Sunday, December 9, 2012

ဒေါ်အောင်ဆန်းစုကြည်သို့ အကြံပြုချက်

ဒေါ်အောင်ဆန်းစုကြည်သို့ အကြံပြုချက်

ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ အာဏာကို အမှန်တကယ် ချုပ်ကိုင်ထားတဲ့ ကြံ့ဖွံ့အစိုးရ နောက်ကွယ်က စစ်ခေါင်းဆောင်တွေနဲ့ ထိတွေ့ဆက်ဆံ ဆွေးနွေးညှိနှိုင်းခွင့် မရသရွေ့ (သူတို့ကို နောက်ကြောင်းပြန် အရေးယူနိုင်တဲ့ကိစ္စတွေအပေါ် စိုးရိမ်ကြောင့်ကြနေတဲ့ အကြောက်တရားအတွက် လုံခြုံတဲ့ ထွက်ပေါက်ပေးနိုင်ရေး အကြေအလည် ဆွေးနွေးခွင့်မရသရွေ့) ရှေ့လျှောက်မှာလည်း ရခိုင်အရေး မီးမွှေးတဲ့ကိစ္စလို၊ လက်ပံတောင်းသပိတ်ဖြိုခွဲတဲ့ကိစ္စလို ဘယ်သူ့လက်ချက်မှန်းမသိ အရူးလုပ်ခံရတဲ့ ဖြစ်ရပ်တွေကို လိုက်ဖြေရှင်းနေရတဲ့ အရှုပ်ထုပ်တွေနဲ့ ဆက်ပြီး သံသရာလည်နေဦးမယ်လို့ ထင်ပါတယ်။

ဦးသိန်းစိန်တို့လို ရှေ့ထွက်ရုပ်သေးခေါင်းဆောင်တွေနဲ့ပဲ ထိတွေ့ဆက်ဆံပြီး ယောင်ဝါးဝါး ဆက်သွားနေမယ်ဆိုရင် (အခုအထိလည်း ကြားဖြတ်ရွေးကောက်ပွဲကတိတွေကို အကောင်အထည်ဖော်နိုင်ဖို့ နီးစပ်တဲ့အရိပ်အယောင် တခုမှ မတွေ့ရသေး) ကြာလာတာနဲ့အမျှ နောက်ကွယ်က ဆရာသမားတွေရဲ့ အရူးလုပ်ခံရမှုတွေရယ်၊ အားမလိုအားမရ ပိုပိုဖြစ်လာတဲ့ ပြည်သူလူထုရဲ့ငြိုငြင်မှုတွေရယ် ကြားမှာ ကြားညှပ်ပြီး ပြားချပ်ဖို့ ရှိတယ်လို့ မြင်မိပါတယ်။

အဲဒီတော့ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ နောက်ကွယ်က အနှောက်အယှက်ပေးနေတဲ့ စစ်ခေါင်းဆောင်တွေနဲ့ ဆွေးနွေးခွင့်ရပြီး သူတို့ကို စိတ်ချရတဲ့ ထွက်ပေါက်ရစေမယ့်ကိစ္စကို (အမေရိကန်၊ အီးယူ၊ ကူလသမဂ္ဂတို့ရဲ့ အကူအညီတွေနဲ့) ဆွေးနွေးညှိနှိုင်းခွင့်ရအောင် ကြိုးစားဖို့ လိုမယ်လို့ အကြံပြုလိုပါတယ်။

အဲသလို မကြိုးစားနိုင်ဘူးဆိုရင်တော့ ပြည်သူ့ဘက်က ပြတ်ပြတ်သားသား ရပ်ပြီး နောက်ကွယ်ကနေ ဖိနှိပ်ရက်စက် အကြမ်းဖက်တဲ့ လုပ်ရပ်တွေကို စေခိုင်းကျူးလွန်နေတဲ့ စစ်ခေါင်းဆောင်တွေကို အပြစ်ပေး အရေးယူနိုင်အောင် ပြည်သူလူထုကို ရှေ့က မားမားမတ်မတ် ဦးဆောင်ပြီး ရဲရဲရင့်ရင့် တိုက်ပွဲဝင်ဖို့ပဲ ရှိတယ်လို့ မြင်ပါတယ်။

