Friday, December 21, 2012

စိန်နဲ့ စုနဲ့ နှစ်ပါးကြည် အများပြည်သူ တုံးလုံးပက်လက်

စိန်နဲ့ စုနဲ့ နှစ်ပါးကြည် အများပြည်သူ တုံးလုံးပက်လက်
လှမောင်ဟန်

ကဲ … သိပြီမှုတ်လား။ မီးခိုးဗုံးပါဆိုနေမှ …။

အော် … ကော်မရှင်ကြီးကတော့ ကော်ချလိုက်ပြန်ချေပြီတကား။ ပြည်သူခပင်း၊ အိုအချင်းတို့ … ဂဏှာဟိ၊ မှတ်ကုန်လော့။ ထိုအရာကား မီးခိုးဗုံး ဟူသတည်း။

ကော်မရှင်ဟူသည်မှာကား နှယ်နှယ်ရရမဟုတ်။ သာမန် အရပ်သူအရပ်သား လူပြိန်းများ နားလည်အောင် ပြောရပါမူ ကော်မရှင်ဆိုသည်မှာကား အားအားရှိလျှင် ကော်မရှင် ခတ်မရှင်ဟု ဟန်ရေးတပြင်ပြင် လုပ်နေတတ်သော “ပိုက်ကျော်ခြင်းသမ” မဟုတ်။ တနည်းဆိုရပါမူ အားအားရှိလျှင် အလှူ့လက်ဖက် ငါ့အတွက် သဘောထားပြီး သကာလ ကော်မရှင်၊ ခပ်မရှင်ဟု ဟန်ရေးတပြင်ပြင် လုပ်နေတတ်သော အလှူအိမ်မှ “အိုးသူကြီးမ” လည်း မဟုတ်။ ကော်မရှင်ဆိုသည်မှာကား ကော်မရှင်ဟု ဆိုသော်ငြားလည်း ကော်သင့်မှကော်၍၊ မကော်သင့်လျှင် လုံခြုံအောင် ဖုံးတန်ဖုံး၊ ဖိတန်ဖိ၊ ဖာတန်ဖာ၊ ဖားတန်ဖား၊ ဖွက်တန်ဖွက်၊ ဖယ်တန်ဖယ်၊ ဖျောက်တန်ဖျောက်၊ ဖြောင်တန်ဖြောင်၊ ဖျက်တန်ဖျက်၊ ဖြဲတန်ဖြဲ၊ ဖြိုတန်ဖြို၊ ဖောတန်ဖော၊ ဖြီးတန်ဖြီး၊ ဖတလုံးကို ပိုင်ပိုင်ကြီး အသုံးချတတ်သည့် ဖတလုံးကြေ အဖွဲ့ကြီး ဖြစ်သတတ်။ ကော်မရှင်ကြီး၏ ဖ အင်္ဂါများကို ဂုဏ်ပြုချီးမွမ်းရန် အလို့ငှာ အနှီကော်မရှင်ကြီးကို ဖကော်မရှင်ကြီးဟုပင် အမွှမ်းတင် ခေါ်ဆိုသင့်လှပါပေသည်။

ကော်မရှင်ဆိုသည်မှာကား မစုံစမ်းရသေးခင် ဘာမှ ပြောရိုးမရှိ၊ မှတ်ဘိ။ ဖကော်မရှင်ကြီးဆိုသည်မှာကား ဥပဒေနှင့် ညီအောင် လုပ်တတ်လှပေသည်တကား။ စီရင်ချက် မချရသေးလျှင် ဘာကိုမျှ မစီရင်တတ်။ သံသယအကျိုးခံစားခွင့် ပေးတတ်လေသည် ဟူသတတ်။

ယခု မီးခိုးဗုံးဟု ဆိုလိုက်သည်မှာလည်း စုံစမ်းပြီး၍သာ ဖြစ်တန်ရာသည်။

ထိုအရာကား … ဘာတဲ့တုန်း၊ ဟဲ့ … ဟဲ့ မီးခိုးဗုံး ဆိုပါလား။

အဲတဲ့၊ နို့ပေတဲ့ အဲသည် မီးခိုးဗုံးဆိုသဟာကြီးက ဘာလို့များ မီးထတောက်ရသတုန်းနော်။ ခက်ပါဘိ၊ သက်ညှာ မသိရော့သလားကွယ်။ ဘာလို့များ မီးခိုးဗုံးလို့ ဆိုရသတုန်း။ မီးတွေကို ခိုးထား ဘုန်းထားလို့ပေလား။ ဒါမှမဟုတ် အောက်စဖို့ အဘိဓာန်တော်ကြီးထဲတွင် မီးခိုးဗုံးဟူသည်မှာကား အရေပြားများကို လောင်ကျွမ်း၍ အရှင်လတ်လတ် ငရဲသို့ ပို့ဆောင်ပေးတတ်သောအရာ ဟူ၍များ အဓိပ္ပာယ် ဖွင့်ဆိုထားလေသလားမသိ။ အောက်စဖို့က ပြောလျှင်တော့ မှန်ကို မှန်ရပေလိမ့်မည်။

