Saturday, December 29, 2012

၂၀၁၅ ငါးစာနဲ့ မာယာလမ်းလွှဲ

၂၀၁၅ ငါးစာနဲ့ မာယာလမ်းလွှဲ
ဒေါက်တာလွဏ်းဆွေ

ကြံ့ဖွံ့စစ်အုပ်စုက အတိုက်အခံခေါင်းဆောင်တွေကို ၂၀၁၅ ရွေးကောက်ပွဲဆိုတဲ့ ငါးစာပြပြီး ကချင်၊ ရခိုင်၊ လက်ပံတောင်းအရေးကိစ္စတွေမှာ သူတို့စစ်အုပ်စုရဲ့ ဖိနှိပ်ရက်စက်မှုတွေအပေါ် ဝေဖန်တိုက်ခိုက်တာတွေ မလုပ်ရဲအောင်၊ ပြည်သူကို ရှေ့ကနေ မားမားမတ်မတ် ရပ်ပြီး အကာအကွယ် မပေးရဲအောင် အမျိုးသားပြန်လည်သင့်မြတ်ရေးယောင်ယောင် မယောင်ရာဆီလူး အလုပ်တွေနဲ့ လမ်းလွှဲထားတာကို တွေ့နေရတယ်။ (အတိုက်အခံတွေလည်း တက်ကြမယ်၊ ဦးအောင်မင်းနဲ့ ဦးစိုးသိန်းတို့လို သမ္မတ ဦးသိန်းစိန်ရဲ့ လူယုံတော်ကြီးများလည်း တက်ကြမယ်၊ အစိုးရအဖွဲ့ဝင် ရုပ်သေးဝန်ကြီးများလည်း တက်ကြမယ်။ ဆိုကြမယ် ပျော်ကြမယ် ဟောကြမယ်၊ ပြောကြမယ်၊ ပျော်ပျော်ပါးပါးပေါ့ကွယ် ဆိုတဲ့ နည်းလမ်းပေါ့)။

အတိုက်အခံတွေ လက်ခုပ်သံတဖြောင်းဖြောင်းနဲ့ ပွဲပေါင်းစုံ ဆူညံနေချိန်မှာ စစ်အုပ်စုက ဒေါ်အောင်ဆန်းစုကြည်ကို အသုံးချပြီး လက်ပံတောင်းအရေးကို မျက်လှည့်ပြဖို့ ကြံစည်နေတယ်။ ကချင်ကို မဲတိုက်နေတယ်။ ရခိုင်-ကူမင်း သဘာဝပိုက်လိုင်းစီမံကိန်းကို တက်သုတ်ရိုက် ကြိတ်လုပ်နေတယ်။ ကချင်အရေးနဲ့ လက်ပံတောင်းအရေးမှာ သူတို့ အလျှော့ပေးလိုက်ရရင် ရခိုင်-ကူမင်းသဘာဝဓာတ်ငွေ့ပိုက်လိုက်စီမံကိန်း ရပ်ဆိုင်းရေးဆီ လှည့်လာတော့မှာကို ၀ံပုလွေကြံ့ဖွံ့စစ်အုပ်စုက ကောင်းကောင်းကြီး သဘောပေါက်ပေသကိုး။ အဲဒီကတဆင့် သူတို့ ဆုပ်ကိုင်ထားတဲ့ အာဏာကိုပါ ပြည်သူ့အားနဲ့ ထိပါးလာတော့မယ် ဆိုတာကို သူတို့ ရိပ်စားမိကြပေသပေါ့။

