ဆရာလွဏ်းဆွေ
ဆရာ့ဘလော့ဂ်က ကျနော့်ရဲ့ ပြဿနာလေးကို တဘက်တလမ်းက ကူညီနိုင်မယ်ထင်လို့ ဒီစာကို ရေးလိုက်ပါတယ်။
ကျနော်က ‘မောင်မောင်တင်’ အမည်နဲ့ ၂၀၀၀ ပြည့်နှစ်လောက်စပြီး ပန်းချီကို တစိုက်မတ်မတ် ဆွဲဖြစ်ခဲ့ပါတယ်။ ရေဆေးကားကို အများဆုံးဆွဲပြီး (အခရစ်လစ်) ကိုတော့ ရံဖန်ရံခါ ဆွဲပါတယ်။ သူငယ်ချင်း မိတ်ဆွေပန်းချီဆရာတယောက်က လွန်ခဲ့တဲ့ ၃-၄ ရက်လောက်မှာ ပန်းချီစာအုပ်တအုပ် ယူလာပြတယ်။ အဲစာအုပ်ကို ဖတ်လို့အပြီးမှာ ကျနော့်အတွက် ခိုးလိုးခုလု ဖြစ်စရာ ကြုံလာရပါတယ်။
သူ ယူလာတဲ့ စာအုပ်အမည်က ‘အလှရှာပုံတော်’။ စာအုပ်ရေးတဲ့သူက ပေါ်သစ် (ဆရာဦးဝင်းတင်)။ ၂၀၁၂ သြဂုတ်မှာ ဒုတိယအကြိမ်အဖြစ်နဲ့ ထုတ်ဝေတယ်။ အထင်ကရ ပုဂ္ဂိုလ်များရဲ့ အမှာစာတွေ ဝေေ၀ဆာဆာ ပါတယ်။ ထုတ်လုပ်တဲ့ စာပေတိုက်က (ပုဂံစာအုပ်တိုက်)။ ပန်းချီနဲ့ပတ်သက်ပြီး ခံစားရေးသားတဲ့ ဆောင်းပါးတွေကို စုစည်ုးထားတဲ့ စာအုပ်ပါ။ စာအုပ်ရဲ့ စာမျက်နှာ ၁၈၈ နဲ့ ၁၈၉ မှာ ၁၉၂၀ လောက်က ပန်းချီလောကအကြောင်းကို တင်ပြထားပါတယ်။
မောင်မောင်တင် ဆိုတဲ့ နာမည်ကို (ဦးငွေကိုင်၊ ဦအုန်းလွင်၊ ဦးစံဝင်း၊ ဦးသက်ဝင်း၊ ဦးလှဘော်၊ ဦးသန်း၊ ဦးချစ်မြဲ) ... စတဲ့ ပန်းချီဆရာနာမည်များနဲ့အတူ ၁၉၂၀ လောက်မှာ ထင်ရှားစပြုလာတဲ့ ပန်ချီဆရာများ ဆိုပြီး ဖော်ပြထားပါတယ်။ ပြီးတော့ စာမျက်နှာ ၁၈၈ မှာ ပန်းချီပုံတပုံ ဖော်ပြထားတယ်။ ပန်းချီပုံရဲ့ အောက်မှာ ဦးမောင်မောင်တင်ရဲ့ လက်ရာလို့ ရေးထားပါတယ်။
စာအုပ်မှာ ဖော်ပြထားတဲ့ မောင်မောင်တင် (၂၀၀၀ ပြည့်နှစ်) ရဲ့ ပန်းချီကား
ဖော်ပြထားတဲ့ပုံက ကျနော်မောင်မောင်တင် (၂၀၀၀ ပြည့်နှစ်လောက်မှာ ပန်းချီ စရေးတဲ့သူ) ရဲ့ ပုံပါ။ ၂၀၀၀ ပြည့်နှစ် မောင်မောင်တင်ရဲ့ ပန်းချီပုံကို ၁၉၂၀ ပန်းချီလောကထဲက မောင်မောင်တင်အကြောင်း ဖော်ပြထားတဲ့ စာပိုဒ်တွေမှာ ထည့်ထားတော့ စာဖတ်သူများအနေတဲ့ ဒီပန်းချီပုံကို (၁၉၂၀ မောင်မောင်တင်ရဲ့ ပုံ) လို့ ထင်သွားနိုင်ပါတယ်။
ပြီးတော့ ဒီစာအုပ်က ကမ္ဘာကျော်၊ မြန်မာကျော် ပုဂ္ဂိုလ်ကြီးတို့ရဲ့ အမှာစာတွေ အစီအရီနဲ့ ဆိုတော့ တနေ့တချိန်မှာ ပန်းချီနဲ့ ပတ်သက်တဲ့ မှတ်တမ်းတခု ဖြစ်လာနိုင်ပါတယ်။ စာအုပ်ကို ဖတ်မိတဲ့ နောင်လာနောင်သားမျာကလည်း ဒီပန်းချီပုံကို ကြည့်ပြီး မူရင်းလက်ရာရှင်ကို (၂၀၀၀ ပြည့်နှစ် မောင်မောင်တင်) အစား (၁၉၂၀ မောင်မောင်တင်) လို့ အမှတ်မှားသွားပါလိမ့်မယ်။
