Friday, September 14, 2012
ဆန္ဒပြတောင်းဆိုနေပေမယ့်လည်း လက်ပံတောင်းတောင်ကြေးနီစီမံကိန်းကို ရပ်တန့်သွားမှာ မဟုတ်ဘူးလို့ စီမံကိန်း တာဝန်ရှိသူတွေ ပြောဆို (ရုပ်သံ)
Posted by ဒေါက်တာလွဏ်းဆွေ at 7:26 PM
Labels: ဗွီဒီယိုမှတ်တမ်း
Subscribe to:
Post Comments (Atom)
7 comments:
လေသံကတော့ လျှပ်စစ်ဇော်မင်းနဲ့ တစ်ထပ်တည်းပဲ။
နိုင်ငံတော်အကျိုးအတွက် ဆိုရင် ဘာတွေအကျိုးဖြစ်ထွန်းမယ်ဆိုတာ ခိုင်လုံပြီး ပွင့်လင်းမြင်သာအောင် ချပြသင့်တယ်။ ဒီနိုင်ငံတော်အကျိုး ဆိုတာကြီးနဲ့ ကိုင်ပေါက်ရင်းနဲ့ဘဲ တိုင်းပြည်လည်း ဖွတ်မွဲပြာကျ ဖြစ်ခဲ့ရပါပြီ။ အခုလည်း ဒီစကားနဲ့ပဲ ကိုင်ပေါက်နေဆဲပါပဲလား။
သူတို့ လိုချင်တဲ့ အချက်အလက်တွေရဖို့ ငွေနဲ့ပေါက်ပြီး ခိုင်းထားတဲ့ စင်္ကာပူအဖွဲ့က တိုင်းတာပေးထားပါတယ်ဆိုတဲ့..
သဘာဝပတ်ဝန်းကျင် ဖြစ်စဉ် အကျိုးသက်ရောက်မှု တိုင်းတာခန့်မှန်းချက် E.I.A
လူမှုပါတ်ဝန်းကျင် ဖြစ်စဉ် အကျိုးသက်ရောက်မှု တိုင်းတာခန့်မှန်းချက် S.I.A
ကျန်းမာရေးရှုထောင့် ဖြစ်စဉ် အကျိုးသက်ရောက်မှု တိုင်းတာခန့်မှန်းချက် H.I.A
စတဲ့အချက်တွေကိုလည်း သိုသိပ်လျှို့ဝှက်စွာ ပွင့်လင်းမြင်သာမှုမရှိဘဲ ပြည်သူကို ရှင်းလင်းစွာ ချပြမှု မရှိဘဲ လုပ်ကိုင်နေကြတာဖြစ်တယ်။
လွှတ်တော်ဥက္ကဌ သူရဦးရွှေမန်းနဲ့ လွှတ်တော်အမတ်များခင်ဗျား...
ဒီကရတဲ့ အကျိုးအမြတ်နဲ့ ပတ်သက်ပြီး နိုင်ငံတော်ဘတ်ဂျက်ထဲကို ဘယ်လိုရောက်တယ်၊ ဘာတွေသုံးတယ် ဆိုတာကို အခုလာမယ့် လွှတ်တော်မှာ မဖြစ်မနေ မေးမြန်းသင့်ပါတယ်။ ရှင်းလင်း ပြတ်သား ထင်ရှားစွာ အဖြေပေါ်သည်အထိ မေးမြန်းသင့်ပါတယ်။ ဒီကိစ္စမှာ သမ္မတကြီးကိုယ်တိုင် ပွင့်လင်းမှု မရှိသလို ဖြစ်နေတယ်လို့ မီဒီယာတွေမှာ အသံထွက်နေပါတယ်။ အိုင်ဗင်ဟိုးကနေ ဦးပိုင်ကနာမည်ခံ ကြားပွဲစားလုပ်ပြီး တရုတ်ဝမ်ပေါင်ကို အလွှဲအပြောင်းကာလ စပ်ကြား ၄-၅ရက်လောက်အတွင်းမှာ တူးဖော်ရရှိတဲ့ ကြေးနီတန်၃၅၀ကျော်ကို စာရင်းဖျောက် ရောင်းစားထားတာမို့ ကြေးနီမိုင်းဝန်ထမ်းတွေက ဘယ်လိုပဲ တိုင်စာတွေ သမ္မတဆီအထိ အကြိမ်ကြိမ်ပို့ပေမဲ့ ဘာမှ ထူးခြားမှု မရှိလာဘူးလို့ ပြောနေသံတွေ မီဒီယာတွေမှာ မြင်တွေ့နေရပါတယ်။ ဒီကိစ္စမှာ ရွှေသမင်ဘယ်ကထွက် မင်းကြီးတာကထွက်ဆိုတဲ့ ပုံစံနဲ့ ပတ်သက်ခဲ့တယ်လို့ ပြောနေကြပါတယ်။ ဒီစာရင်း ပေါ်လာမှာစိုးလို့ အဓိက အတွင်းရေးကိစ္စ အသိဆုံးနဲ့ တာဝန်အရှိဆုံး ဖြစ်ခဲ့တဲ့ သတ္တုတွင်းဝန်ကြီးဦးသိန်းထိုက်ကို ဖော်ကောင်လုပ်တဲ့ စာရင်းစစ်ချုပ်ဦးလွန်းမောင်နေရာမှာ အစားထိုးလိုက်တာဟာ တစ်ချက်ခုတ်၊ နှစ်ချက်ပြတ် လုပ်လိုက်တာပါပဲ။ ဦးသိန်းထိုက်ကလည်း သူကိုယ်တိုင် ပါဝင်ပတ်သက်ခဲ့တဲ့ ပြဿနာဖြစ်တဲ့အပြင် ဒါကိုဖော်နိုင်တဲ့ စာရင်းစစ်ချုပ်ရာထူးကို သူကိုပဲပြန်ပေးထားတော့ ဒီကိစ္စပြီးပြီပေါ့။ ဒီတစ်သက်တော့ အဲဒီပြဿနာကို ဖော်မယ့်လူ မရှိအောင်ကို လှလှပပ အကွက်ရွေ့လိုက်တယ်လို့ စိတ်ပါဝင်စားသူတွေ ပြောနေကြပါတယ်။
တရုတ်က အကုန်ယူသွားမှာမသိဘူးလား
သူ့နိုင်ငံမှာတောင်လူ့ခွင့်ရေးချိုးဖောက်နေတာကို
မသိဘူးလား တရုတ်အားကိုးမအေရိုးတွေရဲ့။
ပြောတော့ နိုင်ငံတော်အကျိုး.. ဒီစကားလုံးတွေ သုံးပြီး တိုင်းပြည်က ဖွတ်မွဲပြာကျ ဖြစ်နေတာကြာခဲ့ပြီ။ ပွင့်လင်းမြင်သာမှုမရှိဘဲ ငါ့စကားနွားရ ပြောနေတာတွေ ရပ်သင်ပြီ။ လေသံကလည်း လျှပ်စစ်ဇော်မင်းနဲ့ တစ်ပုံတည်းပါ။
လွှတ်တော်ကိုယ်စားလှယ်များ..
လက်ပံတောင်းတောင်ရဲ့ အကျိုးအမြတ်များနဲ့ ပတ်သက်ပြီး လွှတ်တော်မှာ အတိအလင်း မေးမြန်းဖော်ထုတ်ကြပါ။ ဒီလူတွေ ပြောနေတဲ့ နိုင်ငံတော်အကျိုးဆိုတာ တိုင်းပြည်က ဂဃနဏ သိရအောင် လွှတ်တော်မှာ တာဝန်ရှိပါတယ်။
ဒီကောင်အဆဲခံရဦးမယ်.
Brain less man..
Dear our PUBLIC,
We are giving rice and food to Myanmar Holding Soldiers, why they are thinks for small group of UMHL profit.
The dogs are seeing only one fedder man.
So, we must prepare if they are doing for the China's company company's profit only.
"THOSE PRODUCT OF COPPER ARE MAKING BULLET" JV WITH MYANMAR HOLDING.
MYANMAR HOLDING IS SELLING LAND ON PROME ROAD THROUGH U AUNG THOUNG BROKER AND U KYAW NYEIN (EX- EDUCATION MINISTER)ALSO TOOK THE LAND FROM THE MINISTRY OF EDUCATION OWNED LAND (WE CALLED IT - KYET SIN CAKE AREA).
So, EACH Minister making business and money for them.
"WE MUST ' PROTECT AND BLOCK ' FOR OUR OWNED LAND.
LET'S START ANOTHER PETITION CAMPAIGN TO STOP COPPER PROJECT.
Post a Comment