Thursday, March 7, 2013

ခေါင်းဆောင်အတွက် လူထုက လုပ်ပေးရမှာလား … လူထုအတွက် ခေါင်းဆောင်က လုပ်ပေးရမှာလား ... (ဒုတိယအကြိမ် တင်ဆက်မှု)

ခေါင်းဆောင်အတွက် လူထုက လုပ်ပေးရမှာလား …
လူထုအတွက် ခေါင်းဆောင်က လုပ်ပေးရမှာလား ...
ဒေါက်တာလွဏ်းဆွေ

ဘယ်အချိန်မှာ လူထု လမ်းပေါ်ထွက်တတ်တယ် ဆိုတာကို နားလည်ပုံမရဘဲ ခေါင်းဆောင်တွေအပေါ် ပုဂ္ဂိုလ်ရေးကိုးကွယ်မှု အတ္တကြီးကြပုံလေးတွေကို ဖတ်ရတဲ့အခါ ကရုဏာသက်ရမလိုလို ပြုံးရမလိုလိုပါပဲ။ ခေါင်းဆောင်တွေကို အချစ်ကြီးလွန်းကြတဲ့သူ တချို့တချို့ရဲ့ စဉ်းစားပုံတွေက “ခေါင်းဆောင်က လူထုအတွက် ရှေ့ကနေ မားမားမတ်မတ် ဘယ်လို ဦးဆောင်တိုက်ပွဲဝင်မလဲ” ဆိုတဲ့ စဉ်းစားပုံမျိုးတွေ မဟုတ်ဘဲ အကြောင်းတခုခုကြောင့် သွားရင်းဟန်လွဲ ခေါင်းဆောင်တွေ အတားအဆီး အနှောင့်အယှက်တခုခုနဲ့ ကြုံရတဲ့အခါဖြစ်စေ၊ လုပ်ရင်းကိုင်ရင်း ခေါင်းဆောင်တွေ ထိန်းသိမ်းခံရတဲ့အခါဖြစ်စေ လူထုက ဘာကြောင့် လမ်းပေါ်မထွက်တာလဲဆိုတဲ့ မေးခွန်းတွေနဲ့ လူထုကို ပြန်လည် အပြစ်ပုံချချင်တဲ့ စဉ်းစားချက်တွေ ဖြစ်နေတာကို တွေ့ရတယ်။

ပြည်တွင်းပြည်ပမှာရှိတဲ့ မြန်မာပြည်သူလူထုခမျာ ဒီမိုကရေစီတိုက်ပွဲတလျှောက် ကိုယ့်အတွက် ခေါင်းဆောင်တွေက ဘာလုပ်ပေးနိုင်မလဲ ဆိုတာကို မျှော်လင့်ဖို့ နေနေသာသာ ပြီးခဲ့တဲ့ ၂၄ နှစ်လုံးလုံး ပြည်ပရောက် မြန်မာတွေခမျာ ခေါင်းဆောင်တွေ အဖမ်းခံနေရလို့ ခေါင်းဆောင်တွေ လွတ်မြောက်ရေးအတွက် သံရုံးတွေရှေ့မှာ ဖင်လိပ်ခေါင်းထွက်အောင် အော်နေခဲ့ရတာနဲ့ပဲ အချိန်ကုန်ခဲ့ရတယ် ဆိုတာကို အဲဒီလူတွေ မေ့နေကြပုံပဲ။ အဲဒီလို တောက်လျှောက် အော်ဟစ်တောင်းဆိုခဲ့ကြလို့လည်း နိုင်ငံတကာအသိုင်းအ၀ိုင်းရဲ့ ပိတ်ဆို့မှုဖိအားဒဏ်ကို မခံနိုင်တဲ့အဆုံး ခေါင်းဆောင်တွေ ပြန်လွတ်လာရတယ် ဆိုတာကိုလည်း အဲဒီလူတွေ သိတတ်ကြပုံမပေါ်ဘူး။