ဒီစာကို ရေးရခြင်း ရည်ရွယ်ချက်ထဲမှာ မည်သူတဦးတယောက်ကိုမျှ သာစေ နာစေလိုတဲ့ဆန္ဒ အလျဉ်းမရှိပါ။ ‘အလှရှာပုံတော်’ စာအုပ်နဲ့ ပတ်သက်ရာပတ်သက်ကြောင်းရှိသူ တဦးဦးထဲက ကျနော့်စာကို ဖတ်မိခဲ့မယ်ဆိုရင် ကျနော့်ဆီကို အီးမေးလ်မှတဆင့် ကျေးဇူးပြုပြီး ဆက်သွယ်စေလိုပါတယ်။
Email; maungmaungtinn@gamil.com
Web; www.burmesepaintings.org
ခင်မင်လေးစားစွာဖြင့် ...
မောင်မောင်တင် (၂၀၀၀ ပြည့်နှစ်)
PS - ကျနော့်ပန်းချီပုံကို ခွင့်ပြုချက်မတောင်းဘဲ ပုံနှိပ်ထုတ်ဝေခြင်း ဆိုတဲ့အချက်က ဒီစာရေးခြင်းရဲ့ အဓိကအချက် မဟုတ်လို့ ဒါနဲ့ပတ်သက်ပြိး ဘာမှမပြောလိုတော့ပါ။
5 comments:
Dear Our Leaders and Dr. Lun,
NLD is still running and they start suspecting their route and status.
The NLD candidate could be faced 90 % of funds and election required fees.
So, they must ASK for the USDA/SPDC's generation of income and properties.
"WHY NLD DID'T ASK THE PROPERTIES AND ASSESSMENT LEGAL OR ILLEGAL" and sources of income.
That will solve and can compete with USDA's candidates.
Would you enjoy, if you got the one of position in SPDC's offer !
But some of groups and parties are getting pleasure and enjoying with SPDC's present.
If SPDC required the REAL NATIONAL CONCILIATION, must settle to All.
They are showing as like as honest and after that they will kill us.
The country destroyer were same as SPDC and now changed the images but body is same.
The UGLY spirit of their plan will show soon the all activists should be accused as "INSURGENTS".
သို့ / ဦးမောင်မောင်တင်
ဦးလဲ ကျနော့် အဖြစ်မျိုး ခံစားနေရမယ်ဆိုတာ
သိပါတယ်။
ကျနော်က ဟုတ်ယောင်ယောင် နိုင်ငံတော်အဆင့်။
ဦးက ဟုတ်ယောင်ယောင် ၁၉၂၀ မောင်မောင်တင်။
ဦးက " ခိုးလိုးခုလု ဖြစ်စရာ
ကြုံလာရတယ် " လို့ ဆိုတယ်..။
ကျနော်ကတော့ " ဖုတ်ကောင်..အဲလေ..