ထိုသို့ မုသားမီးခိုးများ ဖုံးလွှမ်းနေသည့် အခိုက်ဝယ် တဘက်မှာလည်း ချိန်သားကိုက်စွာ ဓာတုစိန်စိန်၏ ဝမ်းနည်းစကား ထွက်ပေါ်လာချေသည်။

အောင်မယ် … ငြိမ်ချက်သား ကောင်းလွန်းလို့ ဒင်းငုတ်တုတ်ကြီးများ အသက်ထွက်သွားပြီလား ထင်နေတာ … ဘယ်မှာ ဟုတ်လို့တုန်း။ စကားတော့ ပြောတတ်သားပဲ။ သူ့ခမျာ တော်တော် စိတ်မကောင်းဖြစ်သွားရှာဆိုကိုး။ စိတ်မကောင်းဘူးဆိုလို့ ရူးသွားပြီလား မထင်နဲ့ဦး။ သူ စိတ်မကောင်းတာ အကြောင်းရှိတယ်။ ဟောဒီမှာ နားထောင်ကြည့်။

“မထိခိုက်သင့်တဲ့ သံဃာတွေ ထိခိုက်သွားတော့ ကျနော်လည်း စိတ်မကောင်း အများကြီး ဖြစ်ရပါတယ်” တဲ့။

ဘုရား ... ဘုရား။ သူ စိတ်မကောင်းတာက ဒီလိုပါလား။ စစ်ဗိုလ်ပီပီ ယဉ်ကျေးသိမ်မွေ့စွာ သူ့အောက်က ကောင်တွေကို ငါကိုင်တုတ်နေမှာ မြင်ယောင်မိပါသေး။ “ ငါ x မသားတွေ ထိခိုက်သင့်တဲ့ သံဃာတွေကို ထိအောင် ပစ်ပါတော့လား။ ဒီလောက်တောင် လက်မဖြောင့်ရအောင် မင်းတို့လက်ကို ဟိုဒင်းနဲ့ တို့ထားလို့လား … အိမ်မြှောင်ဥ၊ အိမ်မြှောင်ဥနဲ့ တို့ထားလို့လား” ဟု ဒေါသတကြီး အော်အော်ပြီး ဆဲလို့နေမှာကို အော် … မြင်ယောင်မိပါသေးရဲ့လေ။ ဘုရား … ဘုရား သူ ထိခိုက်စေချင်တဲ့သူတွေက ဘယ်သူတွေများပါလိမ့်လဲနော်။

