ရဲဘော်သုံးကျိပ်ဝင် ဗိုလ်ချုပ်ကျော်ဇောဟာ အောက်တိုဘာ ၁၀ ရက် မနက်ပိုင်းက တရုတ်နိုင်ငံက ကူမင်းဆေးရုံမှာ ကွယ်လွန်သွားခဲ့ပါတယ်။ ဗိုလ်ချုပ်ကျော်ဇောဟာ ဗမာ့တပ်မတော်က တပ်မှူးကြီးဟောင်းတဦးဖြစ်ပြီး ကွန်မြူနစ်ပါတီခေါင်းဆောင် ဖြစ်လာခဲ့တာ ဖြစ်တဲ့အတွက် တပ်မတော်အတွက် ဘယ်လောက်တောင် ဂယက်ထခဲ့ပါသလဲ၊ အရုပ်ဆိုးစေတဲ့ ကိစ္စကြီးပါလား။ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဟောင်းတဦးဖြစ်တဲ့ ဗိုလ်ချုပ်ကြီးဟောင်း ဦးတင်ဦးကို ဒေါ်ရီရီအောင်က မေးမြန်းထားပါတယ်။ ရဲဘော်သုံးကျိပ်ဝင် ဗိုလ်ချုပ်ကျော်ဇောဟာ အောက်တိုဘာ ၁၀ ရက် မနက်ပိုင်းက အသက် ၉၃ နှစ် အရွယ်မှာ ကွယ်လွန်သွားခဲ့ပါတယ်။ ဗိုလ်ချုပ်ကျော်ဇောဟာ ဘယ်လိုလူ၊ ဘယ်လိုခေါင်းဆောင်မျိုးလဲ။ ဗမာပြည်ကွန်မြူနစ်ပါတီက ရဲဘော်ဖိုးသံချောင်းကတော့ ဗိုလ်ချုပ်ကျော်ဇောအကြောင်းကို အခုလို ဘီဘီစီကို ပြောထားပါတယ်။
Thursday, October 11, 2012
Subscribe to:
Post Comments (Atom)










No comments:
Post a Comment