ဟုတ်ယောင်ယောင် အူတီးအူကြောင်
တောင်တောင်အီအီ ကြုံနေရတယ်".. လို့ ဆိုရပေလိမ့်မယ်။
ဦးရဲ့ အဖြစ်က..
ဦးရဲ့ ပန်းချီပုံ ကြည့်ပြီး ပြောရမယ်ဆိုရင်...
ကိုယ့် ထမင်းကိုယ်စားနေတဲ့ ကိုယ့်ရဲ့ ပန်းချီက..
ကိုယ့် ထမင်းကိုယ်စားနေတဲ့ သူများပန်းချီ..
ဖြစ်သွားရတယ်လို့ ....။
ဦးရဲ့ ၂၀၀၀ ပြည့်နှစ် ပန်းချီ..ကို
၁၉၂၀ မောင်မောင်တင် နဲ့ မှားနေရင်....
အဲဒီ..၁၉၂၀ မောင်မောင်တင် က
မွေးကထဲ ပန်းချီဆွဲခဲ့ ရင်...
၂၀၀၀ ပြည့်နှစ် မှာ အသက် ၈၀ ရှိနေပြီ..။
အသက် ၂၀ ၀န်းကျင်မှာ ပန်းချီဆွဲခဲ့ ရင်...
၂၀၀၀ ပြည့်နှစ် မှာ အသက် ၁၀၀ ရှိနေပြီ..။
အသက် ၃၀ ၀န်းကျင်မှာ ပန်းချီဆွဲခဲ့ ရင်...
၂၀၀၀ ပြည့်နှစ် မှာ အသက် ၁၁၀ ရှိနေပြီ..။
၂၀၀၀ ပြည့်နှစ် အသက် ရာကျော်မှာ...
ပန်းချီ ဆွဲနေသေးတဲ့ ပန်းချီဆရာကို
ခုထိတော့..မကြားမိသေးဘူး..ခင်ဗျ...။
အဲဒါကိုမှ..အမှတ်မှားရင်လဲ...
မှားစေတော့ဗျာ.....။
လေးစားလျက်
ဒေါက်တာလွှတ်ဆွ
Yoo ရေ....
၂၀၀၀ ပြည့်နျစ်လောက်မှ
ပန်းချီစဆွဲတဲ့ မောငမောင်တင်ကို လူသိနဲပါတယ်.
သူ့ ပုံကို ၁၉၂၀ မောငမောင်အကြောင်းဖော်ပြထာတဲ့
စာမျက်နှာတင်ထားတော့
သူ့ ကိုမသိတဲ့သူ
သူ့ ရဲ့ မူရင်းပန်ကားကိုတခါမှ မကြည့်ဘူးတဲ့
သူတွေအနေနဲ့ ........
စာမျက်နှာကပုံကို
၁၉၂၀မောငမောင်တင်ရဲ့  ပုံလို့ 
ထင်သွားနိုင်ပါတယ်
ပန်းချီဆ၇ာမသိဘဲ
ပန်းချီပုံတင်ပြီး ထုတ်ဝေကြတာတောင်
ဘာမှ မပြောပလောက်တာမဟုတ်တဲ့ခေတ်မှာ'
ပန်းချီဆ၇ာကို အမှတ်မှားပြီး ပုံကိုတင်တာတော့
ဘာမှ အဆန်းတကျယ်ကြီးမဟုတ်တော့ပါဘူး
ဂီတမှာဆိုလည်း ဂီတအလျောက်
အဆိုတော်အများစုဟာ
နိုင်ငံခြားသံစဉ်တွေကို မူရင်းပိုင်ရှင်အသိမပေးဘဲ
သီဆိုနေလိုက်ကြတာ လျမ်းလျမ်းကိုတောက်လို့ 
မြိတ်ရဲစခန်းမှူးအကြောင်းnewsofmyeikမှာဖော်ပြထားတါအထက်လူကြိးတွေသိအေါင်တင်ပေးစေချင်တယ် ခုထိအထက်ကမသိကြဘူး
Post a Comment