Saturday, September 29, 2012

ဖေ့စ်ဘွတ်ခ်စာ တိုနံ့နံ့ (၁)

(ကျနော်၏ Lun Swe ဖေ့စ်ဘွတ်ခ်စာမျက်နှာတွင် ရေးဖြစ်ခဲ့သည့် စာစုတိုလေးများကို စုစည်းတင်ဆက်ခြင်းဖြစ်ပါသည်။)

ပြုံးပြုံးလေးနဲ့ ပေါင်တွင်းကြော လိမ်ဆွဲမယ့် ဦးသိန်းစိန်အစိုးရ
သြဂုတ် ၂၆၊ ၂၀၁၂

ဦးသိန်းစိန်အစိုးရဟာ နိုင်ငံတကာသိ အတိုက်အခံနိုင်ငံရေးသမားတွေကို အရေးပါ အရာပေးတဲ့နည်းနဲ့ ဆက်ဆံပြပြီး မျက်နှာမွဲ အတိုက်အခံနိုင်ငံရေးသမားတွေနဲ့ ရပိုင်ခွင့်အတွက် ဆန္ဒပြတဲ့ အလုပ်သမား၊ လယ်သမား သာမန်ပြည်သူတွေကိုတော့ ပေါ်ပေါ်တင်တင် တရားစွဲတဲ့နည်းရယ်၊ လူမသိသူမသိ နှိပ်ကွပ်တဲ့နည်းတွေရယ်နဲ့ ခွဲခြားဆက်ဆံနေတာ သတိထားမိတယ်။

တောကြိုအုံကြားမှာ ဆန္ဒပြတဲ့ တောင်သူတွေ၊ ရွှေတူးအလုပ်သမားတွေကို နှိပ်ကွပ်ဖို့ လူမသိ သူမသိ ၀ိုင်းထားတဲ့ လုံထိန်းတွေဆိုတာ နည်းနည်းနောနောမဟုတ်။ ဒါကို မျက်နှာကြီး နိုင်ငံရေးသမားတွေက ကိုယ်နဲ့မဆိုင်သလို တေမိလုပ် မသိချင်ယောင်ဆောင်နေရင် ရေရှည်မှာ မျက်နှာမွဲပြည်သူတွေ ပိုပိုပြီး အနင်းခံရလိမ့်မယ်။

ပြောရရင် ဦးသိန်းစိန်အစိုးရဟာ စားပွဲအပေါ်ပိုင်း မျက်နှာကတော့ ပြုံးပြုံးလေးပဲ၊ စားပွဲအောက်မှာ ချထားတဲ့ လက်ကတော့ လူမသိသူမသိ ပေါင်တွင်းကြော လိမ်ဆွဲဖို့ အသင့်ပြင်ထားတဲ့ အနေအထားမျိုးနဲ့ တိုင်းပြည်ကို အုပ်ချုပ်နေတာပါပဲ။

အီဂျစ်ပြည်သူတွေကို သတ္တိရှိရှိ ပြတ်ပြတ်သားသား ဦးဆောင်မှုပေးနိုင်ခဲ့တဲ့ 
အီဂျစ်သမ္မတသစ် မိုဟာမက်မော်စီ
သြဂုတ် ၂၈၊ ၂၀၁၂

တကယ်ဆို အီဂျစ်သမ္မတသစ် မိုဟာမက်မော်စီသာ အီဂျစ်စစ်ကောင်စီကို (NLD ခေါင်းဆောင်တွေ ၂၃ နှစ်လုံးလုံး နအဖစစ်အုပ်စုထံ တောင်းဆိုမှုတွေချည်းပဲလုပ်ပြီး စောင့်ဆိုင်းနေခဲ့သလို) ပျော့ပျော့ညံ့ညံ့ ဆက်ဆံခဲ့ရင် အီဂျစ်စစ်ကောင်စီရဲ့ နင်းခြေမှုကို ခံရနိုင်ပြီး အီဂျစ်ဒီမိုကရေစီအရေးလည်း မြန်မာ့ဒီမိုကရေစီအရေးလို ကာလရှည် ရွာလည်နိုင်တဲ့ အခြေအနေပါ။

အခုတော့ အီဂျစ်သမ္မတသစ် မိုဟာမက်မော်စီက ရွေးကောက်ပွဲနိုင်တဲ့ သမ္မတတယောက်အနေနဲ့ သူလုပ်ပိုင်ခွင့်ရှိတာတွေကို လက်ဦးမှုယူပြီး သွက်သွက်လက်လက် ပြတ်ပြတ်သားသား ဦးဆောင်မှုပေးနိုင်ခဲ့လို့ အီဂျစ်ပြည်သူတွေ အသက်၊ သွေး၊ ချွေး ပေးဆပ်ရကျိုးနပ်တဲ့အပြင် အချိန်တိုအတွင်း ဒီမိုကရေစီ အောင်ပွဲခံကာ ကမ္ဘာ့အလည်မှာ မော်ကြွားနိုင်ခဲ့ပါပြီ။

အီဂျစ်သမ္မသစ် မိုဟာမက်မော်စီဟာ သူ့ပြည်သူတွေကို ရဲရဲရင့်ရင့် ဦးဆောင်မှုပေးနိုင်ခဲ့ရုံမက ၂၀၁၂ သြဂုတ်လ ၂၇ ရက်နေ့ကလည်း အာဏာရှင်အစိုးရ ဖြုတ်ချရေး တိုက်ပွဲဝင်နေတဲ့ ဆီးရီးယားပြည်သူတွေဘက်က ပြတ်ပြတ်သားသား ရပ်တည်ပြီး ဆီးရီးယားလူသတ်အစိုးရ ဆင်းပေးဖို့ ရိုက်တာသတင်းဌာနနဲ့ အင်တာဗျူးမှာ ပြတ်ပြတ်သားသား ပြောဆိုလိုက်ပြန်ပါပြီ။

"Now is the time to stop this bloodshed and for the Syrian people to regain their full rights and for this regime that kills its people to disappear from the scene," Mohammed Morsi said in his first interview with an international news organization.

http://www.haaretz.com/news/middle-east/egypt-s-president-morsi-says-time-is-up-for-syria-s-assad-1.461046

အဆိုးဆုံး ဒွတ်ခ
စက်တင်ဘာ ၂၊ ၂၀၁၂

မျက်စိလည်တဲ့အထဲမှာ နိုင်ငံရေးမျက်စိလည်တာ အဆိုးဆုံးဖြစ်သလို ဂရုဏာသက်ဖို့လည်း ကောင်းမယ်ထင်ရဲ့။ “ကျွတ် … ကျွတ် … ကျွတ်” ကလွဲ ကျနော်ကကော ဘာများတတ်နိုင်ဦးမှာလဲ။

နည်းနည်းကြီးတော့ လွဲနေဒယ် ... လွဲလွဲကြီးပဲ ကောင်းပါဒယ် :)
စက်တင်ဘာ ၄၊ ၂၀၁၂

ဆရာတော် ဦးဝီရသူ ဦးဆောင်သင့်တာက ကချင်စစ်ရပ်စဲရေးအတွက် တတိုင်းတပြည်လုံး ငြိမ်းချမ်းစွာ တောင်းဆိုဆန္ဒပြရေး ...

ဆရာတော် ဦးဝီရသူ လုပ်ဆောင်နေတာက သမ္မတကြီးကို ထောက်ခံရေး :)

ကချင်စစ်ရပ်စဲရေးကို တတိုင်းတပြည်လုံး ငြိမ်းချမ်းစွာ တောင်းဆိုဆန္ဒပြဖို့ ခေါင်းဆောင်ဆိုသူတွေ ဘာကြောင့် တေမိလုပ် ရူးချင်ယောင်ဆောင်နေကြပါလိမ့် ...

