Monday, December 3, 2012

ဖေ့စ်ဘွတ်ခ်စာ တိုနံ့နံ့ (၃)

(ကျနော်၏ Lun Swe ဖေ့စ်ဘွတ်ခ်စာမျက်နှာတွင် ရေးဖြစ်ခဲ့သည့် စာစုတိုလေးများကို စုစည်းတင်ဆက်ခြင်းဖြစ်ပါသည်။ ဖတ်ရှုရာတွင် ရက်စွဲနှင့် အကြောင်းအရာ တိုက်ဆိုင်ဖတ်ရှုပါက ပို၍ ဇာတ်ရည်လည်မည်ဟု အကြံပြုလိုပါသည်။)

ဒီဇင်ဘာ (၃)

“သမ္မတကြီးကို ယုံကြဦးမလား .. လာနော် လာနော် … ပူပူနွေးနွေးလေး ရမယ်” (၂)

“ဒီလောက်ဆိုရင် ဒီမိုခေါင်းဆောင်တွေအနေနဲ့ တိုက်ပွဲလမ်းစဉ်ကို ဘယ်လိုပြောင်းရင် ကောင်းမလဲဆိုတာကို အလေးအနက် စဉ်းစားသင့်ပြီ ထင်ပါတယ်။”

“ရဲရဲတောက် ကိုအောင်စိုးကို လက်ပံတောင်းတောင် အထွေထွေသပိတ် စပြီး စီတန်းလမ်းလျှောက်တဲ့နေ့ကတည်းက သတိထားမိပြီး အလေးပြုနေခဲ့မိတယ်။”

“သမ္မတကြီးကို ယုံကြဦးမလား ... လာနော် လာနော် … ပူပူနွေးနွေးလေး ရမယ်” (၁)

“လူကို စစ်ခွေးတွေ ၀ိုင်းဆွဲခြင်းဆိုတာ ...”

ဒီဇင်ဘာ (၂)

“ပြည်သူ့ကိုယ်စားလှယ်တွေနဲ့ ပြည်သူလူထုရဲ့တာဝန်”

ဦးသိန်းစိန်အစိုးရဟာ ရုပ်သေးအစိုးရမှန်ပေမယ့် နောက်ကွယ်က ကြိုးကိုင်သူတွေရဲ့ လုပ်ရပ်က သူတို့ရဲ့မျက်နှာကို အိုးမည်းနဲ့သုတ်သလို အဖြစ်မျိုးတွေ မကြာခဏ ကြုံတွေ့လာရင် နိုင်ငံတကာမျက်နှာစာမှာ နာမည်ကောင်းယူဖို့ ကြိုးစားနေတဲ့ သူတို့အနေနဲ့ နောက်ကွယ်က ဆရာကြီးတွေဟာ သူတို့ဆရာတွေ ဖြစ်ခဲ့လင့်ကစား အရေးယူနိုင်ဖို့ နည်းလမ်းတွေ စဉ်းစားလာမှာပါ။

အဲဒါကြောင့် အနားယူသွားသူတွေပင် ဖြစ်လင့်ကစား ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးကို အဟန့်အတားဖြစ်စေတဲ့ ပြဿနာတိုင်းမှာ ပတ်သက်ဆက်နွယ်နေတဲ့ (ဥပမာ - စီမံကိန်းတွေနဲ့ ပတ်သက်ရင် ဦးပိုင်နဲ့ ဆက်နွယ်နေတဲ့၊ ဆက်နွယ်ခဲ့တဲ့) တာဝန်ရှိသူ ကြီးငယ်မဟူကို စုံစမ်းစစ်ဆေး ဖော်ထုတ်အရေးယူဖို့ လွှတ်တော်ထဲမှာရော၊ လွှတ်တော်ပြင်ပမှာပါ တက်ညီလက်ညီ တောင်းဆိုဆန္ဒဖော်ထုတ်ရမှာက ပြည်သူ့ကိုယ်စားလှယ်တွေနဲ့ ပြည်သူလူထုရဲ့ တာဝန်ပါ။ အဲဒီလို အဟန့်အတားဖြစ်နေတာတွေကို နောက်ကြောင်းပြန် အရေးယူမှုတွေ လုပ်ဆောင်နိုင်အောင် ကြိုးပမ်းနိုင်မှလည်း ရှေ့ခရီးကို ဖြောင့်ဖြောင့်ဖြူးဖြူး ဆက်လျှောက်လို့ ရမှာပါ။

“အီးယောင်ဝါးနဲ့ အဖျားရှုးသွားဖို့ များ ...”

ကာလုံအဖွဲ့နဲ့ နောက်ကွယ်က ကြိုးကိုင်စေခိုင်းနေဆဲ စစ်ခေါင်းဆောင်ဟောင်းတွေ ရှိနေသရွေ့ ဘယ်သူပါတဲ့ ဘာကော်မရှင်ပဲဖွဲ့ဖွဲ့ အဆင့်တဆင့်ရောက်ရင် ဆက်လက်ဖော်ထုတ် အရေးယူလို့ မရနိုင်တော့ဘဲ၊ က်လက်ဖော်ထုတ်ဖို့ မ၀ံ့ရဲတော့ဘဲ အီးယောင်ဝါးဖြစ်ပြီး အဖျားရှုသွားမှာပဲ ဖြစ်တယ်။ အဲဒါကြောင့် လက်ပံတောင်းတောင်ကိစ္စ စုံစမ်းရေးကော်မရှင် ဖွဲ့ရာမှာ ၈၈ တွေ မပါဘူးဆိုတာ မှန်တယ်လို့ ယူဆတယ်။ ပါရင်လည်း နာမည်ပျက်ဖို့ပဲ ရှိမှာပါ။

ဖြစ်ပျက်ခဲ့တဲ့ ရခိုင်ကိစ္စနဲ့ လက်ပံတောင်းသပိတ် ဖြိုခွဲရေးကိစ္စမှာ မူလတရားခံတွေက လက်ရှိအစိုးရအဖွဲ့ရဲ့ နောက်ကွယ်က ပုဂ္ဂိုလ်တွေ ဖြစ်ဖို့များနေလို့ပဲ။ အဲဒီပုဂ္ဂိုလ်တွေရဲ့လုပ်ရပ်က ဘာနဲ့တူနေသလဲဆိုတော့ တွင်းထဲ ဆင်းပြေးပြီး ဆူညံသံပြုကာ ပတ်ဝန်းကျင်ကို အနှောင့်အယှက်ပေးနေတဲ့ ပုရစ်တွေလိုပဲ။ တွင်းထဲ ရေများများ လောင်းထည့်မှ ပုရစ်တွေ မြေပေါ်တက်လာသလို အဲဒီနောက်ကွယ်က ပြဿနာဖန်တီးသူ လက်သည်တရားခံတွေကိုလည်း လူထုအားနဲ့ တောင်းဆို ဖော်ထုတ်ခိုင်းမှ လက်ရှိအစိုးရအနေနဲ့ မဖြစ်မနေ ဖော်ထုတ်အရေးယူဖို့ စဉ်းစားလာမှာပါ။

အဲဒီ နောက်ကွယ်က နှောက်ယှက်ကလူပြုနေသူတွေဟာ တချိန်က လက်ရှိအစိုးရအဖွဲ့ဝင်တွေရဲ့ ဆရာသမား ဖြစ်ခဲ့သူတွေမို့ ပထမပိုင်းမှာ စစ်ဆေးအရေးယူဖို့ တွေဝေကောင်း တွေဝေနိုင်ပေမယ့် လူထုဖိအား သိပ်ကြီးလာတဲ့အခါမှာ မဖြစ်မနေ ဖော်ထုတ်အရေးယူပေးဖို့ စဉ်းကိုစဉ်းစားလာရမှာ ဖြစ်ပါတယ်။ လူထုအားနဲ့ တောင်းဆိုမှုကြောင့် နောက်ပြန်လှည့်မှာ မစိုးရိမ်ပါနဲ့။ နောက်ပြန်လှည့်ရင် ကြုံတွေ့ရမယ့် ပြဿနာတွေ ဘယ်လောက်ကြီးတယ်ဆိုတာကို ကျနော်တို့ စိုးရိမ်တာထက် သူတို့က ပိုစိုးရိမ်မှာ အသေအချာပါ။ လူထုအားနဲ့သာ ရဲရဲ တောင်းဆို ဖော်ထုတ် အရေးယူခိုင်းပါ။

