Tuesday, October 9, 2012

မြန်မာ့အရေး စိတ်ဝင်စားသူများ ဆင်ခြင်သုံးသပ်နိုင်ဖို့ ဖတ်ရှုကြည့်သင့်သည့် ဖေ့စ်ဘွတ်ခ်ဆောင်းပါးတပုဒ်

(Swe Swe Kyi ဖေ့စ်ဘွတ်ခ်စာမျက်နှာမှ ကူးယူဖော်ပြသည်။ အပိုင်း ၁ မှ ၅ အထိ တပေါင်းတည်း တင်ဆက်ထားခြင်းဖြစ်သည်။ ရေးသူအာဘော်သာဖြစ်သည်။) Man Kyi Dain Yane's Article

34 comments:

mya said...

သူပြောသလိုဆို ရင် တယောက်မှ ကောင်းတဲ့လူလဲ မရှိပါလား
အမေစု ကတော့ ခွေးဟောင်တိုင်းထကြည့်မယ်မထင်ပါဘူးလေ

xx said...

precaution :
Attention to all,
Should be alert in every action of government!

myo said...

rubbish post by doctor lun swe.

Unknown said...

Yes I agree with the view on Buddhist monks.(some, not all) it is time to refine buddhim. But concerning Daw Su, you need to think based on her genuine wii. You should not blame blindly for poverty.

ညီသန့်ရှင်း said...



ဒီလိုဟာကွက်တွေကို ထောက်ပြတာ ကောင်းပါတယ်ဗျာ။ကိုနိုင်ငံကြီးဖြစ်နေတဲ့ နိုင်ငံရေးဖြစ်စဉ်းတွေကို ကိုကိုယ်တိုင်ထိုင်ပြီး မတွေးနိုင်တဲ့ သူတွေအဖို့ ဒီလို ထောက်ပြတာ တကယ်တန်ဖိုးရှိပါတယ်။ ဒါပေမဲ့ ဒီဆောင်းပါးကို မထောက်ခံခင် ဖြစ်နေတဲ့ နိုင်ငံရေးကို တူရှင်ပြီး ချိန်စမြင်တတ်ဖို့လဲလိုမယ်။ကျနော့အမြင်နဲ့ ပြောရမယ်ဆိုရင် အခုဖြစ်နေတဲ့ နိုင်ငံရေးဖြစ်စဉ်ကြီးတခုလုံးက ဒီဆောင်းပါးရှင် ပြောသလိုပဲ ဖြစ်နေတာပဲလေ။ အခုလိုအရှိန်နဲ အရာရာတိုင်းက ပြောင်းလဲနေတဲ့ ခေတ်ကြီးမှာ အမေစု အနေနဲ့လဲ ဘာမှမလုပ်ပဲ ဆန့်ကျင်တိုက်ခိုက်နေတာထက် သူချစ်တဲ့ ပြည်သူအတွက် အပေးအယူတခုတော့ လုပ်ကိုလုပ်ရမယ်။ ဒါပေမဲ့ သူမ တွက်ထားသလို ဖြစ်မလာတာကတော့ အပြစ်တင်လို့ မရဘူးလို့ထင်တယ်။ စေတနာအမှာပဲဖြစ်မယ်။ ဒါပြည်သူ တရပ်လုံးကလဲ ဒါကိုသိရင် သူမ အတွက် တခုခု တော့ လုပ်ပေးကျရမယ်လို့ ယူစမိပါတယ်။ နိုင်ငံရေးကို ဒီတိုင်းလက်ပိုက်ကြည့်နေကျတာထက် အမှန်တရားကို သိနေရင် ပြည်သူတရပ်လုံးကလဲ ပါဝင်ကျရမယ်။ မှားနေတာကြီးကို ဒီတိုင်းထိုင်ကြည့်နေရုံနဲ့တော့ ဘာမှ အမှန်တိုင်းပြောင်းလဲနိုင်စရာ အကြောင်းမရှိဘူး။ အမေစု တယောက်ထဲလဲ ဘယ်လိုများလုပ်နိုင်မှာလဲဗျာ။ ဒီကြားထဲ သူ့ပါတီထဲက လူတွေကလဲ ဟိုတမျိုးဒီတမျိုးနဲ့ စိတ်ဓာတ်ကျဖို့ အလွန်ကောင်းပါတယ်။

WN.Blog said...

Very pessimistic point of view

mmgmmoe said...


သူကအပြစ်ရှာသမားသက်သက်ပဲ ထင်တယ် ။ အင်းသူ့ထက်စောစောသေသွားတဲ့သူတွေ တော့ အပြစ်ပြောသံမကြားမိသလိုဆိုတော့ ကောင်းတဲ့သူက သေကုန်ပြီလို့ပဲ ......................

thein aung said...

အလွန်ကောင်းသည် ဗမာပြည်ကြီး ဗမာကောင်တွေဖျက်လို့ပျက်သည် ငါ့လှေငါထိုး ပဲခူးရောက်ရောက် ပြည်ထောင်စု လှေကြီးလည်းဒိလိုဘဲ လှေသူကြီးလုပ်ချင်တဲ့ ဗမာတွေဘဲရှိတယ် လှေထိုးသားမရှိပါ

Unknown said...

