Wednesday, October 31, 2012

ရေပေါ် အရုပ်ရေးသလိုဖြစ်နေတဲ့ ပြည်တွင်းငြိမ်းချမ်းရေးကြိုးပမ်းမှု

ရေပေါ် အရုပ်ရေးသလိုဖြစ်နေတဲ့ ပြည်တွင်းငြိမ်းချမ်းရေးကြိုးပမ်းမှု
ဒေါက်တာလွဏ်းဆွေ

“စစ်အာဏာရှင်စနစ်ကို အမြစ်ကျွတ်အောင် မချွတ်နိုင်သေးဘဲ ပြည်တွင်းငြိမ်းချမ်းရေးနဲ့ တရားဥပေဒစိုးမိုးရေးကို ကြိုးပမ်းနေမှုတွေဟာ ရေပေါ် အရုပ်ရေးသလို အချည်းနှီး ဆောင်ရွက်မှုတွေသာ ဖြစ်ပါလိမ့်မယ်။”

ပြည်တွင်းငြိမ်းချမ်းရေးကို အမှန်တကယ် လိုလားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အင်အားစုတွေအနေနဲ့ အပစ်အခတ်ရပ်စဲရေးကနေ စစ်မှန်တဲ့ နိုင်ငံရေးဆွေးနွေးပွဲတွေအထိ တက်လှမ်းလိုတယ်ဆိုရင် စစ်အာဏာရှင်တွေ ကြိုးကိုင်ထားဆဲ မြန်မာစစ်တပ်ကို အရပ်သားအစိုးရစစ်စစ်တရပ်ရဲ့ အုပ်ချုပ်မှုအောက် အရောက်ပို့နိုင်ရေး ပြည်သူနဲ့အတူ အရင်ကြိုးပမ်းကြဖို့ လိုပါတယ်။ အလုံးစုံသော အာဏာပါဝါရှိတဲ့ အရပ်သားအစိုးရရဲ့ ငြိမ်းချမ်းရေးကြိုးပမ်းမှုနဲ့မှသာ စစ်မှန်တဲ့ နိုင်ငံရေးဆွေးနွေးပွဲတွေ ဖြစ်ပေါ်လာနိုင်မှာ ဖြစ်ပါတယ်။

အခုလို မြန်မာစစ်တပ်က အာဏာရှင်တစုရဲ့ ကြိုးကိုင်မှုအောက်မှာ ရှိနေဆဲဖြစ်ပြီး ရုပ်သေးသမ္မတက စစ်တပ်အပေါ် အာဏာသက်ရောက်မှုမရှိတဲ့ အချိန်အခါမျိုးမှာ ဦးအောင်မင်း ဦးဆောင်တဲ့ ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့နဲ့ ဆွေးနွေးနေလို့ကတော့ အပစ်ရပ်ထားရင်လည်း ရပ်ထားတာပဲရှိမယ်။ စစ်မှန်တဲ့ နိုင်ငံရေးဆွေးနွေးပွဲတွေ ဖြစ်ပေါ်လာတဲ့အဆင့်အထိ ရောက်ရှိလာနိုင်မှာမဟုတ်ဘဲ ကြံ့ဖွံ့စစ်အုပ်စုရဲ့ အချိန်ဆွဲ မက်လုံးပေး ဖြိုခွဲမှု နည်းဗျူဟာအောက်မှာ အခန့်မသင့်ရင် အဖွဲ့အစည်းအတွင်း ရှိရင်းစွဲ ညီညွတ်မှုတွေ ပြိုကွဲသွားနိုင်သလို ညီညွတ်ရေး မပြိုကွဲရင်လည်း သာရင်သာသလို၊ အကျိုးစီးပွားပေါ်လာရင်ပေါ်လာသလို ကတိက၀တ် ချိုးဖောက်တတ်မြဲဖြစ်တဲ့ အာဏာရှင်တွေ ကြိုးကိုင်ထားဆဲ စစ်တပ်နဲ့ တိုက်ပွဲပြန်ဖြစ်ဖို့ပဲ ရှိပါတယ်။ ပြည်တွင်းငြိမ်းချမ်းရေးကတော့ ဝေလာဝေးလို့ပဲ ဆိုရပါမယ်။ ဘာဖြစ်လို့လဲဆိုတော့ …