ဒီဇင်ဘာ (၁)

“ကြာလေလေ ကွေးလေလေ မဖြစ်စေဖို့ ... ”

အထင်ကရ မြန်မာ့ဒီမိုကရေစီခေါင်းဆောင်တွေအနေနဲ့ ရှေ့ခရီးမှာ ဂုဏ်သိက္ခာရှိတဲ့ လူ့အဖွဲ့အစည်း တည်ဆောက်ရေးဆိုတာကို နကန်းတလုံး နားမလည်တဲ့ စစ်အုပ်စုဝင်တွေနဲ့ စေ့စပ်ညှိနှိုင်းနိုင်ရေးလိုလို၊ အမျိုးသားပြန်လည်သင့်မြတ်ရေးလိုလို မရေမရာ မျှော်ကိုးရင်း လူထုတိုက်ပွဲတွေကို ရှောင်ဖယ်ရှောင်ဖယ်လုပ်လို့ မရတော့ဘူးဆိုတာ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ဖျက်သိမ်းရေး အထွေထွေသပိတ် ဖြိုခွဲခံရမှုက သက်သေပြလိုက်ပါပြီ။

၎ လကျော်ကြာ ဆင်နွှဲခဲ့တဲ့ ဆန္ဒဖော်ထုတ်မှုနဲ့ သပိတ်တိုက်ပွဲကို အထင်အမြင်မသေးခဲ့ဘဲ အထင်ကရ ခေါင်းဆောင်တွေသာ စောစောစီးစီး အနီးကပ် ၀န်းရံမှုပေးခဲ့ရင် အခုလိုမျိုး ရက်ရက်စက်စက် ဖြိုခွဲခံရမယ် မထင်ဘူးဆိုတဲ့ အတွေးတွေ ၀င်လာကြရတယ်။ ခေါင်းတွဲနဲ့ နောက်တွဲတွေ သိသိသာသာ အချိတ်အဆက် ဟနေပြီဆိုတာကို ရိပ်စားမိတဲ့ ရန်သူက လက်ရဲဇက်ရဲ ထိုးခွဲ နှိမ်နင်းတာကို ခံရတဲ့သဘောပါပဲ။

အဲဒါကြောင့်မို့ ရှေ့လျှောက်မှာ စေ့စပ်ညှိနှိုင်းရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေး ဆိုတာတွေကို ကြော်စားရမှာလား၊ ပြုတ်စားရမှာလားလို့ ထင်နေတဲ့ စစ်အုပ်စုဝင် အမိုက်အမဲတွေ အသိအလိမ္မာ ၀င်လာနိုး မျှော်ကိုးနေတာထက် ပြည်သူ့ကို ဦးဆောင်စရာရှိတာကို ရှေ့ကနေ မားမားမတ်မတ် ပြတ်ပြတ်သားသား ဦးဆောင်မှုပေးဖို့ လိုပြီလို့ ထင်ပါတယ်။

မဟုတ်ရင်တော့ ကြာလေလေ ကွေးလေလေကိန်းဆိုက်ကုန်ကြလိမ့်မယ် ထင်တာပါပဲ။ လူထုဆန္ဒဖော်ထုတ်ပွဲတွေကို လက်ရှိခေါင်းဆောင်တွေက မသိကျိုးကျွံကျွန်ပြုနေလည်း တိုက်ပွဲထဲကနေ ခေါင်းဆောင်အသစ်တွေ တယောက်ပြီးတယောက် ထပ်ပေါ်လာမှာပါပဲ။ ပြဿနာတော့ သိပ်မရှိလှပါဘူး။

“ကျပ်ကောပြည့်ကြရဲ့လား”

နေပြည်တော် သမ္မတရုံးက လူတွေအားလုံး ကျပ်ကောပြည့်ကြရဲ့လား မသိဘူး။ ကိုယ်ထုတ်ပြန်ထားတဲ့ ကြေညာချက်ကို နာရီပိုင်းအတွင်း၊ ပြန်ရုပ်သိမ်းလိုသိမ်းရ၊ ရခိုင်ကိစ္စတုန်းကလည်း လွှတ်တော်ကို ပို့တဲ့ သ၀ဏ်လွှာကို ဒေါက်တာအေးမောင်တို့ ၀ိုင်းကန့်ကွက်လို့ ပြန်ရုပ်သိမ်းလိုသိမ်းရနဲ့ တိုင်းရေးပြည်ရေးကိစ္စကို အပျော်တမ်း ကလေးကစားစရာအလုပ်များ မှတ်နေကြလားမသိဘူး။ ဒါမှမဟုတ် အားလုံး ရုပ်သေးတွေဆိုတော့ နောက်က ဆရာကြီးတွေက ပို့ဆိုပို့၊ ထုတ်ဆိုထုတ်၊ ပြန်ရုပ်ဆိုရုပ် လုပ်နေရလားမသိပါဘူး။

“၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်များသို့ အကြံပြုချက်”

၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်တွေလည်း တပြွတ်တပြုံကြီး ခရီးထွက်ထွက်နေကြတာထက်စာရင် ၄ ဖွဲ့လောက် ခွဲပြီး လှုပ်ရှားရင် အလုပ်တွေ ပိုတွင် ပိုထိရောက်သလို ၂၀၁၅ နီးလေ လုံခြုံရေးက စိုးရိမ်ရလေဆိုတဲ့ အခြေအနေတွေ ဖြစ်လာနိုင်တာမို့ အကြံပြုရခြင်းဖြစ်ပါတယ်။ အရှည်အတွက် စဉ်းစားရင် အသက်ဥာဏ်စောင့်မှ ဖြစ်ပါမယ်။ ဖြစ်စေချင်တာကတော့ ကိုမင်းကိုနိုင်၊ ကိုကိုကြီး၊ ကိုဌေးကြွယ်၊ ကိုမင်းဇေယျာတို့ တယောက်စီခွဲပြီး ဦးဆောင်တဲ့ အဖွဲ့ ၄ ဖွဲ့နဲ့ သန်ရာသန်ရာအပိုင်းတွေကို ခွဲပြီး လှုပ်ရှားစေချင်တာပါ (၈၈ ကျန်စစ်သား၊ ဘုရင့်နောင်၊ အလောင်းဘုရား၊ ဗန္ဒုလ အဖွဲ့ ၄ ဖွဲ့ပေါ့ဗျာ :)။ စဉ်းစားပြီးသားဆိုရင်လည်း ဆောရီးပါ။

“လွှတ်တော်ပြင်ပ လူထုတိုက်ပွဲတွေနဲ့ မွှေနှောက်ကစားပေးမှသာ ...”