ဒေါ်စုက နိုင်ငံရေးအမြင် လှစ်..လှစ် နဲ့တောင် နေသေးပါတယ်။ အခု ဒီလမ်းကြောင်းကို ရွေးထားရင် ဒီပုံလျှောက်ရမှာပဲ။ သူရွေးချယ်မှုနဲ့ သူ့လုပ်ကိုင်မှု ကွက်တိပါပဲ။ ဒီလမ်းကြောင်းမဟုတ်လို့ ဟိုလမ်းကြောင်းဆိုရင် တစ်မျိုးဖြစ်မယ်။ ရွေးချယ်တဲ့လမ်းကြောင်းကတစ်မျိုး လုပ်ကိုင်နေပုံကတစ်နည်း ဆိုမှသာ တစ်လွဲဖြစ်မှာပါ။ အခုဟာက သူရွေးချယ်မှုနဲ့ သူ့ဗျူဟာနဲ့သူ ဟုတ်နေတာပါပဲ။ ကိုယ်က တိုင်းပြည်အတွက် ဘယ်နေရာကနေ ဘာလုပ်ပေးနိုင်မလဲ မစဉ်းစားဘဲ ဘေးထိုင်ဘုပြောနေတာမျိုးကတော့ အကျိုးမရှိပါဘူး။ နှစ်ထောင်တစ်ဆယ့်ငါးအထိ အလကား ထိုင်နေမယ့်အစား အခုလုပ်နေတဲ့ လုပ်ရပ်တိုင်းဟာ.. သူ့အတွက်၊ ပါတီအတွက်၊ တိုင်းပြည်အတွက် အမြတ်ထွက်စရာကြီးပါပဲ။ သူရွေးချယ်ထားတဲ့ လမ်းကြောင်းမှာ သူအကောင်းဆုံး ဖြစ်အောင် လျှောက်လှမ်းနေတယ်လို့ နားလည်တယ်။
ဆောင်းပါးရေးသူက ဒေါ်စုကို ပုဂ္ဂိုလ်ရေးအတော် စွဲလမ်းပုံရတယ်။ ချစ်စွဲတော့မဟုတ်ဘူး မုန်းစွဲပါ။ မုန်းလွန်းလို့ သွားလည်းဒီစိတ်၊ အိပ်လည်းဒီစိတ် မြန်မာပြည်တစ်ပြည်လုံးမှာ ဒေါ်စုတစ်ယောက်ထဲရှိတယ်လို့ မြင်ပြီး ဒေါ်စုတစ်ယောက်ထဲကိုပဲ အပြစ်တွေ စုပုံမြင်နေတာ သူသေရင်တောင် ဒေါ်စုနားမှာ တစ်ခုခုသွား ဖြစ်မယ်ထင်တယ်။ ခေတ်အဆက်ဆက် မြန်မာပြည်နိုင်ငံရေးမှာ လူညစ်တွေကြီးပါပဲ။ ဟိုဟာမကောင်းလို့ ဒီဟာမကောင်းလို့ ဆိုတာထက် တိုင်းပြည်မှာရှိတဲ့ နိုင်ငံရေးလုပ်စားသူ အများစုရဲ့ အခြေခံစိတ်ဓါတ်ကိုက အောက်တန်းကျလွန်းလို့ တိုင်းပြည် မတိုးတက်တာပါ။ ဒီလို လူညစ်တွေရဲ့အကြားမှာ လူးကာလွန့်ကာနဲ့ win-win ဖြစ်အောင်လုပ်ဖို့ဆိုတာ အင်မတန် ခက်တဲ့အရာပါ။ အကောင်းလေး နဲနဲမြင်ကြည့်ပါ။ ဒေါ်စုကို အပြစ်တင်နေတာထက် ဒီလမ်းကြောင်းကိုရွေးရင် ဒီလို အခက်အခဲတွေကြုံရမယ်ဆိုတာ ကာယကံရှင်တွေက ပိုသိပါတယ်။ ကျွန်တော်တို့လည်း ဒီလိုပဲ မြှော်လင့်ထားတာပါပဲ။ ဘာပဲဖြစ်ဖြစ် အရင်ကထက်စာရင် မြန်မာမှာပဲကြည့်ကြည့် ကမ္ဘာမှာပဲကြည့်ကြည့် ထိုင်ပြီး ဘုဂလန့်လုပ်နေတာထက်တော့ များစွာ အကျိုးရှိတယ်ဆိုတာ ငြင်းလို့ကို မရပါဘူး။ အခုဆိုရင် အင်အယ်လ်ဒီပါတီတွင်းမှာလည်း လူအမျိုးမျိုးရဲ့ စရိုက်တွေကို ရှင်းလင်းစွာ မြင်လာရပြီ၊ ဘာမှမလုပ်ပဲ ဒီအတိုင်းထိုင်နေရင် အဲလို မြင်လာရမယ်ထင်လား။ အခုလို အခြေအနေမှာမှ ပါတီတွင်းမှာ လူတွေရဲ့ စိတ်ရင်းအမှန်ကို မြင်ခွင့်ရှိနိုင်တာပါ။ ဒါဟာ ပြုပြင်စရာတွေကို အချိန်မီ လုပ်ဖို့ အခွင့်အရေးရခြင်း တစ်မျိုးဖြစ်တယ်။ မြင်တတ်ရင် ဒါဟာ အမြတ်တွေပါ။ ဒေါ်စုအနေနဲ့ လောလောဆယ် အစိုးရလဲမဟုတ်သေးပါဘူး။ ဆောင်းပါးရှင်ဟာ ဒေါ်စုက အပ်ချလောင်းဆိုပြီး လုပ်လိုက်ရင် ဘာမဆို ဖြစ်လိမ့်မယ်လို့ အတော်မြှော်လင့်ထားပုံရတယ်။ တိုင်းပြည် အဖက်ဖက်က နိမ့်ကျစုတ်ပြတ်နေတာက ဒေါ်စုလွှတ်တော်ထဲရောက်မှ မဟုတ်ပါဘူး။ အရင့်အရင် လူညစ်တွေ အစဉ်အဆက် အမြတ်ထုတ်ကြရင်း တိုင်းပြည်နာခဲ့ရတာပါ။
အခု သူထင်သလို မဖြစ်တာနဲ့ အဆိုးတွေပဲထိုင်ပြောနေတော့တာပါပဲ။
ပြီးတော့ ဒီအစိုးရရဲ့ ၀န်ကြီးတွေကိုယ်တိုင်တောင် သူတို့ကိုသူတို့ ဆောင်းပါးရှင်လောက် မသိနိုင်ဘူးလို့ ထင်ပါတယ်။ ဆောင်းပါးရှင်က ဘေးကနေ မျက်စိနဲ့ တပ်အပ်မြင်သလိုကို အပိုင်ကြီးပြောနေတာတွေကတော့ အံ့သြ လောက်စရာပါပဲ.. တကယ်တော့ ဒီလောက် အမြင်တွေ အပိုင်အနိုင်ကြီး မြင်နိုင်လွန်းနေရင် ဆောင်းပါးရှင်လို လူတစ်ယောက်ရှိတာနဲ့တင် တိုင်းပြည်ကောင်းစားဖို့ လုံလောက်နေပြီ...
အရင် မကောင်းခဲ့တာတွေကိုပဲ စမြုံပြန်ပြီး အပြစ်တွေပဲ ထိုင်ပြောလို့ ကောင်းတာတွေ ဖြစ်မလာပါဘူး။ အတိတ်က မကောင်းတာတွေ ဘာအလုပ်မှမလုပ်ပဲ ထိုင်ပြောနေရင်တောင် ၁၀၀၁ ည ပုံပြင်တွေထက် ရှည်လျားနေဦးမှာပါ..

Uncle Chan's အမလ said...


၂၀၀၈ ဖွဲ့စည်းပုံ ကိုတော့ ပြင်ကိုပြင်ရမယ့် သဘောရှိတယ်။ ပြည်သူတွေ အားလုံး ပါဝင်မှပဲ အဲဒီကိစ္စကလဲ ဖြစ်မှာပါ။ ဒေါ်စု ကိုသမ္မတ နေရာပေးချင်ရင် တနိုင်ငံလုံးက ပြည်သူတွေပါ ပါဝင်မှရမယ်။ မဟုတ်ရင်တော့ ၂၀၁၅ လဲ ဒီအတိုင်းပဲ ဖြစ်နေအုံးမှာပဲ။

William Thargi said...

I concur Nga Ba’s comment. Well said Nga Ba.
Anyone with an IQ 70 or above can easily see that, the 08 constitution (or any constitutions) can be amended, and once amended the 08 constitution it shouldn’t be a problem for Daw Su to become a president.

In fact, Daw Su was not eligible to be elected as a member of parliament. U Thein Sein administration had paved the way. U Thein Sein had paved way for Daw Su, not only once, so it is possible for him do to so again.

Anyone with half dignity wouldn’t use Daw Su’s fashion as a target to attack.
Anyone with half self-esteem wouldn’t throw a cheap shot by comparing Daw Su’s economic status to marginal people.

The post is stupid, dumb nut, and shameless.

William Thargi

demosalay said...

