Thursday, November 29, 2012

ပြည်သူတွေကို ကာကွယ်ပါ

ပြည်သူတွေကို ကာကွယ်ပါ
ဇော်ဝင်း (၈၈ ကျောင်းသားဟောင်း)

ဒေါ်အောင်ဆန်းစုကြည် လူထုကို ကယ်တင်ဖို့ အချိန်ကျပါပြီ။

လက်ပံတောင်းမှာ ပြည်သူလူထုတွေ အန္တရာယ်နဲ့ ရင်ဆိုင်နေရပြီ။ ဦးသိန်းစိန်အစိုးရက အစွယ်ထုတ်ပြဖို့ ပြင်နေပြီ။ မင်းသားခေါင်း ချွတ်ပြီး ဘီလူးက ကဖို့ ပြင်နေပါပြီ။

တချို့ကို အခု ဖမ်းပြီးနေပြီ။ ရဲစခန်းရောက်အောင် ပုဒ်မ ၁၈ နဲ့ လိမ်ခေါ်ပြီး ရဲစခန်းရောက်တော့မှ ပုဒ်မပြောင်းတပ်ပြီး တရားစွဲလိုက်ပြီ။ ညစ်တဲ့ ယုတ်တဲ့နေရာမှာ အရင်အစိုးရနဲ့ ဘာမှ မကွာသေးတာ၊ ဘာမှ မပြောင်းလဲသေးတာကို ထင်ထင်ရှားရှား တွေ့နေရပြီ။ အများပြည်သူတွေဘက်က အလျှော့ပေးလိုက်ရရင် အဲဒီလူတွေကို ထောင်ချမှာ သေချာနေပြီ။

“ဒါကို ဝင်ပြီး တားဆီးပေးနိုင်မယ့်သူ ကူညီပေးနိုင်မယ့်သူဟာ အခုချိန်မှာ တယောက်ပဲရှိပါတယ်။ အဲဒါ ဒေါ်အောင်ဆန်းစုကြည်ပါ။ ဒေါ်အောင်ဆန်းစုကြည် လူထုကို အကူအညီပေးရင် သက်သာနိုင်ပါတယ်။ လူထုကို ဆန္ဒပြလို့ အဖြေမရနိုင်ဘူးလို့ ဒေါ်အောင်ဆန်းစုကြည်ပြောတာဟာ အဖြေမဟုတ်ပါဘူး။ လူထုကို ဆုတ်ခိုင်း၊ ဖယ်ခိုင်း၊ အိမ်ပြန်ခိုင်းတဲ့ နည်းဟာ လူထုကို အရှုံးပေးခိုင်းတာ သက်သက်ပါ။ လူထုကို အရှုံးမပေးခိုင်းပါနဲ့။ အညံ့မခံခိုင်းပါနဲ့။ အဲဒီနည်းဟာ ပြဿနာကို အပြီးအပိုင် ပြေလည်နိုင်တဲ့ နည်းမဟုတ်ပါဘူး။ အဲဒီနည်းကို ဂျင်မီတို့ စမ်းခဲ့ပြီးပါပြီ။ လူထုနဲ့ ဂျင်မီတို့နဲ့ သွေးကွဲတာသာ အဖတ်တင်ပါတယ်။ လူထုရဲ့ ပြဿနာရင်းမြစ်က မပြေလည်တော့ ပြဿနာထပ်ဖြစ်တာပါပဲ။”

လက်ပံတောင်းမှာ အခုသံဃာတွေကို တုတ်နဲ့ ဒိုင်းနဲ့ ဝိုင်းထားကြပြီ။ ကျနော်တို့က အရိုက်ခံရဖူး၊ အဝိုင်းခံရဖူးတဲ့သူတွေဆိုတော့ သွေးနံ့ရနေတယ်။ မယုံမရှိပါနဲ့။ ဦးသိန်းစိန်ဟာ စစ်အာဏာရှင်ပါ။ အရင်စစ်အာဏာရှင်နဲ့ အခုစစ်အာဏာရှင်ဟာ မင်းသားခေါင်းဆောင်းထားတာက လွဲပြီး ဘာမှ မကွဲပါ။ သူတို့လုပ်မှာပါ။ လုပ်ဖို့ ပြင်နေတာပါ။ သူတို့ဘက်က နာမည်ပျက်သက်သာလိုသက်သာငြား တတ်နိုင်သမျှ သိက္ခာထိန်းနိုင်အောင် အချိန်ဆွဲနေတာပါ။ နိုင်ငံတကာမှာ ဦးသိန်းစိန် သူတော်ကောင်းကြီး၊ ငြိမ်းချမ်းရေးသမားကြီး၊ ကယ်တင်ရှင်ကြီးဆိုပြီး နာမည်ကောင်းယူနေတာကို အမည်းကွက် မထင်အောင် တတ်နိုင်သမျှ အချိန်ဆွဲပြီး ထိန်းနေတာပါ။ ဒါပေမယ့် စစ်အာဏာရှင်ဟာ စစ်အာဏာရှင်ပဲမို့ သူတို့ဦးပိုင်ရဲ့ စီးပွားဥစ္စာကို အထိခံမှာ မဟုတ်ပါဘူး။ သူတို့ ချေမှုန်းမှာပါ။ ဖမ်းဆီးမှာပါ။ ရိုက်နှက်မှာပါ။

