ဖျာစုတ် ဖျာဆွေးကြီးတချပ်ကို ဆွဲလှပ်လိုက်သလို ...
ဒေါက်တာလွဏ်းဆွေ
လက်ရှိ မြန်မာနိုင်ငံရဲ့ အနေအထားက နှစ်ပေါ် ၅၀ ကျော် မိုးထဲ ရေထဲ လေထဲမှာ မြေကြီးပေါ် ပစ်ထားခံခဲ့ရတဲ့ ဖျာစုတ် ဖျာဆွေးကြီးတချပ်ကို ဆွဲလှပ်လိုက်သလိုပါပဲ။ လှပ် လှပ်ချင်း ဖျာစုတ် ဖျာဆွေးကြီး ဖိထားတဲ့အောက်က ပိုးမွှားပေါင်းစုံ ဝေါကနဲ တိုးထွက်လာသလို နှစ်ပေါင်း ၅၀ ကျော်ကြာ စစ်အာဏာရှင်စနစ်ဆိုးနှစ်ဆက်အာက်မှာ ဖိနှိပ်ခံထားခဲ့ရတဲ့ ပြဿနာတွေ တမဟုတ်ချင်း ကြွထလာတဲ့ အခြေအနေပါပဲ။ တခုပြီး တခု ရှင်းလို့ကိုမနိုင်ဆိုတဲ့ အနေအထားပါပဲ။
ဒီအခြေအနေမှာ ဒီမိုကရေစီခေါင်းဆောင်ပိုင်းက ပုဂ္ဂိုလ်တွေရဲ့ အနေအထားကို ခန့်မှန်းရတာက ပြဿနာတခုချင်းကို လိုက်မရှင်းတော့ဘဲ (ပြဿနာတွေကို ကိုယ်နဲ့မဆိုင်သလို နေထိုင်ပြုမူရင်း) အာဏာပိုင်တွေ မငြိုငြင်အောင် ငြိမ်ငြိမ်လေးနေပြရင်း၊ အာဏာပိုင်နဲ့ ပူးပေါင်းဆောင်ရွက်ရင်း၊ ဘာမှန်းမသိ မရေရာ မသေချာတဲ့ ၂၀၁၅ ရွေးကောက်ပွဲ ဆိုတာကြီးကို မျှော်လင့်ရင်း အနိုင်ရလို့ ရှင်းနိုင်တဲ့ အနေအထားရောက်မှ ရှင်းမယ်ဆိုတဲ့ စိတ်ကူးယဉ်မှုမျိုးနဲ့ မတုန်မလှုပ် တေမိလုပ်ပြီး စခန်းသွားနေကြပုံရတယ်လို့ ယူဆမိတယ်။
ဒါပေမယ့် လက်ငင်းအခြေအနေမှာ နှစ် ၅၀ ကျော်ကြာ ဖြစ်တည်လာခဲ့တဲ့ ပြဿနာတွေရဲ့ ဖိစီးမှုအ၀၀ကို ကျောကော့အောင် ခံစားနေရတဲ့ ရဟန်းရှင်လူ ကျောင်းသား ပြည်သူကတော့ ပြဿနာတခုချင်းအလိုက် တောင်းဆိုတိုက်ပွဲဝင်ရင်း ဒီမိုကရေစီဘောင်ကို ရသလောက် တဆင့်ချင်း ချဲ့ထွင်သွားဖို့ တနေ့ပြီးတနေ့ တောင်းဆို တိုက်ပွဲဝင်နေကြတာကို တွေ့ရတယ်။
အဲဒီလို ခေါင်းဆောင်ပိုင်းနဲ့ ပြည်သူလူထုတွေရဲ့ တိုက်ပွဲဝင်မှုပုံစံ သိသိသာသာ ကွဲပြားခြားနားနေမှုဟာ ၂၀၁၅ ရောက်ဖို့ အချိန်ကာလအားဖြင့် ၃ နှစ်ကျော်ကြာ လိုနေသေးတဲ့ အချိန်ကာလအတွင်းမှာ အက်ရာတွေ ပိုပိုဟလာမလား၊ ဘာတွေဆက်ဖြစ်မလဲဆိုတာ ရင်ထိတ်စရာပါပဲ။
ခေါင်းဆောင်ပိုင်းကပုဂ္ဂိုလ်တွ စိတ်ကူးယဉ်သလို ဖျာစုတ် ဖျာဆွေးကြီကို တဖြေးဖြေးချင်း လှဲကျင်းသွားရင်း သန့်စင်အောင် လုပ်လို့ရနိုင်မလား၊ မီးရှို့ပစ်ပြီး အသစ်ခင်းကျင်းမှ အဆင်ပြေလေမလား ဆိုတာကတော့ လက်ငင်းအခြေအနေမှာ ဒုက္ခအ၀၀ကို ခါးစည်းခံနေရတဲ့ မြန်မာပြည်သူလူထု ဘယ်အချိန်ကာလအထိ ဆက်သည်းခံနိုင်မလဲဆိုတဲ့အပေါ် မူတည်မယ်လို့ ထင်မိရဲ့။
အားလုံးသို့ လေးစားစွာဖြင့် ...
