ဦးသိန်းစိန်တို့ ပြုံးပြုံးကြီး အမြတ်ထုတ် စတန့်လုပ်နေပုံများ …
ဒေါက်တာလွဏ်းဆွေ
လူထုမကြိုက်မယ့် (ဆန္ဒပြလာရင်လည်း အစိုးရကို မထိခိုက်လောက်တဲ့) အလုပ်မျိုးကို ရွေးလုပ်၊ အရိုးခံလူထုက ကန့်ကွက်ကြောင်း ဆန္ဒထုတ်ဖော်တော့ လူထုစကား နားထောင်တဲ့ အစိုးရအနေနဲ့ လူထုမကြိုက်တာ မလုပ်တော့ပါဘူးဆိုပြီး OIC ကိစ္စကို ခုတုံးလုပ်၊ တချက်ခုတ် နှစ်ချက်ပြတ် အမြတ်ထုတ်လိုက်တဲ့ ဦးသိန်းစိန်တို့ အခုလောက်ဆို ကွယ်ရာမှာ ပြုံးပြုံးကြီး လုပ်နေပြန်ဦးမှာပေါ့လေလို့ တွေးနေမိရဲ့။
တချက်ခုတ် နှစ်ချက်ပြတ်ဆိုတာက ဦးသိန်းစိန်အစိုးရအနေနဲ့ နိုင်ငံတကာအမြင်မှာ လူထုကို လွတ်လပ်စွာ ဆန္ဒထုတ်ဖော်ခွင့်ပေးထားတယ်လို့ အမြင်ရောက်စေတဲ့ အမြတ်တခုရပြီး ဆန္ဒထုတ်ဖော်တဲ့ အရိုးခံလူထုရဲ့ အမြင်မှာတော့ ဦးသိန်းစိန်အစိုးရ ငါတို့စကား နားထောင်တယ်ဆိုတဲ့ အမှတ်ပေးမှု နောက်အမြတ်တခုကို ရလိုက်တာပဲပေါ့။ ဟဲ ဟဲ … ပြောရရင် ဦးသိန်းစိန်တို့ ၂၀၁၅ အတွက်များ ကြိုမဲဆွယ်နေသလားပေါ့လေ။ အမြတ်ထုတ်ခံလိုက်ရသူတွေကတော့ အရှိန်တက်နေဆဲမို့ အခုအထိ ခံလို့ခံရမှန်း သိချင်မှ သိကြပေဦးမယ်။
သွေးအေးသွားတဲ့အခါ ပြန်စဉ်းစားကြည့်စေချင်တာက ပြည်တွင်းစစ်ရပ်စဲရေး လမ်းလျှောက်ဆန္ဒထုတ်ဖော်ပွဲ၊ လျှပ်စစ်မီးရရှိရေး ဖယောင်းတိုင်ထွန်း လမ်းလျှောက်ဆန္ဒဖော်ထုတ်ပွဲ၊ ကိုင်းတန်းဈေး ဆန္ဒဖော်ထုတ်ပွဲ၊ လက်ပံတောင်းတောင်သူတွေရဲ့ ဆန္ဒဖော်ထုတ်ပွဲတွေတုန်းကကျတော့ အစိုးရက အခုလို တရားဝင် ဆန္ဒထုတ်ဖော်ခွင့်မပြုခဲ့ဘဲ ခေါင်းဆောင်ခဲ့တဲ့ ပုဂ္ဂိုလ်တွေကို မေ့လောက်ပြီဆိုမှ ဘာလို့ တရားစွဲတာလဲ ဆိုတာကိုပါ (စေ့စေ့တွေး ရေးရေးတော့ပေါ်မှာပါလေ)။
အရင်တခါကလည်း ၀န်ကြီးများရုံးကို ဟိုတယ်လုပ်ငန်းလုပ်ကိုင်ခွင့်အတွက် ငှားရမ်းမယ်ဆိုတဲ့ အသံလွှင့်လိုက်ပြီး ပြည်သူက ဆန္ဒတောင်မထုတ်ဖော်ရသေးခင် ပြည်သူ့အသံကို နားထောင်တဲ့ အစိုးရအနေနဲ့ အဲဒီအစီအစဉ်ကို မလုပ်တော့ပါဘူးဆိုပြီး မဟောက်ခင်က ကြောက်ချင်ယောင်ဆောင်ပြတဲ့ ဇာတ်လမ်းမျိုးကို ဖန်တီးခဲ့ဖူးသေးတယ်။
ဦးသိန်းစိန်တို့ အဲဒီလို ကလေးကွက်နဲ့ အမြတ်ထုတ်နေပုံကို ကြည့်ပြီး စာရေးဆရာ မောင်သာချို ပြောပြဖူးတဲ့ သူ့မိတ်ဆွေ ကဗျာဆရာဇနီးမောင်နှံရဲ့ ဖြစ်အင်ကို သွားသတိရမိတယ်။ သူတို့ဇနီးမောင်နှံက ကိုယ့်အလုပ်ကိုယ် တက်ညီလက်ညီ လုပ်ကိုင်စားသောက်ရင်း အေးအေးလူလူ နေထိုင်ကြသတဲ့။ လင်နဲ့မယား လျှာနဲ့သွားဆိုသလို ရန်တွေဘာတွေ ဖြစ်တာမျိုးလည်း တခါမှမရှိဘူးတဲ့။ ကြာတော့ ဒါကို ယောက်ျားလုပ်တဲ့ ကဗျာဆရာက ပျင်းသလိုလို ခံစားလာရသတဲ့။
အဲဒါနဲ့ တနေ့မှာ သူ့မိန်းမကို စိတ်ဆိုးအောင် တမင်လုပ်ပြီး စိတ်ဆိုးမှ ပြန်ချော့မယ်ဆိုတဲ့ စိတ်ကူးနဲ့ အရက်လုံးဝမသောက်တတ်တဲ့ ကဗျာဆရာဟာ အပြင်ကနေ အာဆွတ်ရုံ၊ အနံ့ထွက်ရုံ အရက်နည်းနည်းလေး သောက်လာသတဲ့။ အိမ်ရောက်တာနဲ့ လွယ်အိတ်ကို ပစ်ချပြီး သူ့မိန်းမနားကို သွားကပ်ထိုင်သတဲ့။ သူ ကပ်ထိုင်ပေမယ့် မိန်းမလုပ်သူက စာဖတ်တောင်မပျက်ဘူးတဲ့။