အောင်မယ် … မန္တလေးမှာ သံဃာတွေကို တောင်းပန်တဲ့သူတွေကလည်း မခေပါခင်ဗျ။ အညွန့်ကလေး၊ အစီးအပိုးကလေးနဲ့ဗျ။ မမျှော်လင့်ဘဲ သံဃာတော်များ ဒဏ်ရာရသွားတဲ့အတွက် ဆိုပါလား။ သူတို့ မမျှော်လင့်တာက ဘာများပါလိမ့်ဗျာ။ အတွေးရကြပ်ပါဘိ။ “မိမိတို့၏ မီးလောင်ဗုံးများမှာ တခါမှ လက်တွေ့ မသုံးစွဲရသေးသောကြောင့် ဒီလောက်ကောင်းလိမ့်မည်ဟု မျှော်လင့်မထားပါကြောင်း၊ မိမိတို့မှာလည်း ယခင်က လူသားစစ်စစ်များနှင့် မစမ်းသပ်ရသေးသောကြောင့် နောင်အခါတွင် မှားယွင်းမသုံးစွဲမိစေရန် အလို့ငှာ ယခုလို စမ်းသပ်ရခြင်းဖြစ်ပါကြောင်း” ဆိုတဲ့ သဘောများလား မဆိုတတ်ပါပေတကား။ သို့တည်းမဟုတ် “ထိုနေ့ညက ဖြိုခွဲသည့်သူ အမိန့်ပေးသည့်သူများမှာ မိမိတို့ မဟုတ်ပါ၍ မိမိတို့အနေနှင့် မျှော်လင့်မထားပါကြောင်း၊ ကိုယ်တိုင်ကိုယ်ကျ အမိန့်ပေးတော်မူကြသော ကိုဟိုဒင်း ဦးဟိုဒင်းတို့အဖို့မှာ ရာဇဣနြေ္ဒပွန်းပဲ့မှာ စိုးလွန်းသဖြင့် တောင်းပန်ဖို့ မဖြစ်နိုင်ပါကြောင်း၊ ၄င်းတို့ကိုယ်စား မိမိတို့အား တောင်းပန်ခိုင်းခြင်းဖြစ်သောကြောင့် ထိုနေ့ညက အဖြစ်အပျက်များမှာ မိမိတို့လည်း မျှော်လင့်မထားမိပါကြောင်း” ဟုပင် ဆိုချင်လေသလော မပြောတတ်။ ထို့အပြင်တဝ “မိမိတို့မှာ သံဃာများက အင်နှင့်အားနှင့် ဆူပူကြမည်ကို ကြောက်လွန်းသောကြောင့် တောင်းပန်ရသော်လည်း လူများကိုကား သေစေချင်၍ တမင်လုပ်ခဲ့ခြင်း ဖြစ်သောကြောင့် မတောင်းပန်နိုင်ကြောင်း” ဟုလည်း ဆိုချင်ဟန်ရှိပေသည်။ သူတို့တောင်းပန်သည့်အထဲမှာ လူတွေ မပါပါတကား။

တောင်းပန်ပြီးသကာလ မိနစ်ပင် မဆိုင်းမတွ၊ သူတို့ဗီဇ ပြတော့သကိုး။ သာဓုသုံးကြိမ် အတင်းအဓမ္မ ခေါ်ခိုင်းတော့တာပါကလား။ သာဓုပဲဗျာ၊ သူခေါ်ချင်မှ ခေါ်မှာပေါ့ ဟုတ်ဖူးလား။ ဟုတ်ပေါင်ဗျာ။ ကဲ … တောင်းပန်ပြီးပြီ။ ကျေနပ်ရင် သာဓုခေါ်၊ မခေါ်ရင် ဒါပဲ ... ဒါပဲတဲ့။ အောင်မလေး၊ အဓမ္မကြီးပါကလားနော်။ သံဃာတော်များမှာလည်း တောင်းပန်ပုံက ဂိုက်မကျသော်လည်း သူတို့မျက်နှာထားတွေက အစိုးမရလေတော့ နောက်ထပ်များ မီးလောင်ဗုံး … အဲ အဲ ...ယောင်လို့ မီးခိုးဗုံး၊ (ဖကော်မရှင်ကြီးပြောတဲ့ မီးခိုးဗုံးတွေ) နောက်ထပ် ယူလာသေးသလား ဆိုပြီး စိုးရိမ်ပူပန်သွားပုံရလေသည်။ သံဃာဆယ်ပါးလောက်က မခေါ်ချင့် ခေါ်ချင့် စိတ်လက်မသက်မသာဖြင့် သာဓုခေါ်လိုက်ရပါသကောလေ။

သမ္မဒဂျီး ဓာတုစိန်ကလည်း နောက်ထပ် ပြောသေးသဗျ။ အောက်ခြေတွင် ညှိနှိုင်းမှုများ အဆင်မပြေသောကြောင့် ခုလို ဖြစ်ရသတဲ့။ လာပြန်ပါပြီဗျာ။ နောက်တလုံး။ သူတို့ဘိုးဘေး မဆလကြီးရဲ့ အလုံးလေးတွေ။ လုပ်တော့ အပေါ်က၊ လွှဲချတော့ အောက်က။ အပေါ်ပိုင်းက ကောင်းကြောင်း၊ မူတွေချမှတ်ထားတာကလည်း မိုးပျံနေကြောင်း၊ စိတ်ရင်းစေတနာမှာလည်း သူတော်စင်တမျှ မြင့်မြတ်လှပါကြောင်း၊ သို့သော်လည်း အောက်ကကောင်တွေ စောက်သုံးမကျလို့ ဖြစ်ရကြောင်းပေါ့လေ။

