Wednesday, December 5, 2012

ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေနဲ့ စစ်ခေါင်းဆောင်ဟောင်းများ၊ သမ္မတ ဦးသိန်းစိန်နဲ့တကွ ကြံ့ဖွံ့အစိုးရအဖွဲ့ဝင်များသို့ စေတနာရှေ့ထား အကြံပြုချက်

အကြောက်လွန်ရောဂါကို ကုစားနိုင်ရေး
(ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေနဲ့ စစ်ခေါင်းဆောင်ဟောင်းများ၊
သမ္မတ ဦးသိန်းစိန်နဲ့တကွ ကြံ့ဖွံ့အစိုးရအဖွဲ့ဝင်များသို့
စေတနာရှေ့ထား အကြံပြုချက်)

ဒီကနေ့ မြန်မာနိုင်ငံမှာ ဖြစ်ပျက်နေတဲ့ ပြဿနာပေါင်းစုံရဲ့ အဓိက ဇာစ်မြစ်ကတော့ ကန့်လန့်ကာ နောက်ကွယ်ကို ၀င်သွားတဲ့ စစ်ခေါင်းဆောင်ဟောင်းတွေ အကြောက်လွန်နေတဲ့ကိစ္စလို့ မြင်ပါတယ်။ အကြောက်လွန်နေတဲ့အတွက် စစ်ခေါင်းဆောင်ဟောင်းတွေအနေနဲ့ သူတို့ဆီ နောက်ကြောင်းပြန်လှည့်လာနိုင်တဲ့ ပြဿနာလို့ ထင်ရင် လက်မဲကြီးတွေ ဦးအောင် ထွက်ထွက်လာပြီး ဖမ်းဟဲ့ ဆီးဟဲ့ နှိမ်နင်းဟဲ့ သတ်ဖြတ်ဟဲ့ ဆိုတာမျိုးတွေ လုပ်နေတာလို့ ထင်ပါတယ်။

အဲဒီအကြောက်လွန်နေတဲ့ကိစ္စကို လက်ပံတောင်းတောင် သပိတ်စခန်းတွေ ဖြိုခွဲပုံဖြိုခွဲနည်းအတိုင်း ဆက်ဖြေရှင်းနေမယ်ဆိုရင် ပြဿနာတွေ၊ ပဋိပက္ခတွေဟာ ဘယ်တော့မှကို ဆုံးနိုင်တော့မှာ မဟုတ်ဘဲ ပိုပိုများလာမှာသာ အသေအချာပါ။ ပြဿနာတွေကြားမှာ အရင်ဆုံး အထိနာတာ ပြည်သူတွေဖြစ်ပေမယ့် မခံနိုင်တဲ့ အဆုံးတနေ့မှာ ပြည်သူတွေရဲ့ ဒဏ်ခတ်မှုကို မလွဲမသွေ ခံစားရမှာကတော့ စစ်ခေါင်းဆောင်တွေဟောင်းတွေကိုယ်တိုင်ပါပဲ။ စစ်ခေါင်းဆောင်ဟောင်းတွေအနေနဲ့ ကံကောင်းထောက်မပြီး စောစော ကွယ်လွန်သွားခဲ့ရင်လည်း သူတို့ရဲ့ဆွေစဉ်မျိုးဆက်တွေကတော့ မလွဲမသွေ ဒဏ်ခတ်ခံကြရမှာပါ။

သေချာပါတယ်။ ဒီနေ့ဖြစ်နေတဲ့ ပြဿနာတွေကို ရုပ်သေးသမ္မတ ဦးသိန်းစိန်လည်း ဘယ်နည်းနဲ့မှ ရှင်းနိုင်မှာ မဟုတ်ပါဘူး။ အတုအယောင် လွှတ်တော်မှာလည်း အဖြေရှာနိုင်မှာ မဟုတ်ပါဘူး။ ဘယ်လို စုံစမ်းစစ်ဆေးရေးကော်မတီမျိုးကမှလည်း အဖြေထွက်အောင် စုံစမ်းစစ်ဆေးနိုင်မှာ/ စစ်ဆေးရဲမှာ မဟုတ်ပါဘူး။