အဲဒါနဲ့ ကဗျာဆရာက ကြံရာမရဖြစ်ပြီး “မိန်းမရေ မိန်းမ ... မင်း ဒီနေ့ ကိုယ့်ဆီက ဘာအနံ့မှ မရဘူးလားကွာ” လို့ မအောင့်နိုင်မအီးနိုင် မေးလိုက်သတဲ့။ အဲဒီအခါမှာ ကဗျာဆရာ့မိန်းမက “အရက်နံ့ ရသားပဲ၊ အဲဒါ ဘာဖြစ်လဲ” လို့ စာဖတ်မပျက် အေးတိအေးစက် ပြန်ပြောသတဲ့။
အဲဒီမှာတင် မိန်းမကို အရမ်းချော့ချင်နေတဲ့ ကဗျာဆရာက “မိန်းမရယ် ကိုယ် အရက်သောက်လာတာကို မင်းမကြိုက်ဘူးမဟုတ်လား၊ မကြိုက်ရင် နောက် ကိုယ်ဘယ်တော့မှ မသောက်တော့ပါဘူးကွာ၊ စိတ်မဆိုးပါနဲ့၊ ကိုယ်တောင်းပန်ပါတယ်။ ကိုယ့်ကို အဲသလို စကားမပြောဘဲတော့ မနေပါနဲ့” လို့ ငိုမဲ့မဲ့ မျက်နှာပေးနဲ့ မိန်းမကို ချော့ဖို့ ဖက်မယ်အလုပ်မှာ မိန်းမက သူ့ကို ကပျာကယာ တွန်းထုတ်လိုက်ပြီး “ဖယ်စမ်းပါ၊ တော် ဘာတွေ အရူးထနေတာလဲ၊ ဘာကို စိတ်ဆိုးရမှာလဲ၊ ဒီမှာ ဇာတ်လမ်းကောင်းနေရတဲ့အထဲ၊ သွား သွား ရေသွားချိုးချေ။ ပြီးရင် ထမင်းစားကြမယ်” လို့ စာဆက်ဖတ်နေရင်း ပြန်ပြောလိုက်ပုံကြောင့် ချော့ချင်လွန်းတဲ့ ကဗျာဆရာ ဘယ်လိုချော့ရမှန်း မသိတော့ဘဲ ခေါင်းလေးကုတ်ပြီးသကာလ ရေချိုးဖို့ ထွက်ခဲ့ရသတဲ့။
အခုလည်း ပြည်သူ့အသံကို နားထောင်ကြောင်း အမှတ်ယူချင်လွန်းနေတဲ့ ဦးသိန်းစိန်အစိုးရ အင်ထုနေပုံတွေက အထက်မှာ ပြောပြခဲ့တဲ့ ကဗျာဆရာ့အထာလို ရယ်စရာပါပဲ။ သူ့ဘာသာသူ အကွက်ဆင် လုပ်ဇာတ်ထွင်ပြီး “ကိုယ် နောက်မလုပ်တော့ပါဘူးကွာ” လို့ ပြည်သူကို ဇွတ်အတင်းကြီး ချော့နေသလို …။
အင်း … ကဗျာဆရာ့မိန်းမက စိတ်မဆိုးတတ်ပေမယ့် တချီချီမှာ အမှန်တကယ် ရေမရောစတမ်း စိတ်ဆိုးဒေါသထွက်နေတဲ့ ပြည်သူလူထုနဲ့ ထိပ်တိုက်တွေ့ပြီး ဦးသိန်းစိန်အစိုးရ ဖနောင့်နဲ့ တင်ပါး တသားတည်းဖြစ်အောင် ပြေးနေရမှဖြင့် စိတ်မကောင်းစရာများ ဖြစ်နေမလားပဲနော်။
အားလုံးသို့ လေးစားစွာဖြင့် …
ဒေါက်တာလွဏ်းဆွေ
နံနက် ၅း၂၁ နာရီ
၁၆-၁၀-၂၀၁၂











49 comments:
လွဏ်းဆွေ, what is your point of view on this news?
The US maintained military attachés in Myanmar – even in the years when it imposed sanctions. However, the participation of senior US military officers such as Lt Gen Francis Wiercinski, head of the US Army’s Pacific command, in this week’s visit reflects the growing view in Washington that the support of Myanmar’s military is essential to any lasting reforms, or peace agreements with ethnic minorities.
http://www.ft.com/cms/s/0/d2cfd494-1604-11e2-b6f1-00144feabdc0.html#ixzz29QDA37Qv
မောင်လွဏ်းဆွေရယ် မောင်ရင်တွေးပုံက မောင်ရင်အမေက မောင်ရင်ကို မုန့် ဖိုးပေးရင်တောင် ဒီအမေ မျက်နှာရအောင် ပေးတာ. စေတနာရှိလို့ မဟုတ်ဘူး. ပြီးတော့ ပေးဖို့ မုန့် ဖိုးနဲ့  ပေါက်ကရ ၀ယ်စားပြီး ချောင်းဆိုးအောင်လုပ်တာ လို့  တွေးသလို ဖြစ်နေပြီ။ မပေးတော့ လည်း ဒီအမေ သတ်သတ် ယုတ်တာလို့ ပြောဦးမယ်။ ငါ့လည်း သိန်းစိန်အစိုးရကို မကြိုက်ပါဘူး။ မင်းတို့ တွေးပုံက ဘာမဆို အကောင်းတခုမှကို မရှိဘူး။ ခွီးပဲ။
ညီလေးဆရာဆွေ... ညီလေးရဲ့ဆုံးဖြတ်ချက်တစ်ခုကိုတော့ ကြိုက်တယ်..