အော် … ဟုတ်တော့လည်း ဟုတ်သား။ ဒို့များအောက်ခြေမှာသာ မီးလောင်ဗုံးထိသူကထိ၊ ဒုတ်ချက်မိသူကမိ။ ရဟတ်ယာဉ်ပေါ်က ပစ်လိုက်သော သေနတ်ဒဏ်ရာဖြင့် ဂန့်သူဂန့်ဖြစ်နေချိန်မှာ နွားနို့ခွက် အပေါ်ယံက မလိုင်များမှာတော့ စုစည်းညီညွတ်ကြပေသည်တကား။

သူတို့မှာဖြင့် ကြည်လို့ ပြုံးလို့၊ နှစ်ပါးသွားတွေ မြိုင်ထတွေ ကလို့။ ငါတို့မှာသာ အတုံးနဲ့ အရုန်း၊ တုံးလုံးနဲ့ ပက်လက်၊ မျက်ခွက်နဲ့ မျက်ရည် သွေးတွေချင်းချင်းနီကုန်ပါပေါ့တကား။

ဤသည်လည်း အပေါ်ထပ်နှင့် အောက်ထပ်ဇာတ်လမ်း တေးသွားအသစ်ပင်တည်းဟု တနည်း မှတ်ယူကြစေခလို ...။

လှမောင်ဟန်
၂၀ ဒီဇင်ဘာ ၂၀၁၂
(Hla Mg Han ဖေ့စ်ဘွတ်ခ်စာမျက်နှာမှ ...)

27 comments:

Unknown said...

လွဏ်းဆွေ တော်လှန်ရေး စာရေးဆရာကြီး ပေါက်ကရ
တွေ ဖြတ်ညှပ်ကပ် တွေလျှောက်ထည့် သတ္တိရှိရင်
ပြည်တွင်းက ဆန္ဒပြပွဲ တွေမှာ ရှေ့ဆုံးက အလံ လာကိုင်
ပါလား ။

Unknown said...

မီးခိုဗုံးမို့မီးခိုးဗုံးပြောတာဘဲမင်းတို့ပြေား တဲ့အတိုင်းဘဲလိုက်ပြောရမှာလားအမှန်တရားမရှိတော့ဘူးလား နောက်ကြောင်းပြန်လဲ့မလဲ့ဆိုတာဒို့ပြည်သူတွေနဲ့လဲဆိုင် တယ်ဆို တာမမေ့ပါနဲ့ အစိုးရမှာတဝန် ရှိတာမဟုတ်ပါဘူးအားလုံးမှာတာဝန် ရှိတယ် မင်ကောနိုင် ငံအတွက်ဘယ်လောက် လုပ်ခဲ့ပြီလဲ

Unknown said...

အဲဒီစာပိုဒ်ကို သေချာဖတ်ကြည့်ပါလား မီးခိုးဗုံးသုံးတယ်
မီးလောင်ခံရတယ် လို့ပါတယ် ။ နားမလည်ဘူးလား နားလည်သင့်တယ် ။ စုံစမ်းစစ်ဆေး နေတာကို မယုံ
ဘူးလား ဘယ်သူစုံစမ်းမှ မင်းတို့ယုံမှာလဲ ။ တိုင်းပြည်အတွက် ဘယ်လောက်လုပ်ခဲ့ပြီလဲလို့ မမေးနဲ့ မောင်ရေ သေရွာက (၂ ) ခါပြန်ခဲ့ပြီ ကိုယ့်လူရေ့ ဒါပေမဲ့ အဲဒါနဲ့ မတိုင်းပါလဘူး ။တိုင်းရင်လဲ စောက်ပေါပဲ လက်တွေ့ မျက်မှောက် အခြေအနမှ ကြည့်ပါ တယ် ။

Unknown said...

ွှ့Thann Tue ပြောတာ ထောက်ခံတယ်။ မီးခိုးဗုံးလို့ ကြေညာတာကို သေသေချာချာမဖတ်ကြဘူး။ထစ်ကနဲရှိ အပြစ်တင်ဖို့လောက်ပဲ စဉ်းစားနေကြတာလား။ ဒေါ်အောင်ဆန်းစုကြည်ခေါင်းဆောင်တဲ့ကော်မတီကို မကြိုက်ရင် အစကတည်းက ကန့်ကွက်ကြပါလား။ အခုမှ ကော်မတီက ထုတ်ပြန်တဲ့ကြေညာချက်ကိုမကြိုက်လို့ ထပြီးကန့်ကွက်တာကြီးကတော့ ကိုယ့်လူတို့လုပ်ပေါက်က ဟုတ်သေးဘူးထင်တယ်။ နောက်ပြီး ကော်မတီကိုမကျေနပ်ရင် မကျေနပ်တဲ့အကြောင်း နိုင်ငံရေးသမားပီပီဝေဖန်ပါ။ ကြိုက်သလို ဝေဖန်ပါ။ ဘာမှမပြောလိုပါဘူး။ တယောက်နဲ့တယောက်၊ တဖွဲ့နဲ့တဖွဲ့ လွှပ်လပ်စွာ သဘောထား ကွဲလွဲနိုင်ပါတယ်။ ဒါပေမဲ့အခုလို မိန်းမလိုမိန်းမရ၊ အဆင့်အတန်းမရှိ၊ ပေါက်လုပ်ပဲစား ဝေဖန်တာကြီးက မင်းတို့ရဲ့ နိုင်ငံရေးအဆင့်ဘယ်လောက်ရှိတယ်ရှိတာ ဖေါ်ပြနေတာပဲ။ ကိုကျော်ကြီးစကားကိုငှားသုံးရရင် မင်းတို့ကိုအရမ်းသနားတယ်ကွာ........