အဲဒီတော့ ပြည်သူလည်း မနာ၊ သူတို့လည်း မနာချင်ဘူးဆိုရင် လုပ်စရာနည်းက အဓိကအားဖြင့် စစ်ခေါင်းဆောင်ဟောင်းတွေဘက်က စတင်လုပ်ဆောင်ရမှာ ဖြစ်ပါတယ်။ ပြဿနာတွေအတွက် နောက်ကြောင်းပြန် အရေးယူခံရမှာကို အကြောက်လွန်နေတဲ့ကိစ္စအတွက် စိတ်ချရမယ့်၊ မတော်မတရားလည်း မဖြစ်မယ့် ကတိက၀တ်တွေကို ပြည်သူအပေါ် သြဇာတိက္ကမ ကြီးမားတဲ့ ဒီမိုခေါင်းဆောင်တွေ၊ တိုင်းရင်းသားခေါင်းဆောင်တွေနဲ့ အကြေအလည် ဆွေးနွေးညှိနှိုင်းပြီး ထွက်ပေါက်ယူဖို့ပဲ ဖြစ်ပါတယ်။

အဲလိုမှမဟုတ်ဘဲ အခုဖြေရှင်းပုံဖြေရှင်းနည်းတွေအတိုင်းပဲ ဆက်လုပ်ပြီး အာဏာတည်မြဲအောင် နောက်ကွယ်ကနေ နည်းအမျိုးမျိုးနဲ့ ကလိန်ကကျစ်အလုပ်တွေ လုပ်နေဦးမယ်ဆိုရင် နောက်တနည်းကို ပြည်သူဘက်က မလွဲမသွေ လုပ်ဆောင်လာစရာပဲ ရှိပါတော့တယ်။ အဲဒါကတော့ စစ်အာဏာရှင် အကြွင်းမဲ့ ဖြုတ်ချရေး လူထုတိုက်ပွဲနဲ့ ရင်ဆိုင်ရဖို့ပဲ ဖြစ်ပါတယ်။

အဲဒီနည်းနှစ်နည်းထဲက တနည်းနည်းနဲ့ ဖြေရှင်းပြီးသွားတဲ့အခါကျမှသာ ဒီကနေ့ ဖြစ်နေတဲ့ ပြဿနာအ၀၀ ဆုံးခန်းတိုင်သွားပြီး မြန်မာပြည်ဟာ ဒီမိုကရေစီစနစ်ဆီကို အားကောင်းမောင်းသန်း လျှောက်လှမ်းလို့ ရနိုင်မှာဖြစ်ပါတယ်။

စစ်ခေါင်းဆောင်ဟောင်းတွေအနေနဲ့ ဆွေးနွေးညှိနှိုင်းတဲ့ ပထမနည်းနဲ့ ဖြေရှင်းမယ်ဆိုရင်တော့ စစ်ခေါင်းဆောင်ဟောင်းတွေလည်း မနာ၊ ပြည်သူလည်း မနာဘဲ အေးအေးချမ်းချမ်း ပြီးနိုင်တာပေါ့ခင်ဗျာ။ စစ်ခေါင်းဆောင်ဟောင်းတွေ လေးလေးနက်နက် စဉ်းစားကြည့်ဖို့ အကြံပြုရခြင်းဖြစ်ပါတယ်။

အရပ်စကားနဲ့ ပြောရရင်တော့ “ဦးလေးတို့လည်း နာမည်ပျက်ပေါင်း များလှပြီ၊ သေခါနီးလေး အဖတ်ဆည်နိုင်သလောက် ဆည်သွားကြစေချင်ပါတယ်။ နိုင်ငံနဲ့ ပြည်သူလည်း ဦးလေးတို့ နှိပ်စက်ခဲ့တာ ဖွတ်ဖွတ်ညက်ညက် ကြေနေပါပြီ။ ဘယ်သူ့အတွက်မှ အကျိုးမရှိပါဘူးဗျာ” လို့ပဲ မေတ္တာရပ်ခံချင်တော့တာပါပဲ။

အားလုံးသို့ လေးစားစွာဖြင့် ...
ဒေါက်တာလွဏ်းဆွေ
နံနက် ၂း၅၁ နာရီ
၅-၁၂-၂၀၁၂

22 comments:

Lwin said...

You right Dr. Lun Swe.The main person is stupid Than Shwe.

