Tuesday, November 6, 2012

တပည့်မွေး ဆရာမွေး ပလူးပလဲ နိုင်ငံရေး

တပည့်မွေး ဆရာမွေး ပလူးပလဲ နိုင်ငံရေး
စိန်သံလုံး

မြန်မာ့နိုင်ငံရေးလောက ထင်ထင်ရှားရှား ဖြစ်လာတာမှာ ၁၉၄၈ ခုနှစ် လွတ်လပ်ရေး ရပြီးစ အချိန်ကာလကို မေ့ပျောက်ထားလို့ မရပါဘူး။ မြန်မာနိုင်ငံရဲ့ ထင်ရှားတဲ့ နိုင်ငံရေးသမားတွေ နေရာရလာကြတယ်။ နေရာမရသူတွေကတော့ မကျေနပ်ကြဘူးပေါ့။ ဒါကလည်း ထုံးစံတခုလို့ ပြောရင် မှားမယ်မထင်ဘူး။ မကျေနပ်သူတွေက အတိုက်အခံတွေ ဖြစ်ကုန်ကြတာကလည်း မဆန်းပါဘူး။

ဆန်းနေတာက တပည့်မွေးတယ်။ ဆရာမွေးတယ်။ ပလူးပလဲ လုပ်ကြတယ်။ နောက်တော့ ကွဲကြ ပြဲကြနဲ့ အကွဲအပြဲ ဇာတ်လမ်းတွေ ဖြစ်ကုန်ကြရော။ တချိန်က နု-တင်၊ ဆွေ-ငြိမ်း ဆိုပြီး ဆန့်ကျင်ဘက်တွေ ဖြစ်ခဲ့ကြတယ်၊ အဲဒီ တပည့်မွေး ဆရာမွေး ပလူးပလဲ နိုင်ငံရေးဟာ ခုချိန်ထိ သက်ဆိုးရှည်နေတုန်းပါပဲ။

နောက်ပြီး လူတဦးတယောက်၊ ပုဂ္ဂိုလ်တဦးတယောက် အပေါ်ကို အလွန်အကျွံ ကိုးကွယ်ဆည်းကပ် တိမ်းညွတ်မှုကလည်း မြန်မာ့နိုင်ငံရေးမှာ အစဉ်အလာကြီးလို ဖြစ်နေတုန်းပါပဲ။ အဲဒါကို အားနည်းချက် တခုလို့ မြင်သင့်တယ်။ ခေါင်းဆောင်တယောက်တည်းရဲ့ ဆုံးဖြတ်ချက်ဆိုတာ အများစုပေါင်း ဆုံးဖြတ်ချက်ထက် ပိုမကောင်းနိုင်ဘူး။ တယောက်တည်း စဉ်းစားဆုံးဖြတ်တာထက် အများစုပေါင်းပြီး ညှိနှိုင်းအဖြေရှာမှုက ပိုပြီး အားသာတယ်ဆိုတာ ဘယ်သူမှ ငြင်းလို့မရတဲ့ အမှန်တရားတခု ဖြစ်ပါတယ်။ ဗိုလ်ချုပ်အောင်ဆန်း (အောင်ဆန်း-အက်တလီစာချုပ်) ချုပ်ဖို့အတွက် ဗိုလ်ချုပ်အောင်ဆန်းနှင့်အဖွဲ့ အင်္ဂလန်နိုင်ငံကို ၉-၁-၁၉၄၇ မှာ ရောက်ရှိကြပေမယ့် ဗြိတိသျှဘုရင်ခံက ရွေးတဲ့ ဦးစောက ဗိုလ်ချုပ်အောင်ဆန်းနဲ့ လေယာဉ်တစီးတည်း မစီးလို လို့ ပြောပြီး လန်ဒန်ကို လိုက်ပါသွားခြင်း မရှိခဲ့တဲ့အတွက် ဗိုလ်ချုပ်အောင်ဆန်းက လန်ဒန်ကနေ စောင့်ခဲ့ရတယ်။ ဦးစော လန်ဒန်ကို ရောက်တဲ့ ၁၃- ၁-၁၉၄၇ နေ့ ညနေ ၅ နာရီမှ အစည်းအဝေး ပထမနေ့ စတင်ခဲ့ရတာကို ကြည့်ရင် ဗိုလ်ချုပ်အောင်ဆန်းရဲ့ အများနှင့် ညှိနှိုင်းခြင်း စိတ်ဓာတ်ကို ပေါ်လွင်စေပါတယ်။

“NLD ပါတီလည်း သူ့ပါတီက အောက်ခြေအဖွဲ့တွေ စိတ်ဝမ်းကွဲနေကြပြီး ပါတီက နှုတ်ထွက်သူ၊ ပါတီဝင်အဖြစ်မှ နှုတ်ထွက်သူ၊ ဆိုင်းဘုတ်နဲ့ အလံကို ဖြုတ်ချသူတွေ ပါရှိလာကြပါတယ်။ ဒါ့အပြင် ပါတီခေါင်းဆောင်ဆိုသူတွေက မိန့်ခွန်းတွေ တွင်တွင်ပြောပြီး လုပ်ရပ်ကတော့ ဆွံ့အနားမကြားတဲ့အဖြစ်မျိုး ရောက်နေပြီးတော့ ကချင်ကိစ္စ၊ ရခိုင်ကိစ္စတွေမှာလည်း တရှောင်ရှောင်နဲ့ နာတာရှည် နှာစေးပြီး ကြောက်ဖျား ဖျားနေကြတယ်။ ဘယ်မှာလဲ ပြည်သူအားကိုးရမယ့် ခေါင်းဆောင်၊ ဘယ်မှာလဲ ပြည်သူ့အကျိုးဆောင်ရွက်သူတွေ ... ။”

အဲဒီနောက် အစည်းအဝေး ၁၀ ရက်မြောက်နေ့ (၂၇-၁-၁၉၄၇ နေ့) မှာ ဗိုလ်ချုပ်အောင်ဆန်းနဲ့ ဗြိတိသျှဝန်ကြီးချုပ် အက်တလီတို့ လက်မှတ်ထိုးဖို့ သဘောတူညီကြပေမယ့် ဦးစောနဲ့ ဖဆပလ က ကိုယ်စားလှယ် သခင်ဗစိန်တို့က ကန့်ကွက်ကြတယ်။ သူတို့က သဘောမတူတဲ့ ကန့်ကွက်စာကို ရေးသားပေးပို့ရာမှာ ဦးစောက စာလုံးရေ ၆၅၀ သခင်ဗစိန်က စာလုံးရေ ၅၀၀ ရှိတယ်လို့ အစည်းအဝေးက မှတ်တမ်းတင်ခဲ့ကြတယ်။ မြန်မာအချင်းချင်း မညီညွတ်တာ ရှက်ဖို့ ကောင်းတာပေါ့။ အဲဒီဗိုလ်ချုပ်အောင်ဆန်းတို့အဖွဲ့မှာ ဗိုလ်ချုပ်အောင်ဆန်း၊ ဦးဘဖေ၊ သခင်မြ၊ ဦးတင်ထွဋ်၊ အကြံပေးပုဂ္ဂိုလ် ဦးကျော်ငြိမ်း၊ သခင်ချစ်၊ အတွင်းဝန် အိုင်စီအက်စ် ဦးရွှေဘော်၊ လက်ထောက်အတွင်းဝန် ဦးအောင်သန်း၊ (ဗိုလ်စင်္ကြာ)၊ ဦးစော၊ သခင်ဗစိန်နဲ့ ဦးစောခေါ်လာတဲ့ မိတ္ထီလာ ဦးဘရင်တို့ ပါဝင်တယ်။ အဲဒီမှာ နှစ်ဦးတည်း ကန့်ကွက်တာမို့ အထမမြောက်ခဲ့ဘူး။

