Wednesday, December 12, 2012

“၁၂-၁၂-၁၂” နေ့လည်ပိုင်းတွင် သံဃာတော်များ အထွေထွေသပိတ် စတင် (လက်ပံတောင်းတောင် အထွေထွေသပိတ်စခန်းများ အကြမ်းဖက် ဖြိုခွဲခံရမှုကို ဆန့်ကျင်ကန့်ကွက်သည့်အနေဖြင့် ရန်ကုန်၊ မန္တလေး၊ ပခုက္ကူ၊ မုံရွာ၊ ပုသိမ်၊ ပြည်၊ ကလေး၊ စစ်တွေမြို့များတွင် ရဟန်းသံဃာတော်များ စီတန်းလမ်းလျှောက် ဆန္ဒထုတ်ဖော်ကာ လိုလားချက်များ တောင်းဆို၊ ဗကသကျောင်းသားများနှင့် ပြည်သူလူထု လိုက်ပါဝန်းရံ)

9 comments:

saw kt oo said...

စကိုင်းတိုင်းရဲတပ်ဖွဲ့နှင့်သာသနာရေးဝန်ကြီးတို့တောင်းပန်ပြီး တာမရဘူး၊သမတ္တကိုယ်တိုင်တောင်းပန် ရမယ်ဆိုပီးရာဇသံတွေ
ဘာတွေပေးတယ့်ကိုယ်တော်တွေကဘယ်အဆင့်တွေရှိ့နေလဲဟင်၊နိုင် ငံတိုးတက်ဘို့နိုင် ငံခြားရင်းနှီမြှတ်နှံမူကိုကာကွယ်ပေးရမှာ
နိုင် ငံတိုင်းရဲ့တာဝန်ပါ၊အဲဒါကြောင့်လဲဒီကိစ္စမှာအ နောက်နိုငံတွေကမကန့်ကွတ်ကြတာပါ၊ဒေါ်စုပြောသလိုရေရှဉ်ကို
တွေးမြင် နိုင်ကြပါစေခင်ဗျား

Moemin said...

လက်ပတောင်းတောင်ကိုလည်း စောင့်ကြည့်ထားရမယ်
သပိတ်မှောက်နေတုန်း ၀မ်ပေါင်နဲ့ ဦးပိုင်က အကုန်တူး
သွားအုံးမယ်

ct said...

မရဘူး ဘုန်းဘုန်းတို့ကို အာဏာလွဲမှကျေနပ်မှာ ဟဲဟဲ ကျမ်းကျိန်ဖို့တောင် လေ့ကျင့်နေပြီ

Unknown said...

သံဃာတော် တွေကိုလည်း လေးစာပါတယ် အမှတ်မထင် မှားယွင်းမှု တခုကို သမ္မတကြီး ကိုယ်တိုင် ကိုင်တွယ် ဖြေရှင်းလိုက် ရင် အားလုံး အဆင်ပြေ သွားမှာပါ သံဃာတော်တွေ ကိုထိခိုက် စေလိုတဲ့ ရည်ရွယ် ချက်နဲ့ လုပ်ဆောင်တာ တောမဖြစ်နိုင်ပါဘူး အောက်ခြေ ဝန်ထမ်းတွေရဲ့ ညံ့ဖျင်းမှု့ကြောင့် မှားယွင်းသွား ခြင်းသာ ဖြစ်နိုင်ပါတယ် ဒါကိုသမ္မတကြီးက အမှန်အတိုင်း ဖေါ်ထုပ်ပြီး ပြည်သူကိုချပြ နိုင်ဖို့ အရေးကြီးပါတယ်

Unknown said...

ဒါဘဲမြန်မာပြည်ဒီမိုက ရေစီနဲ့မတန်တာ၊ဗဟုသုတနဲသူတွေနဲ့အသုံးချ
ခံတွေဒီလိုသာလုပ်နေကြရင်တော့၊ဘယ်နိုင် ငံကမှယုံကြည်စွာရင်းနှီး
မြှတ်နှံမူ့တွေလာတော့မှာမဟုတ်ဘူး၊တိုင်းပြည်ဖွံ့ဖြိုးရေးလုပ်လို့ရ
တော့မှာမဟုတ်ဘူး၊သမတ္တကိုတောင် ရာဇသံတွေဘာတွေပေးနေကြ
တဲ့တိုင်းပြည်အခုကြည့်၊ဆိုတော့ဒီလိုတိုင်းပြည်မျိုးနေဝင်း၊သန်းရွေတို့နဲ့
ဘဲတန်တယ်၊

KO NAING said...

LIKE Ko Aung Ko comment.

Unknown said...