ဒါကို ဝင်ပြီး တားဆီးပေးနိုင်မယ့်သူ ကူညီပေးနိုင်မယ့်သူဟာ အခုချိန်မှာ တယောက်ပဲရှိပါတယ်။ အဲဒါ ဒေါ်အောင်ဆန်းစုကြည်ပါ။ ဒေါ်အောင်ဆန်းစုကြည် လူထုကို အကူအညီပေးရင် သက်သာနိုင်ပါတယ်။ လူထုကို ဆန္ဒပြလို့ အဖြေမရနိုင်ဘူးလို့ ဒေါ်အောင်ဆန်းစုကြည်ပြောတာဟာ အဖြေမဟုတ်ပါဘူး။ လူထုကို ဆုတ်ခိုင်း၊ ဖယ်ခိုင်း၊ အိမ်ပြန်ခိုင်းတဲ့ နည်းဟာ လူထုကို အရှုံးပေးခိုင်းတာ သက်သက်ပါ။ လူထုကို အရှုံးမပေးခိုင်းပါနဲ့။ အညံ့မခံခိုင်းပါနဲ့။ အဲဒီနည်းဟာ ပြဿနာကို အပြီးအပိုင် ပြေလည်နိုင်တဲ့ နည်းမဟုတ်ပါဘူး။ အဲဒီနည်းကို ဂျင်မီတို့ စမ်းခဲ့ပြီးပါပြီ။ လူထုနဲ့ ဂျင်မီတို့နဲ့ သွေးကွဲတာသာ အဖတ်တင်ပါတယ်။ လူထုရဲ့ ပြဿနာရင်းမြစ်က မပြေလည်တော့ ပြဿနာထပ်ဖြစ်တာပါပဲ။

လူထုက နားထောင်မှာ မဟုတ်ပါဘူး။ သူတို့မှာ ဆုတ်လမ်းမရှိတော့လို့ မလွှဲသာတော့လို့ ဒီနည်းကို ရွေးချယ်ရတာ ဖြစ်ပါတယ်။

လူထုဘက်က ညှိနှိုင်းတဲ့နည်း၊ ဆွေးနွေးတဲ့နည်းကို အမြဲတမ်း ကြိုဆိုပါတယ်။ ညှိနှိုင်းဆွေးနွေးဖို့ရာ အမြဲတမ်း အသင့်ရှိပါတယ်။ မညှိနှိုင်းချင်လို့ ဆန္ဒပြနေတာ မဟုတ်ပါဘူး။ ညှိနှိုင်းခွင့်မရလို့ ဆန္ဒပြနေကြတာပါ။ မညှိနှိုင်းတာက စစ်အစိုးရပါ။ ဒါကို ဒေါ်အောင်ဆန်းစုကြည် သိပါတယ်။ နှစ်ပေါင်းအစိတ်လုံးလုံးမှာ ညှိနှိုင်းဖို့ ဆွေးနွေးဖို့ ဒေါ်အောင်ဆန်းစုကြည်ဘက်က ခွင့်တောင်းလာတာ၊ တောင်းပန်လာတာကို စစ်အာဏာရှင်တွေဘက်က တစက်ကလေးမှ အရေးမလုပ်ဘဲ ဥပေက္ခာပြုလာခဲ့တာကို ဒေါ်အောင်ဆန်းစုကြည် အသိဆုံးပါ။ ဒါကို သိရက်နဲ့ လူထုက မညှိနှိုင်းချင်လို့ ဆန္ဒပြတယ်လို့ မထင်သင့်ပါ။ လူထုမှာ ညှိနှိုင်းတဲ့၊ ဆွေးနွေးတဲ့ ယဉ်ကျေးမှုမရှိဘူးလို့ အမျိုးနဲ့ချီပြီး အပြစ်တင် မစောသင့်ပါ။ လူထုဘက်က ညှိဖို့ အသင့်ပါ။ မညှိနှိုင်းတာ၊ မဆွေးနွေးတာ စစ်အာဏာရှင်တွေသာ ဖြစ်ပါတယ်။ ညှိနှိုင်းတဲ့ ယဉ်ကျေးမှု မရှိတာ စစ်အစိုးရ တခုတည်းပါ။ မြန်မာလူမျိုး မဟုတ်ပါဘူး။ လူမျိုးနဲ့ချီပြီး အပြစ်တင်ဖို့၊ လူမျိုးကို လက်ညှိုးထိုးဖို့ အလျင်မလိုသင့်ပါ။ အောင်နိုင်ဦးက မြန်မာလူမျိုးမှာ ညှိနှိုင်းတဲ့ ယဉ်ကျေးမှု မရှိဘူးလို့ ပြောတာကို လူတွေက ဂရုမစိုက်ကြပါဘူး။ ဒေါ်အောင်ဆန်းစုကြည်က လူမျိုးကို လူထုကို လက်ညှိုးထိုး အပြစ်တင်ရင် အဲဒီ အပြစ်တင်စကားဟာ သမိုင်းဝင်စကား ဖြစ်လာပါလိမ့်မယ်။

