Thursday, October 4, 2012

ဆင်ခြင်မိသော စကားပုံနှင့် ခေါင်းဆောင်မှုကို မေးခွန်းထုတ်ခြင်း ကာတွန်း

“ကုန်ရှုံးလျှင် တစ်ခေါက်၊ လင်ကုန်ရှုံးလျှင် တစ်သက်လုံးမှောက်၊ ဆရာရှုံးလျှင် တစ်သံသရာလုံးမှောက်”

ကုန်သွယ်သူသည် ကုန်စည်အမျိုးအစားနှင့် ပေါက်ဈေးအတွက် အချက်မှားလျှင် ဖြစ်စေ၊ အခြေအနေအရ စရိတ်ပိုမို ကုန်ကျခြင်း၊ ဈေးကျခြင်း၊ ကုန်စည်ပျက်စီးခြင်း စသည်တို့ကြောင့်ဖြစ်စေ အရှုံးပေါ်လျှင် တစ်ခေါက်အတွက်သာ ရှုံးပေမည်။ နောက်တစ်ခေါက်တွင် မြတ်ကောင်း မြတ်နိုင်စရာရှိသည်။

အိမ်ထောင်ပြုရာတွင် ကောင်းမွန်စွာ အသက်မွေးဝမ်းကျောင်းပြု၍ လုပ်ကိုင်ကျွေးမွေးသော အိမ်ရှင်လင်ယောက်ျားမျိုးကို မရဘဲ အလုပ်အကိုင် မလုပ်ချင် ပျင်းရိညံ့ဖျင်းရုံသာမက မကောင်းမှုများဖြင့် သုံးဖြုန်းကာ နှိပ်စက်ရိုက်နှက်တတ်သော လင်ဆိုးနှင့်ကြုံရမည် ဆိုလျှင်မူကား တစ်သက်တာလုံးအတွက် မှောက်မှားခြင်းဖြစ်၍ ပြုပြင်ရန် ခက်ခဲစေတော့သည်။

ထိုမှတစ်ပါး တရားစစ်တရားမှန်ကို ညွှန်ပြနိုင်မည် အထင်ဖြင့် ဆရာအမှတ်ပြုကာ ဆည်းကပ်နည်းခံရာတွင် ဆရာကောင်း ဆရာမြတ်မဟုတ်ဘဲ တရားစစ် တရားမှန် မသိဘဲ အကျင့်အယူ မှားယွင်းစွာ ဟောပြောညွှန်ပြခြင်းခံရပါမူ သံသရာမှ ထွက်မြောက်နိုင်ခြင်းမရှိဘဲ သံသရာဘ၀ ရှည်လျား သံသရာဘ၀အဆက်ဆက် မှောက်မှားစရာသာ ဖြစ်ချေမည်ဟုဆိုလိုသည်။

မှားယွင်းနစ်နာမှုသည် အကြောင်းကိစ္စလိုက်၍ ဆုံးရှုံးမှုသေးငယ်သောအရာလည်း ရှိသည်။ ကြီးမားသောအရာလည်း ရှိသည်။ အနည်းအပါး ဆုံးရှုံးမှုမှာ မထောင်းသာသော်လည်း ကြီးမားသော ဘ၀တစ်လျှောက်လုံးအတွက် ထိခိုက်နိုင်သဖြင့် ဆုံးရှုံးရမည့် အကျိုးအပြစ် ပမာဏကို ချင့်ချိန်တွက်ဆ၍ ဆုံးရှုံးနစ်နာမှုမရှိအောင် သတိချပ်ကြစေရန် ပုံခိုင်းသုံးနှုန်းသည်။ (မြန်မာစကားပုံများ ၀က်ဘ်ဆိုက်မှ ...)

အထက်ပါ စကားပုံအရဆိုလျှင် “ခေါင်းဆောင်ရှုံးလျှင် တစ်ပြည်လုံးမှောက်” ဟု ဆက်တွေးစရာရှိပေသည်။ ထို့ကြောင့် ...