ဗြိတိသျှအစိုးရကို အကြိတ်အနယ် လွတ်လပ်ရေး တောင်းဆိုခဲ့တဲ့ ဗိုလ်ချုပ်အောင်ဆန်းနဲ့အဖွဲ့က တိုင်းပြည်အတွက် (မြန်မာပြည်အတွက်) ကြိုးပမ်းနေချိန်မှာ ဦးစောနဲ့ သခင်ဗစိန်တို့က မြန်မာပြည်ကို လွတ်လပ်ရေး မပေးဖို့ ဆန့်ကျင်ကြခဲ့တာဖြစ်လို့ အဲဒီကတည်းက သူတို့ဇာတိတွေ ပြနေကြတာပဲ။ သူတို့က ဘယ်သူ့ဘက်က လိုလားနေတယ်ဆိုတာလည်း ထင်ရှားနေတာပဲ။ အဲဒီနှစ်ယောက်ကတော့ အဲဒီအချိန်ကတည်းက အမျိုးသားသစ္စာဖောက်တွေလို့ သတ်မှတ်ရမှာပါ။ ၁၉၄၇ ဇန်န၀ါရီလ ၂၇ ရက်နေ့မှာ ဗြိတိသျှအစိုးရရဲ့ လွတ်လပ်ရေးပေးမယ့် အောင်ဆန်း-အက်တလီစာချုပ်ကို ချုပ်ဆို အောင်မြင်ခဲ့ပေမယ့် ဇူလိုင်လ ၁၉ ရက်နေ့မှာတော့ အာဏာရူးကြီး ဦးစောက ဗိုလ်ချုပ်အောင်ဆန်းနဲ့တကွ အာဇာနည်ခေါင်းဆောင်တွေကို လုပ်ကြံသတ်ဖြတ်ခဲ့ကြတာ အားလုံးအသိပါပဲ။

ဗိုလ်ချုပ်အောင်ဆန်း ဘာလုပ်လုပ် အကောင်းမမြင်တဲ့ ဦးစောကို ဗိုလ်ချုပ်အောင်ဆန်းက ခွင့်လွှတ်ခဲ့လို့လည်း ဦးစောရဲ့ ယုတ်မာမှုတွေ အောင်မြင်ခဲ့တာပါ၊ ဗိုလ်ချုပ်အောင်ဆန်းက တကယ့် ဒီမိုကရေစီအခွင့်အရေးပေးသူ ဖြစ်တယ်ဆိုတာကို အသက်အသေခံပြီး ပြသွားခဲ့ပါတယ်။ စာချုပ်ကိစ္စမှာကတည်းက ဦးစောကို မယုံသင့်တာပါ။ တကယ်ဆိုရင် မြန်မာအချင်းချင်း ညီညွတ်မှု မရှိတာ ရှက်ဖို့ကောင်းသလို ဗြိတိသျှ အလိုတော်ရိ ဦးစောရဲ့ ယုတ်မာမှုက ပိုပြီး ရှက်ဖို့ကောင်းပါတယ်။

ဗိုလ်ချုပ်အောင်ဆန်း ကျဆုံးပြီး ၁၉၄၈ ခုနှစ် ဇန်န၀ါရီလ ၄ ရက်နေ့မှာ မြန်မာပြည် လွတ်လပ်ရေး ရရှိခဲ့ပါတယ်။ အဲဒီနောက် ဦးနုအစိုးရကို ပုန်ကန်တောခိုကြသူတွေ ရှိလာခဲ့ပါတယ်။ သခင်သန်းထွန်း ဦးဆောင်တဲ့ ကွန်မြူနစ်၊ KNDO (ကရင်)၊ MNDO (ပအို့)၊ မူဂျာဟစ်တို့လည်း တောခိုပြီး ပုန်ကန်ကြတယ်။ အဲဒီလို ပုန်ကန်မှုတွေအပြင် ရဲဘော်ဖြူ-ရဲဘော်ဝါ ဆိုပြီး ပြည်သူ့ရဲဘော် နှစ်ခြမ်းကွဲကြပြီး နောက်ထပ် သန့်ရှင်းဖဆပလ (ဦးနု-ဦးတင်)၊ တည်မြဲဖဆပလ (ဦးဗဆွေ-ဦးကျော်ငြိမ်း) တို့လည်း နှစ်ခြမ်းကွဲကြတယ်။ ၀ါဒမတူ ရည်မှန်းချက်မတူတဲ့ အကွဲအပြဲတွေ ဖြစ်ခဲ့ကြတာကို သင်ခန်းစာယူသင့်ကြတာပေါ့။ တကယ်ဆိုရင် အချင်းချင်းတွေ ညီညွတ်မှုမရှိလို့ ကွဲကြပြဲကြတာပါ။ အဓိက ကတော့ ပုဂ္ဂိုလ်တဦး၊ လူတဦးကို ကြည်ညိုမှု အားကိုးမှု တိမ်းညွတ်မှုတွေ လွန်ကဲတဲ့ ပလူးပလဲ နိုင်ငံရေးကြောင့်ဆိုတာ သင်ခန်းစာယူသင့်တယ်။