အခုအတိုင်းပဲ စစ်အုပ်စုနဲ့ ဆက်ဆံရေး ပျက်ပြားမှာစိုးလို့ စစ်အုပ်စုဘက်ကို ‘ကာ’ ပြောလေးပြောလိုက် ‘ဖာထေး’ ပြောဆိုပေးလိုက်နဲ့ ဆက်စခန်းသွားနေမယ်ဆိုရင်တော့ လူထုရဲ့ယုံကြည်မှု အကြီးအကျယ် ကျဆင်းလာနိုင်တဲ့အပြင် ၂၀၁၅ ရွေးကောက်ပွဲမှာ အနိုင်ရလည်းပဲ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်တွေကို ဖြောင့်ဖြောင့်ဖြူးဖြူး လုပ်နိုင်မှာမဟုတ်ဘဲ အခုလို နောက်ကွယ်က လက်မဲကြီးတွေရဲ့ အနှောက်အယှက်ပြုမှုတွေနဲ့ ကြုံတွေ့နေရပြီး ဒုက္ခများစွာနဲ့ ဂျင်ဂလယ်ရိုက်နေရမယ့်ကိန်းရှိတယ်လို့ မြင်ပါတယ်။

အားလုံးသို့ လေးစားစွာဖြင့် ...
ဒေါက်တာလွဏ်းဆွေ
နံနက် ၁း၂၅ နာရီ
၉-၁၂-၂၀၁၂

34 comments:

santun said...

ကိုလွဏ်းဆွေပြောထားတယ် -..... ပြည်သူ့ဖက်ကရဲရဲဝံ့ဝံ့ ရပ်တည်ရမယ်ဆိုတာ မရှင်းပါဘူး။ အခုဒေါ်စုက ပြည်သူ့ဖက်က မရပ်ဖူးဆိုလိုချင်သလား။ ဒေါ်စုကြားညှပ်ပြီး ဒုက္ခရောက်မှာမစိုးရိမ်ပါနဲ့ သူ့သမိုင်းသူရေးနေတာပါ။လူ ထုနဲ့ တိုင်းပြည်အကျိုး ကိုသစ္စာဖောက်ပြီး ဒေါ်စုက ဦးသိန်းစိန် အစိုးရအကျိုးစိးပွါး ဖက်ကရပ်တဲ့နေဟာ သူကျဆုံးတဲ့နေ့ပါပဲ
ကျနော်လဲ ဒီမိုကရေစီအစစ်ကိုလိုချင်ရင် လူထုအုံကြွမှရမယ်လို့ယုံကြည်သူပါ။ ဒါပေမဲ့ လူထုအုံကြွတယ်ဆိုတာလူညီဖို့လိုပါတယ်။ ဒေါ်စု ကို နေအိမ်အကျယ်ချုပ်ထားတုန်းက ဘယ်လူထုက ညီညီညွတ်ညွတ်နဲ့ အုံကြွပြီး ပြန်လွှတ်ပေးဖို့တောင်းဆိုခဲ့ ကြပါသလဲ။ ဒေါ်စု ကိုအင်အားသုံးပြီး ကားပေါ်ကချုပ်နှောင်ခေါ်သွားခဲ့တုန်းကဘယ်သူတွေကထကြွခဲ့ကြပါသလဲ၊ ဒီပဲရင်းမှာလုပ်ကြံဖို့ကြိုးစားတုန်းကဘယ်လူထုကဆန့်ကျင်ပြီးလမ်းပေါ်ထွက်လာခဲ့ကြပါသလဲ မေးချင်ပါတယ်။ အခု ကိုလွန်းဆွေပြောသလိုကျနော်တို့ခံစားနေရသလို ဒေါ်စုက ပြည်သူ့ဘက်ကမခံမရပ်နိုင်ဖြစ်ပြီး အစိုးရကိုဆန့်ကျင် ချင်စိတ်ရှိမှာသေချာပါတယ်။ ဒါပေမဲ့ အဲဒီလိုလုပ်လို့ လို့ နေအိမ်အကျယ်ချုပ်ပြန်ချရင် လူထုကိုဘယ်သူဦးဆောင်မှာလဲ။ လူထုဆန္ဒပြတာကိုအကြမ်းဖက်နှိမ်နင်းရင် သူ့ပယောဂကြောင့် လူထု သွေးထွက်သံယိုဖြစ်မှာကိုဒေါ်စုမလိုလားဘူး၊ အခု ဒေါ်စုလွှတ်တော်ထဲမှာရှိနေစဉ်မှာရော ကိုလွဏ်းဆွေတို့ ပြန်လာပြီး လူထုကိုဦးဆောင်ထကြွလို့မရဘူးလား၊ အတွင်းရောအပြင်ရော ညှပ်တိုက်ရင် ပိုမိုမအောင်မြင်နိုင်ဘူးလားကျနော်တို့မြန်မာတွေ ဒေါ်စုစကားကိုသေချာနားမထောင်ကြတာလား နားမလည်ကြတာလား ကြောက်နေကြတာလားမသိဘူး ဒေါ်စုက မတရားတာတွေကိုဆန့်ကျင်ဖို့ မကြောက်ကြဖို့တဖွဖွပြောတယ်။ ကျနော်တို့ ကမဆန့်ကျင်ရဲပဲ ကြောက်မြဲကြောက်နေတယ်။
အခု အီဂျစ်မှာသမ္မတ မတရားတာကိုဆန့်ကျင်တဲ့ လူတွေ သူ့အသိနဲ့ သူလုပ်နေကြတာ။ ဘယ် ခေါင်းဆောင်ကမှဦးဆောင်လို့မဟုတ်ဘူး။ ကိုလွဏ်းဆွေက တဆိတ်ရှိ ဒေါ်စုကိုပဲ ဗဟိုပြုပြီးစဉ်းစားနေတာ ကိုက ဒေါ်စုကိုအားကိုးလွန်နေတာလို့ထင်တယ်။
ဒေါ်စုကိုအားကိုးလွန်းတဲ့ စိတ်ကိုဖျောက်ပြီး မတရားတာကိုဆနု့်ကျင်တဲ့ သတ္တိမရှိသမျှ ကျနော်တို့ စစ်ကျွန်ဘဝကဘယ်တော့မှမလွတ်နိုင်ဘူး။ ဒေါ်စုအသက်လဲကြီးပါပြီ၊ ကျနော်တို့ ကိုယ့်အားကိုယ်ကိုးသင့်နေကြပြီ။

