Monday, September 17, 2012

အရှင်ဝံသာနုရက္ခိတ၏ အိတ်ဖွင့်ပေးစာ

ဒေါက်တာလွဏ်းဆွေသို့ ...

ဆရာတော်များမှ ဆရာ့ထံ အကူအညီတောင်းထားသော စာဖြစ်ပါ၍ ကျေးဇူးပြုပြီး အလေးထား ဆောင်ရွက်ပေးစေချင်ပါသည်။ ဘုန်းဘုန်းတို့ ရမည်းသင်း၏ အထင်အမြင်အလွဲခံနေရခြင်း ပြဿနာကို ကူညီဖြေရှင်းပေးလိမ့်မည်ဟု မျှော်လင့်မိပါသည်။

ဖြစ်ပုံက ဒီလိုပါ ...

၁၈-၈-၂၀၁၂ နေ့က သစ်ထူးလွင်ဝက်ဘ်ဆိုက်တွင် ရမည်းသင်းမြို့နယ်က ဘုန်းကြီးတပါး ဒကာမအချို့နှင့် မဖွယ်မရာပြုလုပ် ချဲဂဏန်းပေးသည့်ကိစ္စကို ပုံနှင့်တကွ လွှင့်တင်လိုက်ပါသည်။ ထိုသတင်းပါလာပြီးနောက် အနယ်နယ်အရပ်ရပ်မှ ဘုန်းဘုန်းတို့ဆီ ဖုန်းဆက်ပြီး “အရေးမယူဘူးလား၊ ဒီလောက် ဖြစ်နေတာ၊ အရှင်ဘုရားတို့ မသိကြဘူးလား” စသည်ဖြင့် မေးကြပါသည်။ ထိုကိစ္စနှင့်ပတ်သက်ပြီး အဲ့ဒီဘုန်းကြီးမှာ ရမည်းသင်းမြို့က မဟုတ်သည့်အကြောင်း စသည့် ဖြေရှင်းချက်ကို ထိုဝက်ဘ်ဆိုက်တွင် ပြန်လည်ပေးပို့တင်ပြသော်လည်း ဖော်ပြပေးခြင်း မရှိပါ၍ ဒေါက်တာလွဏ်းဆွေအား အကူအညီတောင်းရခြင်းဖြစ်ပါသည်။

မဖွယ်မရာပြုလုပ်သော ဘုန်းကြီးအို၏ ဘွဲ့အမည်မှာ ဦးပညာဝံသ အမည်ရှိ၍ သွားတချောင်းဆရာတော်ဟု ချဲဂဏန်းပေးခြင်း ... စသည်၌ လူသိများထင်ရှားပါသည်။ ထိုဘုန်းကြီးသည် ရမည်းသင်းမြို့နယ်၌ ဘယ်ကျောင်းမှာမှ နေထိုင်ဖူးခြင်းမရှိသလို ၀ါဆိုသံဃာစာရင်းလည်း မရှိပါ။ လွန်ခဲ့သော ၁၀ နှစ်ခန့်က ပျော်ဘွယ်မြို့အရှေ့ဘက် မယ်ဇလီအိုင့်ရွာ၊ မယ်ဇလီအိုင့်ကျောင်း၌ နေထိုင်စဉ် အပ်ချည်မျှင်နှင့် ထီးတင်ခြင်း ... စသည်ဖြင့် ထင်ရှားလာပါသည်။ ထိုဘုန်းကြီး၌ သွားတချောင်းသာရှိ၍ သွားတချောင်းဆရာတော်ဟု တွင်ခြင်းဖြစ်ပါသည်။ ချဲဂဏန်းပေးခြင်း၌လည်း မှန်သည်ဆို၍ ရမည်းသင်းမြို့တွင် နေထိုင်သော မိတ္ထီလာဇာတိ ဒကာ-ဒကာမအချို့မှ မကြာခဏ ပင့်ဆောင်၍ ထိုအိမ်တွင် အချိန်အတော်ကြာကြာ နေထိုင်ခြင်းသာဖြစ်ပါသည်။ အင်တာနက်၌ ပါသော မဖွယ်မရာကိစ္စတွေသည်လည်း အခုမှဖြစ်သည်မဟုတ် လွန်ခဲ့သော ၈ နှစ်ခန့်က ဖြစ်ခဲ့သော၊ ပျံ့နှံ့ခဲ့သော စီဒီခွေဖြစ်ပါသည်။ ထိုထဲ၌ပါသော အမျိုးသမီးအချို့မှာလည်း ရမည်းသင်းက မဟုတ်ဘဲ မိတ္ထီလာက အမျိုးသမီးများ ဖြစ်ပါသည်။ ထိုကိစ္စနှင့်ပတ်သက်၍ ဘုန်းကြီးအိုမှာ မိတ္ထီလာထောင်၌ ထောင်ကျပြီးသားဖြစ်ပါသည်။ ယခုအခါ ထောင်မှ ထွက်လာပြီး မိတ္ထီလာမြို့နယ် မုန်တိုင်ဆည် အနောက်တောင်အရပ် ကြည်သာအိုင့်ရွာ၌ ရှိနေပါသည်။ ရဟန်းဝတ်နှင့်မဟုတ်ဘဲ ရသေ့ဝတ်နှင့် ဖြစ်ပါသည်။