ကျုပ်တို့ ဗုဒ္ဓဘာသာနိုင်ငံမှာ နေကြတာ၊ သမုတိသံဃာတွေကို ဘုရင်တွေကတောင် ဦးချအထွဋ်အမြတ် ထားခဲ့တဲ့အစဉ်အလာနဲ့ နေခဲ့ကြတဲ့ တိုင်းပြည်ပါ။ သံဃာကိုကြည်ညိုတတ်ရင် သီလ၊ သမာဓိ၊ ပညာတွေနဲ့ပြည့်စုံပြီး ရဟန္တာဖြစ်နေတဲ့ သံဃာမှမဟုတ်ပါဘူး သံဃာအသွင်ကို ယူထားတဲ့ သံဃာအတု ဖြစ်နေဦးတော့ မြတ်စွာဘုရားအမှူးရှိတဲ့ အရှင်သူမြတ်တွေကို ရည်မှန်းပြီး သင်္ဃန်းအရောင်အသွင်ကို မြင်ရယုံနဲ့ အာရုံပြု ကြည်ညိုနိုင်ရတာပါ။ အိမ်က ဘုရားကျောင်းဆောင်ထဲက သက်မဲ့ရုပ်တုကိုတောင် ဘုရားအစစ်သဖွယ် ရည်မှန်းကြည်ညိုကြသေးရင် အပြင်လောကထဲက သက်ရှိ သံဃာတွေကို စိတ်ရင်းက နှစ်နှစ်ကာကာ ကြည်ညိုစွဲရှိရင် ဒုသီလ ရဟန်းဖြစ်နေဦးတော့ ကြည်ညိုတတ်ရင် သီလရှိတဲ့ ရဟန်းကို ကြည်ညိုလို့ ရတဲ့ကုသိုလ်နဲ့ အတူတူပါပဲ။

ပြီးခဲ့တဲ့ရက်ပိုင်း မဟနဆရာတော်တွေကို သာသနာရေးဝန်ကြီးက တောင်းပန်လျှောက်ထားတဲ့ပွဲမှာ..
မဟနဥက္ကဌဗားမော်ဆရာတော်ကြီးက သာသနာရေး ၀န်ကြီးကို သွယ်ဝိုက်ဆုံးမလိုက်တယ်။
အကျဉ်းချုပ်က..
ရဟန်းတစ်ပါးဟာ ဆွမ်းခံအပြန် အကြောင်းတစ်ခုကြောင့် လမ်းတစ်ဝက်မှာတင် သပိတ်ထဲမှာ ရှိနေတဲ့ ယာဂုကိုမော့သောက်နေတာကို အခြား သောတာပန်တည်ပြီးသား ရဟန်းတစ်ပါးက မြင်လိုက်တော့ ဒီရဟန်းဟာ သိက္ခာမရှိတဲ့ အကျင့်သီလနည်းတဲ့ရဟန်း ရယ်လို့ စိတ်နဲ့ ပစ်မှားလိုက်တယ်။
တကယ်တော့ ယာဂုကို မော့သောက်တာကို မယဉ်ကျေးတဲ့ အပြုအမှုဆိုပြီး ကိုယ့်အသိဥာဏ်နဲ့နှိုင်းပြီး သောတာပန်ရဟန်းက အထင်သေးစိတ်နဲ့ ဆော်ကားပစ်မှားလိုက်သူဟာ သူတစ်ပါးရဲ့ စိတ်ကို သိနိုင်စွမ်းတဲ့ အဘိဥာဉ်ရ ရဟန်းန္တာအရှင်မြတ်ပါ။ မတောင်းပန်မိရင် ပြစ်မှားမိတဲ့ရဟန်းဟာ နောက်တရားအဆင့်ဆင့်တွေ တိုးတက်ဖို့ မရှိတော့ပါဘူး။ အဲဒါကို ရဟန္တာကသိတော့ ပစ်မှားတဲ့ရဟန်းကို ငါ့ရှင် ဘယ်အဆင့်ရောက်နေပြီလဲလို့ မေးတော့ ပစ်မှားတဲ့ရဟန်းက သူဟာ သောတာပန်တည်ပြီးပါပြီးလို့ ပြန်လျှောက်တယ်။ အဲဒီအခါ ရဟန္တာမထေရ်ကြီးက ဒါဆိုရင် သင်နောက်အဆင့်တွေ ဆက်ပြီး ကြိုးစားမနေနဲ့တော့ သင်ဟာ ပရိရူပ၀ါဒကံထိုက်သွားပြီ။ အဲဒါနဲ့ သောတာပန်ရဟန်းက ချက်ခြင်း ပြားပြားဝပ်ရှိခိုးတောင်းပန် လိုက်မှ အဲဒီကံ ပြေပျောက်သွားရတယ်..............

Unknown said...