ပြည်တွင်းမှာလည်း ဖိနှိပ်မှု အားကြီး၊ တယောက်နဲ့ တယောက် ဆက်သွယ်ဖို့ အားနည်း၊ ကိုယ့်ထမင်းကိုယ် ခေါင်းမဖော်နိုင်အောင် ရှာစားနေကြရတဲ့ ကြားထဲက ခေါင်းဆောင်တွေ လွတ်မြောက်ရေးအတွက် အဖမ်းခံ အဆီးခံရမှာ မကြောက်ဘဲ အင်္ဂါဆုတောင်းပွဲတွေလုပ်၊ တကိုယ်တော်ဆန္ဒပြပွဲတွေ လုပ်ပြီး တိုက်ပွဲဝင်ပေးခဲ့ကြတာတွေကိုရော အဲဒီလူတွေ မသိချင်ယောင်ဆောင်နေကြပုံပဲ။ ဒီကြားထဲ မင်းကိုနိုင် ထောင်ကျတုန်းက ဘယ်သူ ငါးခြောက်တဖတ် လာပေးဖူးလဲလို့ ကလေးကလား မေးခွန်းထုတ်တဲ့လူက ထုတ်သေးတယ်။ နိုင်ငံရေးလုပ်တာ ပြည်သူလူထုအကျိုးအတွက် အဖမ်းအဆီးခံ ထောင်ကျခံနိုင်လို့ လုပ်တာပဲ၊ ကျနော်/ကျမတို့အတွက် အနစ်နာခံ လုပ်ပေးပါခင်ဗျာလို့ ပြည်သူလူထုအနေနဲ့ ဘယ်သူ့ကိုမှ တောင်းဆိုမေတ္တာရပ်ခံခဲ့တာမှ မဟုတ်ဘဲ။ အဲဒီတော့ ကိုယ့်ဒုက္ခကိုယ်ဖြေရှင်းနေရတဲ့ ပြည်သူက ဘယ်သူ့ကို ဘာလာပေးနေရဦးမှာလဲ။ အဲဒီလို ပြည်သူလူထုဆီက မျှော်လင့်တဲ့ စကားမျိုး ပြောတာကိုက ရှက်စရာဆိုတာကိုလည်း အဲဒီလူတွေ သိပုံမရဘူး။

နောက်တချက်က လူထုတွေ လမ်းပေါ်ထွက်တယ်ဆိုတာက ခေါင်းဆောင်က လူထုရဲ့ နစ်နာချက်တွေအတွက် ဘယ်လိုဘယ်ပုံ တိုက်ပွဲဝင်ကြမလဲဆိုတာကို စနစ်တကျ ဆော်သြစည်းရုံးလှုံ့ဆော်ပြီး လုပ်ဆောင်တဲ့အခါမျိုးမှာရယ် (ဂန္ဒီလမ်းစဉ်ကို လေးစားလိုက်နာတယ် ဆိုတဲ့သူတွေ ဂန္ဒီကြီးတို့၊ မာတင်လူသာကင်းတို့ လူထုတိုက်ပွဲတွေ ဘယ်လိုဖော်ပြီး ဘယ်လိုခေါင်းဆောင်ခဲ့တယ် ဆိုတာကို လေ့လာသင့်ကြပေသပေါ့)။ လူထုကိုယ်တိုင်က ကိုယ့်ခါးစည်းခံနေရတဲ့ ဒုက္ခအခက်အခဲတွေအတွက် မခံမရပ်နိုင်တော့တဲ့အဆုံးမှာ ခေါင်းဆောင်မပါလည်းဘဲ လမ်းပေါ်ထွက်တတ်ကြတယ်ဆိုတာကို အဲဒီလူတွေ မသိကြတာပဲ။

အဲဒီလို မသိနားမလည်မှုတွေကြောင့်ရယ်၊ ခေါင်းဆောင်ကို ချစ်တဲ့ဇောကြီးတဲ့ အတ္တအမှောင်တွေ ပိတ်ဆို့ဖုံးကွယ်နေမှုတွေကြောင့်ရယ် အခုလို ပြည်သူလူထုကို ပြန်လည်လက်ညှိုးထိုး အပြစ်ပုံချချင်တဲ့ လေသံတွေ၊ အရေးအသားတွေ ပေါ်ထွက်လာတယ်လို့ ထင်မိတယ်။

အားလုံးသို့ လေးစားစွာဖြင့် …
ဒေါက်တာလွဏ်းဆွေ

23 comments:

Unknown said...