S.Maung Chain said...

Yes,
The best idea and suggestion for our peoples.
But Than Shwe and his fellowships were can not do that.They still have to keeping power
till they die.Then they have to hand over next generations.They switched four time already
from Ne Win to Thein Sein.

saw kt oo said...

ရူးသွားပြီ၊

ma har said...

ဒေါက်ချာ လွန်းဆွေ ကိုဆေးအမြန် ကုပေးကြပါ

kyaw naing said...

အမှန်ကမြန်မာပြည်လွတ်တော်ထဲမှာအခုခေတ်လူလတ်ပိုင်း
အရွယ်တွေ(ဥပမာ..မင်းကိုနိုင်တို့လို့ပေါ့)သာအုပ်ချုပ်ရေး
ကအစရှိသင့်တယ်၊ဖြစ်သင့်တယ်။ဒီတစ်ကောင်အမြီးတစ်
ကောင်ဆွဲနေတဲ့အကောင်တွေရှိနေသမျှတိုင်းပြည်လည်းမ
အေးချမ်းဘူး၊တိုင်းရင်းသားညီအကိုချင်းလည်းမစည်းလုံး
နိုင်ဘူး။နောက်ဆုံးအကျိုးအမြတ်ကဘာလဲဆိုရင်တိုင်းရင်း
သားတွေကြားထဲမှာဗမာလူမျိုးဟာနောက်ဆုံးမျက်နှာမလှ
တဲ့အဆင့်ရောက်မှာဘဲ။ခုလည်းရောက်နေတာဘဲ။ဒီတော့
ဒီအတုအယောင်တွေကိုတိုင်းရင်းသားတွေစုရုံးပြီးမဖြိုချ
သမျှဘယ်တော့မှမျှော်လင့်တာတွေဖြစ်လာမှာမဟုတ်
ဘူး။ခုဆိုမောင်သန်းရွေတို့ကအိမ်ကအိမ်ဖေါ်စရိတ်တောင်
တောင်းလိုက်သေးတယ်မလား။ဒါကိုကသူတို့မှာပါဝါတွေ
မကုန်သေးဘူးဆိုတာပြတာဘဲလေ။သူ့ကိုယ်သူသာတ
ကယ်စိုးရိမ်နေတယ်ဆိုရင်သတင်းစာဂျာနယ်မျက်နှာပေါ်
ကလွတ်အောင်ရှောင်နေမှာဘဲ။အခုတော့သူဘယ်
လောက်ပိုင်တယ်၊သက်ရောက်မူရှိနေသေးတယ်ဆိုတာတဖက်လှည့်နဲ့ပြလိုက်တာဘဲ။တခြားနိုင်ငံတစ်ခုအနေနဲ့
ဆိုသူတို့ကထောက်ပံ့စရိတ်တော့မရဘူး၊အစိုးရပြောင်းလဲ
ဥပဒေပြောင်းလဲပြီးတဲ့နောက်သူတို့ရှုတ်ခဲ့သမျှပြသနာတွေအတွက်လျှပ်စစ်ကုလားထိုင်လားကြိုးစင်ကြိုက်လား
ဆိုတာသာတောင်းခွင့်ရှိတော့တယ်။ဒါမှမဟုတ်သေဒဏ်
ချပြီးလို့အရိုးတောင်ဆွေးနေလောက်ပြီ။

richard said...

this post is good.

kyaw naing said...

လဒ သိန်းစိန်ရေ..မင်းလည်းဗုဒ္ဒဘာသာအနည်းဆုံးသိ
ထားသေးတယ်ဆိုရင်တော့သံသရာဆိုတဲ့စက်ဝန်း၃၃၀ဒီဂရီ
သို့ရောက်နေပါပြီနော်။နောက်သုံးဆယ်တော့အသုံးဝင်
အောင်အသုံးချတတ်ရင်ချမချတတ်ရင် ကဒါဖီလို တသက်
လုံးရွေပလ္လင်ပေါ်ထိုင်လာခဲ့သမျှ၊သေခါနီးမှဖိနပ်နဲ့ကန်
တော့ဆွမ်းကျွေးခံရအောင်တော့မလုပ်နဲ့တော့။ခုလည်းမင်း
တို့ပတ်ရှုတ်ထားသမျှဘယ်တိုင်းရင်းသားကမှလည်းမကျေ
နပ်တော့ဘူး။အရင်က ဘဘသမ္မတဖြစ်နေတဲ့လူတွေ
တောင်ကြက်ပျောက်ငှက်ပျောက်ပျောက်ကုန်ပြီဆိုတာ
သတိပေးလိုက်ပါရစေ။မင်းတို့သေရင်အေးပြီလို့တော့
မထင်လိုက်ပါနဲ့။ဥပဒေကဒီသမီးဒီသားနဲ့မဆိုင်ဘူးလို့
သတ်မှတ်ခဲ့ရင်တောင် personalတွေကိုမေ့သွားဖို့
ထပ်ပြောလိုက်ပါရစေ။မိုးကောင်းတုန်းရွာထား