* said...

ဘုရားကဟောထားတယ် "လူမိုက်ကို မပေါင်းရဘူးတဲ့" သူက သွားပေါင်းတာကိုး။

ှဲKaung said...

စိန်နဲ့  စုနဲ့ နှစ်ပါးကြည် အမူးသမားတွေ သူတောင်းစားတွေ ပိုးလိုးပက်လက်။
ငါတို့ ပြည်သူတွေက ဘာမှ မဖြစ်ဘူး။
ဒေါ်စု လုပ်ရပ်တွေ အားလုံးနီးပါးထောက်ခံတယ်။
မင်းတို့ တောင်းစားနေတဲ့ကောင်တွေပဲ ခွက်ပျောက်လို့  ဒုက္ခရောက်နေကြတာ။

genius said...

ဒေါ်စု ဟာ မျိုးချစ်သူရဲကောင်းဆိုတာအားလုံးနီးပါးလက်ခံထားကြပါ
တယ်၊ ကိုလွဏ်းဆွေလည်း မျိုးချစ်စိတ်ရှိတာ သေချာပါတယ် ၊ ကြေးနီတောင်ကိစ္စက
ထင်ထားကြတာထက် နက်နက်နဲနဲဖြေရှင်းရမှာပါ ၊ ကော်မရှင်ကဆုံးဖြတ်တာ ၀မ်ပေါင်နဲ. ဦးပိုင်ကလက်ခံနောက်ဆုတ်ရုံ လောက်နဲ.ပြီးသွားမယ်မထင်ပါဘူး ၊ ဒေါ်အောင်ဆန်းစုကြည်ခေါင်းဆောင်တဲ့ကော်မတီ
ရဲ.လုပ်ဆောင်ချက်ကိုစောင်.ကြည်.ကြပါ ၊ လုပ်ဆောင်ချက်
ဘယ်လောက်ပြောင်မြောက်လဲ ၊ ဘယ်လောက် -----? လဲ ။
အမှန်က ကျုပ်အမြင်စုံစမ်းရေးကော်မရှင် ဖွဲ.စရာမလိုဘဲ
နိုင်ငံတော်ကဘဲကိုင်တွယ်ရမှာ ၊ ရှင်းနေတာကြီးကို ....
.. တခုတခုတော.မှားနေသဗျို. ၊ စောင်.ကြည်.ကြပါ ၊ ၁လ ကျော်လောက် ၊ ကိုလွဏ်းဆွေ လည်းဆန္ဒမစောပါနဲ. ။ အန်တီစု ကတော.ပြည်သူတွေ
မျှော်လင်.တဲ.အတိုင်းလုပ်ချလိုက်ပဟ ... ဆိုတဲ. ပြည်သူ.အသံတွေဘဲကြားချင်ပါတယ် ၊
လူသားအားလုံးကိုလေးစားပါတယ် ။


.

Unknown said...

နိုင်ငံခြားက ဒေါ်လာမျှော် တွေလဲ ခွက်ပျောက် ကုန်ကြပြီ
ထင်တယ် ။ သူများ တွေ လို ကာယ ဉာဏ နဲ့ လုပ်နေတာ
ကို အတုယူကြကွာ ။

Unknown said...