ဟုတ်တယ် ဒီလိုမျိုးစာတွေကို များများရေးပေးပါ

* said...

ဒေါ်အောင်ဆန်းစုကြည် ကိုယ့်ရှူးကိုယ်ပတ်နေပြီ။

* said...

အသိစောတဲ့ သူတွေက ဝေဖန်နေပြီ၊ အသိနောက်ကျတဲ့ လူတွေ ဆဲတဲ့ အဆင့်ရောက်လာမှ "ကျွန်မ မှားပါတယ်" "ကျွန်မမှားတာ ကျွန်မ ခံမယ်" ဆိုလည်း အလကားပါပဲ။

* said...

ကျွန်တော်တို့ ခေါင်းဆောင်ရတဲ နိုဗယ်ဆုက အရူးဘုံမြောက်တဲ့ နိုဗယ် ဆုလို ဖြစ်နေတယ်။

* said...

မျောက်လက်ထဲ အုန်းသီး ထည့်ပေးထားသလိုပဲ။ ဘာလုပ်လို့ လာကိုင်ရမှန်း မသိ။

* said...

ထောင်မကျဖူးတဲ့ တော်လှန်ရေး ရဲဘော်တွေကို သူတို့က အဖက်မတန် သလိုလိုနဲ့။ လူလိုမသိတဲ့ "ကမ္ဘာကျော် ပုဂ္ဂိုလ်များနဲ့ ဆုရှင်" များ ပါပဲ။

Unknown said...

ကိုယ့်ပြည်သူအကျိုးနဲ့ နိုင်ငံခြားသားကိုတောင် မခွဲခြားတတ် ဘယ်ဖက်ကမှ ရပ်တည်ရမှန်း မသိတဲ့ နိုင်ငံ့ခေါင်းဆောင်ဆိုတဲ့သူတွေ ဘယ်သူ့အကျိုးအတွက် နိုင်ငံရေးလုပ်နေကြတာလဲ... ခင်ဗျားတို့ကို ပြည်သူတွေက ဟောဒီလို ဟောဒီလို ??????????????? မေးခွန်းပေါင်းမြောက်များစွာ ရှိနေတယ်ဆိုတာ သတိထားမိကြလား....

S.Maung Chain said...

I agree with Maung Toe Cause DASSK Said free from fear all the time.But she is living in the frighten net by herself.She always behind the peoples.Very pitty leader.

ct said...

မင်းပြောသလို ပြည်သူကလိုအပ်ရင် ခေါင်းဆောင်မပါဘဲ လမ်းပေါ်ထွက် တယ်ဆိုရင် အခု မလိုသေးလို့ ဘဲမှတ်ပေါ့ နွေဦးရောဂါသည် လွန်းဆွေလေးရေ

Unknown said...

နောက်ထပ်(၁၀)ရက်လောက် စိတ်ရှည်ရှည်ထားပြီး စောင့်ဆိုင်းနေပါတယ်။ အဲဒီခါကြရင် အနီးစပ်ဆုံးအဖြေတစ်ခုခုကို ကိုယ့်ဖာသာကို ကောက်ချက်စွဲပြီး သဘောထားဖော်ထုတ်မယ်။ အခုတော့ အောင့်ထားလိုက်တယ်။

myo said...

Ko lun swe,
If you drunk, don't write any post. If you wanna write any post, don't drunk. you are a foolish.

ှဲKaung said...

သောက်မူးရေး သောက်ရူး ထောက်ခံ
ဘာမှမပြောလိုတော့ပါ။ အွန်လိုင်းပါးစပ် တော်လှန်ရေးသမားတို့ ရေ။

santun said...