ပထမအချက်က … ကြံ့ဖွံ့စစ်အုပ်စုဘက်က အပစ်အခတ်ရပ်စဲရေး လုပ်တဲ့ ရည်မှန်းချက်နဲ့ တိုင်းရင်းသားလက်နက်ကိုင်အင်အားစုတွေဘက်က အပစ်အခတ်ရပ်စဲရေး လုပ်တဲ့ ရည်မှန်းချက်တွေက ဖီလာဆန့်ကျင်နေတာကြောင့်ဖြစ်ပါတယ်။

တိုင်းရင်းသားလက်နက်ကိုင်အင်အားစုတွေရဲ့ ရည်မှန်းချက်က အပစ်အခတ်ရပ်စဲရေးကနေ စစ်မှန်တဲ့ နိုင်ငံရေးဆွေးနွေးပွဲအထိ တက်လှမ်းပြီး ၂၀၀၈ အခြေခံဥပေဒ ပြင်ဆင်ရေး၊ ပြည်ထောင်စုတပ်မတော် စနစ်တကျ ဖွဲ့စည်းရေးနဲ့ တန်းတူညီမျှ အခွင့်အရေးရတဲ့ စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးဖြစ်ပြီး ကြံ့ဖွံ့စစ်အုပ်စုရဲ့ ရည်မှန်းချက်က အပစ်ရပ်အဖွဲ့တွေကို နိုင်ငံရေးပါတီ ထူထောင်စေပြီး ၂၀၀၈ အခြေခံဥပေဒအောက်ကို ဒူးထောက်အညံ့ခံစေရေးနဲ့ လက်နက်ကိုင်တပ်ဖွဲ့ဝင်တွေကို အာဏာရှင်တွေ ကြိုးကိုင်ထားတဲ့ မြန်မာစစ်တပ်အောက်ကို နယ်ခြားစောင့်တပ်အသွင်လို ပုံစံတမျိုးမျိုးနဲ့ သွတ်သွင်းပြီး ဒီမိုကရေစီမျက်နှာဖုံးစွပ်ထားတဲ့ အာဏာရှင်စနစ်သစ်ကို ထူထောင်ရေးဖြစ်နေတာကြောင့် ရည်မှန်းချက်ချင်း ဖီလာဆန့်ကျင်နေတာဖြစ်ပါတယ်။

ဒုတိယအချက်က … ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေမှာ အောင်မြင်မှုယူနိုင်သယောင်ယောင် သတင်းကြီးနေတဲ့ ဦးအောင်မင်းဟာ အဆုံးအဖြတ်ပေးနိုင်တဲ့ အခွင့်အာဏာရှိသူ မဟုတ်တာကြောင့် ဖြစ်ပါတယ်။

ကြံ့ဖွံ့ရုပ်သေးအစိုးရရဲ့ ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့ကို အဓိက ဦးဆောင်တဲ့ ဦးအောင်မင်းဟာ ကြံ့ဖွံ့စစ်အုပ်စုရဲ့ အဆုံးအဖြတ်ပေးနိုင်တဲ့ အခွင့်အာဏာရရှိထားသူ မဟုတ်ဘဲ ကြံ့ဖွံ့စစ်အုပ်စုရဲ့ ကြိုးဆွဲသမ္မတ ဦးသိန်းစိန်ရဲ့ လူယုံ (ပွဲစား) အဆင့်လောက်သာရှိလို့ သူ့ရဲ့ ငြိမ်းချမ်းရေးကြိုးပမ်းမှုဟာ တိုင်းရင်းသားအင်အားစုတွေ လိုလားတဲ့ စစ်မှန်တဲ့ နိုင်ငံရေးဆွေးနွေးပွဲအဆင့်အထိ မရောက်နိုင်မှာ လုံးဝသေချာနေတာ ဖြစ်ပါတယ်။ ကြံ့ဖွံ့အစိုးရနောက်ကွယ်က စစ်အာဏာရှင်တွေရဲ့ ချောင်ထိုးမှုကို ဦးအောင်သောင်း ခံခဲ့ရသလို ကချင်နဲ့ ဆွေးနွေးပွဲ ထူးခြားမလာရင် (လွယ်လွယ်နဲ့လည်း ထူးခြားဖို့မရှိ) ဦးအောင်မင်းလည်း အချိန်မရွေး ချောင်ထိုးခံရနိုင်တာပါပဲ။ အဲသလို ချောင်ထိုးခံရရင် မူဝါဒ တိတိကျကျမရှိတဲ့ ကြံ့ဖွံ့အစိုးရငြိမ်းချမ်းရေးအဖွဲ့နဲ့ ဆွေးနွေးထားတဲ့ ရလဒ်တွေ တမဟုတ်ချင်း ရေစုန်မျောပြီး မြောင်းထဲရောက်သွားမှာ ဖြစ်ပါတယ်။ ဦးအောင်မင်းအနေနဲ့ အလွန်ဆုံး ကြိုးပမ်းပေးနိုင်မှာနဲ့ ကြိုးပမ်းခွင့်ရှိမှာက ယာယီ အပစ်အခတ်ရပ်စဲရေး ရရှိရုံလောက်ပဲဖြစ်ပါတယ်။ နိုင်ငံရေးအရ အကြေအလည် ဆွေးနွေးဖို့ကို နောက်ကွယ်က ဆရာကြီးတွေက အမှန်တကယ် ဆန္ဒမရှိတာကြောင့် အဲဒီကိစ္စအတွက် ဦးအောင်မင်း ဘာမှ တတ်နိုင်မှာမဟုတ်တာ အသေအချာပါ။

