ကီးဘုတ်တော်လှန်ရေးသမား၊ ဖာသည်နဲ့ ဒီမိုကရေစီပွဲကြည့်ပရိသတ်များ
ဒေါက်တာလွဏ်းဆွေ
ဒေါ်အောင်ဆန်းစုကြည် နိုင်ငံရေးဂငယ်ကွေ့ ကွေ့ပြီးနောက်ပိုင်း အရင်က ဒေါ်အောင်ဆန်းစုကြည်နောက်မှာ တစုတစည်းတည်း ရပ်တည်ညီညွတ်ခဲ့ကြတဲ့ မြန်မာ့ဒီမိုကရေစီရေး တိုက်ပွဲဝင်အင်အားစုတွေအတွင်းမှာ အုပ်စုနှစ်စု သိသိသာသာ ကွဲထွက်သွားတယ်။ အထူးသဖြင့် အခုနောက်ပိုင်း အင်တာနက်စာမျက်နှာတွေပေါ်မှာ ပိုသိသာလာတယ်။
ပထမအုပ်စုက လူတွေက ကိုယ့်ခေါင်းဆောင်ရဲ့ နိုင်ငံရေးစွမ်းဆောင်ရည် ပိုကောင်းသထက်ကောင်းအောင်၊ အပြစ်အနာအဆာ ကင်းသထက်ကင်းအောင်၊ စစ်အုပ်စုကြောင်ဖားကြီးတွေရဲ့ မာယာပရိယာယ်နဲ့ လှည့်ဖြားမှုတွေအောက်မှာ ကိုယ့်ခေါင်းဆောင် ပြားပြားမှောက်မသွားရလေအောင်၊ မြန်မာ့ဒီမိုကရေစီရေး ရေတိမ်မနစ်ရလေအောင် … ဆိုတဲ့ စိတ်စေတနာတွေနဲ့ သူတို့ မြင်တာကို မြင်တဲ့အတိုင်း၊ သူတို့ စိုးရိမ်တာကို စိုးရိမ်မိတဲ့အတိုင်း (ပုဂ္ဂိုလ်ရေးတိုက်ခိုက်မှု မပါဘဲ) ပွင့်ပွင့်လင်းလင်း ထောက်ပြဝေဖန်ကြတယ်။ ဒါကို အမြင်မတူတဲ့၊ ကိုယ့်ခေါင်းဆောင်ကို ဝေဖန်ရမလားဆိုပြီး ကျွဲမြီးတိုတဲ့ ဒုတိယအုပ်စုက လူတွေက ‘ကီးဘုတ်တော်လှန်ရေးသမား’ တွေလို့ တံဆိပ်ကပ်ကြတယ်။ (ပုဂ္ဂိုလ်ရေးတိုက်ခိုက်မှုပါတဲ့ ဝေဖန်စာရေးသားသူ မည်သူကိုမဆို ဒီပထမအုပ်စုမှာ ထည့်သွင်းခြင်း အလျဉ်းမရှိပါ။ အများအားဖြင့် ပုဂ္ဂိုလ်ရေးတိုက်ခိုက်မှုပါတဲ့ ဝေဖန်စာတွေကို စစ်အုပ်စုဘက်တော်သားတွေကသာ ရေးတတ်ကြပါတယ်။)
ဒုတိယအုပ်စုမှာကတော့ ကိုယ့်ခေါင်းဆောင်ကို ကြည်ညိုရင်းစွဲ၊ ချစ်ခင်ရင်းစွဲ၊ လေးစားရင်းစွဲ ပုဂ္ဂိုလ်ရေးကိုးကွယ်မှုတွေနဲ့ ခေါင်းဆောင်အပေါ် ဝေဖန်သမျှကို ဆတ်ဆတ်ထိမခံဘဲ ရိုးရိုးသားသား လိုက်လံ ဖာထေးပြီး ကာကွယ်ရေးသားနေကြတဲ့ သူတွေပါသလို ခေါင်းဆောင်ဆီက အကျိုးမျှော်တာရယ်၊ ခေါင်းဆောင်နား ကပ်ခွင့်ရလေမလားဆိုတဲ့ အကြံအစည်တွေနဲ့ရယ် ခေါင်းဆောင်အပေါ် ဝေဖန်သမျှကို ဖားချင်ဇောနဲ့ ဖာထေးဖော့ဖွရေးသားပြီး အကောင်းမြင်သမားလိုလို၊ မျှတတဲ့ အမြင်ရှိတဲ့ နိုင်ငံရေးပုရောဟိတ်လိုလို၊ ရွှေပြည်အေးဆရာလိုလို ဂိုက်ဖမ်းနေတဲ့သူတွေလည်း ပါတယ်။ ဒါကို အမြင်မတူတဲ့ ပထမအုပ်စုက လူတွေက ‘ဖာသည်’ တွေလို့ ကင်ပွန်းတပ်ကြတယ်။ (မှတ်ချက် - ‘ဖာသည်’ ဆိုတာ ပြည့်တန်ဆာနဲ့ ထန်းခေါက်ဖာရောင်းသူကို ဆိုလိုခြင်း လုံးဝမဟုတ်ပါ။ ‘သည်’ ကို ‘သယ်’ လို့ အသံထွက်မဖတ်ဘဲ ‘သီ’ လို့သာ အသံထွက်ဖတ်စေလိုပါတယ်။)
ဒါပေမယ့် အများစုသော ဒီမိုကရေစီအင်အားစုကြီးကတော့ အဲဒီ ကီးဘုတ်တော်လှန်ရေးသမားလို့ တံဆိပ်ကပ်ခံကြရသူတွေနဲ့ ဖာသည်လို့ ကင်ပွန်းတပ်ခံရတဲ့သူတွေကြား ပွဲကြည့်ပရိသတ်လို ဘယ်သူတွေ မှန်မလဲလို့ ငြိမ်ကြည့်ပြီး ဖတ်ရှုတွေးတောနေကြတာကို တွေ့ရပါတယ်။
ကျနော့်အမြင်ကတော့ ကီးဘုတ်တော်လှန်ရေးသမားတွေပဲ မှန်မှန်၊ ဖာသည်တွေပဲ မှန်မှန် အားလုံးဟာ ဒေါ်အောင်ဆန်းစုကြည် ဂငယ်ကွေ့ မကွေ့ခင်က ဒေါ်အောင်ဆန်းစုကြည်နောက်မှာ တစုတစည်းတည်း ရပ်တည်ခဲ့ကြတဲ့ ဒီမိုကရေစီဘက်တော်သားတွေအချင်းချင်းမို့ ဘယ်သူ မှန်တယ်၊ ဘယ်သူ မှားတယ်ဆိုတာက အရေးမကြီးလှဘဲ မြန်မာပြည်သူတွေ စစ်အာဏာရှင်တွေလက်အောက်က စစ်စစ်မှန်မှန် လွတ်မြောက်တဲ့ ဒီမိုကရေစီစနစ်ဆီ မြန်မြန်ရောက်ရှိနိုင်ရေးသာ အဓိကဖြစ်တယ်လို့ မြင်မိကြောင်းပါခင်ဗျား။
အားလုံးသို့ လေးစားစွာဖြင့် ...
ဒေါက်တာလွဏ်းဆွေ
နံနက် ၄း၂၆ နာရီ
၂-၁၀-၂၀၁၂
14 comments:
Yes,she going (U) turn now.This is depend on
Situations I think.Don,t for get our first freedom
(1948),how her father get it.