အရှင်ဝံသာနုရက္ခိတ
ရမည်းသင်းမြို့

9 comments:

yoo said...

ရမည်းသင်းမြို့ မှ အရှင်ဝံသာနုရက္ခိတ ပေးစာနှင့်
ပတ်သက်၍..

ကျွန်ုပ် ဒေါက်တာလွှတ်ဆွ ပထမဦးစွာ ပြောကြားလိုသည်မှာကား...

ပေးစာထဲ၌ ရေးသားထားလေသည့်..
(ဆရာတော်များမှ ဆရာ့ထံ အကူအညီတောင်းထားသော စာဖြစ်ပါ၍ ကျေးဇူးပြုပြီး အလေးထား ဆောင်ရွက်ပေးစေချင်ပါသည်။ ဘုန်းဘုန်းတို့ ရမည်းသင်း၏ အထင်အမြင်အလွဲခံနေရခြင်း ပြဿနာကို ကူညီဖြေရှင်းပေးလိမ့်မည်ဟု
မျှော်လင့်မိပါသည်။)..ဆိုသည့်
အရေးအသားများပင်တည့်..။

မဝေးကွာလှသော တစ်မြန်နေ့ က...
ကိုယ့် ထမင်းကိုယ်စားနေတဲ့ ကိုယ့်ရဲ့ ပန်းချီက..
ကိုယ့် ထမင်းကိုယ်စားနေတဲ့ သူများပန်းချီ..
အဖြစ်၊ အမှတ်မှားမှာ အစိုးရိမ် လွန်နေရရှာနေသည့်
ဦးမောင်မောင်တင်၏ ပေးစာ၌လည်း....

( ကျနော့်ရဲ့ ပြဿနာလေးကို
တဘက်တလမ်းက ကူညီနိုင်မယ်ထင်လို့ ဒီစာကို ရေးလိုက်ပါတယ်။)..ဆိုသည့်
အရေးအသားများပင်တည့်..။

ထိုသို့ သော အရေးအသားများကို...
ဖတ်ရလေသော ကျွန်ုပ်သည်မှာကား...
နောင်မဝေးကွာလှသော အခါသမယ၌..
ကိုယ့်ကိုကိုယ်..
ပွင့်လာလေတော့မည့် ဘုရားတစ်စူ လေများလား..၊
ဖန်ဆင်းရှင် အိန်ဂျယ် များလား...
သို့ လော..သို့ လော..ပေါင်းများစွာ...
မှတ်ယူရမှုများ၊ ကျွန်ုပ်၏ ရင်တွင်းဝယ်၌
ဖြစ်တည်ရမှုများ ဖြစ်ခြင်းမက
ဖြစ်တည်လာရလေတော့၏ ။