ဦးအောင်မင်းမှ မဟုတ်ပါဘူး။ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေကို ကာချုပ်မင်းအောင်လှိုင် ကိုယ်တိုင်လိုက်ပါခဲ့ရင်တောင် အမှန်တကယ် အဆုံးအဖြတ်ပေးနိုင် မပေးနိုင်ဆိုတာ မသေချာမရေရာတဲ့ကိစ္စပါ။ ကြံ့ဖွံ့စစ်အုပ်စုဘက်မှာက ငြိမ်းချမ်းရေးဆွေးနွေးပွဲနဲ့ ပတ်သက်ပြီး တိကျရေရာတဲ့ မူဝါဒမရှိဘဲ နောက်ကွယ်က ကြိုးကိုင်နေတဲ့ ဆရာကြီးတွေက အခြေအနေအရ မီးစင်ကြည့်ကတဲ့ မူဝါဒကို ကျင့်သုံးနေလို့ပါ။ လတ်တလောအနေအထားမှာ နောက်ကွယ်က ဆရာကြီးတွေ မျှော်လင့်ထားပုံက အပစ်အခတ်ရပ်ထားနိုင်တဲ့ လက်နက်ကိုင်အင်အားစုတွေကို ၂၀၀၈ အခြေခံဥပေဒအောက် ၀င်ရောက်ရေး မစည်းရုံးနိုင်သေးရင်တောင် အပစ်အခတ်ရပ်စဲနိုင်တာလောက်ကို ပြည်တွင်းငြိမ်းချမ်းရေးရပြီလို့ နိုင်ငံတကာကို ပြပြီး အမြတ်ထုတ် လုပ်စားရေး ဖြစ်ပါတယ်။ အခုအချိန်မှာ အဲသလို ပြစားပြီး အမြတ်ထုတ်ဖို့ ကချင်ကိစ္စက သူတို့အတွက် ဖင်ကြားခဲခုဖြစ်နေတာပါ။

စစ်မှန်တဲ့ နိုင်ငံရေးဆွေးနွေးပွဲတွေဆီ တက်လှမ်းရေးမှာ အဲဒီလိုအနေအထားတွေ ဖြစ်တည်နေတာကြောင့် တိုင်းရင်းသားလက်နက်ကိုင်အင်အားစုတွေအနေနဲ့ ယာယီအပစ်အခတ်ရပ်စဲထားရုံ ရှေ့မတိုးနောက်မဆုတ် အနေအထားလောက်မှာ ငုတ်တုတ်မေ့နေရတာထက်စာရင် စစ်အာဏာရှင်တွေကို ပြိုင်တူဖိအားပေးနိုင်ဖို့ ကြိုးပမ်းတာက စစ်မှန်တဲ့ နိုင်ငံရေးဆွေးနွေးပွဲဆီ ရောက်ရှိဖို့ ဖြစ်နိုင်ခြေပိုရှိမှာဖြစ်ပါတယ်။ ပြိုင်တူဖိအားပေးဖို့ မကြိုးစားဘဲ အာဖရိက မြင်းကျားတွေလို တကောင် အဆွဲခံရချိန်မှာ ကျန်တဲ့အကောင်တွေ မြက်စားမပျက်သလိုမျိုး ပြုမူကျင့်ကြံနေရင်တော့ ကြာလာတာနဲ့အမျှ စစ်အာဏာရှင်ရဲ့အစွယ်သစ်က အင်အားစုတစုချင်းစီရဲ့ ဂုတ်ပိုးပေါ် လာခဲတာကို အလှည့်ကျ ပြန်ခံရဦးမှာ အသေအချာပဲဖြစ်ပါတယ်။

