Wednesday, November 28, 2012

လက်ပံတောင်းတောင်စီမံကိန်း ဖျက်သိမ်းရေး ရန်ကုန်မြို့က ဆန္ဒပြပွဲ (ရုပ်သံ)

1 comment:

Unknown said...

ဒေါ်အောင်ဆန်းစုကြည်ပြောတဲ့ တစ်ချို့ကိစ္စတွေမှာ demonstration နဲ့တင် မပြီးဘူး.. negotiation နဲ့သွားမှ ရမယ်ဆိုတာ ဆန္ဒပြနေသူတွေကိုရော.. အစိုးရကိုပါ ပြောလိုတာပါ။
ပြည်ထဲရေးရဲ့ demonstration က ဖမ်းဆီး ပြနေတာပါ။ အခုလို ပြည်သူ့အသံကို တင်ပြပေးနေတဲ့ ခေါင်းဆောင်တွေကို ဖမ်းဆီး၊ နှိပ်စက်၊ အရေးယူ ဦးချိုးလိုက်ယုံနဲ့ ဒီပြဿနာတွေ ပြေလည်မသွားဘူးဆိုတာ သမိုင်းအဆက်ဆက် သက်သေတည်ခဲ့ပါပြီ။ ဖြစ်သင့်တာက ပြည်သူကိုယ်စားပြု ခေါင်းဆောင်တွေနဲ့ ပြည်သူတွေကို သက်သေထားပြီး ပွင့်လင်းမြင်သာတဲ့ စေ့စပ်ညှိနှိုင်းမှုဆီ ဦးတည်ရမှာပါ။
တကယ်တော့ လက်ပံတောင်းတောင် ကိစ္စဟာ ပွင့်လင်းမြင်သာစွာ၊ ရှင်းလင်းပြတ်သားစွာ ပြည်သူတွေကို ချပြပြီး.. တောင်သူလယ်သူမားတွေ၊ ဒေသခံတွေရဲ့ နစ်နာဆုံးရှုံးမှုတွေကို ထိုက်တန်ပြီး တရားမျှတတဲ့ လျော်ကြေး၊ ဘာသာသာသနာကို စောင့်လျှောက်တဲ့ စနစ်ကျတဲ့ အကာအကွယ်ပေးမှု အစီအစဉ်တွေ လုပ်ပေးပြီး ပြဿနာ ဖြေရှင်းရှင် ဖြစ်နိုင်ပါလျက် အာဏာနဲ့ အနိုင်ကျင့်ဖြေရှင်းဖို့ ကြိုးစားချင်သူတွေကို များစွာ စိတ်ပျက်မိပါတယ်။ စိတ်လည်း ကုန်ပါတယ်။ တိုင်းပြည်နဲ့ နိုင်ငံသားတွေ အပေါ် အမိအဘသဖွယ် မကျင့်ကြံနိုင်ဘဲ စိတ်စေတနာ ခေါင်းပါးလွန်းသူတွေ အုပ်ချုပ်ရေးကိစ္စတွေ ကိုင်တွယ်နေသမျှ တိုင်းပြည်အနာဂါတ်ဟာ စိတ်ပျက် ရင်လေးဖွယ်လို့ပဲ မြင်မိတယ်။
ရွှေလုပ်သားတွေကို အနိုင်ကျင့် နှိပ်စက် ဖမ်းဆီးတာလည်း ပြဿနာကို မီးခွက်ထွန်းပြီး ရှာနေတာလို့ပဲ ထင်မြင်မိတယ်။ ပြဿနာကို ရှင်းလင်းအဖြေရှာဖို့ မတတ်ကျွမ်းတာ ဖြစ်နိုင်သလို ခေါက်ရိုးကျိုးခဲ့တဲ့ အာဏာကို အလွဲသုံးစားလုပ်ပြီး လူမိုက်၊ လူရမ်းကားဆန်ဆန် ဖြေရှင်းပုံကိုပဲ ခံတွင်းတွေ့နေပုံ ရပါတယ်။