၁၉၆၂ ခုနှစ်မှ ၁၉၈၈ ခုနှစ်အထိ တော်လှန်ရေးကောင်စီ-မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီခေတ် ဖြစ်ခဲ့ပြီး ၁၉၈၈ မှ ၂၀၁၁ အထိ စစ်အစိုးရခေတ် ဖြစ်ခဲ့ချိန်တွေမှာ အကွဲအပြဲများရှိခဲ့ပြီး အချင်းချင်း ယုံကြည်မှု မရှိတော့လို့ နှုတ်ထွက်သွားတာတွေ၊ ထုတ်ပယ်ခံရတာတွေ အနားယူသွားတာတွေကလည်း သင်ခန်းစာယူစရာတွေပါ။ ၂၀၁၁ ဧပြီလက စပြီး ပါတီစုံဒီမိုကရေစီစနစ်သစ်နဲ့ အစိုးရသစ်ကို ဖွဲ့စည်းနိုင်ခဲ့ပြီး ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ ပြည်ထောင်စုလွှတ်တော်တွေ ပေါ်ပေါက်လာခဲ့တယ်။ ဒါပေမယ့် ဥပဒေပြုရမယ့် တာဝန်ရှိတဲ့ လွှတ်တော်တွေက အရည်အချင်းမရှိသူတွေ များနေတော့ ရေသာများပြီး ငါးမတွေ့ဆိုတဲ့ အခြေအနေမျိုးကို ရောက်နေတယ်။ တကယ် ဥပဒေကို နားလည်ပြီး အကြံကောင်း ဥာဏ်ကောင်းတွေကို ပေးနိုင် ပြောနိုင်တဲ့ လူက လက်ချိုးရေလို့ ရတယ်။ တမတ်သား လွှတ်တော်ကိုယ်စားလှယ်တွေက လက်ညှိုးထောင် ခေါင်းညိတ်ရုံ၊ အထက်က အမိန့်ပေးတာကို နာခံပြီး ကန့်ကွက်ရုံက လွဲလို့ ဘာမှ အားကိုးလို့မရဘူး။ တကယ်ဆိုရင် ရှက်တတ်တဲ့ လူတွေဆို မျက်နှာတောင် ပြဖို့ မသင့်တော့ဘူး။ ဖွဲ့စည်းပုံမှာ တဖက်စောင်းနင်း လုပ်ထားတာတွေကို ပြင်ခွင့် မရမချင်း ပါလီမန်ဒီမိုကရေစီလို့ ခေါ်လို့မရဘူး။

ပါတီစုံဒီမိုကရေစီခေတ်လို့ ကြွေးကြော်နေကြပေမယ့် တပည့်မွေး ဆရာမွေးစနစ်က ရှိနေသေးတာမို့ ပလူးပလဲနိုင်ငံရေး ၀ဲသြဃထဲမှာ နစ်မြုပ်လျက် ရှိနေပါတယ်။ ခုချိန်မှာ ပါတီတွေ တည်ထောင်ခွင့် ရရှိနေကြတာမို့ ပါတီကြီး ပါတီသေးတွေ ရေပန်းစားနေကြပါတယ် တကယ်အားကိုးရတဲ့ ပါတီ၊ ပြည်သူ့အကျိုးကို ဆောင်ရွက်တဲ့ပါတီ၊ ပြည်သူ့အကျိုးကို လိုလားတဲ့ပါတီတွေ ရှိမှရှိရဲ့လားလို့ မေးစရာ ဖြစ်လာပြီ။ ဘာကြောင့်ဆို ၂၀၁၂ ခုနှစ်မှာ လယ်သမားတွေ၊ အလုပ်သမားတွေနဲ့ အခြေခံလူတန်းစား အများစု ဒုက္ခရောက်နေတာ အားလုံးသိကြတဲ့အတိုင်းပဲ။ လွှတ်တော်ကိုယ်စားလှယ်တွေကလည်း အလုပ်သမား၊ လယ်သမားနဲ့ အခြေခံလူတန်းစားတွေ တွေ့ကြုံနေရတဲ့ ဒုက္ခဆင်းရဲတွေကို ဘယ်လောက် လုပ်ပေးနိုင်လို့လဲ၊ ဘယ်လောက် အားကိုးရလို့လဲ။

ပါတီကြီးဖြစ်တဲ့ ပြည်ခိုင်ဖြိုးပါတီရဲ့ ဥက္ကဌကို သမ္မတ ဦးသိန်းစိန်ကိုပဲ ထပ်ပြီး ရွေးချယ်ကြလို့ ဖွဲ့စည်းပုံအခြေခံဥပဒေအရ အငြင်းပွားနေကြပါတယ် (ဖွဲ့စည်းပုံထဲမှာ နိုင်ငံဝန်ထမ်းဆိုတာ ပါတီနိုင်ငံရေး ကင်းရှင်းရမယ်တဲ့။ သမ္မတဆိုတာ နိုင်ငံဝန်ထမ်းထဲမှာ အကြီးဆုံးပဲ။ သတ်မှတ်လစာ သိန်းငါးဆယ်တောင် ပေးထားတယ်)။ NLD ပါတီလည်း သူ့ပါတီက အောက်ခြေအဖွဲ့တွေ စိတ်ဝမ်းကွဲနေကြပြီး ပါတီက နှုတ်ထွက်သူ၊ ပါတီဝင်အဖြစ်မှ နှုတ်ထွက်သူ၊ ဆိုင်းဘုတ်နဲ့ အလံကို ဖြုတ်ချသူတွေ ပါရှိလာကြပါတယ်။ ဒါ့အပြင် ပါတီခေါင်းဆောင်ဆိုသူတွေက မိန့်ခွန်းတွေ တွင်တွင်ပြောပြီး လုပ်ရပ်ကတော့ ဆွံ့အနားမကြားတဲ့အဖြစ်မျိုး ရောက်နေပြီးတော့ ကချင်ကိစ္စ၊ ရခိုင်ကိစ္စတွေမှာလည်း တရှောင်ရှောင်နဲ့ နာတာရှည် နှာစေးပြီး ကြောက်ဖျား ဖျားနေကြတယ်။ ဘယ်မှာလဲ ပြည်သူအားကိုးရမယ့် ခေါင်းဆောင်၊ ဘယ်မှာလဲ ပြည်သူ့အကျိုးဆောင်ရွက်သူတွေ ... ။ ပြောရရင် ပြောမဆုံးပေါင် တောသုံးထောင် ဖြစ်နေတော့မှာပဲ။

နှစ်နဲ့ချီပြီး ပါတီအကျိုးကို လိုလားပြီး ဒုက္ခခံ ထောင်ကျခံ အနစ်နာခံကြသူတွေများက သူတို့ရဲ့ လုပ်ဆောင်မှုတွေနဲ့ အနစ်နာခံမှုတွေကို ပါတီရဲ့ဗဟိုက အသိအမှတ်ပြုခြင်း မခံရလို့ဆိုပြီး နှုတ်ထွက်သွားသူတွေလည်း ရှိနေပါတယ်။ ဒါကို ဒီမိုကရေစီစနစ်ရဲ့ ဖြစ်လေ့ဖြစ်ထ ဖြစ်ရိုးဖြစ်စဉ်လို့ တရားသေ သတ်မှတ်လို့ မရပါဘူး။ ဘာပဲဖြစ်ဖြစ် နားလည်ပေးသင့်တာပေါ့။ အကွဲအပြဲကတော့ စလာပါပြီ။ ရှေ့ဆက် ဘာတွေဖြစ်မလဲ စောင့်ကြည့်ကြတာပေါ့။