ဟိုတလောလေးကပဲ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ‘အခြေခံဥပဒေကို ပြင်ဖို့ လူထုအင်အား အများကြီးလိုတယ်’ (စကားလုံးအတိအကျမဟုတ်ပါ) ဆိုတဲ့ မက်ဆေ့ခ်ျ ပေးလိုက်တာကို ပြည်သူ့ခေတ်ဂျာနယ်မှာ ဖတ်လိုက်ရပါတယ်။ ဆရာမောင်ဝံသရဲ့ ကျန်းမာရေးသတင်း သွားမေးစဉ်မှာ ပြောသွားတာကို ပြည်သူ့ခေတ်ဂျာနယ်မှာ ဖော်ပြထားတာပါ။

ဘောလုံးစကားနဲ့ ပြောရရင် အခုအချိန်မှာ လွှတ်တော်ထဲရောက်နေတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အနေအထားက တဘက်နောက်တန်းတွေ လှုပ်မရအောင် ကပ်ကစားထားတာခံရလို့ ဂိုးသွင်းဖို့ မဖြစ်နိုင်တဲ့ သက်ကြီးတိုက်စစ်မှူးတယောက်လို ဖြစ်နေပါတယ်။ အခြေခံဥပဒေကို ပြင်ဆင်နိုင်ပြီး ဒေါ်အောင်ဆန်းစုကြည် ဂိုးသွင်းခွင့်တွေ ပြန်ရလာအောင် အဓိက ပံ့ပိုးပေးနိုင်မှာက နေရာလွတ်တွေ အများကြီးရှိနေတဲ့ (လွှတ်တော်ပြင်ပမှာ ရှိနေကြတဲ့) တိုင်းရင်းသားခေါင်းဆောင်တွေ၊ ၀ါရင့်နိုင်ငံရေးခေါင်းဆောင်တွေ၊ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်တွေ၊ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေ၊ ဗကသအဖွဲ့ချုပ်က ကျောင်းသားခေါင်းဆောင်တွေနဲ့ အခြားကွန်ရက်အသီးသီးက လူငယ်တက်ကြွလှုပ်ရှားသူတွေလို လူငယ်ခြေတက်တွေက လွှတ်တော်ပြင်ပ လူထုတိုက်ပွဲတွေနဲ့ ရဲရဲတင်းတင်း မွှေနှောက်ကစားပေးရမှာ ဖြစ်ပါတယ်။ ဒါမှသာ ဒေါ်အောင်ဆန်းစုကြည် မက်ဆေ့ခ်ျ ပေးသလို လူထုအင်အားနဲ့ အခြေခံဥပဒေကို ပြင်ဖို့ အခွင့်အလမ်းပေါ်လာမှာဖြစ်ပါတယ်။ (ငြိမ်နေရင်တော့ ဂိန်ဖို့သာ ရှိပါတယ်။)

အဲသလို တပြည်လုံးအတိုင်းအတာဆောင်တဲ့ လူထုတိုက်ပွဲတွေ ပေါ်လာရင် အပြင်ကနေ မြှောက်ပေးနေတယ်လို့ အထင်အမြင်လွဲခံနေရတဲ့ ပြည်ပအတိုက်အခံတွေ (အသားလွတ် မြှောက်ပေးနေသူတွေ ရှိနိုင်သလို၊ အခုအချိန် အထဲပြန်ရင် လုပ်နိုင်မယ့် ပမာဏထက် အပြင်ကနေ ပိုလုပ်ပေးနိုင်တာတွေ ရှိနေသေးတယ်လို့ ယုံကြည်လို့ ကိုယ်လုပ်နိုင်သလောက် ဆက်လုပ်ပြီး လူထုတိုက်ပွဲကို စောင့်စားနေကြသူတွေလည်း ရှိပါတယ်)။ အတော်များများလည်း သေချာပေါက် ၀င်ရောက်လှုပ်ရှားကြမယ်လို့ ယုံကြပါတယ်။

အထင်ကရခေါင်းဆောင်တွေ စနစ်တကျသာ တိုက်ပွဲခေါ်ပါလေ ...။

“လက်မဲကြီးတွေကို ဖြတ်တောက် ရှင်းလင်းနိုင်ရေး ...”

မြစ်ဆုံစီမံကိန်း ပြို၊ လက်ပံတောင်းတောင် စီမံကိန်း ထပ်ပြိုပြီးရင် အဓိက ရခိုင်-ကူးမင်း သဘာဝဓာတ်ငွေ့ပိုက်လိုင်းစီမံကိန်းနဲ့ အခြားတရုတ်စီမံကိန်းတွေဘက်ကို ဆန္ဒပြသပိတ်တိုက်ပွဲတွေ ဆက်ရွေ့လာမှာကို တရုတ်အစိုးရ အထူးစိုးရိမ်လာပုံရတယ်။

အဲဒါကြောင့် လက်ပံတောင်းတောင်သပိတ်ကို အခုလို လက်ဦးမှုယူပြီး ထင်မှတ်မထားတဲ့ ထိတ်လန့်စရာ ဖြိုခွဲမှုနဲ့ ရှေ့ဆက်မတိုးရဲအောင် (ကြောက်သွားအောင်) အပြောင်းအလဲလုပ်ပေးနေပါတယ်ဆိုတဲ့ အစိုးရလက်ထက်မှာ ဗွေဆော်ဦး ဘီလူးဆိုင်းတီးပြလိုက်ပုံပေါ်တယ်။ အကြမ်းဖက်ဖြိုခွဲဖို့ အမိန့်ပေးခိုင်းစေတာ နောက်ကွယ်ရှဲဒိုအစိုးရရဲ့ လက်ချက် (လက်မဲတွေ) ဖြစ်ဖို့များသလို တရုတ်အစိုးရရဲ့ ဖိအားလည်း သေချာပေါက် ပါမယ့်သဘောရှိတယ်လို့ ယူဆမိပါတယ်။

အဲဒီတော့ ဒီကိစ္စကို ရုပ်သေးအစိုးရလက်အောက်မှာ စုံစမ်းရေးကော်မရှင်ဖွဲ့ပြီး အဖြေရှာရင် ရယ်စရာကိစ္စသာ ဖြစ်ဖို့များသလို အကြမ်းဖက်ဖြိုခွဲမှုကို ဘာမှမတု့န်ပြန်ဘဲ ငြိမ်ခံနေလိုက်ရင် (အမေရိကန်၊ ကုလနဲ့ အီးယူနိုင်ငံတွေကလည်း ရှုတ်ချကန့်ကွက်တယ်လို့ အသံထွက်မလာရင်) လည်း ၂၀၁၅ မတိုင်မီမှာ အတိုက်အခံတွေကို ဖြိုခွဲဖို့ ပိုပိုပြီး လက်ရဲဇက်ရဲရှိလာမှာ ဖြစ်ပါတယ်။

ဖြေရှင်းနိုင်မယ့် နည်းလမ်းကတော့ အထင်ကရ ဒီမိုကရေစီခေါင်းဆောင်တွေ ဦးဆောင်မှုပေးတဲ့ (မြစ်ဆုံတိုက်ပွဲတုန်းက လူထုအလွှာအသီးသီး စည်းရုံးလှုပ်ရှားခဲ့ကြသလို) တတိုင်းပြည်လုံးအတိုင်းအတာ လူထုတိုက်ပွဲတွေ စနစ်တကျ ဆင်နွှဲနိုင်မှသာ ဖိအားပေးတဲ့၊ အမိန့်ပေးခိုင်းစေတဲ့ နောက်ကွယ်က လက်မဲကြီးတွေကို ဖြတ်တောက်ရှင်းလင်းနိုင်ပြီး တိုင်းပြည်ရဲ့ ပြဿနာအ၀၀ ပြေလည်ရေးကို ဆက်လက်လုပ်ဆောင်နိုင်မှာဖြစ်ပါတယ်။

အဲဒါကြောင့် ဒီကနေ့ (နိုဝင်ဘာ ၃၀ ရက်နေ့မှာ) တုံ့ပြန်တဲ့ အကြမ်းဖက်ဖြိုခွဲမှုဆန့်ကျင်ရေး ဆန္ဒပြပွဲတွေကို ကြိုဆိုလိုက်ရပါတယ်။ ဆက်လက်ကျယ်ပြန့်ဖို့အရေးနဲ့ တပြည်လုံးအတိုင်းအတာ ဆော်သြတိုက်ပွဲဝင်နိုင်ဖို့အရေး အထင်ကရခေါင်းဆောင်တွေက ရဲရဲတင်းတင်း ဦးဆောင်မှုပေးဖို့ အကြံပြုတင်ပြလိုက်ရပါတယ်။