ပေးစာ ရေးသားပေးပို့ လေကြကုန်သော
ရဟန်းရှင်လူ ပြည်သူအပေါင်းအား
ကျွန်ုပ် ပြောကြားလိုသည်မှာကား...
(ဆရာတော်၊ကျနော်၊ကျမတို့ ရဲ့ ဖြေရှင်းချက်၊
အသိပေးချက်၊ခံစားချက်...စသည်များကို
ဆရာ၏ ဘလော့ဂ် တွင် ဖော်ပြအသိပေး
ခွင့်ပေးပါ )..ဂလို ဖြစ်သင့်သည်သာတည်း ။

အကူအညီတောင်းခံလေသည့် ပေးစာမျိုး
ဖတ်ရလေသည့် ကျွန်ုပ်မှာ...
ယခု လိုမျိုးဖြစ်စဉ်တွင်...
ဘားမားပြည် ပြန်လာပြီးသကာလ..
ဓာတ်စက်၊လော်စပီကာတို့ ကို
ထော်လာဂျီ ပေါ်တင်ကာ..
တစ်တိုင်းပြည်လုးံ အနှံ့ ..
" xx စီဒီခွေ၌ ပါသော အမျိုးသမီးအချို့မှာ
ရမည်းသင်းက မဟုတ်ပါခင်ဗျာ xx
မိတ္ထီလာက အမျိုးသမီးများ သာဖြစ်ပါသည်
xxတူနှယ် တယ်နှယ် ဗျောင်xxx )
ကျွန်ုပ်မှာ လိုက်အော်ပေးရမည့် အဖြစ်
ရောက်ခြင်းမက ရောက်ရပေတော့မည်တည်း ။

ပေးစာတွင်..
ရမည်းသင်းက မဟုတ်ပါ..ဆိုလျှင်
ပြီးပြတ်ပါလိမ့်မည်တည်း။

ကျွန်ုပ် မကူညီလိုပါ ။
အကြောင်းမှာကား...
မိတ္ထီလာက အမျိုးသမီးများ တက်နင်း၍
သေရရှာသည့် ဒေါက်တာလွှတ်ဆွ
မဖြစ်လိုပါ ။

နိဂုးံချုပ်လိုသည်ကား..
ကျွန်ုပ် ဒေါက်တာလွှတ်ဆွ စိတ်အစဉ်၌
ကမ္ဘာမြေတစ်ခွင်လုးံ လှပအောင် ဖန်ဆင်း
ချင် စိတ်များ..ရှိခြင်းမက ရှိနေသော်ငြားလည်း..
လက်တွေ့ ၌..
တောင်တောင် အီအီ၊ ဟုတ်ယောင်ယောင်၊
ယောင်တောင် ပေါင်တောင်၊ အစီုးရိမ်လွန်ကာ
လက်ထဲ၌...ပုလင်းခွံ၊ ဘီယာဗူးခွံ အဟောင်း
များ သာ ရှိသည်ကို အသိပေးလိုပါ၏ ။

လေးစားလျက်
ဒေါက်တာလွှတ်ဆွ

aristhteinwin said...

ဒေါက်တာလွမ်ေးဆွ ရေ စာဖတ်သူကို လေးစားသင့်ပါတယ်။
ပေါကြောင်ကြောင်နိုင်လှတဲ့ အခုလို အရေးသားမျိုး ရေးသားပြီး အကြောင်းမပြန်သင့်ပါ။ မရေးသင့်ပါ။ ပြင်ပေးနိုင်ခဲ့လျှင် ပြင်ပေးပါမည်။ မပြင်နိုင်လျှင် မပြင်ပေးနိုင်ပါဟု စာဖတ်သူ နှင့် စာရေးပြီး အကူအညီတောင်းခံလာသူကို လေးစားမှူ ထားထိုက်ပါသည်။ ငါ့ ဘလောက်- ငါပိုင်တယ် ငါ့ သဘောဆိုပြီး ငါတကော -ကောမယ်ဆိုလျှင် သဘောရှိပါ။။

kokyawhlatin@gmail.com said...

to aristhteinwin,

I don't think
the person who wrote the comment, called yoo,
is not Dr Lun Swe.
And
he is another man.

Henry said...