ဒေါက်တာလွဏ်းဆွေ
နံနက် ၁း၅၂ နာရီ
၂၂-၁၀-၂၀၁၂











29 comments:
Yes, many kinds of troubles were appear in Burma since last 50 years ago with different forms.Political leaders were should not be intoxicated and satisy for the peoples.They need to stand up stright and stout front of the peoples.
This is correct parable!!!!!!!!!!
Does anyone want to deny for it ???????
NLD က ၂၀၁၅ မှာ ၉၈% အနိုင်ရအောင် ကြိုးစားနေပါတယ်။ ဒါက ဒေါ်အောင်ဆန်းစုကြည် အစီအစဉ်ပါ။ တိုင်းရင်းသားဒေသတွေကို မဲဝေစုပေးဖို့ အစီအစဉ်မရှိပါဘူး။ မဲဝေစုပေးရင် သူတို့ အစိုးရမဖွဲ့နိုင်မှာ စိုးတဲ့အတွက် တိုင်းရင်းသားပါတီတွေက ပြည်နယ်ဒေသတွေမှာ နေရာဝင်မယူဖို့ တင်ပြတဲ့အခါ ပယ်ချခဲ့ပါတယ်။
မဲဝေပုံချ၊ဝေစုခွဲတယ်ဆိုတာမောင်ရင်၊မယ်ရင် Free ကလေသံကြားတရားနာယောင်ယန်းပြောနေတာပါ။ NLD ကလည်းတစ်ခြားပါတီတွေလိုအတိုက်အခံပါတီသာဖြစ်တဲ့အတွက်ဘယ်လို ၉၈% အနိုင်ရအောင်လုပ်နိုင်မှာလဲ။ မောင်လွဏ်းဆွေကပြောတာလား။
တောင်မှန်း၊မြောက်မှန်းမသိထင်ရာလျှေက်ပြောနေကြတာ။
ဟုတ်ဟုတ်၊မဟုတ်ဟုတ် အကြောင်းအရာ တစ်ခုကို အရင် ကြားတယ်ဆိုရင် ကျေနပ်စရာပါ။ မှန် မမှန်ကတော့ တစ်ခုခုနဲ့  တိုက်ဆိုင် စစ်ဆေးရမှာပေါ့။
This a true story. i AGREE WITH DR LUNSWE.
ကျွန်တော် မြန်မာပြည်သား တစ်ယောက်အနေနဲ့ ခံစားမိတာပြောချင်တယ် ဦနေဝင်း ခေါင်းဆောင်ခဲ့တဲ့ အချိန်အခါမှာတုန်းကလည်း ပြည်သူများနှင့်တကွသယံဇာတအဆုံး နိမ့်ပါးကုန်ဆုံး ခဲ့ရတယ်၊၁၉၈၈ နောက်ပိုင်း တက်လာတဲ့ အစိုးရလက်ထက်မှာလည်း သယံဇာတအပြင် နိုင်ငံသား လူ့ စွမ်းအားအရင်းအမြစ်ပါ လျှော့ပါးနိမ့်ကျပြီးဒေသတွင်းနိုင်ငံတွေနောက်ရောက်ရပြန်တယ် မြန်မာပြည်မှာပေါက်ဖွားလူဖြစ်ခဲ့တဲ့လူထုလူတန်းစားအားလုံးသာယာဝပြောရေးအတွက်နောင်ဘယ်သောအခါမိုးမှ အထက်ကလို အစိုးရမိုးထက်တက်မလာစေလိုချင်ဘူး သမိုင်းရဲ့ တရားခံတွေ ဟုတ်မဟုတ်ဆိုတာတော့ မသိပါဘူး ပြည်သူလူထုအပေါ်တာဝန်မဲ့ခဲ့တာကတော့ ကမ္ဘာ ကျော်ပါ။
Lunswe ,You are always right.I always read your ideas.
What you think first,all are become true.
Dr Lwan
I like to give u my suggestions not to allow and express very rude comments again.never ever again.
The role of analysts on politics is really important for a progression to a democratic country.
Let us open our eyes and think freely, express freely and suggest freely on our leaders.