ဒေါက်တာလွဏ်းဆွေရဲ့ တောင်တောင်အီအီများ(ကီးဘုတ်တော်လှန်ရေးသမား၊ဖာသည်......) http://8888linker.blogspot.com/2012/10/blog-post_5417.html
ဖာသည် ဆိုပြီး စကားလုံးခပ်ကြမ်းကြမ်းလေးသုံးလိုက်ရင် ပွဲများဆူမလားမှတ်တယ်။
ပရိသတ်က လှုပ်တောင်မလှုပ်တော့ဘူးဆိုတော့ကာ ဘယ်နည်းသုံးပြီးဖွရပါ့။
င့ါအကြောင်းလူတွေသိကုန်ပါပကော ။
နောက်ဆုံးတော့ ငါ့ကိုအားပေးတာ လင်္ကာဆိုတဲ့ ငတိတကောင်ပဲကျန်တော့သကိုး။
ဒီငတိကို စီဘောက်စ်မှာတော့ ဘန်းလိုက်ပြီ။
ခု ကွန်မင့်ပေးတဲ့နေရာမှာပါ စိတ်ပေါက်ပေါက်နဲ့  ဘန်းလိုက်ရ ငါ့တောင်တောင်အီအီတွေ
အားပေးတဲ့ပရိသတ် တယောက်မှမရှိနေရော့မယ်
ကိုလွဏ်းဆွေသည်သာ ဖာသည်ယောင်ယောင် အရပ်ပျက်ယောင်ယောင် ကြောင်တောင်တောင် လင်တရူးမကြီး ဖြစ်ချေပြီတကား
သတိလဲထားပါအုံး..ဦးဦးရယ်။။
လွမ်းဆွေခင်ဗျားက ခင်ဗျားကို comment ပေးထားတဲ့လူတွေကို စစ်အစိုးရလူတို့ ဒေါ်စုကိုထိရင်မခံနိုင်တဲ့သူတို့ စသဖြင့် ခေါင်းစဉ်တပ်ပြီး စွပ်စွဲနေတဲ့ လူပေါလုပ်ရပ်တွေကိုပြန်သုံးသပ်သင့်ပါပြီ ခင်ဗျား ဘလော့ထဲမှာ ခင်ဗျားရေးသမျှမှန်တယ်ထင်လို့ရေးပေမယ့် အဖျက်သဘောတွေကြီးပဲများလာနေလို့ ခင်ဗျားအခုဆိုရင် လူပေါဘ၀ကနေ လူယုတ်ဘ၀ရောက်နေပြီ
အော်... လူတွေလဲ ဒွတ်ခ... စာသေချာ မဖတ်တဲ့ လူတွေက ကွန်မန့်တော့ ပေးတတ်သားပဲ။ ဒါပေမဲ့ ကိုယ်ပေးတဲ့ ကွန်မန့်က ကိုယ့်အဆင့်အတန်းကို ဖော်ပြတယ်ဆိုတာတော့ မသိရှာဘူး... သနားစရာ... အလုပ်မရှိ အလုပ်ရှာ လိုက်ဆဲနေတဲ့ သူတွေကို အသိတရားရှိအောင် ပြောရတာတော့ ခက်သားဗျာ...
အဆင့်အတန်းရှိရှိ ပြောဆိုဝေဖန်နိုင်ကြပါစေ...
YKL
dj lwan swe
5 years
2007-2012
note- don't drink & write
ကျနော်၏ comment တွင် ဆဲဆိုသည့်စကားများ မပါ ပါ။ ကိုလွဏ်းဆွေ နားလည်သည့် ဝေါဟာရများဖြစ်၏။ ရှင်းအံ့..
ဖာသည်ယောင်ယောင် = (ဖာသည်=လွဏ်းဆွေစာရှု) (ယောင်ယောင်=မရေရာ)
အရပ်ပျက်ယောင်ယောင်= (ဖာသည်လည်းမဟုတ်/ကီးဘုတ်လည်းမဟုတ်=လွဏ်းဆွေစာရှု ) (ယောင်ယောင်=မရေရာ)
လင်တရူးမကြီး = လွဏ်းဆွေ သည် ၈၈ အရေးတော်ပုံ တည်းဟူသော လင်နှင့် တခါပေါင်းဖူးပြီး ပြည်တော်မပြန်လို့လည်း မဖြစ် ပြန်လျင်လည်း နောက်ကြောင်းမရှင်းလို့ ပြန်ပြေးရသော် ပြစရာ လင်မရှိ ဖြစ်နေတာ ကိုဆိုလိုသည်။
(မှတ်ချက်။ ။ ၈၈ အရေးတော်ပုံအား ၎င်း၏လင်နှင့် နှိုင်းလိုခြင်း မဟုတ်ပါ။ ၎င်း အတွက်သာ အဓိပ္ပါယ် ပေါ်စေလို၍ ဖြစ်သည်။ ကျနော့်စာပါ ဖာသည်၊ အရပ်ပျက်၊ လင်တရူး တို့အား မည့်သည့် မြန်မာစကားမှ အစားထိုး ရွတ်ဆိုရန် မလိုပါ။ သီးခြား နှစ်သက်ရာ ဘာသာစကားအား ပြန် ဆို၍ ရွတ်ဆိုနိုင် ပါသည်။)
သူ့ဆောင်းပါးက တခြားစကားလုံး သုံးလို့ ရသားနဲ့ ဖာသည် တောင် အသံတမျိုးထွက် ရွက်ခိုင်းပြီး တခြားသူတွေ ပုတ်ခတ်လို့ပါ။ ဘယ်သူပုတ်ခတ်မှန်းတော့ ကျနော်မသိပါ။
