Sunday, November 11, 2012

စစ်ကိုင်းတွင် ပြင်းအား ၇ ရှိ ငလျင် လှုပ်ခတ်

ခြင်္သေ့တွေ မြေခ (April Maung Maung ဖေ့စ်ဘွတ်ခ်)
စစ်ကိုင်းတွင် ပြင်းအား ၇ ရှိ ငလျင် လှုပ်ခတ်
ရန်ကုန်၊ နိုဝင်ဘာ ၁၁

စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုမြို့၏ အရှေ့မြောက်ဘက် ၁၅ မိုင်ခန့်အကွာကို ဗဟိုပြုကာ ယနေ့နံနက် ၇ နာရီ ၄၃ မိနစ်အချိန်တွင် ရစ်ချတ်တာစကေး ၇ ဒသမ ၀ ပြင်းအားရှိ ငလျင်တစ်ခု လှုပ်ခတ်သွားကြောင်း မန္တလေးမြေ ငလျင်တိုင်းတာရေးစခန်း တာဝန်ရှိသူတဦးက ပြောကြားသည်။

ယင်းငလျင်ကြောင့် ကန့်ဘလူ၊ နေပြည်တော်၊ မန္တလေး အစရှိသည့် နေရာများတွင်ပါ အဖျားခတ်ကာ ငလျင်လှုပ်ရှားခဲ့ကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။

ငလျင်ပြင်းအား မြင့်မားသောကြောင့် စစ်ကိုင်းတွင် တိုက်နံရံ ပြိုမှုများရှိကြောင်း ဒေသခံများက ပြောကြားသည်။

ယခုအခါ ယင်းငလျင်ကြောင့် ဖြစ်ပေါ်သည့် အပျက်အစီးစာရင်းများကို စတင်ယူနေပြီဖြစ်ကြောင်း၊ အဆိုပါ ငလျင်မှာ စစ်ကိုင်းပြတ်ရွေ့ကြောင့် လှုပ်ရှားခြင်းဖြစ်ကြောင်း အာဏာပိုင်နှင့် ဒေသခံများထံမှ စုံစမ်းသိရှိရသည်။

“၇နာရီ ၄၅ မိနစ်လောက်မှာ လှုပ်တာ၊ အန်တီတို့က ၂ ထပ်မှာ နေတာ၊ အရမ်းကြောက်ဖို့ ကောင်းတာပဲ၊ ငလျင်က အရမ်းပြင်းတယ်၊ ၈ နာရီမှာလည်း တခါလှုပ်တယ်”ဟု ကျောက်ဆည်တွင် နေထိုင်သော ဒေသခံတဦးက ပြောကြားသည်။

စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုမြို့မြောက်ဘက် ၄၅ မိုင်အကွာကို ဗဟိုပြုကာ အင်အား ၆ ဒသ ၈ အဆင့်ရှိ ငလျင်တခု လှုပ်ခတ်ခဲ့ကြောင်း၊ ယင်းငလျင်လှုပ်ခတ်မှုမှာ စစ်ကိုင်းပြတ်ရွေ့ကြောနှင့် သက်ဆိုင်ကြောင်း၊ နောက်ထပ်ငလျင်လှုပ်ခတ်နိုင်မှု ရှိ မရှိကိုမူ မခန့်မှန်းနိုင်ကြောင်း၊ ယင်းငလျင်လှုပ်ခတ်မှုကို နေပြည်တော်၊ မန္တလေး၊ စစ်ကိုင်း၊ ကောလင်း၊ဟုမ္မလင်း၊ မော်လိုက်၊ မြင်းမူ၊ မုံရွာ၊ မိုးညှင်း၊ ပခုက္ကူတို့တွင် ဖြစ်ပေါ်ခံစားခဲ့ရကြောင်း မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ဒုတိယညွန်ကြားရေးမှူးချုပ် ဦးချစ်ကျော်က ယနေ့နံနက် ၉ နာရီတွင် The Voice Weekly သို့ အတည်ပြုပြောကြားသည်။

ပြင်းအား ၇ အဆင့်ရှိ ငလျင်လှုပ်ခတ်မှုကြောင့် ရွှေဘိုမြို့ ချမ်းသာကြီးဘုရားတွင် စိန်ဖူးတော်တခြမ်း ပဲ့ကျသွားပြီး တခြမ်းမှာ ပျောက်နေသဖြင့် ရှာဖွေနေကြောင်း၊ ရွှေဂူကြီးဘုရားအပါအ၀င် ရွှေဘိုမြို့ပေါ်ရှိ ဘုရားများ ပျက်စီးသွားကြောင်း၊ အိမ် ၃ လုံးနီးပါး ပြိုသွားကြောင်း၊ ယင်းငလျင်လှုပ်ခတ်မှုကြောင့် အသက်ကြီးသူများမှာ မူးဝေခြင်းဖြစ်ပေါ်မှုသာရှိခဲ့ပြီး ကြီးကြီးမားမား ထိခိုက်ဒဏ်ရာရသူ မရှိကြောင်း ရွှေဘိုဒေသခံများထံမှ ယနေ့နံနက် ၈ နာရီ ၄၅ မိနစ်တွင် စုံစမ်းသိရှိရသည်။