To aristhteinwin

ပေါကြောင်ကြောင်နိုင်လှတဲ့ အခုလို အရေးသားမျိုး ရေးသားပြီး အကြောင်းမပြန်သင့်ပါ။ မရေးသင့်ပါ။--------,

Please see the comment written by another man.

Anonymous said...

ယခုလို့ ခပ်ပေါပေါ ကြောင်တောင်တောင်အရေးအသားမျိုး မရေးသင့်ပါ၊ ဆရာတော်တွေအား၊ အလေးထားသင့်ပါသည်။

Anonymous said...

မသိတာကို လမ်းညွှန်ပေးချင်ရင်လည်း သိက္ခာရှိတဲ့အရေးအသားမျိုးနဲ့ ပြန်လည်ရေးသား စေချင်ပါသည်။ ဆရာလိုလူမျိုးကပြန်တဲ့စာတွေသည် ဖတ်သူတိုင်းကို ပညာရစေတဲ့စာမျိုးပဲဖြစ်သင့်ပါသည်။

အောင်ဗလ said...

အပေါ်ဆုံးကရေးသောသူမှာ ဒေါက်တာလွမ်းဆွေ မဟုတ်ပါ
yoo ဆိုသောသူဖြစ်ပါသည်။ "ဒေါက်တာလွှတ်ဆွ"ွသာဖြစ်ပါသည်။
ဘယ်လိုပဲဖြစ်ဖြစ် ဒီလိုအရေးအသားမျိုးနဲ့မနောက်ပြောင်သင့်ပါ။

Anonymous said...

ဖြေရှင်းချက်စာအား၊ 3/4ဦး အကြိမ်ကြိမ်ပေးပို့တာ၊ သစ်ထူးလွင်ကော၊ ဒေါက်တာလွဏ်းဆွေကော မတင်ပေးလို့ တောင်ပန်ပြီးတင်ခိုင်းမှ တင်ပေးတာပါ။ ပထမစာတွေမှာ လူကြီးမင်းမကြိုက်သော စာသားမပါပါ၊ ပြန်လည်စစ်ဆေးကြည့်နိုင်ပါသည်။ မိန်းမတွေတော့အားနာတယ်၊ သာသနာ့ဝန်ကိုထမ်းနေတဲ့ သံဃာတော်တွေတော့ အားမနာဘူးပေါ့။ တော်လိုက်တာဆရာရယ်။ အရေးအသားကိုကြည့်ထဲက ကိုးကွယ်ဆည်းကပ်မှုကို မြင်မိပါတယ်။ ကျေးဇူးလည်းတင်ပါတယ် ပေးစာတင်ပေးလို့။

yoo said...

ဒေါက်တာလွှတ်ဆွ ဆိုသူမှာ
ဒေါက်တာလွဏ်းဆွေ မဟုတ်ပါ။

လူကို ခင် ပေမဲ့
ကိုလွဏ်းဆွေ ၏ တစ်ချို့ သော မူ
များ မခင်ပါ။

တခါတခါ..ကိုလွဏ်းဆွေ တစ်ယောက်..
ဇာတ်ကြမ်းတိုက် ဆောင်းပါးများ (လွှတ်) တင်ပြီး
(ဆွ) ပေးနေလေလျက် ဆိုပြီး..
ဒေါက်တာလွဏ်းဆွေ ကို
ဒေါက်တာလွှတ်ဆွ ဟု..
နောက်ပြောင်ကျီစယ် ခေါ် ခြင်းသာ ဖြစ်ပါသည်။

ယခု ကွန်မန့် မှာ..
၁။ ပြည်ပရောက်နေသူ အား အကူအညီတောင်းခြင်း၊
၂။ တစ်ခြားမြို့ ခံ အမျိုးသမီးများ ဟု သိမ်းကျုးံရေးသားခြင်း...စသည့် နှစ်ချက်ကို...
ဒေါက်တာလွဏ်းဆွေ အား နောက်ပြောင်ခြင်း
များ နဲ့ ရောမွေကာ၊
ကျနော် yoo ပေါကြောင်ကြောင်
ရေးသားထားခြင်းဖြစ်ပါသည်။
အားလုးံကို တောင်းပန်ပါတယ်။

လေးစားလျက်
yoo