သုံးကြောင်းကဗျာနဲ့ သုံးသောင်း … အမှတ်တရ
စက်တင်ဘာ ၉၊ ၂၀၁၂

ဒီည ကျနော် ကြည်ညိုလေးစားရတဲ့ ရဲဘော်သုံးကျိပ်ဝင် ဗိုလ်မှူးချုပ်ဟောင်း ကျော်ဇောရဲ့ ကျန်းမာရေးသတင်းတွေ ဖတ်ရှုရင်း မြန်မာ့လွတ်လပ်ရေးအတွက်၊ မြန်မာ့ဒီမိုကရေစီရေးအတွက် တိုက်ပွဲဝင်ဆဲ ကျဆုံးသွားခဲ့တဲ့ သူရဲကောင်းတွေအကြောင်း တွေးနေမိတယ်။ တွေးနေရင်း ကျနော် ရေးခဲ့တဲ့ သုံးကြောင်းကဗျာကြောင့် ကျနော့်မိတ်ဆွေကြီး ကိုနွယ်ဦး (ဆရာနွယ်ဦးလှိုင် - ယခု နေလဂျာနယ် အယ်ဒီတာချုပ်) သုံးသောင်းလောက် ကုန်သွားတဲ့ အကြောင်းလေးကို သွားသတိရတယ်။ အဲဒီတုန်းက ကိုနွယ်ဦးက ‘ဂီတဂျာနယ်’ ကို လုပ်နေတဲ့အချိန် ၂၀၀၀ ပြည့်လွန် နှစ်တနှစ် …။ သူက ဂျာနယ်အထူးထုတ်အတွက် စာမူတောင်းလို့ န၀တစစ်အုပ်စု အာဏာသိမ်းပြီးချိန်လောက်က ရေးဖြစ်ခဲ့တဲ့ သုံးကြောင်းကဗျာလေးကို ကျနော် ပေးဖြစ်ခဲ့တယ်။ ကဗျာလေးက ဖြန့်ချိတဲ့အထဲ ပါတဲ့အဆင့်ထိ မရောက်ခဲ့ဘဲ စာပေစိစစ်ရေးက ဖြုတ်ခိုင်းလို့ ဖြုတ်ပေးခဲ့ရတယ်။ ဒါပေမယ့် ကိုနွယ်ဦးက ကဗျာကို လွတ်ကင်းမယ်ထင်ပြီး ကြိုတင် ပုံနှိပ်မိခဲ့ပုံပေါ်တယ်။ မထင်မှတ်ဘဲ စာပေစိစစ်ရေးက ဖြုတ်ခိုင်းတော့ လက်လွန်နေပြီမို့ အဲဒီသုံးကြောင်းကဗျာ ပါတဲ့ စာဖောင်ကို အသစ်ပြန်ရိုက်ရတယ်တဲ့။ သူ့ဂျာနယ်ဖောင်ပိတ်ပွဲညတညမှာ “ကိုလွဏ်းဆွေရဲ့ သုံးကြောင်းကဗျာက သုံးသောင်းလောက် ကုန်သွားတယ်” လို့ ကိုနွယ်ဦး နောက်ပြောလေး ပြောလိုက်မှ ကျနော် သူ့ကို အားတုံ့အားနာဖြစ်ခဲ့ရတဲ့ ကဗျာလေးပေါ့။

“သူရဲကောင်း၏ နှလုံးသားပုံရိပ်”

စိန်ပန်းတွေသည်
ဝေလည်း နီပြီး
အနီနဲ့ပဲ ကြွေလေသည်။ ။

ဒေါက်တာလွဏ်းဆွေ

အချိန် ၃ လပဲ ယူယူ ... ၆ လပဲ ယူယူ
စက်တင်ဘာ ၉၊ ၂၀၁၂

၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုကိုကြီး၊ လူရွှင်တော် ကိုဇာဂနာတို့ ပါဝင်တဲ့ ရခိုင်အရေးစုံစမ်းစစ်ဆေးရေးအဖွဲ့ဝင် ၇ ယောက် ဒီကနေ့ ၉.၉.၂၀၁၂ ရက်နေ့မှာ စစ်တွေမြို့သို့ ထပ်မံရောက်ရှိခဲ့တယ်လို့ သိရပါတယ်။

သမ္မတ ဦးသိန်းစိန် ထပ်ဖွဲ့ပေးလိုက်ရတဲ့ စူံစမ်းရေးအဖွဲ့သစ်အနေနဲ့ ပထမစုံစမ်းရေးအဖွဲ့တုန်းက မဖော်ထုတ်နိုင်ခဲ့တဲ့ တောင်ကုတ် ၁၀ လောင်းပြိုင်လူသတ်မှု (ရခိုင်အရေးကို ကြီးထွားစေတဲ့ အဓိကအကြောင်းတရား) ရဲ့ တရားခံစစ်စစ်တွေကို ဖော်ထုတ်နိုင်မလား စောင့်ကြည့်ရမှာဖြစ်ပါတယ်။

အခုအထိ လက်သည်မပေါ်သေးတဲ့ အဆိုပါ ကြောက်မက်ဖွယ် တောင်ကုတ်လူသတ်မှုကြီးရဲ့ တရားခံစစ်စစ်တွေကို ပြည်သူလူထု လက်ခံတဲ့သူတွေပါတဲ့ လက်ရှိစုံစမ်းရေးအဖွဲ့သစ်က ဖော်ထုတ်နိုင်ပြီး အရေးယူအပြစ်ပေးမှုတွေ လုပ်နိုင်တဲ့အထိ တက်လှမ်းနိုင်ခဲ့မယ်ဆိုရင် အရင့်အရင်က လက်သည်မပေါ် မဖော်ထုတ်နိုင်ခဲ့တဲ့ ဒီပရင်းလို၊ အင်းလျားလမ်း ၅ လောင်းပြိုင် လူသတ်မှုလို အမှုအခင်းကြီးတွေကို ဖော်ထုတ်ဖို့လည်း လမ်းစပေါ်လာနိုင်ပါတယ်။

အဲဒီကမှတဆင့် တရားဥပဒေစိုးမိုးမှု ပိုရှိတဲ့အနေအထားကို တည်ဆောက်လာနိုင်ခဲ့ရင် ၈၈ အာဏာသိမ်း လူသတ်မှုလို၊ ရွှေဝါရောင် လူသတ်မှုလို နိုင်ငံတော်လူသတ်ပွဲကြီးတွေရဲ့ တရားခံတွေကို ဖော်ထုတ်နိုင်တဲ့အထိ အခြေအနေတွေ ဖြစ်ပေါ်လာမယ်လို့ ယုံကြည်ပါတယ်။

အဲဒီလို တက်လှမ်းနိုင်ဖို့ဆိုတာ လက်ရှိစုံစမ်းရေးအဖွဲ့သစ်မှာ ပါဝင်တဲ့ ပုဂ္ဂိုလ်တွေရဲ့ အစွမ်းအစ၊ အမှန်တရားကို ဖော်ထုတ်ရဲမှု၊ သတ္တိရှိမှုတွေအပေါ်မှာ မူတည်မယ်လို့ မြင်ပါတယ်။ အချိန် ၃ လပဲ ယူယူ၊ ၆ လပဲ ယူယူ ပထမစုံစမ်းရေးအဖွဲ့လို အိယောင်ဝါးအစီရင်ခံစာသာ ထွက်လာခဲ့ရင်တော့ ကော်မရှင်အဖွဲ့ဝင်တွေအနေနဲ့ နာမည်ပျက်ရဖို့ကိန်းဆိုက်ဖို့သာ ရှိတယ်လို့ မြင်မိပါကြောင်း ...။ ။

(ဓာတ်ပုံကို Aung Kyaw Win ဖေ့စ်ဘွတ်ခ်စာမျက်နှာမှ ယူပါသည်)