ဆေးမကု တဲ့ ဆုံးဖြတ်ချက်ကိုပါ.... ဘာဖြစ်လို့လဲဆိုတော့ ဖြစ်စဉ်တစ်ရပ်ကို ချဉ်းကပ် စဉ်းစားပုံတွေက.. သိပ်ပြီးတော့ အဆင့်အတန်းရှိရှိ ပုံစံမျိုး လုံးဝ မတွေ့ဘူး(ဆရာဆွေကိုယ်တိုင်ရေးတဲ့ ဆောင်း ပါးတွေမှာပေါ့.)စိတ်ကြိုက်ဆရာဝန်တွေနဲ့ ကုခွင့်ရနေချိန်ဆိုရင် ဆရာဆွေရဲ့ဆေးခန်း ဈေးဦးမပေါက်တဲ့ လတွေ ရှိမှာသေချာတယ်...၀ယ်ထားတဲ့ဆေးတွေလဲ ဒိတ်အောက်ကုန်မှာ အသေအချာပဲ.ပြီးတော့ လူနာအတွက်လဲ အနာဂတ်မသေချာနိုင်ဘူး.......
.. ဒါပေမဲ့.. သူများတွေရဲ့ လင့်ခ် ကိုတင်ပေးထားတာတော့ ကြိုက်ပါတယ်..
ကို လွမ်းဆွေ..
ကျွန်တော် သာ သမ္မတ ဖြစ် လို့ ပြည်သူ ကို ကိုယ့် ဘက် ပါအောင် ဆွဲ ရရင် အဲဒီ လိုလုပ်ဖြစ်မှာပဲ..အိုအိုင်စီ ကို လက်ခံတယ်..ပြည်သူတွေ ဆန္ဒပြတယ်..ဇာတ်လမ်းတစ်ခု လို ကြို စီမံထားသလားလို့ သံသယ ၀င်မိတယ်..ပြီးတော့ ပြည်သူ ကို လိုက်လျောတယ်..မြစ်ဆုံ လို ဆုံးရှုံးစရာ ရှိနေတာ ကို ရပ်တာ သံသယ ကင်းပေမယ့် အိုအိုင်စီ မှာ အစိုးရ ဘာရ ခဲ့ လဲ.. ဘာတွေ ဆုံးရှုံး မှာလဲ.
ကြုံတုန်း အချက်တစ်ခုတော့ ပြောချင်တယ်. မြန်မာစစ် တပ်မှာ မွတ်ဆလင် မရှိဘူး..သူတို့ က မ၀င်တာလား စစ်တပ် က လက်မခံတာလား ဆိုတာ မသိဘူး..ဒါပေမယ့် မြန်မာ စစ်သားတွေ မွတ်ဆလင် ဘာသာ ကို မကြိုက်တာတော့ သေချာတယ်..အမြင်တွေ ကွဲကြပေမယ့် ထောင့်စုံ ကတွေးပြီး ဝေဖန်တာ ကောင်းပါတယ်.. ဘင်္ဂလီ နဲ့ ပတ်သက်လို့ ခင်ဗျား အယူ အဆ post ကို ၉၉.၉၉ လောက် ကန့်ကွတ် ခဲ့ရတာ လည်း ရှိဘူးတယ်..မတူတာ ကို မတူဘူး ဘဲမှတ်ပါတယ်..ကိုယ် သိချင်တာ သတင်း လေ..
ဘေးထိုင်၊ ဘုပြော၊ တိုင်းပြည်အတွက်သုံးမ၇ဖြစ်နေလို့ သည်ဆိုက်ကိုဝင်မကြည့်တာကြာပြီ။ အပြောင်းအလဲလေးများ၇ှိမလားလို့ဝင်ကြည့်မိပါတယ်။ တစ်လွဲနဲ့တွေ့ပြန်ပြီ။ တာ့တာ မောင်လွဏ်းဆွေေ၇့။
Monywa ရေ စစ်တပ်က မွတ်ဆလင်တွေကို လက်မခံပါ၊ လက်မခံဘူးလို့ တော့ အတိအလင်းမပြောပေမဲ့ တခြားနည်းနဲ့ ပယ်ချလိုက်တာပါ နဂိုစစ်တပ်ထဲမှာရှိပြီးသား. မွတ်ဆလင်တွေကိုလည်း ရာထူးမတိုပေးတဲ့နည်းနဲ့ ရှင်းထုတ်ပြီးပါပြီ၊အခုချိန်မှာ စစ်တပ်ထဲမှာ မွတ်ဆလင် လုံးဝမရှိပါ။ အလားတူ ခရစ်ယာန် ဘာသာဝင်တွေကိုလည်း အဲဒီနည်းအတိုင်း ရှင်းထုတ်နေဆဲဖြစ်ပါတယ်၊ မြန်မာ့တပ်မတော်ဆိုတာ ဗုဒ်ဓဘာသာဝင်မြန်မာလူမျိုးတွေနဲ့  ဖွဲ့ စည်းထားတာပါ၊ လွန်းဆွေ မင်းက OIC ကိုကန့် ကွက်လို့ မကျေနပ်ဖြစ်နေတာလား၊ မင်းအိမ်ပေါ် ခေါ်တင်ထားပါလား၊ ငါတို့ မြန်မာနိုင်ငံနဲ့ မြန်မာလူမျိုးတွေရဲ့ အရေးကိစထဲ မင်းဝင်ပါစရာမလိုဘူး၊
He is a opposive polititician,so may be his thought are being negative.Any how we got
sources from him.How ever we get thinking sources from him.