ကိုလွဏ်းဆွေလဲ ဒေါ်စု ကိုမဝေဖန် မတိုက်ခိုက်ရရင် သောက်မဝင်ဘူး ဖြစ်နေပုံရတယ်။
ကျနော်တို့ မြန်မာတွေမှာ အားနည်းချက်လို့ဆိုရမလားဘဲ ကိုယ့်ကိုကိုယ်ဝေဖန်တဲ့နေရာမယ်
ဖော့ပြီးဝေဖန်လေ့ရှိတယ်။ သူများလုပ်တာကိုဝေဖန်တိုက်ခိုက်ရတာလွယ်တယ်။ အင်္ဂလိပ်စကားမှာ သူများအမှားထောက်ပြတာလောက်လွယ်တာမရှိဘူးလို့ စကားပုံရှိတယ် ( Nothing is earsier than fault finding)။ ဂဠုန်ဦးစော က လွတ်လပ်ရေးအတွက် အောင်ဆန်း-အက်တလီစာချုပ် ကိုဝေဖန်ပြီး လက်မှတ်မထိုးသလိုအဖြစ်မျိုး၊နောက်တခါ ကွန်မြူနစ်ပါတီ က ဗိုလ်ချုပ်အောင်ဆန်း ဘုရင်ခံကောင်စီထဲဝင်တာကို အောင်ဆန်းတော့ အင်္ဂလိပ်နဲ့ပေါင်းပြီး အင်္ဂလိပ်ကျွန် ဖြစ်သွားပြီးလို့ ဝေဖန်ကန့်ကွက်ပြီး ဖဆပလ ကထွက်သလိုမျိုး သူများအလုပ်မပြီးခင် ဝေဖန်မယ်ဆိုရင်တော့ သမိုင်းတရားခံဖြစ်နိုင်တယ်ဆိုတာ သတိထားပါ။ ဒေါ်စု ဟာ ယနေ့ လူုထုခေါင်းဆောင်တယောက်ဖြစ်တယ် လူုထုခေါင်းဆောင်ဆိုသူများအားလုံး ကို တာဝန်ပေးခန့်အပ်လို့ မရပါ။ လူုထုက ကြည်ညိုလေးစားလက်ခံမှ လူထု ခေါင်းဆောင်ဖြစ်ပါတယ်။ လူထုကိုကြာကြာလိမ်လို့မရသလို လူထုကိုသစ္စာဖေါက်တဲ့သူများဟာ သူ့သဘောသူဆောင် ကျဆုံး သွားပါလိမ့်မယ်။ သူများကိုမဝေဖန်ခင် ကိုယ့်ကိုကိုယ်ဝေဖန်ပါ။ သူများမလုပ်နိုင်တာကိုဝေဖန်မည့်အစားကိုယ်လုပ်နိုင်တာကိုလုပ်ပြီးပြီလားကိုယ့်ဖာသာကိုယ်
မေးကြည့်ပါ။ အခုလို တာဝန်အရဖြစ်ဖြစ် ဝါသနာအရဖြစ်ဖြစ် အဝေးကဝေဖန်နေမဲ့အစား ကိုလွဏ်းဆွေပြန်လာနိုင်လဲပြန်လာပြီးလူထုကိုဦးဆောင်မှု့ပေးပါ။ ဒီထက်ပိုမိုပြတ်သားတဲ့ ဦးဆောင်မှု့ ပေးနိုင်ရင် ကိုလွဏ်းဆွေ လဲ လူထုခေါင်းဆောင်တယောက် မဖြစ်ဖူးလို့ မပြောနိုင်ဘူး။

ဖိုးလမင်း said...

ပြည်သူလူထု အထင်သေးသူများမှာ အောက်ပါ ပုဂ္ဂိုလ်များ ဖြစ်သည်။

၁။ပြည်ပနေပြီး အစိုးရကို တော်လှန်ရေးစကားပြောသူ
၂။ပြည်တွင်းနေပြီး အစိုးရဘာလုပ်လုပ်ချီမွမ်းသူ

ပြည်သူပဲဖြစ်ဖြစ် နိုင်ငံရေးသမားပဲဖြစ်ဖြစ် ဘယ်လူတန်းစား ပဲဖြစ်ဖြစ် ကိုယ်ကျိုးအတ္တသမားလား အများအကျိုးဆောင်ရွက်သူလား၊ ခွဲခြားမြင်ပြီး အများအကျိုး ဆောင်ရွက်သူကို မဝေဖန်သင့်ပါ။ အများပြည်သူကို ဂုတ်သွေးစုပ်ပြီး ကိုယ်ကျိုးအတ္တအတွက် အသုံးချသူများကိုသာ တိုက်ခိုက်ဝေဖန်သင့်ပါတယ်။ ဒီလိုမှ မဟုတ်ပဲ အယူအဆမတူသူ ဘာသာမတူသူ လူမျိုးမတူသူများကို တိုက်ခိုက်ဝေဖန်နေလျှင် ဘယ်တော့မှ ကိုယ်လိုချင်တာ မရနိုင်ပဲ အချိန်ကုန်လူပမ်း ဖြစ်ပြီး အချင်းချင်း မုန်းတီးသွေးကွဲတာပဲ အဖတ်တင်ကျန်ပါမည်။

KO NAING said...