ကိုလွဏ်းဆွေ ကို သူ့ ဆောင်းပါးတွေကြောင့် အရင်က စိတ်တိုမိတယ်။ ခုတော့နားလည်ြ­ပီ။ ဒေါ်စု ဝေဖန်ရေးတွေ အစိုးရမကောင်း ကြောင်းတွေပါရင် သူ့ခမျာ ပျော်နေတာ။ ဒေါ်စုနဲ့ အစိုးရ ရန်ြ­ဖစ်ထားလို့ မခေါ်ကြေးပေါ့ ။ ခင်ဗျားရေးတဲ့ ဆောင်းပါးတွေလို တြ­ခား သူကို သေးသိမ်အောင်ဝေဖန် တယ်လို့ မထင်နဲ့အုံး ကိုလွဏ်းဆွေ ကိုဝေဖန်ရရင် ( ကလေးဆိုးကြီး..!! ) (သို့) နိုင်ငံရေးသမား စာရေးဆရာလို့ ကိုယ့်ကို ကို ထင်ထားတဲ့ စိတ်-------? အားနာလို့ မရေးတော့ပါဘူး

shwe li said...

Look like he want to bring back Than Shwe... very stupid post.

ဝေးလွင့်စင်ဉ် said...

ဟားဟား။ ဆောင်းပါးဖတ်ရင်းခေါက်ဆွဲကျော် ကိုလွမ်းလာတယ်။ ဒီဆောင်းပါးရှင်ဟာ ခေါက်ဆွဲကျော်တဲ့ ကုလားတကောင်လား။ ခေါက်ဆွဲသုတ်တဲ့ တရုတ်တကောင်လားတော့မသိဘူး။ လမ်းဘေးကွမ်းယာသည်ကမှ ဒေါ်စု တန်ဖိုးသိသေးတယ်ကွယ်။ တနားတယ်၊ ဘာမှ ကြောတော့ဘူး။ အချင့်အတန်းမချိရှာဘူးနော်၊

Unknown said...

ဒီ post ထဲက သုံးသပ်ချက်တွေ တော်တော်များများမှန်ပါတယ်။ ဒါပေမယ့် ဒေါ်စု အင်္ကျီတွေ ထည်လဲဝတ်တာကို ပြောတာကတော့ စိတ်ထဲမှာပဲထားရမဲ့ကိစ္စ။ ဒီလိုထုတ်ပြောတော့ မိန်းမလို မိန်းမရ ဆန်သွားတယ်။
တစ်ဖက်ကကြည့်ရင်တော့ ဒီဆောင်းပါးထဲမှာ ထောက်ပြထားတာတွေ မှားနေပါတယ်လို့ ဘယ်သူမှ လိပ်ပြာသန့်သန့် ငြင်းနိုင်မယ်မထင်ဘူး။ အဲ့ဒါကြောင့် အကောင်းမြင်ပေးပါ၊ အဆိုးချည်းပဲမကြည့်ပါနဲ့ဆိုတာလောက်ပဲပြောနေကြရတာ ပေါ့။
အကောင်းပဲမြင်နိုင်မှတော့ မြန်မာ့နိုင်ငံရေးသမိုင်းမှာ လမ်းစဉ်ပါတီတောင် ပြုတ်စရာ အကြောင်းမရှိဘူး။ သူလုပ်သမျှအကောင်းမြင်၊ သူလုပ်သမျှထောက်ခံနေလိုက်ရင် လမ်းစဉ်ပါတီဆက်ရှိနေဦးမှာပဲ။
ဒေါ်စုရဲ့ စိတ်ဓါတ်နဲ့ လူထုအပေါ်မှာ ထားရှိတဲ့ စေတနာကိုတော့ သံသယလုံးဝမရှိပါဘူး။ ဒါပေမယ့် တစ်ဖက်က လူညစ်တွေကို ဗျူဟာ အမှားနဲ့ ထမ်းတင်ပေးသလိုဖြစ်မှာတော့ လုံးဝမလိုလားပါ။ ဒီလူတွေဟာ လူညစ်တွေပါ။ အစကတော့ နည်းနည်း အကောင်းမြင်ပေးပြီး ယုံပေးလိုက်ပါတယ်။ ဒါပေမယ့် အဆင့်အတန်းမြင့်တဲ့ အင်တာဗျူးတွေမှာ သမတရဲ့ အပေါ်ယံ အရေခွံကိုတွေ့ရပြီးနောက် ဒီလူတွေကိုလုံးဝ မယုံတော့ပါ။ ဘာ အဆင့်မှ မရှိတဲ့ အင်တာဗျူးတွေမှာ တော့ ဥပမာ.. မြန်မာနိုင်ငံသားတွေ ဘယ်တော့ပြန်ခေါ်မှာလဲ အစရှိတဲ့ ဈေးပေါတဲ့ မေးခွန်းတွေ ဖြေရာမှတော့ ကိုယ့်လူက ချောနေတာပဲ၊ တကယ့် အဓိပါယ်ပါတဲ့ အင်တာဗျူးတွေမှာတော့ အိုးနင်းခွက်နင်း၊ ဗျောင်လိမ်၊ ဖုံးကွယ်၊ ဝေ့ဝိုက် နည်းပေါင်းစုံသုံးတော့တာပဲ။
မြန်မာ လူမျိုးတွေဟာ နှစ်ပေါင်းများစွာ အညစ်ပတ်ဆုံးလူသားတွေရဲ့ နှိပ်စက်တာ ခံရပြီးဖြစ်ပါတယ်။ ဒါကို လက်ကိုင်ဖုံးတစ်လုံး ဒေါ်လာ ၃၀၀ လောက် ပေးဝယ်နိုင်ဖို့အတွက်၊ စည်းစနစ်မရှိတဲ့ ကားဈေးကွက်မှာ ကားတစ်စီး လွယ်ကူစွာဝယ်နိုင်ဖို့အတွက်၊ တစ်လမှ ဒေါ်လာ ၈၀ လောက် ရပြီး မတရား ခေါင်းပုံဖြတ်ခံရမယ့် စက်ချုပ်သမ တစ်နေရာ အတွက်၊ ဘယ်ဖွံဖြိုးတိုးတက်စ နိုင်ငံမှာမှ မရှိတဲ့ မြေဈေးတွေအတွက်၊ အစရှိတဲ့ ဘာမှမဟုတ်တဲ့ အခွင့်အရေးတွေအတွက် ကိုယ့်မှာ ပိုင်ပိုင်နိုင်နိုင်ရှိပြီးသား leverage ကို trade in လုပ်သင့်သလား၊ အကောင်းမြင်ပြီး စဉ်းစားကြည့်ပေးပါ။
ဆောင်းပါးရှင်က ပညာရှိသတိဖြစ်ခဲ ဖြစ်မှာ စိုးလို့ ထောက်ပြတယ်နဲ့တူပါတယ်။ ရေးတာ နည်းနည်းလေး ပြင်းသွားပါတယ်။
အကောင်းမြင်ခိုင်းနေသူတွေကလည်း ဆောင်းပါးရှင်ရဲ့ စေတနာ အမှား ကို ပြန်ပြီး အကောင်းမြင်ပေးလိုက်ကြပေါ့ ဟုတ်ပြီလား။

* said...

