Thursday, December 6, 2012

ဓာတုအဆိပ်သင့် မီးလောင်ဒဏ်ရာရ သံဃာတော်များ နိုင်ငံခြားတွင် ဆေးကုသမှု ဆက်လက်ခံယူနိုင်ရေး ၀ိုင်းဝန်းကြိုးပမ်းပေးကြပါ (ပေးစာ)

ဓာတုအဆိပ်သင့် မီးလောင်ဒဏ်ရာရ သံဃာတော်များ
နိုင်ငံခြားတွင် ဆေးကုသမှု ဆက်လက်ခံယူနိုင်ရေး ၀ိုင်းဝန်းကြိုးပမ်းပေးကြပါ
တာဝန်သိ မန္တလေးသားတဦး ရေးသားပေးပို့သည်။

လက်ပန်းတောင်းတောင်ကြေးနီစီမံကိန်း ရပ်ဆိုင်းရေး အထွေထွေသပိတ်စခန်းတွေက သံဃာတော်တွေကို သမ္မတဦးသိန်းစိန်အစိုးရက မီးလောင်ဗုံးတွေနဲ့ အကြမ်းဖက် ဖြိုခွဲခဲ့ပြီးနောက် ဒဏ်ရာရ သံဃာတော်တွေဟာ မုံရွာဆေးရုံးကြီးမှာ ဆေးကုသမှုခံယူခဲ့ရပါတယ်။ အခြေအနေ ပိုဆိုးလာပြီးတဲ့နောက်မှာတော့ မန္တလေးဆေးရုံကြီးကို ပို့ပြီး ကုသမှုတွေ ဆက်လုပ်ခဲ့ပေမယ့် မီးလောင်ဒဏ်ရာတွေဟာ ဓာတုအဆိပ်သင့်တဲ့ ပုံစံအနေအထားမျိုးတွေ ဖြစ်တာကြောင့် အနာများရင်းခြင်း၊ ပြည်တည်နာများဖြစ်ခြင်း၊ အရေပြားတွေကို တဆင့်ပြီးတဆင့် စားသွားခြင်း၊ အနာများ ယိရွဲလာခြင်းတွေ ဖြစ်ပေါ်ခဲ့ပါတယ်။

ဒီအနာတွေရဲ့ အခြေအနေတွေကို တိတိကျကျ ဓာတ်ခွဲစစ်ဆေးဖို့နဲ့ အခြေအနေ ပိုပြီးမဆိုးဝါးအောင် ဆေးကုသမှုခံယူဖို့အတွက် နိုင်ငံတကာက ကျွမ်းကျင်တဲ့ ဆရာဝန်တွေနဲ့ ကုသမယ်ဆိုရင် ပိုပြီး သင့်တော်ဖွယ်ရှိတယ်လို့ အမည်မဖော်လိုသူ မန္တလေးမြို့နေ ဆရာဝန်တချို့က အကြံပြုကြပါတယ်။ အနည်းဆုံး အိမ်နီးနားချင်းနိုင်ငံတွေမှာ ကုသမယ်ဆိုရင်တောင် အဆင်ပြေနိုင်ဖွယ်ရှိတယ်လို့ ဆိုပါတယ်။

သံဃာတော်တွေကို ဒီအတိုင်းထားမယ်ဆိုရင် အသက်အန္တရာယ်ပါ ထိခိုက်နိုင်ဖွယ်ရှိနေပါတယ်။ မန္တလေးဆေးရုံကနေ ဆေးဝါးကုသမှု လုံလောက်ပြီဆိုပြီး ဆေးရုံက ဆင်းခိုင်းတဲ့အတွက် သံဃာအပါး ၃၀ ကျော်ဟာ ဒီဇင်ဘာလ ၄ ရက်နေ့က ဆေးရုံက ဆင်းခဲ့ရပါတယ်။ ဒီထဲက သံဃာ ၃ ပုံတပုံခန့်ဟာ ဆေးကုသမှု လိုအပ်နေဆဲ ဖြစ်ပါတယ်။ ဆေးရုံအုပ်အနေနဲ့ မန္တလေးဆေးရုံက ကုသမှုနဲ့ လုံလောက်တယ်လို့ ပြောဆိုနေခြင်းဟာ အစိုးရကို ကာကွယ်ပေးနေခြင်းသာဖြစ်ပြီး ဆေးရုံအုပ်ဟာ ပြန်ကြားရေးဝန်ကြီးဟောင်း လက်ရှိသမ၀ါယမ၀န်ကြီး ဦးကျော်ဆန်းရဲ့ ညီတ၀မ်းကွဲဖြစ်ကြောင်း သိရပါတယ်။ အစိုးရကို ကျောထောက်နောက်ခံပြုထားတဲ့ ဆေးရုံအုပ်အနေနဲ့ သံဃာတော်တွေကို သက်သာပြီဆိုပြီး ဆေးရုံက ဆင်းခိုင်းခြင်း၊ အခြေအနေ ဆိုးဝါးနေတဲ့ သံဃာတော်တွေကို အခြေအနေမှန်ကို မပြောခြင်းတွေကလည်း သံသယရှိဖွယ် အခြေအနေတွေ ဖြစ်နေပါတယ်။

ဒီအတွက် ဒဏ်ရာအခြေအနေ စိုးရိမ်ရတဲ့ သံဃာတော်တွေ နိုင်ငံခြားမှာ ကျွမ်းကျင်တဲ့ ဆရာဝန်တွေနဲ့ အမြန်ဆေးဝါးကုသခွင့်ရဖို့ အစိုးရတာဝန်ရှိပုဂ္ဂိုလ်တွေအနေနဲ့ အစစအရာရာ အဆင်ပြေအောင် စီစဉ်ပေးဖို့ အထူးလိုအပ်နေသလို နိုင်ငံတကာရောက် မြန်မာများအနေနဲ့လည်း မိမိတို့ တတ်နိုင်တဲ့ဘက်ကနေ ၀ိုင်းဝန်းတောင်းဆိုပေးကြဖို့၊ အကူအညီပေးကြဖို့ လိုအပ်နေပါကြောင်း အသိပေးရေးသားလိုက်ရပါတယ်။

မန္တလေးသားတဦး

9 comments:

aristhteinwin said...