saw kt oo said...

ref-တိုင်းရင်း
သားတွေကြားထဲမှာဗမာလူမျိုးဟာနောက်ဆုံးမျက်နှာမလှ
တဲ့အဆင့်ရောက်မှာဘဲ။ခုလည်းရောက်နေတာဘဲ

kyaw naing
ဗမာလူမျိုးတွေကိုမစော်ကားပါနဲ့
ကြာရင်ဗမာတွေတကယ်စိတ်နာလာမယ်နော်

စက္ကဝါဆာန် said...

ဟားဟား အညံ့ဆုံးပျက်လုံးပဲ။

kyaw naing said...

မင်းစာမဖတ်တတ်ဘူးလား။ငါရေးထားတာမြန်မာစာနဲ့ပါနော်
saw kt oo..ဘာကိုဆိုလိုပြီးရေးထားတယ်ဆိုတာခ
လေးလေးတောင်သဘောပေါက်တယ်။

ကျော်ဇင် said...

စစ်အုပ်ချုပ်ရေးမှ ဆင်းသက်လာတဲ့ သမတ ကို မကြိုက်လို့ အမျိုးမျိုးဝေဖန်နေတဲ့ လူအများစု့ဟာ တကယ်တော့ ဘာမှအရည်အချင်ရှိတဲ့သူတွေမဟုတ်ဘူး မယုံရင် ထောက်ပံ့မှု့တွေကို ဖြတ်တောက်လိုက်ကြည့် တစ်လအတွင်း ငတ်မသေရင် ပြောချင်တာပြော စစ်သားဟာ စစ်တန်းလျှားမှာဘဲ နေရမယ်ဆိုရင် ထောင်ထွက်ဟာလည်း ပြန်လည်ထူထောင်ရေး စခန်းမှာဘဲနေသင့်တယ်

Unknown said...

ပေါပေါများများ ပေးနိုင်တာက ထင်မြင်ချက်တို့ ဝေဖန်ရေး တို့ပေါ့ ငါလဲပေး တတ်တယ် လုပ်မနေနဲ့ မင်းကိုနိုင်တို့ လူလိမ် အောင်ဆန်းသမီးစုကြည် မင်းတို့လဲ အားလုံး ဗမာ တွေဘဲဆိုတာ ငါတို့ သတိမထားမိဘူး မထင်နဲ့

kyaw naing said...