“တစ်ပြည်လုံးမမှောက်ဖို့အရေး ... ခေါင်းဆောင်ကို ၀ိုင်းဝန်းတည့်မတ်ပေး” ဟု ဖြည့်စွက်ချင်မိပေသည်။

“ခေါင်းဆောင်မှုကို မေးခွန်းထုတ်ခြင်း” (ကာတွန်း)

(politicalhumor ၀က်ဘ်ဆိုက်မှ ကာတွန်းတကွက်ကို ပြုပြင်ထားခြင်းဖြစ်ပါသည်။)

12 comments:

Bran s said...

ခေါင်းဆောင်သူခေါင်းရှောင်

Bran s said...

ဒီကာတွန်းထဲခေါင်းဆောင်ကရှေ့မှာလားနောက်မှာလား
သိပါရစေ

Unknown said...

အော် သမတကြီး သမတကြီး။
ဘီဘီစီ ကြမ်းကြမ်းပြောကြမယ် အင်တာဗျူး အစီအစဉ်နဲ့တွေ့မှ ကွဲတော့တာပဲ။
စကားကို ဝေ့လည်ကြောင်ပတ်နဲ့၊ ပြည်သူဆန္ဒ ပြည်သူဆန္ဒ နဲ့ လုံးထွေးဖြေသွားလိုက်တာ တိုင်းပြည်တစ်ပြည်ရဲ့ခေါင်းဆောင်တဲ့လား။
ဘယ်အရာမဆို မစစ်မမှန်ဘူးဆိုရင် အစမ်းမခံပါလား။

dddoe said...

ခေါင်းဆောင်တဲ့ ဘယ်သူကပြောတာလဲ ခေါင်းဆောင် ... ဟိုဘက်ကိုငှဲ့  ဒီဘက်ကိုငှဲ့  ဝေ့ လည်ကြောင်ပတ် ရေရာပြတ်သားတဲ့  စကားတခွန်းမှ မဟ၇ဲဘူး ဒါလားခေါင်းဆောင် ထွီ .လေယူရာတိမ်းပြီး လိုက်ယိမ်းနေတယ် .......

ညီသန့်ရှင်း said...


ကြည့်ပါအုံး ငသိန်းကိန်တို့ ဖြေသွားတဲ့ အဖြေတွေများ တိကျပြတ်သားလိုက်တာမှ မေးတာကတခြားဖြေတာက တခြားနဲ့ ဖြေသွားတာတွေက ဘာမှလဲမဆိုင်ဘူး။ တဖြည်းဖြည်းနဲ့တော့ ဒီကောင်တွေ ရုပ်လုံးကပေါ်လာပါပြီး၊ တဖြည်းဖြည်းပေါ်လာတာကြီးကို မစောင့်ပဲ အဲဒီ ဒီမိုကရေစီမင်းသားခေါင်းတွေကို ဆွဲချွတ်ပြစ် ဖို့ပြည်သူများစဉ်းစားဖို့ အချိန်တန်ပြီ ထင်တယ်နော်။

ma har said...

ကိုယ့်လူတို့ ခင်ဗျားတို့ပြောထားလိုက်တွေကို ကျုပ်မညင်းလိုပါဘူး ။ ဒါပေမဲ့ ရဲဘော်တို့ဆွေးနွေးချက်တွေက အလုပ်သဘောကိုမတွေ့ရဘူး။ ဝေဖန်နေမဲ့အစား အလုပ်သဘောလေးကို ဆွေးနွေးပါလား မှတ်သားရဒါပေါ့ ။ ကျုပ်တခုတော့ပြောလိုက်မယ် ။ ဒေါက်ချာ လွမ်းဆွေး ဘလော့ကိုဝင်ပြီးလည်မယ်ဆိုရင် ကိုယ်လည်းသူ့လို မူးတတ်တယ် သတိတော့ထားပါ ။ အရူးကူးတတ်တယ်နော်

yoo said...