“စစ်အာဏာရှင်စနစ်ကို အမြစ်ကျွတ်အောင် မချွတ်နိုင်သေးဘဲ ပြည်တွင်းငြိမ်းချမ်းရေးနဲ့ တရားဥပေဒစိုးမိုးရေးကို ကြိုးပမ်းနေမှုတွေဟာ ရေပေါ် အရုပ်ရေးသလို အချည်းနှီး ဆောင်ရွက်မှုတွေသာ ဖြစ်ပါလိမ့်မယ်။”

အားလုံးသို့ လေးစားစွာဖြင့် …
ဒေါက်တာလွဏ်းဆွေ
နံနက် ၁း၁၅ နာရီ
၃၁-၁၀-၂၀၁၂

27 comments:

Unknown said...

သိတ်ကိုမှန်ကန်တဲ့ထောက်ပြရေးသားချက်မို့ 
ကောင်းမွန်သလိုကြိုက်လည်းကြိုက်ပါတယ်။.....
တကယ်တော့စစ်အစိုးရဟာတိုင်းရင်းသားလူမျိုးစုလက်
နက်ကိုင်တွေနဲ့ ဒီမိုကရေစီအင်အားစုတွေကို၂၀၀၈
အခြေခံဥပဒေအောက်ကိုမရောက်ရောက်အောင်အနု
နည်းနဲ့ သိမ်းကြုံးသွင်းနေတာပဲဖြစ်ပါတယ်။...
အစကောင်းမှအနှောင်းသေချာမှာဖြစ်သလို..မူမမှန်တဲ့အစပိုင်းလောက်မှာပဲတင်းတိမ်ရောင့်ရဲနေမယ်ဆို
ရင်တော့ အနှောင်းဘ၀မှာ လူလုံးမလှတဲ့ဘ၀တွေ
နဲ့ ယူကြုံးမရဖြစ်ကြရဦးမှာပေါ့.....

kz said...

အဲဒီလောက်တောင် လက်တွဲခေါ် ငြိမ်းချမ်းရေးဆွေးနွေးလို့မရရင် လဲ
မြန်မာစစ်တပ်နဲ့သူပုန်တွေအ သေအ ကြေ ရေကုန်ရေခန်းတိုက်ကြ
ကွာ မငိုကြေးနော်

Anonymous said...

အရင် အခါတွေက တပ်တွေနေရာချရေး တပ်တွေဆုတ်ပေးရေးတွေဆွေး
နွေးဘို့မြန်မာစစ်တပ်ကအမိန့်ပေးနိုင် တဲ့သူတွေမပါလို့ဆိုပီးကေ အိုင် အိုဘက်ကအမြဲတောင်းဆိုခဲ့တယ် အခုစစ်တပ်က တိုင်းမှုးတွေ ဝန်ကြီးတွေ
နဲ့အတူ ကထစမူးကိုယ်တိုင် တက်မယ့်စာရင်းကိုအ စောကြီးထဲက ပေးထါး
ပါရက်နဲ့ ဂမ်ရှောင် နဲ့ဂွန်မော်ကဘာဖြစ်လို့မတက်တာလဲ ဆင်ဖြူမျက်နှာဆင် မဲမကြည့်ရဲလို့လား ငြိမ်းချမ်းရေးမလိုခြင် လို့လား သူပုန်ထစားလို့မဝ သေးလို့လား

saw kt oo said...

ကေအိုင် အို က ဂွန်မော်ဆွေးနွေးပွဲမတက်နိုင် တာတိုက်ပွဲတွေဖြစ်နေလို့ အမိန့်ပေး
နေရလို့ဆိုပီးအ ကြောင်းပြတယ် ဒါဆိုအရင်ဆွေးနွေးပွဲတွေတုန်း
ကလဲတိုက်နေကြတာဘဲဘာလို့တက်နိုင် ခဲ့လဲ
အခုဆွေးနွေးပွဲတက်နေတဲ့အစိုးရစစ်တိုင်းမှုးတွေလဲအမိန့်ပေးရတဲ့သူတွေဘဲလေ သူတို့ဘာလို့လာနိုင် ပီး ဂွန်မော်ကဘာလို့မတက်နိုင်ရတာလဲ

win said...