လက်ပံတောင်းတောင်နားက ရွာသူရွာသားတွေ နေလာတာ နှစ်ပေါင်း ထောင်ချီနေပြီ။ သူတို့မြေ သူတို့ရေ မဆုံးရှုံးဘူး။ မြန်မာတပ်မတော်ကြီးကာကွယ်လိုက်မှ ပဲ တရုတ်လက်ထဲ ရောက်သွာတော့တယ်။

ညီသန့်ရှင်း said...



unknow ပြောတာကို ကျနော် ထောက်ခံပါတယ်။ အခုပိုစ့်ဟာ အမေစုရဲ့ အ၀တ် အစားနဲ့ ပ၀ါထည်များသာ ပြောင်းသွားတယ်ဆိုတာကို အဓိကပြောချင်တာတော့မဟုတ်ပါဘူး။ အဲလိုပြောလိုက်လို့လဲ ပိုစ့် ကနဲနဲတော့ ဖတ်ရထောက်သွားတယ်။ ဟေ့လူတွေ ဟိုမှာ မှားနေတယ် အဲဒီလမ်းကိုသွားတာမှားနေတယ်လို့ထင်တယ်နော် အဲဒါလေး ပြင်လိုက်ဖို့သင့်တယ် လို့ လက်တို့ သတိပေးတဲ့ လူကို မင်းက ဘာတတ်လို့လဲ ကို့နေရာကိုနေလို့ သွားဟောက်လို့မရပါဘူး။အေ ဘယ်အရာကမှားနေလဲ ပြပါအုံးပေါ့ ၊ ပြီးမှသူထောက်ပြတဲ့ အရာက တကယ်လဲမှားနေတယ်ဆိုရင် ၀ိုင်းလို့ ပြုပြင်ကျရမှာလေ ...မမှားဘူးဆိုရင်တော့ အဲဒါက ဒီလိုဒီလို ရှိတယ် ငါ့လူရဆိုပြီး သေချာပြန်ရှင်းပြနိုင်ရမယ်။ တခုခုဆို ကို့ကို ဆရာလုပ်တယ်လို့ပဲ သတ်မှက်ပြီး တယောက်ကို တယောက် အပြစ်ပြော ဆဲဆိုနေကျတဲ့ ခေတ်ကြီးကိုထားခဲ့ လိုက်ကျပါတော့ မြန်မာ အမျိုးသားများရေ။ အချိန်လဲမရှိတော့ဘူး ကို့နိုင်ငံကလဲ အရမ်းကို နောက်ကျနေပြီ အသေအလဲကို ကျိုးစားကြရမယ့် အချိန်လဲ ရောက်နေပါပြီဗျာ။ ဟုတ်လဲ ဟုတ်ပါတယ် အစ ပထမ တော့ စစ်သားများ တကယ်ကိုပြောင်းလဲချင်လာကျပြီပဲ နိုင်ငံတကာက ဒီမိုကရေစီ အပြောင်းအလဲတွေကို မြင်ပြီး နေရထိုင်ရတာ လိပ်ပြာမသန့်သလို ဖြစ်လာလို့ ပြောင်းလဲချင်လာကျပြီပဲဆိုတဲ့ အထင်လေးနဲနဲ ကြီးစ ရှိသေးတယ်။ အခုချက်ခြင်း အာဏာကို ပြည်သူလက်မအပ်နိုင်ရင်တောင် အချိန်တခုအတောအတွင်းမှာ တော့ ပေနိုင်ကောင်းပါရဲ့လို့ မျှော်လင့်ထားခဲ့မိကျတယ်။ အခုတော့ ရိုးသားမှုကလဲမရှိ အမေစုကို ကျုံးတွင်းပြီး နိုင်ငံတကာအသိအမှတ်ပြု အာဏာရှင်စနစ်ကို အသက်သွင်းနေကျသလိုဖြစ်နေတယ်။ အခု သူတို့ခြေဦးလဲ့ နေတဲ့ လမ်းကလဲ ပြည်သူတွေ တွေးထင်ထားတဲ့ ပုံစံမျိုးမှ မဟုတ်ပဲ ။့  သူတို့ ဘယ်လိုတွေ လုပ်နေကျတယ်ဆိုတာကို တနေ့ထက်တနေတောင် ပိုပို လို့ သိလာနေရတယ်။ တော်တော်လဲ လေးစားဖို့ ကောင်းတဲ့ ညဏ်ကြီးရှင်တွေဗျ။ ပြည်သူအပေါ်တကယ် စေတနာနဲ့ ပြောင်းလဲပေးလိုတဲ့ ဆန္ဒရှိရင် နောက်နှစ်ထဲမဟုတ်ရင်တောင် ၂၀၁၄မှာ အခြေခံဥပဒေကို ပြင်ကို ပြင်ပေးနိုင်ရမယ် ဒါပဲ။

Unknown said...

ဒီလောက်နာလာတဲ့တိုင်းပြည် ဘယ်လိုလုပ်ပြီး ချက်ချင်းပြန်ထောင်နိုင်မှာလည်းဗျာ ၊ အမေစုမှာ Super natural power မရှိပါဘူး ၊ လမ်းကြောင်းမှန်ပေါ်ကနေ ပြည်သူအားလုံး စုပေါင်းပြီး ဆွဲတင်ရမှာပါ ၊ အမေစု ဖက်ရှင်လှလှတွေ ၀တ်တယ်ပဲ ထားပါဦး ပြည်သူတွေအတွက် ဘာမှမထိခိုက်ပါဘူး ၊ ပုံပန်းကျတဲ့ မြန်မာ့ရိုးရာတွေအတွက် ဂုဏ်ယူလို့တောင်ရပါတယ် ၊ ဥပမာ ကိုရီးယားရိုးရာ အမျိုးသမီး ၀တ်စုံတွေမှာဆိုရင် ခါးနေရာကပွနေပြီး ရင်ဘတ်နေရာမှာ လာစည်းထားတော့ ကိုယ်ခန္ဓာအလှကို မပေါ်လွင်စေပါဘူး ၊ အမေစုရဲ့ ဖက်ရှင်တွေကတော့ ကြည့်သူရဲ့ အမြင်ပေါ်မှာပဲ မူတည်ပါတယ် ။ နိုင်ငံရေးမှာလည်း အခုအချိန်မှာတော့ အမေစုထက် ပိုသင့်တော်တဲ့လူ ၊ ပိုလုပ်နိုင်တဲ့လူ မမြင်မိသေးပါဘူး ၊ အခွင့်အရေးတွေသာ အော်နေကြတဲ့ ၊ ကိုယ့်ကိုယ်ကို တတ်သိနားလည် ထင်နေကြတဲ့ ၊ အပြည့်အ၀ အားနဲ့ရပ်တည်ပေးရမှာ ၂၀၀၈ ဖွဲ့စည်းပုံကို ပြင်ပေးဖို့ ပြည်သူအားနဲ့ တောင်းဆိုပေးရမှာ မသိ ဖြစ်နေကြတဲ့ သူတွေကို တစ်ယောက်တည်းအားနဲ့ နည်းပရိယာယ်အမျိုးမျိုးထုတ်ပြီး ရုန်းကန်ပေးနေရတာ အမေစုနေရာက ပင်ပန်းလွန်းလှပါတယ် ။ တကယ်တန်းမှာက အခုအချိနန်မှာ ကျနော်တို့ တစ်ဦးစီ ကိုယ်လုပ်နိုင်တဲ့နေရာကနေ နိုင်ငံအကျိုးပြု လုပ်ငန်းတစ်ခုခုကို အားသွန်လုပ်ကြရမယ့် အချိန်ပါ ။

DOK said...