တောင်တောင်အီအီ တွေးကာတောကာ
(တစ်ပြည်လုံးမှောက်နေပါပြီ)..ဟု
ကြွေးကြော်ခြင်းမက တစ်သွင်သွင်
အဆက်မပြတ် အော်ဟစ် မြည်တွန် နေရရှာသော
ဒေါက်တာလွှတ်ဆွ၏
(“(တစ်ပြည်လုံးမမှောက်ဖို့အရေး) ...
ခေါင်းဆောင်ကို ၀ိုင်းဝန်းတည့်မတ်ပေး” )
ဟူသောမှတ်စုကို ဖတ်ရသည့် ကျွန်ုပ်မှာ...
ဘာ ဘာ ဘာမှ နားမလည်တော့ခြင်းများ
ကျွန်ုပ်၏ ရှိရင်းစွဲ ပျက်စီးနေသည့်
ဦးနှောက် အခန်းများထဲဝယ်
ဖြစ်တည်မှုများ ရှိခြင်းမက
တည်ရှိလာရလေတော့၏။

Anonymous said...

သိကြားမင်းကြီးကျွဲယောင်ဆောင်တာတောင် ဂျိုကားတယ်လို့ ကဲ့ရဲ့ချင်နေကြသူများကို လူမိုက်တရာကဲ့ရဲ့ပေမယ့် လူတော်တယောက်ချီးကျူးတာက တန်ဖိုးပိုရှိတယ်ဆိုတဲ့အကြောင်း သိစေချင်လို့ ဒီဆောင်းပါးကို ဘာသာပြန်ပါတယ်။ မကျွမ်းကျင်မှုကြောင့်
ချွတ်ယွင်းချက်များရှိနေတာကို ကြိုတင်တောင်းပန်လိုပါတယ်။
(စာရေးသူ သောမတ်စ်ဖရိမန်းတစ်ရာနှင့် တယောက် http://8888linker.blogspot.com/2012/10/blog-post_5045.html

redflag said...

ခေါင်းဆောင်ဆိုတာ ခေါင်းရှောင်တတ်ရတယ်။
လက်အောက်ငယ်သား အချင်းချင်းကိုလည်း မသိမသာ ရန်တိုက်ပေးတတ်ရမယ်။ တစ်ခုခုဖြစ်ရင် ခံသာအောင်လို့  ကိုယ့်ရှေမှာ တစ်ယောက်ယောက်ကို ခံထားတတ်ရမယ်။ လူမြင်ကွင်းမှာ ဘာသာရေးသမားလို့  ထင်မြင်အောင် နေတတ်ရမယ်။မသိသလို ဘဘာလိုလိုနဲ့  ရူးချင်ယောင်လည်း ဆောင်တတ်ရမယ်။ ။

redflag said...

ခေါင်းဆောင်ဆိုတာ ခေါင်းရှောင်တတ်ရမယ်။ လက်အောက်ငယ်သား အချင်းချင်းကိုလည်း ရန်တိုက် ပေးတတ်ရမယ်။ တစ်ခုခုဖြစ်လာရင် ထိုးကျွေးနိုင်အောင် ကိုယ့်ရှေ့မှာ ခပ်တုံးတုံး တစ်ယောက်ကို ထားတတ်ရမယ်။ ဘာသာရေးသမားယောင်ယောင် နေတတ်ရမယ်။ မသိသလို ဘာလိုလိုနဲ့  ရူးချင်ယောင်လည်း ဆောင်တတ်ရမယ်။ ။

Uncle Chan's အမလ said...


သိန်းစိန်ဆိုတာ ထိုးကျွေးခံထားရတဲ့ ခေါင်းဆောင်လား။ အဲလောက်လဲမပြောပါနဲ့ တခြား စစ်ဗိုလ်ချုပ်တွေ အမေရိကသွားပြီး သူ့လောက်မျက်နာပြောင်တိုက်ရဲတဲ့ သတ္တိတောင်မရှိကျဘူးမဟုတ်လား။

redflag said...

အရင်တုန်းကတော့မသိဘူး။ ခုခောတ်ကခေါင်းဆောင်တွေကတော့ ရပေါက်ရလမ်းကို အရင်လိုက်ကြည့်တယ်။ ပြီးတော့ မရမက ညှစ်ယူတော့ တာဘဲ။