Saturday, November 24, 2012

ဤခရီး နီးသလား

ဤခရီး နီးသလား
ကိုလတ်

ဤခရီး နီးသလား
လမ်းလျှောက်ကာ လာရ၏

နေပြည်တော် ချီတက်မည့် ရွှေလုပ်သားများ ဖြစ်ပါသည်
ရေနီအ၀င်တွင် ရဲများ ရိုက်နှက်ဖမ်းဆီးနေကြ၏

တုတ်၊ ဓား လက်နက် ပါသူများ မဟုတ်ကြပါ
အဘယ်ကြောင့် ရိုက်နှက်ဖမ်းဆီးနေကြပါသနည်း

ကိုယ့်ရပိုင်ခွင့်ကိုယ် တောင်းဆိုနေကြသူများဖြစ်ပါသည်
ညှာညှာတာတာ လုပ်ကြစေလို၏

****

ဤခရီး နီးသလား
လေယာဉ်နှင့် လာရ၏

တနင်္သာရီတိုင်း သွားမည့်သူများ ပါသည်
၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်များ ဖြစ်ကြပါ၏

ငြိမ်းချမ်းရေးနှင့် ပွင့်လင်းခရီးစဉ်အတွက်ဖြစ်ပါသည်
ပန်းကုံးစွပ် ကြိုဆိုသည့် ပရိသတ်ပြည်သူ များပြားလှပါ၏

***
ဤခရီး နီးသလား
လွှတ်တော်သို့ လာရ၏

‘Burma’ ဟုသာ ဆက်၍ ခေါ်ပါမည်
ဒေါ်အောင်ဆန်းစုကြည် ပြောခြင်းဖြစ်ပါ၏

စိုးမိုး/ငြိမ်းကော်မတီမှ အစီရင်ခံစာ တင်လိုက်ပါသည်
တရားသူကြီးများအထက်တွင် အာဏာပိုင်များ လွှမ်းမိုးနေသည် ဆိုပါ၏

“ဒါလေးများ ဒါလေးများ လာပြီး ပြောနေကြတယ်” သီချင်း လာနေပါသည်
၂၀၀၈ အခြေခံဥပဒေကြီးကိုယ်တိုင် မိုက်ခွက်ကိုင် ဟဲနေခြင်းဖြစ်ပါ၏

လက်ပံတောင်းတောင်စီမံကိန်းအကြောင်းလည်း စုံစမ်းမည်ဆိုပါသည်
အခင်းဖြစ်ပြီး ၄ လအကြာမှ အကောင်အထည်ပေါ်ပါ၏

လွှတ်တော်ကိုယ်စားလှယ်များ ပြည်သူ့အသံ နားစွင့်နေကြပါသည်
နားလေး၍ ဖင့်နှေးနေကြသည်ကိုတော့ ခွင့်လွှတ်စေလို၏

***

ဤခရီး နီးသလား
လမ်းလျှောက်ကာ လာရ၏

ကျောင်းမပြောင်းချင်သူများ ဆန္ဒပြခြင်း ဖြစ်ပါသည်
တိုင်းရင်းသားဖွံ့ဖြိုးရေးတက္ကသိုလ်က ကျောင်းသားများ ဖြစ်ကြပါ၏

ဆောင်းညက ချမ်းအေးလွန်းလှပါသည်
လမ်းမပေါ် ဖြစ်သလိုအိပ်ရင်း ဆန္ဒဆက်ပြနေကြပါ၏

***

ဤခရီးနီးသလား
နှစ်ပေါင်း ၅၀ ကျော် လျှောက်လှမ်းလာရ၏

ဒီမိုကရေစီပန်းတိုင်သွားမည့်သူများ ပါသည်
မြန်မာပြည်သူပြည်သားများ ဖြစ်ကြပါ၏

လောလောဆယ် နေရာအနှံ့ ဆန္ဒပြတိုက်ပွဲဝင်နေကြပါသည်
ထိုနေရာများ အနာရင်းသလို ယောင်ကိုင်းနေကြပါ၏

ဆီလူးပေးမည့် ခေါင်းဆောင်ကြီးများ ရောက်မလာကြသေးပါ
တချို့ ခရီးထွက်၊ တချို့ လွှတ်တော်တက်နေကြပါ၏

မိန့်ခွန်းများတွင်တော့ ပြည်သူတွေကိုယ်တိုင်ပါဝင်မှ အောင်ပွဲရမည်ဆိုပါသည်
တိုက်ပွဲဝင် ပြည်သူများထံတော့ အဘယ်ကြောင့် ရောက်မလာကြပါသနည်း

ခေါင်းဆောင်ကြီးများ အမြန်လာကြစေလိုသည်
တိုက်ပွဲဝင်ပြည်သူများ မျှော်လင့်နေကြပါ၏

***

ဤခရီး နီးသလား
နှစ်ပေါင်း ၅၀ ကျော် လျှောက်လှမ်းလာရ၏

ဤခရီး နီးသလား
နှစ်ပေါင်း ၅၀ ကျော် လျှောက်လှမ်းလာရ၏

ဤခရီး နီးသလား
နှစ်ပေါင်း ၅၀ ကျော် လျှောက်လှမ်းလာရ၏

ဤခရီး နီးသလား
နှစ်ပေါင်း ၅၀ ကျော် လျှောက်လှမ်းလာရ၏

------------
---------------------

------------
---------------------

ကိုလတ်

6 comments:

yoo said...