အဲဒီအတွက် ၂၀၁၅ မတိုင်ခင် သူတို့ရဲ့အာဏာကို လူထုအားနဲ့ လာမထိပါးစေရေး စစ်အုပ်စုအနေနဲ့ အကြံအမျိုးမျိုးထုတ် လုပ်ဆောင်နေတာကို မြင်တတ်သူတွေ မြင်ကြမှာ။ သူတို့ အာဏာတည်မြဲရေးအတွက် အတားအဆီးလို့ ထင်တဲ့ကိစ္စတွေကို ရှင်းလို့ မပြီးမချင်း၊ ရခိုင်-ကူမင်း သဘာဝဓာတ်ငွေ့ပိုက်လိုက်စီမံကိန်း မပြီးမချင်း (၂၀၁၃ နှစ်ကုန်မှာ ပြီးစီးအောင် ကြိုးစားနေတယ်လို့ သိရ) တော့ အတိုက်အခံတွေကို ၂၀၁၅ ငါးစာလေး ပြပြပြီး အခုလိုပဲ လျှော့တန်တာလျှော့၊ တင်းတန်တာတင်းနဲ့ စခန်းသွားနေဦးမယ်လို့ထင်တယ်။ ကိစ္စ၀ိစ္စတွေ ရှင်းအပြီး၊ ပိုက်လိုက်စီမံကိန်း ပြီးတာနဲ့ ၂၀၁၄ ကနေ ရွေးကောက်ပွဲမတိုင်ခင်ကြား ကြံ့ဖွံ့အုပ်စုရဲ့ ရွေးကောက်ပွဲအနိုင်ရရှိရေး ညစ်လုံးညစ်ကွက်တွေနဲ့ နှိပ်ကွပ်ခြေမှုန်းရေးအစီအစဉ်တွေအောက်မှာ အတိုက်အခံတွေရဲ့ ကံကြမ္မာကတော့ (ခုခံတုံ့ပြန်ဖို့ စနစ်တကျ ပြင်ဆင်မထားရင်) မတွေးရဲစရာ ...။

စစ်အုပ်စုက အဲသလို ဥာဏ်နီဥာဏ်နက်တွေထုတ်ပြီး အတိုက်အခံတွေကို လမ်းလွှဲတန်လွှဲ၊ နှုတ်ပိတ်တန်ပိတ်နဲ့ သူတို့အတွက် သေရေးရှင်ရေးတမျှ အရေးကြီးတဲ့ကိစ္စတွေကို ကြိတ်ပြီး ကိုင်တွယ်ဖြေရှင်းနေချိန်မှာ ၂၀၁၅ ငါးစာလေး ပြုတ်ကျသွားမှာ၊ ကြံ့ဖွံ့စစ်အုပ်စု ငြိုငြင်မှာကို စိုးရိမ်နေကြတဲ့ အတိုက်အခံခေါင်းဆောင်တွေကတော့ (ကချင်အရေး ကန့်ကွက်ရှုတ်ချဖို့ ဝေးစွ၊ ပြည်တွင်းငြိမ်းချမ်းရေးအတွက် တက်ညီလက်ညီ တောင်းဆိုဆန္ဒဖော်ထုတ်ဖို့ ဝေးစွ) စစ်အုပ်စု လမ်းလွှဲပေးထားတဲ့ နှပ်ကြောင်းအတိုင်း လက်ခုပ်သံမစဲ အပွဲပွဲများကို နွှဲပျော်နေကြတုန်းပင် ရှိနေသေးပါကြောင်း ...။

ဒေါက်တာလွဏ်းဆွေ

15 comments:

zawtun1979 said...

ကြိုက်တယ်ဗျာ

tt said...

Zaw tun. အရူး ဘာမှ မသိဘဲ ကြိုက်တယ်တဲ့

Tomahawk said...

မှန်လိုက်လေဗျာ၊စစ်အုပ်စုကဒေါ်စုနဲ့လူထုကိုရန်တိုက်ပေးတာ
ဒေါ်စုနဲ့စစ်အုပ်စုကြားမှာအပေးအယူရှိတာကတော့သေချာတယ်
စစ်သားဆိုတဲ့ကောင်တွေကလူသားစင်စစ်မှမပာုတ်တာ၊သူတို့အကျင့်အတိုင်းကောက်ကျစ်စဉ်းလဲ၊ဗျောင်လိမ်အုံးမှာပဲ
ဒီနေရာမှာမေးစရာရှိတာကပြည်သူလူထုရောဒေါ်စုရောနောက်ထပ်
ဘယ်နှစ်ခါအလိမ်ခံချင်သလဲဆိုတာပဲ။
Those wicked regimes must understand that there will be NO win-win game they can play, they must not forget what they did in the past several years.

Unknown said...

အချစ်နဲ့စစ်မှာမတရားတာမရှိဘူးလို့ပြောကြတာဘဲ

UShinGyi said...