ကိုလွဏ်းဆွေရေးတာနဲနဲစောသေးတယ်ထင်တယ်။ဦးသိန်းစိန်တို့က OIC ရုံးခွဲ ၂ ခုဖွင့်ဖို့ OIC နဲ့ နားလည်မှု့စာချုပ်လက်မှတ်ထိုးပြီးနေပြီ။ အမှန်တော့ ဘယ်သူကမှရုံးခွဲဖွင့်ခွင့် ကိုနဂိုကတည်းကသဘောမတူခဲ့ကြဘူး။ သဘောတူလိုက်ရတဲ့အကြောင်းတွေကလဲ လတ်တလော ဘင်္ဂါလီကိစ္စဖြစ်လာရတာက ကိုယ့် အစိုးရဖက်က အဖွ လွန်ပြီးဖြစ်လာရတာဆိုတော့ ပြဿနာဒီထက်ကြီးလာရင် ကိုယ့်ရှုးကိုယ်ပတ်မှာကြောက်တာလဲတကြောင်း၊ မူဆလင်နိုင်ငံတွေဖိအားကိုကြောက်တာလဲတကြောင်း၊ နဲ့ လက်ခံလိုက်ရတာပါ။ အဓိကကတော့ နောင်ဖြစ်လာနိုင်တဲ့ လူထုဆန္ဒကိုသေချာမတွက်ဆပဲ လုပ်မိလိုက်တာဘဲ။ လူမိုက်နောက်မှအကြံရဆိုသလို လူတွေဆန္ဒပြကြတာအကြောင်းပြုပြီး ကိုလွဏ်းဆွေပြောသလို တချက်ခုတ် နှစ်ချက်ပြတ်ဆိုသလို လူထုဆန္ဒအရ OIC ရုံးခွဲဖွင့်ဖို့သဘောမတူနိုင်ဘူးဆိုပြီး ကြေညာချက်ထုတ်တာပဲ။
ဒါပေမဲ့ တရားဝင် သဘောမတူကြောင်း OIC ကိုအကြောင်းမကြားရသေးပါဘူး၊ တရားဝင်အကြောင်းကြား ပြီး လို့ မူဆလင်နိုင်ငံတွေကပြင်းပြင်းထန်ထန်တုန့်ပြန်လာခဲ့ရင် ဦးသိန်းစိန်အစိုးရ ကြောက်ပြီး ရုံးဖွင့်ခွင့်ပြန်ပေးနိုင်ပါသေးတယ်။ တကယ်လို့ ဦးသိန်းစိန် က OIC နဲ့ နိုင်ငံတကာဖိအားကိုကြံ့ကြံ့ခံပြီး OIC ဆန့်ကျင်မှာသာ ပြည်တွင်းနိုင်ငံရေးအမြတ်ထွက်တယ်လို့ပြောနိုင်မယ်ထင်ပါတယ်။ စောင့်ကြည့်ဖို့တော့လိုသေးတယ်။
ကိုလွဏ်းဆွေ ဆောင်းပါး ဘယ်သူမှလည်းအကောင်း
မပြောပါလား ဘယ်ပြောမလဲ မဟုတ်တာတွေကို
အရက်ကြောင် ကြောင်ပြီးလျောက်ရေးထားတာကိုး။
ဒေါက်တာလွမ်းဆွေရေးတဲ့ဆောင်းပါးကို ဖတ်ပြီးတော့
ဝေဖန်ကြတဲ့သူတွေ သေသေချာချာစဉ်းစားသင့်တယ်
နော်..။ အလိမ်ခံခဲ့ရတာ(၆၂) ခုနှစ်ကနေ (၂၀၁၂) အထိကြာခဲ့ပါပြီ။ တာဝန်ရှိတဲ့ လူကြီးတွေ
ပြည်သူတွေကို တကယ်ချစ်ရဲ့လား။ပြည်သူတွေကို
တကယ်ကြည့်ရဲ့လား။အားကိုးပါတယ်ဆိုတဲ့ စစ်တပ်က
ပြည်သူကိုအနိုင်ကျင့်တယ်။ လက်နက်အားကိုးနဲ့
နှိပ်စက်တယ်။အခုရဲတပ်ဖွဲ့က သံယောင်လိုက်ပြီး
တော့ ပြည်သူကိုစော်ကားနေပြီလေ။ပျားရည်နဲ့
ဝမ်းချနေတာကို အခုဝေဖန်တဲ့သူတွေက အဟုတ်မှတ်နေတယ် ထင်တယ်။ကိုလွမ်းဆွေက
တော့သိနေပြီပေါ့။စောင့်ကြည့်လိုက်လေ။
မြစ်ဆုံတို့ 0IC တို့လိုကိစ္စတွေကို မလွဲမသေ
ပြန်လုပ်လိမ့်မယ်ဆိုတာ သေချာပါတယ်။
တို့မြန်မာတွေက မေတ္တာထားတတ်တယ်လေ။
ခဏလေးနဲ့မေ့သွားတတ်တယ်။ ဘယ်တော့မှ
အမှတ်မရှိဘူး။
တာတာ
Ko Lun Swe! Don't you think your article is a bit childish? It's better not to post in public as it made your image worse.We can talk such conversation in cafe' or tea shop. However on the internet you should respect to your audience.
မအေ-ိုးတွေဘယ်လောက်ဆဲဆဲစိတ်မှတ်ကိုမရှိဘူးအမှန်တရားကိုလက်မခံချင်ကြဘူး ဒီလောက်အသိညာဉ်တိမ်ကောရင်လည်းကွန်မန့် ဝင်မရေးနဲ့ ပေါ့  စစ်အုပ်စုလက်ပါးစေတွေ ဝိုင်းစုပြီးစော်ကားနေကြတယ် မင်းတို့ တွေနောက်ထပ်ဘယ်လောက်သက်တန်းရှည်မယ်ဆိုတာစောင့် ကြည့်ရအုံးမှာပေါ့ ။
I don't talk that I agree or do not agree your article. I just said about the writing style.
ခင်ဗျားလဲ ကိုယ်ပြောသလိုမဖြစ်တဲ့လူဆိုရင်ဘယ်တော့မှအကောင်း မမြင်တဲ့အကျင့်ဖြစ်နေပီ။ဒေါ်စုဆိုလဲဒေါ်စုမို့လို့။ကြံ့ဖွံ့ဆိုလဲ ကြံ့ဖွံ့။အစိုးရဆိုလဲ ထိုနည်း၎င်းဘဲ၊ ခုကိစ္စမှာ ဘယ်သူ့အကျိုးအတွက်ဆိုတာစဉ်းစားပါအုံး၊ပြည်သူတွေဆန္ဒ နဲ့ကင်းကွာတဲ့ သူဖြစ်နေပီ။ခင်ဗျားကငါစွဲသမားကြီးဖြစ်နေ ပါလား
ဆရာ
nyinyu maw ရေးတာကိုထောက်ခံပါတယ်.အမှန်
တရားလက်မခံချင်တဲ့လူတွေပြောတာကိုဂရုစိုက်မနေပဲ
ခုလိုပြည်သူတွေကိုမျက်စေ့ဖွင့်ပေးတဲ့ဆောင်းပါးတွေ
များများဆက်ရေးပါဦးအမြဲအားပေးနေပါတယ်.