ဝေဖန်ရေးဆိုတာရှိရပါမယ်
အန်တီစုကိုယ်တိုင်လည်းအဝေဖန်ခံနိုင်ပါတယ်
အန်တီစုကိုမှရွေးပြီးတစိုက်မတ်မတ်အပုတ်ချချင်တဲ့
ဒေါက်ချာအဖို့ကတော့ ဒီလိုမိန်းမလိုမိန်းမရဝေဖန်စာ မျိုးဟာ သူ့အတွက်ကျမ်းကိုးဖြစ်လို့နေပေါ့
ကိုယ့်စေတနာကိုယ်အကျိုးပေးမှာပါ

Unknown said...

PLEASE, BE PATIENT, WAIT AND SEE , NOW IT IS ONLY THE FIRST EXPOSURE,

EVERYONE HAS MANY THINGS TO TALK LIKE YOU,

UNTI SU IS WORKING AS FORK WAY TO HELP US AMONG 1. NEW GENERATIONS AND ETHNIC GROUPS , 2.EX-GENERALS AND 3.HERSELF.
POLITICS WILL NEVER ENDS.
WELL, BE PATIENTTTTTTTTTTTTTT....

စက္ကဝါဆာန် said...

ဒီ post ဖတ်ပြီး 3D ရုပ်ရှင် ကားတစ်ကားကြည့်လိုက်ရသလို ခံစားမိပါတယ်၊ သိန်းစိန်ဆိုတဲ့ငနဲကို အထင်မသေးပါနဲ့။

kaunglayay@gmail.com said...

အံ့သြစရာကောင်းတာက
၁၀စုနှစ်ပေါင်းများစွာ ရက်စကိညင်းပန်းနှိပ်စက်ခဲ့ပေမယ့်
၁ နှစ်ကျော်ကျော်ကလေး အကောင်းစားရင်း ပြလိုက်တာနဲ့  အားလုံး နီးပါးက
အတိတ်ဆိုး ( ၈၈. ရွှေဝါေ၇ာင် နာဂစ်..စတာတွေ ) ကို ချက်ချင်းကြီး
မေ့ပစ်ပလိုက်နိုင်ကြတယ်.
.
သေခဲ့တဲ့သူတွေဟာ ကြက်ကလေး ငှက်ကလေး မဟုတ်ခဲ့ပါဘူး
.
ဘ၀ပျက်ခဲ့သူတွေဟာ
ခံစားမဲ့ သစ်ရွက် သစ်ခက်ကလေးတွေ
မဟုတ်ခဲ့ဘူး

ဖိုးလမင်း said...

ဆောင်းပါးမှာ ထေက်ပြတာတွေ မှန်သင့်သလောက်မှန် ပါတယ်။ ဒါပေမယ့်တော်တော်များများ အဆိုးမြင်စိတ်နဲ ရေးထားတယ်။ ထမင်းငတ်တဲ့သူဆို တာ အမေရိကန်မှာတောင်ရှိပါတယ်။ ကိုယ့်လူပြောသလို ဆို ရန်ကုန်မှာ တော်တော်များများ ထမင်းငတ်နေတာပေါ့ဒါဆို ရန်ကုန်မှာရှိတဲ့စားသောက်ဆိုင်တွေ ပိတ်ကုန်ကြမှာပေါ့ စူပါမားကက်တွေလဲ လူရှိမှာမဟုတ်တော့ဘူးပေါ့ရန်ကုန်မြို့ထဲ တစ်ပတ်လောက်ပတ်ကြည့်ပါအုံးဗျာ။ မြန်မာပြည်ကြီး ဒုက္ခရောက်မှ ခင်ဗျားတို့ ထမင်းစားရမယ်ဆိုရင်တော့ ၀ဋ်တော်တော်ကြီးတဲ့လူတွေလို့ ပြောရမှာပဲ

နွေဦး said...

ဖိုးလမင်း ပြောပုံအရဆိုရင် အမေရိကန်မှာ ငတ်ရင် ထမင်း ငတ်တာတောင် အမှန်ထင်တဲ့ပုံပါလား။ အမေရိကန် လုပ်သမျှ လိုက်လုပ်ရတော့မှာလား။

Uncle Chan's အမလ said...




ဖိုးလပြည့် ဆိုတဲ့ လူက တော်တော် ဒုံးဝေးတာပဲဗျ။ ရန်ကုန်မှာ ငတ်တဲ့ လူတွေ တော်တော်များရင် စားသောက်ဆိုင်တွေ စူပါမားကတ်တွေ ပိတ်ကုန်မှာပေါ့တဲ့ ...ဘာမှလဲမဆိုင်ဘူး။ ခင်ဗျာလိုလူ က အိမ်ကကိုပိုင်ကားနဲ့ ဆူပါမားကတ်လေးသွားလိုက် စားသောက်ဆိုင်တွေ သွားပြီး အစားကောင်း အသောက်ကောင်းတွေ သွားစားပြီး ပြင်ပလောကကို ဘာမှမသိတဲ့ လဒတကောင်ပဲဖြစ်မယ်။ပိုက်ဆံဆိုတာ ခင်ဗျာတို့လို လူတွေ အတွက်လွဲပေမယ့် အောက်ခြေ ဆင်းရဲသားများအဖို့ တနေ့ ၄ ၅ရာလောက်ရဖို့ ဆိုတာ ပါစပ်က စကားတွေ အများကြီးပြောရသလို တနေကုန်တနေကန်း ပြင်ပန်းကြီးစွာနဲ့ ရှာဖွေ စားသောက်ရတာဗျ။ ဗမာပြည်မှာ အဲလိုရှာဖွေစားသောက်နေရတဲ့လူတွေ ရာခိုင်နှုန်းအားဖြင့် ပြောရရင် ၈၀ အထက်မှာရှိတယ် ဆိုတာ ခင်ဗျာ အရင်လေ့လာကြည့်အုံး။ အညာဒေသမှာရှိတဲ့ လယ်သူရင်းဌားတယောက်ဟာ တနေကုန် မြေကြီးကို တူးစွနေမှ ၅ရာ ၁၀၀၀ ရတာ။ စကားကိုလွဲလွဲမပြောကျနဲ့ ကို့ပတ်ဝန်းကျင်ကိုလဲ လေ့လာကျအုံး။ နိုင်ငံ တနိုင်ငံတိုးတက်တယ်ဆို တာ ကျန်းမာရေး။ပညာရေး။ အခြေခံလူတန်းစားတွေ နဲနိုင်တမျှနဲအောင် လုပ်ဆောင်ရေး တွေမှာ တိုးတက်နေတဲ့ နိုင်ငံတွေနဲ့ level တန်းမရှင်နိုင်ရင်တောင် အောက်ဆုံးအနေအထား မရောက်စေရဘူး အဲဒါတိုးတက်တာခေါ်တယ်။ အခု ခင်ဗျာ အဲဒါတွေ တွေ့ရပြီလာ ။ အဝေးကြီးမကြည့်နဲ့ အနီးဆုံး ထိုင်းတို့ အိန္ဒိယ တို့ကို အဲဒီအချက်တွေနဲ့ ရှင်နိုင်ပြီလာ။ကားအကောင်းစား ဈေးပေါပေါ ၀ယ်စီးနိုင်တာ မိသားစု အနည်းငယ်လောက်ပဲ ပိုက်ဆံကိုရေလိုသုံးလို့ ကြီးပွားချမ်းသာနေကျတယ်ဆိုတာ နိုင်ငံတိုးတက်တယ်လို့မခေါ်ဘူး ကို့နိုင်ငံ ဘယ်လို ဆင်းရဲတွင်းနက်နေလဲ လေ့လာကြည့်ပြီးမှာ စကားကိုဆင်ခြေပြောဗျ။

Anonymous said...