“ရုပ်သေးအစိုးရ၊ ရှဲဒိုးအစိုးရနဲ့ ရီမုတ်ကွန်ထရိုးအစိုးရတို့ကြား အရှုပ်တော်ပုံလား”

ဒီကနေ့ မြန်မာနိုင်ငံကို ‘ကြံ့ဖွံ့အစိုးရ’ လို့ခေါ်တဲ့ ရှေ့ထွက်ရုပ်သေးအစိုးရ၊ ‘ကာလုံ’ လို့ခေါ်တဲ့ နောက်ကွယ်ရှဲဒိုးအစိုးရ၊ ရီမုတ်ကွန်ထရိုးအစိုးရလို့ ခေါ်ရမယ့် တရုတ်အစိုးရ ... အဲဒီအစိုးရ သုံးရပ် အုပ်ချုပ်နေသလားဆိုတာ တဖြည်းဖြည်း သံသယဖြစ်စရာကောင်းလာသလို စိုးရိမ်စရာလည်း ကောင်းလာတယ်ဆိုတာကို လက်ပံတောင်းတောင် သပိတ်စခန်းတွေ အကြမ်းဖက်ဖြိုခွဲခံရပုံက သက်သေပြနေတယ်။

သပိတ်စခန်းတွေကို ဒီလို အကြမ်းဖက် ဖြိုခွဲဖို့ တကယ်တမ်း ဘယ်သူက အမိန့်ပေးခိုင်းစေတာလဲ ဆိုတာရယ်၊ အဲဒီလို အမိန့်ပေးခိုင်းစေဖို့ ဘယ်သူက နောက်ကွယ်က အတင်းအကျပ် ဖိအားပေးတာလဲ ဆိုတာရယ်ကို ရုပ်သေးသမ္မတ ဦးသိန်းစိန်တောင် သေသေချာချာ သိရဲ့လားဆိုတာ တော်တော်စိတ်ဝင်စားဖို့ ကောင်းနေပါတယ်။

အဲသလို အစိုးရသုံးရပ် ရှုပ်ထွေးမှုကြားက ဖြစ်ပေါ်လာတဲ့ အကြမ်းဖက်ဖြိုခွဲမှုသာမှန်ရင် ရုပ်သေးအစိုးရလက်အောက်မှာ စုံစမ်းရေးကော်မရှင်ဖွဲ့လို့ကော ဘာထူးနိုင်မှာတဲ့လဲ။ ရခိုင်ကော်မရှင်လို အီးရောအီးရောနဲ့ ဟိုလိုလို ဒီလိုလို ဖြစ်သွားမှာပဲထင်တယ်။

နိုဝင်ဘာ (၃၀)

“နိုင်ငံရေးခေါင်းဆောင်ပိုင်းက ပုဂ္ဂိုလ်တွေမှာ လူထုကို ကျွန်လို ကြည့်တတ်တဲ့ စိတ်ဓာတ်နဲ့ အချဉ်လို ကြည့်တတ်တဲ့ စိတ်ဓာတ်တွေ ပပျောက်ဖို့လို ...”

ဒီကနေ့ မြန်မာ့နိုင်ငံရေးလောကကို ကြည့်ရင် ...

(၁) စစ်ခေါင်းဆောင်ဟောင်း (ဘောင်းဘီချွတ်တွေ) မှာ ကျွေးတာစား၊ ခိုင်းတာလုပ်၊ ခံမပြောနဲ့ဆိုတဲ့ လူထုကို ကျွန်လို သဘောထားချင်တဲ့ နဂိုအကျင့် အာဏာရှင်စိတ်ဓာတ်အကြွင်းအကျန်တွေ ရှိနေသေးတာ တွေ့ရသလို ...

(၂) အတိုက်အခံခေါင်းဆောင်တွေ (အားလုံးကို မဆိုလိုပါ) မှာလည်း ငါပြောရင် ရမှာပဲ၊ ငါပြောရင် လက်ခုပ်တီးမှာပဲ၊ ငါမဲထည့်ခိုင်းရင် ထည့်ကြမှာပဲ၊ ငါချော့ရင် ပျော့သွားမှာပဲ ပြီးမှ ငါ့ဘာသာ ဘာလုပ်လုပ်ဆိုတဲ့ လူထုကို အချဉ်လို သဘောထားတဲ့ စိတ်ဓာတ်မျိုးတွေ ကိန်းအောင်းနေတာကို သူတို့ရဲ့လုပ်ရပ်တွေကတဆင့် တွေ့နေရတယ်။

အဲဒီစိတ်ဓာတ်နှစ်ခုကို နှိုင်းယှဉ်ကြည့်ရင် လူထုကို အထင်သေးတဲ့ (တဆင့်နှိမ့်မြင်တဲ့) အခြေခံစိတ်ဓာတ်ချင်းကတော့ အတူတူပဲလို့ ပြောရမယ်။ လက်ထဲမှာ သေနတ် (သို့) အာဏာရှိတာနဲ့ မရှိတာပဲ ကွာတယ်။

ဒါကို လူထုအားလုံးက မျက်စိရှင်ရှင်နဲ့ မြင်အောင်ကြည့်ပြီး သူတို့တွေဆီက အဲဒီလိုစိတ်ဓာတ်တွေ ပပျောက်သွားအောင် ဘယ်လိုအကောင်ကြီးပဲဖြစ်ပါစေ (လက်ပံတောင်းဒေသခံ မသွဲ့သွဲ့ဝင်း ဦးအောင်မင်းကို ပြောဆိုတင်ပြရဲသလို) ကိုယ်မြင်တာကို မြင်တဲ့အတိုင်း ရဲရဲတင်းတင်း အားမနာတမ်း ထောက်ပြပြောဆိုနိုင်မှ တော်ကာကျမယ်။ အဲသလို မဟုတ်ဘဲ ကြောက်နေရင် အားနာနေရင် သူတို့ လှိမ့်သမျှ လိမ့်နေရလိမ့်ဦးမယ်။

နိုဝင်ဘာ (၂၉)

“ဝေလေလေခေတ် ကုန်ဆုံးသင့်”

နိုင်ငံရေးမှာ ခေါင်းဆောင်ဆိုသူတွေ အရည်မရ အဖတ်မရ လာနှမ်းဖြူး နှစ်သိမ့်သမျှကို အူတီးအူကြောင် လက်ခုပ်ထိုင်တီး သြဘာပေးနေရတဲ့ ဝေလေလေခေတ် ကုန်ဆုံးသင့်ပါပြီ။ တူးမခြားနားပတ်ပျိုးတွေ နားထောင်ရတာ စိတ်ပျက်ငြီးငွေ့စရာ အလွန်ကောင်းပြီး အချိန်ကုန် လူပမ်းဖြစ်ကြရလို့ပါ။

“အရေးထဲ အရာပေါ်” :)

ဖေ့စ်ဘွတ်ခ်မှာ ကြံ့ဖွတ်စစ်ဘီလူးတွေ နှိပ်စက်သမျှ (လက်ပံတောင်းတောင် သပိတ်စခန်းတွေ ဖြိုခွဲခံရတဲ့) သတင်းထူးလေးတွေ ကိုယ့်မိတ်ဆွေတွေ မြန်မြန်ဖတ်ရအောင် ရှယ်ပေး (ကိုယ်လုပ်တတ်တာလေး လုပ်) နေပါတယ်ဆိုမှ ဘယ်ကဘယ်လို အထင်ကြီးမှုတွေကြောင့်လဲ မသိဘူး “ကိုလွဏ်းဆွေရေ ... ခင်ဗျားပြန်လာ ဦးဆောင်လှဲ့” ဆိုပြီး ခေါင်းဆောင် အတင်းခန့်တဲ့သူတွေကလည်း ရှိသေး။ ခက်တော့တာပဲ ကိုယ်က ဗိုလ်ချုပ်အောင်ဆန်းသားလည်းမဟုတ် ဘာမဟုတ်၊ အကျယ်လည်း အချုပ်ခံဖူးတာ မဟုတ်ဘဲနဲ့ :)။ (ယင်လပ်ကလည်း မပြန်ရဘူး သူတို့ဆီမှာပဲ အပြီးနေရမယ်ဆိုပြီး အတင်းဆွဲထားတာက တမှောင့် :)။