တခြား မလိုတဲ့နေရာတွေမှာ သုံးစွဲအကုန်အကျခံခြင်းဟာ ဘာမှ မထိရောက်သလို သဲထဲရေသွန်ဖြစ်နေပါတယ်။ အခုလို တကယ်လိုအပ်တဲ့နေရာမှာ ပေးကမ်းထောက်ပံ့လှူဒါန်း ခြင်းက အလှူခံရော လှူသူပါ ပိုပြီးထိရောက်ပါတယ်။
နိုင်ငံခြားသွားပြီး ဆေးကုဖြစ်လျှင် မိမိ တတ်အားသမျှ လှူဒါန်းဘို့ စိတ်ကူးရှိပါတယ်။

Myanmar said...

ဒီအတိုင်းသာမှန်၇င် အန်တီစုအနေနဲ့ေ၇ငုံနှုတ်ပိတ်မနေပါနဲ့ခင်ဗျာ။ ထိထိေ၇ာက်အေ၇းယူဆောင်၇ွက်မှုပေးဘို့ လေးစားစွာတောင်းဆိုပါတယ်။ ။

အောင်းသူ said...

ရဲခွေးတွေ တရုပ်ဖင်စုပ်ကောင်းတွေ မင်းးတို့အဖေ အမေ သိန်းစိန်သွားလုပ်ပါလား လူမဆန်တဲ့ကောင်းတွေ

ct said...

မင်းသတင်းမှန်ရင် လူမှူရေးအသင်းတွေ နဲ့ nld ကလူတွေ ၈၈ တွေကပြောမှာပါ မဟုတ်ဘဲနဲ့ ပွဲဆူအောင် မလုပ်ပါနဲ့

ct said...

ဘုန်းဘုန်းတို့က လွှတ်တော်မှာ ၅၀ ရာနှုန်း ပါခွင့်ပေးရမယ် ပြီးရင် ဘာသာရေး တပ်ဖွဲ့ပေးရမယ် နိုင်ငံခြား ရင်းနှီးမြှုပ်နှံ သူတွေလာရင် ဘုန်းဘုန်း တို့ခွင့်ပြုမှ လုပ်ရမယ် အဲဒါတွေရမှ သပိတ်လှန်မယ် ဟဲဟဲ

Unknown said...

ct ပြောတာကို အပြည့်အဝ ကို ထောက်ခံတယ်ဟေ့

Maung Maung Kyaw Win said...

UNION OF MYANMAR ECONOMIC HOLDINGS LTD. AND CHINESE WAN BAO COMPANY HAVE FULL RESPONSIBILITY TO TAKE CARE OF THE INJURED SANGAS. THEY MUST TREAT ALL THE SANGAS UNTIL ALL FULLY RECOVERED AND DISCHARGE FROM HOSPITALS. THEY HAVE POWER AND MONEY. THEIR HOLDINGS IS TOO BIG AND IT EARN A LOT OF MONEY EACH YEAR. HOWEVER, THEIN SEIN ANSWERED AT AN INTERVIEW WITH BBC THAT U PAING HAS ONLY TWO MINING BUSINESSES. US AND EEC COUNTRIES HAVE BEEN DOUBLE CROSSED BY THE MILY. REGIME AND IT IS NOT TOO LATE TO ABORT THEIR MISSIONS.

ကိုမျိုး said...

အရမ်းမိုက်ရိုင်းတဲ့ဆရာဝန် ပဲ အပြင်မှာတွေ့ရင်မင်း အသက်ဖက်နဲ့ထုပ်ထားတော့ ကွာ

Unknown said...

သူများရေးတာတွေဖတ်ပြီးကျွန်တော်လဲရင်ထဲကခံစားခက်တစ်ခုကိုတင်ပြချင်လာတယ်ကျွန်တော်ကလုပ်သက်(၂၅)
နှစ်ရှိတဲ့ရဲတပ်ကြပ်ကြီးတစ်ယောက်ပါ။ကျွန်တော်နောက်(၅)နှစ်ဆိုရင်လုပ်သက်ပင်စင်ယူလို့ရပါပြီတပ်ကြပ်ကြီးလုပ်သက်လည်းဘားဆုံးနေလို့မျော်လင့်စရာနှစ်တိုးလဲမရှိတောပါဘူး၊ကျွန်တော်တို့ရဲတပ်ဖွဲ့မှာတပ်ကြပ်ကြီးလုပ်သက်ဘယ်လောက်မှအရာခံ အဆင့်တိုးပေးတာပါလဲ သတ်မှတ်ထားတဲ့စည်းကမ်းချက်တွေကိုသိပါတယ် စာထဲမှာ ရှိတာဖတ်ဖူးလို့ပါအပြင်မှာတော့အရာခံ အဆင့်တိုးစာမေးပွဲတစ်ခါမဖြေဘူးပါဘူးပင်စင်မယူခင်နောက်(၅)နှစ်မှာလဲဖြေရမယ်မထင်ပါဘူးရှင်းတတ်ရင်ဘာကြောင့်လဲလို့ရှင်းပြပေးကြပါလားခင်ဗျာ