ဦးအောင်မင်း လက်ပံတောင်းလာတယ်၊ ဆုံးဖြတ်ချက် မပေးပါဘူး၊ သဘောထား သိရအောင် လာပါတယ်လို့ ပြောတယ်။ တကယ်တမ်းမှာ သူ့သဘောထားကို ထုတ်ပြောသွားပါတယ်။ အဲဒီသဘောထားက အားလုံးသိကြတဲ့အတိုင်း သူတို့ဘက်က တလက်မမှ မဆုတ်နိုင်ဘူး ဆိုတဲ့ သဘောထားပါ။ တလက်မမှ မဆုတ်နိုင်ဘူးလို့ ပြောရုံတင်မက၊ တရုတ်ကို ကျေးဇူးဆပ်ရမယ်လို့တောင် စော်ကားမော်ကား ပြောသွားပါသေးတယ်။ တရုတ်ကို ကျေးဇူးဆပ်ရမယ်ဆိုတဲ့ စကားကို လူထုက ဘယ်လို တုန့်ပြန်ကြသလဲ။ အထင်အရှားကြီးပါ။ ကျယ်ကျယ်လောင်လောင် ကြားနိုင်ပါတယ်။ ဦးအောင်မင်း အမြော်အမြင်နည်းလို့၊ ဦးအောင်မင်းက တောသူတောင်သားတွေကို အထင်သေးတဲ့စိတ်နဲ့ စော်ကားမော်ကား ပြောလို့ လက်ပံတောင်းအရေးဟာ ပိုပြီး ကြီးကျယ်လာပါတယ်။ ပိုဆိုးလာပါတယ်။ ဒါတွေကို ကြည့်ရင် မညှိနှိုင်းနိုင်တာက ဘယ်သူလဲ၊ မဆွေးနွေးနိုင်တာက ဘယ်သူလဲဆိုတာ သိပ်ထင်ရှားပါတယ်။

အခု လက်ပံတောင်းကိစ္စကို ကော်မတီ ဖွဲ့မယ်၊ စုံစမ်းမယ် ပြောပြီးမှ လူထုကို တဘက်လှည့်နဲ့ အင်အားသုံး ဖြိုခွဲဖို့ လုပ်လာပါတယ်။ ဒါဟာ စစ်အာဏာရှင်တွေဘက်က အကောက်ကြံတာ ထင်ရှားတယ်။ ကော်မတီဖွဲ့ပြီး စုံစမ်းဖို့ရာ သပိတ်စခန်းတွေ ဆုတ်ပေးမှ ရမယ်၊ လုပ်ငန်းတွေ ပြန်လည်ပတ်မှ ရမယ်လို့ သူတို့ဘက်က ကြေညာချက် ထုတ်လာတယ်။ ဒါကို ကြည့်ရင် ဘယ်လောက်တောင် ကလိမ်ကကျစ်ဥာဏ်နဲ့ ကလိမ်စေ့ ငြမ်းဆင်ပြီး ပြောတယ်ဆိုတာ သိသာပါတယ်။ သူတို့ပြောတာ ပြောင်းပြန်ကြီးပါ။ စုံစမ်းစစ်ဆေးရမှာမို့ လုပ်ငန်းတွေ ခေတ္တရပ်ဆိုင်းပေးခိုင်းတယ်။ ရှေ့ဆက်မတိုးခိုင်းဘဲ အဖြေမထွက်မချင်း ရပ်ထားခိုင်းတယ်လို့သာ ကြားဖူးပါတယ်။ ခုတော့ စုံစမ်းစစ်ဆေးမှာမို့ ရှေ့ဆက်လုပ်လို့ ပြောနေပုံဟာ စစ်အာဏာရှင်တွေရဲ့ မရိုးသားပုံကို ထင်ထင်ရှားရှင်း မြင်နေရပါတယ်။ ဓားခုတ်ခံရလို့ အမှုဖွင့် တရားစွဲတာကို ဘယ်လိုခုတ်သလဲ စုံစမ်းစစ်ဆေးချင်လို့ ထပ်ခုတ်ပြပါဦးလို့ ပြောနေသလိုပဲ။ ထပ်အခုတ်မခံရအောင် ကာကွယ်နေတဲ့သူတွေ ဖယ်ပေးကြ။ ဘယ်လို ခုတ်သလဲ သိမှ အဖြေရမှာပေါ့၊ ထပ်ခုတ်ပြစမ်းလို့ ပြောနေတယ်ဆိုရင် အဲဒီပြောတဲ့သူဟာ ခုတ်တဲ့လူဘက်လိုက်နေသလား၊ သမာသမတ်ကျတဲ့ တရားသူကြီးလားဆိုတာ အသိသာကြီးပါ။