နောက်ပြီး NDF ပါတီက ပါတီဝင်တွေ စိတ်ဝမ်းကွဲကြတယ်။ လွှတ်တော်ကိုယ်စားလှယ်တွေ နှုတ်ထွက်ပြီး ပါတီပြောင်းကြတယ်။ ပါတီသစ်ထောင်သူထောင်၊ NLD ထဲ ရောက်သူရောက်နဲ့ စည်းလုံးညီညွတ်မှုတွေ ပြိုကွဲပြီး ဖရိုဖရဲ ဖြစ်လာတဲ့ အခြေအနေတွေကို မြင်တွေ့လာရတယ်။ အလားတူပဲ တခြားပါတီတွေမှာလည်း ပြဿနာမျိုးစုံ ရှိနေကြတယ်။ ပါတီကြီးဖြစ်တဲ့ ပြည်ခိုင်ဖြိုးပါတီဝင် အချင်းချင်းကလည်း မကျေနပ်မှုတွေ၊ စွပ်စွဲပြစ်တင်မှုတွေ လုပ်ဖို့ ကြိုးစားနေကြတယ်။ သူတို့က တမိန့်တအာဏာနဲ့ အုပ်ချုပ်လာတာ ကြာပြီ။ ခု မရတော့ဘူး။ သူတို့ပါတီထဲမှာလည်း ဖြုတ်ထုတ်ရှင်းတွေ စလုပ်နေပြီ။

ပါတီစုံဒီမိုကရေစီစနစ် ထွန်းကားအောင်မြင်ဖို့ဆိုရင် အချင်းချင်း ညီညွတ်ဖို့ လိုတယ်။ ပါတီဝင် အချင်းချင်း အကွဲအပြဲ ဖြစ်ကြခြင်းကတော့ နစ်နာဆုံးရှုံးမှုများပဲ ဖြစ်ပါတယ်။ အဲဒါက ပါတီဝင်တွေ အနစ်နာခံမှု ကြိုးစားဆောင်ရွက်မှုတွေကို ပါတီခေါင်းဆောင်တွေက အသိအမှတ်ပြုခြင်း၊ မျှတစွာ ဆုံးဖြတ်ခြင်းတွေနဲ့ ဆိုင်တယ်။ လက်ရှိ ဖွဲ့စည်းပြီးတဲ့ ပါတီငယ်တွေကလည်း လှုပ်ရှားမှု၊ ပြည်သူ့အကျိုးပြုမှုတွေ သိပ်မမြင်ရဘူး။ ပါတီခေါင်းဆောင် တော်တော်များများက တိုင်းပြည်ရဲ့ ခေါင်းဆောင်ဖြစ်ချင်ကြတယ်။ ဒါပေမယ့် ခေါင်းဆောင်ရဲ့အရည်အချင်းကို ပြည့်ဝအောင် ကြိုးစားဖို့ လိုပါသေးတယ်။ ကိုယ့်ပါတီကိုတောင် နိုင်နိုင်နင်းနင်း အုပ်ချုပ်မှုမပေးနိုင်ရင် တိုင်းပြည်ကို ဘယ်လိုအုပ်ချုပ်မှာလဲ (ဗိုလ်ချုပ်အောင်ဆန်းဟာ တိုင်းရင်းသားလူမျိုးစုအားလုံး လက်ခံနိုင်အောင် ပင်လုံညီလာခံနဲ့ ကြိုးပမ်းခဲ့တယ်။ ဒါကြောင့် အများချစ်တဲ့ ခေါင်းဆောင်ဖြစ်လာတယ်)။

မြန်မာနိုင်ငံရဲ့သမိုင်းကို ပြန်ကြည့်ရင် အင်္ဂလိပ်လက်အောက် ရောက်ရခြင်းက သီပေါမင်းရဲ့ ခေါင်းဆောင်မှု ညံ့ဖျင်းလို့၊ ကင်းဝန်မင်းကြီး ခြယ်လှယ်လို့ ဆိုတာ ငြင်းလို့ မရတဲ့ သမိုင်းဖြစ်ရပ်တခုပါပဲ။ သီပေါမင်းရဲ့ နောက်က ကြိုးကိုင်သူ စုဖုရားလတ်ဆိုတဲ့ မိဖုရားက အာဏာမက်ခဲ့လို့လည်း အင်္ဂလိပ်တွေရဲ့ အနိုင်ကျင့်တာကို ခံခဲ့ရတာပါ။ တကယ်အရည်အချင်း ရှိသူတွေကို လုပ်ကြံသတ်ဖြတ်ခဲ့ခြင်းကလည်း ထက်မြက်တဲ့ အင်အားတွေ လျော့ပါးသွားစေတာပဲ။ အားကိုးရမဲ့ လူတွေ မရှိတဲ့အချိန်မှာ အင်္ဂလိပ် ပြုသမျှ နုခဲ့ရတာပေါ့။

ဒီကနေ့ မြန်မာနိုင်ငံအတွက် ခေါင်းဆောင်များများ မရှိပါဘူး။ ရှားနေတဲ့အတွက် နောက်ထပ် မျိုးဆက်သစ်ခေါင်းဆောင်တွေကို အားကိုးချင်ကြပါတယ်။ ဘယ်သူ့ကို အားကိုးလို့ ရမလဲ။ ဘယ်သူ့ကို ယုံကြည်လို့ ရမလဲ။ ဘယ်သူက ဘယ်လောက် အရည်အချင်း ရှိနေသလဲ။ ရှာကြည့်လိုက်ပါ။ ခက်နေ ၏တာက ရှေးက အစဉ်အလာကြီးတိုင်း လူပုဂ္ဂိုလ်တဦးတယောက်ကိုသာ ကိုးကွယ် - ဆည်းကပ် - တိမ်းညွတ်နေကြမယ်ဆိုရင် အဲဒီခေါင်းဆောင် မရှိတဲ့အခါ ဘယ်သူ့ကို အားကိုးကြမလဲ။ NLD ပါတီကို နမူနာပြမယ်။ ဒေါ်အောင်ဆန်းစုကြည် ပြီးရင် ၂ - ၃ - ၄ - ၅ ရှိသလား။ အများယုံကြည်နိုင်တဲ့ ခေါင်းဆောင် ဘယ်နှစ်ယောက်ရှိသလဲ။ တကယ်ဆိုရင် နိုင်ငံမှာ အားကိုးထိုက်တဲ့ ခေါင်းဆောင်တွေ မျိုးဆက်သစ်တွေကို တရုတ်က မွေးသလို ကြိုပြီး မွေးထားကြဖို့ လိုပြီပေါ့။ ဒီလိုမှ မလုပ်ရင် အခု ဖြစ်နေတဲ့ တပည့်မွေး ဆရာမွေး ပလူးပလဲ နိုင်ငံရေးအခင်းအကျင်းနဲ့ ဘယ်လို ရှေ့ဆက်ကြမှာလဲ။ စဉ်းစားလို့တောင် မရဘူး။ ရင်လေးစရာကြီးပါ။

စိန်သံလုံး

31 comments:

Neo said...

