Monday, October 8, 2012
စာရေးဆရာ မောင်သာချိုရဲ့ စာပေဟောပြောပွဲ - အပိုင်း ၁ (ရုပ်သံ)
Posted by
ဒေါက်တာလွဏ်းဆွေ
at
12:55 PM
Labels: ဗွီဒီယိုမှတ်တမ်း
Subscribe to:
Post Comments (Atom)
Posted by
ဒေါက်တာလွဏ်းဆွေ
at
12:55 PM
Labels: ဗွီဒီယိုမှတ်တမ်း
၁၉၇၀ ဇန်န၀ါရီ ၄ ရက် (လွတ်လပ်ရေးနေ့) တွင် မွေးဖွား။ ၁၉၉၅ တွင် ဆေးတက္ကသိုလ် (၂) မှ M.B.,B.S ဘွဲ့ရ။ ၁၉၉၆ စက်တင်ဘာမှ ၁၉၉၇ ဖေဖော်ဝါရီအထိ ကိုယ်ပိုင်ဆေးခန်း ဖွင့်။ ၁၉၉၆ နိုဝင်ဘာမှ ၂၀၀၅ ဇွန်အထိ မြားနတ်မောင်မင်္ဂလာမဂ္ဂဇင်းတွင် တာဝန်ခံအယ်ဒီတာအဖြစ် ဆောင်ရွက်။ ၂၀၀၅ ဇူလိုင် ၁ ရက်တွင် လွတ်မြောက်နယ်မြေသို့ ရောက်ရှိ။ ၂၀၀၆ ဇန်န၀ါရီမှ ၂၀၁၄ ဧပြီအထိ မဲဆောက်အခြေစိုက် မြန်မာနိုင်ငံဆေးပညာရှင်များအသင်းတွင် ဒု-ဥက္ကဌ၊ ဘဏ္ဍာရေးမှူး၊ အလုပ်အမှုဆောင်ကော်မတီဝင်၊ တွဲဘက်အတွင်းရေးမှူး တာဝန်များ ထမ်းဆောင်ခဲ့။ ရွှေဝါရောင်သံဃာများ မေတ္တာပို့ စီတန်းလမ်းလျှောက်သည့် ၁၈-၉-၂၀၀၇ တွင် ဘလော့ဂ်တင်ဆက်မှု စတင်။
1 comment:
ဘာသာတရား၊ စာပေ၊ ဂီတ၊ အနုပညာသည်သာ စိတ်ကိုပြင်နိုင်တယ် ဆိုတာ သိပ်ကိုမှန်ပါတယ်။ ဒီအပြင် အင်းလေးကန်ကြီးဟာ အင်းသားတွေရဲ့ ဂုဏ်ယူစရာ တစ်ခုဖြစ်သလို အဝေးကို ရောက်နေတဲ့ အင်းသားတစ်ယောက်ဟာ အင်းလေးကန်ကြီးရဲ့ သတင်း၊ ဓာတ်ပုံ၊ စာပေ.. တို့ကတဆင့် သိရ၊ ကြားရတယ် ဆိုရင်ပဲ ကိုယ့်ဒေသ၊ ကိုယ်နယ်မြေအပေါ် လွမ်းဆွတ်သတိရတဲ့စိတ်၊ ချစ်တဲ့စိတ်၊ ကိုယ့်မွေးရပ်ဒေသ ကောင်းစားစေချင်တဲ့စိတ်၊ တိုးတက်စေချင်တဲ့ စိတ်တွေ ဖြစ်လာကြရစမြဲပါ။ ဒါတွေကနေ တဆင့် မျိုးချစ်စိတ်၊ နိုင်ငံချစ်စိတ်ဆိုတာတွေ ဖြစ်ပေါ်လာကြရတာပါ။ ဆိုလိုတာက ဒေသတွေနဲ့ တွဲစပ်နေတဲ့ ပုံရိပ်တွေတိုင်းမှာ မျိုးချစ်စိတ်ကို ဖြစ်ပေါ်စေမယ့် အခြေခံသတ္တိတွေ ကိန်းအောင်းနေတယ်ဆိုတာ ပြည်သူတွေတင်မကပါဘူး၊ တိုင်းပြည်အုပ်ချုပ်သူတွေပါ ဒီတန်ဖိုးကို ထည့်တွက်စဉ်းစား နားလည်ထားသင့်ပါတယ်။
လက်ပံတောင်းတောင်ကြီးမှာ လူအများ ပြောနေကြတဲ့ တန်ဖိုးတွေအပြင် ဒေသခံတွေရဲ့ စိတ်ကို ပြင်နိုင်တဲ့၊ မျိုးချစ်စိတ် ရှင်သန်လာစေမယ့် ပုံရိပ် သတ္တိတွေကိန်းအောင်း နေတယ်ဆိုတာ ထည့်တွက်စဉ်းစားသင့်ပါတယ်။ လူ့သမိုင်းစဉ် တစ်လျှောက်လုံးမှာ ဒီဒေသမှာ လူရယ်လို့ ဖြစ်တည်လာခဲ့တဲ့ မရေမတွက်နိုင်သော လူတွေအတွက် ဒီတန်ဖိုးတွေဟာ အစားထိုးလို့ ပြန်လည်အစားထိုးလို့ မရနိုင်သလို၊ ပြုလုပ်ဖန်တီးယူလို့လည်း မရနိုင်ပါဘူး။ လူတစ်စု၊ တစ်ဖွဲ့ရဲ့စီးပွားရေးအတွက်တင်မဟုတ်ပါဘူး တိုင်းပြည်ကြီး ဖွတ်မွဲပြာကျ ဖြစ်နေရင်တောင်မှ ဒီလို ပုံရိပ်တွေနဲ့ မစတေး သင့်ပါဘူး။ အသုံးချတတ်ရင် ဒီလိုပုံရိပ်တွေကနေတဆင့် မျိုးဆက်ပေါင်း များစွာအတွက် တိုင်းပြည် ရေရှည် ၀င်ငွေရအောင် လုပ်ယူလို့ရပါတယ်။ တောကြီးမျက်မဲထဲက လူမသိ၊ သူမသိအရာတွေမှာ ဒီတန်ဖိုးတွေ လျှော့နည်းကောင်း နည်းနေနိုင်ပေမယ့်၊ လူ့အသိုင်းအ၀ိုင်း နေမြေတွေနဲ့ ထိစပ်နေတဲ့ ဒီလိုအရာတွေမှာ sentimental value တွေ အပြည့်အ၀ ပါဝင်နေတယ်ဆိုတာ အုပ်ချုပ်သူတွေ မြင်တတ်၊ ကြည့်တတ်ဖို့ လိုပါတယ်။ ဖျက်စီးလိုက်မှ ပိုက်ဆံရမယ်ဆိုတဲ့ အသိဥာဏ်၊ အတွေးအခေါ်မျိုးဟာ သိပ်ကိုအဆင့်အတန်းနိမ့်လွန်းပါတယ်။ နောက်မျိုးဆက်တွေအတွက် ထည့်တွက်စဉ်းစားမှုမရှိဘဲ ကိုယ်ရှင်သန်နေတဲ့ အခိုက်အတံ့ တိုတိုလေးအတွက်ပဲ ကွက်ပြီး မြင်တတ်တဲ့ အတ္တသမားသက်သက်တွေရဲ့ မိုက်မဲတဲ့ လုပ်ရပ်ကို ဆရာမောင်သာချိုရဲ့ ဟောပြောပွဲ နားထောင်ရင်း ဆက်စပ် တွေးမိတယ်။
Post a Comment