အစိုးရဟာ ပဋိပက္ခဖြစ်နေတဲ့ အုပ်စုနှစ်စုအကြားမှာ သမာသမတ်ဖြစ်အောင် ကြားနေတဲ့ သဘောထား မရှိပါဘူး။ ဦးအောင်မင်းက ရပ်လို့ မဖြစ်ဘူး။ တရုတ်ကို ကျေးဇူးဆပ်ရမယ်လို့ ပြောနေကတည်းက ဘယ်ဘက်ကို ဘက်လိုက်နေသလဲဆိုတာ ပြောစရာ မလိုအောင်ပါပဲ။ အခု ဝမ်ပေါင်ကုမ္ပဏီထဲကနေ လူစုခွဲဖို့ ပြောနေတာတွေဟာ ကြားနေမှု၊ သမာသမတ်ဖြစ်မှုတွေ အကြီးအကျယ် တိမ်းစောင်းနေတယ်ဆိုတာ ပြနေပါတယ်။

ဦးပိုင်ကုမ္ပဏီဘက်က အင်အားတွေ အများကြီးပါ။ သေနတ်ရှိတယ်။ အာဏာရှိတယ်။ ဥပဒေရှိတယ်။ တရားရုံးရှိတယ်။ ပုလိပ်ရှိတယ်။ စစ်တပ်ရှိတယ်။ ဆန္ဒပြသူတွေဘက်မှာ လူပဲရှိပါတယ်။ သပိတ်စခန်းပဲ ရှိပါတယ်။ ဒါတွေကို အရင်ဖြို၊ ပြီးမှ ဆွေးနွေးမယ်ဆိုတာဟာ မဆွေးနွေးချင်လို့ ပြောနေတာ ထင်ရှားနေပါတယ်။

ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ဒီအချိန်မှာ ဆွေးနွေးလို့ရအောင် ကြားဝင်ပေးသင့်ပါတယ်။ ဂုဏ်သိက္ခာရှိရှိ၊ အဆင့်အတန်းရှိရှိ၊ ငြိမ်းငြိမ်းချမ်းချမ်း၊ မျှမျှတတ ဆွေးနွေးလို့ရအောင် ကြားဝင်ပေးသင့်ပါတယ်။ သပိတ်စခန်းတွေကို မဖျက်ခိုင်းပါနဲ့။ လူထုဘက်မှာ ဒါလေးပဲရှိပါတယ်။ ဒါလေးမှ မရှိရင်၊ ဒီအင်အားလေးမှ ပြခွင့်မရရင် ဘယ်လိုမှ တရားမျှတတဲ့ ဆွေးနွေးပွဲ ဖြစ်နိုင်မှာမဟုတ်ပါဘူး။ လူထုရဲ့ ဒီမိုကရေစီစိတ်ဓာတ်ကို အညွန့်မချိုးပါနဲ့။ လူထုရဲ့အခွင့်အရေးကို မပိတ်ပင်ပါနဲ့။ လူထုမှာ သူတို့ရဲ့ဆန္ဒကို ဖော်ထုတ်ခွင့်ရှိပါတယ်။ လူထုမှာ သူတို့ရဲ့ လိုလားချက်ကို တောင်းဆိုခွင့်ရှိပါတယ်။ ဒီတောင်းဆိုခွင့် ဆန္ဒထုတ်ဖော်ခွင့်တွေဟာ လူထုရဲ့ အခြေခံ ဒီမိုကရေစီအခွင့်အရေးတွေပါ။ ဒီအခွင့်အရေးတွေကို မပိတ်ပင်ပါနဲ့။

လူထုနဲ့ ဦးပိုင်အကြား ဆွေးနွေးခွင့်ရအောင် ဆောင်ရွက်ပေးခြင်းအားဖြင့် သွေးထွက်သံယိုမှုတွေကို တားမြစ်ပေးပါ။ ဆွေးနွေးချိန်အတွင်းမှာ အကြမ်းဖက်ဖြေရှင်းဖို့ ကြိုးစားနေတာတွေ အားလုံး ရုပ်သိမ်းအောင် ဆောင်ရွက်ပေးပါ။ ဒါတွေကို ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်ပြီး ကြိုးစားမပေးရင် သွေးထွက်သံယို ဖြစ်နိုင်ပါတယ်။ တခြားနေရာတွေကိုပါ ကူးစက်ပြန့်ပွားနိုင်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ကြားဝင်ဆောင်ရွက်ပေးရင်၊ ဒေါ်အောင်ဆန်းစုကြည် ကြားဝင်တောင်းဆိုပေးရင် စစ်အာဏာရှင်တွေ မျက်နှာလွဲ ခဲပစ် မလုပ်ရဲပါဘူး။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သဘောထားဟာ အမေရိကန်နဲ့ သူတို့ရဲ့ ဆက်ဆံရေးမှာ အရေးပါတယ်ဆိုတာကို သူတို့ ဝန်ခံထားပြီးပါပြီ။ အမေရိကန်နဲ့ မျက်နှာပျက်မယ့်ကိစ္စ၊ ရင်းနှီးမြှုပ်နှံမှုတွေ ပျက်မယ့်ကိစ္စတွေ ဖြစ်လာရင် သူတို့နဲ့ သူတို့ရဲ့ ခရိုနီတွေကို ထိခိုက်မှာပါ။ အဲသလို သူတို့ အဖြစ်မခံပါဘူး။ သူတို့အစီအစဉ်တွေ အပျက်မခံနိုင်ပါဘူး။ ဒေါ်အောင်ဆန်းစုကြည်က ပြည်သူတွေကို ဟန့်ရင် စစ်အာဏာရှင်တွေ အားတက်ပါတယ်။ သူတို့ခြေလှမ်းကို ရှေ့တိုးပါတယ်။ ဒေါ်အောင်ဆန်းစုကြည်က ပြည်သူ့ဘက်က မားမားမတ်မတ် ရပ်ရင် စစ်အာဏာရှင်တွေကို ဟန့်နိုင်ပါလိမ့်မယ်။ သူတို့ ဆင်ခြင်ပါလိမ့်မယ်။ သူတို့ ဇွတ်တိုးရင် သူတို့တာဝန်၊ ဒေါ်အောင်ဆန်းစုကြည် မတားရင် ဒေါ်အောင်ဆန်းစုကြည်တာဝန် ဖြစ်ပါလိမ့်မယ်။

