ဆင်သွားတိုင်း လမ်းမဖြစ်ခဲ့သော် …
ဒေါက်တာလွဏ်းဆွေ
အခုဆိုရင် ကြံ့ဖွံ့စစ်အုပ်စု (ဦးသိန်းစိန်ရုပ်သေးအစိုးရ+ကာလုံ) ရဲ့ ထိုးခွဲမှုတွေက ဘယ်လောက်အထိ ခရီးပေါက်နေပြီလဲဆိုရင် ...
(၁) “နောက်ပြန်လှည့်မှာ စိုးရတယ်” ... ဆိုတဲ့ အကြောင်းပြချက်အောက်မှာ ပြားပြားမှောက်နေတဲ့ အထင်ကရ အတိုက်အခံခေါင်းဆောင်တွေနဲ့ စစ်မှန်တဲ့ နိုင်ငံရေးဆွေးနွေးမှုစားပွဲဝိုင်းကို ကြံ့ဖွံ့စစ်အုပ်စုခေါင်းဆောင်တွေ မဖြစ်မနေ ရောက်လာဖို့ လိုအပ်တဲ့ တိုက်ပွဲတွေ (မြစ်ဆုံတို့၊ မီးကိစ္စတို့လို တိုက်ပွဲပုံစံတွေ) နဲ့ ဆက်တိုက်ရဦးမယ်လို့ ယုံကြည်နေတဲ့ နောက်လိုက်တွေကြား သိသိသာသာ သဘောထားတွေ ကွဲနေပါပြီ။ ပြောရရင် ကြံ့ဖွံ့စစ်အုပ်စုက နောက်ပြန်လှည့်လိုက်မယ်ဆိုတဲ့ ‘သပ်’ ကြီးကြီးတချောင်းနဲ့ ဒီမိုကရေစီအင်အားစု ရထားတွဲကြီးရဲ့ ခေါင်းတွဲနဲ့ ကိုယ်ထည်ကို သီးခြားစီဖြစ်အောင် ခွဲထုတ်နေသည်ပေါ့။ အဲဒီလို နောက်ပြန်လှည့်မှာစိုးတဲ့ စိုးရိမ်ချက်ကြောင့်ပဲ ကြံ့ဖွံ့စစ်အုပ်စုနဲ့ ထိပ်တိုက်တွေ့ရနိုင်တဲ့ ဆန္ဒပြပွဲ၊ တောင်းပွဲ၊ တိုက်ပွဲ၊ ဆန္ဒဖော်ထုတ်ပွဲတွေဆို အထင်ကရ ခေါင်းဆောင်တွေ ရောက်မလာတတ်ကြဘဲ အကြောင်းပြချက်မျိုးစုံနဲ့ သက်တောင့်သက်သာဇုန် (Comfort Zone) ထဲကသာ အသံတိတ် နားစွင့်နေတတ်ကြတာကို သတိထားမိကြမှာပါ။ လက်ပံတောင်းတောင်ဆန္ဒပြပွဲ အရှိန်မြင့်နေစဉ်မှာ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်တွေ နောက်ကျမှ လာရောက်ဖြေရှင်းခဲ့တာ ရှိသော်ငြား နစ်နာတဲ့ တောင်သူတွေရဲ့ တောင်းဆိုချက်တွေ မပြည့်ဝဘဲ အီလည်လည် ဇာတ်သိမ်းခဲ့ရတာမျိုးကလည်း သတိတရ ရှိစရာပါ။ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်တွေရဲ့ ကြိုးပမ်းအားထုတ်မှုနဲ့ စေတနာကို အသိအမှတ်မပြုလို့ ပြောခြင်းမဟုတ်ပါ။ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်တွေရဲ့ နောက်ပြန်လှည့်မှာ အစိုးရိမ်ကြီးနေတဲ့ စိတ်နဲ့ ဖြေရှင်းမှုပုံစံကို သတိရမိလို့ ပြောခြင်းဖြစ်ပါတယ်။
(၂) ကြံ့ဖွံ့စစ်အုပ်စုဟာ ပြည်ပရောက် ဒီမိုကရေစီအင်အားစုတွေနဲ့ ပြည်တွင်းဒီမိုကရေစီအင်အားစုတွေကြားကိုလည်း စိတ်ဝမ်းကွဲအောင် နည်းအမျိုးမျိုးနဲ့ ထိုးခွဲနေတာ မြင်တတ်သူတွေ မြင်ကြမယ်ထင်ပါတယ်။ အခုဆို ပြည်ပရောက်တွေ နေရာယူဖို့ ဖျာခင်းဖို့ ပြန်လာကြပြီတို့၊ ပြည်ပရောက်တွေ တို့မီးရှို့မီး မလုပ်ကြနဲ့တို့ ... ဆိုတဲ့ အသံတွေ ညံစီနေတယ်။ တကယ်ဆိုရင် ပြည်တွင်းက အထင်ကရ ခေါင်းဆောင်တွေ အခုလို အထင်ကရ ဖြစ်လာအောင် (သူတို့ကိုယ်တိုင်ရဲ့ ပေးဆပ်မှုတွေ ကြီးမားကြသလို) ပြည်တွင်းမှာ အမှောင်ကျပြီး လှုပ်မရတဲ့ အချိန်ကာလတွေတုန်းက ပြည်ပရောက်တွေ ငွေကုန် သံပြာ ဖင်လိပ်ခေါင်းထွက်အောင် အော်ခဲ့ကြလို့လည်း နိုင်ငံတကာအသိုင်းအ၀ိုင်းက ကျယ်ကျယ်လောင်လောင် ကြားခွင့် သိခွင့်ရခဲ့တယ်ဆိုတာကို သိတတ်သူတွေ သိတတ်နားလည်နိုင်ကြမယ် ထင်ပါတယ်။ ပြည်ပရောက်တွေထဲမှာလည်း ခေါင်းစဉ်အမျိုးမျိုးပြပြီး လုပ်စားခဲ့သူတွေ၊ လုပ်စားနေသူတွေ ရှိခဲ့ ရှိနေလင့်ကစား ငွေကုန် သံပြာ ဖင်လိပ်ခေါင်းထွက်အောင် အော်ခဲ့ကြသူတွေအားလုံး လုပ်စားတွေ မဟုတ်ဘူးဆိုတာကိုတော့ ခွဲခြားသိမြင်တတ်သူတွေ ခွဲခြားသိမြင်နားလည်နိုင်ကြမယ်လို့ ယုံကြည်ပါတယ်။
(၃) တိုင်းရင်းသားတော်လှန်ရေးအင်အားစုတွေရဲ့ နိုင်ငံရေးနဲ့ စစ်ရေးအဖွဲ့တွေအကြား အချိန်ဆွဲတဲ့ နည်းဗျူဟာ၊ စီးပွားရေးမက်လုံးပေးတဲ့ နည်းဗျူဟာတွေနဲ့ ထိုးခွဲရေးကိုလည်း ကြံ့ဖွံ့စစ်အုပ်စုက လုပ်ဆောင်နေပါတယ်။ ဒါဟာ စစ်အုပ်စု တလျှောက်လုံး ကျင့်သုံးလာတဲ့ နည်းဗျူဟာပါ။ အဲဒီနည်းဗျူဟာဟောင်းကိုပဲ ကြံ့ဖွံ့စစ်အုပ်စု ကျင့်သုံးနေမှန်း သိသိကြီးနဲ့ကို အခုဆို အဓိက တိုင်းရင်းသားတော်လှန်ရေးအင်အားစုကြီးတခုဖြစ်တဲ့ KNU (ဗဟို) နဲ့ KNLA (တပ်) အကြား အက်သံတွေ ကြားနေရတာ ၀မ်းနည်းကြေကွဲစရာ …။
ကြံ့ဖွံ့စစ်အုပ်စုက မဖြစ်စလောက် လွတ်လပ်ခွင့်နဲ့ မဖြစ်စလောက် အပြောင်းအလဲတွေ လုပ်ပြနေတဲ့အပေါ်မှာ ခေါင်းဆောင်ပိုင်းနဲ့ နောက်လိုက်တွေအကြား အမြင်တွေ ပိုပိုဟလာပြီး အက်ရာတွေ ပိုပိုကြီးလာတဲ့အပေါ် (ပိုပိုပြီး ထိုးခွဲခံလာရတဲ့အပေါ်) ခေါင်းဆောင်ပိုင်းတွေအနေနဲ့ (ဆင်သွားရင် လမ်းဖြစ်မယ်၊ အသံတိတ် လိုက်သာလိုက်ခဲ့ကြ ဆိုတဲ့သဘောမျိုး မဟုတ်ဘဲ) သေသေချာချာ ပြန်လည်သုံးသပ် အဖြေရှာသင့်ပြီး မှန်ကန်တဲ့ နိုင်ငံရေးလမ်းကြောင်းပေါ်ကနေ ဦးဆောင်မှုပေးကြဖို့ လိုပြီလို့ ထင်ပါတယ်။ မဟုတ်ရင်တော့ နှစ်ပေါင်း ၅၀ ကျော် ရဟန်းရှင်လူ ကျောင်းသားပြည်သူတွေရဲ့ ဘ၀တွေ၊ အသက် သွေး ချွေးတွေနဲ့ ရင်းနှီးပေးဆပ်လာခဲ့တဲ့ မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုဟာ (တချိန်က သတင်းမီဒီယာတွေမှာ ထင်ရှားခဲ့တဲ့ ကမ္ဘောဒီးယားက အတိုက်အခံလောကသားတွေ အာဏာရှင် ဟွန်ဆန်ရဲ့ နှိပ်ကွပ်ထိုးခွဲမှုအောက်မှာ မှေးမှိန်ပျောက်ကွယ်ကုန်ကြသလိုမျိုး) ရေစုန်မျောသွားမှာ စိုးရိမ်ရပါတယ်။