အမှန်ပြောရင်လူနဲ့မတည့်တဲ့..။အကန်းကိုအကန်းလို့
ပြောရင်စိတ်ဆိုးတယ်တဲ့..။အပေါ်ကတစ်ချို့ထဲကကောင်
တွေကနောက်ဆွဲအမြီးလှုပ်ခွေးစုတ်တွေပေါ့။ဟိုလူ့ထိတော့
ဒီလူ့ကိုထိတော့နာနဲ့..။တိုင်းပြည်ကိုရင်းပြီးကစားကွက်ချ
ကစားနေတာတောင်သူတို့အဟုတ်မှတ်လို့ယုံနေကြတယ်။
ကျွန်ဘဝထပ်ရောက်ချင်သေးလို့လား။သူတို့လုပ်တာမှန်ရင်
တစ်တိုင်းပြည်လုံးဒီလိုအုံကြွနေမှာမဟုတ်ဘူး။မင်းတို့ပထွေး
တွေကိုပြောထားလိုက်။
ကိုလွဏ်းဆွေလောက် ဘယ်blog မှ ဒေါ်အောင်ဆန်းစုကြည်ကို ထိထိမိမိနဲ့ ထောက်ပြ ဝေဖန်တာမျိုးမတွေ့ရပါ။ဒေါ်စု ဟာ အခုအချိန်မှာ အမှားတွေလုပ်နေတယ် ဆိုတာကို လူတိုင်းတွေ့နိုင်ပါတယ်။ လုပ်ဖို့ မလိုသေးတဲ့ ကိစ္စတွေကို အလောတကြီးနဲ့ လုပ်နေတာပါ။လွှတ်တော်ထဲ ၀င်သွားတာကိုက ဒေါ်စုရဲ့ ပထမ အမှားကြီးပါပဲ။ ဒါပေမဲ့ သူမကို ရိုင်းစိုင်းသာ စကာလုံးများနဲ့တော့ မဝေဖန်တင့်ပါ။ အဲလိုဝေဖန်တဲ့လူတွေဟာ ပြည်သူထဲကတော့မဖြစ်နိုင်ပါ စစ်တပ်အောက်ဆွဲတွေပဲ ဖြစ်ပါလိမ့်မယ်။ ဆောင်းပါတော်တော် များများဟာ အမှန်တရားတွေဆိုတာ ဖတ်ကြည့်ပြီး အချိန်အနည်းငယ်မျှပေးကာ တွေးကြည့်ယုံနဲ့ သိနိုင်ပါတယ်။ ကျွန်တော်တို့ လူမျိုးတွေ အမှန်တရားကို အမြဲတမ်းမျက်ကွယ်ပြုခဲ့တာ နှစ်ပေါင်းလဲ တော်တ်ေကြာသွားပါပြီ။ တိုင်းပြည်ကို အများကြီးမဟုတ်တောင် အနည်းငယ်မျှပဲ ချစ်ပါ ..လုံလောက်ပါတယ် ကျွန်တော်တို့နိုင်ငံကြီး ကမ္ဘာနိုင်ငံကြီးတွေနဲ့ မရှင်နိုင်ရင်နေပါစေ အိမ်နီးချင်းနိုင်ငံတွေကို အသာလေးကျော်ဖြတ်သွားနိုင်မယ်ဆိုတာ ပြောစရာမလိုပါဘူး။ အခုဆိုရင် စစ်သားနဲ့ ကြံ့ဖွတ် ကောင်တွေ ဘယ်လောက်တောင် သူမအပေါ် ဟားတိုက်ရီမောလို့ လောင်ပြောင်နေကျမလဲ မသိဘူး။ သူတို့ အကွက်ထဲကို ဒေါ်စုရောက်နေပါပြီ။ သူမ ရှေ့ဆက်တိုးမလား နောက်ပဲပြန်ဆုတ်လို့ ပြည်သူအရှေ့ကနေ ရဲရင့်စွာ ပြန်လည်ရပ်တည်မလား...။ ဒါကတော့ သူမ ရဲ့ ဆုံးဖြတ်ချက်ပေါ်မူတည်ပါတယ်။ မြန်မာနိုင်ငံရဲ့ လိုအပ်ချက်ဟာ နဲနဲလေးပဲမဟုတ်ပါဘူး အများကြီးဆိုမှ တကဲ့ အများကြီးပါ။ သင်ဟာ အမှန်တရားကို သိသော အမှန်တရားကိုမြတ်နိုးသော ကို့လူမျိုးတိုးတက်တာကိုလိုလားသော မြန်မာနိုင်ငံသားတယောက်ဆိုလျှင် မိမိတက်နိုင်သော အခန်းကဏ္ဍမှပါဝင်ပြီး မြန်မာနိုင်ငံအရေးကိုဖော်ဆောင်ကျပါ။ မတရားတာတွေ့လျှင် ရေငုံနှုတ်ပိတ်မနေကျပါနဲ့ ပြောစရာရှိတာကို ပြောကျပါ။ အားလုံးပါဝင်မှပဲ ကျွန်တော်တို့ တွေ့မြင်လိုတဲ့ တိုးတက်ခေတ်မီသော တရားမျှတမှုရှိသော မြန်မာနိုင်ငံကို အချိန်တိုအတွင်းတွေ့မြင်နိုင်မှာဖြစ်ပါတယ်ခင်ဗျ။
ငထင်ငယ် ပြောတဲ့ စကား - သူမ ရှေ့ဆက်တိုးမလား နောက်ပဲပြန်ဆုတ်လို့ ပြည်သူအရှေ့ကနေ ရဲရင့်စွာ ပြန်လည်ရပ်တည်မလား...။ ဒါကတော့ သူမ ရဲ့ ဆုံးဖြတ်ချက်ပေါ်မူတည်ပါတယ်
ငထင်ငယ်ကို ပြောချင်တာက ဒေါ်စုဟာသက်တမ်းတလျောက်လုံး ပြည်သူ့အရှေ့ကရပ်ပြီး နဝတ နအဖ အဆက်ဆက် ကိုဆန့်ကျင်ခဲ့တယ်။
ပြည်သူ့ဖက်က ရပ်ပြီး အရင်အစိုးရ အလုပ်မဟုတ်တာတွေ ကိုဆန့်ကျင်တော့ မှတ်လောက်အောင် ဒီပဲရင်းမှာ ရိုက်ပြီး အကျယ်ချုပ်ထည့်ထားတုန်းက ဘယ်လူထုကအုံကြွပြီးဆန့်ကျင်ခဲ့ကြလို့လဲ။ ဒေါ်စုက ခင်ဗျားတို့ မြန်မာလူထုသတ္တိကိုသဘောပေါက်သွားပြီ။ ဒါကြောင့် အားလုံးအတွက် ဆုံးရှုံမှု့အနည်းဆုံး လမ်းကြောင်းကိုရွေးပြီး ကောင်းမယ်ထင်တာလုပ်တာ။ အခုဦးသိန်းစိန်အစိုးရ ဂငယ်ကွေ့ပြန်ကွေ့တာနဲ့ ဒေါ်စုလဲ အရင်လိုလူထုဘက်ကအနစ်နာခံပြီးပြန်လုပ်မယ်လို့ယုံကြည်တယ်။
I agree with Ko Santun.
