Thursday, November 29, 2012

ကြေးနီမောင်း

ကြေးနီမောင်း
မောင်လွမ်းဏီ
(ဒုတိယအကြိမ် တင်ဆက်ခြင်းဖြစ်ပါသည်။)

လက်ပတောင်းက
လက်ခမောင်းသံ
မြိုင်ယံတောဟည်း ထစေပြီ။

ချင်းတွင်းပဲ့တင်၊ မြစ်ပြင်လှုပ်ခတ်
ရပ်ရှစ်မျက်နှာ ကြွေးကြော်သံ
အလံလွှင့်ကြ ဗကသ။

တောင်ကို သိမ်းမလား
ကြေးရွာသားဟေ့၊
လှောင်ပိတ်မလား၊ ကြေးနီသူဟ
လက်မထောင်ထောင်၊ ကိုယ်ယောင်ထင်လင်း
ဒင်းတို့လောက်တော့ ဘာမှုရမလဲ
အညာသူမ ရဲသကို။

တိုမြေအတွက် အသက်စွန့်မယ်
တို့ယာအတွက် ရွာကို စွန့်မယ်
တို့တောင်အတွက် မောင်ကို စွန့်မယ်
ချင်းတွင်းမြစ်ရေ ချက်ကြွေအတွက်
ကျောက်ကော်ခွက်နဲ့ သမိုင်းရေးမယ်။

ဘယ်အရေးမှ
လက်မနှေးကြောင်း
လက်ပံတောင်းတောင်က၊ စစ်မောင်းသံချီ။

ကြေးနီ ကြေးနီ
ဆားလင်းကြီး ဆားလင်းကြီး
မုံရွာ မုံရွာ
ကျောင်းသူ ကျောင်းသား
တောင်သူ တောင်သား၊ တောသား ကျေးသူ
တ၀မ်းတခါး ကျောသားရင်သား
ရင်ကြားစေ့ရတဲ့အချိန်။

မီးသွေးခဲမို့ မည်းသကို
ကြေးနီသားတို့ ရဲသကို
တောင်ညိုတောတန်း၊ တဘက်ကမ်းက
လက်ကမ်းနွေးထွေး၊ တို့အရေးကို
သွေးညီရင် ဟေ့၊ သွေးနီရင် လေ့
ကြေးနီတောင်ကို တက်ခဲ့ကြ။ ။

မောင်လွမ်းဏီ
၁၀-၉-၂၀၁၂

7 comments:

boxerburma said...

လေးစားပါတယ် ကိုလွမ်းဏီ၊ ဇာတိမာန်တွေ တက်ကြစေတဲ့ ကဗျာ ဘဲ။

ct said...

လူအုပ်စုနဲ့ ဥပဒေကို ဆန့်ကျင်တာဟာ ဒီမိုကရေစီမဟုတ်ပါဘူး ဥပဒေ အရဘဲ လုပ်ရမယ် နစ်နာတာကို လွှတ်တော် ကိုယ်စားလှယ်တွေ ဆောင်ရွက်နေ ပြီဘဲ အုပ်စုဖွဲ့ပြီး လုပ်ချင်တာလုပ်တာ ဒီမိုကရေစီမဟုတ်ပါ

ct said...

ဒီဂွင်က လွမ်းနီ တို့ လွန်းဆွေတို့ အကြိုက်

mike said...

ct?
what do u know about Burma gov?
I think, u r not living in Burma.

zawang said...

ဟိုင်း ct
ဥပဒေအရ ? ၀န်ကြီးဌာန ( ၁၅ ) ခု ငွေစာရင်းကွာတာ ( ရှင်း၂ ပြောရ ရင် ခိုးတာ ) ၊ ခရိုနီ တွေ အခွန် လွတ် လောင်စာဆီ သွင်းလို့ တိုင်းပြည် ၀င်ငွေနစ်နာတာ -- ဖွဲ့စည်းပုံအခြေခံဥပဒေတွေ ပြည်သူ့အခွန်စား တိုင်းပြည်သယံဇာတစား လွတ်တော်အမတ်မင်းတွေ ဘာလုပ်နေကြပါသလဲ ။

thanlwinkha said...

ဒုတိယအကြိမ်လာဖတ်သွားပါတယ်.သိပ်ကြိုက်တဲ့
ကဗျာတပုဒ်ပါ.လေးစားပါတယ်ဆရာကိုလွမ်းဏီ

Unknown said...

ဟေးct-
အဲဒီလွှတ်တော်ကိုယ်စားလှယ်တွေ ဆောင်ရွက်နေပေမယ့် မင်းအဘ အုပ်ချုပ်ရေးက တိုင်းသားပြည်သူတွေကို ရင်ဝယ်သားလို သဘောမထားနိုင်ဘဲ၊ ရန်သူလို သဘောထားနေတာ မင်းနားမလည်ဘူးလား။ ဥပဒေကို အကြောင်းပြုပြီး ပြည်သူတွေကို မီးလောင်တိုက်သွင်းတာကရော ဒီမိုကရေစီလားကွ။ ထိုင်းမှာ ပြီးခဲ့တဲ့ရက်ပိုင်းကမှ ၀န်ကြီးချုပ် ယင်လတ်ကို ဖြုတ်ချဖို့လုပ်တဲ့ လူနှစ်သောင်းလောက် ဒေါသတစ်ကြီးဆန္ဒပြမှုမှာတောင် မီးလောင်ဒါဏ်ရာမျိုးရအောင် အစိုးရက မလုပ်ခဲ့ဘူး။ အဲဒါဘာကွာနေလဲ။
အခု လက်ပံတောင်းတောင် ဆန္ဒပြသူတွေကို ဗုဒ္ဓဘာသာဝင်တိုင်း ကုသိုလ်ယူနေတဲ့ လပြည့်နေ့ကြီးမှာ သန်းခေါင်းကျော် ၃နာရီလောက်၊ ဘုန်းကြီးတွေကို ဘယ်မှထွက်မပြေးသာအောင် အလစ်အငိုက် မီးလောင်ဒါဏ်ရာရအောင် ဖြိုခွင်းတယ်ဆိုတာ စစ်တပ်က ရန်သူစခန်းတစ်ခုကို အလစ်အငိုက် အချိန်ကောင်းယူပြီး တိုက်ပွဲဆင်သလို ပြည်သူကို ရန်သူလိုသဘောထားနေတာဟာ အတော်ကို ဆိုးရွားလွန်းတဲ့ အခြေအနေတစ်ရပ်ပဲ။
အဲဒီမီးလောင်ဒဏ်ရာတွေက ကိုယ့်ဖာသာကိုယ် ရှိုထားတာမဟုတ်တာတော့ သေချာတယ်။
အုပ်စုဖွဲ့ပြီး လုပ်ချင်တာ လုပ်နေတာ ဘယ်သူတွေလည်း မင်းမသိပေမယ့် စကြာဝဌာကြီးတစ်ခုလုံး သိကြတယ်။။။။။
ခွေးလောက်တောင် အသိဥာဏ်မရှိတဲ့ကောင်။။။။။။။။။။။။။။။။။။။။။။။