အကြမ်းဖက်မှာကို မြင်ရင် တားနိုင်ခွင့်ရှိသူမှာ တားဖို့ တာဝန်ရှိပါတယ်။ တားနိုင်ခွင့်ရှိပါရက်နဲ့ မတားခဲ့ရင်၊ အဲသလို မတားတဲ့သူဟာ အကြမ်းဖက်မှုကို အားပေးရာရောက်ပါတယ်။ အခုအစိုးရရဲ့၊ အာဏာရှင်တွေရဲ့ အကြမ်းဖက်ဖို့ ပြင်ဆင်နေတာတွေကို ပြည်သူတွေက ယုံကြည်လို့ ရွေးကောက်တင်မြှောက်ထားတဲ့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တယောက်အနေနဲ့ တားမြစ်ပေးဖို့ရာ မေတ္တာရပ်ခံချင်ပါတယ်။ ဒီလိုအချိန်မျိုးမှာ ဆိတ်ဆိတ်နေခြင်းဟာ အကြမ်းဖက်မှုကို အားပေးခြင်းဖြစ်ပါတယ်။

ဇော်ဝင်း (၈၈ ကျောင်းသားဟောင်း)
နိုဝင်ဘာ ၂၈၊ ၂၀၁၂

24 comments:

Unknown said...

အခု လက်ပံတောင်းကိစ္စကို ကော်မတီ ဖွဲ့မယ်၊ စုံစမ်းမယ် ပြောပြီးမှ လူထုကို တဘက်လှည့်နဲ့ အင်အားသုံး ဖြိုခွဲဖို့ လုပ်လာပါတယ်။ ဒါဟာ စစ်အာဏာရှင်တွေဘက်က အကောက်ကြံတာ ထင်ရှားတယ်။ ကော်မတီဖွဲ့ပြီး စုံစမ်းဖို့ရာ သပိတ်စခန်းတွေ ဆုတ်ပေးမှ ရမယ်၊ လုပ်ငန်းတွေ ပြန်လည်ပတ်မှ ရမယ်လို့ သူတို့ဘက်က ကြေညာချက် ထုတ်လာတယ်။ ဒါကို ကြည့်ရင် ဘယ်လောက်တောင် ကလိမ်ကကျစ်ဥာဏ်နဲ့ ကလိမ်စေ့ ငြမ်းဆင်ပြီး ပြောတယ်ဆိုတာ သိသာပါတယ်။ သူတို့ပြောတာ ပြောင်းပြန်ကြီးပါ။ စုံစမ်းစစ်ဆေးရမှာမို့ လုပ်ငန်းတွေ ခေတ္တရပ်ဆိုင်းပေးခိုင်းတယ်။ ရှေ့ဆက်မတိုးခိုင်းဘဲ အဖြေမထွက်မချင်း ရပ်ထားခိုင်းတယ်လို့သာ ကြားဖူးပါတယ်။ ခုတော့ စုံစမ်းစစ်ဆေးမှာမို့ ရှေ့ဆက်လုပ်လို့ ပြောနေပုံဟာ စစ်အာဏာရှင်တွေရဲ့ မရိုးသားပုံကို ထင်ထင်ရှားရှင်း မြင်နေရပါတယ်။ ဓားခုတ်ခံရလို့ အမှုဖွင့် တရားစွဲတာကို ဘယ်လိုခုတ်သလဲ စုံစမ်းစစ်ဆေးချင်လို့ ထပ်ခုတ်ပြပါဦးလို့ ပြောနေသလိုပဲ။ ထပ်အခုတ်မခံရအောင် ကာကွယ်နေတဲ့သူတွေ ဖယ်ပေးကြ။ ဘယ်လို ခုတ်သလဲ သိမှ အဖြေရမှာပေါ့၊ ထပ်ခုတ်ပြစမ်းလို့ ပြောနေတယ်ဆိုရင် အဲဒီပြောတဲ့သူဟာ ခုတ်တဲ့လူဘက်လိုက်နေသလား၊ သမာသမတ်ကျတဲ့ တရားသူကြီးလားဆိုတာ အသိသာကြီးပါ။

Totally agree with you.
Even a child can see their planning of wolf.