That's 100% correct.
၂၀၁၅ မှာ NLD က ၉၈% နဲ့ နိုင်ခဲ့ရင် ဒေါ်စုက ဘယ်လိုလူတွေနဲ့  အစိုးရဖွဲ့ မှာလဲ၊သူ့ ပါတီဝင် ကြီး လတ် ငယ် တွေကိုဘယ်လိုထိန်းမလဲ၊ အမေရိကန်တွေ ဦးနှောက်စားနေတာ အဲဒီအချက်တွေဘဲ၊ဒါ့ကြောင့် အမေရိကန်တွေက ဒေါ်စုကို လက်ရှိအစိုးရနဲ့ ပူးပေါင်းခိုင်းတာ၊
ဒေါ်စုရွေးချယ်ခဲ့တဲ့လမ်းဟာ မှားတယ်လို့ ပြောတာပါ ။ ဒေါ်စုစိတ်နေစိတ်ထားနဲ့ သူမရဲ့ ယုံကြည်ချက်က မှားတယ်လို့ ပြောခြင်းမဟုတ်ပါဘူး ခင်ဗျ။ ပြီးတော့ သိန်းစိန် အစိုးရဟာ ဂငယ်ကွေ့ ပြန်ကွေ့တာမဟုတ်ဘူးဗျ စထွက်ကတဲ့က ဒီဘူတာမှာပဲ ပြန်ဆိုက်ဖို့ တခါထဲ လမ်းကြောင်း ဆွဲထားပြီးသားပါ။
ဒါကြောင့်ပြောတာပါ တိုင်းပြည်အပေါ် ရင်းနှီးမြုပ်နံထားပေးခဲ့တဲ့ သူမရဲ့ ပေးစပ်ရင်းနှီးမှုတွေဟာ အလွန်များပါတယ်။ အဲလို နေအိမ်အကျယ်ချုပ်တွေ နှစ်ပေါင်းများစွာနေလာရတယ် ဒီပဲယင်းလို အသက်ပေါင်းများစွာ သူမအတွက် ပေးစပ်ခဲ့ကျရတယ် သူမ ရင်းနှီးထားမှုဟာ အလွန်များပါတယ်။ ဒါကြောင့် အခုလို စစ်အုပ်စုရဲ့ ကလိမ်ကကျစ် အစီအစဉ်တွေကြောင့် ဒေါ်စု တသက်လုံး ရင်းနှီးထားခဲ့သမျှတွေ သဲထဲရေသွန် ဖြစ်သွားမှာကို အခုချိန်မှာ ပြည်သူအများစိုးရိမ်နေတယ်ဆိုတာပါပဲ။ ဒီလူတွေနဲ့ ရောရင်ကိုပါ အလိုလိုနေရင်း တန်ဖိုးကျစင်းလာမယ်ဆိုတာကို ဒေါ်စုသိထားသင့်ပါတယ်။ အခုကပြောင်းလဲမှုဆိုတာ ဘာတခုမှ ထင်သာမြင်သာ မတွေ့ရသေးပါဘူး။ စစ်အုပ်စုနဲ့ ကြံ့ဖွတ်များသာ နိုင်ငံတကာအလယ်မှာ ပြန်လည်ဝင်စံ့သွားခဲ့ပါတယ် ဒေါ်စုရဲ့ ထောက်ခံမှုကြောင့် ဒီလူတွေ အခွင့်အရေးအများကြီးရသွားပါတယ်။ ပြည်သူများမှာတော့ ဒုံရင်းကဒုံရင်းဘ၀ပါပဲ။ ဘာဆိုဘာမှ ပြောင်းလဲမသွားခဲ့ပါဘူး။ မတရားမှုတွေကလဲ ဆက်တိုက်ဆိုသလို ဖြစ်နေတယ် ။လက်ပံတောင်ကိစ္စ ကချင်ကိစ္စ ဒါတွေကအများသိကိစ္စတွေပါ ကိုမသိသေးတဲ့ ဖိနိတ်မှု မတရားမှုတွေဆိုတာ အခုချိန်ထိမြန်မာပြည်မှာ လျှော့ပါးလို့မသွားသေးဘူးဆိုတာကိုလဲ ညီအကိုတို့ သိစေချင်ပါတယ်။
သို့
ဆောင်းပါးရှင် ကိုလွမ်းဆွေ ဒေါ်စုလုပ်နေတာတွေက အကျိုးသက်ရောက်မှုမရှိဘူး စစ်တပိုင်း အစိုးရနဲ့ပေါင်းနေတယ် စစ်တပိုင်းအစိုးရ အလိုကျလုပ်နေတယ်လို့ဆိုရင် ခင်ဗျားရော ကွန့်မင့်ရေးသူတွေအားလုံးက ဒေါ်စုထက်သာအောင် လုပ်ပြပါဗျာ ကျွန်တော်တို့ ထောက်ခံပါ့မယ် ။ ခင်ဗျားတို့ ဘာနဲ့တူနေသလလဲဆိုရင် လူငယ်လေးတယောက်က သူ့လက်ထဲက သစ်သားနဲ့လုပ်ထားတဲ့ကျွဲရုပ်ကလေးကိုကြည့်ပြီး တော့ ငါကိုယ်တိုင်ကလည်း မလုပ်တတ် အဘ လုပ်ပေးတဲ့ ဒီကျွဲရုပ်ကို