သဘောမပေါက်နိုင်တဲ့လူတွေကတော့ဝင်မဖတ်
်တာကောင်းမယ်ထင်ပါတယ်.ဖတ်ပြီးသဘောမပေါက်ပဲ
ဲစော်ကားနေတော့သူတို့မှာအကုသိုလ်ဖြစ်နေ၇လို့ပါ.
ဆရာကိုယ်ရောစိတ်ပါချမ်းသာပါစေ.
ဒေါက်တာ သိပ်တတ်နေရင် ပြည်တွင်းလာပြီး ပါတီထောင်လေ ပါတီနာမည်ကို ဘေးထိုင်ဘုပြော ပါတီ လို့
Ba Kyaw
အပေါ်ကရေးထားတဲ့..မြင်းယုမော် နဲ့ တာယာ ဆိုတဲ့သူတွေ..လွဏ်းဆွေရဲ့အောက်ဆွဲတွေလား၊ဘောထိမ်းတွေလား၊သောက်ရူးကအရက်ကြောငိပြီးလျှောက်ရေးနေတာကို..အားပေးနေတယ်ပေါ့၊အဲလောက်ဆိုမင်းတို့အဆင့် သိရပြီ၊ခလေးအတွေးဘဲရှိတယ်။မင်းတို့လိုလူတွေများနေရင်တိုင်းပြည်နာတယ်၊လွဏ်းဆွေကတော့အရက်ဖိုးရရင်လျှောက်ရေးနေမှာဘဲ
နိုင်ငံရေးစိတ်ဝင်စားလို့ ၀င်လေ့လာကြည်ပါတယ်။အပြုသဘောရေးတာ တခါမှမတွေ့ဘူး။ဒီလိုတဖက်သက်အတွေးအခေါ်ပဲ ရေးပြီး ပြောရင်Dr နှင့်အရင်( နအဖ)နဲ့ဘာများကွာတော့မလဲ။Drကြောင့်မျိုးဆက်သစ်လူငယ်များအတွေးမလွဲပါစေနှင့်လို့ပြောရင်း.... ဝေယံ
ခေတ္တ.နခိုနရက်ချက်စီမြို့။Thailand.
"၁၉၄၇ ခုနှစ် မေလတွင် ကျင်းပခဲ့သော ဖဆပလ ၏ ပဏာမ ပြင်ဆင် ညီလာခံ ၌ မြန်မာနိုင်ငံ ၏ ဖွဲ့စည်းအုပ်ချုပ်ပုံ ဥပဒေ ရေးဆွဲရန် ပြုလုပ်နေသည့် အချိန်တွင် ဗုဒ္ဓဘာသာကို နိုင်ငံတော် ဘာသာ အဖြစ် အသိအမှတ်ပြုရေး ပြသာနာသည် ထိုညီလာခံ မှ စတင်ခဲ့သည်။ ဆရာတော် သံဃာတော် များက ယခုအခါ ဗုဒ္ဓဘာသာ လူမျိုးများ လွတ်လွတ်လပ်လပ် အုပ်ချုပ်ရတော့မည် ဖြစ်သည့် အတွက် ဗုဒ္ဓဘာသာကို နိုင်ငံတော် ဘာသာ အဖြစ် ကြေညာရန် စာရွက်စာတမ်း နှင့် ကိုးကားချက်များကို ရိုက်နှိပ်၍ ဂျူဗလီ ဟောတွင်ကျင်းပသည့် ပဏာမညီလာခံတွင် ဝေဌ ကြသည်။
"ထိုညီလာခံတွင် ဗိုလ်ချုပ်အောင်ဆန်း ပြောခဲ့သော မိန့်ခွန်များ နှင့် ချေပချက်များ မှာ ရိုင်းသည် ကြမ်းသည် ဟု ပြေသံ များ ရှိခဲ့သော်လည်း သူ၏ သတ္တိကို တော့ ချီးကျူးခဲ့ကြသည်။ ဗိုလ်ချုပ် က
"ခုနကပဲ နိုင်ငံတော် ရဲ့ ဘာသာဟာ ဗုဒ္ဓဘာသာ ဖြစ်သင့်တယ် ၊ ဖြစ်စေရမယ် လို့ စာရွက်တွေလာကမ်းကြတယ်။ ဒါဟာ ခြေထိုးတာ ၊ အဲဒီမှာ ဝန်ကြီးမလုပ်ရတဲ့ လူတွေ ၊ နိုင်ငံရေးအာဏာ မရတဲ့ လူတွေက ဘုန်းကြီး တွေကို ဗန်းပြပြီး လုပ်တဲ့ အလုပ်။ သမ္မတ ဟာ ဗုဒ္ဓဘာသာ ဖြစ်ရမယ်လို့ဆိုရင် မှားတယ် ။ ဒီလိုလုပ်လို့မရဘူး ။ ကျုပ်အတိအလင်း ဗေဒင်ဟော ချင်တယ် ။ အဲဒီ လူတွေ တခုခု ဖန်တီးကြလိမ့်မယ်။ အဲဒါ မှားတယ်။ မကောင်းဘူး ။ တသီးပုဂ္ဂလ ယုံကြည်ယူဆထားတာတွေကိုတော့ အလျှော့ မပေးနိုင်ဘူး။ အသက် နဲ့ လဲပြီးတိုက်မယ်" ဟု ပြောသည့် အပြင် ညီလာခံ တွင် ဘာသာရေး ကိုင်းရှိုင်းသည့် ဒီးဒုတ် ဦးဘချို က လွတ်လပ်ရေးရသည့် အခါ၌ ဗုဒ္ဓဘာသာကို နိုင်ငံတော် ဘာသာအဖြစ် ပြဋ္ဌာန်းရန်သင့်ကြောင်း အဆိုတင်သွင်းသည့် အခါ ဗိုလ်ချုပ်အောင်ဆန်း က ဒေါကြီး မောကြီး နှင့်....
