Friday, November 23, 2012

ခေါင်းဆောင်တွေ အဖမ်းခံထားရပေမယ့် မိုးထိမိုးမိ ရွှေလုပ်သားတွေ ဆက်လက် ချီတက်လမ်းလျှောက်၊ ရေနီမြို့ကို ရောက် ... (ရုပ်သံ)

1 comment:

Unknown said...

ဘာပြည်သူ့ရဲလဲ..
ပြည်သူဖက်က ဘာတွေရပ်တည်ခဲ့သလဲ..
နေပြည်တော်နဲ့ မဝေးတဲ့ နေရာမှာတောင် မင်းမဲ့တိုင်းပြည်လို အပစ်မဲ့တဲ့ ပြည်သူတွေကို ဒိုင်းသံ တဂွမ်းဂွမ်းပေးပြီး ရိုက်နှက်ညှင်းပမ်းပြီး.. အမျိုးသား သစ္စာဖေါက် ဒေါက်တာအတုခင်ရွှေဖက်က အကာအကွယ်ပေးနေတာဟာ အော့နှလုံးနာ ရွံရှာဖွယ်အတိပါ။
အမျိုးသားရေး စိတ်ဓာတ်မရှိ.. ကိုယ့်လူမျိုးအချင်းချင်း ဖိနှိပ်အနိုင်ကျင့်ပြီး ခရိုနီကာကွယ်ဖို့လောက်သာ အသိစိတ်ရှိတဲ့ ရဲအရာထမ်း၊ ၀န်ထမ်းတွေကို သမ္မတကြီးနဲ့ သမ္မတကြီးရဲ့ ရုံးအဖွဲ့ လက်ပိုက်ကြည့်နေကြသလားဗျာ.. ဒီလို မသမာတဲ့ ရဲတွေ၊ အာဏာကို အလွဲသုံးစားလုပ်တဲ့ ရဲအရာရှိတွေကို အမြန်ဆုံး ဖော်ထုတ် အရေးယူသင့်ပါပြီ။
ကိုယ့်လူမျိုးအချင်းချင်း နှိပ်စက်ဖို့ တပ်လှန့်နေတဲ့ ဒိုင်းသံ တဂွမ်းဂွမ်း..ကြီးကို ကြားနေရတာ ကျက်သရေ ယုတ်လွန်းပါတယ်။ ဖက်ဆစ်ကို တော်လှန်ဖို့လည်းမဟုတ်၊ တိုင်းပြည်ကို ကာကွယ်နေတာလည်းမဟုတ် တိုင်းသားပြည်သူတွေကို နှိပ်စက်ဖို့ ညာသံ ပေးနေလိုက်ကြတာ ရှက်တတ်ရင် တစ်ခါတည်းသာ သေလိုက်ဖို့ကောင်းတယ်ဗျာ..။