ဤကဗျာရေးသားသီကုးံလေသော
ကဗျာရှင် ကိုလတ် အား
ကျွန်ုပ် NLD ၀န်းထရံ တစ်ယောက်အနေဖြင့်
ဤနေရာမှ ဖွင့်ဟ ပြောကြားလိုသည်မှာ..

" ချစ်ခင်လေးစားရပါသော
ကျွန်ုပ်တို့ ၏အမေ သည်ကား...
လေးစားလိုက်နာ၊ ထိမ်းသိမ်းစောင့်ရှောက်
လေးစားစောင့်ရှောက်၊ ထိမ်းသိမ်းလိုက်နာ
တရားသူကြီးအောက်၊ အာဏာပိုင်အထက်
အာဏာပိုင်အောက်၊ တရားသူကြီးအထက်
မြန်မာ၊ ဗမာ
ဗမာ၊ မြန်မာ
အရာကြီး၊ ကုလားကြီး
ကုလားကြီး၊ အရာကြီး..အစရှိသည်ကုန်ကြလေသည့်
ခက်ဆစ် ဝေါဟာရ များကို
ဖွင့်လှစ် ဖော်ကျုးံ အဓိပ္ပါယ်ဖွင့်ဆိုခြင်းများစွာဖြင့်
လွှတ်တော် ထဲ တွင် နပန်း လုးံသွားမည်ကို
မိတ်ဆွေကြီးကို အသိပေးလိုခြင်းပင်တည်း။ ။

မယောင်သေးသည့် အရာ များကို
လိုက်လံရှာဖွေကာ
ဆီ လူးနေကုန် ကြရှာလေသော တာဝန်ရှိသူများအားလည်း....
ဘာဘာ ဘာမှ နားမလည်နိုင်တော့ခြင်းများစွာ
ဖြစ်ခြင်းမက ဖြစ်ခြင်းများရှိခဲ့ရလေ
ပြီး သကာလ..
ဖင် ကြား ခဲ ညှပ်သည့် အဖြစ်ထက်
စိုး သည့်အဖြစ် များဖြစ် နေလေသည်လား..ဟု
တွေးတောမိမှုများ ဖြစ်ခဲ့ရပြီး..
ကယောင်ကတမ်း ကျွန်ုပ်ကို ကျွန်ုပ်
ယောင်ယမ်း စမ်းကြည့်မှု
များပင် ဖြစ်ခဲ့ ရလေ၏။ ။

May said...

GOOD POEM reflecting present situation.
Well done.

မောင်လူအေး said...

ကောင်းတယ်။ခေတ်ကိုထင်ဟတ်တယ်။နောင်လည်းရေးပါဗျာ။အာဏာရူးကြီးကဗျာလိုသမိုင်းမှာမှတ်တမ်းတင်ရမယ်။

Henry said...

Bravo !
Directly hit to the heart !

soe said...

ကြားရဲ့ လား Crony လွတ် တော် ကိုယ် စ လှယ် မအေ...
တို့

Moemin said...

ဤခရီး နီးသလား
အသက် ၆၈ နှစ်ထဲဝင်နေပြီဖြစ်သော
အမေစုနားနားနေနေဘုရားသွားကျောင်းတက်
မြေးထိန်း နေပါသလား၊၊

ဤခရီး နီးသလား
ထောင်ထဲမှာ အနှစ် ၂၀ လောက် နေခဲ့ရသော ၈၈
ကျောင်းသားများ အတိုးချပြီး ဘီယာလေးသောက် အ
ကင်ဆိုင်ထိုင်နေပါသလား၊၊

ဤခရီး နီးသလား
ဒီနေ့ လယ်သမားတွေ အလုပ်သမားတွေ ကျောင်းသားတွေ ဆန္ဒပြခွင့်
ရနေတာ ဆန္ဒပြရဲနေတာ ဘာကြောင့်လို့ထင်ပါသလဲ၊၊

ဤခရီး နီးသလား
လူပြိန်းကြိုက်စကားလုံးတွေ စာသားတွေက ဤခရီးကိုပိုမနီးစေနိုင်ဘူး၊၊

ဤခရီး နီးသလား
ဤခရီး နီးချင်ရင် အနည်းဆုံး ၂၀၁၅ ထိတော့ ကျွန်တော်တို့ကျောချင်း ကပ်ထားကြရမယ် ၀န်းရံထားကြရမယ်၊၊