"သည်မှာဆရာ ၊ ကျနော်တို့က လူကြိုက်အောင် လုပ်နေတာ မဟုတ်ဘူး ။ သည်လို မဟုတ်မဟတ် ကိုယ်ထင်ရာတွေ လျှောက်လုပ် နေကြမယ် ဆိုရင်တော့ ကျနော် တို့ တိုင်းပြည်ဟာ မကြာခင် ပြိုကွဲ ပျက်စီးသွား မှာ ပဲ ၊ ကျနော်တို့ တိုင်းပြည် မှာ အလောင်းဘုရား လက်ထက် ကထဲက အစ္စလာမ် ဘာသာဝင် မူဆလင် တွေရှိတယ်။ ဘုရင်ဂျီတွေ ရှိတယ်။ အစတုန်း က ရှိလာ တဲ့ နတ်ကိုးကွယ်တဲ့ တောင်တန်းသားတွေရှိတယ်။ အချို့ အင်္ဂလိပ် လက်အောက်မှာနေပြီး ခရစ်ယာန် တွေ ဖြစ်လာလို့ အရိုးစွဲလာ ကြတဲ့ လူတွေရှိတယ်။ သူတို့တတွေ အားလုံးဟာ နိုင်ငံသားတွေ ဖြစ်တယ် ။ တိုင်းပြည်ကို ကျွန်တွင်းက လွတ်အောင် တိုက်ထုတ်ကြတုန်း က ကျနော်တို့ချည်း မဟုတ်ဘူး။ သူတို့တွေလည်းပါကြတယ်။ အခု ကျွန်တွင်းကလွတ်မယ် မကြံသေးဘူး ။ သူတို့တတွေ အပေါ်မှာ အနိုင် ကျင့်ပြီး ငါတို့လူများစု ရဲ့ ဘာသာ ကို နိုင်ငံတော် ဘာသာ လုပ်ရမယ်လို့ လုပ်လိုက်ရင် ကျနော်တို့ဟာ ခွေးလောက် တောင် သောက်သုံးမကျ တဲ့ အကောင်တွေဖြစ်သွားမှာပေါ့ ဆရာ။ တိုင်းပြည်ကို တိုင်းပြည်ရေးလို့ တွေးစမ်းပါ ။ ဘာသာရေးတွေ ဘာတွေ လုပ်မနေစမ်းပါ နဲ့ ။ ကျနော်တို့ဟာ တိုင်းပြည် တပြည်လုံး စည်းလုံးကြဖို့လိုတယ် ။ အခုအချိန်မှာ လိုချင်တာက ပြည်ထောင်စုထဲမှာ ရှိနေကြတဲ့ လူမျိုးအားလုံး ၊ ဘာသာ အားလုံး ၊ ဘယ်တော့မှ မပြိုကွဲ ဘဲ၊ ခွဲထွက်သွားမဲ့ လူတွေ ပေါ်မလာဘဲ နိုင်ငံရေး စိတ်ဓတ် တခု ထဲရှိအောင် သိမ်းသွင်းပြီး စည်းရုံးဖို့လိုတယ် " ဟု ပြတ်ပြတ်သားသား ပြောဆိုခဲ့ ကြောင်း သိရပါသည်။
**( မြန်မာ့နိုင်ငံရေး တတိယတွဲ စာမျက်နှာ ( ၇၈ - ၇၉ ) မှ ကိုးကားပါသည် )။***
"ကျနော့ အမြင်ကတော့ ရိုဟင်ဂျာ ကုလား ကိစ္စက လွတ်လပ်ရေးရပြီး နှောင်းပိုင်း စစ်အာဏာရှင် အဆက်ဆက် တိုင်းပြည် အပေါ် စီမံ အုပ်ချုပ် ခန့်ခွဲ ညံ့ဖျင်း ကိုယ်ကျိုးရှာ မှူ့ ကြောင့် ပေါ်ပေါက်လာရတယ်လို့ ရှင်းရှင်းလင်းလင်း မြင်သလို ..ဒီ ရိုဟင်ဂျာ ကုလား နဲ့ ဆက်နွယ်ပြီး ရှေးနှစ်ပေါင်းများစွာ ကထဲက ဆိုးတူကောင်းဖက် ဓားမဦးချ နေလာ ခဲ့တဲ့ မြန်မာပြည်တွင်း ရှိ အစ္စလာမ် ဘာသာဝင် .. ဗမာ မူဆလင် တွေ အပေါ် ခွဲခြား နှိမ့်ချ ဆက်ဆံ ရန်ပြု ကြတာတွေ တော့ မကောင်းဘူး လို့ ရိုးရိုး မြင်မိတယ်။
***အားလုံးကို လေးစားလျှက်***
ဆရာလွန်းဆွေခင်ဗျား...ပြည်တော်ပြန်ရှေ့နေ
ကိုစောကျော်ကျော်မင်းတစ်ယောက်အင်းစိန်ထောင်မှာ
ထောင်နန်းစံနေရတာကိုသိလိုက်တော့ဒီသိန်းစိန်ဆိုတဲ့
ကောင် ချီးငုံပြီးပြောတောင်ကျွန်တော်တော့မယုံ...။
ဟိုတရားဥပဒေစိုးမိုးရေးနှင့်တည်ငြိမ်ရေးကခေါင်းဆောင်
ဘွားတော်လဲ ဒါမျိုးဖြစ်လာရင်တော့ ယုံကလေးနှာစေး
တော့တာပါပဲ။ဒါလား ဒီမိုကရေစီအသွင်ကူးပြောင်းရေး။
ကိုကျော်ကျော်မင်းဖြစ်ရပ်လေးကို ကိုကားပြီးဆောင်းပါး
လေးရေးပြီး နလဘိန်းတုန်းတွေကိုအမြင်ဖွင့်ပေးပါအုံးလို့
လေးစားစွာတောင်းဆိုပါရစေ...။