ဒီလိုပါပဲ.. လယ်တီဆရာတော် ဘုရားကြီးရဲ့ သမိုင်းဝင်မှတ်တမ်း အထိန်းအမှတ်နေရာနဲ့ပတ်သက်ပြီး သာသနာကို စောင့်ရှောက်လိုစိတ်၊ အများပြည်သူတွေ တွေ့ကြုံနေရတဲ့ ဆင်းရဲဒုက္ခတွေကို ကာယကံမေတ္တာနဲ့ အသက်ကိုပဓါနမထား စွန့်လွှတ် စောင့်ရှောက်လိုစိတ်နဲ့ သပိတ်စခန်းမှာ ထိုင်ပြီး မေတ္တာသုတ်ရွတ်၊ ပဌာန်းရွတ် ငြိမ်သက်စွာ သပိတ်မှောက်ဆန္ဒဖော်ထုတ်တာကို မြင်ယုံနဲ့ ကိုယ့်အသိဥာဏ်နဲ့နှိုင်းပြီး ရဟန်းအလုပ်၊ ရဟန်းမလုပ်ဖူးဆိုပြီး ဘုန်းကြီးမဟုတ်တဲ့ သင်္ဃန်းဝတ်တွေသာဖြစ်တယ်ဆိုပြီး မီးလောင်ဗုန်းတွေနဲ့ ပစ်ခွင်း ကာယကံမြောက် သံဃာကို ဆော်ကားလိုက်တယ်။
ခံရတဲ့ရဟန်းထဲမှာ သောတာပန်၊ တစ်နေ့တစ်ချိန်မှာ ရဟန္တာဖြစ်မယ့် ရဟန်းမပါဘူးလို့ ပြောလို့မရနိုင်ဘူး။ သောတာပန်အဆင့်ရှိတဲ့ ရဟန်းတောင် အပြုအမှုအပေါ် မျက်စိအမြင်နဲ့ဆုံးဖြတ်တဲ့အခါ ရဟန္တာကိုတောင် သာမန်ယဉ်ကျေးမှုမရှိတဲ့ ရဟန်းလို့ လွဲမှားစွာ ပစ်မှားမိတတ်ပါတယ်။
လက်ပံတောင်းတောင် ပြဿနာမှာလို သံဃာတော်တွေကို ဆော်ကားပစ်မှားခဲ့သူတွေဟာ ကိုယ်တိုင် ၀န်ချတောင်းပန်ခြင်း မရှိခဲ့ရင် ဒီဘ၀မှာ ရှင်လျက်နဲ့ ဘ၀ဟာသေသွားရတတ်သလို နောင်သံသရာအတွက်လည်း ဘယ်လိုမှ မကောင်းနိုင်ဘူးဆိုတာကို ဆရာတော်ကြီးက သိနားလည်လို့ ကိုယ်တိုင်ကိုယ်ကျ တောင်းပန်ဖို့ သွယ်ဝိုက် မိန့်ကြားတာ ဖြစ်ပါတယ်။ သံဃာတော်တွေကို ကိုယ်ထိလက်ရောက် ကာယကံမြောက် ပစ်မှားတဲ့ အကုသိုလ်အကျိုးဟာ အင်မတန်ကြီးလေးပါတယ်။ တိုင်းပြည်အုပ်ချုပ် မင်းလုပ်သူတွေ ဒီလို ကြီးမားတဲ့အကုသိုလ်ကံတွေနဲ့ ရှေ့ဆက်လို့ မရစကောင်းတာ ဆရာတော်ကြီးတွေက သိနားလည်ပေမယ့် စစ်သားကြီးတွေရဲ့ မာန်မာနကို သိလို့ တော်တော်စဉ်းစားချင်းချိန်ပြီး သွယ်ဝိုက် မိန့်ကြားရပုံရပါတယ်။ ၂၀၀၇ သံဃာအရေးအခင်းအကုသိုလ်ကြောင့် နာဂစ်လို သဘာဝဘေးအန္တရာယ်တွေ ကြုံခဲ့ရတယ်။ ကြိုးကိုင်ခဲ့တဲ့ ဗိုလ်ချုပ်ကြီး အသေဆိုးနဲ့ သေခဲ့ရတယ်။
ဒါပေမယ့် အကုသိုလ်ကြီးစိုးနေသူတွေကတော့ သဘောပေါက်ပုံ မရပါဘူး။
တိုင်းပြည်က တန်ဖိုးထားမြတ်နိုးတဲ့ သံဃာတော်တွေကို ရက်စက်၊ အရုပ်ဆိုး အကျည်းတန်စွာ မီးရှို့ လောင်တိုက်သွင်းခဲ့တဲ့ သူတွေကို ဒီလိုမှမလုပ်ရင် ဒီထက် ပိုဆိုးတဲ့အကုသိုလ်တွေ ကြုံတွေ့လာနိုင်စရာရှိတယ်။

Unknown said...