လေသံကတော့ သေလောက်တယ်။ တစ်တိုင်းပြည်လုံးက ငတုံးတွေပေါ့နော်။ ဆရာတို့သာ မပြောရင် တစ်တိုင်းပြည်လုံး ဒုက္ခရောက်ကြမှာ ပေါ့နော်….။ ဆက်ပြီး လမ်းညွှန်ပေးပါဦး ခင်ဗျ။

Neo said...

ဆရာတို့သာ ဒေါ်စုတို့နေရာမှာဆိုရင် တိုင်းပြည်ကို ဘယ်လိုစကားတွေပြောလို့ ဘယ်လိုများ လမ်းညွှန်ချင်ပါသလဲ ခင်ဗျ။ စိတ်ဝင်စားလို့ပါ….

min said...

အရုပ်မပြရဲဘဲ၊တခုတ်တရရေးဆဲ၊ကျုပ်ကဖြင့်ပြေးဆဲလိုက်ချင်လိုက်ချင်တယ်၊လုပ်သမျှဘေးတွဲနေတဲ့ကလောင်ရှင်ကို၊

Unknown said...

ဘေးထိုင် ဘိုင်ကျ ဘုပြော ဘ သုံးလုံးအဖွဲ့။

ma har said...

ဆရာကြီး စိန်သံလုံးခင်ဗျာ မြန်မာပြည်ရဲ့ခေါင်းဆောင်ပိုင်း နောက်လိုက်ပိုင်းတွေကို သမိုင်းနှင့်တကွ ရှင်းလင်းပြတာကိုကျေးဇူး တင်ရပါတယ် ။ ဒီနေရာမှာ ဆရာ့ကိုပြန်လည် အကြံပေးချင်တာက ဆရာက ဝေဖန်ရေးသက်သက်ပဲလုပ်မှာလား ကိုယ်ကို တိုင်ခေါင်းဆောင်လုပ်ပေးပါလား ။ အများရှေ့မှာ ထွက်ပြီးရပ်ပြပါလား ထောက်ခံနိုင်လောက်တဲ့ ဆရာ့ အရည်အချင်းတွေကို တွေ့ရ မြင်ရ ရင်ဘယ်သူမဆို ရိုးသားစွာထောက်ခံကြမှာပါ ။ ဆရာကိုယ်တိုင်ကိုက ဦးစော ၊ သခင်ဗစိန် ဖြစ်မနေဘူးလားဆရာ နောက်တခု ကွန်မြူနစ်ဖြစ်မနေဘူးလားပြန်ပြီး ကိုယ့်ကိုကိုယ် သုံးသပ်ပါအုံးဗျာ ။ ကွန်မြူနစ်တွေက ဘယ်သူလုပ်ထာကိုမှ မထောက်ခံကြပါဘူး တလျှောက်လုံး အပြစ်တွေချည်းပြောခဲ့တယ် ။ သူတို့လုပ်ထာကြတော့ ( ပြောတော့မိုး .(..........)ပါခင်ဗျာ
.

မျိုးချစ်သူ said...

NLD အနေနဲ့ ပါတီအင်အားကိုပိုမိုကျစ်လစ်ခိုင်မာလာ
အောင်လုပ်ဆောင်ဖို့
အတွက်တိုင်းနှင့်ပြည်နယ်အသီးသီးနဲ့စဉ်ဆက်မပြတ်
ချိတ်ဆက်လမ်းညွှန်ပေးဖို့NLDဗဟိုရဲ့စွမ်းဆောင်မှု
ဟာအင်မတန်မှနည်းပါးနေတာကိုတွေ့နေရပါတယ်၊
တဦးနဲ့တဦး၊အထက် အောက်၊လူကြီးလူငယ်အသိမှတ်
ပြုရင်းနှီးအောင်ထိတွေ့ဆက်ဆံမှုတွေခေါင်းပါး
နေတာတွေကိုလည်းအမြန်ဆုံးပြုပြင်သင့်ပါပြီ၊
ရွေးကောက်ပွဲစည်းရုံးရေးကာလကတည်းကပါတီဝင်
ထားကြတဲ့ကျနော်တို့နယ်ဖက်ကသူတွေဆိုရင်အခုချိန်ထိပါတီအသိမှတ်ပြုတဲ့ပါတီဝင်ကဒ်ပြားမရရှိသေးတာကို
ကြည့်ရင်NLD ဗဟိုရဲ့မိမိပါတီအပေါ်စိတ်ဝင်စားမှုမရှိတာ
ငြင်းမရတဲ့အချက်တခုပါဘဲ၊အမေစုကိုယ်စားအမှန်
တကယ်စွမ်းဆောင်၊ဦးဆောင်နိုင်သူကိုအမြန်ဆုံး
ရွေးချယ်တာဝန်ခွဲဝေပေးသင့်ပါပီ၊

chay say said...

Not bad.but r u opposit Daw Su ?

Unknown said...

စာရေးဆရာဆိုတာ စာရေးခြင်းအားဖြင့် တိုင်းပြည်အကျိုး တစ်ဖက်တစ်လမ်းက သယ်ပိုးတာပါ။
အများစု လက်ခံတာ၊ မခံတာက ပြည်သူတွေက ဆုံးဖြတ်ပေးသွားပါလိမ့်မယ်။ ဒီဆောင်းပါးမှာ ထောက်ပြထားတာတွေဟာ ရာနှုန်းပြည့် မှန်ချင်မှ မှန်မှာ ဆိုပေမယ့် လက်ခံနိုင်စရာတွေ အများကြီးပါ..
ဒီလို ထောက်ပြလာတာတွေကို အလုံးစုံ လက်မခံဘဲ ဘေးဖယ်ထားသရွေ့တော့ တိုးတက်ကောင်းစားဖို့ဆိုတာ အဝေးကြီးမှာပါ...

Win said...

(ကွန်မြူနစ်တွေက ဘယ်သူလုပ်ထာကိုမှ မထောက်ခံကြပါဘူး တလျှောက်လုံး အပြစ်တွေချည်းပြောခဲ့တယ်) လို့လည်းမပြောပါနဲ့..သူ့ပထွေးကိုတော့ အကောင်းမြင်သား.. (တကယ်ဆိုရင် နိုင်ငံမှာ အားကိုးထိုက်တဲ့ ခေါင်းဆောင်တွေ မျိုးဆက်သစ်တွေကို တရုတ်က မွေးသလို ကြိုပြီး မွေးထားကြဖို့ လိုပြီပေါ့။) မမြင်နိုင်ရင်လည်း အဖီဖြုတ်ချခံရနိုင်တာကိုး

Unknown said...