အပ်လိုအပေါက်ရှာပြီး သူတစ်ပါးကိုထိခိုက်နစ်နာစေချင်တာလွယ်ကူပါတယ်။ ကိုယ်သာသူတို့လိုနေရာမျိုးရောက်ရင် ဘာလုပ်မယ်ဆိုတာရောစဉ်းစားမိရဲ့လား။ မျက်ကန်းမျိုးချစ်လို သွေးဆူလွယ်ပြီးထစ်ခနဲဆို ချမယ်ဆိုတဲ့ အတွေးအခေါ်မျိုးနဲ့တော့ဒီလိုနေရာမျိုးမှာတာရှည်မခံနိင်ပါ။ဖြေရှင်းဆက်ဆံမှုဟာ အလွန်သိမ်မွေ့ဖို့လိုပြီး စကားတစ်ခွန်းထွက်ရှိမှုာလည်း အလွန်သတိထားရပါတယ်။ တစ်ခေတ်ထဲမှာမွေးလာတဲ့သူအချင်းချင်း တစ်ခေတ်ထဲမှာပဲအတူတူသေကြရဦးမှာပါ။ အသက်အရွယ်ကွာခြားလို့ အရင်သွားမယ့်သူနဲ့ နောက်မှလိုက်လာမယ့်သူတွေခြည်းပါပဲ။ ဒီလိုအအချိန်မှာ မဟောသထာကို ကုန်းတိုက်တဲ့ကင်းဝဠ်ပုဏ္ဍးလို ပရိတ်သတ်အမြင်မှာ လယ်ပြင်မှာဆင်သွားသလိုကွက်ကွက်ကွင်းကွင်းဖြစ်နေမှာမလွဲမို့ တစ်ချိန်ကျရင်သမိုင်းစာမျက်နှာမှာ "ဗီလိန်"လို့ ကဗ္ပည်းထိုးခံကြမှာလား။ တစ်ခေတ်တည်းမှာပဲသေဆုံးရမယ့်သူအချင်းချင်းကိုယ်တာဝန်ယူတဲ့ရှူထောင့်ကနေ ရောက်ချင်တဲ့ပန်းတိုင်တစ်ခုကိုအားလုံးမျှတက်ကြဖို့ပဲလိုပါတယ်..

Unknown said...

ဆောင်းပါးရှင်ကို ဒီကော်မတီတာဝန်ပေးမယ်ဆိုရင် လက်ခံပြီး စုံစမ်းပေးနိုင်မလား ခင်ဗျာ့ တစ်ဆိတ်လောက်ပြန်ကြားပေးစေလိုပါတယ်

ညီသန့်ရှင်း said...

မီးနဲ့ လုပ်လို့ ဘုန်းကြီးတွေ မီးလောင် စုတ်ပျက်ကုန်တာပေါ့ ။ မီးခိုးဗုံးနဲ့ ပစ်ပြီး လူစုခွဲလို့ တကိုယ်လုံး မီးလောင်စုတ်ပျက်သွားတာမျိုး ဘယ်နိုင်ငံမှာ ခင်ဗျာတို့ တွေ့ ဖူးကျလဲ။ စောက်ရေးမပါတာတွေ ဝေ့လည်ကြောင်ပတ်နဲ့ ကပ်သီးကပ်ဖဲ့ စောက်ပိုတွေ လျှောက်ပြောနေကျတယ်။ ဒီအတိုင်းရိုးရိုးပဲ တွေးကြည့်လိုက်စမ်းပါ ထမင်းစားပြီး ကြီးတဲ့ ကောင်တိုင်း ဒါလေးတော့ သဘောပေါက်ကျမှာပါ။ ဘာမီးခိုးဗုံးလဲီးမီးခိုးဗုံးလာ။ ဒေါ်စုကို ဝေဖန်တော့ ဘာဖြစ်လဲ မတော်တာတွေ့ရင်တော့ ဝေဖန်ရမှာပဲ။ အပေါ်က ကောင်တွေ ဒေါ်စု ထိလို့ နာသလိုလိုနဲ့ ဒေါ်စု နိုင်ငံရေးအရှုံးပေါ်လို့ လမ်းဘေး ရောက်ရင် ရှေ့ဆုံးက လက်ခုပ်တီးမဲ့ လူစားမျိုးတွေ...မသိတာမှတ်လို့ ။ အမှန်တရားက အမှန်တရားပဲကွ စစ်တပ်အောက်ဆွဲကောင်တွေရ မှတ်ထား။

Pite Tin said...