KIA'KIOဆိုတာ အဒါသာကြည့်တော့
လက်တွေ့ စစ်မှန်တဲ့ ငြိမ်ချမ်းရေ ဆွေးနွေးမယ်ဆိုတော့
ဟိုရှောင်ဒီရှောင် ဟိုအကြောင်းပြ ဒီအကြောင်းပြနဲ့။
မြန်မာနိုင်ငံဟာ လူမျိုးပေါင်း(၁၃၅)မျိုးရှိတာ။
ကချင်တစ်မျိုးတည်း ကြည့ို့မရဘူး။ချတာချကြတော့ကွာ။
ကချင်ဆိုတာ ဘို့တစ်ဘို့  တည်းကြည့်တတ်တဲ့ မျိုးနွယ်ဆိုတာ အခုမှသဘောပေါက်တော့တယ်။

ကေါင်းကေါင်း said...

စစ်တပ်လည်းအလကါးဘဲ. ကချင်တပ်ကလည်း ကချင်လူထု အတွက်မဟုတ်ဘူး. ဘယ်ဘက်မှကေါင်းတာမဟုတ်ဘူး

khunnauglwin said...

သိန်းစိန်ရဲ့လူယုံတော် ကိုအောင်မင်းရေ.....အပြောကတော့
မိုးပေါ်အထက်ကို ရောက်နေပြီး.....အခုငြိမ်းချမ်းရေး ငြိမ်းချမ်းရေးနဲ့ ပြောင်းလဲမှုလုပ်နေတာ ....ဒုက္ခသည်တွေ
တိုးတစ်ထက်တိုးလာတာ အဲဒါငြိမ်းချမ်းရေးတဲ့လား......

Unknown said...

Right

Uncle Chan's အမလ said...

အပေါ်ကဆရာသမားတချို့ လူမိုက်စကားတွေပြောလချီလာ ရေကုန်ရေခန်းတိုက်တို့ မငိုကြေးတို့။ ရှေ့တန်းမှာ စစ်ပွဲဝင်နေရတဲ့ နှစ်ဖက်စလုံးက စစ်သားတွေက မင်းတို့အဖေတွေများမှတ်နေလာ။ စစ်ပြေးဒုက္ခသည်တွေ ဘာမှန်းမသိ တိုက်ခိုင်းလို့သာ တိုက်နေရတဲ့ ရဲဘော်ငယ်တွေ ကို မင်းတို့ ညီအကို ဆွေမျိုးသားချင်းဆိုတဲ့ ကိုချင်းစာစိတ်လေး ထားကြည့်စမ်း မင်းတို့အဲလေသံမျိုးထွက်နိုင်မလား။ ဂမ်ရှောင် နဲ့ဂွန်မော် ကိုဆွေးနွေးပွဲတက်စေချင်ရင် မင်းတို့အဖေ သန်းရွှေကို ပါ ရွှေလီကိုလွှတ်လိုက်။

UShinGyi said...

ဆင်ဖြူမျက်နှာ ဆင်မဲမကြည့်ရဲတာမဟုတ်
ဘူးဟေ့ wut mon ဆိုတဲ့ စစ်နွားရ။
ကလိမ်ကကျစ် သူတောင်းစားမျက်နှာတွေကို
တွေ့ရင် တတွေးနဲ့ထွေးမိမှာဆိုးလို့
မကြည့်ချင်တာကွ သိလာ ။

ညီသန့်ရှင်း said...

ဟုတ်လဲဟုတ်ပါရဲ့ ဟာ ဟာ ...ကိုလွဏ်းဆွေ တင်ထားတဲ့ ဦးအောင်မင်းပုံကိုလဲ ကြည့်ပါအုံး
ရုပ်ရှင်တွေထဲက ကလိမ်ကကျစ် ဗီလိန်ရုပ်မျိုးကြီးနဲ့။

Mg said...

ဒေါင် ဒင် ဒေါင်..... ဒေါင် ဒင် ဒေါင်...
စောင်းတီးနေသော အသံဖြစ်ပါတယ် တီးနေတာက ကျွဲအနားမှာပါ။

ဗမာနိုင်ငံရေးသမားတွေအသုံးမကျလို့ စစ်တပ်နဲ့ စစ်ဗိုလ်တွေက ချယ်လှယ်နေတာပါ။

တကယ်စစ်တပ်က ကြောက်တာ လူငယ်ကျောင်းသားတွေကိုပါ။ ဒေါ်စုတို့ ၈၈တို့ တိုင်းရင်းသားတို့ကို စစ်ဗိုလ်တွေက စာရင်းထဲတောင်မထဲ့ပါ။