မသိလို့ မေးပာဦးမယ် ... မင်းတို့ကောင်တွေက ဘာကောင်တွေတုန်း နိုင်ငံရေးသုခမိန်တွေလား?
လူအထင်ကြီးလေးစားလောက်စရာ ဘာတွေများလုပ်ခဲ့ကြတုန်း?
စောက်ရူးတွေ ... ကိုယ့်အဆင့်ကိုလည်း နားလည်ကြဦး ...
ငာတို့က ဒှောစုကို ကိုးကွယ်ကြတယ်ထားပာတော့ ... မင်းတို့ကို ပြောင်းကိုးကွယ်စေချင်လဲ (မင်းတို့ပြောတာကို အလေးထားစေချင်လဲ) မင်းတို့အရည်အချင်းလေး ပြောကြပာဦး ... ဘာကောင်တွေမှလည်းမဟုတ်ပဲနဲ့ ဆရာကြီးမလုပ်ချင်ကြစမ်းပာနဲ့ လွဏ်းဆွေနဲ့ လွဏ်းဆွေ နောက်လိုက်ခွေးလေးတွေရာ

မျိုးချစ်သူ said...

အမေစုကိုယ်စားဆိုတာ အမေစုရဲ့လမ်းစဉ်တွေကိုအကောင်ထည်ပေါ်အောင်
အောက်ခြေအဆင့်ဆင့်ကိုဦးဆောင်ပေးနိုင်မယ့်သူမျိုးတွေ
ဗဟိုမှာရှိဖို့ပါ၊အဲလိုမှမဟုတ်ရင်အမေစုပြောသမျှတွေသဲထဲ
ရေသွန်ဖြစ်သွားနိုင်ပါတယ်။

ှဲKaung said...

S ရှက်ရှိတဲ့ စိန်သံလုံးတို့ ၊ ၀တုတ်တို့ ၊ Swe Swe Kyaing တို့ က ထမိန်ချုံထဲက အော်တယ်။ Sရှက်မရှိတဲ့ ငပေါတို့ ၊ လွဏ်းဆွေတို့ က ထမိန်မချုံပဲ အရက်ကလေးသောက်၊ ရဲဆေးတင်ပြီးအော်တယ်။ အော် ဂန်းဒူး၊ ငမူးတွေ ပါလား။

ညီသန့်ရှင်း said...

အခု ကော်မန်းရေးထားတဲ့ အပေါ်ကကောင်တွေက အမေစုရဲ့ နိုင်ငံရေးလမ်းစဉ်တွေကို ထောက်ခံသလိုလို အားပေးသလိုလို သူတော်ကောင်းတွေလိုလိုနဲ့ .. သူတို့အကွက်ထဲ ရောက်နေတဲ့ အမေစုကို ထောက်ခံသလိုလို ကာပြောပေးနေကျလေရဲ့။ မင်းတို့ကောင်တွေ အားလုံးစစ်တပ်အောက်ဆွဲ စစ်ခွေးတွေ ဆိုတာသိသာတယ်။ အမေစုကို ပြည်သူ့ အကျိုးပြု နိုင်ငံရေးဗျူဟာတွေ ချမှတ်လို့ အကောင်ထည်မဖော်ခင် အရင်ဦးဆုံးကျနော် တချက်လောက်တော့ အကြံပေးပါရစေ။ အရင်က NLD ကို ပြည်သူအရှေ့က ရပ်တည်လို့ ရဲရဲကြီးတိုက်ပွဲဝင်မဲ့ သူရဲကောင်းပါတီကြီးတခုအနေနဲ့ ကျနော် ထင်မှတ်လို့ အထောက်ခံကြီးထောက်ခံခဲဖူးပါတယ်။ အခုများဖြင့် နိုင်ငံရေးအာဏာက လက်တဆစ်မျှမရသေးဘူး NLD လေသံက အမျိုးမျိုးပြောင်းနေလေရဲ့။ အဲဒါကိုတော့ မပြောတော့ပါဘူးလေ ဗိုလ်ချုပ်ကိုတိုင်က ၀ါဒဆိုတာ အချိန်အခါနဲ့အညီ ခေတ်နဲ့ အညီ ပြောင်းလဲယူတယ်ဆိုတာ ကို့ယုံကြည်ချက်ကို သစ္စာဖောက်တာမဟုတ်ဘူးလို့ မွတ်ကြားခဲ့ဖူးတာပဲ။ အဲမတန်မှန်ကန်တဲ့ မိန့်ခွန်းပါ။ ဒါကိုပဲ အမေ မြေ၀ဲမကျ နားထောင်နေလားမပြောတတ်။ ဒါတွေထားပါ ကျနော် အကြံပေးချင်တာက NLD ပါတီထဲမှာ နိုင်ငံရေးယုံကြည်ချင်ဆိုတာ ကောင်းကောင်းနားမလည်တဲ့ ဂလေဂချေတွေ အလွန်များနေပါတယ်။ အဲလူတွေကို ပါတီထဲကထုတ် ပါတီသန့်ရှင်းရေးလုပ်လို့ ပြီးမှ ပြည်သူတွေအတွက် အကျိုးရှိစေမဲ့ နိုင်ငံရေးကို လုပ်ပါလားလို့ပေါ့လေ။ ဒါပါပဲ ... ကျနော် အကြံပေးကြည့်တာပါ အမေကြားရင်လဲကြား မကြားရင်လဲ မကြားပေါ့ဗျာ..။

moethee.blogspot.com said...

စိန်သံပြားကတော့ လုပ်ချလိုက်ပြန်ပြီ အရှေ့မှာရေးထားတာက .... လူတဦးတယောက်၊ ပုဂ္ဂိုလ်တဦးတယောက် အပေါ်ကို အလွန်အကျွံ ကိုးကွယ်ဆည်းကပ် တိမ်းညွတ်မှုကလည်း မြန်မာ့နိုင်ငံရေးမှာ အစဉ်အလာကြီးလို ဖြစ်နေတုန်းပါပဲ။ အဲဒါကို အားနည်းချက် တခုလို့ မြင်သင့်တယ်။ ခေါင်းဆောင်တယောက်တည်းရဲ့ ဆုံးဖြတ်ချက်ဆိုတာ အများစုပေါင်း ဆုံးဖြတ်ချက်ထက် ပိုမကောင်းနိုင်ဘူး။ ..... တဲ့ ခေါင်းဆောင်တဥိးတည်းကိုအားမကိုးသင့်ကြောင်းပြောထားတယ်။
ဒါပေမဲ့ နောက်မှာဆက်ရေးတာက ....ပါတီခေါင်းဆောင်ဆိုသူတွေက မိန့်ခွန်းတွေ တွင်တွင်ပြောပြီး လုပ်ရပ်ကတော့ ဆွံ့အနားမကြားတဲ့အဖြစ်မျိုး ရောက်နေပြီးတော့ ကချင်ကိစ္စ၊ ရခိုင်ကိစ္စတွေမှာလည်း တရှောင်ရှောင်နဲ့ နာတာရှည် နှာစေးပြီး ကြောက်ဖျား ဖျားနေကြတယ်။ ဘယ်မှာလဲ ပြည်သူအားကိုးရမယ့် ခေါင်းဆောင်၊ ဘယ်မှာလဲ ပြည်သူ့အကျိုးဆောင်ရွက်သူတွေ ... ။”
ပြဿနာအားလုံးကိုခေါင်းဆောင်ကိုပုံချထားပြန်တယ်။