ငါကမကြိုက် အဲလိုဖြစ်နေတယ် ။
လူတယောက်ဟာ ကို့နိုင်ငံအရေးကို စပြီးလုပ်တော့မယ် ဆိုလျှင်ဖြင့် အရင် ပထမ မိမိအား လိုလားသူ မလိုလားသူ အကောင်းပြောသူ မကောင်းပြောသူ ဝေဖန်သူ အဲလိုလူတွေရဲ့ ပြောဆိုမှုကို ခံနိုင်လားမခံနိုင်လားဆိုတာ အရင်ကြည့်ပြီးလုပ်ရပါတယ်။
ဘယ်လောက်ပဲ တွေးခေါ်ဆင်ခြေညဏ်ကောင်းတဲ့ ပုဂ္ဂိုလ်ကြီးဖြစ်နေပါစေ။ တနေနေရာရာမှာတော့ အမှားဘက်ကို တွေးမိ ယူဆမိမှာပါ။ ဒါ လူ့သဘာဝပါပဲ။ဒေါ်စု ဟာနိင်ငံအပေါ်မှာ ဘယ်လောက်အနေအထားထိ စေတနာရှိတယ် စိတ်ရင်းရှိတယ်ဆိုတာ လူတိုင်းသိပါတယ်။ ဒါပေမဲ့လို့လဲ သူမ တွေးခေါ်ယူဆပုံတွေက ပြည်သူအပေါ်အကျိုးတက်ရောက်မှုမရှိပဲ သွေဖယ်လာပြီဆိုတာနဲ့ သူမ ဘာကြီးပဲဖြစ်နေပါစေ ဝေဖန်ရမယ် ထောက်ပြရမယ် ပြောစရာရှိ အများရှေ့ ပြောကိုပြောရမှာပဲဗျ။ လွတ်လပ်စွာ တွေးခေါ်ကျပါ ဘာအဆွဲမှ ကို့စိတ်ထဲမှာကော ခေါင်းထဲမှာကော မထားကျပါနဲ့။ အခုကောမန်းရိုက် ဘလော့လုပ်နေတဲ့လူတွေဟာ နိုင်ငံကိုခေါင်းဆောင်ပြီး ဒေါ်စုလို ပြည်သူ့ရှေ့က ရပ်တည်လို့ ဦးဆောင်နိုင်မှုတော့ မပေးနိုင်ကျပါဘူး နိုင်ငံကို ဦးဆောင်ပြီး ရှေ့ကရပ်တည်မဲ့ နိင်ငံရေးသမားလုပ်ချင်ရင်တော့ ဒီလိုအင်တာနက်မှာ ကွန်မန့်လောက်တော့ လာရိုက်မနေဘူး။ ကို့ယုံကြည်ချက်နဲ့ ကိုပဲဗျ ဘယ်သူ့ သောက်ဂရုဆိုက် စရာလာ။ တခုရှိတာက ဒီလိုဘလော့ဖွင့်ပြီး ဆောင်းပါရေး ကော့မန်းတွေရိုက် ဝေဖန်အပြစ်တင်တယ်ဆိုတဲ့ လုပ်ရက်ဟာ ရှိကိုရှိရမယ့်အရာပါ။ မတော်တာ တွေ့ရင့် အများသူငါတွေ့မြင်နိုင်အောင် ပြောနိုင်ဖို့ ဒါလေးတော့ ဒီလိုရှိတယ်ဆိုပြီး အမှန်တရားပေါ်ထွက်လာသည့်အထိ တယောက် နဲ့တယောက် အမြင်ခြင်းဖလှယ်ဖို့ ရှိကိုရှိနေရပါမယ်။ ဒါမှ ဒီမိုကရေစီပါ။ ဒီလိုအနေအထားတွေလုပ်ခွင့် မရှိခင်က နိုင်ငံရေးပြောင်းလဲမှု ဖြစ်စဉ်တွေဟာလဲ အလွန်ကိုနေးကွေးနေတာ တွေ့ရမှာပါ။ အခုဆို ရင်တော်တော်တော့ မြန်လာပြီလို့ပြောရမှာပေါ့ ... ခေါင်းဆောင်လုပ်မဲ့သူကို ပြည်သူက မဝေဖန် လမ်းမပြရင် သူ့တယောက်ထဲ ဖြောင့်ဖြောင့်သွားနိုင်မယ်ထင်သလာ။ မထင်ပါနဲ့ ကိုဆရာသမားရေ ။ လူဆိုတာ ကို့အမှာကို သူများထောက်ပြမှသိတဲ့ အမျိုးဗျ။ အများကြီးစဉ်းစားနေရတဲ့ အတွက် ဘယ်လိုမှ ကို့အမှာကို မမြင်နိုင်ဖြစ်တတ်ပါတယ်။ ဒီလိုကော်မန်းတွေရေး blog တွေ ဖွင့်ပြီးတယောက်တမျိုးပြောနေဆိုနေကျတယ်ဆိုတာ လွတ်လပ်စွာ ကွဲလွဲနေခြင်းဖြစ်ပါတယ်။ အလကားနေ အချိန်ဖြုန်းပြီး လက်စော့တဲ့ သဘောနဲ့ ဟိုရေးဒီရေး လျှောက်ရေးနေတာမဟုတ်ပါဘူး။ ဝေဖန်တာရှိမှ ငါဘာမှားနေတာလဲဆိုတဲ့ ပြည်သူတွေပါစပ်က ထွက်တဲ့ ဝေဖန်သံ သတိပေးသံကို ကြားလို့ ပြန်ပြုပြင်နိုင်မှာပါ။