တာဝန်မဲ့ရေးသားသော အင်တာနက်ဝက်ဘ်ဆိုက်အချို့နှင့် Facebook Account အချို့၏ မမှန်ကန်သောအချက်အလက်များကို တာဝန်သိသူများကဖော်ထုတ်ထောက်ပြရန် တာဝန်ရှိသည်ဟု မြန်မာ့ဒီမိုကရေစီခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့ပါသည်။

Facebook တွေမှာ ဘာပါလဲဆိုတာ အမှန်ပြောရရင် အန်တီ့မှာကြည့်ဖို့ အချိန်မရှိဘူး။ ကိုယ့်အလုပ်သာ ကိုယ်လုပ်သွားတာပဲ။ ရေးတဲ့သူကတော့ သူတို့ရေးချင်သလိုရေးမှာပဲ။

အန်တီလည်းခင်တဲ့လူ၊ မခင်တဲ့လူရှိတယ်။ ဒါပေမယ့် အလုပ်မှာလာပြီး ရောင်ပြန်မဟပ်ရဘူး။ ဒါကတော့ ကိုယ့်စိတ်ထဲမှာကိုယ့်အလုပ်လုပ်တဲ့အခါမှာ ဒီလူကိုမကြိုက်လို့ ဒီလူကိုကြိုက်လို့ ဒီလူကိုကြိုက်တယ်ဆိုရင် ပွင့်ပွင့်လင်းလင်းပြော။ အဲဒါဆိုရင်ပို ကောင်းတယ်။

အင်တာနက်ပေါ်က မိမိနှင့်သဘောထား မတူသူများကို ကိုယ့်ရန်သူဟုဆိုကာ သဘောတူသည့်သူများပေါင်းသည့်အခါ အစွန်းရောက်သည့်စိတ်များထွက်လာကြောင်း၊ ယင်းကိစ္စမှာ စိုးရိမ်စရာဖြစ်လာသည်ဟု ပညာရှင်များကထောက်ပြကြောင်း၊ မိမိအနေဖြင့်လည်း ယုံကြည်ပါကြောင်း ယင်းကိစ္စများကိုလည်း ယခုကတည်းက စောစောစီးစီးသိထားပြီးတော့ သတင်းလောကမှလူများက တတ်နိုင်သမျှကြိုးစားပြီး လုပ်ဆောင်ပေးကြပါရန် မေတ္တာရပ်ခံလိုကြောင်းလည်း ဒေါ်အောင်ဆန်းစုကြည်က ထည့်သွင်းဖြေကြားခဲ့သည်။

စက္ကဝါဆာန် said...

ထောက်ခံပါတယ် မိတ်ဆွေ။

မောင်ပြောချင် said...

ဒီမှာရေးထားတာ အားလုံးကိုလည်းမှန်တယ်လို့ မင်းပြောရဲလို့လား။မှားတယ်လို့ မငြင်းရဲဘူးပြောရအောင် ရေးထားတာတွေက ထင်ကြေးတွေပဲ။လူတိုင်း ကိုယ်ထင်တာမှန်တယ်ထင်ပြီးရေးကြတာပဲ။ငြင်းခုံချေပခြင်ရင်တော့မျက်နှာစုံညီ ဆောင်းပါးရှင်နဲ့ အတူတူထိုင်ပြီးပြောမှရမယ်။ ဆောင်းပါးကိုသုံးသပ်ရင်တော့အဆင့်မရှိပါ။ ဝါဒဖြန့်ချီရေးသာသာ သာရှိတယ်။

William Thargi said...

“ထမင်းငတ်တဲ့သူဆို တာ အမေရိကန်မှာတောင်ရှိပါတယ်။”
လို့ပြောတာကို
“အမေရိကန်မှာ ငတ်ရင် ထမင်း ငတ်တာတောင် အမှန်ထင်တဲ့ပုံပါလား။ အမေရိကန် လုပ်သမျှ လိုက်လုပ်ရတော့မှာလား။”
လို့တုန့်ပြန်တယ်။
အမှန်ဆိုရင်တော့ ဒီလောက်တုန်းတဲ့ မှတ်ချက်မျိုးကို ဘယ်လိုမှအရေးလုပ်လေ့မရှိပါဘူး။
ဒီနေ့တော့ အားလည်းနေတာနဲ့ ….
နွေဦးရေ သာမန်စိတ်အခြေအနေနဲ့ သာမန် သို့မဟုတ် သာမန်နည်းပါး ဥဏ်ရည် ရှိမယ်ဆိုရင် ရိုးသားမှုလည်း ရှိမယ်ဆိုရင်၊ (အဓိကကတော့ ရိုးသားမှုပေါ့)
(၁) အမေရိကန် ဆိုတာချမ်းသာတယ် (သူ့ထက်ချမ်းသာတဲ့ နိုင်ငံတွေရှိပါတယ်၊ ချမ်းသာတယ်ဆိုတာ အချမ်းသာဆုံးလို့ပြောတာမဟုတ်ဘူးနော်။ နွေဦးတို့လို ပုဂ္ဂိုလ်တွေအနေနဲ့ အခုနေမှာ အမေရိကန် ဟာချမ်းသာတဲ့ နိုင်ငံဖြစ်တယ်ဆိုတာ လောက်ကို အကြမ်းဖြင်းလောက် မှတ်ထားရင်ရပါပြီ)
(၂) မြန်မာနိုင်ငံ ဆိုတာ အမေရိကန်လောက် မချမ်းသာဘူး
(၃) ပိုချမ်းသာတဲ့ နိုင်ငံမှာတောင် ငတ်နေတဲ့လူတွေရှိသေးရင်၊ ပိုဆင်းရဲ့တဲ့နိုင်ငံမှာ ငတ်နေတဲ့လူတွေ ရှိနေနိုင်တယ်ဆိုတဲ့ လော့ဂျစ် ကို နားလည်ဖို့ အရမ်းကြီးမခက်လောက်ပါဘူးနော် (ဦး/ဒေါ်) နွေဦး