sawnaung said...

I agree with ko lun swe.this article is 100% true. thank you

S.Maung Chain said...

yes,I agree with your critique article.
I think she already known like you ,who is real
culprits.Everybody know like you and me either
not even DASSK.I am not sure can she face with them.But she don't have choice except to
face with dictatorships.If not she can be loose
her dignity among Burmese peoples and arround the world.

Asiavillage said...

i agree with ko san tun,,,

Unknown said...

ဆရာကြီးမလုပ်စန်းဘာနဲ့ကွာ

Wunpawng Langchyi said...

I agree with Ko Lwin Swe

Unknown said...

ဒီမိုး ဒီလေ ဒီတရုတ်တွေ ဒီဘင်္ဂါလီတွေ ဒီစစ်ဗိုလ်ချုပ်တွေနဲ့ ဗမာပြည်အရေး တွေးရတာ စိတ်ပူရင်မောရပါတယ်။ နောက် ၁၀နှစ်နဲ့ ဒီမိုကရေစီနိုင်ငံ ပီပီပြင်ပြင်ဖြစ်မယ်မထင်ဘူး။ ဒေါ်စုကိုယုံပါတယ်။ ရုပ်သေးကြီး ဘောင်းဘီချွတ်ဦးသိန်းစိန်ကိုယုံဖို့ကခဲယဉ်းတယ်။ ပြည်သူတွေလဲ စည်လုံးညီညွတ်ဖို့၊ အချင်းချင်းတည့်ဖို့၊ စည်းကမ်းရှိဖို့၊ မနာလိုစိတ်နည်းဖို့၊ နိုင်ငံကြီးသားစိတ်ဓါတ်ရှိဖို့လိုပါတယ်။ စစ်ဗိုလ်တွေလဲ လက်ဝါးကြီးအုပ်သွေးစုပ်တာရပ်သင့်ပါပြီ။

myo chit said...

မြေခွေးလိုကောက်ကျစ်တဲ့အတွေးအခေါ်တွေပဲ

မျှော်ရဇ် said...

လွှဏ်းဆွေရာ မင်း ညတစ်နာရီကျော်ကြီး အရက်မူမူနဲ ထင်ရာတွေလျှောက်မရေးပါနဲကွာ မင်းအမေတောင် ဒီအဆင့်မရှိပဲနဲ သူများအမေကို လိုက်အာချောင်နေတာ မင်ကိုမင်း အရှက်မရှိလိုက်အာချောင်နေသလိုဖြစ်နေပြီ။ ရပ်သင့်နေပြီ ပထမ ဟုတ်မလိုလိုနဲ အခုက ဝေလေလေ လွှဏ်ဆွေဖြစ်နေပြီ

sawnaung said...

myaw yit your crazy.very stupid.bullshit

Unknown said...