ယနေ့နံနက်တွင် လှုပ်ခတ်ခဲ့သော ပြင်းအား ၇ အဆင့်ရှိ ငလျင်ကြောင့် တည်ဆောက်ဆဲ ရွှေဘို-ကျောက်မြောင်း-စဥ့်ကူးသို့ သွားရောက်နိုင်မည့် ရတနာသိင်္ခ မြစ်ကူးတံတားမှာ ပြိုသွားပြီဖြစ်ကြောင်း၊ ယင်း တံတားမှာ တည်ဆောက်မှု ၈၀ ရာခိုင်နှုန်း ပြီးသွားပြီဖြစ်ကြောင်း ဒေသခံများထံမှ ယနေ့နံနက် ၈ နာရီ ၅၉ မိနစ်တွင် စုံစမ်းသိရှိရသည်။

The Voice Weekly

မန္တလေးတိုင်း မိုးကုတ်မြို့တွင် ငလျင်ဒဏ်ကြောင့် ပေါ်လာသော ဌာပနာ ဘုရားများ (ခေတ်သတင်းဖေ့စ်ဘွတ်ခ်)
မန်းမြန်မာ ပလာဇာစောင်း၍ ဈေးသည်များ ထွက်ပြေးကြသည် (Sunday Art ဖေ့စ်ဘွတ်ခ်)
ယနေ့နံနက်လှုပ်ခဲ့သော ငလျင်ဒဏ်ကြောင့် မန်းမြန်မာဈေးချို ပလာဇာ အနောက်ဘက်တွင် ဖြစ်ပေါ်ခဲ့သော အက်ကြောင်း (Popular Myanmar News Journal ဖေ့စ်ဘွတ်ခ်)
မန်းမြန်မာ ဈေးချို ပလာဇာ တောင်ဘက် အက်ကြောင်း (CJMyanmar ဖေ့စ်ဘွတ်ခ်)
ချက်ချင်း အက်ကြောင်းကို မိတ်ကပ်ပြန်လိမ်းနေပေးတယ် (Swar Lay ဖေ့စ်ဘွတ်ခ်)

10 comments:

James said...

အဲတာတွေကတော့ဘုရားကအချက်ပေးတာပေါ့။
မကောင်းမှုလုပ်သူတွေ၊မဟုတ်တရုတ်လုပ်သူတွေ၊လူအခွင့်ရေးချိုးဖေါက်စ်ေကားသူတွေအထူးသတိထားကြဖို့ ပါဘဲ။

soe said...

ငရဲအိုးထဲ အရှင်လတ်လတ် ဇောက်ထိုးကျမယ့်
ခြင်္သေ့တွေ။

DOK said...

ဘာဘုရားလဲကွ ဘုရားနဲ့ဘာမှမဆိုင်ဘူး သူများလည်လှီးမှကုသိုလ်ရမယ်ထင်တဲ့ကောင်တွေ
ကူဖို့တော့မစဉ်းစားပဲသူများဒုက္ခရောက်တာဝမ်းသာတတ်တဲ့အမျိုးယုတ်တွေ မင်းတို့သာသတိထားနေ

Unknown said...

မန်းမြန်မာ ဦးသန်းဝင်း အရင်ကတည်းက ကောင်းအောင်
မဆောက်ခဲ့ဘဲနဲ့ အခုမှသနပ်ခါးလိမ်းမနေနဲ့ ဖျက်ပြီး
ပြန်ဆောက်။

soe said...

ပျက်စီးသွားသော စေတီ ပုထိုးများနှင့် ကွယ်လွန်သွား ကြ သော အပြစ်မဲ့ ပြည်သူများ အတွက် ကြေကွဲဝမ်းနည်း ရ ပါသည်။

Anonymous said...

ဖွတ်တွေရေ မင်းတို့ခြသေ့င်္ော့ မြေခသွားပြီ အဲဒါ၂၀၁၅အတွက်နမိတ်ပဲတ

Anonymous said...

မှန်လိုက်လေသူချင်းရာ

Unknown said...

သတိ ဝီရိယနှင့်နေကြပါ

Unknown said...

12/11/2012 နံက် ၁ နာရီမှာ

ငလျင်လှုပ်သွားပါတယ်

Unknown said...

Next one moe time