နိုဝင်ဘာ (၂၈)

“ပြောမယုံ မြင်ဖူးကြားဖူးမှ သိရပါပြီကွယ်” :)

“မယုံရင် ခင်ဗျား ကြည့်ထား ... ချေးထုပ်တွေနဲ့ ပေါင်းရင် အဆုံးမှာ ပေါင်းတဲ့သူကိုယ်တိုင် ချေးပေတာ ခံရပြီး ကြာရင် သူ့ဆီကပါ ချေးနံ့ထွက်လာလိမ့်မယ်” ... ဆိုတဲ့ မိတ်ဆွေတယောက် ပြောတဲ့စကား ကြမ်းလှချည်းလားလို့ အောက်မေ့နေတာ အခုတော့ ပြောမယုံ မြင်ဖူးကြားဖူးမှ သိရပါပြီကွယ် :)။

“ဒေါ်အောင်ဆန်းစုကြည်ရဲ့ စကားထဲက ‘ကိုယ်’ ဆိုတဲ့ အသုံးအနှုန်းက မြန်မာပြည်သူတွေနဲ့ လားလားမျှ မသက်ဆိုင် (သို့) မြန်မာပြည်သူတွေ နိုင်ငံတကာကုမ္ပဏီတွေကို ပေးရမယ့် မက်ဆေ့ခ်ျ”

“ကိုယ့်ဘာသာကိုယ် လိုလိုချင်ချင်နဲ့ ပေးထားတဲ့ ကတိ ကိုယ့်ဘာသာကိုယ် လိုလိုချင်ချင်နဲ့ လုပ်ထားတဲ့ အလုပ်တစ်ခု သဘောတူညီချက်တစ်ခုကို ဖျက်ဆိုတာကတော့ အင်မတန်မှ စဉ်းစားချင့်ချိန်ရမယ့်ကိစ္စပဲ'' ဆိုတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ စကားထဲက “ကိုယ်” ဆိုတဲ့ အသုံးအနှုန်းက မြန်မာပြည်သူတွေနဲ့ လားလားမျှ မသက်ဆိုင်ဘူးလို့ ထင်ပါတယ်။

စစ်သူခိုးတွေ သူတို့လက်ထက်က သူတို့သဘောနဲ့သူတို့ အိတ်ထဲထည့်ဖို့ လူထုကို ရှင်းလင်းတင်ပြဖို့ နေနေသာသာ ရှိတယ်လို့တောင် သဘောမထားဘဲ သူခိုးဈေးနဲ့ တိတ်တိတ်ပုန်း ညှိပြီးလုပ်ထားတဲ့ စီမံကိန်းတွေကို မြန်မာပြည်သူတွေအနေနဲ့ ဘာမှ တာဝန်ခံစရာ မလိုဘူး။ သက်ဆိုင်ရာ စစ်သူခိုးတွေကို နောက်ကြောင်းပြန် ဖော်ထုတ်အရေးယူပြပြီး ရှင်းလင်းရမယ့်ကိစ္စသာဖြစ်တယ်။

“မတရားတဲ့ အမိန့်ဟူသမျှ တာဝန်အရ ဖီဆန်ကြ” လို့ ပြောခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ဆီက ဒီနေ့ဒီအချိန်အခါမှာ ဒီလိုစကားမျိုးတွေ ပြောထွက်လာတာကို ကြားရတာ စစ်သူခိုးတွေ မတရား လုပ်သွားခဲ့တာတွေကို အားလုံး ခေါင်းငုံ့ခံကြလို့ လူထုကို ပြောနေသလိုပါပဲ။

မြန်မာပြည်သူတွေအနေနဲ့ နိုင်ငံတကာက လာရောက်ရင်းနှီးမြှုပ်နှံချင်တဲ့ ကုမ္ပဏီတိုင်းကို သိစေရမှာက နောက်နောင် မြန်မာပြည်သူ့သဘောထားဆန္ဒမပါဘဲ အာဏာပိုင်နဲ့ နှစ်ကိုယ်ကြား သူခိုးဈေးနဲ့ လာရောက်ညှိနှိုင်းလုပ်ကိုင်တဲ့ ဘယ်ကုမ္ပဏီမဆို “လက်ပံတောင်းတောင်ကြေးနီစီမံကိန်းနဲ့ ၀မ်ပေါင်ကုမ္ပဏီကို နမူနာယူကြ” ဆိုတဲ့ မက်ဆေ့ခ်ျပဲ ဖြစ်ပါတယ်။ အာဏာရှင်တွေလက်ထက်မှာ ပြည်သူကို လူမထင်ဘဲ မတရားလုပ်ခဲ့တဲ့ စီမံကိန်းမှန်သမျှ ထွက်သွားလို့လည်း နိုင်ငံတကာရဲ့ အယုံအကြည်ပျက်စရာ အကြောင်းမရှိဘူးလို့ ထင်ပါတယ်။

“ကမ္ဘာဆန်ဆန် တွေးခေါ်သူ = ထိပ်ပြောင်ပြောင် တွေးခေါ်သူ ?????”

ဒေါ်အောင်ဆန်းစုကြည်မှ မဟုတ်ပါဘူး၊ ဦးသိန်းစိန်မှ မဟုတ်ပါဘူး၊ အဘယ်သို့သော ပုဂ္ဂိုလ်မဆို သူနဲ့ ထိုက်တန်တဲ့ ချီးမြှောက်မှု ခံရတာကို မြင်ရ တွေ့ရရင် မုဒိတာပွားစရာ၊ ဂုဏ်ယူဝမ်းမြောက်စရာပါပဲ။ အခု ဦးသိန်းစိန် ချီးမြှောက်ခံရတဲ့ “ကမ္ဘာဆန်ဆန် တွေးခေါ်သူ” ဆိုတဲ့ ဂုဏ်ပုဒ်လည်းပဲ ထိုက်တန်၏ မထိုက်တန်၏ ဆိုတာ အများပြည်သူက သတ်မှတ်ရမှာပါ။

ဒါပေမယ့် ကျနော့်စိတ်ထဲ တခုတွေးမိတာက ရွေးချယ်သတ်မှတ်တဲ့ အကဲဖြတ်တွေရဲ့အမြင်မှာ ဦးသိန်းစိန်ရဲ့ ခေါင်းပုံက ထိပ်ပြောင်ပြီး မသိရင် စာသင်ခန်းထဲမှာ သရုပ်ပြဖို့ ထောင်ထားတဲ့ ကမ္ဘာလုံးပုံနဲ့ တူလို့ ‘ကမ္ဘာဆန်ဆန် တွေးခေါ်သူ” လို့ ရွေးချယ်လိုက်တာလားပဲ။ ဒါဆိုရင် အဲဒါနဲ့ ခပ်ဆင်ဆင် အဓိပ္ပာယ်က “ထိပ်ပြောင်ပြောင် တွေးခေါ်သူ” ဖြစ်လိမ့်မယ်လို့ ထင်မိတယ် :)။

“သူခိုး ဓားရိုးကမ်း”

သူခိုးဓားရိုးကမ်းတဲ့ အထင်ကရ ဒီမိုတွေ တနေ့တခြား ဦးရေ တိုးပွားလာမှတော့ ပြည်သူ့အရေးတော်ပုံတွေကို စစ်သူခိုးတွေ တကျော့ပြန် နှိမ်နင်းဖို့ အတင့်ရဲလာတာ မဆန်းပါဘူးလို့ပဲ ပြောရမှာပေါ့။