Let me tell my personal point of view,
Daw ASSK is doing Right Things and out put is Right.
Daw ASSK is doing wrong things and out put will be wrong.
Both statements will be benefit for Nation and our people.
Because she is not General who have ruled nation almost half century.
Just give her some time to do her work freely.
Don't be too paranoid and negative.
Remember Daw ASSK is not only Burmese people leader but also world citizen leader, world class leader.
Do you think she will leading own citizen to wrong path.
Don't do pathetic attempt to show yourself as a nation saving leader as Generals.
Be positive
Mutual understand to mutual benefit
Mutual respect to all.
Learn basic management skill.
Read more books.

ma har said...

ကိုလွမ်းဆွေ
ကြိမ်ဆဲ ခံရမှ စားကောင်း သောက်ဝင်သလားဗျာ
အဲလိုဆိုရင်လဲ ကြိမ်ဆဲပေးကြပါ့မယ် ဆောင်းပါးရေးစရာမလိုပါဘူး ။ ခင်ဗျားရဲ့ သဘောထားကိုသာပြောလိုက်ပါ ။တနေ့ကို ဘယ်နှစ်ခါဆဲပေးရမလဲပြောပါ ။ နာမည် နေရပ်လိပ်စာ
ဓါတ်ပုံနှင့်တကွ အတိအကျကိုဆဲပေးပါ့မယ် ။ဆောင်းပါး မရေးနဲ့တော့
ကိုင်းစကြမယ် ရော့ဒီမှာ ပုလွေတချောင်း လွမ်းလွမ်းဆွေးဆွေး အလွမ်းပုလွေပဲမှုတ်တော့ကွာ
ပုလွေ လွမ်းဆွေရေ

Moemin said...

ဒေါက်တာလွဏ်းဆွေ ဒေါ်စုက ခင်ဗျားလို မတွေးမိ
ဘူးလို့ထင်နေသလား အခြေအနေနဲ့ အချိန်အခါကို
ကြည့်ပြီး တတ်နိုင်သမျှအကောင်း ဆုံးလုပ်နေတာပါ
ကျွန်တော်အပါအ၀င် လူတိုင်းလူတိုင်း စာနဲ့ စကားနဲ့ မ
ဟုတ် ဘဲနဲ့ တတ်နိုင်သမျှ လက်တွေ့ ကျကျ လုပ်
ဘို့ လိုမယ်ဗျ၊၊

KO NAING said...

ကိုSantun comment က၁၀၀%မှန်ကန်ပါတယ်။
ဒေါ်စုအအေပေါ်လူထုယုံကြည်ချက်ကတော့ကျမသွားဘဲ
ပိုပြီးတောင်ယုံကြည်အားကိုးလာတယ်လို့တောင်မြင်မိပါတယ်။

Unknown said...

ကျွန်တော်ဒေါ်စုကိုယုံတယ်။ သူ့မှာ ထူးခြားတဲ့အသိအမြင်၊ ခံယူချက်နဲ့ အကင်းပါးမှုရှိတယ်။ နောက်တစ်ခုက မကောက်ကျစ်ဘဲ ဖြောင့်မတ်တဲ့နေရာမှာ ဗိုလ်ချုပ်ရဲ့သမီးပီသတယ်။ အမျိုးသားရေးအပေါ် ဘယ်တော့မှ သစ္စာမဖေါက်ဘူးလို့ ယုံကြည်နေမိတယ်။
ဒါပေမယ့် အချိန်တန်ရင် အသက်အရွယ်က စကားပြောလာမှာပဲ၊ အခုသူ့နားမှာ အမှီလိုက်ဝန်းရံနိုင်တဲ့သူ မရှိဘူး။ ဒေါ်စုဟာ အလုပ်တွေများလွန်းလို့ စိတ်လော၊ စိတ်တိုတဲ့ဟန် တွေ့..တွေ့နေရတယ်။ ဒါဟာ ကျန်းမာရေးနဲ့ အာရုံကြောတွေကို ထိခိုက်လာနိုင်ပါတယ်။
ဒါပေမယ့်..
ဒေါက်တာလွဏ်းဆွေရဲ့ စာထဲကလိုပဲ အဓိကအချက်ကို ကိုင်လိုက်နိုင်မှ လိုရာရောက်မယ်ဆိုတဲ့ အတွေးအခေါ်ကို ဒေါ်စုအကောင်အထည်ဖော်ဖို့ ကြိုးစားနေတယ်လို့ မြင်တယ်။ ဒါပေမယ့် လုပ်ပုံကိုင်ပုံနဲ့ ချိန်ဆပုံ မတူတာပါ။ အလောတကြီးလုပ်မိလို့ တိုင်မင်ချော်သွားရင် အကြီးကြီးလွဲသွားနိုင်တာမျိုးပါ။ ဒေါက်တာပြောတာနဲ့ အဓိက ရည်မှန်းချက်က အတူတူပဲလို့ မြင်မိတယ်။ ကြည့်တတ်ရင် မြင်ပါတယ်။
ကိုစံထွန်းရဲ့ ကွန်မန့်ကို သဘောတူတယ်။