ဖြစ်နေလိုက်ကျတာကွာ ကိုလွဏ်းဆွေကို တွေ့ရာမြင်ရာပြောတဲ့ ကိစ္စကို ။ ကိုလွဏ်းဆွေ အဆိုးမြင်တာက ခပ်နဲနဲ သူတို့ ဖြစ်နေတာက အခုပဲသေတော့မလိုလို ဒီစာကိုရေးရကောင်းလားဟဲ့ ဆိုပြီး အရှေ့များရှိနေရင် ခေါင်းဖြစ်သတ်ကျမလားမသိဘူး။ စောက်တလွဲ ဦးဏှောက်နဲ့မစဉ်းစားတဲ့ လူတွေ ။ကိုလွဏ်းဆွေပြောတာ ဟုတ်လားမဟုတ်လားဆိုတာ မင်းတို့ မြင်နေတာပဲ မဟုတ်ဘူးလာ တို့ဗမာများ တော်တော်သောက်သုံးမကျတာ လဲ ပြောမနေပါနဲ့။ ဗမာများပြောလိုက်ရင် လူသာအသေခံမယ် လေတော့ အသေမခံဘူးဆိုတဲ့ အမျိုးလိုဖြစ်နေပြီ။ ဒါမှားနေတယ် ဆိုတာကြီးကိုလဲ သိရက်နဲ့ လက်မခံနိုင်ဘူး ၊လက်ရှိဖြစ်နေတာကြီးကို အမှန်တိုင်းဖြစ်နေတာကို ဗမာဆိုတဲ့ အမျိုးက ဘယ်တော့မှ လွဲလွဲနဲ့ လက်ခံပေးတတ်တဲ့ စိတ်မရှိဘူး။ နဲနဲပြောရင်စဲဖို့ပဲ သိတယ် ရွဲ့ဖို့ပဲသိတယ် ဟုတ်တလား မဟုတ်သလားလဲ မစဉ်းစားဘူး။ မဟုတ်ရင်လဲ လက်ခံတတ်တဲ့စိတ် လက်ခံလိုစိတ်မ၇ှိဘူး ဘာကြီးမှန်းကိုမသိဘူး။ ဒါကြောင့်လဲ ဒီနိုင်ငံကြီး ဒီအဆင့်အတန်းကမတက်တာပေါ့။
ကို Andrew Soe ရေ အဲလိုစာအုပ်မျိုးဘယ်နားမှာ ရနိုင်မလဲဆိုတာ လက်တို့ပါအုံး ။ (အမှန်တကယ် သိချင်ရ်ျမေးပါသည်) ကျေးဇူးပြုရ်ျ
သူ့အမြင်ကို သူ့ဘလောက်မှာ ရေးတာပဲ။ သဘော မတူတာတွေ ပါရင်တောင် အပြစ်လို့ မမြင်သင့်ဘူးလို့ ထင်ပါတယ်။ သဘော မတူတာကို အချက်အလက်နဲ့ ပြန်လှန် ဆွေးနွေးတာမျိုး မလုပ်ဘဲ ပုပ်ခပ်ဆဲဆို နေတာမျိုးကတော့ အပြုသဘော မဆောင်ပါဘူး။ မဖတ်ဘဲ နေလို့လည်း ရတာပဲ မဟုတ်လား။
ကြံ့ခိုင်ရေးဗဟိုညီလာခံကဦးသိန်းစိန်ကိုဥက္ကဌပြန်ရွေးလိုက်တယ်။ဖွဲ့စည်းပုံအခြေခံဥပဒေအပိုဒ် ၆၄ ကိုသမ္မတကိုယ်တိုင်ဖေါက်ဖျက်ကျူးလွန်ခြင်းပါပဲ။အပိုဒ်၆၅အရဆိုရင်လဲဦးသိန်စိန်နဲ့အစိုးရအဖွဲ့ဝင်တွေအားလုံးကျမ်းစူးကြတော့မှာ။
စစ်အစိုးရလက်ထက်မှားခဲ့တာကိုဝန်မခံတဲ့အတွက်ကြံ့ဖဝတ်အားလုံးကိုမယုံကြပါနဲ့။
တွေးတာကိုနဲနဲလောက်ထပ်ပြီးတိုးတွေးလိုက်ပါ။drလွဏ်းဆွေမှန်ပါတယ်။
There should be so many people like Dr. Lwan Sway in Burma. I agree with Dr. Lwan Sway. There is no prove (even a little) that our government love our country so far. They just love themselves. Thank you Dr. Lwan Sway for your writing about the country because all is true. The truth will set us free.
ဘေးထိုင်၊ ဘုပြော၊ တိုင်းပြည်အတွက်သုံးမ၇
Lun Swe,
You should have read this before you wrote the article
http://www.myanmarnewshub.com/?p=42838
oic ကိစ္စ ပြည်သူ့ အသံ အစိုးရနားထောင်ပေးတယ် လက်ခုပ်တီးပေးကြပါ ။ ။ကြေးနီတောင်ကိစ္စ ပြည်သူ့ အသံ အစိုးရ ထောင်တံခါးဖွင့်ထားတယ် လက်ခုပ်တီးပေးကြပါ။ ငါ့ အရှိန်အဝါ ငါ့ အာဏာ ငါ့ ရဲ့ လူ နဲနဲမှလာမထိနဲ့  ငြိသွားမယ် ..(2008)အခြေခံဥပဒေ တဲ့ကွ .........