ဒါကြောင့်နိုင်ငံရေးနားမလည်တဲ့ စစ်ဗိုလ်တွေ လုပ်ချင်သလိုလုပ်နေတာပါ။ အရပ်စကားနဲ့ပြောရင် စစ်ဗိုလ်တွေက အားလုံးကို ဘောဘဲထင်တယ်လို့ပြောနေ ပြနေတာပါ။ မသိကြသေးရင်တော့ ကုန်းပြီးသာ ဆက်ခံကြပေတော့။ ပြည်သူတွေကတော့ ပက်လက်ကော မှောက်ခုံကော မျိုးစုံအောင် ခံနေဆဲပါ။

အရာထင်အောင် လုပ်ဘို့ နိုင်ငံရေးသမားတွေ ကြိုးစားသင့်ပါတယ်။ ရေသာမှာ လှေကြုံစီးဘို.ချည်း မကြံကြပါနဲ့။

မိန်းမတယောက်တည်းကိုလည်း အားကိုးမနေကြဘို့ လည်းလိုပါတယ်

Unknown said...

မှန်တယ်၊မင်းပြောတာမှန်တယ်ညီလေး၊ ဘယ်သူတွေဘာပြောပြောကိုယ့်အလုပ်ကိုဆက်လုပ်ပါ

KKK said...

I do hope that KIA and KIO will learn lesson from KNU. Look at what had happened to KNU.

KKK said...

All of these peace process guys are lying. I hope KIA and KIO will not listen these guys.

Unknown said...

တကယ်တော့မင်းက နိုင် ငံရေးသမားမှမဟုတ်သလို စာနယ်ဇင်းသမားလည်းမစစ်ပြန်ဘူး၊ သေချာတာက တော့မင်းရဲ့လက် ရှိ ရပ်တည်နေ ထိုင် ဆက်သွယ်မှုတွေနဲ့ မင်းရဲ့ဝေဖန်ရေးအာဘော်တွေက တစ်လမ်းစီဖြစ်နေတာ အံ့သြစရာပါ၊ မသိနားမလည်တဲ့ စာဖတ်သူက တော့စိတ်လှုပ် ရှားမှုဖြစ်ပေမယ့် အများစုက တော့မင်းအ ကြောင်းသိနေလို့ ဖတ်လို့ကောင်းပါတယ်၊ ဆက်ရေးပါအုံး

Unknown said...

မှန်တယ်၊ပြည်သူတွေဘယ်လောက်ဝမ်းသာလိမ့်မလဲ၊ဒီနေ့ပဲ ဘီးလင်းမှာ တပ်မဟာ ၁ ရယ်၊တပ်မ၄၄ ရယ်၊ရုပ် ရှင် အစည်းရုံးရယ် ဘောလုံးကန်ကြမယ်

Anonymous said...

အမှန်မှာ ဂန်ရှောင်နဲ့ ဂွန်မော်တို့ကိုတွေ့ဘို့အစိုးရစစ်တပ်
ဘက်က ဒုတပ်ကြပ် အဆင့်လောက်ကိုဘဲလွှတ်ပေးရမှာ
အဆင့်တူဆွေးနွေးနိုင်အောင်လို့ပါ

Anonymous said...


ခက်တာက ငါတို့တပ်မတော်ထဲမှာ အရည်အချင်းရှိ ဒုတပ်ကြပ်တယောက်လောက်မှ အဆင့်မရှိတဲ့ ဓားပြတွေအုပ်ချုပ်နေတော့ မင်းပြောတဲ့ ဒုတပ်ကြပ် အဆင့်ဆိုတာ ငါတို့ အဘသန်းရွှေကိုပြောတာလဲ ငါတူရ။

kyaw naing said...