မြန်မာ့ဒီမိုကရေစီရေး အခြေအနေက ဘယ်လိုဖြစ်နေလဲဆိုတော့ …
စက်တင်ဘာ ၂၄၊ ၂၀၁၂

တရွာလုံးက အားကိုးအားထားပြုခဲ့ကြတဲ့ လူရိုသေရှင်ရိုသေ အစ်မအကြီးဆုံးကြီးက အရွယ်လွန် အသက်ရမှ ငါ့လှေငါထိုး ပဲခူးရောက်ရောက် ဆိုသလို ဘယ်သူ့ကိုမှ တိုင်ပင်ဖော်မရဘဲ တရွာလုံးက လမ်းမတော်ဖိုးတုတ်လို့ နာမည်ပြောင်ပေးထားတဲ့ ရွာ့အောကြောလန်နောက် ကောက်ကောက်ပါအောင် လိုက်ပြေးသွားခဲ့တယ်ခင်ဗျ။ တရွာလုံးက အစ်မကြီးရဲ့ အိမ်ထောင်ရေးအတွက် ရင်တမမ စိတ်တပူပူ ရှိနေကြပေမယ့် အခုအခါမှာ အစ်မကြီးကတော့ သူနဲ့ လက်ထပ်ထိမ်းမြားပေါင်းသင်းပြီးမှ လမ်းမတော်ဖိုးတုတ် လိမ္မာယဉ်ကျေးလာပြီဆိုပြီး ရွာတကာလှည့် မိတ်ဆက်ပြောကြားနေသလို အရင်က လမ်းမတော်ဖိုးတုတ် ဒုက္ခပေးနှိပ်စက်သမျှကို ခုခံဖို့ စုဆောင်းထားခဲ့တဲ့ လက်နက်မှန်သမျှကိုလည်း ကျင်းတူးမြေမြှုပ်ပစ်နေတယ်ပေါ့ခင်ဗျာ။ ခုခံစရာ လက်နက်မကျန်တော့လို့ မျက်လုံးပြူးမျက်ဆံပြူးဖြစ်နေကြတဲ့ တရွာလုံးကတော့ … ပေါက်တဲ့နဖူး မထူးတော့တဲ့ အစ်မကြီးရဲ့ အိမ်ထောင်ရေး သာယာပါစေလို့ပဲ ဆုတောင်းပေးရမလား၊ ခွေးမြီးကောက် ကျည်တောက်စွပ်ဖြစ်မှာ သေချာနေတဲ့ လမ်းမတော်ဖိုးတုတ် ဗွေပြန်ဖောက်လာရင် ဘယ်လိုခုခံရကောင်းမလဲ၊ လမ်းမတော်ဖိုးတုတ်ကို ပြန်လည်ခုခံတိုက်ခိုက်ရင် အစ်မကြီးရဲ့ အခြေအနေရော ဘယ်လိုတွေ ဖြစ်ကုန်မလဲ … ငြင်းရင်းခုန်ရင်း မိုးလင်းရင်း ဆိုသလို အခြေအနေမျိုး ဖြစ်နေတယ်ပေါ့ခင်ဗျာ။

ယနေ့ကာလ မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားသူများ အထူးသတိပြုဖွယ်
စက်တင်ဘာ ၂၇၊ ၂၀၁၂

“အစားမတော် တဇွန်း ... အဖားမတော် တခွန်း”

လက်ရှိ မြန်မာနိုင်ငံ အခြေအနေ
စက်တင်ဘာ ၂၉၊ ၂၀၁၂

“ခေါင်းဆောင်ဆိုသူတွေက ဘ၀င်ဟပ် အပီဖြီး (ရွှီး) ... ပြည်သူတွေကတော့ ရင်ဘတ်စည်တီး”

31 comments:

patrioticburmese said...

မောင်လွမ်းဆွေ ပုံကဘယ် လိုဖြစ်နေလဲဆိုတော့ မိဘက ဂရုမစိုက်လို သူ့ကိုဂရုစိုက်လာအောင် ရွဲပြနေတဲ့ သားဆိုးတရောက်ပုံနဲ့ တူနေတယ်။ အရင်က ပြည်ပမှာ နိုင်ငံရေးလုပ် နေပြီး အခုလိုပြောင်းလဲနေတဲ့ အချိန်မှာ နေရာတခု မရမှာကို အရမ်းကြောက်ပြီး အရူးချီးပန်း တွေ့ကရာကိုအပြစ်ပြောပြီး သူ့ကိုဂရုစိုက်လာအောင် လုပ်နေတာသိသာပါတယ်။ ခင်းဗျားရဲ့ ခံစားချက်ကိုနားပေးပါတယ်ဗျာ ခင်းဗျားမှ မဟုတ်ပါဘူး ပြည်ပမှာနိုင်ငံရေးလုပ်စားနေ သူတော်တော်များများ အခုအချိန်မှာ ဒီရောဂါဖြစ်နေ ကြပါပြီ။ ခင်းဗျားတို့ကို လဲကိုချင်းစာပါတယ် နှစ်ပေါင်းများစွာလုပ်လာပြီး ဘာနေရာမှမရတော့ ရင်နာတာပေါ့ဗျာ။ ဘာမှမပူနဲ့ ငါပြောပေးပါမယ် ဦးသိန်းစိန် နဲ့ ဒေါ်အောင်ဆန်းစုကြည် ကို မင်းအတွက် နေရာလေး တနေရာလောက်ချန်ထား ပေးဖို့။ ဘာမှစိတ် မပူနေနဲတော့နော် ကိုသောက်စရာရှိတာ စိတ်အေးလက်အေးဆက် သောက်နေနော် ဟုတ်ပြီလား။ အရမ်းလဲသောက်မနေ နဲ့အုံး တော်ကြာ အုံးနှောတ်ပြက်ပြီး တာဝန်ကြီးကြီးပေး တဲ့အခါ မလုပ်နှိုင်ပဲ နေအုံးမယ်။

aung tun said...

ညီလေးလွမ်းဆွေ.. ထိုင်းမှာနေတုန်းဆေးကြိုတင်ကုထားကွာ.. ဗမာပြည်က တံတားလေးက ထောင်သာသာပဲဆိုတော့ မင်းကြိုက်မှာမဟုတ်ဘူး...ထိုင်းမှာက စပွန်ဆာရှိသေးတယ်.. လှုပ်လို့ရသေးတယ်

mgmglay said...

KIA ရင်း(၃)နဲ့ ဗမာစစ်တပ်တို့ တိုက်ပွဲဖြစ် KIA မှ (၃)ဦးကျ (၁)ဦးဒဏ်ရာရ
http://www.kachindailynews.com/2012/09/kia-kia_29.html

yin win said...

ကိုလွမ်းဆွေ..မှူးနေလော..ကျနော်လည်း.ပြည်ပမှာမှူးနေတယ်..ကျနော်ကပန်ပင်းလို့ကိုလွမ်းဆွေက..အားနေလို့..ဟဲ..ဟဲ..ကျနော်လည်းမှူး..ကိုလွမ်းဆွေလည်းမှူး...ဟဲ..ဟဲ..ဒါပေမယ့်..အမေစု ကိုတော့..မစော်ကားပါနဲ့လောဗျာ..သူ့မှာပြည်သူကောင်းစားရေအတွက်ဆို...ဘာမဆိုလုပ်ပေးဖို့အစီင်္အစဉ်ရှိတယ်..

yin win said...

တခါတလေ..ကျနော်ကိုလွမ်းဆွေကို..ကြံ့ဖွံ့လူတောင်ထင်လာတယ်...ဟဲ..ဟဲ..ဟဲ..ကျနော်မှူးနေတယ်ကိုလွမ်းဆွေ..ဒါပေမယ့်..ကျနော်တွေးထင်တာ..၉၀%မှန်တယ်..

Win said...

တော်တော့်ကို အောက်ကလိအာနိုင်အောင် ရေးနိုင်တဲ့လူပေါကြီးပါလားဗျာ။ တိုင်းပြည်အတွက် ဘာမှမလုပ်ပဲငုတ်တုပ်ထိုင်နေတဲ့ လူတွေထက်တောင်ခင်ဗျားရဲ့တိုင်းပြည်အပေါ်စိုးရိမ်ကြီးပါတယ်ဆိုပြီးရေးသားမှုတွေက ပိုယုတ်ညံ့ပါတယ်..

yoo said...