minthike said...

ဆရာ မလုပ်ချင်စပ်းနဲ။ ခ ခင်ဗာ ဒေါ်စုကိုပဲ တိုက်ခိုက်နေတယ်။ ခင်ဗျားး ပုထွေးနွေကျတော့ တခါမှ မတိုက်ခိုက်ဘူး NLD ရွေးကောက်ပွဲ ၀င်တုန်းး က ခင်ဗျား ဘာပောခားလဲ NLD က လေ လေးဖက်ထောက်တာလား။ အြံခံတာလား ကျတော်မသိဘူးဆိုတာလေ NLD နဲ့ ဒေါ်စုကို မတိက်ခိကုက်ပါနဲ့ ကွာ မင်းဘ၀ ပျက်သွားလိပါနယ်။ မင်းဟာ ဆရာဝန်ဆိုခဲ့ရယ် ယာဉ်ကျေးမှုနော့ ရှိဖို့ လိုလိမ့်မယ်ထင်တယ်။ တိရစဆန်တကေင်ဆိုရင်တော့လည်း မပြောတော့ပါဘူး

Unknown said...

ဆရာလွဏ်းဆွေ ဆရာက နိုင်ငံရေးကိုဘယ်လောက်နားလည်လို့ ဝင်ဝင်ပြောနေတာလဲ။ကိုယ့်ဘာသာဆေးကုပါဗျာ။ဝါသနာအရ သတင်းခိုး သီချင်းခိုးလေးတွေလုပ်ချင်လုပ်ပေါ့။အခုလို ကိုယ်မကျွမ်းကျင်တဲ့ နေရာတွေမှာ ဝင်ဝင်ရှုပ်တော့ သူများတွေ အာရုံနောက်ရတာပေါ့။

Moemin said...

ဒေါ်စု အသက်အရွယ်နဲ့ မမျှအောင် တိုင်းပြည်အတွက်
လက်တွေ့ ကျကျအလုပ် လုပ်နေတာကြောင့် ဘယ်
သူတွေဘာပြောပြော ပြည်သူတွေရဲ့ ယုံကြည်ထောက်ခံ
မှူကတော့ ပိုပြီး ရနေတာပဲဗျာ

Panyacekka said...

တိုင်းပြည်နှင့်လူမျိုး အတွက်ဘာမှမလုပ်ဖြစ်ခဲ့သည့်အပြင်၊ ပြည်သူ၊ ပြည်သားတွေရဲ့ အသက်တွေကိုစတည်းပြီး ဘွဲ့တွေရနေခဲ့တယ်။ သို့သော် ခုထိ သူဂုဏ်မတက်ရင် ဘာမှမလုပ်ဘူး။ ဥပမာ ကချင်ပြဿနာ၊ ရခိုင်ပြဿနာ ဘာမှပြောတာ၊ ပြတ်သားတာမရှိဘူး။ ဒီကြားထဲ့ ကုလားတွေကိုတောင် ကုလားမခေါ်ဖို့ပြောခဲ့သေးတယ်။ ဒီလို အမျိုးသားသစ္စာဖောက်ကြီးကိုမှ ဘုရားမှပြီးကိုးကွယ်နေကြ၊ မျက်ကန်းယုံနေကြတဲ့ NLD နောက်လိုက်တွေဟာဖြင့် အစွန်းရောက်တွေပဲ။ သူ့အမေကိုထိရင် ဆပ်ဆပ်ထိမခံဘူး။ သူ့အမေနဲ့ပတ်သက်ပြီး ကောင်း၊ ဆိုး မဝေဖန်ခံဘူး။ ဒိလိုလူတွေ တိုင်းပြည်အုပ်ချုပ်ရင် ဒီထက်ဆိုးမယ်-- ဒီတော့ အားလုံးကို ကန့်ကွက်တယ်။ ဒါပဲ။

win said...