U Aung Min said that after 7 to 10 days, he will answer back to all President desire and command. Is the situation President decision?
Please!! Please!!
Thura U Shwe Man said many times,
The people voice is Hluttaw voice..
For the time being,
They try to kill people voice..
They neglect people desire..
HlutTaw.. Please help me!!!!!!!!!
S..O..S
Who is our real leader?
Daw Su.. U Thura Shwe Mann.. U Thein Sein..????


May said...

Amay Daw Aung San Suu Kyi!

This is the time to show your ability and sincerity how you can protect the public who have believed in you so much.
You have responsibility for it as you have got a lot of supports from the public.
No problem can be overcome without the consent of the public.
Please open your eyes, get up from dreaming and stand at the side of your children.

Unknown said...

Who is public enemy one??

Unknown said...

I, Totally agreed with the above .I do not wish any one to come with one sided idea. The regional people are our public. any one can be there as one burmese or myanmar nationality .since beginning the project has not declared their planing to public opened talk. project estimation, profit and lost whatever beneficial are not raised up to the public.
we need to hear lost compensation , replacement of loses to public , especially to those people suffered and effected by the project and copper mine.
Now the project are jointly execution by Wan Pong and X Retired Military people , How much the public/ Government ratio is involved? Who are they from X Retired military people? Why the Government can't handle without X Retired military people. The public are seeing by public eyes , ears, we are more power full then Bionic eye . Mr Aung Min said a like childish and the smell of shits explored and splashed in the public. Make worsen then any one before. Not nice for me to say ------------------ out from the position if you know who you are and how to help the people of Burma. People are not willingly to hear any word from Even Daw Sun if she stop the people moving to Copper mind. She will be get lost from her hope to assist the public.Every one can see there are so much effluents of negative contribution to environment .

haymar said...

Than Shwe still betraying people. They already planned out how they spoke out to people. Cos people do not like China. But purposely said "they afraid of China, and so on".
That they do let people be angry, then they want to kill and let us suffer what they want. Then they want to govern back.

That way is repeating repeating again!!.

Hi U Than Shwe, U Thein Sein and Team,

You are very idiot, foolishmen. From 1988 till now, we are staying un-peaceful and unhappily. But Singapore and other neighbour countries, their government did a lot of good policies and build systematical their own country, and let people stay as peacefully, safely, happily.
Please compare you and other countries good government.
Please stop all yr. betraying. We are shame on yr. behalf.

Maung Maung Kyaw Win said...

Whoever can put Than Shwe regime on trial at ICC I would worship him or her until the day I die. Because of these stumbling blocks that lie on our way to democratic goal we are facing various kind of difficulties. We had lost chances to send Ne Win, Saw Maung,
Sein Lwin and many many criminals to ICC. But this time do not let go the last dictator Than Shwe.

Unknown said...

သိန်းစိန်သင်ဘယ်လိုလူလဲ

နွေဦး said...

ဥပဒေဟုတ်လား။ ရယ်စရာကောင်းလိုက်တာကွာ။ ဥပဒေလို့ နာမည်ခံတိုင်း ဥပဒေဖြစ်သလားကွ။ အစိုးရက ဥပဒေလို့ ပြောတိုင်း ဥပဒေဖြစ်သတဲ့လား။ ဥပဒေစံနှုန်းနဲ့ မညီတဲ့ ဥပဒေတွေ မြန်မာပြည်မှာ ဘယ်နှစ်ခုရှိလဲ၊ လေ့လာဖူးသလား။ ဆန္ဒပြခွင့် ဥပဒေ ( တကယ်တော့ ဆန္ဒမပြခွင့် ဥပဒေ) ဟာ သူတို့ အခြေခံဥပဒေနဲ့ တောင် ရှေ့နောက်မညီဘူးဆိုတာရောသိရဲ့လား။ မင်းတို့လို ဒီမိုကရေစီ လှေနံဓါးထစ်တွေရှိနေသမျှတော့ အစိုးရက ဥပဒေထုတ်စားနေဦးမှာပဲ။

Unknown said...

ct said...
လူအုပ်စုနဲ့ ဥပဒေကို ဆန့်ကျင်တာဟာ ဒီမိုကရေစီမဟုတ်ပါဘူး ဥပဒေ အရဘဲ လုပ်ရမယ် နစ်နာတာကို လွှတ်တော် ကိုယ်စားလှယ်တွေ ဆောင်ရွက်နေ ပြီဘဲ အုပ်စုဖွဲ့ပြီး လုပ်ချင်တာလုပ်တာ ဒီမိုကရေစီမဟုတ်ပါ.