ဒေါက်တာလွှတ်ဆွ ။ ။

" ဘယ်တူတွေလဲကွ..ဟေ...၊
ဂရုစိုက်လာအောင် ရွဲ့ ပြနေတာဟုတ်ဘူးကွ..၊
မူးတာချင်း တူပေတဲ့... တစ်မူးသာတယ်ကွ..ဟေ..ဂေ့..၊
ကမ္ဘာကျော်တဲ့ ရွှေဝါရောင်တော်လှန်ရေးကြီးကို..
တိ ဂျတယ်..မလား...၊
တော်လှန်ရေးစတင်တဲ့ နေ့ မှာ...
အဲ့....ဂေ့..အေ့...၊
သတ္တိ ရှိ ရှိ နဲ့ ...ဂေ့ ...."

patrioticburmese၊ U lay aung၊
yin win ။ ။

" ကိုလွဏ်း က ဦးဆောင်ပြီး ခေါင်းဆောင်
ခဲ့တယ်..ဆိုပါတော့.."

ဒေါက်တာလွှတ်ဆွ ။ ။

" ဟင့်အင်း...၊
အဝေးကနေ..ဒီ ဘလော့ဂ်တင်ဆက်မှုကို စတင်ခဲ့တာ ပြောမလို့ ပါ...အဟဲ...
လူဆိုးတွေ.."

Unknown said...

အမေစုကိုမစော်ကားနဲ့ ဘာလဲ လက်ရှိအခြေနေက
ပြည်ပမှာတောင်းစားလို့မရတော့လို့လား
ဒါဆိုပြည်တွင်းကိုလာခဲ့ဘုန်းကြီးကျောင်းတွေရှိတယ်
ထမင်းမငတ်ဘူး

apalar said...

ဆရာရေ

မှန်ကန်ရင် ကွဲတယ်တဲ့  မှန်တာချည်းပြောနေတော့ ဒင်းတို့  မခံနိုင်ကြဘူးလေ

ဆရာ့ အမြင်တွေ အရေးအသားတွေက မှန်တာရေးပြ ချပြတော့ လန့် နေကြရဲ့ 

လေးဂျီးပြောသလို မျက်စိမှိတ်ပြီး ကိုးကွယ် နေကြတာဖြစ်လိမ့်မယ်

* said...


“ဒေါ်အောင်ဆန်းစုကြည် မြန်မာပြည်ပြန်လာရင် လွှတ်တော်မှာ
ပြည်တွင်းစစ်ရပ်စဲရေး အဆိုတင်သွင်းပေးပါ”

ဒေါ်အောင်ဆန်းစုကြည်က ငြိမ်းချမ်းရေးနိုဗယ်ဆုရှင်ဆိုတော့
ငြိမ်းချမ်းရေးအတွက် တင်ပြခိုင်းတာပဲ။ သူ တင်ပြဆွေးနွေးပါ လိမ့်မယ်။
ဒါမှသာ နိုင်ငံရေး Issue အနေနဲ့ တက်လာမှာပါ။
ခုဖြစ်နေတာက
(၁) သမ္မတက ရပ်ခိုင်းတယ် စစ်ဦးစီးချုပ်က တိုက်ခိုင်းတာ။
(၂) စစ်ဦးစီးချုပ်က ခိုင်းတာ မဟုတ်ဘူး ရှေ့တန်းက စစ်ဗိုလ်တွေ
တိုက်ခိုင်းတာ။ အမိန့် မနာခံတာပေါ့။
(၃) စစ်ဗိုလ်တွေ တိုက်ခိုင်းတာ မဟုတ်ဘူး အောက်ခြေစစ်သားတွေ ပစ်ကြတာ။
စစ်ဗိုလ်ရဲ့ အမိန့်ကို မနာခံတာပေါ့။
(၄) အစိုးရက တိုက်တာမဟုတ်ဘူး။ KIA က မပစ်ဖို့ မပြောလို့။

သေလိုက်ပါတော့။
ဒီလောက် အမိန့်မနာခံတဲ့ စစ်တပ် တိုင်းပြည်ဘယ်လို ကာကွယ်မလဲ။
လိမ်မနေနဲ့ တကျိတ်တည်း တဉာဏ်တည်းပဲ။

ကဲ အပစ်ရပ် သွားအောင် မေးခွန်းထုတ်နိုင်တဲ့ တစ်ဦးတည်းသော
လွှတ်တော်ကိုယ်စားလှယ်ကတော့ ဒေါ်အောင်ဆန်းစုကြည်ပဲ။
ဒေါ်အောင်ဆန်းစုကြည် ခင်ဗျာ မြန်မာပြည် ပြန်ရောက်ရင်
ပြည်တွင်းစစ်ရပ်စဲရေး အဆိုကို လွှတ်တော်မှာ တင်သွင်းပါ ခင်ဗျာ။
ဒါကြီးတင်သွင်းမှာ စိုးလို့ လွှတ်တော်ပါ မခေါ်ဘဲ နေလိုက်ရင်တော့။
အလိမ်သာခံလိမ် ပါတော့ "အမေရယ်"
အမေချစ်သား
မောင်မောင်ပျင်း

S.Maung Chain said...

we don't need to thinking about how much he drink.We need to think about how much he can express for the peoples's actual situations
in his articles that all.

kyaw naing said...

ကိုနတ်ဆိုးတို့ကျနော်ကိုဆဲရင်လည်းခံမှာပါဗျာ။ခင်ဗျာတို့
သလိုဘယ်စစ်အုပ်စုထဲ၊ဘယ်နိုင်ငံရေးလောကထဲမှလည်းမ
ဟုတ်ရပါဘူး။ပြည်သူထဲကပြည်သူတစ်ယောက်သာဖြစ်ပါတယ်။စစ်သားဆိုအသံကြားတည်းကနားခါးတယ်။စစ်သား
ဆိုတာတိုင်းပြည်ကိုမောင်ပိုင်စီးဓားမြတိုက်တဲ့လူလို့ဘဲကျနော်အဓိပါယ်ဖော်ပါတယ်။ကြံဖွတ်ကိုပိုဆိုးပေါ့။အရင်ကလည်း
ဒေါ်အောင်ဆန်းစုကြည်ကိုကြည်ညိုလေးစားခဲ့သူတစ်
ယောက်ပါ။ရွေဝါရောင်တော်လှန်ရေးမှာလမ်းညွန်းမှူမပေးနိုင်ခဲ့တာကိုနားလည်ပေးလို့ရတယ်။စာနာပေးလို့ရတယ်
အခုအချိန်မှာသူ့အတိုင်းအတာနဲ့သူ့နေရာေ၇ာက်နေပြီ။
ရှိနေပြီ။ပြောနိုင်ပြီ။အခုတော့ရေငုံနှုတ်ပိတ်နေနိုင်လွန်း
တယ်။အခုဦးလွဏ်းဆွေတို့ကထောက်ပြတော့လည်းဟို
ဖက်ကလား၊ဒီဖက်ကလားနဲ့တလားလားမေးခွန်းထုတ်နေ
ကြတယ်။တကယ်ထုတ်ရမှာကသူတို့ကိုဘဲ။နိုင်ငံရေးသ
မားအများစုကတော့ဒီလိုဘဲ။သူတို့မဲမရခင်ဟိုဟာလုပ်
ပေးပါ့မယ်ဒီဟာလုပ်ပေးပါ့မယ်နဲ့။ဒီလောက်သွေးထွက်
သံယိုပြသနာတွေမှာမပြောရင်၊ရှင်ပြုပွဲကကွမ်းတောင်း
ကိုင်မဲ့နေရာကျမှထ၊ပြီးပြောမှာလား။ကျနော်လည်းခင်
ဗျားတို့လိုတိုင်သူပြည်သားတစ်ယောက်မို့လို့အသည်း
ဆာရင်နာလွန်းလို့ပြောနေရတာပါ။ထို့နည်း၎င်းဘဲဦးလွ
ဏ်းဆွေလည်းအတူတူသူမြင်မိသမျှထောက်ပြပြောဆို
တာဘဲဖြစ်မှာဘဲ။သူမှာတာလုပ်ရင်ကျနော်တို့လည်းသူ့
ကိုနားလည်ပေးမှာမဟုတ်ဘူး။အရင်အကျယ်ချုပ်နဲ့တုန်းကတောင်ပြောနိုင်ပါရက်နဲ့ခုကျမှကျမတို့မှာပြောဆိုနိုင်မဲ့အာဏာမ၇ှိသေးလို့ပါဆိုတာသူသမတဖြစ်အောင်စောင့်
ပေးကြပါမဲထည့်ကြပါအုံးဆိုလိုတဲ့သဘောလား။ခင်ဗျား
တို့လည်းတိုင်းသူပြည်သားထဲကလူဆိုဘက်မလိုက်ဘဲ
စဉ်းစားဆင်ခြင်နိုင်ကြပါစေလို့ဆုတောင်းပါတယ်။