တိုင်းရင်းသားစစ်တပ်တွေတစ်စုချင်းတစ်တပ်ချင်းခံပြီးတိုက်
မနေကြပါနဲ့တော့။စုစည်းပြီးဝိုင်းသာတိုက်ကြပါလား။ခု
လည်း ဝ တပ်ဖွဲ့ကိုကျပ်ငွေသိန်းသုံးသောင်းလားထောက်
ပံ့လှူပေးမဲ့လက်သစ်ဝေသန္တာရာပါခင်ဗျာ။အကျိုးလိုလို့
ညောင်ရေလောင်း၊အရေးလိုရင်စစ်ကူခေါ်လို့ရအောင်ခုက
တည်းကနေသွားပြီးဖင်ယက်ထားတာ။တိုင်းရင်းသားတပ်
တွေဝိုင်းတိုက်ခံရမှာကိုသူတို့တကယ်တွက်လာလို့လည်း
အခုဟိုလူ့ကိုရွေငှက်ပျောသီးကျွေးသလိုလို၊ဒီလူ့ကိုရွေငှက်ပျောသီးကျွေးသလိုလိုနဲ့သွေးခွဲနေတာ။မြန်မာပြည်
ဘယ်နေရယဘယ်ဒေသမဆိုလက်ညှိုးထိုးမလွဲအောင်
ပြသနာတွေတစ်ခုပြီးတစ်ခုဖန်းတီးလာခဲ့တယ်၊ဖန်တီးနေ
ဆဲဘဲ။တစ်စုတစ်တပ်တည်းတိုက်နေသမျှဘယ်တော့မှ
အလုပ်ဖြစ်နေကြမှာမဟုတ်ဘူး။ဝိုင်းတိုက်ရုံဘဲရှိတာပါ။ခု
လည်းရခိုင်ပြည်မှာအပြစ်မရှိတဲ့ရခိုင်တွေကိုတစ်ရွာတစ်
ရွာသုံးလေးခါဝင်ပြီးဖမ်းတယ်။ကုလားတွေကျတော့သူ
တို့ပထွေးအမေလင်တွေမို့မဖမ်းဘူး။ကချင်ပြည်မှာလည်း
ဗမာစစ်တပ်တွေပစ်လို့အရပ်သားတွေဟိုမှာသေဒီမှာသေ
နဲ့၊ရခိုင်ပြည်မှာတုန်းကလည်းအရပ်သားတွေ၊အပြစ်မဲ့တဲ့
ပြည်သူတွေကိုလက်တည့်စမ်းပစ်ခဲ့ကြတယ်။ကရင်ပြည်
မှာရောလူမျိုးတုံးမတတ်သတ်ဖြတ်ခဲ့၊မီးရှိုးခဲ့၊မုဒိမ်းကျင့်ခဲ့
တာ။အခုအဲဒီသမတဆိုတဲ့ကောင်မှာနားမပါဘူး၊မျက်စိ
မရှိဘူးလား။ဒင်းတို့စောက်ပေါက်ကပြောနေတဲ့ဥပဒေ
ဆိုတာဒင်းတို့ကိုကာကွယ်တဲ့ဥပဒေလားခုလည်းကြည့်
လက်ပတောင်းကဘုန်းကြီးတွေကိုပစ်ခတ်သတ်ဖြတ်ခဲ့
တာတွေတခြားဘာသာလူမျိုးတစ်မျိုးကဒီလိုနည်းနဲ့တား
ဆီးဖြိုခွင်းခဲ့တယ်ဆိုရင်ကြားလို့ကောင်းအုံးမှာပါ။အဲဒီဗုံး
တွေကကုလားကိုပစ်ဖို့ကျတော့ဘယ်နားသွားထားလဲ
တော့မသိဘူး။သူတို့ကဘုန်းကြီးတွေကိုအနုနည်းနဲ့သတ်
လိုက်တာပါ။မှုဆလင်သမ္မတတရုတ်နဲ့ဗိုက်ကြီးပြီးလမစေ့
ဘဲမွေးတဲ့ဟာတွေ။မအေးလိုးတဲ့အစိုးရအဖွဲ့အစည်းတွေ
မင်းတို့ကျဆုံးပါစေ၊ကဒါဖီထက်ဆိုးတဲ့အဖြစ်မျိုးနဲ့ကျဆုံး
ပါစေ၊မင်းတို့ကျဆုံးကြပါစေ။မင်းတို့ကျဆုံးကြပါစေ။မင်း
တို့ကျဆုံးကြပါစေ...ကျနော့်ကျိန်စာစကားနတ်
ကောင်းနတ်မြတ်များကြားကြပါစေ၊ဘုရားရှင်သိပါစေ၊သံ
သရာကြွေးဆပ်ဝဋ်ငရဲဖြစ်တာမြင်ရပါစေ...ကျနော်
နှတ်စူးတတ်ပါတယ်သူငယ်ချင်းတို့..ဒါကြောင့်ဒီကျိန်
စာကိုမြင်တဲ့လူတိုင်းကျနော်နဲ့ထပ်တူဆန္ဒလေးသာပြုခဲ့ပါ
အရင်ကကျနော်ကြုံခဲ့ဖူးတာတွေများနေပါပြီ။ခုလည်းသူ
တို့ကိုကျနော်နေဝင်နေထွက်နဲ့ကျိန်ဆဲခဲ့ပါတယ်။ကဒါဖီ
ထက်အဖြစ်ဆိုးကိုသူတို့ကြုံကိုကြုံလာရပါလိမ့်မယ်။ကျ
နော့်ပြောတာယုံကြပါ...ဆန္ဒလေးသာပြုခဲ့ကြပါ

Unknown said...