ဆောင်းပါးရှင်ကိုရော သက်ဆိုင်ရာ block က တာဝန်ရှိသူကိုပါ တောင်းပန်ပါရစေးကျွန်တော်တို့တတွေ နှစ်ပေါင်းနှစ်ဆယ် လောက်စတေး
ပေးဆပ်ခဲ့ကြရတာက အတိုက်အခံ(ခေါင်းဆောင်ဖြစ်သူ ဒေါ်စု)နဲ့
အစိုးရ ပြေလည်မှုရဖို့ပဲဖြစ်ပါတယ်။ဒါတိုင်းပြည်ထူထောင်ရေးအတွင် မဖြစ်မနေလိုအပ်တဲ့ ပထမအဆင့်ပါ။
အခု င်ဗျားတို့ရပ်တည်တဲ့မူဝါဒက dogmatism သက်သက်
passimism သက်သက်ဖြစ်နေပါတယ်။
အားလုံးကိုအကျိုးယုတ်စေသလို ခင်ဗျားတို့လည်းမကောင်းပါဘူး။
စေတနာနဲ့ပြောတာပါ။ တိုင်းပြည်ကိုတစ်ကယ်ချစ်ရင် ကိုယ့်သဘောထားတွေနဲ့ လုပ်ရပ်တွေ ပြန်သုံးသပ်သင့်ပြီလို့အကြံပြုပါရစေ။
ပိုက်တင်( အကျဉ်းသားဟောင်း )

nyihtwe said...

Totally agree with Pite Tin.

Min Zaw said...

မီးခိုးဗုံးကိုဘယ်သူထုတ်ပေးတာလဲ? ပစ်တဲ့ရဲကတော့ ရိုးရီုးမီးခိုးထွက်တဲ့ဗုံးလို့ ပဲ ထင်မှာပါ သူတို့ ကပညာရှင်တွေမှမဟုတ်တာ။ သံဃာတွေကို လောင်ကျွမ်းစေလိုတဲ့ စိတ်နဲ့ ပစ်တာတော့မထင်ပါဘူး။ ဒီကိစ္စကိုတောင်းပန်လို့ သံဃာတွေလဲ ကျေအေးပြီးပြီ။ ဒါကိုမီးလောင်ရာလေပင့်တဲ့ဆောင်းပါးနဲ့ အချင်းချင်း အိမ်ကြက်အိုးမည်းသုပ်ခွပ်ခိုင်းနေတာကို နားမလည်ရင် အေးပေါ့ဗျာ ဗျောသံကြားတိုင်း တရားနာ ဆိုသလို ကြည့်လဲနာကြပေါ့ဗျာ.. နောက်ကွယ်ကဆွပေးနေတဲ့သူတွေက ကြိတ်ပြူံးနေရုံပေါ့..

Unknown said...

စိန်တွေ စုနေလို့  ဒို့ နိင်ငံ ပျက်စီးနေတာပါကွာ

win said...

မြန်မာပြည်ထဲမှာ ဆန္ဒပြတာ မရှိရင်
ပြန်မာပြည် အဆင်ပြေတိုးတက်လာရင်
မောင်လွဏ်းဆွေတို့ ထမင်းငတ်မှာပေါ့ကွ
ဒီကောင်တွေ အုပ်စုက ၈၈ လိုဖြစ်စေချင်နေတာ
မဖြစ်လာလို့ တင်းနေတာထင်တာ
မင့်အဘတွေက သင်္ကြရေပွတ် ကိုင်ထားတယ်ထင်လို့လား
ဒီတစ်ခါ ထပ်ပြီးမင့်အဘ တွေ စစ်အာနဲ့အုပ်ချုပ်စေချင်တာလား
မြှောက်ထိုးဖင့်ကော်နဲ့ ကိုယ်တိုင်လဲ အစွမ်းအစရှိလို့လား

Unknown said...

. . . . Your Heard !

Unknown said...

ဆောင်းပါးရှင် သူများလိုဦးဆောင်နိုင်တဲ့အရည်အချင်းရှိရင် ဒီကော်မတီတာဝန်ကိုယူပြီးလုပ်ကြည့်ပါ့လား။ကိုယ့်မှာလည်းသူများလိုမဦးဆောင်နိုင် သူတစ်ပါးရဲ့လုပ်ရက်တွေကို မဟုတ်မက ပုပ်ခက်ရေးဖို့လောက်ပဲတတ်သလား။ဒီလိုလူတွေရှိနေလို့ တိုင်းပြည်မတိုးတတ်တာပဲ။တော်တော်စိတ်ပျက်ဖို့ကောင်းတဲ့လူပဲးးးးးးးးးးးးး

Unknown said...

စင်းစင်းစားစားပြောပါ

moemoe said...

လွမ်းဆွေ တော့ခွက် ပျောက်နေ ပြီ.... ဒါကြောင့် သွေးရူးသွေး တန်း တွေ လျှောက်ရေး နေတာ.....

boxerburma said...