Unknown said...

I think Kyaw Naing = Lwan Swe,they are the same group or may be only one.But whatever so disgusting.

we love and ever support to mother su.understand

kyaw naing said...

စာရှုသူမိတ်ဆွေများအားလုံးတစ်ခုတောင်းဆိုပါရစေ။ကျနော်လည်းစစ်အုပ်စုကိုလိုလားသူမဟုတ်သလိုဘယ်အဖွဲ့အ
စည်းကိုမှလည်းမျက်စိမှိတ်ယုံနေမှာတော့မဟုတ်ဘူး။ကျနော်ပြောစကားအရာမရောက်နေပါစေ၊ဒါဆိုလည်းဒေါ်စုကြည်ပြောသလိုအသည်းထဲကမဲတစ်ပြားဖြစ်မလာရုံလေးပါ။အရင်
အတိုင်းအတာနဲ့ဒေါ်စုကြည်ကနိုင်ငံတော်ဦးဆောင်သင့်တဲ့
လူတစ်ယောက်ပါဘဲ။အခုရခိုင်ပြည်ကပြသနာ၊ကချင်ပြည်
ကပြသနာတွေကြည့်ရင်တိုင်းပြည်အတွက်တော်တော်ရင်
လေးစရာကြီးဖြစ်နေတယ်။တကယ်ဆိုသြစတြီးယားဝန်ကြီး
ချူပ်တို့လို့ပြောလိုက်ကြပါ။ပြတ်ပြတ်သားသားနဲ့။ကိုယ့်နိုင်ငံသားမဟုတ်သူတွေကိုတော့ဥပဒေအတိုင်းအချိန်ယူဆုံးဖြတ်ရမယ်တဲ့။ကိုယ့်တစ်မြေတည်းသားကျတော့
မညှာမတာသတ်နေဖြတ်နေလိုက်တာနေ့မအားညမအား
တိုင်းသူပြည်သားအခွန်ငွေတွေကိုအလဟသဖြုန်းတီးနေ
ရုံမကဘူး။ပျိုးခင်းသစ်၊မျိုးဆက်သစ်တွေကိုပါသွေးခွဲပစ်
နေတာနဲ့တူနေတယ်။ဗမာလူမျိုးဆိုဘယ်တော့မှအ
ကောင်းမြင်ကြမှာမဟုတ်တော့ဘူး။ထိုင်းကအချုပ်ခန်း
တွေအကြောင်းသိဖူးကြလား။ဗမာလူမျိုးဆိုလာခဲ့ရေချိုး
ခန်းအိမ်သာခန်းထဲကိုယောကျာင်္းဖြစ်ဖြစ်၊မိန်းမဖြစ်ဖြစ်မ
ယားလုပ်ခံရတာတွေကိုလေ။ကျနော့သူငယ်ချင်းတွေ
ပြောပြလို့မျက်ရည်လည်ရတယ်။ကိုယ့်နိုင်ငံကိုတခြားတိုင်းသူပြည်သားဘယ်လောက်ထိအထင်ကြီးလဲဆိုတာ
တိုင်းပြည်ထဲကထွက်ကြည့်မှဘဲသိ၇တယ်။သူတို့ကတော့
စာမျက်နှာတွေထက်ပြုံးလို့ကောင်းပြောလို့ကောင်း
ပြောမဆုံးပေါင်တောသုံးထောင်။မနေ့ကမှလက်နဲ့တဒုံးဒုံး
ဖြစ်နေခဲ့တဲ့အီဂျစ်တောင်လူလုံးလှနေခဲ့ပြီ။အခုတော့စစ်တပ်ကလယ်မြေတွေလုတာနဲ့မုဒိန်းကျင့်သတ်ဖြတ်တာ။
ပြသနာတွေတစ်ခုပြီးတစ်ခုဖန်တီးနေတာတွေကအားလုံး
အတွက်အခြေခံအကြောင်းအရင်းတွေပါ။စစ်အုပ်စုတွေ
နားရောက်သွားရင်စပါးကြီးမြွေလိုညှို့တတ်တာ၊ဆွယ်
တတ်တာ။အုပ်စုကွဲအောင်လုပ်တတ်တာ၊လိမ်တာညာတာတစ်ကဗာလုံးသိတယ်။ကလေးကအစသိတယ်။အဲဒီ
ချဉ်းကပ်နည်းအသစ်နဲ့ချဉ်းကပ်နေတဲ့ဒေါ်စုကြည်လည်း
တစ်နေ့ကျရင်မြန်မာစကားပုံအတိုင်းဆိုတံငါနားနီးတော့
တံငါပေါ့ဗျာ။ဒါကိုသူကိုပြောရကောင်းလားလို့ကြားဝင်ပြီး
နာနေစရာမလို။သူတို့ကဟိုမှာအဆင့်မြင့်ပါတယ်ဆိုတဲ့
ဟိုတယ်မိုတယ်ဟိုဘွဲ့ဒီဘွဲ့တွေနဲ့လန်းလို့။စစ်တောင်ဖြစ်မ
နေသလိုဘဲ။ကိုယ့်အိမ်ကိုဗုံးကျမှခင်ဗျားတို့ကနာမှာလား

kyaw naing said...

ဟုတ်ကဲ့လွဏ်းဆွေလူဖြစ်ဖို့လွဏ်ဆွေနဲ့သိဖို့လောက်မပြော
နဲ့ဦးလွဏ်ဆွေထိုင်းမှာနေတယ်ဆိုတာဒီcommentထဲဝင်
ဖတ်မှသိရတာ။ကျနော်ပြောတာကျနော်နာတယ်ဆိုတာတိုင်းသူပြည်သားဖက်ကနာတာဦးလွဏ်းဆွေဖက်ကနာတာမ
ဟုတ်ဘူး။ဦးလွဏ်ဆွေသတင်းမှားတင်တယ်ဆိုရလောက်
အောင်၊ခင်ဗျားတို့စွပ်စွဲနေရလောက်အောင်အခုသူတင်ပြ
ထားတဲ့ဆောင်းပါးတွေနဲ့ဘယ်လောက်ကွာဟမှုရှိနေလဲဆို
တာဘဲခင်ဗျားတို့ကတိုင်းတာရမှာ။ခင်ဗျားတို့ရွာလည်အောင်
လည်းဟိုကမျက်လှည့်ပြနေတာ။သတင်းတင်ပြတာနဲ့ကွာဟ
မှုရှိနေရင်တော့ကျနော်လည်းမျက်စိမှိတ်ယုံနေခေါင်း
ညိတ်နေမှာမဟုတ်ဘူး။သတင်းမှားတင်ရင်ရတဲ့နေရာက
commentပေးဝေဖန်မှာဘဲ။ကျနော်ကပြည်သူထဲကပြည်
သူသာဖြစ်ပါတယ်။

Unknown said...