ဟေ့ကောင် ကျော်နိုင် မင်းအုပ်ချူပ်ရေး ကြောင်းဘယ်လောက်သိလို့ စောက် ရမ်းပြောနေတာလဲ ဘုန်းကြီးက ဘုန်းကြီးအလုပ်မဟုတ်တာလုပ်မှ အထုခံရ တော့မှာပေါ့

moe said...

Dr Lun Swe,
I would suggest you to post English version of this article and also send to Puppet Ban Kee Moon and Obama.
Although they know the true situations in Burma, they pretend not to know all and supporting the lies.
Regards,

Unknown said...

ma har ဒေါက်တာလဏ်းဆွေကအရူးတွေကိုကုတဲ့ဒေါက်တာလေအရူးကိုကု၇င်းသူပါရူးနေပြီ

Median Eye said...

"ပြဿနာတွေအတွက် နောက်ကြောင်းပြန် အရေးယူခံရမှာကို အကြောက်လွန်နေတဲ့ကိစ္စအတွက် စိတ်ချရမယ့်၊ မတော်မတရားလည်း မဖြစ်မယ့် ကတိက၀တ်တွေကို ပြည်သူအပေါ် သြဇာတိက္ကမ ကြီးမားတဲ့ ဒီမိုခေါင်းဆောင်တွေ၊ တိုင်းရင်းသားခေါင်းဆောင်တွေနဲ့ အကြေအလည် ဆွေးနွေးညှိနှိုင်းပြီး ထွက်ပေါက်ယူဖို့ပဲ"
တဲ့-လွယ်လိုက်တာ-
ပြည်သူအပေါ် သြဇာတိက္ကမ ကြီးမားတဲ့ ဒီမိုခေါင်းဆောင်တွေ၊ တိုင်းရင်းသားခေါင်းဆောင်တွေ
ဆိုတာဘယ်သူတွေလဲ၊ဘယ်လိုသတ်မှတ်မှာလဲ။
ခုတောင်ခေါင်းစဉ်အမျိုးမျိုးတပ်ပြီး(တရားဝင်နိုင်ငံရေး
ပါတီလည်းမဟုတ်ပဲ)နိုင်ငံရေး-Role-ဝင်ယူနေတဲ့
နိုင်ငံရေးလုပ်စားနေတဲ့အဖွဲ့ တွေမှာ-ကိုယ့်ဖာသာကိုယ်
ခေါင်းဆောင်လုပ်နေကြသူတွေတစ်ပုံကြီး

Median Eye said...

သြော်-ဒါနဲ့ -လွမ်းဆွေရေ။
သစ်ထူးလွင်ဘလော့ကတော့ငါ့ကို
comment bend လုပ်လိုက်ပြီ။
ငါကဒီမိုကရေစီဆိုတာဘာမှန်းနား
မလည်ပဲကိုယ့်အမြင်ကိုယ်လွတ်လွတ်
လပ်လပ်ပြောမိတာပါကွာ။
သူတစ်ပါးကိုဆဲတာ၊ရိုင်းစိုင်းတာမပါဘူး။
မင်းလဲသဘောပဲနော်-bend ချင် bend
ငါနားလည်ပေးပါတယ်။

Unknown said...

you right. Dr. Lun Swe. we are so late in the world and so poor in everything. when and how we have peace .....

Unknown said...

u r right.Dr.Lun Swe. i like it.

kyawthusukyi said...

ကဲပါ ... ငါပဲခေါင်းဆောင်လုပ်မယ်
တိုင်းရင်းသားတွေအတွက်ရော ဆင်းရဲနေတဲ့နိုင်ငံအတွက် ရော

Unknown said...

ရိုးရီုးကျင့်၊မြင့်မြင့်ကြံ၊တို့တိုင်းပြည်အတွက်လို့စိတ်ကလေးထားကြည့်ကြပါ၊