LIKE...KO SANTUN COMMENT

win said...

မောင်လွဏ်းဆွေ
ခင်ဗျာက ပြည်ပနေပြီး မြန်မာပြည်သူတွေအတွက်
ဘာတစ်ခုများလုပ်ပေးဘူးပါသလဲ။
ခင်ဗျာအပါအဝင် ဘယ်သူဘဲဖြစ်ဖြစ်အစွမ်းအစ
အရည်အချင်း ရှိရင် နိုင်ငံချစ်တဲ့ ကျွန်တော်တို့
ပြည်သူတွေက အားပေးတယ်'ချီးမွန်းတယ်'လေးစားတယ်
ခင်ဗျာ ဘေးထိုင်ဘုပြောနေမဲ့အစား ခင်ဗျာလာပြီး အစွမ်းအစလေးပြစမ်းပါ။
မသိနားမလည်တဲ့ကျွန်တော်တို့ပြည်သူတွေ မျက်စိပွင့်'နားပွင့်သွားအောင်။

Panyacekka said...

Daw Su has only the speaking skill but no strategy plan for moving forwards the change of the constitution as well as the implementation of democracy mode. I am very upset that Daw Su is misunderstood by some of her adherents as a democracy leader. In fact, Myanmar democracy movement is nothing concerned with her effort but her effort is concerning to her reputation of being awarded.

---- You all of Daw Su followers, can abuse me by abusive speech. You all Demo used to support your leader Daw Su by insulting all of opponents. I am ready for it.

Unknown said...

I think leader is not a god. we can criticize if he or she goes wrong. why u guys are so angry about it. even budda said u r truly independent. the leader can be wrong sometimes. as a human she/he can be wrong. yes, the exile groups have been support daw su for 24 years. they have done for her many things. now what she does for them. also in 8888 students started, not her. students asked her to lead the country but she refused it by sending letter. everybody know that. if she lead the country from that time now our country quite rich. i don't blame her all the faults. i mean everybody has fault so don't pray your leader as a god.

moemoe said...

မောင်တိုးရေ.... မင်းပြော နေ တဲ့ မင်းရဲ့ စကား တွေ ကို မင်းလိပ်ပြာ လုံရဲ့လား...Kaung ပြောသလို ပဲ သောက်မူးရေး သောက်ရူး ထောက်ခံ
ဘာမှမပြောလိုတော့ပါ။ အွန်လိုင်းပါးစပ် တော်လှန်ရေးသမားတို့ ရေ။

Median Eye said...

ခေါင်းဆောင်ဆိုတာ-ကိုးကွယ်ဖို့ (မဟုတ်လျင်)ဆန့် ကျင်ဖို့ 
ဒီအစွန်း(၂)မျိုးထဲသိတဲ့လူထုအတွက်ခေါင်းဆောင်ကောင်း
ရဖို့ လွယ်မယ်မထင်။ လူထုကခေါင်းဆောက်ကိုပုံသွင်းယူ
နိုင်တဲ့နိုင်ငံတွေကငြိမ်းချမ်းပြီးသာယာဝပြောတယ်။

abcmgmg said...

Idiot Lwan Swe!!

You can write as you like.

Because ur time comes nearer.


Unknown said...

Median Eye.. you said the medium way of the universal truth. I totally agree with this comment among the other comments of where ever you written.

Unknown said...

"အမှားကို ပြောဆိုဝေဖန်နေသူမှာ၊ အဲဒီအမှားကို အမှန်ဖြစ်စေနိုင်ရန် ပြုပြင်ပြောင်းလဲပေးနိုင်သည့် နည်းလမ်းအကြံဥာဏ် ပေးဖို့တာဝန်ရှိပါတယ်"။(တောင်အာဖရိက လူမည်းခေါင်းဆောင် နယ်လ်ဆင်မင်ဒဲလား၏ စကား)