။
ဆုရှင်အနေနဲ့ စာစီစာကုံးကို ဖော်ပြမခံရရင်လည်း လက်ရွေးစင်အဆင့် (၁၀ ဦးလား ၁၅ ဦးလား အတိအကျတော့ မမှတ်မိ) ၀င်သူတွေရဲ့ နာမည်၊ အတန်း၊ ကျောင်း၊ မြို့နာမည်တွေကို သီးခြားစုစည်းဖော်ပြပေးတယ်။ ဆုရှင်အဖြစ် ဖော်ပြခံရတဲ့သူကိုတော့ စာတိုက်ကနေ ဆုငွေ ၁၀၀ ကျပ် ပေးပို့ချီးမြှင့်တယ်။ အဲဒီတုန်းက ဆုငွေ ၁၀၀ ကျပ်ဆိုတာ ကျနော့်အထင် အခု ၃၀,၀၀၀ ကျပ်လောက်နဲ့ ညီမလားပဲ။ အတော်လေး သုံးရပါတယ်။ နှစ်ကုန်လို့ ၁၂ လစာ ပေါင်းချုပ်ထုတ်ရင် စာမူခ ၁၀၀ ကျပ် ထပ်ရသေးတယ်။ အဲဒီအပုဒ်ကိုပဲ ၃ နှစ်စာ ပေါင်းချုပ်စာအုပ်ထုတ်လို့ ထပ်ဖော်ပြခံရရင် စာမူခ ၃၀၀ ကျပ် ထပ်ရသေးတယ်။ ပြောရရင် ဆုရစာစီစာကုံး တပုဒ်ဖော်ပြခံရရင် ဆုငွေ ၅၀၀ ကျပ်လောက်အထိ ရတဲ့သဘောပေါ့။ ဆုငွေရခဲ့မှုကို အဓိက ပြောချင်တာ မဟုတ်ပါ။ ကလေးဘ၀ မုန့်ဖိုး ဖောဖောသီသီ သုံးစွဲခဲ့ရတာလေးကို ပြန်အမှတ်ရမိလို့ ပြောပြခြင်းသာ ဖြစ်ပါတယ်။ ကျနော်က ဆုရှင်အဖြစ် ၃ ကြိမ် ဖော်ပြခံရဖူးတော့ မုန့်ဖိုး ၁,၅၀၀ လောက် စီခဲ့တယ်ပေါ့။ တို့ကျောင်းသားစာစီစာကုံးကဏ္ဍမှာ လေးထပ်ကွမ်းဆုရှင်က အကြိမ်ရေ အများဆုံးဆုရသူပါပဲ။ ၅ ကြိမ် ဆုရတဲ့သူတော့ ကျနော် မှတ်မိသလောက် မရှိခဲ့ဘူးထင်ပါတယ်။
ကိုယ့်စာစီစာကုံးလေး ဆုရလို့ ဖော်ပြခံရရင် ဆုငွေ ၁၀၀ ရလို့ ပျော်တာထက် ပန်းချီဆရာကြီး မောင်စိန်ရဲ့ ချစ်စဖွယ် သရုပ်ဖော်ပုံနဲ့ ဖော်ပြခံရတာကို ကြည့်လို့မ၀ ဖတ်လို့မ၀ ဖြစ်ရတဲ့ ခံစားမှုက ဘာနဲ့မှကို မလဲနိုင်တဲ့ ဖီလင်တခုပါ။ အဲဒီလို ဆရာကြီး ပန်းချီမောင်စိန်ရဲ့ ချစ်စဖွယ် သရုပ်ဖော်ပုံနဲ့ ဖော်ပြခံရချင်လို့ ကျနော် ၈ တန်းနှစ် ပျဉ်းမနား နှစ်ကျိပ်ရှစ်ဆူဘုရားပွဲက ပြန်အလာမှာ ကျနော် စာစီစာကုံးတပုဒ် ကြိတ်ပြီးရေးတယ်။ အဲဒီအချိန် ယှဉ်ပြိုင်ဖို့ ပေးထားတဲ့ စာစီစာကုံးခေါင်းစဉ်က “ကျွန်ုပ်အနှစ်သက်ဆုံး တေးတပုဒ်” တဲ့။
ကျနော့်အဖေက ပျဉ်းမနားသားဆိုတော့ နှစ်စဉ် ကျနော်တို့မိသားစု သီတင်းကျွတ်ကျောင်းပိတ်တာနဲ့ ပျဉ်းမနားနှစ်ကျိပ်ရှစ်ဆူဘုရားပွဲကို အမြဲသွားတယ်။ ပျဉ်းမနားမြို့မှာရှိတဲ့ ၀တ်အသင်းလှည့်လည်တဲ့ ဓမ္မာရုံအသီးသီးက ရန်ကုန်၊ မန္တလေးမှာရှိတဲ့ နာမည်ကြီးတီးဝိုင်း၊ နာမည်ကြီးအဆိုတော်တွေ အားလုံးနီးပါးကို ငှားရမ်းပြီး အလှပြကားတွေနဲ့ ၃ ရက်တိတိ လှည့်လည်ဖျော်ဖြေတယ်။ ကျနော် ၈ တန်းအရွယ်က ဧရာဝတီကမ်းနံဘေးက အလွမ်းတေးသမားလေး အဆိုတော် ‘မင်းအောင်’ လျှမ်းလျှမ်းတောက် နာမည်ကြီးနေတဲ့အချိန်ပေါ့။ ကျနော်က သူ့ရဲ့ အလွမ်းသီချင်းမဟုတ်တဲ့ “နံနက်ချိန်ခါ မင်္ဂလာတေး” ဆိုတဲ့ သီချင်းနဲ့ စာစီစာကုံးပြိုင်ပွဲကို ၀င်ပြိုင်ခဲ့တယ်ပေါ့။ ဆုရမယ်လို့တော့ လုံးဝမျှော်လင့်မထားပါဘူး။ မရေးဘဲ မနေနိုင်၊ မပြိုင်ဘဲ မနေနိုင်လို့သာ လက်ယားပြီး ရေးသားပေးပို့လိုက်တဲ့ သဘောပါပဲ။
ဒါပေမယ့် ကံကောင်းချင်တော့ အဲဒီ ‘နံနက်ချိန်ခါ မင်္ဂလာတေး’ ဆိုတဲ့ မင်းအောင်ရဲ့ သီချင်းလေးအကြောင်း ရေးသားတဲ့ “ကျွန်ုပ်အနှစ်သက်ဆုံး တေးတပုဒ်” ဆိုတဲ့ ခေါင်းစဉ်နဲ့ အမှတ်မထင် ကျနော် တို့ကျောင်းသားစာစီစာကုံးဆုရှင် ဖြစ်လာခဲ့တယ်။ ကျနော်နဲ့အတူ အခြားဆုရှင်တဦးလည်း ပူးတွဲဖော်ပြခံရတယ်လို့ မှတ်မိနေတယ်။ နောက်ထပ် ၉ တန်းနှစ်မှာ “ကျန်းမာခြင်းသည် လာဘ်တပါး”၊ ၁၀ တန်းနှစ်မှာ “ကထိန်ပွဲ” ဆိုတဲ့ ခေါင်းစဉ်တွေနဲ့ ဆုရှုင်အဖြစ် နှစ်ကြိမ်ထပ်ပြီး ဖော်ပြခံရတယ်။
ကျနော့်ဘ၀ရဲ့ ပထမဆုံး ပုံနှိပ်ဖော်ပြခံရတဲ့ စာမူလည်းဖြစ်၊ ကျနော် အရမ်းရူးသွပ်စွဲလန်းခဲ့တဲ့ ပန်းချီဆရာကြီး မောင်စိန်ရဲ့ သရုပ်ဖော်လက်ရာနဲ့ ဖော်ပြခံခဲ့ရတဲ့ အဲဒီ “ကျွန်ုပ်အနှစ်သက်ဆုံး တေးတပုဒ်” ဆိုတဲ့ စာစီစာကုံးလေးပါတဲ့ တို့ကျောင်းသားစာစောင်ကို အဖေ ၀ယ်လာတဲ့နေ့က တနေ့လုံး တညလုံး ပုံနှိပ်ဖော်ပြထားတဲ့ စာစီစာကုံးလေးနဲ့ ဆရာကြီး ပန်းချီမောင်စိန်ရဲ့ သရုပ်ဖော်ပုံလေးကို ကြည့်လို့မ၀ ရှုလို့မ၀ဖြစ်ရင်း အိပ်လို့မပျော် စားလို့မ၀င် ဖြစ်ခဲ့ရတဲ့ ဖီလင်လေးက ဘာနဲ့မှကို မတူတဲ့ ဖီလင်တခုဖြစ်တာကို အခုအချိန်အထိ ပြန်လည် လွမ်းဆွတ်နေမိသေးတော့တယ်။
ဒေါက်တာလွဏ်းဆွေ
Posted by
ဒေါက်တာလွဏ်းဆွေ
at
9:01 PM
4
comments
Labels: မှတ်စု
ငယ်လက်ရာတပုဒ်
ကျနော် ၉ တန်းအောင်တဲ့အချိန် ၁၉၈၄ ခုနှစ် မေလထုတ် တို့ကျောင်းသားစာစောင်မှာ ဆရာကြီး ပန်းချီမောင်စိန်ရဲ့ သရုပ်ဖော်လက်ရာနဲ့ ဖော်ပြခံခဲ့ရတဲ့ “ကျန်းမာခြင်းသည် လာဘ်တပါး” ဆိုတဲ့ စာစီစာကုံးတပုဒ် (ငယ်လက်ရာ) ပါ။ သတိတရ ပို့ပေးတဲ့ ကိုအောင်မျိုးထွန်းကို ကျေးဇူးအထူးတင်ပါတယ်။ နောက်ဆက်တွဲ သိရတာက ကိုအောင်မျိုးထွန်းကော ၈၈ မျိုးဆက် ကိုဌေးကြွယ်ကော တို့ကျောင်းသားစာစီစာကုံးဆုရှင်တွေပဲတဲ့ :)
Posted by
ဒေါက်တာလွဏ်းဆွေ
at
8:57 PM
4
comments
Labels: မှတ်စု
မြန်မာ့ရေးရာ သတင်းပဒေသာ (၂၂-၁၂-၂၀၁၂ - နံနက်ပိုင်း)
- မန္တလေး-မြစ်ကြီးနား ကုန်တင်ရထား မိုင်းဗုံးဒဏ်ကြောင့် တိမ်းမှောက် click
- လက်ပံတောင်းတောင် ထိခိုက်သံဃာများအတွက် အများပြည်သူ၏ အလှူများ လက်ခံရရှိကြောင်း ရွှေည၀ါဆရာတော် ပြောကြား click
- လက်ပံတောင်းတောင်နဲ့ပတ်သက်ပြီး ကော်မတီနှစ်ရပ် ပူးတွဲကြေညာချက် ထုတ်ပြန် click
- ဖမ်းထားတဲ့ ကျောင်းသားခေါင်းဆောင်တွေအရေး ဗကသအဖွဲ့ချုပ် သတင်းစာရှင်းလင်း click
- မဒေးကျွန်းရှိ ဒေသခံများ ဆန္ဒထုတ်ဖော်ပြသမည်ကို ဆိုင်းငံ့ထား click
- မြန်မာ့မူးယစ်ဆေးနဲ့ အမေရိကန်အစိုးရ (သုံးသပ်ချက်) click
- ဒေါ်အောင်ဆန်းစုကြည် ကော့သောင်းခရီးစဉ် အာဏာပိုင် ကန့်သတ် click
- အိန္ဒိယရောက် မြန်မာ့အရေးလှုပ်ရှားသူများ ဦးသိန်းစိန်အစိုးရကို ကန့်ကွက်ဆန္ဒပြ click
- အိန္ဒိယရောက် သမ္မတဦးသိန်းစိန်ကို မြန်မာနိုင်ငံသားတွေ ဆက်လက်ဆန္ဒပြ click
- သမ္မတဦးသိန်းစိန် အိန္ဒိယဝန်ကြီးချုပ်နဲ့ တွေ့ဆုံ click
- ၁၈ နှစ်ပြည့် ဒီကေဘီအေ တပ်မတော်နေ့ ကျင်းပ click
- ဗိုလ်ချုပ်မူတူးစေးဖိုးကို ကေအင်ယူ ဥက္ကဌသစ်အဖြစ် ရွေးချယ် click
- နိုင်/ကျဉ်းဟု မသတ်မှတ်ပါက အမျိုးသားပြန်လည်သင့်မြတ်ရေး ခက်မည်ဟု AAPP ပြော click
- ၈၈ မျိုးဆက် မကဒတနဲ့ ဆွေးနွေး click
- ၈၈ အင်အားစုည်ီလာခံ ကျင်းပဖို့ ဆုံးဖြတ်ကြေညာ click
- ABSDF ဥက္ကဋ္ဌနဲ့ မေးမြန်းခန်း (ရုပ်သံ) click
- ABSDF မြန်မာပြည်ခရီးစဉ် (ရုပ်သံ) click
- HRDP ဦးမြင့်အေးနဲ့ RFA တွေ့ဆုံမေးမြန်းခန်း - ၂ (ရုပ်သံ) click
- အပြောင်းအလဲအကျိုးကို လူထု တကယ်ခံစားရပြီလား (ရုပ်သံ) click
- စနေနေ့ မြန်မာတီဗွီသတင်းများ (ရုပ်သံ) click
- ရေးခဲ့မိသော မှတ်တမ်းများ (၆) click
- သီလဝါစီမံကိန်း ဂျပန်-မြန်မာ သဘောတူလက်မှတ်ထိုး click
- သီလဝါ အထူးစီးပွားရေးဇုန်အတွက် ဂျပန်ကုမ္ပဏီနဲ့ အစိုးရတို့ လက်မှတ်ရေးထိုး click
- မြန်မာနိုင်ငံမှာ သန်းခေါင်စာရင်းကောက်မယ် click
- ထိုင်းရောက် မြန်မာအလုပ်သမားတွေ အကျပ်အတည်း (ရုပ်သံ) click
- ငလျင်ရန်ပုံငွေပွဲ လူရွှင်တော်များ နွှဲကြမည် click
- ရန်ကုန်တွင် ကျင်းပမည့် ပထမဆုံးသော နှစ်သစ်ကြိုပွဲ click
- တကိုယ်တော် စက်ဘီမာရသွန်ဦးပြူး ၆ ကြိမ်မြောက် တာဝေး စက်ဘီးစီးခရီးစဉ် စတင် click
- ရန်ငါစည်းခြားဖို့ ဖြစ်လာခဲ့တယ် (ကဗျာ) click
- ရွှေနိုင်ငံမှ ကြိုဆိုပါ၏ (ကာတွန်း) click
- လိုက်ရလွန်းလို့ (ကာတွန်း) click
- အီဂျစ် ဆန္ဒခံယူပွဲ နောက်တသုတ် ကျင်းပမယ် click
- Pennsylvania ပြည်နယ် ပစ်ခတ်မှု ၄ ယောက် သေ click
- အထက်လွှတ်တော်အမတ် ဂျွန်ကယ်ရီကို နိုင်ငံခြားရေးဝန်ကြီး ရွေး click
- ကင်ညာ အကြမ်းဖက်မှု လူအများအပြား သေဆုံး click
- တရုတ်ခေါင်းဆောင်သစ် အင်တာနက်ဆင်ဆာ လျှော့ပေါ့ဖွယ်မရှိ click