ဟေ့ကောင်kyaw naingငါလည်းစစ်အစိုးရ စစ်အုပ်
ချုပ်ရေးကိုဆန့်ကျင်တဲ့သူပါကွ အခုလက်ရှိအခြေနေက
ဒီတိုင်းဘဲတဖြည်းဖြည်းသွားရမှာကွ အမြန်ပြောင်းလဲ
ရအောင် လက်ရှိလုပ်နေတဲ့လူတွေက ဇော်ဂျီ
တန်ခိုးရှင်တွေမဟုတ်ဘူး

kyaw naing said...

ဦးလွဏ်းဆွေကဘာလုပ်လုပ်ပါ။သူ့မှာသူကိုယ်ပိုင်လွပ်လပ်ခွင့်ဆိုတာရှိတယ်။သူပြောတာကိုမကောင်းမြင်နေတာကမှတ
ကယ်ညံ့တာ။တကယ်ဆိုသူကပြည်သူတွေဝေဖန်သုံးသပ်နိုင်ဖို့တင်ပြအသုံးတော်ခံနေတဲ့သတင်းသမားblogerတစ်ယောက်ပါဘဲ။သူပြောတာဟုတ်မဟုတ်မှန်မမှန်နဲ့လက်ရှိဖြစ်ပျက်နေတာကွာဟမှုရှိမရှိကြည့်ရဝေဖန်ရမယ့်တာဝန်၊သုံးသပ်
ရမဲ့တာဝန်ကကျနော်တို့စာဖတ်သူတွေတာဝန်။ဦးလွဏ်း
ဆွေးမဟုတ်မမှန်ရေးနေတယ်တင်နေတယ်လို့ယူဆတယ်
သိနေတယ်ဆိုလည်းလာမကြည့်တာကမှခင်ဗျားတို့အတွက်
အကုသိုလ်နည်းအုံးမယ်ထင်ပါတယ်

Naura said...

တစ်ခါတစ်လေ စစ်အစိုးရ လုပ်ရပ်တွေကြောင့် ဗမာတစ်မျိုးလုံးကို ၀ါးလုံးနှင့် ပတ်ရမ်းသလို ဆဲချင်ပေမယ့် ဒေါက်တာလွဏ်းဆွေလို ပုဂ္ဂိုလ်တွေ ရှိနေလို့ ဆင်ခြင်နေတာပါ။

Unknown said...

မင်းနဲ့ငါနဲ့အမြင်ချင်းမတူတါကဒီမိုကရေစီပါကွာ
လူတိုင်းမှာမတူတာတွေရှိကြတယ်
ဒါပေမယ့်လက်ရှိအခြေနေရဒီလိုဘဲသွားရမယ်
ငါကလူ ဝါဒ တခုကိုယုံကြည်တာမဟုတ်ဘူး
လုပ်ဆောင်ချက်တခုကိုအသိမှတ်ပြုတာပါ
ငါက MDYသားကွပွင့်လင်းတယ်။

patrioticburmese said...

မောင်ကျော်နိုင် ရေ မင်းတော့မသိဘူး ငါဆိုတဲ့ကောင်က လဲ စစ်အစိုးရကို အရင်က ရှေဆုံးကနေ လီးလချီးဆဲလာတဲ့ကောင်ပါကွ အဲဒီလိုအလုပ်ကောင်းလို့လဲ ဒီမအေပေးတွေရဲ ဒုက္ခပေးမှူ့အမျိုးမျိုးကို ကိုယ်တိုင်ခံခဲ့ရတဲ့သူပါ။ ငါ့ရဲ့ ခံယူချက်ကတော့ ပြတ်တယ်ဟေ တကယ်ပြည်သူ့အတွက်ဆိုရင် မကောင်းတာလုပ်ရင် ဆဲရမှာ ဖြစ်သလို ကောင်းတာလုပ်နေရင်လဲ ချီးမွန်း ထောက်ခံရမှာပဲ။ အခု အချိန်ထိတော့ ဒေါ်အောင်ဆန်းစုကြည် နဲ့ ဦးသိန်းစိန် တို့လုပ်နေတာ ထက် တကယ့်အခြေခံပြည်သူ ကောင်းစားနှိုင်မယ် နည်းလမ်းတော့ ငါမတွေ့သေးဘူးဟေ့။ အဲဒီလိုပြောလို့ အခုကော အရမ်းကောင်းနေပြီလား လို့မေးရင် နှစ်ငါးဆယ်လောက် ပျက်ချင်တိုင်းပျက်ခဲ့တဲ့ တိုင်းပြည်ကို ဘယ်လိုညဏ်ကြီးရှင်မျိုး က တစ်နှစ် နှစ်နှစ် အတွင်း အဖက်ဖက်က ကောင်းလာအောင်လုပ်ပေးနှိုင် မလဲဆိုတဲ့မေးခွန်း ကိုမင်းကိုငါပြန်မေး ရလိမ့်မယ်။ အခုဒီပို့မှာ ငါဖတ်ရ သလောက် တကဲ့တိုင်းပြည်နဲ့ ပြည်သူ အတွက် အကျိုးဖြစ်စေမဲ့ ဟာဘာတခု မှမတွေ့ဘူး။ တကဲ့နိုင်ငံရေး သမားစစ်စစ်ဆိုရင် တကဲ့အခြေခံပြည်သူရဲ့ အကျိုးစီးပွါးဖြစ်နှိုင်၏ မဖြစ်နှိုင်၏ ဆိုတဲ့ ဟာကိုအရင် စဉ်းစားပြီး မှ ပြောဆို လုပ်ကိုင်ဆောင် ရွက်ပါလို့ ပဲ အကြံပြု ချင်တယ်။ အဲဒီ လိုမှမဟုတ် ပဲ ပြည်သူတွေ ဆူပူပြီး လမ်းပေါ် ထွက်လာရုံ နိုင်ငံရေးသမား အချင်းချင်း သွေးကွဲလာရုံ လောက် ရှောက်ပြောနေရင် တော့ နိုင်ငံရေးလုပ်စား လို့ပဲငါက တော့သတ်မှတ်တယ်ဟေ။ပြီးတော့ပြောသေးတယ် အခုရခိုင်ပြည်ကပြသနာကို ဘာတဲ့ ဩစတြီးယားဝန်ကြီး
ချူပ်လိုပြတ်ပြတ်သားသား ပြော လိုက်ပါလားတဲ့ အဲဒီကအခြေအနေနဲ့ ဒီအခြေအနေကို ရှင်ပြီးပြောတတ် တဲ မင်း အုံးနောက်ကို ရွှေချထားရမယ်။ နောက်ပြီး မောင်ကျော်နိုင် ရေ မင်းပြောတော့ မောင်လွမ်းဆွေနဲ့ မသိဘူး ဆိုပြီး ထိုင်းက ထောင်အကြောင်းတွေကို သိနေပါလားဟေ့ သူငယ်ချင်းက ပြောပြလို့လို့ဆို ပြီး ညာအုံးမ လို့လား။ မင်းတို့က အခုမှ နိုင်ငံရေးဆိုတာ ကိုဘယ်လိုလုပ်ရင်ကောင်းမလဲ ကြံရုံရှိပါ သေးတယ်ကွာ။

Unknown said...

patriotiburmese အကိုပြောတာတွေ လုံးဝမှန်တယ်
ဗျာ

kyaw naing said...