ဒီလောက် မငြိမ်းမချမ်းနဲ့ ရှုပ်ထွေးနေတဲ့ ခေတ်အခါ အချိန်ကာလကြီးမှာ သူမလို့ အဆိုတော်တွေ သရုပ်ဆောင်တွေ မျက်နှာရူးတွေနဲ့ ပျော်နေနိုင်တယ်။ အံတယ်ဗျာ ။ အေးပေါ့လေ သူ့ဖေဖေ ထူထောင်ခဲ့တဲ့ စစ်တပ်က စစ်သားကြီးတွေအပေါ် နားလည်ပေးတာပဲ လွန်နေတာလား ကိုကိုယ်တိုင် ဘယ်အနေအထားရောက်နေပြီးဆိုတာကို ပဲမသိတာလား။ကောင်းသလိုတာလုပ်ကျပါဗျာ ခင်ဗျာတို့လုပ်မှပဲ ကျွန်တော်တို့ အမိမြန်မာနိုင်ငံကြီးလဲ တခုခုဖြစ်တော့မှာပါ ... ကောင်းရာ ကောင်းကြောင်းတွေ ဖြစ်လာတော့မှာပါ လို့ပြောတာနော် ။ စစ်သားဆိုတဲ့ အမျိုးက သူတို့ စားလို့ ခိုးလို့ ဓါပြတိုက်လို့ လုပ်ချင်တာလုပ်ပြီးလို့ ၀မှ့  ကဲ ခင်များတို့ ကြိုက်သလိုသာ လုပ်ကျပါတော့ဗျာ ကျုပ်တို့တော့ နိုင်ငံရေးနဲ့ ခက်ကင်းကင်းနေတော့မယ်ဆိုပြီး အမိမြန်မာပြည်ကြီး အခွံကျန်မှသာ နိုင်ငံရေးအာဏာကို ဒေါ်စု လက် ထိုးအပ်မှာ မြင်ယောင်ပါသေးတယ်။

Unknown said...

ဘယ်အလုပ်ကို လုပ်ပါဟု သမ္မတ ဦးသိန်းစိန်က တာဝန်ပေးမှ ဥပဒေစိုးမိုးရေးကော်မတီအနေဖြင့် အလုပ်လုပ်၍ ရနိုင်မည်ဟူလျှင်မူ ဥက္ကဌနေရာမှ အမြန်ဆုံး ထွက်သင့်ပါသည်။ လူထုက အားကိုးသော ငြိမ်းချမ်းရေးနိုဗယ်ဆုရှင်ကြီးသည် အစိုးရ၏ ခိုင်းဖတ်မဖြစ်သင့်ပါ။ ၂၀၁၅ ရွေးကောက်ပွဲတွင် သမ္မတဖြစ်နိုင်ပါမည်ဟူ၍ မက်လုံးချပေးထားသည်ကို ဟုတ်ယောင်နိုးနှင့် စစ်ခေါင်းဆောင်များ မနှစ်သက်မှာ စိုးရိမ်သဖြင့် တိုင်းပြည်နှင့်လူထုအတွက် လက်တွေ့နှင့် အမြန်ဆုံး လိုအပ်နေသော ငြိမ်းချမ်းရေးကိစ္စများအား လက်ရှောင်တာမျိုးဖြစ်လျှင် မသင့်တော်ပါ။

LITTLE BURMA GROCERY said...

မောင်လွဏ်းဆွေကိုယ်တိုင်လည်း ဟိုရေးဒီရေး ရှောက်ရေး စောင့်ရေးနေရင်း ကချင်အရေး ၀ိုင်းဝန်းရှုတ်ချထားတာ မတွေ့ရသေးပါကြောင်း သတိပေးလိုပါကြောင်း။

haymar said...

All people have own responsibility to remove this military shadow/military governing system.

They are killers, thieves,liers, betrayers,
cheaters using killing own people not protecting the country/ take huge profit from people and let people un-educate, poor, unhealthy, unhappily,gumblers / take all natural resources unfairly upon the country.

If they suffer some desease, they go to be hospitalize at very popular doctors/expensive hospital in the developed countries.

They let their children study at the overseas, granted Schools/Universities.

They are living without struggle,
but staying with killing people.

Shall we remove this kind system, nothing left the bad history for future/the next generations.

မိုးကြိုး said...

i think the best policy for myanmar is marshal law.beware this ............

Unknown said...

နောက်ဆုံးက မိုးကြိုးရေးထားတဲ့ comment ကိုသဘောတူပါတယ်။

Nga Sanay said...