မြန်မာနိုင်ငံဆင်းရဲတယ်။ မြန်မာနိုင်ငံဆင်းရဲတယ်ဆိုတဲ့ သဘောက မြန်မာနိုင်ငံမှာ ဆင်းရဲသား များတယ်ဆိုတဲ့သဘောပါဘဲ။ ၈၀% ဖြစ်ချင်ဖြစ်မယ်၊ ၉၀% ဖြစ်ချင်ဖြစ်မယ်။ ဆင်းရဲသား ကို ဘယ်လိုသတ်မှတ် သလဲ (Definition) ပေါ်မူတည်တာပေါ့။ ဆင်းရဲသားတွေ ဘယ်လိုရုန်းကန်ရတယ် ဆိုတာလဲ ပြောရမယ်ဆိုရင်အများကြီးပေါ့။ အခုဆောင်းပါးမှာ ရေးထားပုံအရဆိုရင်၊ အခုလိုဆင်းရဲနေတာ ဒေါ်စုကြောင့်လိုလို၊ လက်ရှိ ၂ နှစ်သား ၃ နှစ်သား အစိုးရကြောင့်လိုလို။ မြန်မာပြည်ဆင်းရဲတာအခုမှလား။ ခေါက်ဆွဲကြော်မှာ ထမင်းဖြူ လိုက်ပွဲထည့်တာပြောမနေနဲ့ ဆန်ပြုတ် တောင်မဟုတ်ဘူး ဆန်ကွဲပြုတ်သောက်နေရတဲ့ လူတွေရှိတယ်။
သာမန်စိတ်အခြေအနေနဲ့ သာမန် သို့မဟုတ် သာမန်နည်းပါး ဥဏ်ရည် ရှိမယ်ဆိုရင် ရိုးသားမှုလည်း ရှိမယ်ဆိုရင်၊ (အဓိကကတော့ ရိုးသားမှုပေါ့) ဟိုးတုန်းထဲက ရှိခဲ့တဲ့ ဒီလိုမျိုးဆင်းရဲမှုတွေကို အုံဖွ ဆိုတာလို ချက်ခြင်းပျောက်အောင်လုပ်နိုင်ဖို့ ဆိုတာမဖြစ်နိုင်ဘူးဆိုတာ သိမှာပါ။ “ထမင်းငတ်တဲ့သူဆို တာ အမေရိကန်မှာတောင်ရှိပါတယ်။”
ဆိုတာဒီသဘောပေါ့။ အမေရိကန်လုပ်တိုင်း လိုက်လုပ်ရမယ်ဆိုတဲ့သဘော မဟုတ်ဘူးနော်။ နားလည်ပြီနော်။
ဆိုးတာက ဒီလိုဆင်းရဲမွဲတေမှုနဲ့ လတ်တလောကားဈေးကျတဲ့ ကိစ္စကို မစ္စာသန့်ရှင်း ကလာပြီး ဆက်စပ်ပစ်လိုက်တာပါ။ ဘယ်လူကမှု မြန်မာနိုင်ငံကြီးဟာ အခုနေအခါမှာ တိုးတက်နေပါပြီလို့ ပြောမနေပါဘူး။ ဆက်ပြီးကြိုးစားကြမယ်ဆိုရင် တိုးတက်မယ့်လမ်းကြောင်းပေါ်ကို ရောက်လာနိုင်တယ် ဆိုတဲ့သဘောမျိုးကိုသာ ပြောနေကြတာပါ။ နားလည်တယ်နော်?
ဆိုကြပါစို့ ကားဈေးကျတာဟာ နိုင်ငံတိုးတက်တာမဟုတ်ဘူးဆိုတာကို လူတိုင်းသိပါတယ်။ ပြောရရင် မောင်သန့်ရှင်းကလေးတောင် ဒီကိစ္စကိုနားလည်သေးတယ် မဟုတ်လား။
ဒီနေရာမှာ စဉ်းစားရမှာက ကားဈေးကျတာကောင်းလား မကောင်းလားဆိုတာကိုပါ။ အခုလို လူလတ်တန်းစားတွေ ကားလတ်လတ်လေးတွေ စီးလာနိုင်တာ ကောင်းလား၊ အရင်ကလို ၁၉၈၇ မော်ဒယ် စူပါစလွန်းကို သိန်း၂၀၀-၃၀၀ ပေးစီးနေရတာကောင်းလားဆိုတာကို စဉ်းစားရမှာပါ။
အများနားလည်လွယ်အောင်ပြောရရင် ကြက်နဲ့ဘဲကို ယှဉ်မကြည့်ရဘူး။ ကြက် ကြက်ချင်း၊ ဘဲ ဘဲချင်း သာ ယှဉ်ကြည့်ရတယ်။ နားလည်ကြတယ်နော်။

Things I hate most; idiocy, stupidity, silliness, and ridiculousness.

အပမာဒေန သမ္ပာဒေထ
ဝီလျှံသာဂိ

Uncle Chan's အမလ said...



အင်..ရှင်ပြသွားတာတော့ ဟုတ်သလိုလိုပါပဲ ။ သာမန်တွေ သာမန်ထက်တွေ ရိုးသားမှုတွေ ဆိုတာကိုလဲ ဖောဖောသီသီသုံး သွားလိုက်တာ။ ရှင်းနေတာကြီးကို ရှုပ်သွားအောင် ရှင်းပြနိုင်တာ တော်တော် လေးစားဖို့လဲ ကောင်းပါတယ် ကိုဝီလီယံ သာဂိရေ။ အမေရိကလိုနိုင်ငံက ဆင်းရဲမွဲတေမှုမျိုးနဲ့ ဗမာပြည်က ဆင်းရဲမွဲတေမှုပုံစံကို ကွာခြားမှုမရှိအောင် ကိုသာဂိရဲ့ စကားတွေက ဆက်စပ်ပေးလိုက်တာပါပဲ။ ဆင်းရဲမွဲတေမှုဆိုတာ အမေရိက မပြောနဲ့ သူ့ထပ်ချမ်းသာတဲ့ နိုင်ငံတွေမှာတောင်ရှိတာ ဗမာပြည်လို တသက်လုံး ဆင်းဆင်းရဲရဲနေလာတဲ့ နိုင်ငံမျိုးက မွဲတေမှုမျိုးကို လက်ညိုးထိုးလို့ အပြစ်ဆိုတာ သဘာဝမကျလိုက်တာလို့ ပြောချင်တာပေါ့လေ အဲလိုလာ။ သာမန်စိတ်အခြေအနေနဲ့ သာမန် သို့မဟုတ် သာမန်နည်းပါး ဥာဏ်ရည် ရှိမယ်ဆိုရင် ကိုသာဂိဒီစကားမျိုးပြောထွက်မယ် မထင်ဘူး။ အမေရိကန်က လူဆင်းရဲများ ဆင်းရဲပုံနဲ့ ဗမာပြည်က ငမွဲတွေ ဆင်းရဲနေကျတာကို အရင်ရှင်ကြည့်သင့်တယ် ။ ဟိုကငမွဲတွေ ဆင်းရဲသားအခွင့်အရေးဆိုတာရှိတယ် တောင်းစားနေတဲ့ကောင်တောင် အဆင့်အတန်းတခုနဲ့ နေနိုင်တဲ့ အခြေအနေလေဗျာ ဗမာကငမွဲတွေ ဆင်းရဲတယ် ဆိုတာ အဲလို အနေအထားတွေနဲ့ ဆင်းရဲငတ်မွတ်နေတာမဟုတ်ဘူး ငရဲလိုဆင်းရဲမှုမျိုးနဲ့ ဆင်းရဲတာ။ ဒီလိုငတ်မွတ်ဆင်းရဲတယ်ဆိုတာ လူတစုရဲ့ သောက်သုံးမကျတဲ့ ပယောဂကြောင့် ဖြစ်နေတာကို ခင်များနားကောလည်ရဲ့လာ။ပြီးတော့ ဟိုနိုင်ငံတွေကလို အနည်းအကျင်းလား မဟုတ်ဘူးဗျ အုံနဲ့ကျင်းနဲ့ဆင်းရဲတာ။ ဒီငတ်မွတ်ဆင်းရဲမှုကြီးကို နာတာရှည်ရောဂါကြီးတခုလိုပဲ အချိန်ဆွဲပြီး ကုသဖို့ ခင်များစဉ်းစားထားတယ်ဆိုရင်တော့ ခင်များပြောပြောနေတဲ့ သုံးသုံးနေတဲ့ စကားထဲကလို လူတယောက်ဖြစ်နေပြီ။ ကို့နိုင်ငံ ကို့လူမျိုးတွေရဲ့ ဆင်းရဲဒုက္ခကို ခပ်အေးအေး ခပ်ပေါ့ပေါ့ဖြေရှင်ရမဲ့ ကိစ္စတခုလို့ တွေးတောထားတဲ့ ခင်များရဲ့ ပြောင်မြှောက်တဲ့ လောဂျစ်ကိုလည်ချီးကျူးပါတယ်ဗျာ။ ကားအကောင်းစား ဈေးပေါပေါနဲ့ ၀ယ်စီနိုင်တာနဲ့ နိုင်ငံတိုးတက်တာမဟုတ်ဘူးလို့ ယှဉ်ပြရတာကလဲ ခင်များပြောပြောနေတဲ့ သာမန်စိတ်အခြေအနေနဲ့ သာမန် သို့မဟုတ် သာမန်နည်းပါး ဥာဏ်ရည်လောက်သာရှိတဲ့ လူတွေ နားလည်နိုင်ဖို့ အသုံးပြုလိုက်တာပါ။ ဘာလဲ တသက်လုံး အိပ်မက်ထားတဲ့ သိန်းထောင်ကျော်တန်ကားကြီး အခုအပြောင်းအလဲရောက်မှ သိန်း၃၀၀လောက်နဲ့ ၀ယ်စီးနိုင်လို့ ကိုသာဂိတယောက် အရူးတယောက်လိုမျူးမြှောက်နေတာနဲ့တူတယ်ဗျ။