နိုဝင်ဘာ (၂၇)

“တော်တော်ဆိုးတဲ့ မီဒီယာတွေ၊ လက်ပံတောင်းတောင်သူတွေ သူဟာသူနေတဲ့ဟာကို ...” :)

Messenger News Journal မှာ ဖော်ပြတာလေး ဖတ်မိပြီး ပြုံးမိတာလေးပါ။

“အဆိုပါ စီမံကိန်းများနှင့် ပတ်သက်၍ ဆန္ဒထုတ်ဖော်မှုများ ကြီးထွားလာရခြင်းသည် မီဒီယာ၏ ပယောဂမကင်းကြောင်း ဒုတိယ ဗိုလ်ချုပ်ကြီးဝေလွင်က ထည့်သွင်းပြောကြားသွားခြင်းအပေါ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်က “အန်တီတို့ ခေတ်မှာ မီဒီယာတွေက အရေးကြီးပါတယ်။ စောစောကဝန်ကြီး ပြောသွားတဲ့အထဲမှာ မီဒီယာတွေရဲ့ လှုံ့ဆော်မှုတွေ ပါတယ်လို့ ပြောသွားတယ်။ ဒါကို မျက်စိစုံမှိတ်ပြီး မငြင်းနဲ့။ ရှိနိုင်တာပဲ။ ဘယ်သူမှ အမြဲ မမှန်ဘူး။ မီဒီယာလည်း အမြဲမမှန်နိုင်ဘူး။ ကိုယ့်ကိုယ်ကို ပြန်သုံးသပ်ဖို့ပဲ လိုပါတယ်” ဟု မီဒီယာများနှင့် တွေ့ဆုံစဉ် ပြောကြားသွားခဲ့ခြင်း ဖြစ်သည်။” ... တဲ့။

ကိုယ့်မျက်ချေးကိုယ်မမြင်တဲ့ သူခိုးအုပ်စုဝင် ဗိုလ်ချုပ်ကြီးတယောက်က မီဒီယာတွေကို စွပ်စွဲပြောကြားတဲ့ အမြင်အပေါ် ထပ်တူနီးပါး ထောက်ခံရှုမြင်ပေးတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှုမြင်မှုကို တံငါနားနီး တံငါ၊ မုဆိုးနားနီး မုဆိုး အမြင်မျိုးလို့ ကင်ပွန်းတပ်ရင် စိတ်ဆိုးလေမလားပဲ။

“မခက်ပေဘူးလား”

ဒီကနေ့ အထင်ကရ ဒီမိုကရေစီခါင်းဆောင်တွေဆီမှာ ၀င်ကုန်တဲ့ အတွေးအခေါ်က မတရားခဲ့တာတွေကို မတရားခဲ့မှန်းလည်း သိတယ်။ အဲဒီမတရားမှုတွေ တရားမျှတလာစေဖို့အတွက် လူထုကို ဦးဆောင်ပြီး တိုက်ပွဲဝင်ချင်စိတ်တွေ မရှိကြတော့ဘူး (ပေးဆပ်ခဲ့ရတာတွေ များလို့ပဲလားမသိ)။ စေ့စပ်ညှိနှိုင်းတဲ့နည်းနဲ့ပဲ ပြဿနာတွေကို ဖြေရှင်းယူတော့မယ်၊ ဖြေရှင်းနိုင်လိမ့်မယ်လို့ စိတ်ကူးယဉ်နေကြတယ် (မဖြစ်နိုင်ခြေ ရာခိုင်နှုန်းများနေမှန်းလည်း သိသိကြီးနဲ့)။

ခက်တာက မတရားခံရသူတွေဘက်က ခွင့်လွှတ်တန်သလောက် ခွင့်လွှတ်ပြီး စေ့စပ်ညှိနှိုင်းမှုတွေ လုပ်ချင်ပေမယ့် မတရားလုပ်သွားသူတွေက စေ့စပ်ညှိနှိုင်းမှုမလုပ်ချင်ဘဲ ၂၀၀၈ အကာအကွယ်နဲ့ တူတူပုန်းနေချင်တဲ့ ပြဿနာပဲ။ မခက်ပေဘူးလား ခေါင်းဆောင်တို့ရေ ...။

“စေတနာနဲ့ အကြံပြုတာပါ။”

၂၀၀၈ အခြေခံဥပေဒကို လေးစားလိုက်နာနေ (ကြောက်နေ) ရတဲ့ဘက်က စဉ်းစားပြီး ဒီနေ့ဖြစ်နေတဲ့ ပြဿနာတွေကို ချဉ်းကပ်ပြောဆိုနေမယ်ဆိုရင် ဒေါ်အောင်ဆန်းစုကြည်မှ မဟုတ်ပါဘူး။ ဘယ်သူမဆို လွဲပြီးရင်း လွဲရင်း ဖြစ်နေမှာပါပဲ။ စီမံကိန်းတွေအတွက် အဓိက တာဝန်ရှိခဲ့တဲ့၊ အဓိက အလွဲသုံးစားလုပ်ခဲ့တဲ့ ပုဂ္ဂိုလ်တွေကို နောက်ကြောင်းပြန် စစ်ဆေး ဖော်ထုတ် အရေးယူဖို့ (ရဲရဲမပြောရဲ) အဆိုမတင်ရဲဘဲ ရှုထောင့်မပြည့်မစုံကနေ ဖြေကြားနေရတာထက်စာရင် ဘာမှတ်ချက်မှ မပေးတာက ကာယကံရှင်အတွက်လည်း အန္တရာယ်ကင်းသလို အများသူငှာအတွက်လည်း စိတ်အနှောက်အယှက် နည်းစေလိမ့်မယ်လို့ ထင်တာပဲ။

နိုဝင်ဘာ (၂၆)

“ဒေသခံတွေ ခါးစည်းခံနေရတဲ့ ဒုက္ခတွေအတွက် အဖြေထုတ်တဲ့ စဉ်းစားချက် ဘယ်မှာလဲ”

“အခုလက်ပံတောင်းတောင် စီမံကိန်းဆိုရင် စာချုပ်က ချုပ်ပြီးသွားပြီ။ ဒါကို တဖက်သတ် ဖျက်ခဲ့ရင် တန်ရာတန်ကြေး ပြန်ပေးရမယ်။ ဒါကိုလည်း ထည့်စဉ်းစားဖို့ လိုတယ်။ ကမ္ဘာ့အလယ်မှာ တင့်တယ်တဲ့ နိုင်ငံတစ်ခု ဖြစ်ချင်ရင် ကတိတည်ဖို့ လိုတယ်။ စကားတည်ရမယ်။ ဒီနိုင်ငံ ကတိမတည်ဘူး၊ ဒီနိုင်ငံနဲ့ အလုပ်လုပ်လို့ မရဘူး၊ ဒီနိုင်ငံနဲ့ အလုပ်လုပ်ရင် အချိန်မရွေး ပျက်နိုင်တယ်လို့ တွေးသွားရင် ရင်းနှီးမြှုပ်နှံသူတွေ စိတ်မဝင်စားနိုင်တော့ဘူး” ဆိုတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ စဉ်းးစားချက်ကတော့ နိုင်ငံရေးကို အတော်အတန် တီးမိခေါက်မိတဲ့သူလည်း စဉ်းစားနိုင်မယ်လို့ ထင်ပါတယ်။