ဆင်သွားရင် လမ်းဖြစ်တာမျိုး ရှိပေမယ့် လမ်းမဖြစ်ဘဲ ဗွက်တွေ ထပြီး နောက်လိုက်တွေ ဆက်လျှောက်လို့ မရတဲ့ ကမောက်ကမအဖြစ်မျိုးနဲ့လည်း တိုးမှာ စိုးရလို့ တကူးတက အကြံပြုရခြင်းဖြစ်ပါတယ်။ အချိန်မီပါသေးတယ်။
အားလုံးသို့ လေးစားစွာဖြင့် …
ဒေါက်တာလွဏ်းဆွေ
နံနက် ၄း၁၁ နာရီ
၂၈-၉-၂၀၁၂
16 comments:
ကိုလွဏ်းဆွေ ခင်ဗျား အရက်တွေပြန်သောက်နေပြန်ပြီလား
မင်း နအဖ ဆီကရထားတဲ့ဘွဲ့ကိုမသုံးသင့်ဘူး
မင်းညီလောက် သတ္တိမရှိပဲနဲ့
မင်းကလေလောပ်ပဲပြစ်တာ
မင်းညီကအုတ်ခဲနဲ ထုတာ မင်းထက်တော်တယ်
အရက်ပဲအေးဆေးသောက်ပါကွာ
ဒေါက်တာလွဏ်းဆွေရဲ့ တောင်တောင်အီအီများ..http://8888linker.blogspot.com/2012/09/blog-post_2981.html
ကိုလွဏ်းဆွေ ခင်ဗျာအရက်တွေ ခွသောက်နေလို့ ဦးသိန်းကိန် ကုလသမဂ္ဂအဆောက်အဦးထဲမှာ သမိုင်းဝင် မိန့်ခွန်းတွေ ပြောသွားတာ မကြားလိုက်ဘူးထင်တယ်ဗျ...ဟီ..ဟီဟီ..ရီရတယ်..ြှဗဲ။
ပြောသာပြော ကို့ဆရာရေး အမြင်မတော်ရင်တော့ ရေသောက်ပြောပြော အရက်သောက်ပြောပြော ပြောစရာရှိပြောရမှာပဲ။ ဘာလဲ သူတို့ လုပ်တာမှ အဟုတ်ထင်နေတဲ့လူတွေ ။ လုပ်နေတာကဖြစ် ဘာမှအရာမထင်သေးဘူး နဲနဲပြောတာကျတော့ သိတတ်လိုက်ကျတာ။ မြန်မာနိုင်ငံက အေးအေးစေးစေးနားချလို့မရဘူး ဗျ လစ်ဗျာတို့ ဆီးရီးယားတို့လို့ ခပ်နာနာတီးပြစ်ရမဲ့ သဘောရှိတယ်။ လွှတ်တော်ထဲမှာလဲ အမတ်တယောက်ကို အဆိုတခုတင်တွင်းလိုက် ၀န်ကြီးဆိုသူများက ဟိုလိုလို ဒီလိုလိုနဲ့ ဖြေသွားလိုက်နဲ့ လွှတ်တော်နားချိန်ကျတော့ စားလိုက်သောက်လိုက် ...အိမ်ပြန်အိပ်လိုက် နဲ့ ဟုတ်တော့ဟုတ်နေကျတာပဲ
ပြောသာပြော ပြောမှသိတဲ့ကောင်တွေ။
နေရာတကာ နောက်ပြန်လှည့်သွားမလား ဆိုတာကြီးနဲ့ ကိုင်ပေါက်ခံနေရရင် တစ်ခုခုတော့ လွဲနေပြီ။ အခုလက်ရှိ သမ္မတ၊ လွှတ်တော်ဥက္ကဌဆိုသူတွေဟာ လက်ရှိကာချုပ်ရဲ့ စီနီယာ ဘောင်းဘီချွတ်ကာစတွေ။ ဒီလိုအချိန်မှာတောင် နောက်ပြန်လှည့်တာကြီးကို အသားကုန် စိုးရိမ်ပြနေုရင်၊ အရပ်သားအများစု ကြီးစိုးတဲ့ ကာလရောက်တော့ရော ဒီပြဿနာကြီးက ချိန်ကိုက်ဗုံးတစ်လုံးကို ခေါင်းပေါ်တင်ထားရသလို ဖြစ်မနေနိုင်ဘူးလား။