Its siple Thein and the Army successfully bought Daw Suu and 88 by using US as the broker.
2008 Constitution was the Brain Child of U Ne Win.
Its a new version of Burmese WAy To Socialism- Mahsahlah.
Now they rebrand it
Myanmar Way To Democracy
I RESPECT YOU SO MUCH NGA HTIN NGE, IF WE WHO REALLY LOVE OUR COUNTRY , WE MUST UNDERSTAND EACH OTHER, NOT TO ONLY QUARREL EACH OTHER, SOME PEOPLE ARE WALKING BLIND FAITH ,AND THEY ARE SO ANGRY AND RUDE WHEN THE SUGGESTION COME TO DASSK OR TO THAN SHWE& HIS FELLOWS,,,, LOOK WHAT HAPPENED IN ABSDF (NORTH BOTH SOUTH) , EVEN THOSE PEOPLE ARE SPIES OR NOT THEY SHOULD NOT BE KILLED NOR BE TORTURED!!!!!
I WAS IN THAI BORDER TO JOIN ABSDF , CAME BACK FROM JAPAN, BUT I STAYED IN THAILAND ONLY FEW MONTHS THEN I LEFT BECAUSE OF I CAN NOT FIND ANY UNITY MIND AND HEART AS 1 DIRECTION TO FIGHT KHIN NYUNT& THAN SHWE, I FED UP ~~~~~ REALLY I FED UP FOR I HAVE SEEN MOST OF THE PEOPLE WANT TO SIT AT THE CHAIR OF CHAIRMAN ,2PERSONS 3GROUPS!!!!
ANYWAY I ALWAYS PRAY & WILL PRAY FOR DASSK,MKN&ALL TRUE PATRIOTS WHO SUFFERED IN PRISONS!!! THAT IS ALL I CAN DO!!!!
TO santun, please do not insult your word to the peoples of BURMA, 88 WAS HAPPENED NOT BECAUSE OF DASSK NOR MKN NOR MTZ NOR ANY1 ELSE , IT WAS CAME BY TRUE COURAGE FROM BURMESE PEOPLE WHO ARE ALWAYS READY FOR COUNTRY!!!!!
nld stayed silent not only on kachin,rakhine,letbadaung taung affairs but also on its problems inside the party.
maungnauktoe(mdy)
Very good to read all comments. One person one vision .so that can get many knowledge. Also We must do for our country every thing development.