ခက်တာက ဒေသခံတွေ ခါးစည်းခံနေရတဲ့ ဒုက္ခတွေအတွက် အဖြေထုတ်တဲ့ စဉ်းစားချက်မပါဘဲ နိုင်ငံအတွက် အရှည်ကို ကြည့်သယောင် တဖက်သတ် ပြောဆိုတာကို ဖတ်ရတာပါပဲ။ မလွယ်တာက အမှန်တကယ် ဒုက္ခခံစားနေရတဲ့ ဒေသခံတွေနေရာမှာ ကိုယ်တိုင် ၀င်ခံစားကြည့်ပါဆိုရင် တလမပြောနဲ့ တရက်တောင် ၀င်ခံစားနိုင်မှာ မဟုတ်တာပါပဲ။ အဲဒီလို ၀င်မခံစားနိုင်ရင် စီမံကိန်းဖျက်သိမ်းဖို့ တောင်းဆိုနေတဲ့ ဒေသခံတွေအပေါ် နည်းနည်းလေးတောင်မှ အမြင်မစောင်းသင့်ဘူးလို့ ထင်ပါတယ်။

“ပြောင်းဆိုတေး” :)

ပလေးဘွိုင်သန်းနိုင်ရဲ့ “ချစ်သူဘက်က ရှေ့နေလိုက်မယ်” သီချင်းကို “သူခိုးတွေဘက်က ရှေ့နေလိုက်မယ်” လို့ ပြောင်းဆိုကြပါစို့ ... :)။

“အသင် ဖြေပါ”

ဦးပိုင်သူခိုးကြီးတွေရဲ့ အကျိုးစီးပွားဘက်က ရှေ့နေလိုက်ကြမလား ... ဦးပိုင်သူခိုးကြီးတွေကို နောက်ကြောင်းပြန် ဖော်ထုတ်စစ်ဆေးအရေးယူဖို့ ကြိုးစားကြမလား ...။ အသင် ဖြေပါ။

အားလုံးသို့ လေးစားစွာဖြင့် ...
ဒေါက်တာလွဏ်းဆွေ

14 comments:

S.Maung Chain said...

This is very strong article and warn to the all democracy leaders including DASSK.She said to the peoples (Free from fears) once upon a time.But she afraid to the ( U ) turn now.Something is wrong and how pitty our democracy leaders including DASSK.
( Do what u say and say what u do).
Don't worry to give back compensation to the chinese goverment cause they are receiver of stolen our country's natural resources from
non official dictotors governments.

Unknown said...

စောက်ရူးလွမ်းဆွေ မင်းကရောမြန်မာနိုင်ငံအတွက် ဘာတွေများလုပ်ပြီးပြီလဲ၊ မင်းနေတာကရော မြန်မာနိုင်ငံမှာပဲလား မင်းကိုယ်မင်း ဟုတ်လှပြီထင်မနေနဲ့ သူများမျက်ချေးထက် မင်းမျက်နှာမှာ ပေနေတဲ့ ချေးရော ပြောင်အောင်သုတ်ပြီး ပြီလား

Unknown said...

ကိုလွမ်းဆွေထောက်ပြတဲ့အချက်အလက်တွေက အတော်ကေါင်းပါတယ်။ သမတကြီးကိုယုံတယ်တယ်ဆိုတဲ့ခေါင်းဆောင်တွေနဲ့ပြည်သူတွေစဉ်းစားဆင်ခြင်သင့်ပါပြီ။ အခုလဲ သူတို့ရှုတ်ထားတဲ့ချည်မြှင်ထွေးကြီး၊သူတို့ယိုထားတဲ့ချီးပုံကြီးကို
ဒေါ်စုက လက်ပံတောင်းတောင် ကြေးနီစီမံကိန်း စုံစမ်းစစ်ဆေးရေးကော်မရှင် နဲ့ရှင်းပေးရမှာတဲ့။ ဘာ စုံစမ်းစရာလိုသလဲ။ သူတို့လုပ်ထားတာသူတို့အသိဆုံး။

ကိုလွမ်းဆွေရေ ဆောင်းပါးလေးတွေ မကြာမကြာရေးပါဦး။ စောင့်မျော်အားပေးလျက်ပါ။

kyaw naing said...

အစတည်းကအဲဒီဘွားတော်ကခြေလှမ်းပျက်နေပြီဘဲ။ခုမှ
မဟုတ်ဘူး။သူမမှီလိုက်တဲ့အရေးအခင်ပြသနာတွေမှာမပါ
ဝင်၊မဖြေရှင်းပေးနိုင်တာကိုနားလည်လက်ခံလို့ရတယ်။ဒါပေ
မဲ့အခုဘယ်မှာပြသနာဖြစ်လာဖြစ်လာသူကအီယောင်ဝဘဲ။
အနေသာကြီးဘဲ။ဘယ်ပြသနာမှာသူထဲထဲဝင်ဝင်ဖြေရှင်းခဲ့
တာရှိလို့လဲ။သူပြောသလိုဟုတ်တယ်သူ့မှာအာဏာမရှိသေး
ဘူး။ဒါပေမဲ့ပြည်သူကယုံကြည်တဲ့သူ့မှာသြဇာရှိတယ်။အ
တိုက်အခံဆိုတဲ့ပါဝါရှိတယ်။အခုကတော့လွတ်တော်ထဲ
ရောက်နေတာတောင်ဘာမှမဟုတ်သေးတော့မိန်းမဟာမိန်း
မပါဘဲ။မိုက်ကယ်အဲရစ်အတွက်ဘဲအသုံးဝင်တဲ့မိန်းမဖြစ်နေပါလိမ့်မယ်။
သူကသူ့အဖေမျှော်လင့်ခဲ့တဲ့ဒီမိုနိုင်ငံထူထောင်ဖို့၊သူ့အဖေရည်မှန်းချက်ကိုဖြည့်ဖို့ကြိုးစားတာဟာ တနည်းနဲ့ကြည့်ရင်တော့ရေပြင်နဲ့မှန်ပြင်မှာအရုပ်ပေါ်သ
လိုဘဲ၊တူသယောင်နဲ့ကွဲနေပါတယ်။ပြည်သူ့အလိုကိုဖြည့်
ဆီးမဲ့သူရဲကောင်းလိုလိုနဲ့သူ့အဖေအသက်နဲ့ရင်းယူခဲ့တဲ့
လွတ်လပ်ရေးအသီးအပွင့်စစ်အာဏာရှင်နဲ့ခရိုနီတို့ခံစား
စံစားမူကနေဆွဲယူပေးဖို့၊သူတို့ကိုဖယ်ချဖို့ဘဲ။တိုင်းသူ
ပြည်သားတွေရဲ့ခံစားချက်ဒုက္ခကိုနားလည်စာနာလို့မ
ဟုတ်ဘူးဆိုတာဖြစ်ပြီးသမျှပြသနာနဲ့ပြောခဲ့ဖူးသောစ
ကားလုံးတွေကိုပြန်သာစဉ်းစားကြည့်ကြပါ။ခုလည်းတစ်
ခါလာ NLDက AIDS လူနာတွေအတွက်ဘာလုပ်ညာ
လုပ်တယ်။ဘာလူတယ်ဘာပေးတယ်။ဒါဘဲ။ပြင်ပမှာဒီ
လောက်ဆူပူနေချိန်မှာသူကရှောင်ကောင်းမြဲဘဲလေ။NLD
ကလူတွေ တော်တော် AIDS ဖြစ်နေကြပြီထင်ပါတယ်။
အေးပေါ့လေ နိုင်ငံခြားသားတွေဒီမိုတွေအဝင်အထွက်
များတာဆိုတော့လည်းဟိုတယ်တက်ပြီးမဒီမိုဘဲနေကြပါ့
လား။သူကပြောတောလူထုခေါင်းဆောင်တဲ့၊ဘယ်မှာ
သွားပြီးခေါင်းဆောင်လဲတော့မသိဘူး။နောက်တော့လဲ
သူဘဲဖွတ်မြီးဆွဲ မမဖြစ်သွားတော့တာဘဲမလား။သူက
တော့စစ်တပ်ကိုမြူဆွယ်လိုတဲ့သဘောနဲ့အစိုးရသဘော
အတတ်နိုင်ဆုံးလိုက်လျှောနေတာနားလည်ပါတယ်။ဒါ
ပေမဲ့ကိုယ့်ဖက်လည်းပါအချိန်ကိုက်ဖြစ်ချိန်ဆိုရင်သူက
လမ်းလွဲနေပြီ။ဒီတော့ဖွတ်နဲ့ပေါင်းတော့ဖွတ်မဖြစ်တာက
လွဲလို့ဘာမှတော့မဖြစ်လောက်တော့ဘူးဒေါ်စုကြည်။
ငါတို့လုံးဝအယုံအကြည်မရှိတော့ဘူး။မြန်မာအစိုးရအာ
ဠာဝကလိုအစွယ်မြေခချိန်ကိုသာစောင့်နေတာဆိုရင်
ဒေါ်စုသေတဲ့အခါကိုယ့်အုတ်ဂူကိုကိုယ်အရှင်သာလုပ်
ထားပြီးတရေးနိုးတိုင်းထမေးလိုက်ပါ။စစ်အစိုးရပြုတ်ပြီ
လား၊ဒီမိုကရေစီရပြီလားလို့လေ...........