ညီအကိုကချင်တို့ရယ်ရွေပြည်အေးတရားသွားနားမယောင်
နဲ့။ဗမာဓားပြတပ်မတော်ဆိုတာကလိမ်ကကျစ်နဲ့အပြောဘမ်း
ပြလုပ်စားနေတာ။တိုင်းရင်းသားတပ်တွေကိုစုစည်းပြီးဝိုင်း
လို့သာဖြိုတိုက်ကြပါ။ကျနော်တို့ကလည်းတပ်မိသားစုဝင်
တွေကိုအသေခံဗုံးခွဲပေဖို့ဝန်မလေးဘူးဗျို့။ရန်ကုန်၊နေပူပြင်
ခေါ်နေပြည်တော်ကိုလည်းဝိုင်းပြီးဗုံးခွဲကြပါ။လက်အောက်
ငယ်သားတွေကိုတော့မညှာမတာတိုက်ပွဲတွေဆက်တိုက်
တိုက်ခိုင်းပြီးသူတို့ကအိမ်ထဲပေါင်လှုပ်နေတဲ့အခြောက်မ
တွေ၊သူတို့ကိုအေးအေးဆေးဆေးအိမ်ထဲနေလို့မရအောင်
အကွက်ကျကျဖန်းတီးကြပါ။ပြီးမှသူတို့လည်းစစ်ပွဲဒဏ်
ကိုနားလည်မှာ။ဝိုင်းတိုက်ကြပါ။ကိုယ့်ပြည်ကိုယ့်လူမျိုး
ကိုကာကွယ်ဖို့တိုက်တဲ့စစ်အချိန်မရွေးတရားတယ်။သူတို့
လို့ကုလားဖင်ခံတွေမဟုတ်ရင်ပြီးရော။ကုလားကို
ကိုယ့်ပါတီထဲထည့်ပြီး၊ဖင်ယက်ချင်တဲ့ဘာသာပျောက်
အစိုးရ။တိုက်ဲကကွာ

မောင်ပြောချင် said...

why do u remove my comment.?just want to advise only n don't want to listen the idea of different point of view.if u r man,publish my comment back.otherwise u r the huge liar n shouted loudly for your survival

ct said...

ကိုယ့်လူမျိုးကို မသနားရင် ဆက်တိုက်ပေါ့ kia ။ သူပုန်ရှိလို့ တိုင်ပြည်မတိုးတက်ဖူး ဆိုပေမဲ့ တိုက်ပွဲဖြစ်တဲ့ နေရာကလူတွေ အဆိုးဆုံး ခံစားရမှပါ အခြားတိုင်းရင်းသားတွေတောင် ဖြစ်နိုင်ရင် နင်တို့ကဘာဖြစ်လို့ မရတာလဲ

mukchyit said...

KIA is fighting for Kachin people's right. Ask every Kachin " Fighting" or "NO Fighting". They will answer " Fight". It's really worth to be dead than living under Burmese Military Soldiers. You don't understand because you haven't felt in your life.There is Raping, Lacking Education & Health, no human right since the Burmese government ruled our Kachin state. Not because of the war but the discrimination upon Kachin people by the government. So pls don't write any command if you guys don't really really understand about KIA. Why Thein Sein Goverment is taking so long to take action with KIO/KIA? Do you think they are mercy on KIA. If the government think they are rigth. Go on do something. Judge KIA. But they can't do. Because KIA has right to make the war and to discus politics. It's the right!

Anonymous said...

ct ဆိုတဲကောင်ရေသူပုန်ရှိလို့ တိုင်းပြည်မတိုးတက်တာ မဟုတ်ဘူး စစ်သားငနွားတွေ အုပ်ချုပ်နေလို့ တိုင်းပြည်မတိုးတက်တာ ရှင်းလာ။ မင်းကတော့ စစ်ခွေးတကောင်ကောင်ပဲနေမှာ။ အဲဒီစစ်သားဆိုတဲ့ လူစိတ်မရှိတဲ့ အကောင်တွေက တရွာဝင်တရွာထွက် သူများပစ္စည်းကို ဓါးပြလိုတိုက်ယူ မပေးရင်သတ် ၊ သူများ သားပျိုး သမီးပျို ဖျက်စီး လူတကာကို မတရားအနိုင်ကျင့် ဒါတွေကြောင့် သူပုန်ဆိုတာ ဖြစ်လာတာကွ။ အလကားနေရင်း သူပုန်ဆိုတာဖြစ်လာတာမဟုတ်ဘူး။တခြားတိုင်းရင်းသားတွေတောင်ဖြစ်နိုင်ရင်
နင်တို့ကဘာလို့မဖြစ်နိုင်ရမှာလဲ ဆိုရအောင် မင်း
တို့ကောင်တွေကကော ဘာမို့လို့လဲ။ မင်းတို့ပြောတိုင်း
ငါတို့ကလိုက်လုပ်ရမလား။ မမျှော်နဲ့ သားကြီးရေ ဘောပဲရမယ်။ မင်းတို့ကလက်နက်ချဆိုတိုင်းချရအောင် KIA ကိုမင်းကဘာထင်နေတာလဲ ဟေ့ရောင်။ KIA စစ်သားတွေဆိုတာ မင်းတို့စစ်တပ်လို ဂလေဂချေ ကလိမ်ကကျစ် သူတောင်းစား မုဒိမ်းကောင်တွေနဲ့ ဖွဲ့ထားတယ်မင်းမှတ်လို့လာ ဟေ့ကောင် ၊ ကို့လူမျိုး ကို့ဘုန်းကြီးတောင် မချန်ခွေးလိုနွားလိုရိုက်သတ်တဲ့ ခွေးမျိုးတွေကများ။ အဲဒီ သေနတ်မရှိတဲ့ ပြည်သူတွေ ခုခံကာကွယ်ဖို့မရှိတဲ့ ဘုန်းကြီးတွေကိုပဲ ခွေးတကောင်ကို ၀ိုင်းရိုက်သတ်သလို ရိုက်သတ်လို့ရမယ် လက်နက်ရှိတဲ့လူကျတော့ မင်းတို့ကောင်တွေ အဲလိုလုပ်ရဲသလား ဟမ်း .. အားနဲတဲ့လူတွေ ခုခံကာကွယ်ခြင်းမရှိတဲ့ လူတွေကိုပဲ သူရဲကောင်းကြီးတွေလို အထာမျိုးနဲ့ သတ်ဖြဟ်တတ်တာ မင်းတို့ တပ်မတော် ရဲ့ ဇ လာ အဲဒါကို ရဲရင့်သတ္တိရှိတယ်လို့ခေါ်တာလာ ဟာ..ဟာ..ီးပဲ.