UShinGyi said...

ဝီလီယံငသာဂိ ဆိုတဲ့လူကဆရာကြီးတပါးပါးတော့ဖြစ်မယ်။ ဒါပေမဲ့ သူ့အတွေးအခေါ်က သာမန်စိတ်အခြေအနေနဲ့ သာမန် သို့မဟုတ် သာမန်နည်းပါး ဥာဏ်ရည်လောက်တောင် အတွေးအခေါ်အယူအဆ မရှိဘူး။

Unknown said...

ဘာလို့များ ဝေ့လည်ကြောင်ပတ်ပြောချင်နေကြလည်းမသိဘူး။ ဒီဆောင်းပါးရဲ့ essence က လူထုဆင်းရဲတွင်းနက်နေတာ ဒေါ်စုကြောင့်လို့ပြောချင်နေတာမဟုတ်ဘူး။ ဒီ ကလိန်ခြုံအစိုးရက ကမ္ဘာကိုမျက်လှည့်ပြနေတယ်။ အဲ့ဒီထဲမှာ ဒေါ်စုက ကိုယ့်အကွက်နဲ့ကိုယ် ကစားနေတယ်။ အဲ ဘာပဲပြောပြောလောလောဆယ်မှာတော့ ဒေါ်စုက မျက်လှည့်ပွဲ အစီအစဉ်ထဲမှာပါဝင်ပေးနေရတယ်။ ဒီအချိန်မှာ လူထုက ဆင်းရဲနေပြီး၊ အရင်ဗိုလ်ချုပ်ပြုတ် အဟောင်းအသစ်တွေ ပက်သက်ရာတွေက ချမ်းသာနေတယ်။ သူပေးချင်တဲ့ message က ဒါပဲ၊ ရှင်းမှရှင်း။ ဒါကို ဟိုနိုင်ငံမှာလည်း ဆင်းရဲနေတယ်၊ ဒီနိုင်ငံမှာလည်း ဆင်းရဲနေတယ်နဲ့ excuse ပေးနေတယ်။ ရိုးသားကြစမ်းပါ။
အမေရိကားမှာဆင်းရဲတယ်ဆိုလို့ ကိုယ်တွေ့လေးပြောလိုက်ပါဦးမယ်။ သူတို့ဆီမှာ ဆင်းရဲတဲ့လူရှိတာမှန်တယ်၊ ဒါပေမယ့်ဆင်းရဲတဲ့လူက မက်ဒေါ်နယ် အမဲသားပြားကြီးပါတဲ့ ဘာဂါ ကိုက်နိုင်သေးတယ်ခင်ဗျ။ မြန်မာပြည်မှာ ဆင်းရဲသား ကိုက်စရာဆိုလို့ မြက်တောင်သိပ်မရှိလောက်ဖူး။ နောက် သူတို့ဆင်းရဲသားက လူနည်းစု၊ လူများစု က working class၊ သူတို့က မချမ်းသာပေမယ့် မဆင်းရဲဘူး။ စားနိုင်သောက်နိုင် ခရီးထွက်နိုင်တယ်။ မြန်မာပြည် working class က သူတို့ဆီက ဆင်းရဲသားနဲ့ အဆင့်တူတယ်။ ခရီးမထွက်နိုင်ဘူး၊ ကလေးတွေ အဆင့်အတန်းမြင့်တဲ့ပညာရေးမပေးနိုင်ဘူး၊ ဆေးကောင်းကောင်းမကုနိုင်ဘူး။ အမေရိကန် မှာ ကျန်းမာရေးစောင့်ရှောက်မှုမကောင်းသေးဘူးဆိုပြီး သမတကသာပြင်ဖို့လုပ်နေတာ၊ သာမန်လက်လုပ်လက်စား ကင်ဆာဖြစ်တာ ၁၆ နှစ်လောက်ရှိပြီ မသေသေးဘူးခင်ဗျ၊ မြန်မာပြည်မှာ တော်ရုံတန်ရုံလူ ကင်ဆာဖြစ်ကြည့်ပါလား၊ လူမသေသေးခင် ရှိတာ အကုန်ပြောင်ထွက်သွားမယ်။ ဒါတွေကို ဒီနှစ်ပိုင်းလေး အတွင်းမှာ မဖြေရှင်းနိုင်တာသိပါတယ်။ ဒါပေမယ့် အခုဟာက ကိုယ့်လူတွေ ဒါတွေကို အလေးထားရကောင်းမှန်းမသိဘူး။ မျက်လှည့်ပြဖို့လောက် နောင်ရေးစိတ်အေးအောင် အကွက်ချဖို့လောက် အားသန်နေကြတယ်။
အမေရိကန် ဆင်းရဲသားနဲ့ မြန်မာ ဆင်းရဲသား ယှဉ်တာကတော့ ကြက်ကြက်ချင်း ယှဉ်တယ်လို့မမြင်ဘူးဗျို့၊ ငှက်ကုလားအုပ်နဲ့ ကြက်နဲ့ ယှဉ်တယ်လို့ပဲမြင်မိတယ် ဟီး၊၊၊၊၊

Unknown said...

နိုင်ငံရေးဆိုတာ လက်တွေလုပ်တဲ့သူတွေအတွက်ခက်ခဲပါ
တယ် ဘေးကထိုင်ပြောနေတာလောက်တော့မလွယ်ဘူး
ပေါ့ ဒေါအောင်ဆန်စုကြည်လဲ သူအိုင်ဒီယာနဲ့သူတော့ရှိမှာ
ပါ။

shwe wei said...

ဟား..ဟား သနားစရာကောင်းလိုက်တာ။
နိင်ငံရေး စာပေသမိုင်း မသိဘဲနဲ့ မရေးပါနဲ့
ငခွေးရယ်.....