မောင်ရင်က ဥပဒေစကားပြောရအောင် မောင်ရင်ကိုယ်တိုင် ဥပဒေကို နားလည်လို့လား။ နောက် ရဟန်းသံဃာတွေကို မီးလောင်ဘုန်းသုံးပြီး နှိမ်နင်းဘို့ မင်းတို့ ဥပဒေက ခွင့်ပြုသလား။
ခွေးလောက်တောင် အသိမရှိတဲ့ကောင်တွေ

khine said...

Thein Sein is not the president of Burmese people, just a puppet of Than shwe. The group just wants to lift the sanction, not to build up the democratic society for Burmese people.

soe said...

Time /place /person ?

Unknown said...

i once admired Aung San Su Kyi ... but now what the hell is going on? oh my... voices are everywhere .. it's getting louder and louder.. can't s_e hear ? don't close your ear plz ... listen .. u'll hear ... sound of crying everywhere over the country. :( hope it's not decade to century.

S.Maung Chain said...

Thein Sein make precaution for not to see DASSK and stike peoples that why.Because they already know DASSK's regard for the strike.
My coment is all the same with ,May's coment.

xx said...

The way Myanmar Government solving action of Latt Pandan Mt. Crisis is very bad. I think Myanmar people are so far away from democracy. Actually Every OFFICER from the Myanmaor Goverment PARTLIAMENTdoes NOT want to take any responsibilities for Myanma PUBLIC. The way they are going on operation makes approved. Very disappointed to come bk Myanmar. There is nobody in partliament who is cable to do for improvement works . No leadership in Myanmar Partliament! Most propels from Myanmar Partliament are in disguise with democracy. Do NOT trust in Disguised Partliament even 50 %.

MYANMAR IS NO WAY TO A DEMOCRATIC COUNTRY!

kokogyi.hd said...

တရုတ်ဆီက စားပီးသားတွေပြန်အန်ရမှာ စိုးလို့ သွေရူးသွေးတမ်း လျှောက်လုပ်နေတာ။ဘီး နောက်ပြန် လှည့်နေတာ

Unknown said...

အိုနောက်ဆုံးတော့ ဦးသိန်းစိန်ဟာ ဗိုလ်ချုပ်သိန်းစိန်ပါဘဲ။ ဗိုလ်ချုပ်မှူးကြီးရဲ့လက်ကိုင်ဒုတ်ပါဘဲ။

xx said...

I can't think why they can't make three parties discussion to improve better life in the villages around this mining project!
Actually any one, the representative from Myanmar Partliment should negotiate with leaders of the strike and the representive office from this project . 'Why the Myanmar partliament can't make this little negotiation ,' I don't know ..:(
Or they don't want to take any responsibility.Very shameful the way they are solving this mining project crisis( LATT PANDAN Mt.).

No leader ship in Myanmar Partliament.
Most people from Myanmar partliament are selfish. How to work to go ahead on the democracy track!


So far away from.democracy !

St.blabla said...

လူတွေကလည်းအ၊ လုံထိန်းကလည်းနားမလည်၊ နှစ်ဘက်လုံးကချိတ်၊လက်ခုပ်က တစ်ဖက်ထဲ လေထဲ ရမ်းနေရင်မမြည်၊ အမာခံနှင့်တွေ့မှ တဖြောင်းဖြောင်းမြည်လေ၏။ခုတော့ မြည်ခြင်းကားမရပ်တော့ပေ၊ Every crises should be cured firstly by negotiation.ဘာမှမလုပ်တတ်သူနှင့် ဘာမှနားမလည်သူများတွေ့ကြလေသတည်း။

Lwin Maung Than said...

လူထုခေါင်းဆောင်ဆိုတာ ပြည်သူကို ကျောမခိုင်းနဲ့။ ပြည်သူလူထု ပခုံးထမ်းတင်ထားတာကို ခေါင်းပေါ်တက်မနင်းနဲ့။ ပြည်သူ ကဒဏ်ခတ်တာ ခံရမယ်။ ပြည်သူ မျက်နှာ ညိုညင်ရုံတင် မကဘူး မျက်နှာမှာ မီးလောင်ကုန်ပြီဆိုတာလဲ ကြည့်ကြ ပါဦး။

Unknown said...