fawfaw said...

ငြင်းခုံဆဲဆိုနေကြတာထက် လက်ရှိမှာ ကေအိုင်အေ ကိုစစ်တပ်နဲ့ ဦးအောင်မင်းတို့အဖွဲ့တွေဖယ်ထားပြီး ရှင်းနိုင်မယ်ဆိုလည်းကောင်းတာပဲ။ အရေးကြီးတာက ငါတို့ဒေသအေးချမ်းချင်ပြီ ဘယ်သူပဲဖြစ်ဖြစ် ဆဲတာ ------
ကိုရေနှူးနေကြတာပဲကြားနေရတယ်။ငါတို့ဒေသမှာလာပြီး ၀ိုင်းပြီး စစ်ပွဲရပ်ဖို့ဆန္ဒပြပေးကြပါ ရန်ကုန်မှာအော်နေလို့ငါတို့ကျေးဇူးမတင်ဘူး ငါတို့ဆီလာလုပ်မှငါတို့အတွက်ဖြစ်မှာပေါ့ဒို့ဒေသခံချည်းပဲတော့မလုပ်ရဲ
ဘူး။ ပြည်မကပါရင် စစ်တပ်ကော ကေအိုင်အေကော မသတ်ရဲဘူး ဖြစ်နိုင်ရင် အန်တီစုတို့ ကိုမင်းကိုနိုင်တို့ အဖွဲ့ စုံပါအောင်ခေါ်လာပေးကြပါ။ တစ်ခုပါပဲ လုပ်နိုင်ရင်ဝိုင်းလုပ်ပေး မလုပ်နိုင်ရင်လဲလုပ်နေတာတွေကိုတော့
အဝေးကနေပြီးပျက်အောင်တော့မလုပ်ကြပါနဲ့။ ဘယ်သူပဲလုပ်ပါစေ ငါတို့အတွက်မျှော်လင့်ချက်မို့ မဖျက်ကြပါနဲ့လို့ ကိုယ်တိုင်ခံစားနေကြရတဲ့ ငါတို့ဒေသခံတွေ
ကိုယ်စားပြောလိုပါတယ်။

Unknown said...

လူမျိုး တုံး စစ်ဆင် ရေး လုပ်နေတာ လား။မင်းတို့ စစ်တပ်

ကမသွား ရင်ဘာမှ မဖြစ် ဘူး။ကချင် လူထု ကို ဗမာ စစ်

တပ်ကချစ် တာ ကချင် မျိုးချစ် တပ်မ တော် ထက် မပို ပါ

ဘူး။

Unknown said...

KIAကသူ့ ဖါသာသူနေနေတာမင်းတို့ တပ်မတော်က နယ်ကျူးလို့စစ်ဖြစ်၇တာ တိုင်းပြည်ကိုကာကွယ်၇အောင်သွ့ားတိုက်၇ျအောင်တိုင်း၇င်းသ့ားအချင်းချင်းဘဲမင်းတို့တပ်ပြန်ဆုတ်လိုက်လေစစ်ဖြစ်စ၇ာမ၇ှိတော့ဘူးAll burmese army are liar