စိန်သံပြားတို့ မောင်လွဏ်းဆွေတို့ ကို ကြံ့ဖွံ့ ကမွေးလိုက်ပြီဆိုတာသိသာပါတယ်။ ကြံ့ဖွံ့နဲ့ စရဖ ထောက်ပံ့ထားတဲ့ ဒလံတွေထဲမှာ မောင်ရင်တို့ ပါသွားတာစိတ်မကောင်းပါဘူး သူတို့အထောက်အပံ့ယူထားဒါကြောင့်လဲ တဆိတ်ရှိ NLD နဲ့ ဒေါ်စုကိုပဲတိုက်ခိုက်ရေးသားတဲ့ တာဝန်ရှိနေတာအခုမှနားလည်တယ်။

ma har said...

ို ( လေရှီး ) ဆိုတဲ့သူကိုပြောချင်ပါတယ် ဒီနာမည်ကဘာအဓိပ္ပယ်လဲလို့ ထမင်းစားသူတိုင်းသိ
ိပါတယ် ။ ကိုရင့်အမျိုးတွေနဲ့ဒီနာမည် လိုက်ဖက်ညီမယ်
ထင်တယ်။ ကောင်းလေစွ ကောင်းလေစွ ငါတို့က
၁ ၂ ၃ ( လေရှီး ) သမဂ္ဂ ကပါ တော်တော်ကို လေရှီး
ကြပါတယ် ။ ကိုရင်တို့ဒေသကို စည်းရုံးရေးဆင်းချင်
်ပါတယ် ။ အဖွဲ့ချင်းမတူပေမဲ့ နာမည်ချင်းဆင်တူနေ
တော့ လုပ်ဆောင်ချက်တူမှာသေချာပါတယ် ။ ကိုရင့်နှစ်မ တွေ အဒေါ်တွေ ကို ပန်းစည်းတွေနဲ့ ကြိုဆိုခိုင်းဘို့မမေ့ပါနဲ့။ အော်မေ့လို့မေ့လို့ ဆက်ပြောပါ့မယ် အရပ်ရှည်တဲ့သူတွေကိုပဲ ကြိုခိုင်းပါနော် ဒို့က တော
်တော့ကို လေရှီး ကြလို့ပါနော်

very truth said...

ma har ဆိုတဲ့ တယောက် မင်းအဖေက ABCလေရှီး မင်းက 123လေရှီး သားအဖနှစ်ယောက် တတ်လဲတတ်နိုင်ပါတယ်ကွာ။ မင်းကြည့်ရတာ ဖအေထက်သား ပိုထက်မဲ့ပုံပဲ မင်းနာမည်ကို ၁၂၃လေရှီး အစား ၁၂၃လေရှီးဘူလျှော်းလို့ မဲ့လိုက်ပါလာ။ အဲဒါဆို မင်းနာမည်လေး အရမ်းလှသွားမယ်။ ဘယ်လိုလဲငါ့ကောင် စဉ်းစားနော်။

ma har said...

ABC ပါတီဥက္ကဋ္ဌ မောင်လေရှီးမှာကူလီတွေတော်တော်
များများ ရှိနေတယ်ထင်ပါ့ ။

ma har said...
This comment has been removed by the author.
ma har said...

ဟေ့ မင်းသတ်နိုင်မောင် , ABC ပါတီဥက္ကဋ္ဌ မောင်လေရှီး နဲ့ငါ့ကို သားအဖလို့ပြောလိုက်တဲ့စကားက မင်းအမေကို
ခွေးလိုးတယ် ဆိုတဲ့စကားလောက်မမှန်ဘူးကွ
ခွေးလိုးမသားရဲ့

Uncle Chan's အမလ said...


ကိုလွဏ်းဆွေရေး အဒေါ်စုလုပ်တာ ကိုလဲ အချိန်အနည်းငယ်မျှပေးလို့ စောင့်ကြည့်ပေးစေလိုပါတယ်ဗျာ။ မြင်တာ တွေ့တာပြောနေရင်လဲ လူမုန်းတာပဲ အဖတ်တင်တာပါ။ ကို့အတွက် ဘာအကျိုးမှလဲ ရှိမလာပါဘူး။ မြန်မာနိုင်ငံသားအပေါင်း တိုင်းပြည်ကို ဧကန်အမှန် ချစ်တတ်ကျပါစေဗျာ။ ဒါနဲ့ အပေါ်က ma har ဆိုတဲ့ ဆရာက တော်တော် ပြောတတ်ဆိုတတ်ရှိတာဘဲဗျ။ ခင်ဗျာ လူရှေ့သူရှေ့ အများသူငါ ၀င်ဖတ်တဲ့ ဒီလို ဘလော့ဘ်မျိုးထဲမှာ သူများကို အဲလိုဆဲဆိုတာ ကိုက ခင်ဗျာ ဘယ်အဆင့်အတန်းကပေါက်ဖွားလာတယ်ဆိုတာကို ဖော်ပြနေသလိုပဲ။ ခင်ဗျာ ပြောတဲ့ အကောင်ကနေ ခင်ဗျာလူဖြစ်လာတာလာ ။ ခင်ဗျာတို့လို့ လူမျိုးတွေရဲ့ ကွန်မန့်ကို ဒီလို လူအများရှိတဲ့ ဒီလိုနေရာမှာ တွေ့ရတာ တော်တော် အာရုံနောက်တယ်။

very truth said...


123 မောင်လေရှီးဘူလျှော က စိတ်ကြီးပဲ ဒေါတွေကလဲ ဖောင်းနေလိုက်တာ မဖောင်းပါနဲ့ကွာ ဖောင်းသွားလဲ လီးပဲပေါ့။

ညီသန့်ရှင်း said...