- အာဆီယံ-အိန္ဒိယ အစည်းအဝေး ကျင်းပပြီးစီး click
- ကျောင်းတွေမှာ လက်နက်ကိုင်အစောင့် ထားမလား click
- ဒီဇင်ဘာ ၂၁ တမိနစ် သတင်းဗီဒီယို click
- Santa Claus ရဲ့ ခရစ္စမတ်စကား (ရုပ်သံ) click
- ယူဂန်ဒါနိုင်ငံက ကလေး သံပြိုင်အဆိုအဖွဲ့ (ရုပ်သံ) click
Posted by
ဒေါက်တာလွဏ်းဆွေ
at
11:16 AM
0
comments
Labels: သတင်း
Friday, December 21, 2012
စိန်နဲ့ စုနဲ့ နှစ်ပါးကြည် အများပြည်သူ တုံးလုံးပက်လက်
ကဲ … သိပြီမှုတ်လား။ မီးခိုးဗုံးပါဆိုနေမှ …။
အော် … ကော်မရှင်ကြီးကတော့ ကော်ချလိုက်ပြန်ချေပြီတကား။ ပြည်သူခပင်း၊ အိုအချင်းတို့ … ဂဏှာဟိ၊ မှတ်ကုန်လော့။ ထိုအရာကား မီးခိုးဗုံး ဟူသတည်း။
ကော်မရှင်ဟူသည်မှာကား နှယ်နှယ်ရရမဟုတ်။ သာမန် အရပ်သူအရပ်သား လူပြိန်းများ နားလည်အောင် ပြောရပါမူ ကော်မရှင်ဆိုသည်မှာကား အားအားရှိလျှင် ကော်မရှင် ခတ်မရှင်ဟု ဟန်ရေးတပြင်ပြင် လုပ်နေတတ်သော “ပိုက်ကျော်ခြင်းသမ” မဟုတ်။ တနည်းဆိုရပါမူ အားအားရှိလျှင် အလှူ့လက်ဖက် ငါ့အတွက် သဘောထားပြီး သကာလ ကော်မရှင်၊ ခပ်မရှင်ဟု ဟန်ရေးတပြင်ပြင် လုပ်နေတတ်သော အလှူအိမ်မှ “အိုးသူကြီးမ” လည်း မဟုတ်။ ကော်မရှင်ဆိုသည်မှာကား ကော်မရှင်ဟု ဆိုသော်ငြားလည်း ကော်သင့်မှကော်၍၊ မကော်သင့်လျှင် လုံခြုံအောင် ဖုံးတန်ဖုံး၊ ဖိတန်ဖိ၊ ဖာတန်ဖာ၊ ဖားတန်ဖား၊ ဖွက်တန်ဖွက်၊ ဖယ်တန်ဖယ်၊ ဖျောက်တန်ဖျောက်၊ ဖြောင်တန်ဖြောင်၊ ဖျက်တန်ဖျက်၊ ဖြဲတန်ဖြဲ၊ ဖြိုတန်ဖြို၊ ဖောတန်ဖော၊ ဖြီးတန်ဖြီး၊ ဖတလုံးကို ပိုင်ပိုင်ကြီး အသုံးချတတ်သည့် ဖတလုံးကြေ အဖွဲ့ကြီး ဖြစ်သတတ်။ ကော်မရှင်ကြီး၏ ဖ အင်္ဂါများကို ဂုဏ်ပြုချီးမွမ်းရန် အလို့ငှာ အနှီကော်မရှင်ကြီးကို ဖကော်မရှင်ကြီးဟုပင် အမွှမ်းတင် ခေါ်ဆိုသင့်လှပါပေသည်။
ကော်မရှင်ဆိုသည်မှာကား မစုံစမ်းရသေးခင် ဘာမှ ပြောရိုးမရှိ၊ မှတ်ဘိ။ ဖကော်မရှင်ကြီးဆိုသည်မှာကား ဥပဒေနှင့် ညီအောင် လုပ်တတ်လှပေသည်တကား။ စီရင်ချက် မချရသေးလျှင် ဘာကိုမျှ မစီရင်တတ်။ သံသယအကျိုးခံစားခွင့် ပေးတတ်လေသည် ဟူသတတ်။
ယခု မီးခိုးဗုံးဟု ဆိုလိုက်သည်မှာလည်း စုံစမ်းပြီး၍သာ ဖြစ်တန်ရာသည်။
ထိုအရာကား … ဘာတဲ့တုန်း၊ ဟဲ့ … ဟဲ့ မီးခိုးဗုံး ဆိုပါလား။
အဲတဲ့၊ နို့ပေတဲ့ အဲသည် မီးခိုးဗုံးဆိုသဟာကြီးက ဘာလို့များ မီးထတောက်ရသတုန်းနော်။ ခက်ပါဘိ၊ သက်ညှာ မသိရော့သလားကွယ်။ ဘာလို့များ မီးခိုးဗုံးလို့ ဆိုရသတုန်း။ မီးတွေကို ခိုးထား ဘုန်းထားလို့ပေလား။ ဒါမှမဟုတ် အောက်စဖို့ အဘိဓာန်တော်ကြီးထဲတွင် မီးခိုးဗုံးဟူသည်မှာကား အရေပြားများကို လောင်ကျွမ်း၍ အရှင်လတ်လတ် ငရဲသို့ ပို့ဆောင်ပေးတတ်သောအရာ ဟူ၍များ အဓိပ္ပာယ် ဖွင့်ဆိုထားလေသလားမသိ။ အောက်စဖို့က ပြောလျှင်တော့ မှန်ကို မှန်ရပေလိမ့်မည်။
ထိုသို့ မုသားမီးခိုးများ ဖုံးလွှမ်းနေသည့် အခိုက်ဝယ် တဘက်မှာလည်း ချိန်သားကိုက်စွာ ဓာတုစိန်စိန်၏ ဝမ်းနည်းစကား ထွက်ပေါ်လာချေသည်။
အောင်မယ် … ငြိမ်ချက်သား ကောင်းလွန်းလို့ ဒင်းငုတ်တုတ်ကြီးများ အသက်ထွက်သွားပြီလား ထင်နေတာ … ဘယ်မှာ ဟုတ်လို့တုန်း။ စကားတော့ ပြောတတ်သားပဲ။ သူ့ခမျာ တော်တော် စိတ်မကောင်းဖြစ်သွားရှာဆိုကိုး။ စိတ်မကောင်းဘူးဆိုလို့ ရူးသွားပြီလား မထင်နဲ့ဦး။ သူ စိတ်မကောင်းတာ အကြောင်းရှိတယ်။ ဟောဒီမှာ နားထောင်ကြည့်။
“မထိခိုက်သင့်တဲ့ သံဃာတွေ ထိခိုက်သွားတော့ ကျနော်လည်း စိတ်မကောင်း အများကြီး ဖြစ်ရပါတယ်” တဲ့။
ဘုရား ... ဘုရား။ သူ စိတ်မကောင်းတာက ဒီလိုပါလား။ စစ်ဗိုလ်ပီပီ ယဉ်ကျေးသိမ်မွေ့စွာ သူ့အောက်က ကောင်တွေကို ငါကိုင်တုတ်နေမှာ မြင်ယောင်မိပါသေး။ “ ငါ x မသားတွေ ထိခိုက်သင့်တဲ့ သံဃာတွေကို ထိအောင် ပစ်ပါတော့လား။ ဒီလောက်တောင် လက်မဖြောင့်ရအောင် မင်းတို့လက်ကို ဟိုဒင်းနဲ့ တို့ထားလို့လား … အိမ်မြှောင်ဥ၊ အိမ်မြှောင်ဥနဲ့ တို့ထားလို့လား” ဟု ဒေါသတကြီး အော်အော်ပြီး ဆဲလို့နေမှာကို အော် … မြင်ယောင်မိပါသေးရဲ့လေ။ ဘုရား … ဘုရား သူ ထိခိုက်စေချင်တဲ့သူတွေက ဘယ်သူတွေများပါလိမ့်လဲနော်။
အောင်မယ် … မန္တလေးမှာ သံဃာတွေကို တောင်းပန်တဲ့သူတွေကလည်း မခေပါခင်ဗျ။ အညွန့်ကလေး၊ အစီးအပိုးကလေးနဲ့ဗျ။ မမျှော်လင့်ဘဲ သံဃာတော်များ ဒဏ်ရာရသွားတဲ့အတွက် ဆိုပါလား။ သူတို့ မမျှော်လင့်တာက ဘာများပါလိမ့်ဗျာ။ အတွေးရကြပ်ပါဘိ။ “မိမိတို့၏ မီးလောင်ဗုံးများမှာ တခါမှ လက်တွေ့ မသုံးစွဲရသေးသောကြောင့် ဒီလောက်ကောင်းလိမ့်မည်ဟု မျှော်လင့်မထားပါကြောင်း၊ မိမိတို့မှာလည်း ယခင်က လူသားစစ်စစ်များနှင့် မစမ်းသပ်ရသေးသောကြောင့် နောင်အခါတွင် မှားယွင်းမသုံးစွဲမိစေရန် အလို့ငှာ ယခုလို စမ်းသပ်ရခြင်းဖြစ်ပါကြောင်း” ဆိုတဲ့ သဘောများလား မဆိုတတ်ပါပေတကား။ သို့တည်းမဟုတ် “ထိုနေ့ညက ဖြိုခွဲသည့်သူ အမိန့်ပေးသည့်သူများမှာ မိမိတို့ မဟုတ်ပါ၍ မိမိတို့အနေနှင့် မျှော်လင့်မထားပါကြောင်း၊ ကိုယ်တိုင်ကိုယ်ကျ အမိန့်ပေးတော်မူကြသော ကိုဟိုဒင်း ဦးဟိုဒင်းတို့အဖို့မှာ ရာဇဣနြေ္ဒပွန်းပဲ့မှာ စိုးလွန်းသဖြင့် တောင်းပန်ဖို့ မဖြစ်နိုင်ပါကြောင်း၊ ၄င်းတို့ကိုယ်စား မိမိတို့အား တောင်းပန်ခိုင်းခြင်းဖြစ်သောကြောင့် ထိုနေ့ညက အဖြစ်အပျက်များမှာ မိမိတို့လည်း မျှော်လင့်မထားမိပါကြောင်း” ဟုပင် ဆိုချင်လေသလော မပြောတတ်။ ထို့အပြင်တဝ “မိမိတို့မှာ သံဃာများက အင်နှင့်အားနှင့် ဆူပူကြမည်ကို ကြောက်လွန်းသောကြောင့် တောင်းပန်ရသော်လည်း လူများကိုကား သေစေချင်၍ တမင်လုပ်ခဲ့ခြင်း ဖြစ်သောကြောင့် မတောင်းပန်နိုင်ကြောင်း” ဟုလည်း ဆိုချင်ဟန်ရှိပေသည်။ သူတို့တောင်းပန်သည့်အထဲမှာ လူတွေ မပါပါတကား။
တောင်းပန်ပြီးသကာလ မိနစ်ပင် မဆိုင်းမတွ၊ သူတို့ဗီဇ ပြတော့သကိုး။ သာဓုသုံးကြိမ် အတင်းအဓမ္မ ခေါ်ခိုင်းတော့တာပါကလား။ သာဓုပဲဗျာ၊ သူခေါ်ချင်မှ ခေါ်မှာပေါ့ ဟုတ်ဖူးလား။ ဟုတ်ပေါင်ဗျာ။ ကဲ … တောင်းပန်ပြီးပြီ။ ကျေနပ်ရင် သာဓုခေါ်၊ မခေါ်ရင် ဒါပဲ ... ဒါပဲတဲ့။ အောင်မလေး၊ အဓမ္မကြီးပါကလားနော်။ သံဃာတော်များမှာလည်း တောင်းပန်ပုံက ဂိုက်မကျသော်လည်း သူတို့မျက်နှာထားတွေက အစိုးမရလေတော့ နောက်ထပ်များ မီးလောင်ဗုံး … အဲ အဲ ...ယောင်လို့ မီးခိုးဗုံး၊ (ဖကော်မရှင်ကြီးပြောတဲ့ မီးခိုးဗုံးတွေ) နောက်ထပ် ယူလာသေးသလား ဆိုပြီး စိုးရိမ်ပူပန်သွားပုံရလေသည်။ သံဃာဆယ်ပါးလောက်က မခေါ်ချင့် ခေါ်ချင့် စိတ်လက်မသက်မသာဖြင့် သာဓုခေါ်လိုက်ရပါသကောလေ။
သမ္မဒဂျီး ဓာတုစိန်ကလည်း နောက်ထပ် ပြောသေးသဗျ။ အောက်ခြေတွင် ညှိနှိုင်းမှုများ အဆင်မပြေသောကြောင့် ခုလို ဖြစ်ရသတဲ့။ လာပြန်ပါပြီဗျာ။ နောက်တလုံး။ သူတို့ဘိုးဘေး မဆလကြီးရဲ့ အလုံးလေးတွေ။ လုပ်တော့ အပေါ်က၊ လွှဲချတော့ အောက်က။ အပေါ်ပိုင်းက ကောင်းကြောင်း၊ မူတွေချမှတ်ထားတာကလည်း မိုးပျံနေကြောင်း၊ စိတ်ရင်းစေတနာမှာလည်း သူတော်စင်တမျှ မြင့်မြတ်လှပါကြောင်း၊ သို့သော်လည်း အောက်ကကောင်တွေ စောက်သုံးမကျလို့ ဖြစ်ရကြောင်းပေါ့လေ။
အော် … ဟုတ်တော့လည်း ဟုတ်သား။ ဒို့များအောက်ခြေမှာသာ မီးလောင်ဗုံးထိသူကထိ၊ ဒုတ်ချက်မိသူကမိ။ ရဟတ်ယာဉ်ပေါ်က ပစ်လိုက်သော သေနတ်ဒဏ်ရာဖြင့် ဂန့်သူဂန့်ဖြစ်နေချိန်မှာ နွားနို့ခွက် အပေါ်ယံက မလိုင်များမှာတော့ စုစည်းညီညွတ်ကြပေသည်တကား။
သူတို့မှာဖြင့် ကြည်လို့ ပြုံးလို့၊ နှစ်ပါးသွားတွေ မြိုင်ထတွေ ကလို့။ ငါတို့မှာသာ အတုံးနဲ့ အရုန်း၊ တုံးလုံးနဲ့ ပက်လက်၊ မျက်ခွက်နဲ့ မျက်ရည် သွေးတွေချင်းချင်းနီကုန်ပါပေါ့တကား။
ဤသည်လည်း အပေါ်ထပ်နှင့် အောက်ထပ်ဇာတ်လမ်း တေးသွားအသစ်ပင်တည်းဟု တနည်း မှတ်ယူကြစေခလို ...။
လှမောင်ဟန်
၂၀ ဒီဇင်ဘာ ၂၀၁၂
(Hla Mg Han ဖေ့စ်ဘွတ်ခ်စာမျက်နှာမှ ...)
