Thursday, November 29, 2012

ဗကသ ဗဟိုလုပ်ငန်းကော်မတီ တွဲဖက်အတွင်းရေးမှူး ကိုမင်းသွေးသစ်နဲ့ တွေ့ဆုံမေးမြန်းခန်း (ရုပ်သံ)

1 comment:

Unknown said...

နိုင်ငံတော်သမ္မတကြီးခင်ဗျား..
လွှတ်တော်ဥက္ကဌကြီးခင်ဗျား..
လွှတ်တော်ကိုယ်စားလှယ်တော်များခင်ဗျား..
ပြည်သူများ၏ အစဉ်ထာဝရ အားကိုးယုံကြည်မှုရရှိရန် ကြိုးပမ်းဆောင်ရွက်နေသော လွှတ်တော်အနေဖြင့်လည်းကောင်း၊
ဒီမိုကရေစီလမ်းစဉ်များနှင့် ညီညွတ်သော ကမ္ဘာ့အသိအမှတ်ပြုခံ အစိုးရသစ်တစ်ရပ် အနေဖြင့်လည်းကောင်း၊
တန်ဆောင်မုန်းလပြည့် ဗုဒ္ဓဘာသာဝင်တို့၏ အထွဋ်အမြတ်ည လက်ပံတောင်းတောင် အကြမ်းဖက်ဖြိုခွင်းခြင်းသည် ဥပဒေနဲ့ ညီ၊ မညီ အမြန်ဆုံး သုံးသပ် စီစစ်ပေးပါရန်နှင့် ဥပဒေနှင့် မညီညွတ်ပါက အကြမ်းဖက်ခြင်း ပတ်သက်ဆောင်ရွက်ခဲ့သူများအား ဒီမိုကရေစီကျင့်ထုံးများနှင့်အညီ မဖြစ်မနေ အရေးယူ ဆောင်ရွက်ပေးပါရန် တောင်းဆိုတင်ပြပါသည်။ လွှတ်တော်မှဖွဲ့စည်းပေးသော လက်ပံတောင်းတောင် စုံစမ်းစစ်ဆေးရေးကော်မရှင် မရောက်မီ လက်မတင် ကာလတိုအတွင်း ယခုကဲ့သို့ မီးလောင်ဗုံးသုံးပြီး တိုင်းသားပြည်သူများနှင့် ရဟန်းသံဃာများအပေါ် ရက်စက်စွာ အကြမ်းဖက်ဖြိုခွင်းခြင်းသည် နိုင်ငံတော်အစိုးရနှင့် လွှတ်တော်က ဖော်ဆောင်နေသော ဒီမိုကရေစီလမ်းစဉ်များနှင့် များစွာ ဆန့်ကျင်နေကြောင်း တစ်ကမ္ဘာလုံး ထောက်ပြ ပြောဆိုနေကြပါသည်။ ဓာတုလက်နက်များ သုံးသည်ဖြစ်စေ၊ မသုံးသည်ဖြစ်စေ ပြည်သူနှင့် ရဟန်းသံဃာများ ပြင်းထန်သည့် မီးလောင်ဒဏ်ရာများ ရရှိခဲ့ခြင်းနှင့် ယာယီအဆောက်အဦးများ မီးလောင်ပျက်ဆီးခဲ့သည်မှာ အမှန်ပင် ဖြစ်ပါသည်။
ယခုအချိန်တွင် ယုံကြည်ချက် မျှော်လင့်ချက် ကြီးမားခဲ့သူများအနေဖြင့် ရက်စက်မှုများအပေါ် နာကျည်းစိုးရွံ့လျက် ရှိနေပါသည်။ ပြည်သူ့အသံ နားဆင်နေသော လွှတ်တော်အကြီးအကဲများနှင့် လွှတ်တော်ကိုယ်စားလှယ်တော်များ လက်ပိုက်ကြည့်မနေသင့်ပါ။ ပြည်သူ့မျက်နှာ တစ်ချက်မျှ ငဲ့ကြည့်ခြင်းဖြင့် လွှတ်တော်၏ဂုဏ်ကို ဖော်ဆောင်မြှင့်တင်ပေးကြပါရန် တောင်းဆိုအပ်ပါသည်။ ဘက်မလိုက်သော ပြည်သူမျက်နှာကြည့်သော ဥပဒေများနှင့်အညီ စုံစမ်းစစ်ဆေးမှုများ အမြန်ဆုံး ပြုလုပ်ပေးသင့်ပါသည်။ ပြည်သူများ၏ ကျဆင်းသွားသော စိတ်ဓာတ်ကို ပြန်လည် မြှင့်တင်ဆောင်ရွက်ပေးသင့်ပါသည်။