ခွေးသားmgcakka'
မင့်အစွမ်းအစ ရှိရင်ကိုယ်တိုင် ဝင်ချ ဝင်ပြီးတွန်းတွန်း တိုက်တိုက်နဲ့ ငါတို့နိုင်ငံ ကောင်းစားရေး ဝငိလုပ် ငါတို့အားပေးမယ်။မင့် နှမ 'မင့်အမ'တွေတောင် နိုင်အောင်မထိန်းနိုင်တာ'
မင့်အရည်အချင်း မင့်နားလည်ရင် ဘေးထွက်ထိုင်
အမေစုကို မျိုးချစ်စိတ်'နိုင်ငံချစ်စိတ် ရှိတဲ့သူတိုင်ယုံတယ်
ငါပြောချင်တာ ဒါပဲ

lotar said...

လက်တွေ့လုပ်ရမှာ

soe said...

ယထာဘူတ ကျတဲ့ comment ပါ
လေးစားပါတယ်ခင်ဗျာ။

Unknown said...

I also agree with Ko San Tun!

မင်္ဂလာဒိုး အနုပညာ အင်အားစု said...

မြေခွေးလိုကောက်ကျစ်ဆရာကြီးအမေကို လိုက်အာချောင်နေတာ

Unknown said...

ဒေါ်စုကို အပြုသဘောဆောင်တဲ့ ဝေဖန်မှုမျိုးကို ကြိုက်ပါတယ်။ ဒေါ်စုလဲ လူပါပဲ။ သူ့မှာလဲ အတ္တဆိုတာ ရှိတယ်။ သူ့အမျိုး၊ သူ့လူ၊ သူ့ပါတီ အစွဲတော့ ရှိမှာပါ။ ဝေဖန်တိုင်း ဆပ်ဆပ်ထိမခံတာတော့ လွန်ပါတယ်။

ma har said...

သို့
du wa ဒီမိုကရေစီရဲ့ အခြေခံ တွေကို ငါတို့အားလုံးနီးပါးသိထားကြပါတယ် ။ အမေစုကိုသာမက ဘယ်သူ့ကိုမဆို ဝေဖန်ပိုင်ခွင့် ရှိပါတယ် ။ ဝေဖန်တာကို သဘောကျပါတယ် ။အညင်းသန်က ရန်ဖြစ် ။ အဝေဖန်သန်က အမှန်တွေ့ ဆိုတာရှိပါတယ် ။ ဒါပေမဲ့ဝေဖန်တဲ့သူရဲ့ နှစ်လုံးသားဖြူစင်မှု ။တတ်သိနားလည်မှု ။ တွေးဆ ချင့်ချိန်နိုင်မှု တာတွေတော့ အခြေခံကောင်းဘို့လိုအပ်ပါတယ်လို့ထင်တယ် ။ ကိုလွမ်းဆွေ ရဲ့ဆောင်းပါးတွေက ဒေါ်စု နဲ့ nld ကိုပဲတိုက်ခိုက်နေတာများတယ် ။ကိုလွမ်းဆွေ ကိုပြောချင်ပါတယ် ငါက မင်းထက်တောင် ဝေဖန်ခဲ့သေးတယ် ။ ငါလေ ဘာသာရေးမှာ ပေမမီ ဒေါက်မမီကါလတုန်း ဗုဒ္ဗ ကိုတောင်ဝေဖန်ခဲ့ဘူးတယ် သစ္စာလေးပါး ကိုနားလည်တော့မှ ဗုဒ္ဗ ကိုအကြွင်းမဲ့လက်ခံတဲ့သူပါ ဒီတော့ ကိုလွမ်းဆွေ မင်းလဲ ပေမီအောင် ဒေါက်မီအောင် နိုင်ငံရေးကို ကြိုးစားလေ့လာ ပါဦးလို့အကြံကောင်းပေးလိုက်ပါတယ်ကွာ မင်းကိုသနားလို့ပါ

Maung Win said...