Posted by
ဒေါက်တာလွဏ်းဆွေ
at
11:59 PM
27
comments
Labels: ဆောင်းပါး
မြန်မာ့ရေးရာ သတင်းပဒေသာ (၂၁-၁၂-၂၀၁၂ - ညပိုင်း)
- လက်ပံတောင်း မီးလောင်သံဃာ ဆေးကုသစရိတ် မလုံလောက် click
- လက်ပံတောင်းတောင်အရေး ဗကသများအဖွဲ့ချုပ် သတင်းစာရှင်းလင်းပွဲ (ဓာတ်ပုံသတင်း) click
- စုံစမ်းစစ်ဆေးရေးကော်မရှင်ကို ဗကသ ကူညီမည် click
- လက်ပံတောင်း ဒဏ်ရာရ သံဃာများအတွက် အမာရီလိုမြို့ မြန်မာတိုင်းရင်းသားများမှ အလှူငွေ ပေးအပ်လှူဒါန်း click
- မန္တလေးမြို့တွင် ကိုထင်ကျော် တကိုယ်တော် ဆန္ဒပြ (ဓာတ်ပုံသတင်း) click
- အလှူငွေပေးအပ်သူတဦး ထောင်ဒဏ် ၁ နှစ် ချမှတ်ခံရ click
- ရမ်းဗြဲမြို့တွင် အလှူငွေ ပို့ဆောင်လာသူတဦးအား ရဲက ဖမ်းဆီးထောင်ချ click
- တွေ့ဆုံဆွေးနွေးရန် အစိုးရ ကမ်းလှမ်းထား၊ KIO အကြောင်းမပြန်သေး click
- မန္တလေး-မြစ်ကြီးနား ကုန်တင်ရထား မိုင်းခွဲခံရ click
- စစ်ပစ္စည်းများ တင်ဆောင်လာသည့် ကုန်တင်ရထား မိုင်းခွဲခံရ click
- ကေအဲန်ယူ၏ ဗဟိုခေါင်းဆောင်ကြီး ၅ ကြီးကို ရွေးချယ်လိုက်ပြီ click
- ဗိုလ်ချုပ်ကြီး မူတူး ကေအန်ယူ ဥက္ကဌ ဖြစ်လာ click
- KNU ဥက္ကဋ္ဌအဖြစ် မူတူးစေးဖိုးကို ရွေးချယ်တင်မြှောက် click
- ဗိုလ်ချုပ်ကြီး မူတူးစေးဖိုးကို ကေအန်ယူ ဥက္ကဋ္ဌသစ်အဖြစ် ရွေးချယ်တင်မြှောက် click
- KNU ဥက္ကဋ္ဌသစ် ဗိုလ်ချုပ်ကြီး မူတူးဆေးဖိုးအား တင်မြှောက်လိုက် click
- နိုင်ငံရေးအစုအဖွဲ့အားလုံးပါဝင်တဲ့ ညီလာခံတရပ် ကျင်းပရန် ABSDFနှင့် UNA သဘောတူညီချက်ရရှိ click
- ပြည်တွင်းပြည်ပ ဒီမိုကရေစီအင်အားစုတွေ ၂၀၁၃ နှစ်ဆန်းပိုင်းမှာ တွေ့ဆုံမည် click
- ABSDF ၊ လူ့ဘောင်သစ်ပါတီနှင့် ၈၈ မျိုးဆက်ကျောင်းသားအဖွဲ့တို့ တွေ့ဆုံ (ဓာတ်ပုံ) click
- ဒီ/ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် နေပြည်တော်မှ ရန်ကုန်သို့ ပြန်လည်ရောက်ရှိ (ဓာတ်ပုံ) click
- အစိုးရဖြစ်ချင်သော ပြည်ထောင်စုအဆင့် ဆွေးနွေးပွဲ ဦးအောင်မင်း ရှင်းလင်း click
- ကုလ အထူးကိုယ်စားလှယ် ရခိုင်ခရီးစဉ်မှာ အသိုင်းအဝိုင်း ၂ ရပ်လုံးနဲ့ တွေ့ဆုံခဲ့ click
- ကုလ အထူးကိုယ်စားလှယ် ရခိုင်လူမျိုးများအပေါ် နားလည်စာနာကြောင်း အရင်ထက် ပိုပြ click
- ရခိုင်နဲ့ ကချင်အတွက် ယူရိုငါးသန်း EU ထောက်ပံ့မည် click
- မြန်မာ့ရေတပ် ရခိုင်ကမ်းရိုးတန်းတွင် မရှိမကောင်း၊ ရှိမကောင်း ဖြစ်နေ click
- တောင်ကုတ်ညီလာခံမှ ရခိုင်လူမှုကွန်ရက် ဖွဲ့စည်း၊ သဘောထား ထုတ်ပြန် click
- ပဉ္စမပုံမှန် သျှမ်းပြည်နယ် လွှတ်တော်အစည်းအဝေး အမတ်များ အဆင်သင့်မဖြစ် click
- ချင်းပြည်နယ်အစိုးရနဲ့ CNF အဖွဲ့ ပထမဆုံးအကြိမ် လုပ်ငန်းညှိနှိုင်း ဆွေးနွေး click
- မြန်မာနိုင်ငံ၏ ပြည်ထောင်စုလွှတ်တော်ကို အနီးကြည့် အဝေးကြည့် (ဆောင်းပါး) click
- အိန္ဒိယဝန်ကြီးချုပ်နှင့် မြန်မာသမ္မတတို့ သီးသန့်တွေ့ဆုံ click
- သမ္မတ ဦးသိန်းစိန်အား အိန္ဒိယလုပ်ငန်းရှင်များက ညစာစားပွဲဖြင့် ဧည့်ခံမည် click
- သုံးနိုင်ငံလမ်းမကြီး အမြန်ပြီးရန် အိန္ဒိယဝန်ကြီးချုပ် နှိုးဆော် click
- အိန္ဒိယ-မြန်မာ-ထိုင်း အဝေးပြေးလမ်း အိန္ဒိယအတွက် အရေးကြီး click
- တိတ်တဆိတ် ကျင်းပသည့် မူစယ် အုပ်ချုပ်ရေးမှူး ရွေးကောက်ပွဲ click
- မုံးဝီး လူငယ်ပြုပြင်ရေးအဖွဲ့ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ click
- မွန်ပြည်နယ်တွင်းက မူးယစ်ရန်စွယ်ဟာ အမျိုးသားရေးအန္တရာယ် ဖြစ်နေပြီ click
- မြ၀တီကုန်သွယ်ရေး ကုန်းကြောင်းအပြင် မီးရထားလမ်း၊ ရေလမ်းတွေကပါ ပိတ်ဆို့ စစ်ဆေးမယ် click
- ထားဝယ်စီမံကိန်း ခြံလျော်ကြေးများ အငြင်းပွားနေရဆဲ click
- မြန်မာ ရွှေ့ပြောင်းအလုပ်သမားများကို ပိုမို ကာကွယ်ပေးနိုင်တော့မည် click
- မြန်မာရွှေ့ပြောင်းအလုပ်သမားများ ဆက်လက် ဖမ်းဆီးခံနေရဆဲ click
- တက်ရောက်ဖူးမြော်ခွင့် ပိတ်ထားသည့် ပုဂံဘုရား ၅ ဆူအား ပြန်ဖွင့်ပေးရန် စီစဉ် click
- မြန်မာ့ဆန်ဖြူ ၂ မျိုး ဂျပန်သို့ ပထမဆုံး ရောင်းချရန် စီစဉ် click
- ကျောက်တော်သကြားစက် ယခုနှစ် ကြံရာသီတွင် သကြားတန်ချိန် ၃၀၀ ကျော် ထုတ်လုပ်မည် click
- တာမွေတွင် တိုက်ပြို၊ ၁ ဦး သေ၊ ၁ ဦး ဒဏ်ရာရ click
- ပေါင်မုန့်စက်ရုံ လူနေအိမ်တန်လျားများ မီးလောင်ကျွမ်း၊ ကယ်ဆယ်ရေး လိုအပ်နေ click
- ဆေးဖိုးဝါးခ မတတ်နိုင်တဲ့ ဆင်းရဲသားတွေကို ကူညီဖို့ "မင်္ဂလာ" လူမှုအသင်း လိုအပ်လာ click
- ယခုနှစ် ကျောင်းသားပွဲတော် စုပေါင်းမလုပ်နိုင် click
- ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဖောင်းဒေရှင်းမှ “အဖေ့ကျောင်း” ရုပ်ရှင်ပြသ (ရုပ်သံ) click
- လူပုလေး လက်ဝှေ့သမားတွေ ရန်ကုန်မှာ ပထမဆုံးအကြိမ် ပါဝင်ယှဉ်ပြိုင် click
- နှစ်ကူးကြိုပွဲတော် မြန်မာပြည်တွင် အကြီးအကျယ် ကျင်းပမည် click
- အလွန်ရိုးသော ကျနော့်ဆရာ (ဆောင်းပါး) click
- အောင်မြင်မှုနောက်ကွယ်မှ ဆုံးရှုံးမှုများ (အက်ဆေး) click
- ဒီဇင်ဘာ ၂၀ ရက်တမ်းချင်း (သို့မဟုတ်) ရဲဘော်ရဲ့ ကဗျာ click
- ရတက် click
- ခြေခင်းလက်ခင်းသာတဲ့ ညနေ (ကဗျာ) click
- အားကျမခံ (ကာတွန်း) click
- အလုပ်လက်မဲ့ ၀ိဇ္ဇာ (ကာတွန်း) click
- အမေရိကန် ဘဏ္ဍာရေးကွာဟချက် ဆွေးနွေး အဖြေရှာ click
- ထိုင်းနိုင်ငံရဲ့ ဘုရင်ကို အကြည်ညိုပျက်စေမှု ဥပဒေ (အသံ) click
- ကမ္ဘာ မပျက်ခဲ့ပါ click
- အမျိုးသမီးများကို အဓမ္မကျင့်ခြင်း ချက်ချင်းရပ် click
- ကျောင်းသားမိဘများကို ခေါ်ပြီး ဆွေးနွေးလျှင် ဒဏ်ရိုက်မည် click
- ဘာစီလိုနာနဲ့ မက်ဆီ ၂၀၁၈ အထိ စာချုပ် သက်တမ်းတိုး click
- ပရိသတ်များ ရင်ခုန်မျှော်လင့်နေတဲ့ ချန်ပီယံလိဂ် ရှုံးထွက်ပွဲစဉ်များ ထွက်ပေါ် click
Posted by
ဒေါက်တာလွဏ်းဆွေ
at
9:20 PM
0
comments
Labels: သတင်း
လူထုခေါင်းဆောင်၊ စစ်အာဏာရှင်ဘက်တော်သားပေလော ...