ကမ္ဘာကြီးက ဟိုဖက်ဒီဖက် အပြန်အလှန် သက်ရောက်မှုတွေ ရှိနေတဲ့ခေတ်ကို ရောက်နေပါပြီး၊ ကမ္ဘာကြီးဟာ ပြားသွားပါပြီ။ အရင်ခေတ်တွေလို ကိုယ့်နိုင်ငံတွင်းအရေးကိစ္စပဲဆိုပြီး ထင်သလို စိုင်းလို့ရတဲ့ ခေတ်မဟုတ်တော့ပါဘူး။ ထင်သလို စိုင်းတဲ့ အာဏာရှင်တွေ အချိန်ကာလတို အတွင်းမှာ အဖြစ်ဆိုးတွေနဲ့ပဲ နိဂုံးချုပ်ရတာ မြင်တွေ့နေရတာပါပဲ။ ဒါကိုပဲ အကြောင်းပြ အစိုးရိမ်လွန်နေတာမျိုးကတော့ မဖြစ်သင့်တော့ပါဘူး။ ပြည်သူတွေအနေနဲ့ အာဏာရှင်စနစ်ရဲ့ ခါးသီးနာကျည်းဖွယ် အတွေ့အကြုံတွေကို မမြင်ချင်၊ မကြားချင်တော့လို့ အစိုးရိမ်ပိုတာက တစ်မျိုးပါ။ အခုဟာက သူတို့ခေါင်းဆောင်တွေကိုယ်တိုင်က စိုးရိမ်ပြနေတာကတော့ မဖြစ်သင့်ပါဘူး။
lun swe=crab
if so,pls advise what you really want us to do? Only criticizing?
Everyone is trying to swallow Thein Sein's Shits.
After 2015 election , all will be eliminated by Thein Sein's Masters.
There r a lot of double agents on your comment space harassing u as personal attacks that they r using as usual, divine and control. We like to read your views on fucking Thein Sein regime when it will be unmasked. Daw Aung San Suu Kyi using supporting pressure is the way out of politic or not? Is she trying one way or another? look at their faces are rigid on the stage of Asia Society, and it is obvious they r hiding something ugly.
Hey Asisavillage, we want totally freedom. It is so simple. Every one knows the current military backup regime is manipulating, controlling, abusing and cheating the people who r dissidents, 99% of population, not u because u r military henchmen like straw dogs. U guys have to pay back what u did, one day, we r waiting your turn.
ခင်ဗျားကဒေါ်စုကိုတောင်ဝေဖန်နေတယ်ခင်ဗျားကိုယ်တိုင်လာလုပ်ကြည့်အပြောကတော့လွယ်တယ်အလုပ်နဲ့သက်သေပြနေသူတွေကိုမဝေဖန်နဲ့တို့မီးရှို့မီးအစစ်ပဲ
သန်ရှင်းလစ်ဗျားကိုသဘောကျရင်မင်းတို့မိသာင်ာင်လိုက်ပြောင်းကြကွာ
kokosoe မင်းကဘာလဲ စစ်တပ်ကလာ။လစ်ဗျာလို ဖြစ်မှာတော့ ကြောက်တယ်ဟုတ်လာ...အေအဲလိုကြောက်ရင်လဲ သောက်တလွဲလုပ်နေတာတွေကို ရပ်ပြီးပြည်သူကို မှန်မှန်ကန်ကန်လုပ်ပြလေကွာ ။မသိလို့မေးပါရစေ ပြောင်းလဲပြီ ပြောင်းလဲပြီဆိုတာ ဘာတွေပြောင်းလဲတာလဲ ဟီ..ဟီ..ကြံ့ဖွတ်အစိုးရကို မြန်မာ့ အထင်ကရခေါင်းဆောင်များ ယုံကြည်ပုံအပ်ထားလိုက်ကျတာ အရမ်း အရမ်းကို လွှတ်စ် နေတယ်
ငလွန်းဆွေမိုက်လုံးကြီးလှချည်လားကွာ
Post a Comment