Sunday, September 23, 2012

ဂလိုဘယ်မျက်ရည်

ဂလိုဘယ်မျက်ရည်
မောင်လွမ်းဏီ

ဤပုံကို
ကြည့်ပါ
အဝေးကပင် မြင်နိုင်ပါသည်။

ဒီပုံကို
ကြည့်ပါ
ဝါရှင်တန်မက
နိုင်ငံတကာကပါ မြင်နိုင်ပါသည်။

အဲဒီပုံက
ဆုယူနေတဲ့ပုံပါပဲ
တောင်းဆုတွေ
တောင်းပန်ပြီး ယူနေတဲ့ပုံပါပဲ။

ရင်ကွဲပက်လက်၊ ဆုလက်ခံယူ
ထမီစွန်တောင်စွဲပါလို့ ငိုကြီးချက်မ ပွေ့ကာယူ
လက်အုပ်ချီမိုး၊ ရှိခိုးပါလို့ ငိုကာယူ
လွမ်းပင်လယ်ထွန်းလောက်အောင်ပ ငိုရှိုက်ကာယူ။

ကျူးကျော်သူ အိမ်မြေမဲ့လေလည်း
ဒီဆုတော့ယူ။     ။

မောင်လွမ်းဏီ
၂၂-၉-၂၀၁၂

6 comments:

Ven.Obhasa said...

ဘာလဲကွ..ကြောင်တောင်တောင်နဲ့...
အမြဲတမ်း ဒေဝဒတ်မျက်လုံးမျိုးနဲ့ ကြည့်နေတဲ့ပုံပဲ..

* said...

ဆုယူတာ ယူပါစေကွယ်
သူလေးလည်းပျော်
မြန်မာပြည်သားတွေလည်းပျော်
နာမည်မရှိ ကျောမွဲတွေ သေတာလောက် ငတ်တာလောက်ကတော့
အရေးစိုက်စရာမှတ်လို့
ဒို့ ငတ်တာမှာ မဟုတ်တာ
ဒို့သား ဒို့မြေးက အနေသားကြီး
စစ်ဖြစ်တာနဲ့ အဝေးကြီး

* said...

ဆုတွေ ယူပြီးပျော်နေတာ ပျော်ပါစေ
မနာလို မဖြစ်ကြပါနဲ့
မြန်မာပြည်သားတွေလည်းပျော်
သူလေးလည်းပျော်ပေါ့

မျက်နှာပွဲတွေ သေတာ ငတ်တာလောက်က
အရေးလုပ်လို့

စစ်ဖြစ်တာလည်း ဒို့သား ဒို့သမီးတွေ နဲ့ အဝေးကြီး

aungaung said...

မင်းအိမ်တက်နေမယ်။ ကြိုက်မလား။ အလကားကောင်။တိုင်းပြည်ကိုဆူပူအောင်လုပ်ချင်စိတ်ပဲရှိတယ်။

Asiavillage said...

sit aside and talk good for nothing onces?

Asiavillage said...

sit aside and talk good for nothing onces?