လက်ရှိ ဗမာနိုင်ငံမှာ လူတယောက်ကိုသာ နိုင်ငံ့ခေါင်းဆောင်အဖြစ် မဲပေးယှဉ်ပြိုင် ရွေးချယ်ရင် ဒေါ်အောင်ဆန်းစုကြည်ကို ဘယ်သူမှ ယှဉ်နိုင်မယ်မထင်ဘူး။ လူထုရဲ့မဲ အများဆုံး ရနိုင်တဲ့သူကို လူထုခေါင်းဆောင်လို့ သတ်မှတ်မယ်ဆိုရင် ဒေါ်အောင်ဆန်းစုကြည်ဟာ လူထုခေါင်းဆောင်ပဲ။
ဒါပေမယ့် ခုတလောမှာ လူထုခေါင်းဆောင်အဖြစ် အများပြည်သူ သတ်မှတ်ယုံကြည်ခြင်းခံရတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ လူထုဘက်မှာ မရပ်တည်ဘဲ၊ လူထုကို နှိပ်စက်သူတွေဘက်က ကာကွယ်ရပ်တည်လာတာကို ရင်မချိစရာ တွေ့မြင်လာရတယ်။
နိုင်ငံတကာ ရင်းနှီးမြုပ်နှံမှုတွေဘက်ကို ကြည့်ရမယ်လို့ ဆိုလားဆိုရဲ့။ ပြည်သူတွေဘက်က သဘောထားကြီးရမယ်လို့ ပြောလားပြောရဲ့။ မီးလောင်တိုက်သွင်းတဲ့ စစ်ဗိုလ်လူထွက်တွေကိုတော့ တချက်မှ အပြစ်တင် ပြောဆိုဝေဖန်တာမျိုး မတွေ့ရဘူး။
စစ်ဗိုလ်တွေနဲ့ ယုံကြည်မှုတည်ဆောက်ရမယ်ဆိုတဲ့ အလျှော့ပေး အညံ့ခံ စေ့စပ်ရေး စာအုပ်ထဲက သဘောတရားကို ဘုရားဟောလောက် သဘောထားပြီး ကိုးကွယ်နေပြီလားလို့ ထင်မှတ်ရတယ်။ စစ်ဗိုလ်ချုပ်တွေနဲ့ ယုံကြည်မှုတည်ဆောက်၊ ရင်းနှီးမြှူပ်နှံမှုတွေ ဝင်လာအောင် လုပ်ရမယ်ဆိုတဲ့ သူ့စာအုပ်ထဲက သဘောတရားတွေကို တရားသေလုပ်နေသလား ထင်ရတယ်။
စစ်ဗိုလ်ချုပ်တွေနဲ့တော့ အမှန်ပဲ ယုံကြည်မှုတွေ တိုးတက်လာပါရဲ့။ အတိုက်အခံအချင်းချင်းကြားထဲမှာတော့ အယုံကြည်မဲ့သူ မဲ့လာတယ်။ ပြည်သူတွေမှာလည်း အကာအကွယ် မဲ့လာတယ်။ ဒီမိုကရေစီသမား တွေထဲမှာ ညီညွတ်ရေးပြိုကွဲလာတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အတွင်းမှာတောင်မှ ညီညွတ်ရေး ပျက်ပြားလာတဲ့ လက္ခဏာတွေ မြင်တွေ့လာရတယ်။ ဒါတွေအားလုံးဟာ ဒေါ်အောင်ဆန်းစုကြည် ပြောင်းလဲကျင့်သုံးလာတဲ့ မှတ်ပုံတင်ရေး၊ ရွေးကောက်ပွဲဝင်ရေး မူဝါဒသစ်ရဲ့ အကျိုးဆက်တွေပါပဲ။
တန်ဆောင်မုန်းလပြည့် မတိုင်ခင်ကတည်းက ဒေါ်အောင်ဆန်းစုကြည်ကလည်း လက်ပံတောင်းကို ခရီးထွက်ဖို့ ကြေညာတယ်။ ဒါပေမယ့် သပိတ်မှောက်သူတွေကို ဆန္ဒပြတဲ့နည်းနဲ့ချည်း ပြဿနာဖြေရှင်းလို့ မရဘူးလို့ အပြစ်တင်တယ်။ ဆွေးနွေးညှိနှိုင်းရမယ်လို့ ဟန့်တယ်။ ဒါပေမယ့် တကယ်တမ်းမှာ ဆန္ဒပြသူတွေဘက်က မဆွေးနွေးတာမဟုတ်၊ ဆွေးနွေးခွင့်မရတာဖြစ်တယ်။ ဒါကို သူလည်း သိတယ်။ သိရက်နဲ့ ဒီစကားမျိုးပြောထွက်ခဲ့၊ ပြောရက်ခဲ့တယ်။
အောင်မင်း လာဆွေးနွေးတာကို ဆန္ဒပြသူတွေဘက်က လက်ခံစကားပြောခဲ့တာကို ကြည့်ပါ။ လက်ပံတောင်း ပြည်သူတွေဘက်က ဆွေးနွေးရေးတံခါး အမြဲတမ်း ဖွင့်ထားတယ်ဆိုတာ ထင်ရှားတယ်။ ဘယ်ဘက်က မဆွေးနွေးလို့ ဆွေးနွေးညှိနှိုင်းမှု မဖြစ်သလဲဆိုတာ ထင်ရှားပါတယ်။ ဆွေးနွေးတဲ့ ဘာသာစကားကို နားမလည်တာဟာ စစ်အာဏာရှင်တွေသာ ဖြစ်တယ်။ ဒါကို ဒေါ်အောင်ဆန်းစုကြည် အသိဆုံး။ သူကိုယ်တိုင် ဆွေးနွေးချင်လှချည်ရဲ့ အတန်တန် ပြောနေပါရက်နဲ့ ဒီနေ့အထိ သူ့ကို လူရာသွင်းပြီး တူတူတန်တန် ဘာမှ မဆွေးနွေးသေးတာကို သူအသိဆုံးပဲမဟုတ်လား။ သူ့ဘက်ကသာ သမ္မတကြီးက တော်ပါတယ်၊ ရိုးပါတယ် ပြောနေရရှာတာ ဟိုက သူ့ကို ဘာများ အရေးလုပ်ဆွေးနွေးလို့လဲ။ ခုတော့ စစ်အာဏာရှင်တွေဘက်က ဒီလို တဖက်သတ် ခေါင်းမာတာကို မျက်ကွယ်ပြုပြီး မြန်မာလူမျိုး မှာ ဆွေးနွေးညှိနှိုင်းတဲ့ ယဉ်ကျေးမှုမရှိဘူးဆိုပြီး အောင်နိုင်ဦးအတွေးအခေါ် သံယောင်လိုက်ရင်း လူမျိုးနဲ့ချီ ထိပါးတဲ့ စကားမျိုးတောင် ပြောလိုက်ပါသေးတယ်။
တကယ်တော့ ပြည်သူတွေဘက်က သူတို့ဆွေးနွေးချင်တာကို ဆွေးနွေးခွင့်မရလို့၊ ညှိနှိုင်းချင်တာကို ညှိနှိုင်းခွင့်မရလို့ ဆန္ဒပြရတာသာဖြစ်တယ်။ သပိတ်မမှောက်၊ ဆန္ဒမပြရင်၊ ဘယ်ဦးပိုင်ကမှ ဂရုမစိုက်၊ ဘယ်အစိုးရကမှ အရေးမလုပ်လို့ ဆန္ဒပြကြရတာပါ။ ကုန်ကုန်ပြောရရင် ဆန္ဒမပြရင် ဒီမိုကရေစီခေါင်းဆောင်ဆိုသူများကတောင်မှ အရေးလုပ် ငဲ့စောင်းမကြည့်ကြလို့ အခုလို ဆန္ဒပြကြရတာပါ။ ဒီပြဿနာတွေ ဖြစ်နေတာကြာလှပြီ။ တောင်းဆိုနေတာ၊ ကန့်ကွက်နေတာလည်း ကြာလှပြီ။ စောစောပိုင်းတုန်းက ဘာမှ အရေးမလုပ်ဘဲ သပိတ်စခန်းဖွင့်တော့မှ ဆန္ဒပြရုံနဲ့ ပြဿနာတိုင်း မပြေလည်နိုင်ဘူး၊ ဆွေးနွေးညှိနှိုင်းဖို့ လိုတယ်လို့ ပြောတာဟာ တော်တော်မတရားတဲ့ စကားပါ။
ဆန္ဒပြသူတွေကို ဒေါ်အောင်ဆန်းစုကြည် အပြစ်တင်နေတဲ့ အဲဒီအချိန်ဟာ အစိုးရက သပိတ်စခန်းတွေကို လုံခြုံရေးတပ်ဖွဲ့တွေနဲ့ ဝိုင်းထားပြီး ဖြိုခွဲဖို့ အသင့်ပြင်နေတဲ့အချိန်၊ ဖြိုခွဲမယ်လို့ ကြေညာထားတဲ့အချိန်လည်း ဖြစ်ပါတယ်။ တကယ်တော့ ဒီလိုအချိန်မျိုးမှာ ဒေါ်အောင်ဆန်းစုကြည်ဟာ ဆန္ဒပြသူတွေကို ဟန့်မယ့်အစား ပါးကွက်သားတွေကို ဟန့်ခဲ့ဖို့ကောင်းတယ်။ အစိုးရကို သတိပေး တားမြစ်ခဲ့ဖို့ကောင်းတယ်။ ပြည်သူတွေအပေါ် ကျရောက်မယ့် အန္တရာယ်ကို အကာအကွယ်ပေးဖို့ ကောင်းတယ်။ အကာအကွယ်ပေးဖို့ကိုလည်း လူအများအပြားက ဝိုင်းဝန်းတောင်းပန်ခဲ့ကြတယ်။ မျှော်လင့်ခဲ့ကြတယ်။ အခုတော့ အကာအကွယ်မပေးရုံသာမက ဆန္ဒပြသူတွေကို ဟန့်လိုက်တဲ့ သူ့စကားဟာ အစိုးရကို မီးစိမ်းပြလိုက်သလို ဖြစ်သွားတယ်။ ဖြိုခွဲရိုက်နှက်ချင်တဲ့ အစိုးရအတွက် အခွင့်သာသွားခဲ့တယ်။
အစိုးရအနေနဲ့ အစပိုင်းမှာ လက်ပံတောင်းသံဃာတွေကို ဖြိုခွဲနှိမ်နင်းဖို့ကို တော်တော်လက်တွန့်ခဲ့တယ်။ ၂၀၀၇ ခုနှစ်မှာလောက် လက်ရဲ၊ ဇက်ရဲ မရှိလှဘူး။ ဒါကလည်း အကြောင်းရှိတယ်။ ၂၀၀၇ ခုနှစ်တုန်းက စစ်အာဏာရှင်တွေဟာ တကိုယ်တော် ပြောင်ပြောင်တင်းတင်း မိုက်နေတဲ့အချိန်။ ဘယ်သူကမှလည်း သူတို့ကို ဘာမှ ပေးကမ်းစွန့်ကြဲ ထောက်ပံ့တာမျိုး မလုပ်တဲ့အချိန်။ လူရာမသွင်းတဲ့အချိန်။ အခုအချိန်ကျတော့ တမျိုး။ ခုချိန်က သူတို့မင်းသားခေါင်း ဆောင်းထားတဲ့အချိန်။ ရင်းနှီးမြှုပ်နှံမှုတွေကို သူတို့ကိုယ်ကျိုးစီးပွားအတွက် မျှော်လင့်တောင့်တနေတဲ့ အချိန်။ (နိုင်ငံအတွက်လို့ ပြောပေမယ့် တကယ်တမ်းကတော့ သူတို့နဲ့ သူတို့ ဆွေမျိုးသားချင်း ခရိုနီတွေအတွက်ပါ။ ၉၀ ကျော်နှစ်တွေတုန်းက ရင်းနှီးမြှုပ်နှံမှုတွေကို ပြန်ကြည့်ပါ။) ဒီလို သူတို့အကျိုးစီးပွားအတွက် စစ်အာဏာရှင်စနစ် သက်ဆိုးရှည်ရေးအတွက် စီမံကိန်းချ ဆောင်ရွက်နေတဲ့အချိန်ဆိုတော့ မင်းသားခေါင်း ကျွတ်သွားမှာ စိုးရိမ်တယ်။ ရေရှည်စီမံကိန်းရေးဆွဲထားတာတွေ ပျက်မှာ စိုးရိမ်တယ်။ ဒါ့ကြောင့် ဖြိုသင့် မဖြိုသင့် ချိန်ဆနေတယ်။ သူတို့ ဖြိုလိုက်ရင် အမေရိကန် အမျက်ထွက်မလား၊ ဥရောပ စိတ်ပျက်မလား ဆိုတာ တွက်ချက်နေတယ်။ ဒီလိုအချိန်မျိုးမှာ ဒေါ်အောင်ဆန်းစုကြည်ဘက်က ဆန္ဒပြသူတွေကို အပြစ်တင်စကား ဆိုလိုက်တာဟာ အစိုးရအတွက် အားတက်စရာ ဖြစ်သွားတယ်။ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်က အပြစ်တင်လာရတဲ့အထိ ဆန္ဒပြသူတွေဘက်က လွန်ကဲနေလို့သာ သူတို့ ဖြိုခွင်းလိုက်ပါတယ်လို့ ဆင်ခြေပေးရင် အမေရိကန်လည်း ဘာမှမပြောတော့ဘဲ နှုတ်ပိတ်နေလိမ့်မယ်လို့ ယူဆပြီး လက်ပံတောင်းအရေးအခင်းကို မီးလောင်ဗုံးအသုံးပြုတဲ့အထိ အလွန်အကျွံ ဖြိုခွဲနှိမ်နင်းလိုက်တာပါ။