ရခိုင်အရေးမှာ သမတဋ္ဌကီး ကျန်းမာပါစေတဲ့။

လက်ပံတောင်းတောင် ဖြိုခွဲမှုအပြီးမှာ ပြောပလောက်အောင် လူထုလမ်းပေါ် မထွက်ခဲ့ပါ။

ကချင်စစ်ပွဲ ပြင်းထန်ချိန်မှာ ဒုက္ခသည်တွေကို စာနာဘို. ကျယ်ကျယ်လောင်လောင် တက်မလာသေးပါ။

သမိုင်းထဲက သူရဲကောင်းများ ခရိုနီတွေက တဖက်လှည့်နဲ. ပေးသော လေးလံဆွဲ ငွေသိန်းရာပေါင်းများစွာနဲ. နှုတ်ပိတ်ခံနေရတယ်။

ပြည်ပ ဒီမိုခရိုနီအချို. ငွေစာရင်းရှင်းစာမလိုဘဲ ပေါ်တင်ချမ်းသာမှုတွေ ပြနေဋ္ဌကတယ်။

ကောက်ကျစ် စစ်ဘီလူးတို. နှစ်ဦးမှာ မြူးနေဆဲပါ။

တို.တိုင်းပြည် ဟုတ်တော့ဟုတ်နေပြီ။

ငစနေ

Nga Sanay said...

စစ်ဘီလူးနဲ. ခရိုနီတွေကို ရှင်းစရာ တလမ်းဘဲ ရှိတယ်။ ရှေ.က ကာဆီးနေသူတွေလည်း တချိန်မှာ အဖြိုခွဲခံရမယ်။

လစ်ဗျားတွေလောက် သတ်တိရှိလား။
ဆီးရီးယားတွေလို အသေခံရဲလား။
အီဂျစ်တွေလို သွေးနီသလား။

အဲဒါတွေ အလကား၊ တို.ဗမာတွေနဲ. မဆိုင်ဘူးဆိုရင်

သင်နဲ. တန်တဲ့ ဒီမိုကရေစီမျိုးဘဲရမယ်။
သင်နဲ. ထိုက်တဲ့ ဘ၀ဘဲ ရမယ်။
မျိုးဆက်လိုက် ခံပေတော့။

ငစနေ

UShinGyi said...


မှန်လိုက်လေ ငစနေရယ် ။ တို့နိုင်ငံသားတွေ အေးအေးလူလူရေလိုက်ငါးလိုက် နေရင်း ဒီမိုကရေစီ အရသာကို အပြည့်အ၀ကြီးခံစား ကျရမယ်လို့တွေးထင်နေကျတာ။ အပြည့်အ၀ကြီးခံစားသွားရအောင် စစ်ခွေးတွေက ပေးပါလိမ့်မယ်။ စစ်သားဆိုတဲ့ အမျိုးကို အချိုလေးသပ် မျက်နှာချိုတွေးပြီး သင့်အောင်းပေါင်းလို့ နိုင်ငံရေးအကျိုးအမြတ်တွေ ရလာနိုင်မယ်လို့ထင်နေကျတာ ရနေပါလိမ့်မယ် အားကြီး"။
ဗိုလ်ချုပ်က အင်္ဂလိပ်ကို ပေါင်းလိုက် တိုက်လိုက်နဲ့ လုပ်ယူလို့ လွတ်လပ်ရေး အရယူပေးခဲ့တယ်။ အခု ဒီစစ်ခွေးတွေက အင်္ဂလိပ်မဟုတ်သလို စည်းကမ်းရှိတဲ့ သူတွေလဲမဟုတ်ဘူး ကတိတည်တတ်တဲ့ အမျိုးအစားထဲမှာလဲမပါဘူး ကို့လူမျိုးကို ကောက်ကျစ်လိမ်ညာတဲ့နေရာမှာတော့ ကိုလိုနီအင်္ဂလိပ်ကတောင် အဖေခေါ်ရလောက်မဲ့ ဇာတ်တူသားစားတတ်တဲ့ တိရစာန်လိုကောင်စားမျိုးတွေကွ။ ထင်သာမြင်သာတဲ့ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုကြီးတွေကို ဒီအတိုင်းတာ ဆက်ပြီး စောင့်နေလိုက် မင်းတို့ သားသမီးမြေမြစ်တွေလက်ထပ်ရောက်တောင် ဒီမိုကရေစီဆိုတဲ့ ဝေါဟာရကို ကောင်းကောင်းဖွင့်ဆိုတတ်ကျမှာမဟုတ်ဘူး။

Unknown said...

အားလုံးကောင်းပါသည် ဖြစ်ချင်တာဖြစ်ပါစေ ပွဲပြီးယင်အဖြေရမှာပေါ့ လက်နက်ကိုင်ဆိုတာ တိုင်းပြည်တခုမှာ တဖွဲ့ထဲ ရှိရမှာပါ

Unknown said...

So called civil government,or quasi civil government,their ways is very simple and people knew their appearances with democracy.In fact they wick and lie all.