Saturday, December 8, 2012

အမှားနဲ့ အများ

အမှားနဲ့ အများ
မေဓာဝီ

အမှားကို ထောက်ပြဖို့
အများကို ကြောက်ရမှာလား။

အမှားကို ညွှန်ပြဖို့
အများကို မလွန်ဆန်နိုင်ကြဘူးလား။

အများကို ငဲ့ပြီး
အမှားကို ချဲ့ကြမှာလား။

အများ မမုန်းအောင်
အမှားကို ဖုံးထားမှာလား။

အများ အပြစ်ဆိုဆို
အမှားကို မနှစ်လိုသူ ငါ …။

တရွာနဲ့ တယောက်မို့
ရွာအပြင်သို့ ထုတ်လည်း
မငြင်းဘဲ သွားမယ်။

တယောက်တည်းနဲ့ ငါ့ကမ္ဘာ
အမှားမပါ စကားမဖွာ …
အင်း …
တရားလည်း မနာလိုတော့ပါဘူး။

ရွာဦးက ကျောင်းကန်ဘုရား
လင်းတပဲ နားနား
ထားခဲ့ပါရစေတော့ ...
ခပ်မော့မော့ ရွာပြင်ထွက်
ငါ့အသက် ငါ့သွေးသား
နှလုံးသားမှာ ဘုရားတည်လျက်။ ။

မေဓာဝီ
၂၃၊ ၂၊ ၂၀၁၂
၁၅း၄၀ နာရီ
http://maydar-wii.blogspot.com/2012/02/blog-post_23.html

2 comments:

ှဲKaung said...

ကိုယ်ကိုကိုယ်အထင်ကြီးပြီး မဖြစ်စလောက်ဥာဏ်လေးနဲ့  တလောကလုံးအမှား ကိုယ်ပဲ အမှန်ထင်တာ အဆိုးဆုံး အရူးရောဂါပဲ။

yoo said...

အမှားမပါ စကားမဖွာ …လို့ လဲ ဆိုသေး....

ဆက်ပြီးတော့..

(တရားလည်း မနာလိုတော့ပါဘူး။
ရွာဦးက ကျောင်းကန်ဘုရား
လင်းတပဲ နားနား
ထားခဲ့ပါရစေတော့ ...
ခပ်မော့မော့ ရွာပြင်ထွက်
ငါ့အသက် ငါ့သွေးသား
နှလုံးသားမှာ ဘုရားတည်လျက်။ )..ဆိုပြီး
ဆက် ဖွာ နေသေးတယ်။

စကားမဖွာ လို့ သာ တော်တော့ရယ်...
ဖွာ လို့ ကတော့..
ရွာဦးက ကျောင်းကန်ဘုရား
မီးရှို့ မယ့်လူ ပဲ..။
သူ့ လဒ တောင် နားဖို့  ဗဒင်(နေရာ) ပျောက်သွားမယ်။