အမေရိကန်ကလည်း သူတို့ထင်တဲ့အတိုင်း ဒီပွဲမှာ နှာစေးတယ်။ စစ်ပွဲမှာတောင် အသုံးပြုခွင့်မရှိတဲ့ မီးလောင်ဗုံးလို လက်နက်မျိုး အသုံးပြုပြီး အငြင်းပွားစရာ တစက်မှမရှိလောက်အောင် ငြိမ်းငြိမ်းချမ်းချမ်း ဆန္ဒပြနေတဲ့ ပြည်သူတွေကို ချေမှုန်းခဲ့ပေမယ့် အမေရိကန်ဆီက ဘာသံမှ မထွက်။ ဆိတ်ဆိတ်နေခဲ့တယ်။ ရင်းနှီးမြှုပ်နှံသူတွေကို အာခံချင်တဲ့သူတွေ ခံရတာနည်းသေးတယ်လို့ မှတ်ယူနေသလား ထင်ရတယ်။
လက်ပံတောင်းအရေးမှာ သံဃာတွေ မီးလောင်တိုက်သွင်းခံရတာဟာ ဒေါ်အောင်ဆန်းစုကြည် တာဝန်မကင်းဘူးလို့ ဆိုချင်တယ်။ သူကိုယ်တိုင် မီးလောင်တိုက်သွင်းတာ မဟုတ်ပေမယ့် သူ တားရင် သံဃာတွေ သက်သာရာရနိုင်တဲ့ အခြေအနေမှာ အစိုးရဘက် သူ ပင်းခဲ့လို့သာ အတင့်ရဲပြီး ဖြိုခွဲခံခဲ့ရတာ။ ပြည်သူဘက်ကနေ ဒေါ်အောင်ဆန်းစုကြည် ပြတ်ပြတ်သားသား မားမားမတ်မတ် မရပ်ခဲ့လို့သာ သံဃာတွေအခုလို မတရား မီးလောင်တိုက်သွင်းခံရတာလို့ဆိုရင် မမှားဘူး။ ဒေသခံတွေဘက်က ကြည့်ရင် အလွန် စိတ်ထိခိုက် ဝမ်းနည်းစရာကောင်းပါတယ်။
သူဒီလို ပြတ်ပြတ်သားသား မကာကွယ်လို့ သံဃာတွေ မီးလောင်တိုက်သွင်းခံရတာကို သူ ကိုယ်ချင်းစာရင်၊ နှလုံးသားပျော့ပျောင်းရင် နောင်တရဖို့သင့်တယ်။ ဒါပေမယ့် သူ နောင်တမရဘူး။ ကြံ့ဖွတ်ထိပ်တန်းခေါင်းဆောင်တွေနဲ့ ဝိုင်းရံထားတဲ့ စုံစမ်းရေးကော်မရှင် ဥက္ကဌအဖြစ် ဒေါ်အောင်ဆန်းစုကြည် လက်ခံခဲ့တယ်။ လက်ခံရုံသာမက အစိုးရဘက်က ဖေးတဲ့ မတဲ့ အလုပ်တွေ ဆက်လုပ်လာပြန်တယ်။
တကယ်တော့ စုံစမ်းစစ်ဆေးရေးကော်မရှင်ဟာ တခြားအချက်တွေကို စုံစမ်းစစ်ဆေးဖို့ လိုချင်လိုမယ်။ လက်ပံတောင်းမှာ သံဃာတွေကို မီးလောင်တိုက်တဲ့ အရေးမှာတော့ ဦးသိန်းစိန်မှာ သေချာပေါက် အပြစ်ရှိတယ်ဆိုတာ ဘာမှ စုံစမ်းနေစရာမလိုဘဲ သေသေချာချာ သိမြင်နိုင်တဲ့ အချက်ပဲ။ တကယ်လို့ အမိန့်ပေးတဲ့သူဟာ ပြည်ထဲရေးဝန်ကြီးဆိုရင်၊ အဓိက အပြစ်ရှိသူဟာ ဦးသိန်းစိန်နဲ့ ပြည်ထဲရေးဝန်ကြီး ဖြစ်တယ်။ အမိန့်ပေးသူဟာ ကာကွယ်ရေးဦးစီးချုပ်ဆိုရင် အဓိက အပြစ်ရှိသူဟာ ဦးသိန်းစိန်နဲ့ ကာကွယ် ရေးဦးစီးချုပ် ဖြစ်တယ်။ တကယ်လို့ အမိန့်ပေးသူဟာ ခရိုင်မြို့နယ်မှူးဆိုရင်လည်း အဓိကအပြစ်ရှိသူဟာ ဦးသိန်းစိန်နဲ့ ခရိုင်မြို့နယ်မှူးပဲ။ ဦးသိန်းစိန်ဟာ သမ္မတ၊ ဦးသိန်းစိန်ဟာ အစိုးရအဖွဲ့ရဲ့ အကြီးအကဲပဲ။ ဥပဒေကြောင်းအရ လုပ်ပိုင်ခွင့်အာဏာ အမြင့်ဆုံး ရထားသူပဲ။ ဘယ်သူပဲ လုပ်လုပ် သူ့အမိန့်မပါဘဲ လုပ်လို့မရဘူး။ ဒီတော့ သူသာ တာဝန်အရှိဆုံးလူ ဖြစ်တယ်။ တကယ်လို့ သူ့အမိန့်မပါဘဲ တစုံတယောက်က သမ္မတကို ကျော်လွန်ပြီးလုပ်ခဲ့ရင်လည်း အဲဒီလူကို ဖော်ထုတ်အရေးယူဖို့ သမ္မတမှာ တာဝန်ရှိတယ်။ ပြည်သူကို အသိပေးဖို့ တာဝန်ရှိတယ်။ သူ့ကို ကျော်လွန်ပြီး ဖောက်ဖောက်ပြန်ပြန်လုပ်သူ ရှိပါတယ်လို့ ထုတ်ဖော်ပြောပြပြီး အရေးမယူနိုင်သေးသမျှမှာ အဓိကတာဝန်ရှိသူဟာ ဦးသိန်းစိန်သာဖြစ်တယ်။
ဒါတွေဟာ ရိုးရိုးလေးတွေပဲ။ ဘာမှ ထပ်စဉ်းစားနေစရာမလိုအောင် သေချာနေတဲ့ အချက်ပဲ။ ဒီလောက် သေချာနေတဲ့ အချက်တွေကို မျက်ဝါးထင်ထင် မြင်နေရရက်နဲ့ မစုံစမ်းရသေးခင်မှာ ဘယ်သူ့ကိုမှ အပြစ်ရှိတယ်လို့ ပြောမရဘူးလို့ ဆိုနေတာဟာ ဘာသဘောလဲ။ ပြည်သူကို လက်တလုံးခြား လိမ်ညာနေတာလား။ စာအုပ်ထဲမှာ ပြောထားတဲ့အတိုင်း စစ်ဗိုလ်ကြီးတွေနဲ့ ယုံကြည်မှုတည်ဆောက်ထားတာကို ပျက်ပြားသွားမှာကို စိုးရိမ်နေတာလား။ ဒေါ်အောင်ဆန်းစုကြည် ဘာကို စိုးရိမ်နေသလဲ။ ဒေါ်အောင်ဆန်းစုကြည် ဘာကို ကြောက်နေသလဲ။
ဒေါ်အောင်ဆန်းစုကြည် ပြောသလို ပြောရမယ်ဆိုရင် စုံစမ်းရေးကော်မရှင်နဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ ဘာ့ကြောင့် ဒီလောက်တောင် မပြောဝံ့မဆိုဝံ့ ဖြစ်နေသလဲဆိုတာ ပြည်သူတွေမှာ မေးခွင့်ရှိတယ်။
အခုဆိုရင် လက်ပံတောင်းအရေးဟာ မှားပါတယ်လို့ အစိုးရကိုယ်တိုင် ဘုန်းကြီးတွေကို ဝန်ချတောင်းပန် ဝန်ခံခဲ့ပြီးပြီ။ ဒါပေမယ့် ဘာ့ကြောင့် မှားသလဲ။ ဘယ်လို အမှားလုပ်ခဲ့သလဲ။ ဘယ်သူ အမိန့်ပေးသလဲ။ ဒီအချက်တွေ ပျောက်နေတယ်။ အပြစ်ရှိသူကို အရေးလည်းမယူ၊ ဖော်လည်း မဖော်ထုတ်ခဲ့ဘူး။ ဖုံးဖိထားတယ်။
ပြည်သူတွေကတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကော်မရှင်က စုံစမ်းလိုက်ရင် ဘယ်သူ အမိန့်ပေးတယ်ဆိုတဲ့အချက် ပေါ်ထွက်လာမယ်လို့ မျှော်လင့်နေကြတယ်။ အမိန့်ပေးတဲ့သူကို အရေးယူနိုင်လိမ့်မယ်လို့ မျှော်လင့်နေကြတယ်။ တရားမျှတမှုကို ရလိမ့်မယ်လို့ မျှော်လင့်နေကြတယ်။ ဒါပေမယ့် အဲဒီမျှော်လင့်ချက်တွေ မှေးမှိန်သွားစေတဲ့ အချက်ကတော့ လက်ပံတောင်းအရေးနဲ့ပတ်သက်ပြီး ကော်မရှင်က ထုတ်ပြန်တဲ့ ပထမဆုံး ကြေညာချက်မှာ မီးခိုးဗုံးလို့ သုံးနှုန်းလိုက်တဲ့အချက်ပဲ။
ဒီဗုံးဟာ ဘာဗုံးလဲဆိုတာ သိပ်အရေးကြီးနေတဲ့အချိန်မှာ ကော်မရှင်ရဲ့ ဒီထုတ်ပြန်ချက်ဟာ အများပြည်သူအတွက် စိတ်ပျက်စရာဖြစ်တယ်။ မီးလောင်ဗုံး၊ မီးခိုးဗုံး ဒီအသုံးအနှုန်းနှစ်ခုကြားက ကွာခြားချက်ဟာ သိပ်အရေးပါနေတဲ့အချိန်မှာ ဘာမှ ရှင်းလင်းချက်မပါဘဲ မီးခိုးဗုံး လုပ်သွားတာဟာ စိတ်ပျက်စရာဖြစ်တယ်။
ဒီဇင်ဘာလ ၁၂ ရက်မှာ လက်ပံတောင်းအရေးနဲ့ ပတ်သက်ပြီး လူထုတွေ ဆန္ဒပြတောင်းဆိုနေကြတဲ့ အချိန်မှာလည်း ဒေါ်အောင်ဆန်းစုကြည်ဟာ မင်္ဂလာဆောင်မှာ ပန်းကြဲမပျက်ဘူး။ ဒေါ်အောင်ဆန်းစုကြည်ဟာ အတိတ်တုန်းကလည်း ဘယ်တုန်းကမှ လူထုဆန္ဒပြပွဲတွေကို ထောက်ခံအားပေး ပါဝင်ခဲ့ဖူးတာမျိုးတော့ မရှိဘူး။ ရှေ့တန်းကလည်း မပါဖူးဘူး။ နောက်တန်းကလည်း မပါဖူးဘူး။ အလယ်အလတ်ကလည်း မပါဖူးဘူး။ ဒါပေမယ့် အရင်တုန်းကတော့ လူထုဆန္ဒပြပွဲကြီးတွေဖြစ်တိုင်းမှာ သူက အချုပ်ခံနေရာတာများတော့ သူသဘောကို သိပ်မသိခဲ့ရဘူး။ ခုတော့ သူ့သဘောထားကို ပိုပြီး ပေါ်ပေါ်ထင်ထင် တွေ့မြင်လာရပြီလို့ ဆိုရလိမ့်မယ်။
တကယ်တော့ လူထုခေါင်းဆောင်တယောက်က လူထုကို မသိကျိုးကျွံပြု လျစ်လျူရှုနေတာကို မြင်ရတာဟာ သိပ်စိတ်ထိခိုက်စရာကောင်းတယ်။ နိုင်ငံရဲ့ အနာဂတ်အတွက်လည်း မကောင်းတဲ့ အတိတ်နိမိတ်လို့ ဆိုရလိမ့်မယ်။ လူထုခေါင်းဆောင်ဆိုတာ လူထုနဲ့ တသားတည်း ရှိရတယ်။ လူထုရဲ့ ခံစားချက်ကို အသိအမှတ်ပြု လေးစားရတယ်။ ခုတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ ပြည်သူတွေက မကျေမနပ် အမျက်ဒေါသထွက်ပြီး လမ်းပေါ်ထွက် ချီတက်နေချိန်မှာ အရေးမပါတဲ့ မင်္ဂလာဆောင်တခုမှာ ပြုံးရယ်ပျော်ရွှင်နေခဲ့တယ်။
တကယ်တော့ လူထုခေါင်းဆောင်ဆိုတာ လူထုဘက်က သေနင်္ဂဗျူဟာ မှားယွင်းပြီး လမ်းပေါ်ထွက် ချီတက်ခဲ့ရင်တောင် လူထုကို အကာအကွယ်ပေးကြတဲ့ သာဓကတွေ ရှိခဲ့ဖူးတယ်။ လူထုကို အာဏာရှင်တွေက သတ်ဖြတ်တော့မယ်ဆိုတာ သိထားရက်နဲ့တောင် လူထုနဲ့အတူ ချီတက် အသက်ပေးသွားဖူးသူ ခေါင်းဆောင်တွေ ကမ္ဘာ့သမိုင်းမှာ ရှိခဲ့ဖူးတယ်။ ခုတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ လူထုကို ခေါင်းလည်းမဆောင်ဘူး။ နောက်မြီးလည်းမဆွဲဘူး။ လူထုဆန့်ကျင်ရေးကို အမူအယာနဲ့ လုပ်ပြခဲ့တယ်လို့သာ ယူဆဖွယ်ဖြစ်ခဲ့တယ်။
ဒေါ်အောင်ဆန်းစုကြည် ဘာ့ကြောင့် ဒီလိုလုပ်သလဲ။ သူ ဘာကို ကြောက်နေသလဲ။ သူ ဘာကို မျှော်လင့်နေသလဲ။
သူ မျှော်လင့်နေတာဟာ ၂၀၁၅ ရွေးကောက်ပွဲပါ။ သူ ကြောက်နေတာဟာ ၂၀၁၅ ရွေးကောက်ပွဲ ပျက်သွားမယ့်အရေးပါ။