ဆင် ဟိုဒင်းမျှော်နေကြတဲ့ ကောင်တွေ က ဒီဆောင်းပါး ကိုမကြိုက်ကြဘူး လို့ မြင်မိပါတယ် ...

ct said...

လက်ရှိ တာဝန်နဲ့ ခေါင်ဆောင်မို့ အကြောင်မဲ့ မီးခိုးဗုံး လို့ တော့မပြောပါဘူး အစိုးရကလည်း ထောင်ထဲထည့်ပြီး နှိပ်စက်လို့ ရတာဘဲ ရုပ်ဆိုးအောင် ဘယ်လုပ်မလဲ မထင်ဘဲဖြစ်သွားတာပါ ပွဲဆူအောင်လုပ်တာက သိသာလှချဉ်လား လွဏ်းဆွေရယ်

Unknown said...

အစိုးရက ထောင်ထဲထည့်လို့ရသလို ဥပဒေအတိုင်းမလုပ်ရင် သမ္မတအပါအ၀င် အစိုးရကိုလည်း ဥပဒေပြုရေးနဲ့ တရားစီရင်ရေးမဏ္ဍိုင်က ထောင်ထဲပြန်ထည့်လို့ရတယ်ဆိုတာ နားလည်ထားပါ။ ဒါဟာ အာဏာရှင် အုပ်ချုပ်တဲ့စနစ်မဟုတ်ဘူး။

BMX said...

ငါလဲမင်းလိုရေးချင်တယ်ဒါပေမဲ့မရေးတတ်ဘူး
မင်းအဲလိုရေးတာဘယ်လောက်ရလဲ? ငါ့လဲပြပေးအုံး
မင်းရသလိုငါလဲရချင်တယ်
အမေကသဘောကောင်းပြီးသား
သူ့ကိုဘယ်လောက်အပုပ်ချချ သူ့အကြောင်းအဲလိုရေးတိုင်း သားတွေပိုက်ဆံရမယ်ဆိုရင်အဲဒီအာဏာရူးတွေဆီကကြိုက်သလိုရေးကြိုက်သလိုတောင်းလို့ပြောမှာဘဲ
မင်းရဲ့ငယ်သူငယ်ချင်း
ဒေါက်တိုင်ဝမ်းဆွေ

အားလုံးကိုချေမှူန်းမယ် said...

ဦးသာအေးဘာလုပ်နေလဲ


တာဝန်မယူရဲ ဘူးလား

အမိန့် ပေးတုန်းကပေပြီး

Unknown said...

အကောင်းဆုံးဆောင်ရွက်မှု ရှိ မရှိတော့ မသိ ပါ ဘူးပြောင်းလဲသွားပြီလို့ဆိုပေမယ့်လောလောဆယ်တော့ အခြေခံလူတန်းစားတွေတော်တော် ဒုက္ခရောက်ကြ ရပါတယ်။နိုင်ငံရေးကိုနားမလည်ပေမယ့်အား လုံးသောတိုင်းရင်းသားပြည်သူတွေအကုန်လုံး အေးငြိမ်းချမ်းသာစွာ နေထိုင်စားသောက်နိုင်ကြဖို့ဘဲ ဆုတောင်းပေးချင်ပါတယ် စိတ်ရှိတိုင်းသာပြောရရင် မည်သူမဆိုပြောလို့ကုန်မှာမဟုတ်ပါဘူး မျှော်လင့်မိပါတယ် ပြည်သူတွေအတွက်တကယ့်စိတ်ရင်းနဲ့အကောင်းဆုံးဆောင်ရွက်ပေးနိုင်မယ့် အဖွဲ့အစည်း အမြန်ဆုံးပေါ် ထွက်လာဘို့ပါ။ကျွန်တော့်အမြင်ကတော့ နိုင်ငံရေး လုပ်ဆောင်နေတဲ့အဖွဲ့အစည်းတွေအနေနဲ့ အချင်းချင်းတိုက်ခိုက်ပြောနေမည့်အစား အပြန်အလန်အကြံအဥာဏ်ပေး ဆွေးနွေးတိုင်ပင်ပြီး ကျွန်တော့်တို့ပြည်သူတွေအောက်ခြေအထိလေ့လာသုံးသပ်ပြီး ကိုယ်တတ်နိုင်သောလမ်းကြောင်းအမျိုးမျိုးဖြင့် ကူညီစေချင်ပါတယ်

Unknown said...
This comment has been removed by the author.