တော်တော်ဂွကျတာဘဲနော်။အခုဒီblogerကလည်းသွေး
ကွဲအောင်ပြောတာလည်းမတွေ့ရဘူး။တွေ့ရင်လည်းကျနော်
လက်ခံမှာမဟုတ်ဘူး။ကျနော်ကမလေးရှားနေတဲ့လူ။ဦး
လွဏ်းဆွေကထိုင်းမှာနေတယ်လို့ဒီcommentထဲဝင်ဖတ်မှတကယ်သိရတာ။ကျနော်ပြောပြီးပြီ။ကျနော်ကသာမန်နိုင်ငံ
သားတစ်ယောက်ဘဲ။ဘယ်စစ်အုပ်စု၊နိုင်ငံရေးအဖွဲ့အစည်း
ထဲကမှလည်းမဟုတ်ဘူး။ခုနပြောသလိုထိုင်းနဲ့မလေးရှားဆို
တာအိမ်ဦးနဲ့ကြမ်းပြင်။မြန်မာပြည်နေတဲ့လူအတါက်ဘဲဝေးတယ်လို့တွေးမိလိမ့်မယ်။နေ့တိုင်းအဲဒီကနေဝင်လာတဲ့လူတွေဆီကကြားရမြင်ရ။တီဗီသတင်းတွေမှာမြင်ရနဲ့
ကိုယ့်နိုင်ငံသားတွေဖြစ်နေရတာနိုင်ငံမဲ့ကုလားလောက်
တောင်မျက်နှာပန်းမလှဘူး။သြစတြီးယားနဲ့မြန်မာပြည်
အခြေအနေကွာတာလူတိုင်းသိတယ်။ခင်ဗျားတို့ကျနော်
တို့မှာပြောပိုင်ခွင့်နည်းတယ်ထားအုံး။သူတို့အစိုးရမှာ
ပြောပိုင်ခွင့်ရှိပါရဲ့နဲ့မပြောတာကိုဒေါသထွက်နေရလို့ပြောနေတာလေ။ကျနော့အကျိုးစီးပွားအတွက်မဟုတ်ဘူး။
အခုလိုလည်းအခြေအတင်ပြောနေစရာမလိုဘူး။စဉ်းစား
သုံးသပ်ဖို့သာလိုတယ်။မျက်စိမှိတ်ဇွတ်မယုံဖို့သာလိုတယ်
အခုအမေရိကကိုဒေါ်အောင်ဆန်းစုကြည်သွားတုန်းက
ဟိုကဘင်္ဂင်္င်္လီတွေလာပြီးဆန်ဒပြတယ်နော်။သူတို့ကိုရို
ဟင်ဂျာခေါ်ဖို့၊နာမည်သတ်မှတ်ပေးဖို့တောင်းဆိုတယ်။
ဒေါ်အောင်ဆန်းစုကြည်ကိုတော့ဒေါ်တပ်မခေါ်ချင်လို့ပြ
သနာတက်မလိုဖြစ်သေးတယ်။ဒါဘဲကြည့်လေ။သူတို့
ကဘာတွေမို့လို့တုန်း။မလေးရှားတရုတ်တွေအသက်ခြောက်ဆယ်ပြည့်လို့နိုင်ငံသားကဒ်မရသေးသူတွေတစ်ပုံ
ကြီး။ဒီမြန်မာနိုင်ငံသားမဟုတ်လို့မြန်မာစိတ်မရှိတာ။အဲလို
ခွေးဝဲစားတွေကိုငဲ့ညှာနေစရာလား။အပြတ်မပြောနိုင်ရင်
ခင်ဗျားအိမ်ခေါ်တင်ထားလိုက်။ကချင်ဖက်၊ကြေးနီတောင်ဖက်တွေမှာဘယ်ခေါင်းဆောင်ကဘာဝင်လုပ်လဲ။အ
ကုန်ဟိုရောက်နေပါတယ်၊ဒီရောက်နေပါတယ်ဆိုတာ
ချည်းဘဲမလား။သူတစ်ပါးနိုင်ငံတွေနဲ့ကွာတာခလေးက
အစသိတယ်။လုပ်ပိုင်ခွင့်ရှိရက်နဲ့မလုပ်တာကိုပြောနေ
တာ။ဒေါ်အောင်ဆန်းစုကြည်ကပြောတာဘဲ။သူတို့လိုအပ်
လို့အကူအညီတောင်းရင်ဝင်လုပ်ပေးမှာတဲ့။ဒါဆိုလည်း
ကျော်သူ့နာရေးကူညီမှုအသင်းဝင်လုပ်ဖို့ကောင်းတာပေါ့နော်။
ကျနော်လည်းနိုင်ငံသားတစ်ယောက်အနေနဲ့သူတို့ကောင်းတာလုပ်ရင်ထောက်ခံမှာဘဲ။ဒါပေမဲ့သူတို့အစိုးရက
မထောက်ခံဘူး။ခင်ဗျားကိုယ်တိုင်ထောင်ထဲဝင်ဖူးတဲ့လူဘဲ
မြန်မာပြည်မှာအရည်အချင်းရှိတဲ့လူဘယ်မှာလဲမေးရင်
ထောင်ထဲလက်ညှိုးထိုးရမလိုဖြစ်နေပြီ။အခုစစ်တွေက
လွတ်ပေးလိုက်တဲ့အထဲမှာဘယ်မှာလဲကိုယ့်ပြည်သူပြည်
သား။အားလုံးဘင်းဂလီတွေချည်းဘဲ။ဒါအနောက်နိုင်ငံမှာ
မျက်နှာပန်းလှအောင်လုပ်တာမဟုတ်ရင်ဘာလဲ။ကြေးနီ
တောင်လိုပြသနာထဲကလူတွေ၊ကျတော့ကျန်နေသေးတယ်။အမှန်လုပ်ရင်ထောက်ခံမယ်။အမှန်မလုပ်ရင်မ
ထောက်ခံဘူး။ဒါနိုင်ငံသားတစ်ယောက်ရဲ့စီတ်ဓာတ်ဘဲ။
အရင်ကမှန်နေခဲ့တာနဲ့တင်ဒီနေ့လည်းမှန်နေလိမ့်မယ်ဆို
ပြီးမျက်စိမှိတ်ပြီးယုံနေမယ့်အထဲကျနော်တို့မပါဘူး။နိုင်ငံ
ရေးသမားတိုင်းရဲ့လှည့်ကွက်ကလည်းအဲဒီအတိုင်းဘဲ။
ပထမကျုံးသွင်း၊ဒုတိယအယဉ်သွင်းနဖားကြိုးထိုး၊
နောက်တော့သူတို့လှည့်ဆိုတဲ့ဖက်ကိုလှည့်ဖြစ်အောင်
လုပ်ကြတာဘဲ။ခုလည်းဒီသဘောအတိုင်းတစ်ဝက်တ
ပျက်ခရီးရောက်နေခဲ့ပြီလေ။ဆက်ပြီးမဲပေးလိုက်ကြပါအုံး
ကိုယ့်ကိုမဲပေးတဲ့နေရာကိုတော့ဘာမှမဖြစ်လည်းခဏခ
ဏသွားကြည့်လိုက်တွေ့လိုက်နှုတ်ဆက်လိုက်နဲ့။တကယ်
အရေးကြုံနေတဲ့နေရာကျတော့ပြူတောင်မကြည့်ဘူး။
ဆက်အားပေးလိုက်ကြပါ။ever suportမပြောနဲ့သေ
တွင်းကနေထအော်ချင်အော်ပြီးထောက်ခံနေ၊ချို့ယွင်း
ချက်တစ်ခုဟာအမြဲတမ်းပြည်သူကဘဲနစ်နာတာဘဲ။

kyaw naing said...

ဆက်လုပ်ပါဒေါက်တာဦးလွဏ်းဆွေရေ..မှန်တယ်ဆိုဆက်လုပ်
အားပေးတယ်.ထောက်ခံတယ်။ဒီမိုကရေစီနိုင်ငံသမားတစ်
ယောက်ဖြစ်ချင်ရင်ပုဂိုလ်ရေးလွတ်လပ်ခွင့်နဲ့တာဝန်တွေ
ကိုတော့ခွဲခြားသိတန်ကေင်းရဲ့

Unknown said...