သူဟာ ၂၀၁၅ ကို ရည်မှန်းချက်ထားပြီး ကျန်တာအားလုံးကို အလျှော့ပေးနေတာ ဖြစ်ပါတယ်။ ၂၀၁၅ ပျက်မှာ ကြောက်လို့ ကျန်တဲ့ မတရားမှု ၊ ရက်စက်မှုတွေကို မပြောရဲ မဆိုရဲ ဖြစ်နေတာပါပဲ။ ဒါကိုပဲ ရေရှည်အကျိုးစီးပွားလို့ သူ တွက်ထားပုံရပါတယ်။ ဒါကိုပဲ အမျိုးသားပြန်လည်သင့်မြတ်ရေးလို့ သူက အဓိပ္ပာယ်ဖွင့်နေပုံရတယ်။ အခု ကချင်ပြည်နယ်မှာ ထိုးစစ်တွေ အပြင်းအထန် ဆင်နွှဲနေတယ်။ ဒါကိုလည်း ထုံးစံအတိုင်း နှာစေးပြန်တယ်။ ၂၀၁၅ ကို မျှော်လင့်ချက်ထားပြီး အလျှော့ပေးနေပြန်တယ်။
၂၀၁၅ မှာ သူဘာကို မျှော်လင့်ထားသလဲ။ အိန္ဒိယရောက်တုန်းက ပြောခဲ့တဲ့ စကားထဲမှာ ၂၀၀၈ အခြေခံဥပဒေထဲက သမ္မတရွေးကောက်ပုံနဲ့ ပတ်သက်တဲ့ အချက်ကို ဝေဖန်သွားတာ တွေ့လိုက်ရတယ်။ ၂၀၀၈ အခြေခံဥပဒေမှာ ဒီလောက် မတရားမှုတွေ တပုံတပင် ရှိပါလျက်နဲ့ သမ္မတရွေးကောက်ပုံကို ကွက်ဝေဖန်ပုံထောက်ရင် ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ချင်နေပြီလို့ ခန့်မှန်းမိပါတယ်။ နတ်မောက်မြို့မှာ လူထုကို စကားပြောတုန်းကလည်း ကျမတို့ အာဏာလိုချင်တယ်လို့ ပြောခဲ့တယ်။
ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ၂၀၁၅ မှာ သန့်သန့်ရှင်းရှင်း လွတ်လွတ်လပ်လပ် မဲပေးရွေးချယ်ခွင့်ရရင် သူ့ပါတီ မဲအများဆုံး ရမယ်ဆိုတာ သိထားတယ်။ ဒါ့ကြောင့် ၂၀၁၅ ကို သူ အမျှော်ကြီး မျှော်နေတာပဲ။ ဒါပေမယ့် ဒေါ်အောင်ဆန်းစုကြည် မသိတဲ့ နားမလည်တဲ့အချက်က စစ်အာဏာရှင်တွေဟာ သူ့လက်ထဲကို ဘယ်တော့မှ အာဏာ အရောက်မခံဘူးဆိုတဲ့ အချက်ပဲ။
ဒါဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အဓိက အားနည်းချက်ပါပဲ။ ဒေါ်အောင်ဆန်းစုကြည်ဟာ နိုင်ငံခြားမှာ ကြီးပြင်းလာတဲ့အတွက် ဗမာပြည် စစ်အာဏာရှင်တွေရဲ့ သဘောသဘာဝကို သဘောမပေါက်ဘူး။ ဗမာ့နိုင်ငံရေးကို အနောက်တိုင်း ပါလီမန်ဒီမိုကရေစီ အတွေးအခေါ်နဲ့ ချဉ်းကပ်တယ်။ ဗမာပြည် စစ်အာဏာရှင်တွေဟာ အာဏာကို မသေမချင်း ဖက်တွယ်သွားမယ်ဆိုတဲ့ သဘောသဘာဝကို စိုးစဉ်းမျှ မရိပ်မိဘူး။ အဲသလို သူမရိပ်မိတဲ့ ဒဏ်ကို ပြည်သူတွေက လက်တွေ့ခံရမယ့် အခြေအနေတွေ ဖြစ်လာတယ်။
သူက ကျမဖေဖေ တည်ထောင်ခဲ့တဲ့ တပ်မတော်လို့ပဲ တွင်တွင်ပြောနေတယ်။ စစ်ဗိုလ်ချုပ်ကြီးတွေကို ချစ်ပါတယ်တောင် လုပ်လိုက်သေးတယ်။ တပ်မတော်ကို သူ့စိတ်ထဲက ချစ်နေတာကိုတော့ အပြစ်ပြောလို့ မရဘူးလို့တောင် ဆိုလိုက်ပါသေးတယ်။ အပြစ်မဲ့ ပြည်သူတွေကို စစ်အာဏာရှင်တွေ၊ သူတို့ရဲ့ လက်မရွံ့ ပါးကွက်သားတွေက သတ်ခဲ့ဖြတ်ခဲ့တာတွေကို သူ ချစ်နေတာတော့ မဟုတ်လောက်ဘူး။
တကယ်တော့ ဒီစကားတွေဟာ စစ်တပ်နဲ့ စစ်အာဏာရှင်တွေကို ဖားနေတာသာ ဖြစ်ဖို့ရှိတယ်။ သွယ်ဝိုက်စေ့စပ်နေတာပါ။ ခပ်ရိုင်းရိုင်း ပြောရရင် စစ်ဗိုလ်ချုပ်တွေကို မိန်းမနောက်ပိုးလုပ်နေတာပါ။ စစ်အာဏာရှင်တွေကို သူချော့ရင် ပျော့မယ်လို့ပဲ ထင်နေတာပါ။
စစ်အာဏာရှင်တွေဆီက အာဏာကို ကြားဖြတ်ရွေးကောက်ပွဲ အနိုင်ရသလို လွယ်လွယ်နဲ့ ရမယ်လို့ ထင်တာဟာ စိတ်ကူးယဉ်တာ၊ နိုင်ငံရေးအောက်သက်မကျေတာကို ပြပါတယ်။
စစ်အာဏာရှင်တွေဟာ ၂၀၁၅ ရွေးကောက်ပွဲကို ညစ်ကို ညစ်မှာပါ။ ၂၀၁၅ ရွေးကောက်ပွဲမတိုင်ခင်မှာတောင် ကြိုတင်ပြီး ညစ်ချင်ညစ်ပါမယ်။ ဥပမာအားဖြင့် ရွေးကောက်ပွဲစနစ်ကို ပြင်ပြီး ကြိုညစ်တာမျိုး လုပ်ချင်လုပ်နိုင်ပါတယ်။ ဒါမှမဟုတ် ရွေးကောက်ပွဲမှာ ညစ်မှာပါ။ ဒီချုပ်ကို လွှတ်တော်ထဲမှာ နေရာတချို့ ပေးပါလိမ့်မယ်။ ဒါပေမယ့် အစိုးရဖွဲ့ခွင့် ပေးမှာမဟုတ်ပါဘူး။ ဒေါ်အောင်ဆန်းစုကြည် သမ္မတ မဖြစ်နိုင်ပါဘူး။ ဖြစ်ခွင့်မပေးပါဘူး။ အခြေခံဥပဒေကို ပြင်မပေးပါဘူး။ ဒေါ်အောင်ဆန်းစုကြည်သာ မဟုတ်၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပါတီထဲက တယောက်ယောက်ကိုလည်း အစိုးရဖွဲ့ခွင့်၊ သမ္မတဖြစ်ခွင့် မပေးပါဘူး။ ဒီချုပ်ပါတီတွင်မဟုတ်၊ ကြံ့ဖွံ့မဟုတ်တဲ့ ဘယ်ပါတီကိုမှလည်း အစိုးရဖွဲ့ခွင့်၊ သမ္မတဖြစ်ခွင့် မပေးပါဘူး။ အဲသလို မဖြစ်အောင် နည်းမျိုးစုံ သုံးပြီး ညစ်ဦးမှာပါ။ အဘက်ဘက်က တားဆီးတဲ့ကြားထဲက ဖြစ်ခဲ့ရင် အာဏာတောင် သိမ်းပါလိမ့်မယ်။
စဉ်းစားကြည့်ပါ။ တခြားပါတီတခုခုက သမ္မတဖြစ်ပြီး အစိုးရဖွဲ့ခွင့်ရရင် ဘာတွေဖြစ်သွားမလဲ။ သူတို့ ဖုံးထားသမျှတွေ ပေါ်ကုန်မှာပဲ။ သူတို့လုပ်ထားတဲ့ နျူကလီးယားစီမံကိန်းဆိုတာတွေ လူသိကုန်မယ်။ ဦးပိုင်ကုမ္ပဏီ လုပ်ထားတာတွေ လူသိကုန်မယ်။ မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း လုပ်ထားတာတွေ လူသိကုန်မယ်။ တိုင်းရင်းသားတွေ အပေါ်ကျူးလွန်ထားတဲ့ ပြစ်မှုတွေ လူသိကုန်မယ်။ ၁၉၈၈ မှာ ကျူးလွန်ထားတာတွေ၊ ၂၀၀၇ မှာ ကျူးလွန်ထားတာတွေ လူသိကုန်မယ်။ နိုင်ငံပိုင် ဓာတ်ငွေ့တွေ၊ ရေနံတွေ၊ သတ္တုတွေ၊ သစ်တောတွေ အားလုံး ခိုးဝှက်ထားတာတွေ လူသိကုန်မယ်။ ဒါမျိုးကို သူတို့ အဖြစ်မခံပါဘူး။ ဒီလိုအခြေအနေမျိုးသာ မလွဲမရှောင်သာ ရင်ဆိုင်ရမယ်ဆိုရင် ဘီလူးခေါင်းပြန်ဖော်ဖို့လည်း ဝန်လေးမှာ မဟုတ်ပါဘူး။ ဒါဟာ သူတို့ရဲ့ ဘဝပေးအခြေအနေပါ။ အကုသိုလ်နဲ့ အကြောင်းယှက် ပေါင်းဖက်ထားတဲ့ သူတို့ရဲ့ ဘဝပေး အခြေအနေတွေပါ။
ဒါတွေကို မေ့ထားပြီး စစ်အာဏာရှင်တွေဟာ အမှန်တကယ် ပြုပြင်ပြောင်းလဲမှု လုပ်လာလိမ့်မယ်၊ နောင်တရလာလိမ့်မယ်၊ အမြင်မှန်ရလာလိမ့်မယ်လို့ တွေးတာဟာ စစ်အာဏာရှင်တွေရဲ့အကြောင်းကို ကောင်းကောင်း နားမလည်လို့ စိတ်ကူးယဉ်နေတာသာ ဖြစ်ပါတယ်။ နိုင်ငံရေးဆိုတာ စိတ်ကောင်းရှိတာ မရှိတာ၊ ကြောက်တာ မကြောက်တာ စတဲ့ လူ့ရဲ့ စိတ်ခံစားချက်တွေအပေါ်မှာ တည်မှီပြောင်းလဲနိုင်တယ်လို့ ထင်နေတဲ့ စိတ်ကူးယဉ်မျှော်မှန်းချက်တွေပါ။
ဘာမှ ဖြစ်မလာမယ့် ၂၀၁၅ ကြီးကို မျှော်မှန်းပြီး အစိုးရဘက်က ကာဆီးကာဆီး လုပ်နေတာဟာ ဒီမိုကရေစီသမားတွေရဲ့ ညီညွတ်ရေးကို ပျက်စီးစေပါတယ်။ ယုံကြည်မှုတွေ ပျက်ပြားစေပါတယ်။
ငတ်နေတဲ့ ပြည်သူတွေက တောင်းဆိုတာကို ဟန့်တယ်၊ ၂၀၁၅ ကြောင့်။ ကြံ့ဖွတ်အစိုးရ နှိပ်စက်တာတွေကို အကာအကွယ်ပေးတယ်၊ ၂၀၁၅ ကြောင့်။ စစ်ဗိုလ်ချုပ်ကြီးတွေကို ချစ်ပြရတယ်၊ ၂၀၁၅ ကြောင့်။ ဒါပေမယ့် နောက်ဆုံး ၂၀၁၅ ရောက်တဲ့အခါ နောက်ထပ် သင်ခန်းစာတခု တိုးလာတာပဲ အဖတ်တင်တယ် ဆိုတာမျိုး နောင်တမရစေချင်ပါဘူး။ ၂၀၂၀ ကို ဆက်စောင့်တာပေါ့လေ။ ၂၀၂၅ ကို စောင့်ကြတာပေါ့လေ။ မသေမချင်း စောင့်ကြည့်ကြသေးတာပေါ့လေ ဆိုတဲ့ ဘဝမျိုးကိုလည်း မရောက်ကြစေချင်ပါဘူး။
ခုဆိုရင် ပြည်သူတွေကို နှိပ်စက်ချင်စော်ကားချင်တဲ့သူမှန်သမျှဟာ ဒေါ်အောင်ဆန်းစုကြည်ကို ဒိုင်းသဖွယ်ကာပြီး ပြည်သူကို ထိုးနှက်ချေမှုန်းနေပါပြီ။ (ကာတွန်းဟန်လေးရဲ့ ကာတွန်းဟာ အဲဒီသရုပ်ကို သိပ်ပေါ်လွင်စေပါတယ်။) ဦးသိန်းစိန်ကလည်း ဒီနည်းကို သုံးပါတယ်။ ဗဟုတွေကလည်း ဒီနည်းကိုပဲ သုံးပါတယ်။ တင်-စူး-ကျော် လက်ဝဲပျက်တွေကလည်း ဒီနည်းမျိုး သုံးလာတာကို ကျော်ဝင်းရဲ့ နောက်ဆုံး မဗေဒါ ဆောင်းပါးမှာ တွေ့ရပါတယ်။