ကိုမင်းသတ်နိုင်မောင်ရေ ကျနော့ လူလေးကို ခွင့်လွှတ်ပေးလိုက်ပါဗျာ
ဒီကောင်က မိတဆိုးသားလေးဆိုတော့ နဲနဲ ရိုင်းတယ်ဗျ
ကျနော်လဲ ဆုံးမနေတာဘဲ ဆုံးမလို့ကိုမရတာ
ဒီကောင့်အမေလဲ အဲလိုမပြောတတ်မဆိုတတ်လို့
သူများက အမင်ကပ်ကပ်နဲ့ လုပ်ထည့်လိုက်တာ
အသက်ပါပါသွားရတာဘဲဗျာ
တောင်းပန်ပါတယ် ခွင့်လွှတ်ပေးကျပါ
ကျနော် အိမ်ကျရင် မှတ်လောက်အောင် ဆုံးမပေးလိုက်ပါ့မယ်ဗျာ

ma har said...

ABC ပါတီဥက္ကဋ္ဌ လေရှီးနဲ့မင်းသက်နိုင်မောင် ဆိုတဲ့ကောင်တွေ ခွေးတရာ မျောက်တထောင် လိုးမသားတွေ မင်းတို့ကများ အတိုင်အဖေါက်ညီနေရသေး

ma har said...
This comment has been removed by the author.
ma har said...

ဟေ့ကောင် ဖြိုးဝေဝင်း မင်းကဘာကောင်လဲ ကွန်မင့်ရေးတဲ့သူနဲ့ ကွန်မင့်တွေကို မင်းသေသေချာချာ ဖတ်ပြီးပြီလား ဒေါ်စုကိုဝေဖန်တယ် NLD ကိုဝေဖန်
တယ် ၊ဝေဖန်ရေးကို ငါလက်ခံပါတယ် အမှန်ကိုဝေ
ဖန်ပါ မလိုစိတ်နဲ့တော့ မဝေဖန်နဲ့ နောက်ပြီးဝေဖန်တဲ့ ကောင်ရဲ့နာမည်က ( လေရှီး ) တဲ့ လေရှီးဆိုတာ လီး
ရှေ လေကွာ မင်းသီလား အဲဒီကောင်ကိုတခါ သွားပေါင်းပြီး မဆီမဆိုင်ကြားကောင် မင်းသတ်နိုင်
မောင်ကအသလွတ်ကြီးပါ့ကိုဝင်ဖြဲတယ် မင်းတွေ့လား
အဲဒါတွေကို မင်းမတွေ့ပဲ တွေ့ပြန်တော့လဲ မသိသလိုနဲ့ မင်းကပါတခါ ဝင်ဖြဲနေပြန်သေး ဟေ့ကောင်တွေ လီးပဲကွ ခွေးတရာ မြောက်တထောင်လိုးမသားတွေ

Anonymous said...

byaing မင်းစကါးလုံးပြင်ပါအုံး မိုက်ရိုင်းလှခညြ်းလား လဒလောက်တော့ ငှက်တိုင်းပြန်တတ်တယ်ဆိုတာမမေ့နဲ့ မင်းအဆင့်လောက်နဲ့တက်မလာခဲ့နဲ့ဟေ့ကောင် မင်းလိုမမိုက်ရိုင်းတတ်လို့ ဒီနေရာမှာ စိတ်ဝင်တစားစောင့်ဖတ်ပြီး သုံးသပ်နေကြတဲ့လူတွေကြီးပဲ တကယ်တော့မင်းလိုကောင်က ဒုတိယံပိ ဦးစောပဲ မင်းရှက်တတ်ရင်တက်မလာခဲ့နဲ့

Anonymous said...

ဟေ့ကောင် မင်းကမှအရှက်မရှိတာ မင်းက ကေါ ဘာကိုပြောချင်တာလည်းဆိုတာတောင်ရှင်းအောင်မပြောနိုင်တဲ့ကောင် တိုင်းပြည်ပြက်နေတာမင်းတို့လိုကောင်တွေကြောင့်ကွ

Anonymous said...

အပေါ်ကကောင်ဒို့nldမှာ ဘာအာဏာမှမရှိဘူး ဘာလုပ်ပိုင်ခွင့်မှလည်းမရှိသေးဘူးဆိုတာ လူတိုင်းသိတယ် မင်းမသိရင် မင်းမသိရင် တထွာတမိုက်လောက်ညဏ်လေးနဲ့တက်မလာခဲ့နဲ့ ရှက်ဖို့ကောင်းတယ် တချက်လေးလုပ်ဆောင်ချက်မှားတာနဲ့ နိုင်ငံရေးမသာဖြင့်သွားနိုင်တယ်ဆိုတာမမေ့နဲ့အုံး ဒီမိုကရေစီရဖို့အများကြီးတိုက်ရအုံးမှာ ဖွတ်တွေက သူတို့ သေတဲ့အထိပြင်လို့မပြီးအောင် ဥပဒေရေးဆွဲထားတာ ဒီလောက်ဆို သယ်ချင်းသဘောပေါက်ပါတယ်ကွာ နောက်မှတွေ့ရအောင်

Anonymous said...

သယ်ချင်း ဘာပဲဖြင့်ဖြင့်ကွာ စစ်တပ်အုပ်ချုပ်စဉ်ကာလတလျှောက်လုံး သတင်းစာကို ပြောင်းပြန်းတွေးဖတ်ခဲ့ရတာ မင်းရောငါရောပဲ ခု လည်း တွေးဖတ်သင့်ရင်ဖတ်ပေါ့ကွာ မင်းအဲဒီလောက်မအပါဘူးနော

Today Admin said...

ကျွန်တော်နိုင်ငံရေးအကြောင်း သိပ်နားမလည်ပါဘူး...ကိုယ့်တိုင်းပြည်ကို နိုင်ငံခြားတိုင်းပြည်တွေလို အမြန်တိုးတက်စေချင်တဲ့ ဆန္ဒပဲရှိတာပါ...အခုလို အများဝင်ရောက်ဖတ်ရှုတဲ့ ဆိုဒ်တစ်ခုမှာ ရိုင်းရိုင်းစိုင်းစိုင်းတွေပြောတာ သူများနိုင်ငံကလူတွေသိရင်ထင်မယ်။မြန်မာတွေကို အရိုင်းအစိုင်းတွေလို့...။အစ်ကိုတို့အားလုံး နိုင်ငံကိုချစ်တဲ့လူတွေကြီးပဲလို့ထင်ပါတယ်။တစ်ယောက်နဲ့တစ်ယောက် အမုန်းမပွားပဲ ဆွေးနွေးတိုင်ပင်သင့်ပြီး ညီညွတ်သင့်တယ်လို့ ညီငယ်တစ်ယောက်အနေနဲ့ အကြံပေးပါရစေ။

richard said...

dr lwan swe is one of the sided man. one of the hard liner guy. when daw su decided to race for election in (bi- election),he became one of the opposition guy for NLD.He don't know about politic well.daw suu's decision is right.