Ko Lun Swe,
You need a lot of experience and
reading about political.

ARZARNIMYOE said...

ဆရာလွဏ်းဆွေ ရော comment ရေးတဲ့ မိတ်ဆွေများရော အားလုံးဘဲ ဦးတည်ချက်က တစ်ခုတည်းဖြစ်မယ်လို့ထင်ပါတယ်။
ပထမတော့ ဆရာစာထဲကလိုကျွန်တော်လည်း ထင်မိပါတယ်။အားမလို အားမရပါဘဲ။ နောက် comment တွေဖတ်ရတော့ ပိုနားလည်သွားတယ်။
ကျွန်တော်ကတော့သာမန်ပြည်သူတစ်ယောက်ပါဘဲ။
အားလုံး အမုန်းမပွားကြဘဲ ညီညီညွတ်ညွတ် ဆွေနွေးကြစေလိုပါတယ်။ သည်ညည်းခံပြီး comment တွေတင်ထားပေးတဲ့အတွက်လေးစားပါတယ်။ အားလုံးကို ကျေးဇူးတင်ပါတယ်။

Ko Inwa said...

mgcakka ရေ ကိုယ့်နဲ့တန်ရာတန်ရာလေးဘဲနေပါကွယ် မင်းတို့အဖေတွေရှိမှာ အရင်ကလို ဖုန်းတို့၊ မြေကွက်တို့၊ တိုက်ခန်းတို့ ၊ဆိုင်းခန်းတို့ မရတော့လို့လား။ ဒီမှာလာမရူပ်နဲ့ ဘာမှမပေးဘူး၊ ကိုယ်တက်နိုင်သလောက်စွန့်လွတ်အနစ်နာခံပြီး ရပ်တည်နေကြတဲ့သူတွေကွ။ အေးအေး လူလူ ရှိတာထိုင်စားကြပါ။ အမျှ အမျှ အမျှ နော်။

Unknown said...

santun ပြောတာတို့ ထောက်ခံတယ်။
I agree with santun 100% .thanks

paper...bullet... said...

ဒေါ်အောင်ဆန်းစုကြည် ကိုဘာဖြစ်ဖြစ်ဝိုင်းထောက်ခံကြတာ သဘာဝကျပါတယ်၊စစ်အစိုးရ ကိုကြည်.ပေါင်းနေရတယ်လို.
လည်းမြင်ကြပါတယ် ။ ဒါပေမယ်.ခက်တာက စစ်အစိုးရ(ဦးသိန်းစိန်အစိုးရ) ကလည်း ဒေါ်အောင်ဆန်းစုကြည် ၇ဲ. procedure ကို သိနေတော. ဒေါ်အောင်ဆန်းစုကြည် ၇ဲ.ကြည်.ပေါင်းနေ
တဲ. နည်းဟာ နှစ်တွေသာ ကုန်သွားမယ်၊ DEMOCRACY
၇ဖို. မလွယ်ပါခင်ဗျား ။ကြားထဲကပြည်သူတွေက ဒီအချိန်မှာ
မြေစာပင်ပါ ၊ ကြေးနီတောင် ဒေသသားများအတွက် စိတ်မကောင်ပါ ။

blinlin said...

Hi all
Dr.luanswe article is i think right,Burman civil all people need to review every think.thank alot
Lin

Unknown said...

Tell me if i'm wrong.... But DASSK didn't mention about our civil war going on in Kachin State... I don't understand why... and i thought u guys seemed to know alot about politics of Burma ..... So I demand answers ... WHY???.... Because i'm Kachin .... And if the thing about DASSK didn't mentioning about the civil war is right, So we should fight or it's meant to fight .... But one thing is for sure we kachins are starting to doubt her.... We (Kachin) have a right to doubt her, right?.... What would u do in our place?? The governments are only blaming on KIA alone like it's all KIA's faults and to my amaze, Burmese around me seem to believe that .... Don't they know a country's army is much stronger than the rebels.... But now in the opposite, gov. military are killing us and KIA is protecting us... so i wanna see some comments about this one..

Unknown said...

19 .1 .2013
ဦးလွဏ်းဆွေခင်ဗျားဒေါ်စုအနေနဲ့ရည်ရွယ်ချက်တော့ရှိမှာပါ