ဦးသိန်းစိန်ဟာ ဒေါ်အောင်ဆန်းစုကြည်ကို ၂၀၁၅ နဲ့ မျှားပြီး သွေးဆောင်ပြီး ကြိုက်သလို ခိုင်းစားနေပါတယ်။ လွှတ်တော်ကိုယ်စားလှယ် ဆိုတာဟာလည်း အရေးပါတာ ဘာတခုမှလုပ်လို့မရ၊ ဟန်ဆောင်၊ ဟန်ပြပါပဲ။ လွှတ်တော်ထဲရောက်တော့မှ ဟိုဟာ မပြောရ၊ ဒီဟာ မပြောရ၊ ပိုပြီးတောင် ချောက်ကျသွားပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ အိမ်ချုပ်က လွတ်ပြီးနောက် လွှတ်တော်ချုပ်ကျသလို ဖြစ်သွားပါတယ်။ စိုးမိုးအေးချမ်းကော်မတီဆိုတာလည်း ဘာမှ လုပ်မရ၊ ကိုင်မရ။ အစိုးရရဲ့ အသုံးချစရာမျှသာပါပဲ။ အခုတခါ လက်ပံတောင်းအရေး စုံစမ်းစစ်ဆေးရေးကော်မရှင်တဲ့။ ဒီကော်မရှင်ဟာလည်း ခုထိ ကြည့်ရသမျှ အလားအလာ တယ်မကောင်းလှဘူးလို့သာ ဆိုရတော့မှာပါ။
ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ကိုယ့်လူသူ့ဘက်သားပုံစံနဲ့ ကြာကြာရပ်တည်လို့ မရတော့ပါဘူး။ လှေနံနှစ်ဘက်နင်း မမြဝင်း ဆက်လုပ်နေလို့ မရတော့ပါဘူး။ သမိုင်းနာပါတယ်။ ပြည်သူနာပါတယ်။
လွတ်လပ်ရေးတိုက်ပွဲခေတ် ဗမာ့နိုင်ငံရေးလောကမှာ တော်တော်များများ တွေ့ရတတ်တဲ့ အမှားတမျိုး ရှိတယ်။ အဲဒီအမှားကတော့ လက်တွေ့ မျက်စိရှေ့မှာ မြင်တွေ့နေရတာထက် စာအုပ်ထဲက ပြောထားတာကို ပိုယုံကြည်တတ်တဲ့ အမှား၊ သီအိုရီကို ပိုယုံကြည်တတ်တဲ့ အမှားပဲ။ လူထုကိုယ်တိုင် ကြုံတွ့ခံစားနေရတာတွေကို မျက်ဝါးထင်ထင် မြင်တွေ့နေပါရက်ကယ်နဲ့ မြင်နေတွေ့နေတာကို မြင်တဲ့တွေ့တဲ့အတိုင်း မသုံးသပ်နိုင်ဘဲ လူကို စာအုပ်ကြီးနဲ့ တိုက်ကြည့်ပြီး စာအုပ်ကြီးနဲ့ မကိုက်ရင် လူတွေကပဲ မှားနေသလိုလို ထင်တတ်တဲ့အကျင့် ဖြစ်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာလည်း အလားတူပဲ၊ ဗမာ့နိုင်ငံရေးကို သီအိုရီနဲ့ တိုက်ကြည့်နေပါတယ်။ လူတွေ မချိမဆန့် ခံစားနေရတာကို မြင်နေပါရက်ကယ်နဲ့ လက်တွေ့အမြင်နဲ့ မသုံးသပ်ဘဲ သူချမှတ်ထားတဲ့ စစ်ဗိုလ်ချုပ်ကြီးတွေနဲ့ သင့်မြတ်ပြေလည်မှ ဒီမိုကရေစီရမယ်ဆိုတဲ့ စာအုပ်ကြီးနဲ့ တိုက်ကြည့် သုံးသပ်နေပါတယ်။ သူ မျှော်လင့်ထားတဲ့ ၂၀၁၅ အတွေးအခေါ်နဲ့ သုံးသပ်နေပါတယ်။
သမိုင်းမှာ ထူးခြားတဲ့ ပုဂ္ဂိုလ်တယောက်ရှိပါတယ်။ ဆရာကြီးသခင်ကိုယ်တော်မှိုင်းပါ။ ဆရာကြီးကတော့ သူဖြတ်သန်းတဲ့ သမိုင်းတလျှောက်မှာ လက်တွေ့နိုင်ငံရေးကို စာအုပ်နဲ့ တိုက်မကြည့်တတ်ဘူး။ အတွေးအခေါ်တွေကို တရားသေ မဆုပ်ကိုင်ဘူး။ လက်တွေ့ကို လက်တွေ့မြင်တဲ့ အတိုင်းသာ ဝေဖန်တိုင်းထွာလေ့ရှိတယ်။ ပြည်သူ့အကျိုးစီးပွားနဲ့သာ တိုက်ကြည့်လေ့ရှိတယ်။ ဒါဟာ ဆရာကြီးရဲ့ ထူးခြားချက်ပဲ။ ဒီထူးခြားချက်ကြောင့် ဆရာကြီးရဲ့ နိုင်ငံရေးသက်တမ်း၊ စာပေသက်တမ်းတလျှောက်မှာ ပြည်သူ့အကျိုးစီးပွားနဲ့ ဆန့်ကျင်ဘက်ဖြစ်တဲ့ အမှားမျိုး တခုမှမရှိခဲ့ဘူး။ ဆရာကြီးဟာ နိုင်ငံရေးသမားကောင်း၊ သတင်းသမားကောင်း၊ စာရေးဆရာကောင်းတယောက် ဖြစ်ခဲ့တယ်။
ဒီနေ့ခေတ်မှာလည်း ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးသမားကြီးငယ်ဟာ နိုင်ငံရေးကို သီအိုရီနဲ့ချည်း တိုက်တိုက်ကြည့်မနေဘဲ လက်တွေ့ပြည်သူတွေ ခံစားနေရတာတွေကို ကြည့်ပြီး သုံးသပ်ဆောင်ရွက်သင့်ပါတယ်။ သံဃာတွေ မီးလောင်နေတာ တွေ့ပါရက်နဲ့ ၂၀၁၅ ကို မက်ပြီး မပြောရဲ မဆိုရဲရင် ကျနော်တို့တိုင်းပြည်ရဲ့ အမျိုးသားညီညွတ်ရေးဟာ ဝေးသထက်ဝေးလိမ့်မယ်လို့သာ ထင်မြင်မိပါတယ်။
ဇော်ဝင်း (၈၈ ကျောင်းသားဟောင်း)
ဒီဇင်ဘာ ၂၁၊ ၂၀၁၂
Posted by
ဒေါက်တာလွဏ်းဆွေ
at
7:52 PM
40
comments
Labels: ဆောင်းပါး
မြန်မာ့ရေးရာ သတင်းပဒေသာ (၂၁-၁၂-၂၀၁၂ - နံနက်ပိုင်း)
- အိန္ဒိယရောက် သမ္မတ ဦးသိန်းစိန်ကို ဆန္ဒပြ click
- အခွန်အတုတ် ကြီးမြင့်တာကို ဆန္ဒပြဖို့ ကြိုးပမ်း click
- ကချင်ငြိမ်းချမ်းရေးအတွက် အမေရိကန် တိုက်တွန်း click
- အမေရိကန်-မြန်မာ စစ်တပ်ချင်း ပူးပေါင်းဆောင်ရွက် click
- ကုလ အထူးကိုယ်စားလှယ်ရဲ့ ရခိုင်ခရီးစဉ် click
- ABSDF ခေါင်းဆောင်တွေနဲ့ တိုင်းရင်းသားခေါင်းဆောင်တွေ ဆွေးနွေး click
- ဆေးဝါးကုသမှုခံယူနေတဲ့ ဆရာတော်ကို ၈၈ မျိုးဆက်ခေါင်းဆောင် သွားရောက် အားပေး click
- ဒေသစု အုပ်ချုပ်ရေး ရွေးကောက်ပွဲများ မတရား click
- မြန်မာ့လူကုန်ကူးမှု တိုက်ဖျက်ရေး တိုးတက်မှုရှိ click
- HRDP ဦးမြင့်အေးနှင့် တွေ့ဆုံမေးမြန်းခန်း (ရုပ်သံ) click
- ယခင်အစိုးရလက်ထက် စီမံကိန်းများ ပြန်ဆန်းစစ်သင့်သလား (တိုက်ရိုက်လေလှိုင်း) click
- လျှပ်စစ်ဝန်ကြီးဌာန၏ အဂတိလိုက်စားမှုများ စာတမ်း - အပိုင်း (၃) click
- နှစ်ဆယ့်တနှစ်တာ မလေးရှားမှာနှင့် မြန်မာအလုပ်သမားများ ဘ၀အကြောင်း – အပိုင်း (၁) click
- သောကြာနေ့ မြန်မာတီဗွီသတင်းများ (ရုပ်သံ) click
- ခေါင်းဆောင်ကောင်းများ ထွက်ပေါ်လာရေးအတွက် click
- မိုဘီဂျီနိုနဲ့ ဂျေဆင်မရပ်ဇ် click
- ပြောပြစရာတွေလည်း တပုံကြီး ရှိသေးတယ် - ၄၆၂ (အသံလွှင့်ဆောင်းပါး) click
- ကွမ်းယာ၊ ကွမ်းစားသူများနှင့် ကွမ်းတံတွေး (ရုပ်သံ) click
- အရေပြား ကင်ဆာ click
- အက်ဆစ်ပြင်းထဲက ‘ရွှေ’ (ကဗျာ) click
- တပ်မတော်၏ ခရစ်စမတ်လက်ဆောင် လက်နက်ခဲယမ်းများ၊ စစ်ပွဲများ … (ကာတွန်း) click
- ဆီးရီးယားပဋိပက္ခ ဘာသာရေးအသွင်ပိုဆောင်လာ click
- မာလီမြောက်ပိုင်း နိုင်ငံတကာတပ် ၀င်ခွင့်ရ click
- အမေရိကန်ရဲ့ ကလေးမွေးစားမှုကို ရုရှား ပိတ်ပင်မယ် click
- သမ္မတဖြစ်လာမယ့် Park Geun-hye အမျိုးသားလုံခြုံရေး အလေးထား click
- ကိုရီးယား ၂ နိုင်ငံ ဆက်ဆံရေးအလားအလာ click
- အာဆီယံ-အိန္ဒိယဆွေးနွေးပွဲ ဒေလီမှာ ကျင်းပ click
- သုံးနိုင်ငံလမ်းမကြီး အမြန်ပြီးရန် အိန္ဒိယဝန်ကြီးချုပ် နှိုးဆော် click
- ကမ္ဘာပျက်မယ်ဆိုတဲ့ ဒီဇင်ဘာ ၂၁ click
- ချန်ပီယံလိဂ် ရှုံးထွက်ပွဲစဉ်တွေ ထွက်ပြီ click
Posted by
ဒေါက်တာလွဏ်းဆွေ
at
8:19 AM
0
comments
Labels: သတင်း
နတ်မောက်မြို့က ဗိုလ်ချုပ်အောင်ဆန်းပြတိုက် (ရုပ်သံ)
Posted by
ဒေါက်တာလွဏ်းဆွေ
at
7:24 AM
0
comments
Labels: ဗွီဒီယိုမှတ်တမ်း
အဆိုတော် လားရှိုးသိန်းအောင် ပြည်တော်ပြန်ခရီး (ရုပ်သံ)
Posted by
ဒေါက်တာလွဏ်းဆွေ
at
7:15 AM
0
comments
Labels: ဗွီဒီယိုမှတ်တမ်း
Thursday, December 20, 2012
မြန်မာ့ရေးရာ သတင်းပဒေသာ (၂၀-၁၂-၂၀၁၂ - ညပိုင်း)
- ဦးသိန်းစိန် ဖိတ်ကြားချက်အရ OIC အတွင်းရေးမှူးချုပ် မြန်မာပြည် လာမည် click
- ဦးသိန်းစိန် အိန္ဒိယခရီးစဉ်အား မြန်မာများ ဆန္ဒပြ (ရုပ်သံ) click
- “ကြေးနီစီမံကိန်းကိစ္စ တရုတ် မကျေနပ်လို့ KIA ကို မြှောက်ပေးတယ်ဆိုတာ ၀ါဒဖြန့်မှုသာဖြစ်” စစ်ရေးလေ့လာသူ ဦးအောင်ကျော်ဇောနှင့် အင်တာဗျူး click
- လိုင်ဇာဌာနချုပ်ကို သုံးဘက်သုံးတန်မှ စစ်ဆင်ရန် အစိုးရ ပြင်ဆင် click
- အစိုးရနဲ့ ကေအိုင်အို ဆွေးနွေးကြရန် အမေရိကန်အစိုးရ တိုက်တွန်း click
- ငြိမ်းချမ်းရေး ဆွေးနွေးဖို့ ကေအိုင်အိုကို အစိုးရ ထပ်မံကမ်းလှမ်း click
- ချင်းငြိမ်းချမ်းရေးသဘောတူညီချက် အပစ်ရပ် တိုင်းရင်းသားလက်နက်ကိုင်များအတွက် မီးမောင်း click
- အပစ်ရပ်သော်လည်း လူ့အခွင့်အရေးချိုးဖောက်မှုများ ခံနေရဆဲ click
- အစိုးရ မူးယစ်တိုက်ဖျက်ရေးအဖွဲ့များ၊ RCSS နယ်မြေထဲ ၀င်ခွင့်မပြု click