ကိုငထင်ငယ် ဒေါက်ဆွေကို အတော်အထင်ကြီးနေတာကိုး ဒီမိုကရေစီသဘောအရ အထင်ကြီးခွင့်ရှိပါတယ်။ တခုတော့ အကြံပြုချင်တယ်။ အခွင့်ရခဲ့ရင် ဒေါစုနဲ့ မျက်နှာချင်းဆိုင် စကားသွားပြော ကြည့်ပါလား။ အဲဒီမှာ အကြံကောင်းတွေ ပေးသင့်ပါတယ် အခုလို အွန်လိုင်းကနေပေးနေရင်လည်း သူသိမှာမှ မဟုတ်တာ။ သိအောင်ကြိုးစားပေးပါလို့ မေတ္တာရပ်ခံပါတယ်။
not ဒီမိုကရေစီသဘောအရ အထင်ကြီးခွင့်ရှိပါတယ်
ဒီမိုကရေစီသဘောအရ freely different idea
Hkun Htoon Tauk
လွတ်လပ်စွာ intetnet သုံးပြီးဝါဒဖြန့်ခွင့်ွှနေတာက ကြီးမားတဲ့ပြောင်းလဲမှုကွ စစ်အာဏာရှင်တုန်းက ဒီလိုသုံးလို့ ရလား။ အဲ ပြည်သူလူထုတရပ်လုံး ဘဝတွေတိုးတက်မြင့်မားပြီးထင်သာမြင်သာဖြစ်အောင်ကတော့ကစိုးရရောပြည်သူရောနည်းမှန်လမ်းမှန်နဲ့ကြိုးစားမှရမယ်။မင်းလိုချင်တဲ့လူပြိနိးကြိုက်အပြောင်းအလဲ ထင်သာမြင်သာဖြစ်မှုတွေအတွက်ဆိုရင်တော့ သခင်သန်းထွန်းတို့ခေတ်ကိုပြန်သွားပေတော့ အဲဒီမှာသတ်ရဲသေရဲ ခေါင်းမာခဲ့ကြတဲ့သူတွေပဲ အဲ ဒါပေမယ့်တော် လှန်ရေးမအောင်မြင်ခဲ့ကြဘူး ခုမင်းတို့ ကဘယ်ပုံစံနဲ့ သွားချင်တာလဲ သခင်သန်းထွန်းတို့လောက်လည်းမတော် သူ့လောက်လည်းသွေးမရှိဘူးနော်
ဒါကြောင့်မို့မြင်အောင်ကြည့်ဆိုပြီးမင်းတို့ကမမြင်တာ ဒီလိုblog ဖွင့် ဆောင်းပါးရေး comment ရိုက် လုပ်နိုင်တာ ပြည်တွင်းမှာပါဖွင့်ပေးလိုက်တာ ဒါကြီးမားတဲ့ပြောင်းလဲမှုပေါ့။ဝါဒမှိုင်းတိုက်မထားတော့ဘူး။မဟုတ်တာလုပ်ရင်သတင်းအမှောင်ချလို့မရ တော့ဘူး။ ဒါဒေါ်စု ဗျူဟာပြောင်းလို့အစိုးရဘက် ကလည်းဖွင့်ပေးပြီးယုံကြည်မှုတည်ဆောက်လို့ရလာတဲ့အကျိုးတွေ။တော်လှန်ရေး တိုင်း လက်နက်ကိုင် ထိပ်တိုက်ရင်ဆိုင်ရမယ်လို့ ညီအစ်ကိုတွေကိုအမြဲ မှတ်ယူမထားစေချင်ဘူး
ပြောလေ ဝေးလေပါပဲနော် ။ ဒီလို အင်တာနက်တွေ open သုံးလာနိုင်တာ ဒေါ်စု ဗျူဟာပြောင်းပြီးကစားလိုက်လို့ အစိုးရက အလိုက်သင့် ပြန်အကျိုးပြုလိုက်တယ်လို့ ဘယ်သူပြောတာလဲ။ ဒါပြည်သူတရပ်လုံးရဲ့ ပေါက်ကွဲလာမှုရလဒ်တွေကွ ၊ ခေတ်ရဲ့လိုအပ်ချက်ကို လစ်လျှူရှုလို့မရတဲ့ သဘောတရားတွေ ဆိုတာမှတ်ထား။ ဒါတွေအားလုံး ဖြစ်လာပြီးမှ ဒေါ်စုဆိုတာ အိမ်ထဲကထွက်လာခွင့်ရခဲ့တာ။ သူမ ဘယ်လိုပဲ ဗျူဟာ ပြောင်းကစားကစားပါ စစ်သားဆိုတဲ့ကောင်တွေမလုပ်ဘူးဆိုရင် ဒီနေ့ဗမာပြည်မှာ ဘာပြောင်းလဲလာဖူးလို့လဲ။ အခုပြောနေတာ ခေတ်သစ်ဒီမိုကရေစီ field ထဲက ထင်သာမြင်သာရှိတဲ့ ပြောင်းလဲမှု ခင်ဗျာတို့ အထင်ကြီးအားကျခဲ့တဲ့ ရှေ့ပဝေသနီက ကွန်မြူနစ်အိုကြီးတွေရဲ့ အရာမရောက်တဲ့ သမိုင်းကို စကားထဲထည့်ပြောနေတာမဟုတ်ဘူး။ လူသတ်မှ သွေးရှိတယ်လို့ ဆိုလိုတာလဲ ၊ လူသတ်မှ သွေးရှိ ဇရှိတယ်လို့ ပြောချင်ရင် ဗမာလူမျိုးတိုင်း သွေးကတော့မသေးဘူးလို့ပြောရမှာပေါ့ ...