Tomahawk said...

Ko Lun Swe,

What a brilliant perspectives.
At this moment you are the only one who can write and criticize brilliantly those fucking regimes.
Other people from Irrawaddy news, DVB , Mizzima (especially irrawaddy) they are setting up their business inside in Burma.
They are really scare and reluctant to write recent situations because they do not want to lose their money making(business) opportunities from the regime.
I believe DASSK will not speak her personal view towards bully china influence in Burma.
I would like to urge 88 students to make very very strong anti-china influence in the country.
Actually, china can only influence and control thein sein regime.
These fucking china can never control or influence people and country of Burma. That's for sure.
So, those 88 students should do more active and voice out loud towards china.
These student have made a lot of sacrifices in the past, we know they are really brave people.
This is the time they need to step forward right now immediately.
Like Ko LunSwe said, we only have 68 years old striker can't score goals for long.
We really need young brave striker to score more goals and finish the game as early as we can. The sooner the better.

ှဲKaung said...

ပြည်သူ့ ဘက်ကလိုလို၊ ဒီမိုဘက်တော်သားလိုလိုနဲ့  ဒေါ်စုနဲ့  ပြည်သူကြားသွေးခွဲဖို့  ခန့် ထားတဲ့ ကြံ့ဖွတ်လခစား Online Commentors တွေက အများသား။

* said...

ဒေါ်အောင်ဆန်းစုကြည် ပြောထားတယ် ... အဖမ်းခံရရင် သူတာဝန် ယူတယ်တဲ့ .. ဘယ်လို တာဝန် ယူမလဲ ဆိုတာ စောင့်ကြည့်ရမှာပေါ့

haymar said...

မစ်ဆုံစီမံကိန်း ပြို၊ လက်ပံတောင်းတောင် စီမံကိန်း ထပ်ပြိုပြီးရင် အဓိက ရခိုင်-ကူးမင်း သဘာဝဓာတ်ငွေ့ပိုက်လိုင်းစီမံကိန်းနဲ့ အခြားတရုတ်စီမံကိန်းတွေဘက်ကို ဆန္ဒပြသပိတ်တိုက်ပွဲတွေ ဆက်ရွေ့လာမှာကို တရုတ်အစိုးရ အထူးစိုးရိမ်လာပုံရတယ်။

အဲဒါကြောင့် လက်ပံတောင်းတောင်သပိတ်ကို အခုလို လက်ဦးမှုယူပြီး ထင်မှတ်မထားတဲ့ ထိတ်လန့်စရာ ဖြိုခွဲမှုနဲ့ ရှေ့ဆက်မတိုးရဲအောင် (ကြောက်သွားအောင်) အပြောင်းအလဲလုပ်ပေးနေပါတယ်ဆိုတဲ့ အစိုးရလက်ထက်မှာ ဗွေဆော်ဦး ဘီလူးဆိုင်းတီးပြလိုက်ပုံပေါ်တယ်။ အကြမ်းဖက်ဖြိုခွဲဖို့ အမိန့်ပေးခိုင်းစေတာ နောက်ကွယ်ရှဲဒိုအစိုးရရဲ့ လက်ချက် (လက်မဲတွေ) ဖြစ်ဖို့များသလို တရုတ်အစိုးရရဲ့ ဖိအားလည်း သေချာပေါက် ပါမယ့်သဘောရှိတယ်လို့ ယူဆမိပါတယ်။

အဲဒီတော့ ဒီကိစ္စကို ရုပ်သေးအစိုးရလက်အောက်မှာ စုံစမ်းရေးကော်မရှင်ဖွဲ့ပြီး အဖြေရှာရင် ရယ်စရာကိစ္စသာ ဖြစ်ဖို့များသလို အကြမ်းဖက်ဖြိုခွဲမှုကို ဘာမှမတု့န်ပြန်ဘဲ ငြိမ်ခံနေလိုက်ရင် (အမေရိကန်၊ ကုလနဲ့ အီးယူနိုင်ငံတွေကလည်း ရှုတ်ချကန့်ကွက်တယ်လို့ အသံထွက်မလာရင်) လည်း ၂၀၁၅ မတိုင်မီမှာ အတိုက်အခံတွေကို ဖြိုခွဲဖို့ ပိုပိုပြီး လက်ရဲဇက်ရဲရှိလာမှာ ဖြစ်ပါတယ်။

ဖြေရှင်းနိုင်မယ့် နည်းလမ်းကတော့ အထင်ကရ ဒီမိုကရေစီခေါင်းဆောင်တွေ ဦးဆောင်မှုပေးတဲ့ (မြစ်ဆုံတိုက်ပွဲတုန်းက လူထုအလွှာအသီးသီး စည်းရုံးလှုပ်ရှားခဲ့ကြသလို) တတိုင်းပြည်လုံးအတိုင်းအတာ လူထုတိုက်ပွဲတွေ စနစ်တကျ ဆင်နွှဲနိုင်မှသာ ဖိအားပေးတဲ့၊ အမိန့်ပေးခိုင်းစေတဲ့ နောက်ကွယ်က လက်မဲကြီးတွေကို ဖြတ်တောက်ရှင်းလင်းနိုင်ပြီး တိုင်းပြည်ရဲ့ ပြဿနာအ၀၀ ပြေလည်ရေးကို ဆက်လက်လုပ်ဆောင်နိုင်မှာဖြစ်ပါတယ်။

* said...

ဦးသိန်းစိန်တို့ အစိုးရ လုပ်နေပုံက မဟုတ်သေးဘူး။ သူတို့ ပြောတာကို အောက်က လူတွေက သေချာမလိုက်နာလို့ တလွှဲတွေ ဖြစ်တယ်လို့ ပြောချင်နေတယ်။ အဲဒီလို တလွှဲ ဖြစ်လာမှာကို မထိန်းချုပ်နိုင်တာကိုက Management မနိုင်တာကို ပြနေတာပါ။ အဲလို မနိုင်တာကို ဝန်ခံပြီး တာဝန်ယူပါ။

haymar said...

Where is Moe Thee Zun? What he is doing? Still collecting the rubbish?

myo chit said...

မြေခွေးလွဏ်းဆွေ ၀ုံလွေလွဏ်းဆွေ

Asiavillage said...

what is ur alternative plan if u disagree current strategy? why not u also carry out ur alternative strategy?Everyone can be a leader in his own way.she does her own way.u also can do ur own way if u really have.no one is restricted to fight for freedom and justice.

ct said...

လွန်းဆွေ ဆေးပြောင်းသောက် ကြည့်ဦး

My Lord said...

KYAW NAING ....
MIN KA BAR KAUNG MOE LOE AMAY SU KO LAR HTE NAY TAR LAR........HEY KAUNG MIN LO KAUNG LOUT TOP LEE PAL