အရေထူတွေ အရေထူတွေ နည်းနည်းလေးမှကို အလှည့်မခံဘူး
"အော် ဟုတ်ကဲ့ပါ.. အကို လား.. အမ လားတော့ မသိပါ ..ကျနော့ထံ မှာ တော့ "မြန်မာ့နိုင်ငံရေး (ပ၊ဒု၊တ)" ကို ရန်ကုန် က ပြန်မှာထားတာ ရှိသလို ဦးတင်မောင်ဝင်း ( ခေတ်ပြိုင် တည်ထောင်သူ ) ရေးသည့် "နိုင်ငံရေးသမား နှင့် နိုင်ငံရေး" စာအုပ် ၏ စာမျက်နှာ (၁၀၆ နှင့် ၁၀၇ ) မှာလည်း ကျနော် တင်ပြသော အကြောင်းအရာ ကို ကိုးကားထားပါတယ်။ အွန်လိုင်း မှာ ဒီစာအုပ်မျိုးတွေ ရှိမရှိ မသေချာ ပေမဲ့ လိုချင်ယင် ရှာဖွေနိုင်အောင် သိရှိသော လင့် (Link ) တချို့ ရှာဖွေပေးလိုက်ပါသည်။ ကျေးဇူးတင်လျှက်။"
"( http://myanmarinsingapore.com/ ၊ http://bamakyel.wordpress.com/ ၊ http://zayya.wordpress.com/library/ )။"
ကောမစ်တွေဖတ်ရတာ တော်တော်ကောင်းပါတယ်။
ဗိုလ်ချုပ် စောစီးစွာ သေဆုံးရခြင်း အကြောင်းအရင်းဟာ ဒီကိစ္စတွေနဲ့လဲ ပတ်သက်တယ်လို့ စကားအရသာ ဗဟုသုတ ကြားဖူးထားတာပဲရှိပါတယ်။ အခုလို ဘယ်စာအုပ်မျိုးမှာဖြင့် အသိအလင်း သမိုင်းရေးထိုးထားသည်ကို တော့ အခုမှပဲ တွေ့ဖူးလို့ပါ။ ကျေးဇူးအထူးတင်ပါတယ် ကို Andrew Soe ရေ ။ ကျနော်ရှာကြည့်လိုက်ပမယ်။မြန်မာနိုင်ငံကြီး ငြိမ်းချမ်းလို့ အမှန်တရား ကိုသာ မြတ်နိုး ရှေ့တန်းတင်သော နိင်ငံကြီးဖြစ်လာပါစေလို့ ဆုတောင်းမိပါတယ်။
congratulations to your kudos.
Not a lot of journalists are brave enough to write like this article.
Whoever criticize Dr Lun Swe should know themselves, If General Aung San still alive, he will spit on your face for being too dumb after 50 years of military rules.
To Dr Lun Swe,
You should know that there are people who are paid to post the comments in favour of the present government and against you. We know it.
I want to ask the guy who commented that Burma Army does not like muslims, that 'if he knows the muslims are lead defense forces of the Burmese Royal Kindom of Konbaung Dynasty?
major Ba Shin was the prominent Historian and pioneer member of Military Traning School.
This is a small part of history. The guy from Mon Ywar, "Do you know the frist name of Chin Dwin river?
Maun or Thit Htoo lwin is another foolish guy. Ko Lun Shw , do n't care him
Dr Lun Shw is prominent compared to these commentators/bloggers who have blog which are basically empty or useless.
All viewers can rely on Dr Lun She's blog which has varieties of news and information.
Who can deny it?
To Khi OO,
How come your blog is empty?
Why you show your fist from your sister's hta-mee?
Dr Lun Swe is right. He can see and interpret the situation and the strategy of present government who released Gen Khin Nyunt who travelled to Rakhine province before all these atrocities and racial riot flare up.
Watch Gen Khin Nyunt and what are his activities which will lead Burma to disaster same as he and Na-Wa-ta did in the past.
To Andrew Soe,
Thank you very much for sharing this information.
To all Burmese boys and Girls,
Be smart. Be alert. Do nor be fooled by Blind nationalists like Ko Ko Gyi and the liars.
Do not think about fighting minorities. Be kind and help them. They will reciprocate your actions.
best regards.
Moe Aung
To Those who do not know Burmese History.
1) U Pane bridge was donated by Chinese Muslim U Peng or U pane.
2) many muslim Commanders are responsible leaders/commanders(Bo Hmu's) in Burma Royal Artillery Forces of Kon-Bong Dynasties since Bo-daw U waing till King Si-baw (Thi-baw) era.
မင်းဆိုက်မှာမင်းကြိုက်တာတင် အဲဒါမင်းအပိုင်း မင်းကြိုက်သည်ဖြစ်စေ မကြိုက်သည်ဖြစ်စေ မင်းနိုင်ငံ သမ္မတကိုတော့ နာမည်တိုက်ရိုက်မသုံးနဲ့ကွာ မင်းမဘာကောင်လဲငါစိတ်မ၀င်စားဘူးမင်းသမ္မတဖြစ်ရင်လည်း မင်းကြိုက်မှာမဟုတ်ဘူး အဲလိုခေါ်တာ
သိပ်ထောက်ခံတာပေါ.။ဦးသိန်းစိန်မရိုးသားဘူး။နံမည်ကောင်းလိုချင်တယ်။မစိုးရအဖွဲ.ထဲမုာအသုံးမကြတဲ.လူတွေအများကြီး။မဖြုတ်ဘူး။သိပ်မပြောချင်တော.ဘူး။ဒေါသတွက်တယ်။
One accord with Andrew Soe's 0pinion.
Andrew soe'သူငယ်ချင်း အတွေးအခေါ် အရေးအသားကို သဘောကျတယ်။
ဒါဖြစ်သင့်တဲ့ ကိစ္စပါ။
တို့ဗိုလ်ချုပ် မိန့်ခွန်တွေ့' ပြောကြာချက်တွေဟာ ထောက်ပြစရာ'အပြစ်ပြောစရာတစ်ကွက်မှ မရှိခဲ့ဘူး။
ကိုယ်တော်ချောရေ မောင်ရင်လေးလည်းဆိဒ်ထောင်ပြီးရေးကြည့်ပါအး faceborkမှာရေးထားတာရှိရင်လညငးလိပ်စာပြောပါအုံးဝင်ကြည့်ပြီးပညာယူရအောင်မောင်ရင့်အပြောနဲ့တင်DRဆွေထက်သာမယ်ထင်ပါတယ် ကိုဘကျော်
drလွဏ်းဆွေပြောတာတွေကအမှန်တွေပဲကွ၊ထမင်းစားနေတဲ့သူတွေအကုန်သိကြပါတယ်၊ဦးသိန်းစိန်လည်းဒီပုတ်ထဲကပဲဒီပဲပါပဲကွ၊လျှာမှာအရိုးမရှိဘူးလေကွာ။
ဗမာတွေက အဆဲဘဲသန်နေကြတယ်။ အရာရာကိုအကောင်းမြင်တတ်ရင် ကျွန်တော်တို့နိုင်ငံတိုးတက်မှာဘဲ အရာရာအကောင်းမမြင်တတ်ရင်တောင် အလယ်အလတ်လောက်တော့ မြင်တတ်မှပေါ့
Post a Comment