စကားလုံး အသုံးအနှုန်း၊ အတွေးအခေါ် မိန်းမလိုမိန်းမရ ရန်တွေ့နေပုံတွေဟာ.. လူတစ်ယောက်ရဲ့ စိတ်ဓါတ်နဲ့ အဆင့်အတန်းကို ဖော်ပြနေတယ်။ တိုင်းပြည်အတွက် အမှန်တကယ် စိတ်စေတနာ ရှိကြရင် စနစ်တကျ ဝေဖန်အကြံပြုမှုမျိုး လုပ်ကြပါ။ မှိုချိုးမျှစ်ချိုး စကားလုံးတွေသုံးပြီး ပုပ်ခပ်ပြောဆိုနေတာတွေဟာ အပြုသဘော မဆောင်ပါဘူး။ ရန်ထောင်တာ သက်သက်နဲ့ပဲ လမ်းဆုံးနေပြီး အပြန်အလှန် နားလည် လက်ခံတဲ့အဆင့်ကို ရောက်မလာ နိုင်ပါဘူး။ ကိုယ့်ပေတံနဲ့ကိုယ်တိုင်းပြီး ငါနဲ့သဘောထားမတိုက်ဆိုင်ရင် အမှားလို့ ယူဆနေသမျှ အဲလိုလူမျိုးတွေ မိမိအတွက်ရော လူ့အသိုင်းအ၀ိုင်းအတွက်ပါ ဘယ်တော့မှ အကျိုးရှိ မလာနိုင်သလို အချိန်တန်ရင် လူ့အသိုင်းအ၀ိုင်းထဲက ဖယ်ထုတ်ခံရပြီး မြောင်းထဲရောက်သွားကြစမြဲပါ။ မြန်မာပြည်ကြီး အဆင်းရဲဆုံး နိုင်ငံထဲမှာ ရောက်နေရတာ အဲဒီလို အတွေးအခေါ်တွေကြောင့်ပဲ။
မိမိဟာ ယဉ်ကျေးတဲ့ လူ့အသိုင်းအ၀ိုင်းတစ်ခု ဖြစ်ပေါ်လာဖို့ အစိတ်အပိုင်း တစ်ခုပဲဆိုတာ နားလည်လက်ခံထားသင့်တယ်။ ဒီအခြေအခံ ကျင့်ဝတ်ကိုတောင် စောင့်ထိန်းရကောင်းမှန်းမသိရင် ဘာတွေပဲ ပြောနေနေ အပိုပါပဲ။ ဘယ်သူကမှ လက်ခံလာမှာ မဟုတ်ပါဘူး။ အရာရောက်မယ့် ကောင်းကျိုးလည်း ဖြစ်မလာ နိုင်ပါဘူး။

Unknown said...

nga ba တချို့လူတွေကစကားလုံးကြမ်းမှ မှတ်မိတယ်
ငါပြောတါဟုတ်ဘူး


ဗိုလ်ချုပ်အောင်ဆန်း။

Unknown said...

ဟား......သနားစရာကောင်းတဲ့လူတယောက်ပေါ့
ရီစရာကောင်းတဲ့ လူတယောက်ပေါ့ဗျာ
မင်းရဲ့comment ကိုဘယ်သူကလက်ခံလဲ

Monywa said...

ကို ကျော် နိုင်


ခင်ဗျား လိုပဲ ကျွန် တော် လည်း ခံစား မိ တယ်.. ရခိုင် နဲ့ ပတ်သက် ရင် ဦး သိန်းစိန် တောင် သူ့ သဘောထား ပြောပြီး ပြီ..အမေစု ..ဝေ့လည်ကြောင်ပတ် လုပ်နေတယ်.. ရင်မဆိုင်ရဲဘူး..ကချင် လက်ပန်းတောင်း မိုးထိမိုးမိ ဒါ က တိုင်းရင်းသားစစ်စစ် အရေး တွေ ပါ.. ကြားနေတာ..ရေငုံ နေတာ..သင့်တော် ပေမယ့် ရခိုင် - ကုလား အရေး မှာတော့ ..စိတ်ထဲမှာ သို့လော..သို့လော တွေ ဖြစ်မိပါတယ်..

fierceswain said...

ကိုကျော်နိုင်နဲ့ Monywa ရေ... ကျွန်တော်လဲ ခင်ဗျားတို့လိုပဲဗျ..။ဒေါ်စုကိုလုံးဝအားမရတော့ဘူး. .ဦးလွမ်းဆွေကိုလဲ ဘယ်သူလဲ ဘာလဲ မသိပါဘူး... ကျွန်တော်က Cyprus က သင်တန်းသား၁ဦးပါ။ နိုင်ငံရေးကို စိတ်ဝင်စားလို့ ပို့စ်တွေ ၀င်ဖတ်နေပေမယ့် ဘာမှသိလို့မဟုတ်ပါဘူး..ဒေါ်စုကို ပုဂ္ဂိုည်ရေး ကြည်ညိုနေဆဲဖြစ်ပေမယ့် လုပ်ရပ်တွေကို နားမလည်တော့ဘူးဗျို့... ကချင်နဲ့ ရခိုင်အရေးတွေမှာ ခေါင်းရှောင်လွန်းနေတယ်ဆိုတာကိုတော့ အားလုံးအတွေ့ပါ..။လူ့အခွင့်အရေးက၁ဖက် နဲ့ နိုင်ငံသားအရေးက ၁ဖက် မို့ လုပ်ရကိုင်ရ ကြပ်နေတာများလား..။ဒါဆိုလဲ နည်းလမ်း ရှာရမှာပေါ့နော်...။ ပြည်ပ ကတော့ အော်နိုင်တယ် ကုလားစုတ်တွေကိုထိရင်... ဒါပေမယ့် ဒေါ်စုနိုင်ငံရေးလုပ်တာ ဘွဲ့တွေ၊လက်ခုပ်သံတွေအတွက် မဟုတ်၊သန်း၆၀သော မြန်မာတွေအတွက်သာ ဖြစ်လို့ အမျိုးသားအရေးကို ပြန်ပြတ်သားသား မကိုင်တွယ်ရင်တော့ ပြည်တွင်း ထောက်ခံမှုနဲ့ ယုံကြည်မှုကို ထိခိုက်နိုင်ပါတယ်...။.....။

စက္ကဝါဆာန် said...

မှန်တယ် အမေစုဟာ တချိန်က ရဲရင့်ပြတ်သားတဲ့ အတိုက်အခံခေါင်းဆောင်တယောက်ပါ၊ အခုတော့ တွေဝေနေသလား၊ ဗျူဟာအသစ်လား၊အားမရတာတော့ အမှန်ပဲဗျာ အမေရေ ။

fierceswain said...

ှSSS ရေ.. လူတိုင်းမှာ လွတ်လပ်စွာပြောဆို သုံးသပ်ပိုင်ခွင့် ရှိပါတယ်... မှန်ချင်မှန်မယ်... မှားချင်မှားမယ်... ရှုထောင့်မတူညီရင် အမြင်ချင်းကွဲလွဲမှာပါ.. ဒါကပြသနာမဟုတ်ပါဘူး.. ခင်ဗျားလဲ ခင်ဗျားထင်တာမြင်တာကို ခုလို မိုက်ရိုင်းစရာမလိုပဲ ပြောဆိုနိုင်ခွင့်ရှိပါတယ်.. ဒီ ဘလောက်ကို ကြည့်နေ ဖတ်နေကြ သူတွေထဲမှာ ခင်ဗျား မိဘအရွယ် အဖိုး၊အဖွားအရွယ် လူကြီးတွေပါကြမှာပါ..။ ခင်ဗျားကို ခင်ဗျား မှန်ထဲပြန်ကြည့်ပြီး ဘယ်လိုအတန်းအစားလဲ အရင်သုံးသပ်ပြီးမှ ကွန်မင့်ရေးပါ...။

loselife said...

i likes DR