- မြန်မာ-အမေရိကန် စစ်ရေးပူးပေါင်းမှု စတင် click
- အမေရိကန်စစ်တပ်က မြန်မာစစ်အရာရှိများကို သင်တန်းပေးမည် click
- အမေရိကန်–မြန်မာ စစ်ဘက်ဆက်ဆံရေးကို ဘယ်လိုမြင်သလဲ (ဖိုရမ်) click
- မသီတာထွေးအရေးကြောင့် ရွာကိုမလာရဟု တားမြစ်ခံရသူ ရွာပြန်လာ၍ ထောင် ၁ နှစ် ချမှတ်ခံရ click
- ကျောက်ဖြူတွင် နွားလှည်းသမားများ ဆန္ဒပြ click
- အစိုးရမှ အကောင်အထည်ဖော်မည့် လေယာဉ်ကွင်း CNF လေ့လာ click
- ဖလမ်းခရိုင် အုပ်ချုပ်ရေးမှူး ဦးစိုးတင့်၏ CNF နဲ့ အစိုးရ ငြိမ်းချမ်းရေးဆိုင်ရာ ရှင်းလင်းပွဲ အမှာစကား click
- နီပွန်ဖောင်ဒေးရှင်း တိုင်းရင်းသားဒုက္ခသည်တွေကို အကူအညီ ပေးအပ်မည် click
- သံသယအကျိုးခံစားခွင့် ရရှိသူ နည်းပါးသည်ဟု ရှေ့နေများ ပြော click
- ရပ်ကျေးအုပ်ချုပ်ရေးမှူး ရွေးချယ်ပွဲတွေ စတင် click
- ဒိတ်လိုင်း ဧရာဝတီ (ရုပ်သံ) click
- မြန်မာနိုင်ငံ မြို့ကြီးတချို့ မြေငလျင်လှုပ်ခတ် click
- မေ့ပျောက်ခံနေရသော ဂီရီမုန်တိုင်းသင့် ပြည်သူများအတွက် ရခိုင်လူ့အခွင့်အရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့မှ အစီရင်ခံစာ ထုတ်ပြန် click
- မူဆယ်မြို့နယ် အမျိုးသမီးများက မူးယစ်ဆေးဝါးသုံးစွဲသူ ၃၀၀ ခန့် အရေးယူခဲ့ click
- ယာယီ နိုင်ငံကူးလက်မှတ် ထုတ်ပေးရေး ၃ လ သက်တမ်းတိုး click
- အဆောက်အအုံစီမံကိန်းကြီးတခု ဗီယက်နမ်ကုမ္ပဏီက ရက် ၉၀ အတွင်း စတင်မည် click
- တရုတ်အခေါက်ရွှေ အဝင်ရှိ၊ ကမ္ဘာ့ရွှေဈေးနှင့်အတူ ပြည်တွင်းဈေး အပြိုင်ကျ click
- သေမင်းတမန် မီးရထားလမ်း ပြတိုက်ကို တလမွန်ကုမ္ပဏီ ပြန်လည်ဆောက်လုပ်မည် click
- ပရိသတ်ပေးသည့် မဲစနစ်ဖြင့် အကယ်ဒမီဆုပေးပွဲ ယခုနှစ် မဖြစ်နိုင်သေး click
- လားရှိုးသိန်းအောင် ပြန်လာပြီ click
- လားရှိုးသိန်းအောင် မြန်မာပြည် ရောက်ရှိ (ဓာတ်ပုံ) click
- ကျောင်းမလာတဲ့ ကျောင်းအုပ်ဆရာမ (ရုပ်သံ) click
- တရုတ် လိုအပ်ချက်၊ အင်တာနက်ဈေးကွက်နဲ့ မြန်မာသတို့သမီးများ (ဆောင်းပါး) click
- မိုယန် (သို့မဟုတ်) အငြင်းပွားဖွယ် ၂၀၁၂ စာပေနိုဘယ်လ်ဆုရှင် (အသံ) click
Posted by
ဒေါက်တာလွဏ်းဆွေ
at
9:01 PM
0
comments
Labels: သတင်း
ဖေ့စ်ဘွတ်ခ်မှာ ဖတ်ရှုရတဲ့ ကာတွန်းဝင်းအောင်ရဲ့ လက်ရာများ
Posted by
ဒေါက်တာလွဏ်းဆွေ
at
8:13 PM
0
comments
Labels: ကာတွန်း
မြန်မာ့ရေးရာ သတင်းပဒေသာ (၂၀-၁၂-၂၀၁၂ - နံနက်ပိုင်း)
- ကုလသမဂ္ဂ အထူးကိုယ်စားလှယ် ရခိုင်ဒုက္ခသည်စခန်းတွေကို သွားရောက် click
- လာမယ့်နှစ်အတွင်း လူထုရဲ့ဘဝတွေ သိသာမြင်သာ တိုးတက်အောင် ကြိုးပမ်းမယ်လို့ ဒေါ်အောင်ဆန်းစုကြည် ပြောကြား click
- ၂၀၁၃ မှာ မြန်မာ ဂျီဒီပီ မြင့်မယ် click
- လက်ပံတောင်းတောင်၊ ကြေးနီစီမံကိန်းနှင့် ဒေသခံမြန်မာတို့ နောက်ခံဖြစ်ရပ်များ click
- လက်ပံတောင်းတောင်အရေး အစိုးရ တောင်းပန်ပွဲ (ရုပ်သံ) click
- လက်ပံတောင်းတောင်အရေး နယူးဒေလီ ဆန္ဒပြပွဲ (ရုပ်သံ) click
- လက်ပံတောင်းတောင်အရေး ဆရာတော် ဦးဝီရသူ ကြေညာချက် ထုတ်ပြန် click
- မြန်မာနဲ့ အမေရိကန် စစ်ရေးပူးပေါင်းမှု မကြာခင် စတင်မယ် click
- ကချင်တိုက်ပွဲကြောင့် ငြိမ်းချမ်းရေး ထိခိုက်နိုင် click
- အပစ်အခတ် ရပ်စဲရုံဖြင့် ဒေသ မဖွံ့ဖြိုးနိုင် click
- ABSDF ကိုယ်စားလှယ်အဖွဲ့ ရန်ကုန် ရောက် click
- ၈၈ မျိုးဆက်ကျောင်းသားတွေနဲ့ ကိုသံခဲ ဦးဆောင်တဲ့ ABSDF အဖွဲ့တို့ တွေ့ဆုံ click
- DPNS နဲ့ ၈၈ ကျောင်းသားများအဖွဲ့ တွေ့ဆုံဆွေးနွေးပွဲ (ရုပ်သံ) click
- ဥပဒေဆိုင်ရာ ပြုပြင်ဖို့ ရှေ့နေအဖွဲ့ အကြံပြု click
- အကြမ်းဖက်မှုတွေအပေါ် စိတ်ပျက်မိကြောင်း ချင်းမိုင်မြို့ အခြေစိုက် SWAN အဖွဲ့ ပြောကြား click
- အလှမ်းဝေးနေသေးတဲ့ ဖယ်ဒရယ်ပြည်ထောင်စု (သုံးသပ်ချက်) click
- လျှပ်စစ်ဝန်ကြီးဌာန၏ အဂတိလိုက်စားမှုများ စာတမ်း - အပိုင်း (၂) click
- ရေးခဲ့မိသော မှတ်တမ်းများ (၅) click
- ၆၅ နှစ်မြောက် လွတ်လပ်ရေးမှသည် ဒီမိုကရေစီပန်းတိုင်သို့ (ဆောင်းပါး) click
- ကြာသပတေးနေ့ မြန်မာတီဗွီသတင်းများ (ရုပ်သံ) click
- မြန်မာကလေးငယ်များ အာဟာရချို့ တဲ့နေဆဲ (ရုပ်သံ) click
- မြန်မာကနေ ဂျပန်ကို ဆန်တင်ပို့မယ် click
- ရခိုင်လူ့အခွင့်အရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့မှ ၂ နှစ်လွန် ဂီရိမုန်တိုင်း အစီရင်ခံထုတ်ပြန် click
- ဘင်္ဂလီလုပ်သားများကို အားကိုးခဲ့ရသော ရသေ့တောင် အုတ်လုပ်ငန်း ရခိုင်ဒေသခံ လူငယ်မျာဖြင့် ပြန်လည်စတင် click
- မိုးကောင်းမြို့ ကျောင်းသားများ ကြက်ဆူသီး စားမိ၍ ဆေးရုံတင်ထားရ click
- ထိုင်းနိုင်ငံ နာနတ်သီးစက်ရုံက အလုပ်သမားများ အလုပ်ပိတ်ထားသဖြင့် အခက်အခဲတွေ့ click
- လက်မှတ်မရှိသူတွေ မဖမ်းဘဲ ထိုင်းက ဆိုင်းထားမယ် click
- သီပေါမင်း အုတ်ဂူ မွမ်းမံပြင်ဆင်မည် click
- မြန်မာသိပ္ပံပညာရှင် မျိုးဗီဇသစ် ရှာတွေ့ click
- မူဆယ်မြို့ စာပေဟောပြောပွဲ – ဇာဂနာ၊ စမ်းစမ်းနွဲ့ (သာယာဝတီ)၊ ရွှေကူမေနှင်းတို့ ဟောပြော click
- ဗိုလ်သန်းရွှေ ထီပေါက်ခြင်း (ကိုဇာဂနာ ဖတ်ဖို့ ဟာသ) click
- “ပြောပြစရာတွေလည်း တပုံကြီး ရှိသေးတယ်” အမှတ် (၄၅၁) click
- အစားထိုးမရတော့သော အချိန်များ (အက်ဆေး) click
- လင့်ခေါင်းနှင့် မောင့်ကိုယ် (စာဖတ်ခန်း) click
- ဆရာမှတ်စု - ၂ (၀တ္ထတို) click
- လက်သီးရဲ့ အီဗော်လူးရှင်း ရာဇ၀င် click
- ရာဇဝင်တောင်တန်းပေါ်က တော်လဲသံ နံပါတ် ၂၉ (ကဗျာ) click
- တူအောင်လုပ်မယ့် ပုံစံက (ကာတွန်း) click
- မရှိတဲ့ အဖြေ (ကာတွန်း) click
- နားမလည်ဘဲနဲ့ မချုပ်နဲ့ (ကာတွန်း) click
- ဆီးရီးယားအတွက် ကူညီကြဖို့ ကုလ ပန်ကြား click
- တောင်အာဖရိက သမ္မတ ဇူးမားပါတီ ဥက္ကဌ ပြန်ဖြစ် click
- ၂၀၁၂ အထူးခြားဆုံးပုဂ္ဂိုလ် သမ္မတ အိုဘားမား click
- လက်နက်ထိန်းချုပ်ရေး အိုဘားမား ဆော်သြ click
- ကွယ်လွန်သွားသော ကလေးများ ငြိမ်းချမ်းစွာ လဲလျောင်းနိုင်ရေး၊ အိမ်ဖြူတော်မှ သေနတ်ထိန်းချုပ်ရေးကို ဆောင်ရွက်နေ click
- ပိုလီယို ကျန်းမာရေးဝန်ထမ်းနှစ်ဦး ထပ်မံအသတ်ခံရ click
- တောင်ကိုရီးယား ရွေးကောက်ပွဲ Park Geun-hye အနိုင်ရ click
- ပထမဆုံး အမျိုးသမီး သမ္မတ တောင်ကိုရီးယား ရွေးချယ် click
- တောင်ကိုရီးယား အာဏာရှင်ဟောင်း၏သမီး တောင်ကိုရီးယားနိုင်ငံ၏ သမ္မတအဖြစ် ရွေးကောက်တင်မြှောက်ခံရ click
- တောင်တရုတ်ပင်လယ် ရေပိုင်နက်ပိုင်ဆိုင်မှု အငြင်းပွားနေဆဲ (ရုပ်သံ) click
- ဒီမိုကရေစီကို စော်ကားသည့်အတွက် အစိုးရကို ကနေဒါကျောင်းဆရာသမဂ္ဂ ဝေဖန်ရှုတ်ချ click
- သေနတ်နဲ့ တခြားပစ္စည်းတွေ Baltimore မြို့မှာ အလဲအလှယ်လုပ် (ရုပ်သံ) click
- လန်ဒန်မြို့ ခရစ္စမတ်နဲ့ Oxford လမ်းမ ယာဉ်အန္တရာယ် ကင်းရှင်းရေး (ရုပ်သံ) click
- Johannesburg မြို့က သဲပြင်လျှောစီး အားကစား (ရုပ်သံ) click
Posted by
ဒေါက်တာလွဏ်းဆွေ
at
1:29 PM
0
comments
Labels: သတင်း

