ဦးသိန်းစိန် တက်လာတော့ အတော်ကြီးကို လေးစားဦးခိုက်မိတယ်။ သူများတွေ မကောင်းပြောရင်တောင် နဲနဲမှ မခံခဲ့ဘူး။ အသိအမြင် မရှိသူတွေလို့ ရှုံ့ချခဲ့ဘူးတယ်။ ငါတို့ရဲ့ စုတ်ပြတ်နုံခြာတဲ့ ဘ၀တွေကို အမှန်ကိုအမှန်တိုင်း မြင်ပြီး တိုင်းပြည်ကောင်းစားအောင် ကယ်မမယ့် ရှာမှရှားတဲ့ စစ်သားအိုကြီး၊ သူတော်ကောင်းကြီးလို့ ယုံမှတ်ထားတာပါ။
ဒါပေမယ့် အခုလို သံဃာတော်တွေအပေါ်မှာတောင် ဗုဒ္ဓဘာသာဝင်တွေရဲ့ နေ့ကြီးအခါကြီးကိုတောင် မရှောင်နိုင်ဘဲ ရန်သူလို သဘောထား ရက်စက်လွန်းစွာ ပြုမူပြီး၊ ပြည်သူရဲ့ဆန္ဒကို လစ်လျူရှု အာဏာရှင်စရိုက်ကို အပြည့်အ၀ ပြန်မြင်လိုက်ရတော့ ယူကြုံးမရ ဖြစ်မိတယ်။ ငါတို့ဘ၀တွေ ကံဆိုးလိုက်လေခြင်းလို့ စိတ်မကောင်းခြင်းကြီးစွာ ဖြစ်ရတယ်။
အဲဒီတော့ ဒီလို ဟန်ဆောင်ပန်ဆောင် အရပ်ဝတ်လဲထားပေမယ့် အနှစ်သာရက အရင် အာဏာရှင် ပုံစံအတိုင်းပါပဲ။ ကမ္ဘာရဲ့ အရှိန်ကြောင့် သူတို့ရဲ့ သိက္ခာကို ထိန်းထားလို့သာ အပေါ်ယံရွှေမှုံကြဲ ဒီမိုကရေစီအတုကြီးနဲ့တော့ တိုင်းပြည် ဘယ်နေရာမှ တိုးတက်စရာ လမ်းစ မရှိဘူးလို့ တွေးမိလာတယ်။
မြေသိမ်းခံ လယ်သမားအရေး၊ အလုပ်သမားအရေး၊ ငြိမ်းချမ်းရေး စတာတွေအားလုံးမှာ အစိုးရအနေနဲ့ ထိရောက်အောင် ကိုင်တွယ်ဖြေရှင်းရင် ရနိုင်ပါလျက် အချိန်ဆွဲပြီး ခရိုနီနဲ့ သူတို့ရဲ့ အကျိုးစီးပွားတွေကို နည်းအမျိုးမျိုးနဲ့ ကြိုးစားကာကွယ်နေတာကိုပဲ တွေ့နေရတယ်။
စစ်သားဟောင်း အရင့်အမာကြီးတွေ လုပ်နေပြီး ပြဿနာတစ်ခုခု ဖြေရှင်းမယ်ဆိုရင် ကိုယ့်ဖက်က ဘာမှားနေလဲဆိုတာကို မမြင်နိုင်ပဲ၊ ဘယ်သူ့ကို ဘယ်လို လွှဲချရမလဲ၊ ဘယ်လို အပြစ်ပြောရမလဲဆိုတဲ့ အမြင်နဲ့ ဖြေရှင်းတာမျိုးကိုပဲ တွေ့နေရတယ်။ ဒါဟာ ရင့်ကျက်၊ တည်ကြည်မှန်ကန် သူတွေရဲ့ အပြုအမူ မဟုတ်ဘူး။
အနှစ်ချုပ်ပြောရရင် အများကြိုက် ဖြေလျော့မှု အချို့တ၀က်ကို ဟန်ပြလျှော့ပေးပြီး ဒီလို ရွှေရည်စိမ်ဒီမိုကရေစီကြီးကတော့ သိပ်ပြီး အကျိုးများစရာ မရှိဘူးလို့ပဲ ပြောချင်တယ်။
သူတို့ပြောသလို ရဟန်းအလုပ် ရဟန်းမလုပ်တဲ့ သင်္ဃန်းဝတ်တွေပဲ ဆိုပါစို့။ ဒါဟာလည်း ပြည်သူတွေပဲမို့ ဒီလို မီးလောင်တိုက်သွင်းသည်အထိ အကြမ်းဖက်စရာ အကြောင်းကို မရှိပါဘူး။