ခေတ်အဆက်ဆက် ကို့အချင်းချင်း သတ်လိုက်ကျတာမှ သမိုင်းတခုလုံးဘယ်နေရာမှ လူမသတ်ခဲ့ဖူးတဲ့ နိုင်ငံရေးသမိုင်းကို မရှိဘူးဆိုတာလဲ ကို့လူ မြန်မာ့သမိုင်းကို သေချာမလေ့လာဖူးဘူးနဲ့တူတယ်ဗျ။
ဘယ်လောက်အင်အားကြီးတဲ့အုပ်ချုပ်သူပဲဖြစ်ပါစေ ပြည်သူလက်မခံရင် ရပ်တည်လို့မရပါ။ခေတ်အဆက်ဆက်အုပ်ချုပ်သူတွေဟာ ပြည်သူတွေရဲ့ သိမူ မသိမူ တွေက တောင်းဆိုမူတွေကြောင့်ပေါ်လာတာပါ အဓိက ကတော့ အချေခံ အတ္တ တွေကို ကိုယ်စီပြုပြင်ကြရမှာပါ၊
ဘာဘဲဖြစ်ဖြစ်ပေါ့လေ၊ ဒီအနေအထားထိရောက်လာတာ မနည်းပါဘူး။ ခက်တာက တိုင်းပြည်တပြည်ဟာ ကွန်ပြူတာ တလုံးမဟုတ်ဘူးဗျ။ အဲ.....လူတစ်ယောက်လဲမဟုတ်ပြန်ဘူး။ ဆိုလိုတာက ကွန်ပြူတာဆိုရင် format ချလိုက်၊ ပြန်ကောင်းသွားမယ်။ အဲ...လူဆိုရင်တော့ ဥပမာ မျိုးရိုးပေါ့ ဘယ်လိုမှ ပြင်လို့မရဘူး။ နောက်တခု ဥာဏ်ပညာ talent ပေါ့။ ပါရမီပေါ့။ ဘယ်လိုမှ လုပ်ယူလို့မရဘူး။ သူ့ဘ၀ပေးနဲ့သူပေါ့။ တိုင်းပြည်တပြည်ဆိုတာကတော့ အဲလိုနှစ်မျိုးနှစ်စားလုံးမှာ မပါဝင်ဘူးလေ။ ဆိုလိုတာကချက်ချင်းကြီး ကောင်းမလာနိုင်သလို လုံးဝပြုပြင်လို့မရတာတော့လဲမဟုတ်ပြန်ဘူး။ ဖြေးဖြေးချင်းပြင်စရာရှိတာတွေကိုပြင်သွားရမှာပါ။ အခက်ဆုံးကတော့လူတွေရဲ့ ဓလေ့စရိုက်တွေ အရိုးစွဲနေတာတွေထဲကဒီမိုကရေစီစနစ်နဲ့အံဝင်ဂွင်ကျမဖြစ်တာတွေ၊ စတာတွေကိုပြုပြင်ဖို့ရာအချိန်တခုတော့ယူရအုံးမှာပါဘဲ။ အဲ..တခုပေါ့လေ ကိုလွန်းဆွေကြီးဖြစ်ချင်သလိုတော့မင်းတို့အခုချက်ချင်းဆင်း၊အကုန်သွားတော့၊ ငါတို့လုပ်မယ်ဆိုတာကျတော့လည်း စဉ်းစားကြည့်ရင်အစွန်းရောက်နေတယ်လို့မြင်တယ်လေ။ ဆိုလိုတာကရရင်ရ မရရင်ချအခုဆိုအခု မင်းတို့လစ်တော့ဆိုတာကြီးကလည်းမဖြစ်နိုင်ဘူးလေ။လစ်ဗျားလိုဖြစ်မလား။တူနီးရှားလိုဖြစ်မလား။သန်းရွှေခေတ်လွန်ဗရုတ်သုတ်ခဖြစ်ကျန်ရစ်မဲ့တိုင်းပြည်ကြီးကိုဒီမိုကရေစီစံနှုန်းတွေနဲ့မယဉ်ပါးသေးတဲ့ပြည်သူလူထုကြီးကိုဘယ်သူဦးဆောင်မလဲ။အခုဘဲရခိုင်ကိစ္စကိုကြည့်။ ရန်ကုန်ကလူသတ်မှုတွေကိုကြည့်။ဆန္ဒပြပွဲတွေကိုကြည့်။ ထားပါလေ။ peaceful rise ကိုဘဲလိုချင်တယ်မြင်ချင်တယ်ဆိုရင်တော့ ဒေါ်စုသွားနေတဲ့လမ်းကြောင်းကအမှန်တရားနဲ့အနီးစပ်ဆုံးပါဘဲ။ သွေးထိုးမြှောက်ပင့်ရတာလောက်လောကမှာလွယ်ကူတာဘယ်မှာရှိမလဲ ကိုလွန်းဆွေကြီးရာ။
Post a Comment