စစ်အစိုးရရဲ့ အရေခြုံထားတဲ့ မျက်နှာဖုန်းတွေကို ကွာကျ
သွားအောင်လုပ်တဲ့ ပြည်သူတွေရဲ့အစွမ်း ခြေလှမ်းအစပဲရှိ ပါသေးတယ်။စောင့်ကြည့်လိုက်ပါအုံး...။၆၂ နေ၀င်းစစ်
အာဏာရှင်ဘ၀ကတည်းက သည်းခံနေလာပေးတဲ့ ပြည်သူ
တွေကိုထပ်ပြီး နှိပ်ကွပ်ဖို့ကြိုးစားနေပေမယ့် ဘယ်သူတွေ
အနိုင်ရမလဲဆိုတာ သိပ်မစောင့်ရပဲ တွေ့ရပါတော့မယ်။
အခုလက်ပံတောင်းတောင်မှာ သံဃာတွေမီးသင့်ရသလို
သန်းရွေ၊သိန်းစိန်တို့တွေလဲ သိပ်မကြာခင်မှာပဲ မီးသင့်ရ ပါလိမ့်မယ်။သိန်းစိန်အစိုးရကိုယုံချင်ယောင်ဆောင်နေတဲ့
နိုင်ငံတကာကကောင်တွေလဲ အခုတော့ပါးစပ်ပိတ်လို့ချီး
ငုံမိကုန်ကြပါပြီ။ဒီမိုကရေစီအစစ်အမှန်ကို ဒီလိုနည်းနဲ့
သာရနိုင်ပါတယ်။လွတ်တော်ထဲကနေမရနိုင်ပါဘုး။ဒီမိုက
ရေစီအစိုးရစစ်စစ်ကိုပဲလိုချင်တဲ့ ပြည်သူတွေရဲ့တိုက်ပွဲ
အရှိန်ကတော့ရလာပါပြီ။ဒါမှ အနာဂတ်ဒီမိုကရေစီနိုင်
ငံတော်သစ်ဆီကို ပြည်သူတွေကိုယ်တိုင်လှမ်းလိုက်တဲ့
ခြေလှမ်းအစပါ။President ကိုယုံပါတယ်ဆိုတဲ့သူ
တွေ ကဲ အခုဘယ်လိုလုပ်မလဲ?ကဲ အခုဘယ်လိုလုပ်မလဲ?ကဲ အခုဘယ်လိုလုပ်မလဲ?

ct said...

သပိတ်စခန်းတွေကရော ဥပဒေနဲ့ ညီရဲ့လား ပြောချင်ရင် နှစ်ဖက်စလုံးကို ပြောလေ မင်းလဲ လွန်းဆွေအဖွဲ့ဝင် ထင်တယ် အစိုးရကို ဆန့်ကျင်သူတွေ မှန်သမျှကို ထောက်ခံနေတာပဲ

S.Maung Chain said...

This is stupid terrorism movement to the strike peoples.where is democrscy and where is democracy leaders?.Thein Sein show spot light to the revolution.

Unity To Fight Dictatorship said...

ကျားလှောင်အိမ်ထဲဝင်ပြီး ကျားတွေကို တရားဥပဒေစိုးမိုးရေးသွားပြောရင် သွားပြောတဲ့သူက နွားဖြစ်မလား၊ လူဦးနှောက်မရှိဘူး ပြောရမလား စဉ်းစားစရာပဲ။ သမိုင်းတလျှောက်လုံးမှာ လူထုကို လက်လွတ်စပါယ်လုပ် လာတဲ့သူတွေကို အခုအချိန်အထိ မသိသေးပဲ လူထုကိုပဲ ဆန္ဒပြလို့ဘာမှမဖြစ်ပါဘူးပြောရင် ဘာကြောင့် သူအကျယ်ချုပ်ချခံရသလဲ ပြန်မစဉ်းစားတတ်ဘူးလား မေးစရာပဲ။

Unknown said...

ဟေ့ကောင် ct မင်းပါးစပ်ကနေ ဥပဒေဆိုတဲ့စကားလုံး
ထွက်လာတော့ ခွေးပါးစပ်ကနေ နတ်စကားထွက်သလိုပဲ။
မင်းထင်တာ ဥပဒေဆိုတာ အာဏာရှင်ကိုကာကွယ်ဖို့လို့
ထင်နေတာလား။လေ့လာအုံးဟေ့ကောင်။ဥပဒေဆိုတာ ပြည်
သူတွေရဲ့ အကျိုးစီးပွားကိုကာကွယ်ဖို့ အစိုးရကိုယ်တိုင်
ပြဌာန်းပေးရတာကွ။အခုတို့နိုင်ငံက တည်ဆဲဥပဒေဆိုတာ
တွေက မင်းပထွေးအာဏာရူးတသိုက်ကိုကာကွယ်ဖို့ဖြစ်နေ
တယ်ဆိုတာ ခေါင်းထဲမှာ ချီးပဲရှိတဲ့ မင်းလိုကောင်က
သန်းရွေ လပွတ်ငုံပြီးမသိသလိုလိုဘာလိုလို -ီးလိုလိုမှိုလိုလိုနဲ့ အရုးကွက်လာမနင်းနဲ့။စစ်ခွေးက
စစ်ခွေးစကားပဲပြော ဟုတ်ပြီလား။ဥပဒေတို့ ဒီမိုကရေစီ
တို့ မတန်မရာတွေမပြောနဲ့။ဆင်ခြင်။အလကား ကျက်
သရေမရှိတဲ့ မင်းပါစပ်ကနေထွက်လာတော့ တန်ဖိုးရှိ
တဲ့စကားလုံးတွေ တန်ဖိုးကျတယ် ရှင်းလား။