်ဘာတွေမှန်းမသိဘူး။ အလကား စောက်ကျိုး မရှိ တာတွေ။ တချိန်က အတိုက်အခံ တွေလဲ စောက်ပေါတွေ တော်တော် များ တယ် ဒေါ်စုမပါ ။ ကိုယ်ကအချုပ်ထဲ ရှိသေးတယ် အဲ့ဒီ စစ်ဗိုလ်ချုပ်တွေ ဘာလုပ်ပစ်ညာလုပ်ပစ် ခုံရုံးတင်ပစ်နဲ့ အသံကြောင့် ဖားသေဆိုသလို အဲ့ဒါနဲ့ အာဏာရှင်သက်ရှည်ရော။
အခုတောင် သီတဂူ ဆရာတော် ဘုရားရဲ့ စေ့ဆော် မှုကြောင့် common platform, မတူတာတွေ ခဏဖယ် တူတာတွေပေါင်းလုပ်ကြ ဆိုလို့ ဒီလောက်ခရီးရောက်လာတာ
ဦးသိန်းစိန်စိတ်မပါလို့ကတော့မြောက်ကိုးရီးယားလို တရုတ် နဲ့ ပေါင်းပြီး နောက် အနှစ်၁၀၀ နေသွားဦး ဘယ်ကောင်ကဘာလုပ် နိုင်မှာလဲ ။ သူပုန်တွေခေါ်ပြီး အစိုးရ လုပ်ခိုင်း ကြမလား ။
စောက်ကျိုးမရှိတာတွေဘဲ စတန့် ထွင်မနေကြနဲ့။
ခင်ညွန့်က သူအာဏာမလွှဲတာကို ဘာအကြောင်းပြရမှန်းမသိလို့ ဦးကြည်မောင်က နူရင်ဘတ်ခုံရုံးအကြောင်း ပြောတယ်ဆိုပြီး လက်ညှိုးထိုးတာကို ဘုမသိဘမသိ နောက်ပေါက်တွေက အခုထိ ဦးကြည်မောင်ကို စော်ကားတုန်း။ အဲဒီတုန်းက အကြောင်းကို သိတဲ့ မီတဲ့လူတွေကို မေးကြည့်ဦး။ စစ်အစိုးရ ဝါဒဖြန့်စာလောက်ဖတ်ပြီး ကိုယ့်ကိုယ်ကိုယ် သိပြီ ထင်မနေနဲ့ဦး။ ဦးကြည်မောင်ဆိုတာ ဗိုလ်အောင်ကျော်နဲ့ အတူတူ အတွင်းဝန်ရုံးကို ဆန္ဒပြကတည်းက တိုင်းပြည်အတွက် အလုပ်လုပ်လာတဲ့ လူဆိုတာလည်း သိအောင်လေ့လာထားဦး။
လွမ်းဆွေ ကျတာ့ဘယ်အုပ်စုမှမပါပါ နိုင်ငံရေးဘဝင်ရူး အုပ်စု ဝင်သာဖြစ်ပါတယ်
အခုနောက်ပိုင်းအစိုးရနှင့်ဒေါ်စုတို့နားလည်မှုရလာလို့ပြည်ပကလူတွေတောင်းစားလို့ခက်လာတယ်။ဒါတွေကြောင့်သူတို့တွေကပြည်တွင်းတိုးတက်မှုကော၊တည်ငြိမ်ရေးပါမလိုလားကျပါဘူး။
Dr Lun Swe,
We respect you as Educated professional.
Please choose the words and languages which are appropriate for the respected journals. As you are now also a journalist, a medical doctor, a professional who should respect himself.
We thank you for the news and information provided on your blog. But we do not appreciate such improper languages.
I felt insulted when you classified your readers and commentators as such. We want Burma and its people united,move forward in the right direction, progressive and prosperous.
I am not DASSK's follower or her party member. But if I would comment with due respect and in good faith, she has not made U-turn. I trust her that she will never make U-turn. She chose it as correct direction for the sake of Union of Burma and its all ethic nationals.
Hope that in future, you would not abuse your own country's head of state while you have rights to criticize their ideas.
Thank you.
best regards.
Moe Aung
Post a Comment